တချိန်က အင်အားကြီးသော မြန်မာစစ်တပ်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဆန့်ကျင်သည့် အင်အားစုများက ချေမှုန်းပစ်နိုင်သည်ဆိုသည့် အမြင်သဘောထားများ စတင် မြင်တွေ့ရလာပြီ ဖြစ်သည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေးသည် အလွန်ဆိုးဝါးနေပြီး နိုင်ငံ၏ ကြီးမားသည့် အပိုင်းများ ထိန်းချုပ်မှု ဆုံးရှုံးနေသည်။
သြဇာကြီးမားသည့် The Economist သတင်းစာက မြန်မာမှ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုရန် ထောက်ခံ ရေးသားလာသည်။
“မြန်မာစင်ပြိုင်အစိုးရသည် ယခုထက်များပြားသော အကူအညီများနှင့် ထိုက်တန်ပြီး ထိုသို့ အသိအမှတ်ပြုသောကြောင့် ရလာမည့် ငွေကြေးများသည် ပထမ ခြေလှမ်းကောင်း တခုဖြစ်နိုင်သည်”ဟု ဖေါ်ပြခဲ့သည်။
သို့သော် NUG သည် တိုင်းပြည်ကို လက်တွေ့ အုပ်ချုပ်နိုင်ပါမည်လော။ စာရေးသူသည် ဒီမိုကရေစီ တောင့်တင်း ခိုင်မာ ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်း တခုဖြစ်သော International IDEA အတွက် စွမ်းရည်နှင့် လိုအပ်ချက်များကို လေ့လာသည့် အဖွဲ့တခုကို ဦးဆောင်ခဲ့သည်။
ထိုအဖွဲ့သည် မြန်မာတွင် အာဏာသိမ်းမှုအပြီး ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို ကူညီနေသောအဖွဲ့ ဖြစ်သည်။ သို့သော် ယခုဖေါ်ပြထားသော အမြင်များသည် စာရေးသူ၏ အမြင်များသာ ဖြစ်ပြီး International IDEA နှင့် သက်ဆိုင်ခြင်း မရှိပေ။
စာရေးသူတို့သည် ယခုလေ့လာ အကဲဖြတ်ချက်အတွက် NUG ၏ သေနင်္ဂဗျူဟာဆိုင်ရာ ထုတ်ပြန်ချက် အများအပြားကို လေ့လာပြီး ၎င်း၏ ဝန်ကြီးဌာနများနှင့် တိုင်းရင်းသား မဟာမိတ်များနှင့် ထိတွေ့ဆက်ဆံကာ လူမှုအသိုက်အဝန်းများ၏ ဘဝများကိုလည်း လေ့လာသည်။
စာရေးသူ၏ ကောက်ချက်မှာ NUG အနေဖြင့် ညီညွတ်ခိုင်မာမှုကို ထိန်းသိမ်းပြီး ပြင်ပထောက်ခံမှု ပိုမိုရလျှင် အုပ်ချုပ်ရန် အဆင်သင့်ဖြစ်သည်ဆိုသည့် ကောက်ချက်ပင်။
စာရေးသူ၏ ကောက်ချက်မှာ NUG အနေဖြင့် ညီညွတ်ခိုင်မာမှုကို ထိန်းသိမ်းပြီး ပြင်ပထောက်ခံမှု ပိုမိုရလျှင် အုပ်ချုပ်ရန် အဆင်သင့်ဖြစ်သည်ဆိုသည့် ကောက်ချက်ပင်။
နောက်ကြောင်း အနည်းငယ်ပြန်ကြည့်ကြပါစို့။
အသိအမှတ်ပြုခံရရန် အစိုးရတရပ်အနေဖြင့် မည်သည်တို့ကို လုပ်ဆောင်သင့်သနည်း။ စာရေးသူတို့သည် ၁၉ ရာစုတွင်သာ ရှိသေးပါက အဖြေမှာ နယ်မြေထိန်းချုပ်မှု ရှိရမည်။ လူထု ထောက်ခံမှု ရှိရမည်။ ထိုလူထုအပေါ် သြဇာသက်ရောက်မှု ရှိရမည်။
ထိုသို့ သြဇာသက်ရောက်ရန် အင်အားကို လိုအပ်ပါက သုံးနိုင်သည်ဟု ဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းအတိုင်း လူ့အခွင့်အရေး အကာအကွယ်ပေးခြင်းနှင့် တရားဝင်မှုဆိုင်ရာ ဆောင်ရွက်ချက်များဖြစ်သည့် ပညာရေး၊ လျှပ်စစ်နှင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတို့ကို လုပ်ဆောင်ပေးရမည်ဖြစ်သည်။
၂၁ ရာစု အစောပိုင်းတွင် နိုင်ငံတကာ အသိုက်အဝန်းသည် ကာကွယ်စောင့်ရှောက်ရန် တာဝန် R2P ကို ထူထောင်ခဲ့သည်။ ထိုတာဝန်မှာ အစိုးရတရပ်အနေဖြင့် တရားဝင်ရန် ပြည်သူများကို ဘေးအန္တရာယ်မှ ကာကွယ်ပေးရန် လိုသည်။
ယခုအခါ ထိုအချက်များ၏ မည်သည်ကိုမျှ လုပ်ဆောင်နိုင်ကြောင်း စစ်ကောင်စီ အညံ့ခံရေးသမားများ မပြောနိုင်ပေ။ အချို့ သူများ၏ အဆိုအရ ထိုအချက်များကို မည်သူမျှလည်း မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သင်လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ စစ်ကောင်စီ အညံ့ခံရေးသမားအချို့က စစ်ကောင်စီမှလွဲလျှင် အခြားလက်တွေ့ကျသော ရွေးချယ်စရာ မရှိ ကြောင်း ပြောသည်။ စာရေးသူသည် ထိုအချက်ကို လေ့လာဆန်းစစ်ပြီး မှားယွင်းကြောင်း တွေ့ရသည်။
NUG သည် ယခုအခါတွင် ကြီးမားသော ပိုင်နက်နယ်မြေကို ထိန်းချုပ်ထားသလို ပြည်သူအများစုထံမှ ကျယ်ပြန့်သော သစ္စာခံမှု ရရှိထားပြီး ၎င်းတို့ ထိန်းချုပ်ထားသော ဒေသများတွင် လုံခြုံရေးနှင့် တရားမျှတမှုကို ဆောင်ရွက်ပေးနေသည်။
NUG သည် နိုင်ငံရေးနှင့် စစ်ရေးလုပ်ဆောင်နေသူများ၏ နိုင်ငံတဝှမ်းကျယ်ပြန့်သည့် မဟာမိတ်အဖွဲ့တခုကို ကိုယ်စား ပြုပြီး မြန်မာမှ ကြားဖြတ်ကာလ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများအတွက် အုပ်ချုပ်ရေးအစိုးရ ဖြစ်သည်။
NUG သည် နိုင်ငံရေးနှင့် စစ်ရေးလုပ်ဆောင်နေသူများ၏ နိုင်ငံတဝှမ်းကျယ်ပြန့်သည့် မဟာမိတ်အဖွဲ့တခုကို ကိုယ်စား ပြုပြီး မြန်မာမှ ကြားဖြတ်ကာလ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများအတွက် အုပ်ချုပ်ရေးအစိုးရ ဖြစ်သည်။
ထိုအင်စတီကျူးရှင်းများတွင် ၂၀၂၀ ခုနှစ်က ရွေးကောက်ခံရသည့် ပြည်ထောင်စုလွှတ်တော်နှင့် NUG ၏ ရည်မှန်းချက်များကို ဖွင့်ဆိုပေးသည့် မဟာမိတ်အဖွဲ့ဖြစ်သော အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ပါဝင်သည်။
NUG ၏ နယ်မြေထိန်းချုပ်နိုင်မှုနှင့်ပတ်သက်ပြီး စာရေးသူတို့ ပြောကြားသောအခါ NUG သည် ထိုပိုင်နက်ကို ထိရောက်စွာ အုပ်ချုပ်ထိန်းကျောင်းပြီး ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုလည်း ရသည်ဟုသာ ဆိုလိုပြီး ထိုဒေသသို့ စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်လာသောအခါ မောင်းထုတ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
NUG တွင် ဒေသအများအပြားကို အုပ်ချုပ်နိုင်သည့် ဒေသဆိုင်ရာအုပ်ချုပ်ရေး မူဝါဒများနှင့် ညီညွတ်သော စနစ်များ ရှိနေသည်။ ထိုအစိုးရသည် ပေါင်းစပ်ထားသော အစိုးရ ဖြစ်သည်။
NUG ကို သစ္စာခံသော ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များသည် နိုင်ငံ၏ ဗဟိုချက် ဒေသများတွင် အုပ်ချုပ်နေပြီး မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် နယ်စပ် ဒေသများမှ ၎င်းတို့၏ အစဉ်အလာ ပိုင်နက်များကို ဆယ်စုနှစ်များစွာ ကြာပြီ ဖြစ်သည့် စနစ်များဖြင့် ထိန်းချုပ်ထားသည်။
ဗဟိုနှင့် နယ်စပ်ဒေသများအကြား ညှိနှိုင်းဆောင်ရွက်မှုကို NUCC မှတဆင့် လုပ်ဆောင်သည်။ ထိုအဖွဲ့သည် မြန်မာ၏ အနာဂတ် ဖက်ဒရယ်စနစ်အတွက် အမြုတေ ဖြစ်သည်။ ဗဟိုချက်တွင် NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများက တာဝန်ခံ အစီရင်ခံကြသည်။ ရင်းမြစ်များကို ဗဟိုချက်က အသုံးပြုခွင့်ပေးသည် သို့မဟုတ် တခါတရံ ထောက်ပံ့ပေးသည်။
NUG သည် အဓိကကျသော ရာဇဝတ်မှုများကို တားဆီး စုံစမ်းစစ်ဆေးရန် အဓိကထားသည့် ရဲတပ်ဖွဲ့တခုကိုလည်း ထူထောင်ထားသည်။ NUG ၏ တရားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုအောက်တွင် ရပ်ရွာလူမှုအသိုက်အဝန်း တရားရုံးစနစ်ကိုလည်း ထူထောင်နေသည်။
NUG ၏ စစ်တပ်များနှင့် သီးခြားဖြစ်သော ဒေသလုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့များသည် လူမှုအသိုက်အဝန်းများကို စစ်ကောင်စီက စီးနင်းတိုက်ခိုက်မှုများမှ အကာအကွယ်ပေးရန် ၎င်းတို့လုပ်ဆောင်နိုင်သည်များကို လုပ်ဆောင်နေသည်။
NUG ၏ စစ်တပ်များနှင့် သီးခြားဖြစ်သော ဒေသလုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့များသည် လူမှုအသိုက်အဝန်းများကို စစ်ကောင်စီက စီးနင်းတိုက်ခိုက်မှုများမှ အကာအကွယ်ပေးရန် ၎င်းတို့လုပ်ဆောင်နိုင်သည်များကို လုပ်ဆောင်နေသည်။
NUG သည် ၎င်းတို့ ထိန်းချုပ်ဒေသများနှင့် အခြားဒေသများတွင် ဝန်ဆောင်မှုများ ပေးနေသည်။
NUG နှင့်တိုင်းရင်းသား မဟာမိတ်များသည် တိုက်ရိုက်သင်ကြားသော ပညာရေးနှင့် အဝေးသင် ပညာရေး၊ တိုက်ရိုက် ကျန်းမာရေးဝန်ဆောင်မှုနှင့် ဖုန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှု၊ လျှပ်စစ်ဓာတ်အားနှင့် စစ်ဘေးရှောင်များအတွက် လူသားချင်း စာနာမှု အကူအညီ စသည့် ဝန်ဆောင်မှုများ ပေးကြသည်။
ဝန်ဆောင်မှုပေးခြင်းကို ဗဟို သို့မဟုတ် NUG ၏ ဝန်ကြီးဌာနများက စီစဉ်ညှိနှိုင်းပေးသည်။ ဥပမာအားဖြင့် ဆိုရပါက NUG ၏ ပညာရေးဝန်ကြီးဌာနသည် NUCC နှင့်အတူ ဖက်ဒရယ် ပညာရေး မူဝါဒကို ချမှတ်ထားသည်။ ထိုမူဝါဒသည် NUG အုပ်ချုပ်သောကျောင်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများက စီမံသောကျောင်းများကို လမ်းညွှန်သည်။
NUG ကျောင်းများမှ ဆရာ၊ ဆရာမများသည် NUG ကို သစ္စာခံသော ပြည်သူ့ ဝန်ထမ်းများဖြစ်ပြီး ဝန်ကြီးဌာနက ၎င်းတို့ကို စီမံအုပ်ချုပ်သည်။ ထိုဆရာ၊ ဆရာမများ ရှင်သန်ရပ်တည်ရေးအတွက် ထောက်ပံ့ကြေးကို ဝန်ကြီးဌာန၏ အကန့် အသတ်ရှိသော ရင်းမြစ်များ အသုံးပြုသည်။
NUG က စီမံသည့် ကျောင်းများသည် ပညာရေးဝန်ကြီးဌာနသို့ ပုံမှန် သတင်းပို့သည်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုကို NUCC မှ တဆင့် လုပ်ဆောင်သည်။
NUG သည် ထိရောက်သော ဗဟိုညှိနှိုင်းမှုကို ကျင့်သုံးပြီး ပြည်သူလူထု ရင်းမြစ်များကို စီမံကာ နိုင်ငံခြားရေး မူဝါဒကိုလည်း ကျင့်သုံးသည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် နည်းဗျူဟာအရ ဖြစ်သော်လည်း အရေးပါသည်။ မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပတွင်ပါ ရှိနေသော NUG ၏ အစိုးရအဖွဲ့သည် အစည်းအဝေးများကို ဗီဒီယိုမှတဆင့် အပတ်စဉ် ကျင်းပသည်။
NUG ၏ ဗဟိုအစိုးရသည် မူဝါဒများ ရေးဆွဲပေးသော၊ အစီအစဉ်များအတွက် ရန်ပုံငွေများကို ခွဲဝေပေးသော၊ NUG ဝန်ကြီးဌာနများမှ ဖြစ်ရပ်များနှင့် ဘဏ္ဍာရေး အစီရင်ခံစာများကို လက်ခံသော ဝန်ကြီးချုပ်နှင့် သမ္မတရုံးများ ရှိသည်။
NUG ၏ ဗဟိုအစိုးရသည် မူဝါဒများ ရေးဆွဲပေးသော၊ အစီအစဉ်များအတွက် ရန်ပုံငွေများကို ခွဲဝေပေးသော၊ NUG ဝန်ကြီးဌာနများမှ ဖြစ်ရပ်များနှင့် ဘဏ္ဍာရေး အစီရင်ခံစာများကို လက်ခံသော ဝန်ကြီးချုပ်နှင့် သမ္မတရုံးများ ရှိသည်။
NUG သည် ထိုသတင်းအချက်အလက်များကို ခွဲခြမ်း လေ့လာသုံးသပ်ပြီး မူဝါဒများ ချမှတ်ပေးသည်။ NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသည် ဆန္ဒအလျောက်ပေးရသည့် စီးပွားရေးလုပ်ငန်းခွန်ဖြစ်သည့် အခွန်များကိုလည်း ကောက်ခံပြီး အစိုးရငွေတိုက် စာချုပ်များကိုလည်း ထုတ်ဝေသည်။
အခွန်ကောက်ခံခြင်းနှင့် အသုံးစရိတ်ကို ဗဟိုချုပ်ကိုင်မှု ကျင့်သုံးခြင်း မရှိပေ။ ဘဏ္ဍာရေးစနစ်ကို စစ်ကောင်စီက တင်းကျပ်စွာ ချုပ်ကိုင်ထားသည့် နိုင်ငံတွင် ထိုသို့ လုပ်ရန် လိုအပ်သည်။
သို့သော် ထိုအခွန်များနှင့် အသုံးစရိတ်များအားလုံးကို NUG ၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုက စီမံပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသို့ လစဉ် အစီရင်ခံသည်။ ထိုဝန်ကြီးဌာနသည် အသိအမှတ်ပြုမှု ရရှိသည်နှင့် တပြိုင်နက် အသုံးပြုနိုင်မည့် ပြည်ပဘဏ္ဍာရေး ငွေစာရင်း အပါအဝင် အများပြည်သူ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်များကို ထူ ထောင်ထားသည်။
NUG တွင် ကိုယ်ပိုင် နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သေနင်္ဂဗျူဟာအရ အရေးပါသော နိုင်ငံ တဒါဇင်ခန့်တွင် ကိုယ်စားလှယ်ရုံးများ ရှိသည်။ မိတ်ဆွေနိုင်ငံအချို့တွင် အထူးသဖြင့် ဥရောပတွင် NUG နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ရေးရာများကို လုပ်ဆောင်နေသည်။
အသိအမှတ်ပြု မခံရသေးသည့် ကာလတွင် ထိုရုံးများ ဆက်ဆံရေးကို ယာယီကိုင်တွယ်မည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် တာဝန်ယူမှု တာဝန်ခံမှုသည် ပြီးပြည့်စုံခြင်း မရှိသော်လည်း NUG က ကြိုးစားဆောင်ရွက်နေသည်။ ၎င်း၏ စာရင်းစစ်ချုပ်သည် အခြေခံ ဘဏ္ဍာရေး စာရင်းစစ်ခြင်းကို စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။
အကြမ်းဖျင်းအား ဖြင့် ၃ လ တကြိမ် တွေ့ဆုံသည့် ပြည်ထောင်စု လွှတ်တော်သည် NUG ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အစီရင်ခံစာများကို လက်ခံပြီး လွှတ်တော်ကော်မတီများသည် ဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များကို စတင် စူးစမ်းလေ့လာနေပြီ ဖြစ်သည်။
ဒေသဆိုင်ရာ အခြေခံ တရားဥပဒေစနစ်သည် လက်ရှိ အကူးအပြောင်းကာလတွင် မလွတ်လပ်သော်လည်း အရပ်သား တရားစီရင်မှု ရှိသည်။
လက်တွေ့တွင် NUG အတွက် စိန်ခေါ်မှုများစွာရှိသည်။ အစီရင်ခံမှု အရည်အသွေးသည် ရောထွေးနေသည်။ ဝန်ဆောင်မှု ပေးခြင်းသည် တနိုင်ငံလုံးတွင် ညီညာမှု မရှိဘဲ ပေးအပ်သော ဝန်ဆောင်မှုလည်း နည်းသေးသည်။ NUG သည် ငွေကြေး ပြတ်လပ်နေသည်။
လက်တွေ့တွင် NUG အတွက် စိန်ခေါ်မှုများစွာရှိသည်။ အစီရင်ခံမှု အရည်အသွေးသည် ရောထွေးနေသည်။ ဝန်ဆောင်မှု ပေးခြင်းသည် တနိုင်ငံလုံးတွင် ညီညာမှု မရှိဘဲ ပေးအပ်သော ဝန်ဆောင်မှုလည်း နည်းသေးသည်။ NUG သည် ငွေကြေး ပြတ်လပ်နေသည်။
အခွန်အခြေခံမှာ သေးငယ်လှပြီး NUG သည် အဝေးရောက်မြန်မာများ၏ ထောက်ပံ့မှုကို မှီခိုနေရသည်။ ဝန်ကြီးများသည် လစာ သို့မဟုတ် ထောက်ပံ့ကြေး မရပေ။ NUG ဝန်ကြီးဌာန ဝန်ထမ်းများ နိုင်ငံရေးရာထူးတွင် ခန့်ထားသည့် အထက်အရာရှိများနှင့် ရာထောင်ချီသည့် ပြည်သူ့ ဝန်ထမ်းများသည် အဓိကအားဖြင့် စေတနာဝန်ထမ်းများ ဖြစ်သည်။
ဝန်ထမ်းများသည် ၎င်းတို့ကို လက်ခံ ကျွေးမွေးရန် စိတ်အားထက်သန်သော်လည်း ဆင်းရဲနွမ်းပါးသည့် လူမှု အသိုက်အဝန်းများကို မှီခိုကြရသည်။ ဝန်ကြီးဌာန တခုစီသည် ဝန်ထမ်းများကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ရန်ပုံငွေ ရှာကြသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးများအတွက် ထောက်ပံ့ကြေးကို ဦးစားပေးသည်။ အများစုသည် အထောက်အပံ့ မရကြပေ။ ထိုကိစ္စများကို ဖြေရှင်းရန် ကြိုတင်ခန့်မှန်းနိုင်ပြီး တည်ငြိမ်သည့် အသင့်အတင့် ငွေကြေးထောက်ပံ့မှုရရန် အချိန် အတော်ကြာဦးမည်ဖြစ်သည်။
NUG သည် အောင်မြင်ရန် အခွင့်အလမ်းရှိသော ဖက်ဒရယ် ဒီမိုကရေစီသို့ ခက်ခဲသည့် အကူးအပြောင်းတွင် ဆက်လက် ချီတက်နေရသည်။
ကမ္ဘာကြီးက တွေဝေတုံ့ဆိုင်းနေချိန်တွင် မြန်မာ၏ အနာဂတ်သည် ပုံပေါ်လာနေသည်။ NUG နှင့် NUCC တို့သည် ကြားကာလ ဖက်ဒရယ် ဖွဲ့စည်းပုံတခုကို ရေးဆွဲနေသည်။ ထိုဖွဲ့စည်းပုံသည် မြန်မာကို အာဏာခွဲဝေမှုနှင့် အခြေခံ အခွင့်အရေးနှင့် လွတ်လပ်မှုကို အာမခံသည့် ဗဟိုချုပ်ကိုင်မှု လွန်စွာ နည်းသည့် လစ်ဘရယ် ဒီမိုကရေစီသို့ လမ်းခင်းပေးမည့် ဖွဲ့စည်းပုံ ဖြစ်သည်။
ထိုလုပ်ငန်းစဉ် အဆုံးတွင် တိုင်းပြုပြည်ပြုဖွဲ့စည်းပုံ အခြေခံဥပဒေ ညီလာခံက ရေးဆွဲသည့် ဖက်ဒရယ်ဖွဲ့စည်းပုံသစ်တခု ပေါ်ပေါက်လာမည်ဖြစ်သည်။
ဖက်ဒရယ်အစိုးရသစ်သည် ကာကွယ်ရေး၊ ငွေကြေးမူဝါဒနှင့် နိုင်ငံခြားဆက်ဆံရေး စသည့် လိုအပ်သည်ကိုသာ လုပ် ဆောင်မည်ဖြစ်ပြီး အာဏာအများစုကို ပြည်နယ်အဆင့်သို့ ပေးအပ်မည်ဖြစ်သည်။
ဖက်ဒရယ်အစိုးရသစ်သည် ကာကွယ်ရေး၊ ငွေကြေးမူဝါဒနှင့် နိုင်ငံခြားဆက်ဆံရေး စသည့် လိုအပ်သည်ကိုသာ လုပ် ဆောင်မည်ဖြစ်ပြီး အာဏာအများစုကို ပြည်နယ်အဆင့်သို့ ပေးအပ်မည်ဖြစ်သည်။ ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုံစံသည် လွတ်လပ်သော ပြည်နယ်များကို နေရာပေးသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုံစံမျိုးဖြစ်သည်။
လက်ရှိအချိန်တွင် ထိုသို့သော ပုံစံရှိ ပြည်နယ်များတွင် ၀ နှင့် ကိုးကန့်နှင့် ရခိုင်ပြည်နယ် အနောက်တောင်ပိုင်း ပါဝင်သည်။
အသွင်ကူးပြောင်းခြင်းသည် အစစ အရာရာ ချောမွေ့မည် မဟုတ်ပေ။ ပြည်နယ်အုပ်ချုပ်ရေးတွင် NUG ၏ အကန့် အသတ်ရှိ သော ကြားဖြတ် ဖက်ဒရယ် အစိုးရအဖြစ် အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများကို ကြီးကြပ်သည့် ဆောင်ရွက်မှုအကြား တင်းမာမှု တခု ရှိနေသည်။
တိုင်းရင်းသား မဟာမိတ်များက NUG ၏ ဗဟိုချုပ်ကိုင်သည့် သဘောသဘာဝကို မလိုလားပေ။ NUG ကလည်း ထိရောက် သော အုပ်ချုပ်ရေး လုပ်ရန် လိုအပ်နေကြောင်း ပြောသည်မှာ မှန်ကန်သည်။ ထိုတင်းမာမှုများကို မဟာမိတ်အဖွဲ့အတွင်း NUCC မှတဆင့် ဖြေရှင်းရမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်ကို တိုးတက်အောင် လုပ်ဆောင်နိုင်သည်။
အချုပ်အားဖြင့်ဆိုရပါက NUG သည် အုပ်ချုပ်ရန် အသင့်ဖြစ်နေသော်လည်း ထိုအချက်ကို ကမ္ဘာ လက်ခံရန် အသင့်ဖြစ်နေပါသလား။
NUG သည် နိုင်ငံတကာအသိုက်အဝန်းက အစိုးရတခုကို တောင်းဆိုသည့် စံမှတ်ကျောက်များကို ဖြည့်ဆည်းပြီး အစိုးရ တခုအဖြစ် ဆောင်ရွက်နေပြီဖြစ်သည်။ မြန်မာမှ နယ်မြေပိုင်နက် တစိတ်တပိုင်း၊ တရားဝင်မှု၊ ဝန်ဆောင်မှုများနှင့် လုံခြုံရေး ပေးခြင်း စသည်တို့ကို ထိန်းချုပ်ထားသည်။
မည်သည့်အတွက်က ကမ္ဘာက အရေးတယူ မပြုသနည်း။ ယူကရိန်းမှ စစ်ပွဲသည် အချက်တချက်အဖြစ် ပါဝင်သော်လည်း အဓိကအချက်ဖြစ်သည်ဟု စာရေးသူ မယူဆပေ။ အဓိကအချက်မှာ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အကြား ထိပ်တိုက် တွေ့မှု ဖြစ်တည်နေခြင်းသာ ဖြစ်သည်။
မည်သည့်အတွက်က ကမ္ဘာက အရေးတယူ မပြုသနည်း။ ယူကရိန်းမှ စစ်ပွဲသည် အချက်တချက်အဖြစ် ပါဝင်သော်လည်း အဓိကအချက်ဖြစ်သည်ဟု စာရေးသူ မယူဆပေ။ အဓိကအချက်မှာ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အကြား ထိပ်တိုက် တွေ့မှု ဖြစ်တည်နေခြင်းသာ ဖြစ်သည်။
ထိုအချက်ကြောင့် အဟန့်အတားဖြစ်ရန် မလိုပေ။ မြန်မာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် ဒီမိုကရေစီ အစိုးရသည် တရုတ်၏ မိတ်ဆွေဖြစ်ပြီး အနောက်တိုင်း၏ အသုံးချခံ မဟုတ်ပေ။ NUG သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ထပ်မံအတည်ပြုသည်။
တရုတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသော်လည်း NUG နှင့်ထိတွေ့ဆက်ဆံရန် ငြင်းဆန်နေသည်။ မည်သည့် နိုင်ငံကိုမျှ ကျေးဇူးကြွေးဆပ်ရန် မရှိသည့် ညီညွတ်တည်ငြိမ်သော မြန်မာနိုင်ငံ ဖြစ်တည်ခြင်းသည် အားလုံး၏ အကျိုးစီးပွားဖြစ်သည်ဆိုသည့် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်တို့သည် သဘောတူညီမှု တစုံတရာရပါက ထိုအခြေအနေသည် ပြောင်းလဲသွားနိုင်သည်။
NUG ကို အသိအမှတ်ပြုရန် ခက်ခဲနေသည့် နိုင်ငံများအနေဖြင့် လက်တွေ့ကျသော ဘဏ္ဍာရေးနှင့် အထောက်အပံ့သည် ရွေးချယ်ရမည့် နည်းလမ်းတခုဖြစ်သည်။ နိုင်ငံများသည် NUG နှင့်ဖြစ်စေ ၎င်းနှင့် ပတ်သက်သော အဖွဲ့အစည်းများနှင့် ဖြစ်စေ ပူးတွဲအစီအစဉ်တခု ထူထောင်နိုင်ပြီး လိုအပ်ပါက တကြိမ်တည်း အပြီးအပြတ်ဆောင်ရွက်နိုင်သည့် စီမံကိန်းများကို လုပ်ဆောင်နိုင်သည်။
NUG သည် ထိုကိစ္စကို လုပ်ရန် စိတ်အားထက်သန်သလို လုပ်လည်းလုပ်ဆောင်နိုင်စွမ်း ရှိသည်။ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဘက်များက ပျော့ပျောင်းမှု အနည်းငယ် ပြသပါက ငွေကြေးဆိုင်ရာ ယုံကြည်မှု အန္တရာယ် လျှော့ချပေးသည့် လိုအပ်သော စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်ရေး ယန္တရားများ NUG တွင် ရှိသည်။
နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်သူများနှင့် အထူးသံတမန်များသည် စစ်ကောင်စီကို အသိအမှတ်ပြုသည်ဟု အမြင်မခံရရန် ကြိုတင်ထိုးထွင်းသိမြင်ပြီး NUG နှင့် NUCC ကို ထိတွေ့ဆက်ဆံသင့်သည်။
NUG ကို နိုင်ငံတကာအစိုးရချင်း အစည်းအဝေးများနှင့် ညှိနှိုင်းတိုင်ပင်မှုများ အားလုံးသို့ ဖိတ်ကြားသင့်ပြီး ဘဏ္ဍာရေးနှင့် ဝန်ထမ်းများ ကျွမ်းကျင်မှု တိုးတက်ရေး အပါအဝင် စွမ်းရည်တည်ဆောက်ရေးဆိုင်ရာ ကြီးမားသော အထောက်အပံ့များ ပေးသင့်သည်။
နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်သူများနှင့် အထူးသံတမန်များသည် စစ်ကောင်စီကို အသိအမှတ်ပြုသည်ဟု အမြင်မခံရရန် ကြိုတင်ထိုးထွင်းသိမြင်ပြီး NUG နှင့် NUCC ကို ထိတွေ့ဆက်ဆံသင့်သည်။
NUG သည် မြန်မာအစိုးရအဖြစ် ဆောင်ရွက်နေပြီး လုံလောက်သော တရားဝင်မှုရှိသည့် တခုတည်းသော အဖွဲ့အစည်း ဖြစ်ကာ မြန်မာကို ဘော်လကန်ဒေသကဲ့သို့ မဖြစ်စေရန် လက်တွေ့တားဆီးနိုင်သော အစီအမံရှိသောကြောင့် ကမ္ဘာကြီး အနေဖြင့် NUG ကို အသိအမှတ်မပြုရသည့် ဆင်ခြေများ ပေးမနေသင့်တော့ပေ။
(စာရေးသူ ဖိလစ်အန်နာဝစ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက မြန်မာအစိုးရနှင့် လွှတ်တော်ကို အကြံပေးခဲ့သည်။ The Diplomat ပါ ၎င်း၏ Is Myanmar’s National Unity Government Ready to Govern? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် NUG ဩဇာညောင်းရဲ့လား
အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ
မြန်မာတွင် ဘက်စုံ ကပ်ဆိုက်တော့မည်ဟု ကုလသမဂ္ဂ အထူး သံတမန် သတိပေး
အကွဲအပြဲဖြင့် အာဏာထပ်လုကြဦးမည့် ကြံ့ခိုင်ရေးပါတီ