သြဂုတ်လ ၂၆ ရက်နေ့တွင် BBC Bangla သည် အိန္ဒိယမှ မီဇိုရမ်ပြည်တွင်ရှိ ချင်းဒုက္ခသည်များအကြောင်း ဖော်ပြသည်။ BBC သတင်းထောက် ဆူဘတ်ဂျိုတီ ဂို့ရှ် သည် ဒုက္ခသည်စခန်းအများအပြားသို့ သွားရောက်ပြီးနောက် မိုဇိုရမ်မှ မီဇိုများနှင့် လူမျိုးစုဆက်စပ်သော ချင်း ၃၁,၀၀၀ နီးပါးသည် မြန်မာတွင် လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ချင်းပြည်နယ်မှ အိမ်နီးချင်း မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည်ဟု ဖော်ပြသည်။
မိုးတယ်လွီသည် မြန်မာမှ မူလတန်းကျောင်းဆရာဖြစ်ပြီး သူသည် မရေရာဘဲ ပျက်စီးလွယ်သော အနာဂတ်ကို ရင်ဆိုင်နေရသည့် ဒုက္ခသည်များအနက် တဦးဖြစ်သည်။ အနာဂတ်နှင့် အိပ်မက်များကို စစ်တပ်က ဖျက်ဆီးခံရသည့် မြန်မာပြည်သူ သန်းပေါင်းများစွာအနက် တဦးဖြစ်သည်။
အလားတူ မျှော်လင့်ချက် ပျောက်ဆုံးရသည့် ဇာတ်လမ်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများတွင်လည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ်က လူမျိုးစုသုတ်သင်ခြင်းကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇၆၀,၀၀၀ သည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ရှလက်သည် ကောက်ဘဇားမှ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ဧပြီလ ၁၆ ရက်နေ့တွင် စကားပြောခဲ့သည်။ ရိုဟင်ဂျာကျောင်းဆရာမတဦးက သူသည် မြန်မာနိုင်ငံတွင် စာမည်မျှတော်ခဲ့သည်နှင့် ဆရာဝန်ဖြစ်ရန် ရည်မှန်းခဲ့သည့် အကြောင်းများကို မစ္စ ဘက်ရှလက်အား ပြောပြသည်။

သို့သော် သူသည် မြန်မာစစ်တပ်က သူ့ကို သူ၏ နိုင်ငံမှ မောင်းထုတ်ခြင်းကို ခံရပြီးနောက် လွန်ခဲ့သော ၅ နှစ်လုံးလုံး ဒုက္ခသည် စခန်းတွင် အချိန်ကုန်သည်။ “ညဘက်တွေမှာ ကျမရဲ့ စိတ်ကူးအိမ်မက်အကြောင်း စဉ်းစားမိတိုင်း ခံစားနေရတုန်းပဲ။ ကျမရဲ့ ဗုဒ္ဓဘာသာ သူငယ်ချင်းတွေက မြန်မာမှာ ဆရာဝန်တွေ ဖြစ်နေကြပြီ” ဟု မစ္စ ဘရှလက်ကို သူက ပြောပြသည်။
ထုံးစံအားဖြင့်ဆိုရပါက မြန်မာစစ်တပ်သည် နိုင်ငံကို ပြည်ပခြိမ်းခြောက်မှုမှ ကာကွယ်ရန်ဖြစ်သည်။ သို့သော် အာဏာသိမ်းပြီးနောက်တွင် မြန်မာစစ်တပ်သည် ၎င်းတို့၏ပြည်သူကို ၎င်းတို့ ပြန်လည်ပစ်မှတ်ထား သတ်ဖြတ်နေသည်။
ထုံးစံအားဖြင့်ဆိုရပါက မြန်မာစစ်တပ်သည် နိုင်ငံကို ပြည်ပခြိမ်းခြောက်မှုမှ ကာကွယ်ရန်ဖြစ်သည်။ သို့သော် အာဏာသိမ်းပြီးနောက်တွင် မြန်မာစစ်တပ်သည် ၎င်းတို့၏ပြည်သူကို ၎င်းတို့ ပြန်လည်ပစ်မှတ်ထား သတ်ဖြတ်နေသည်။ စစ်တပ်သည် ပြည်သူ၏ ကျေးကျွန်သဖွယ်ဖြစ်သည်ဟု ဆိုသော်လည်း အာဏာရူးပြီး အာဏာရရေးအတွက် ပြည်သူကို ပြန်သတ်ရန် လက်မရွံ့သည့် နိုင်ငံတွင်းမှ နိုင်ငံတခုသဖွယ် ပြုမူနေသည်။
ထိုသို့ ဗိုလ်ကျ စိုးမိုးလိုသော ဆန္ဒသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကဲ့သို့သော လူတဦး သို့မဟုတ် လူတစုမှ မြစ်ဖျားခံပြီးနောက် ၎င်းတို့သည် ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် အခြားသူများကို အသုံးချကြသည်။

စစ်တပ်က အာဏာသိမ်းချိန်မှ စတင်ပြီး စစ်ကောင်စီသည် လူပေါင်း ၂,၂၄၉ ဦးကို သတ်ဖြတ်ကာ နောက်ထပ် အခြားသူ ၁၅,၀၀၀ ကို ဖမ်းဆီးပြီး ရွာပေါင်း ၂၈,၀၀၀ ကျော်ကို မီးတင်ရှို့သည်။ ထိုအကြမ်းဖက်မှုကို ခံရသူများတွင် မြန်မာမှ အများစု လူမျိုးစုဖြစ်ပြီး အစဉ်အလာအားဖြင့် စစ်တပ်သို့ဝင်ရောက်ကြသည့် ဗမာအများအပြားလည်း ပါဝင်သည်။ ယခုတွေ့မြင်နေရသော ရိုင်းစိုင်းမှုသည် နားမလည်နိုင်တော့သော ရိုင်းစိုင်းမှုဖြစ်သည်။
မြန်မာပြည်သူများ၏ မျှော်လင့်ချက်များကို စစ်တပ်၏ အကြမ်းဖက်မှုက တစစီ ခြေမွပစ်နေသည်။ ကျောင်းသားများသည် ပညာကို လုံလုံလောက်လောက် ဆက်လက် မသင်ကြားနိုင်တော့ပေ။ လူမှုအာဏာ ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သော ကျောင်းဆရာ၊ ဆရာမများကို ဖမ်းဆီးရုံသာမက သတ်ပင်သတ်ဖြတ်သည်။ ကျောင်းအချို့ကို စစ်ကောင်စီက မီးရှို့သည်။

စစ်အာဏာသိမ်းပြီးနောက် လူ ၈ သိန်းသည် ပြည်တွင်း စစ်ဘေးရှောင်များဖြစ်ကုန်ပြီး မည်သည့်အချိန်တွင် ပုံမှန်ဘဝတွင် ပြန်လည်နေထိုင်နိုင်မည်ကို မသိရပေ။ ပြည်သူလူထုကို ခြိမ်းခြောက်ရန်နှင့် လက်နက်ကိုင်ခုခံမှုနှင့် အရပ်သားများ ဆက်စပ်မှုကို ဖြတ်တောက်ရန် အကူအညီပေးရေး လုပ်သားများကို သတ်ဖြတ်နေသည်။
စစ်ကောင်စီသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများကို အပြင်းအထန်နှင့် ကြီးမားစွာ ချိုးဖောက်မှုများ အမြဲတမ်း ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ရှုမြင်သည်။
မြန်မာအများစု နေထိုင်ရာ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကရင်နီ (ကယား) ပြည်နယ်များတွင် စစ်တပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး လူ့အခွင့်အရေး အခြေအနေသည် အချိန်တိုင်းတွင် ယိုယွင်းပျက်စီးနေသည်။
အရပ်သားပစ်မှတ်များဖြစ်သည့် ရွာများနှင့် မြို့များရှိ လူနေရပ်ကွက်များအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများကို ပိုမိုလုပ်ဆောင်နေသည်။ ယခုအခါ ထိုသို့သော တိုက်ပွဲများသည် ရခိုင်ပြည်နယ်မှ လူမျိုးစု ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်အကြားတွင်လည်း ဖြစ်နေသည်။ မြန်မာတွင် နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်းချမ်းမှုရှိသော နောက်ဆုံးပြည်နယ်ဖြစ်သည့် ထိုပြည်နယ်သည် လက်နက်ကိုင် ပဋိပက္ခဒေသဖြစ်မည့်အန္တရာယ် ကျရောက်နေသည်။
ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများသည် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် တိုက်ပွဲများကြားတွင် အမြဲလိုလို ညပ်နေရုံသာမက တိုက်ခိုက်မှုများ၏ အဓိကပစ်မှတ်များလည်း ဖြစ်ကြရသည်။
ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများသည် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် တိုက်ပွဲများကြားတွင် အမြဲလိုလို ညပ်နေရုံသာမက တိုက်ခိုက်မှုများ၏ အဓိကပစ်မှတ်များလည်း ဖြစ်ကြရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာ ၆ သိန်း ဆက်လက်နေထိုင်နေဆဲ ဖြစ်သည်။
၎င်းတို့အနက် အများစုသည် ပြည်တွင်း စစ်ဘေးရှောင်များကို ထားသည့် စခန်းများတွင်သာ နေထိုင်ကြရပြီး ထိုစခန်းများတွင် စစ်တပ်က ချမှတ်ထားသည့် ကန့်သတ်ချက်များကြောင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ တားမြစ်ခံထားရသည်။ ရခိုင်ပြည်နယ်တွင် စစ်ပွဲများ စတင်ဖြစ်ပါက ဒေသခံများ စစ်ကိုင်း၊ မကွေးတိုင်းများနှင့် ချင်း၊ ကရင်နှင့် ကယားပြည်နယ်များမှ အရပ်သားများကဲ့သို့ အလားတူသော အခြေအနေကို ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် အရိုင်းအစိုင်းများသဖွယ် ဇာတ်တူသားစားပြီး တိုင်းပြည်ကို ဖျက်နေသည့် ထိုစစ်တပ်ကို မြန်မာပြည်သူများ မည်သို့ ဖယ်ရှားနိုင်မည်နည်းဟု မေးစရာဖြစ်လာသည်။ အဖြေတခုသာရှိပြီး ထိုအဖြေမှာ ထိုအဖွဲ့အစည်းမှ လူသားမဆန်သည့် အရာအားလုံးကို အမြစ်ဖြတ် သုတ်သင်ရေး ဖြစ်သည်။
ညီညွတ်သောမြန်မာသည် မည်သည့်အဖွဲ့အစည်းမဆိုမှ မည်သည့် မကောင်းဆိုးရွားများကို မဆို ဖျက်ဆီးပစ်နိုင်သည်။ ဗမာ၊ ကချင်၊ ကရင်၊ ရှမ်း၊ ကရင်နီ၊ ရခိုင်နှင့် မြန်မာမှ လူမျိုးစု အုပ်စုများအတူတကွ ပူးပေါင်းကာ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရမည့် အချိန်ရောက်လာပြီဖြစ်သည်။
ညီညွတ်သောမြန်မာသည် မည်သည့်အဖွဲ့အစည်းမဆိုမှ မည်သည့် မကောင်းဆိုးရွားများကို မဆို ဖျက်ဆီးပစ်နိုင်သည်။ ဗမာ၊ ကချင်၊ ကရင်၊ ရှမ်း၊ ကရင်နီ၊ ရခိုင်နှင့် မြန်မာမှ လူမျိုးစုံ အုပ်စုများ အတူတကွ ပူးပေါင်းကာ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရမည့် အချိန်ရောက်လာပြီဖြစ်သည်။
ညီညွတ်သောနိုင်ငံတခုအဖြစ် ရှုမြင်ပါက မြန်မာ၏ အလှသည် ပိုမိုထင်ရှားလာသည်။ နိုင်ငံ၏ဒေသတိုင်းတွင် လူမျိုးစု အုပ်စုအသီသီးမှ ပြည်သူများ ယှဉ်တွဲ နေထိုင်ကြသည်။ လူမျိုးအားလုံးနှင့် ဘာသာအားလုံး တန်းတူညီမျှခြင်းသည် အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကြေညာထားသည့် ရည်မှန်းချက်ဖြစ်သည်။ တနေ့တွင် မြန်မာ၏ သယံဇာတ ကြွယ်ဝချမ်းသာမှုသည် မြန်မာကို အရှေ့တောင်အာရှတွင် စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်စေနိုင်သည်။

ညီညွတ်သော မြန်မာနိုင်ငံကို ဖန်တီးခြင်းသည် မြန်မာမှ လူမျိုးစုများ၏ ရည်မှန်းချက်များကို အကောင်အထည် ပေါ်စေနိုင်သည်။ မြန်မာပြည်သူများသည် ၎င်းတို့ဆုံးရှုံးသွားသော ညီအစ်ကို မောင်နှမများအတွက် ဝမ်းနည်းမှုကို ခွန်အားအဖြစ် ပြောင်းလဲပြီး ဖိနှိပ်သူ စစ်တပ်ကို တိုက်ခိုက်ရန် ညီညွတ်ကြမည်ဟု မိမိတို့ မျှော်လင့်သည်။ ထိုအခါမှသာ ၎င်းတို့သည် အောင်ပွဲခံပြီး လွတ်လပ်မှု ပြန်လည် ရရှိမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Sandip Roy ၏ Myanmar’s Ethnic Groups Must Unite to Topple the Military Regime ကို ဘာသာပြန် ဖော်ပြသည်။ ဆန်ဒစ် ရွိုင်းသည် အနောက်ဘင်္ဂလားပြည်နယ်မှ တောင်နှင့် အရှေ့တောင်အာရှရေးရာ နိုင်ငံရေး သုတေသီဖြစ်သည်။)
You may also like these stories:
စစ်ကိုင်းတိုင်းတွင် တပတ်အတွင်း နေအိမ် ၃၀၀ ကျော် မီးရှို့ခံရ
ကနီစစ်ဘေးရှောင်များအတွက် ဆေးပစ္စည်းများ မီးရှို့ဖျက်ဆီးခံရ
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီစခန်း AA သိမ်းပိုက်
ကယား စစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်တော့မည်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အိမ်ပေါင်း ၂၈၀၀၀ ကျော် မီးရှို့ခဲ့
ရိုဟင်ဂျာများ၏ ၅ နှစ်တာ အကျပ်အတည်း