စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးတခုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လက်နက်ဆက်ကိုင်ချင်ရင် တပ်မတော်နဲ့ နယ်ခြား စောင့် တပ်တွေမှာ ဝင်ရောက် တာဝန်ထမ်းဆောင်မှရမယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ကြိုတင်ကန့်သတ်ချက် မထားဘဲ ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ နိုင်ငံပိုင် ရုပ်မြင်သံကြားက တဆင့် ဖိတ်ခေါ်ခဲ့ပါတယ်။
ကြိုတင်ကန့်သတ်ချက် မထားဘဲ ဆွေးနွေးရာမှာ ၎င်းကိုယ်တိုင် လက်ခံတွေ့ဆုံမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေကိုတော့ ဖိတ်ခေါ်ခြင်း မရှိဘဲ ချန်လှပ်ထားခဲ့ပါတယ်။
စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ထဲက ၇ ဖွဲ့နဲ့ လက်မှတ် မထိုးထားတဲ့ အဖွဲ့ထဲက ၃ ဖွဲ့ တက်ရောက်ခဲ့ပါတယ်။
စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ထဲက ၇ ဖွဲ့နဲ့ လက်မှတ် မထိုးထားတဲ့ အဖွဲ့ထဲက ၃ ဖွဲ့ တက်ရောက်ခဲ့ပါတယ်။
NCA ထိုးထားပြီး တက်ရောက်ခဲ့တဲ့ အဖွဲ့တွေကတော့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ပအို့ဝ် အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင် အမျိုးသား ဒီမိုကရေစီ အကျိုးပြုတပ်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်ပါတယ်။
မထိုးထားတဲ့ အဖွဲ့တွေထဲကတော့ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ‘ဝ’ ပြည် သွေး စည်း ညီညွတ်ရေး တပ်မတော်(UWSA) အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နဲ့ မိုင်းလားအဖွဲ့(NDAA)တို့ ဖြစ်ပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ကတော့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
ဒါ့အပြင် NCA မထိုးထားတဲ့ အဖွဲ့တွေထဲက ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အပြင် မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းပလောင်အဖွဲ့ (TNLA) နဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ်တပ် (MNDAA)တို့လည်း မတက်ရောက်ကြပါဘူး။
မတက်ရောက်တဲ့ အဖွဲ့တွေဟာ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယားပြည်နယ်)နဲ့ သံလွင်မြစ် အရှေ့ခြမ်းနဲ့ ရခိုင်ဒေသက ဖြစ်ပြီး ဒီဒေသတွေဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဦးဆောင်တဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား (သို့မဟုတ်) စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေတာ (သို့မဟုတ်) စစ်ရေး တင်းမာနေတဲ့ ဒေသတွေ ဖြစ်ပါတယ်။
တက်ရောက်ခြင်း မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာ နိုင်ငံပိုင် ရုပ်မြင်သံကြားကတဆင့် ဒုတိယအကြိမ် ထပ်ကမ်းလှမ်းခဲ့ပါသေးတယ်။ တက်ရောက်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကိုတော့ စစ်ခေါင်းဆောင်က နေပြည်တော်မှာ သီးခြားဆီ တွေ့ဆုံခဲ့ပြီး သဘောတူညီမှု တချို့လည်း ရရှိခဲ့ပါတယ်။
ထူးခြားမှုတွေက RCSS နဲ့ စစ်ရေးစစ်ရာ သဘောတူညီမှုတရပ် လက်မှတ်ထိုးခြင်း၊ ‘ဝ’ ပြည်နယ် ထူထောင်ရေးအတွက် မူအားဖြင့် သဘောတူညီမှု ရရှိခြင်းနှင့် မွန်ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲရေးကို မူအားဖြင့် သဘောတူညီမှု ရရှိခြင်းတို့ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ထူးခြားမှုတွေက RCSS နဲ့ စစ်ရေးစစ်ရာ သဘောတူညီမှုတရပ် လက်မှတ်ထိုးခြင်း၊ ‘ဝ’ ပြည်နယ် ထူထောင်ရေးအတွက် မူအားဖြင့် သဘောတူညီမှု ရရှိခြင်းနှင့် မွန်ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲရေးကို မူအားဖြင့် သဘောတူညီမှု ရရှိခြင်းတို့ ဖြစ်ပါတယ်။
အခု တွေဆုံမှုဟာ ကြိုတင်ကန့်သတ်ချက်မပါဘဲ တွေ့ဆုံတယ်လို့ ဆိုပေမယ့် စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ရဲ့ ပြောကြားချက်များအရ ကန့်သတ်ချက်များ ရှိနေတာကို အတိုင်းသား တွေ့နိုင်ပါတယ်။ အဲဒီ ကန့်သတ်ချက်တွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်များ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း အဆိုအရ စစ်ကောင်စီ လိုက်လျောနိုင်တဲ့ အတိုင်းအတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်းကဘဲ ရှိနေပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မသွေဖယ်ဘဲ ကျင့်သုံးနိုင်မယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်များကိုသာ လက်ရှိအခြေအနေမှာ သဘောတူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
တွေ့ဆုံပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒုတိယအကြိမ် တွေ့ဆုံရန် ပြင်ဆင်ဆဲ သြဂုတ်လ ၂၂ ရက်နေ့မှာ တော့ စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကန့်သတ်ချက် ဖြစ်နေကြောင်းကို ပိုမို ထင်ရှားစေပါတယ်။
တွေ့ဆုံပြီး ၁၀ ဖွဲ့နဲ့ ဒုတိယအကြိမ် စတင်တွေ့ဆုံနေစဉ်မှာ စစ်ကောင်စီ ခေါင်းဆောင်က ဖွဲ့စည်းပုံပါ ကြိုတင်ကန့်သတ်ချက်တွေထဲက “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲ ဖြစ်တယ်”ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။
ဒီလိုထုတ်ဖော်ပြောဆိုလိုက်တာကြောင့် စစ်တပ်ဟာ ငြိမ်းချမ်းရေးဖြစ်စဉ် ယခင်ကတည်းက ၎င်းတို့ ရပ်တည်ချက်ဖြစ်တဲ့ “တခုတည်းသော တပ်မတော်” ပေါ်ပေါက်ရေး လမ်းကြောင်းကနေ မသွေဖယ်သေးတာကို အရှင်းသား တွေ့မြင်နိုင်ပါတယ်။
တခုတည်းသော တပ်မတော် ပေါ်ပေါက်ရေးအတွက် စစ်တပ်ဟာ လက်နက်ဖျက်သိမ်းခြင်း၊ တပ်အင်အား လျော့ခြင်းနှင့် ပြန်လည် ပေါင်းစည်းခြင်း (Disarmament, Demobilization and Reintegration- DDR)အရေးကို အရင်ကလိုပဲ ဆက်လက်တွန်းလာတယ်လို့ ရှုမြင်နိုင်ပါတယ်။
တခုတည်းသော တပ်မတော် ပေါ်ပေါက်ရေးအတွက် စစ်တပ်ဟာ လက်နက်ဖျက်သိမ်းခြင်း၊ တပ်အင်အား လျော့ခြင်းနှင့် ပြန်လည် ပေါင်းစည်းခြင်း (Disarmament, Demobilization and Reintegration- DDR)အရေးကို အရင်ကလိုပဲ ဆက်လက်တွန်းလာတယ်လို့ ရှုမြင်နိုင်ပါတယ်။
ဒီလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်ထဲ ဝင်ဖို့နဲ့ နယ်ခြားစောင့်တပ် (BGF)ပြောင်းဖို့ ဖိအားပေးတာဟာ ၂၀၀၉ ခုနှစ် နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) ပြိုကွဲပြီးနောက် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီက ကွဲထွက်သွားခဲ့တဲ့ အဖွဲ့ ၄ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အပြီးသတ်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၄၀ ကျော်နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုခေတ်အခါက အပစ်ရပ် သဘောတူညီမှုတွေဟာ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခြင်းထက် လက်နက်နဲ့ စီးပွားရေး လဲလှယ်တယ်လို့ ရှုမြင်ကြသလို နိုင်ငံရေးအရ တစုံတရာ အဖြေမထွက်ခဲ့ပါဘူး။
၂၀၀၉ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ စစ်တပ်က အပစ်ရပ်အဖွဲ့တွေကို တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုစဉ် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့် တပ်ပြောင်းလဲရေး ကော်မတီကို ဦးဆောင်ပြီး အပစ်ရပ်အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့နဲ့ ဒေသခံ ပြည်သူစစ် ၄ ဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒါပေမယ့် အင်အားကြီး အပစ်ရပ်အဖွဲ့တွေက တပ်ဘက်က ကမ်းလှမ်းချက်ကို လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA)နဲ့ မွန်ပြည်သစ်ပါတီ (NMSP)တို့ကတော့ ငြင်းပယ်ခဲ့တဲ့ အဖွဲ့တွေ ဖြစ် ဖြစ်ပါတယ်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကတော့ BGF အသွင်ပြောင်းရေးအပေါ် သဘောထားကွဲလွဲခဲ့ပြီး တပ်ရင်း ၃ နဲ့ တပ်ရင်း ၇ က BGF အဖြစ် ပြောင်းလဲကာ တပ်ရင်း ၁ ကတော့ မပြောင်းလဲခဲ့ပါဘူး။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA)ကမူ တပ်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးတပ် (National Guard) ဖွဲ့စည်းဖို့ တန်ပြန်အဆိုပြုခဲ့ပေမယ့် စစ်တပ်က လက်မခံခဲ့ပါဘူး။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA)ကမူ တပ်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးတပ် (National Guard) ဖွဲ့စည်းဖို့ တန်ပြန်အဆိုပြုခဲ့ပေမယ့် စစ်တပ်က လက်မခံခဲ့ပါဘူး။ ကရင်ပြည်နယ်နဲ့ ရှမ်းမြောက် ကိုးကန့်ဒေသမှာ စစ်တပ်ရဲ့ နယ်ခြားစောင့်တပ် ပြောင်းလဲရေး ကြိုးပမ်းမှုကြောင့် တိုက်ပွဲတဖန် ပြန်လည် ပြင်းထန်လာခဲ့ပါတယ်။
အခုတကြိမ်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးစဉ်အတွင်း စစ်ခေါင်းဆောင်က ယခင်ကဲ့သို့ တခုတည်းသော တပ်မတော် ဖြစ်ရေး ကြိုးပမ်းမှုအဖြစ် အပစ်ရပ်အဖွဲ့တွေ စစ်တပ်လက်အောက် သွပ်သွင်းရန်၊ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရန် ပြောလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုလားချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ အစဉ်တစိုက် တောင်းဆိုခဲ့တဲ့ အခြေအနေနဲ့ ဝေးကွာလွန်းပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြည်ထောင်စုတပ်မတော်(Federal Army)အတွက် လုံခြုံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှု (Security Sector Reform-SSR)၊ အထူးသဖြင့် စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်ဆိုတဲ့ အယူအဆ(Objective Civilian Control)ကို အရင်အကောင်အထည်ဖော်ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေး အာမခံချက် တစုံတရာရပြီးမှ DDR ကို လုပ်ဆောင်လိုကြပါတယ်။
ယခင်ကလည်း ယခုကဲ့သို့ လိုလားချက်တွေ အလွဲချည်း လွဲခဲ့တာကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တလျောက်လုံး လုံခြုံရေးကဏ္ဍမှာ သဘောတူညီမှု တစုံတရာ မရရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့တာပါ။
ကြိုတင်ကန့်သတ်ချက်မပါဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖိတ်ခေါ်ခဲ့ပြီးကာမှ အခုလို ကြိုတင်ကန့်သတ်ချက်နဲ့ အလားသဏ္ဍာန်တူတဲ့ လိုလားချက်ကို ထုတ်ဖော်ပြောဆိုလာခဲ့တာဟာ စစ်ခေါင်းဆောင် ၂၁ ရာစု ပင်လုံညီလာခံ မိန့်ခွန်းမှာလို “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမှု”အဖြစ် ယိုးစွပ်စရာ ဖြစ်လာပါတယ်။
စစ်ကောင်စီကတော့ အစိုးရ အာဏာ ၃ ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ ၃ ရပ်လုံးကို သူတို့သာ လက်ဝယ်ကိုင်ထားတာကြောင့် ယခင်ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းကဲ့သို့ အစိုးရ၊ တပ်မတော်၊ လွှတ် တော်၊ EAOs ဆိုပြီး အစုအဖွဲ့မများဘဲ သူတို့နဲ့သာ တိုက်ရိုက်ဆွေးနွေး သဘောတူနိုင်တာကြောင့် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အချိန်အခါ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလိုဆိုထားပေမယ့် စစ်ကောင်စီရဲ့ မင်းသားခေါင်း ဆောင်းထားတဲ့ မူလသရုပ်သကန် ဘီလူးဟန်ဟာ ဖြည်းဖြည်းချင်း ပေါ် လို့ လာနေပါတယ်။
ယခု ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွင်း စစ်ကောင်စီက DDR ကို ဆက်တွန်းပြီး တခုတည်းသော တပ်မတော် ပေါ်ပေါက် ရေး ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းက အထိုင်ချပါက ဆွေးနွေးဆဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ပါ ယုံ ကြည်မှု ပျက်ပြားလာနိုင်ပါတယ်။
ဖွဲ့စည်းပုံ ပေးထားချက်ကို အားသာချက်ယူပြီး ဆက်လက်ဆွေးနွေးပါက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဟာ ရေပေါ် အရုပ်ရေးသလို အရာမထင် ဖြစ်ပါလိမ့်မယ်။
ဖွဲ့စည်းပုံ ပေးထားချက်ကို အားသာချက်ယူပြီး ဆက်လက်ဆွေးနွေးပါက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဟာ ရေပေါ် အရုပ်ရေးသလို အရာမထင် ဖြစ်ပါလိမ့်မယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်၊ ဒေသခံ ကာကွယ်ရေးတပ်တွေကို ချန်လှပ်ထားတဲ့ ဖိတ်ခေါ်မှုဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုတဲ့ စိတ်ရင်းစေတနာ မပါဘဲ စစ်မျက်နှာ ဖွင့်ထားရမှုကို တတ်နိုင်မျှ လျော့ချလိုတာ ဖြစ်တာကြောင့် အောင်မြင်နိုင်ဖွယ် မရှိပါဘူး။
ISP-Myanmarရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှုနောက်ပိုင်း ၁၈ လတာ ကာလအတွင်း နိုင်ငံတဝှမ်း လက်နက် ကိုင် တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ယခုအခါ စစ်ကောင်စီဟာ မီးစ တဖက်၊ ရေမှုတ် တဖက်ဗျူဟာဖြင့် တဘက်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသလို တဖက်မှာလည်း ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှာ ထိုးစစ်ဆင်နေတာကြောင့် လက်နက်ကိုင် ထိတွေ့တိုက်ပွဲတွေဟာ ဆက်လက်တိုးလာဖွယ်သာ ရှိပါတယ်။
( ဆောင်းပါးရှင် ဥသြသည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ကျောင်းသားတဦး ဖြစ်ခဲ့ပြီး Myanmar Youth for Peace Development ရဲ့ သုတေသီ တဦးလည်း ဖြစ်ပါသည်။)
You may also like these stories:
စစ်ကောင်စီက ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်၍ လှည့်ဖြားနေဟုဆို
UWSA ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဘာထူးလဲ
ဗမာတွေနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်
တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ