၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလစ၍ ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်ကြား နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားခဲ့၏။ အပစ်အခတ်ရပ်၍ မကြာမီပင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်အား ပိတ်ဆို့မှုများတိုး၍ ပြုလုပ်လာခဲ့သည်။
ပြည်မမှ ကုန်ပစ္စည်းများတင်သွင်းမှု အများဆုံးပြုရသည့် ရခိုင်ပြည်နယ်တွင် ကုန်ကားကြီးများ ပစ္စည်းသယ်ဆောင်မှုအား နယ်/လုံဝန်ကြီးလက်မှတ် ယူရ၏။ အခြားမည်သည့် တိုင်းနှင့်ပြည်နယ်မှ မတွေ့ရသည့် သတ်မှတ်ချက်ဖြစ်၏။ ဤအချက်သည် ကုန်ကားကြီးများတွင် လက်နက်များ သိုဝှက်သယ်ဆောင်မည်ကို တားဆီးရန် ရည်ရွယ်သည်ဆိုသော်လည်း လက်တွေ့တွင် ရခိုင်ပြည်တွင် ကုန်စည်စီးဆင်းခြင်းအားလည်း ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
ဂိတ်ကြေးများကြောင့် ကုန်ဈေးနှုန်း ပိုတက်လာသည့်အပြင် AA ထံသို့ လက်နက်ခဲယမ်းသာမက ရိက္ခာ၊ ဆေးဝါးများအပါအဝင် လိုအပ်သည့်ပစ္စည်းများ မရောက်ရှိအောင် ထိန်းချုပ်လိုက်ခြင်းလည်းဖြစ်၏။
၂၀၁၉၊ ၂၀၂၀ ပြည့်နှစ် ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေစဉ် ကာလကလည်း တယ်လီဖုန်းလိုင်းများ အင်တာနက်များ ဖြတ်တောက်သကဲ့သို့ ကျောက်တော်၊ ပလက်ဝ ရေလမ်းကြောင်းအားလည်း သွားလာခွင့် ပိတ်ပင်ထားခဲ့သည်။ အဓိက AA ထံသို့ ရိက္ခာမရောက်ရှိစေရန် ဖြတ်တောက်ခြင်းလည်း ဖြစ်သည်။
ဤသို့ဖြတ်တောက်ခြင်းကြောင့် ဒေသခံလူထုပါ ရိက္ခာခက်ခဲခြင်း၊ ဈေးနှုန်းကြီးမြင့်များ ကြုံတွေ့ရသည်။ မြန်မာစစ်တပ်သည် ဖြတ်လေးဖြတ်ဆိုသည်ကို အရိုးစွဲနေသည်။ ယခု ၂၀၂၂ ခုနှစ်အတွင်း မောင်တော၊ ပလက်ဝဒေသတွင် တိုက်ပွဲများ ပြန်ဖြစ်လာသောအခါ ပိတ်ဆို့မှုအသစ်များ တိုးလာသည်။
ဤသို့ဖြတ်တောက်ခြင်းကြောင့် ဒေသခံလူထုပါ ရိက္ခာခက်ခဲခြင်း၊ ဈေးနှုန်းကြီးမြင့်များ ကြုံတွေ့ရသည်။ မြန်မာစစ်တပ်သည် ဖြတ်လေးဖြတ်ဆိုသည်ကို အရိုးစွဲနေသည်။ ယခု ၂၀၂၂ ခုနှစ်အတွင်း မောင်တော၊ ပလက်ဝဒေသတွင် တိုက်ပွဲများ ပြန်ဖြစ်လာသောအခါ ပိတ်ဆို့မှုအသစ်များ တိုးလာသည်။
မောင်တောမြို့နယ် အတွင်းမှ ရွာအားလုံးအား တရွာနှင့် တရွာပင် ကူးသန်းသွားလာမှု မပြုရန် တားမြစ်ထား၏။ မောင်တောဈေးကို ၁၀ ရက်၊ ၁၅ ရက်တခါ ရိက္ခာပြတ်မှ ဈေးသွားဝယ်ခွင့်ပြုသည်။ စစ်တွေ၊ ဘူးသီးတောင်မြို့များသို့ပင် သွားလာခွင့်မပြုပေ။ ရွာအလိုက် အချုပ်ချထားသည်ဟုဆိုရမည်။
ထို့ပြင် မောင်တောဒေသ၌ တိုက်ပွဲများ မြင့်တက်လာပြီးနောက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ် ၆ ခုရှိ ရခိုင်စစ်ဘေးဒုက္ခသည်စခန်းများ၊ မွတ်စလင် ဒုက္ခသည်စခန်းများအား ကူညီနေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအား မြန်မာစစ်တပ်က သွားလာခွင့် တားမြစ်ခဲ့ပြန်သည်။ သို့ဖြစ်ရာ ရိက္ခာပြဿနာသည် ကျေးရွာများသာမက ဒုက္ခသည်စခန်းများပါ ထိခိုက်မှုရှိသည်။
စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီးဌာန ဆိုသည်ကလည်း မထောက်ပံ့သည်မှာ ၅ လခန့် ရှိပြီဖြစ်ရာ ရိက္ခာပြဿနာသည် ပို၍ကြီးမားလာသည်။ အရပ်သားကျေးရွာများသာမက ဒုက္ခသည်စခန်းများမှ ရိက္ခာများပါ AA တပ်ဖွဲ့ထံ ရောက်သည်ဟု ယူဆပြီး မြန်မာစစ်တပ်သည် AA အား ရိက္ခာဖြတ်တောက်နိုင်ရန် အရပ်သားလူထုသာမက ဒုက္ခသည်များပါမကျန် ပိတ်ဆို့ဖြတ်တောက်နေသည်ကို တွေ့ရ၏။
မြန်မာစစ်တပ်သည် မည်သို့ပင် ငြိမ်းချမ်းရေးကမ်းလှမ်းသည် ဆိုစေကာမူ ၎င်းတို့စိတ်တိုင်းကျ မဖြစ်သည်နှင့် UWSA ထိမ်းချုပ်ရာ ‘ဝ’ ဒေသသို့ပင် ရိက္ခာ၊ လောင်စာဆီ တင်သွင်းခြင်းကို ပိတ်ဆို့ဖြတ်တောက်ခဲ့သည်မှာ နှစ်အချို့ ကြာခဲ့ပြီဖြစ်သည်။ ပိတ်ဆို့ဖြတ်တောက်ရေးဆိုသည်ကို တော်လှန်ရေးတပ်ဖွဲ့များအား ရင်ဆိုင်ရာတွင် မြန်မာစစ်တပ် စွဲစွဲမြဲမြဲသုံးသည့် နည်းလမ်းတခုဖြစ်ပြီး ထိုသို့ပိတ်ဆို့မှုကြောင့် အရပ်သားလူထုပါ ထိခိုက်မှုများအားလည်း ဂရုစိုက်လေ့မရှိပေ။ ထိုလူထုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ရပ်တည်နိုင်သည်ဟု ကြည့်မြင်လေ့ရှိ၏။
မြန်မာစစ်တပ်သည် ရခိုင်တွင်သာမက နေရာတိုင်းတွင် ပိတ်ဆို့ဖြတ်တောက်ရေးကို နည်းလမ်းတခုအဖြစ် တင်းတင်းမာမာ ဆောင်ရွက်နေသည်။ ငြိမ်းချမ်းရေးနှစ်၊ ငြိမ်းချမ်းဆွေးနွေးပွဲဟု မြန်မာစစ်တပ်က ဆိုနေသော်လည်း နိုင်ငံရေးညှိနှိုင်းမှု၊ လိုက်လျောမှုမရှိဘဲ၊ ပျော့ပြောင်းသည့် ပေါ်လစီမရှိဘဲ စစ်ရေးအရသာ ပြဿနာကို ကြည့်မြင်နေသည့် မြန်မာစစ်တပ်သည် ရခိုင်တွင်စစ်ပွဲကို ဖိတ်ခေါ်နေသည်။
မြန်မာစစ်တပ်သည် ရခိုင်တွင်သာမက နေရာတိုင်းတွင် ပိတ်ဆို့ဖြတ်တောက်ရေးကို နည်းလမ်းတခုအဖြစ် တင်းတင်းမာမာ ဆောင်ရွက်နေသည်။ ငြိမ်းချမ်းရေးနှစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟု မြန်မာစစ်တပ်က ဆိုနေသော်လည်း နိုင်ငံရေးညှိနှိုင်းမှု၊ လိုက်လျောမှု မရှိဘဲ၊ ပျော့ပြောင်းသည့် ပေါ်လစီမရှိဘဲ စစ်ရေးအရသာ ပြဿနာကို ကြည့်မြင်နေသည့် မြန်မာစစ်တပ်သည် ရခိုင်တွင် စစ်ပွဲကို ဖိတ်ခေါ်နေသည်။
အင်အား သောင်းချီ ရှိပြီဖြစ်သော AA အတွက် လက်နက်ခဲယမ်းသာမက ရိက္ခာသည်လည်း မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ ထို့ပြင် AA ထိန်းချုပ်မှုအောက်ရှိ ကျေးရွာလူထု၏ ရိက္ခာလိုအပ်ချက်အား ဖြေရှင်းပေးရမည့် တာဝန်လည်းရှိ၏။ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ မောင်တောနှင့် ပလက်ဝဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းသည် မြန်မာစစ်တပ်၏ ပိတ်ဆို့ဖြတ်တောက်မှု ရင်ဆိုင်ရန် လမ်းကြောင်းဖွင့်သည့် စစ်ဆင်ရေးဟု ဆိုရမည်။ မြန်မာစစ်တပ်၏ ပိတ်ဆို့မှုများကို မာမာထန်ထန် တုံ့ပြန်သည့် စစ်ဆင်ရေးဟုဆိုရမည်။
ရခိုင်မြောက်ပိုင်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ချင်းဆက်စပ်နေသည်။ ထိုဒေသသည် ပလက်ဝ၏ အနောက်ဘက်၊ ကစ္ဆပနဒီမြစ်၏အနောက်ဘက်နှင့် ဘူးသီတောင်၊ မောင်တော၏ မြောက်ဘက်ဖြစ်ပြီး တောတောင်ထူထပ်သည့် ဒေသဖြစ်သည်။ ပလက်ဝအနောက်ခြမ်းသည် AA စတင် အခြေချဝင်ရောက်ခဲ့သည့် ဒေသဖြစ်ပြီး အခိုင်အမာ ခြေကုပ်ရရှိထား၏။
ယခုနှစ် နှစ်ဆန်းမှစ၍ မောင်တောမြောက်ဘက် ဝေလာတောင်ကြောတွင် တိုက်ပွဲစတင်ခဲ့သည်ကို တွေ့ရသည်။ သို့သော်လည်း တိုက်ပွဲတော့ ကျယ်ပြန့်မလာသေးပေ။ ၂၀၂၂ ခုနှစ်လယ်တွင် ရခိုင်မြောက်ပိုင်း မြို့နယ်များသာမက တောင်ပိုင်းရှိ မြို့နယ်များသို့ပါ AA ၏ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဩဇာသက်ရောက်မှု ကြီးထွားခြင်းကို ဟန့်တားရန် AA နှင့် ဆက်သွယ်သူများဟူ၍ မြန်မာစစ်တပ်က ဖမ်းဆီးမှုစတင်ရာ တင်းမာမှုများစတင်ခဲ့သည်။
AA ကလည်း ရခိုင်မြို့များပေါ်ရှိ စစ်တပ်နှင့်ရဲများ ပြန်လည်ဖမ်းဆီးခဲ့သည်။ မြန်မာစစ်တပ်ကမူ ဖမ်းဆီးမှုများအပြင် ပိတ်ဆို့မှုများပါပြုလုပ်လာရာ AA အနေနှင့် ထိုပိတ်ဆို့မှုများကို ဖောက်ထွက်ရန် တန်ပြန်ရပေရာ ရခိုင်ပြည်တကျော့ပြန်စစ်ပွဲသည် မျှော်လင့်ထားသည်ထက် စောစွာပေါ်ပေါက်လာ၏။
သို့သော် ယခုတကြိမ်စစ်ပွဲတွင် AA အနေဖြင့် ၂၀၁၉၊ ၂၀၂၀ ကဲ့သို့ ရခိုင်မြောက်ပိုင်းတခုလုံးတွင် တိုက်ပွဲဖော်သည်ကိုတော့ မတွေ့ရသေးပေ။ မြောက်ဦး၊ တောင်ကုတ်နှင့် မင်းပြားမြို့နယ်များတွင် တိုက်ပွဲတပွဲစီ ဖြစ်ခဲ့သော်လည်း စစ်ရှိန်မြှင့်သည်ကို မတွေ့ရပေ။ ယခုတကြော့ပြန် ရခိုင်စစ်ပွဲသည် ပလက်ဝအနောက်ခြမ်းနှင့် မောင်တောမြောက်ခြမ်းတွင် တစတစ ပို၍ပြင်းထန်လာသည်ကို တွေ့ရသကဲ့သို့ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလာသည်ကို တွေ့ရ၏။ AA သည် စစ်အင်အားလည်း အလုံးအရင်းသုံးလာသည်ကိုတွေ့ရသည်။
ယခုနှစ်လယ်ပိုင်း တကြော့ပြန် ရခိုင်စစ်ပွဲ ပြန်လည်စတင်ပြီးနောက် ပလက်ဝနှင့် မောင်တောမြောက်ပိုင်းရှိ မြန်မာစစ်တပ်စခန်းများထဲက AA တိုက်ခိုက်သိမ်းပိုက်သည့် စခန်းများအပြင် မြန်မာစစ်တပ်က ဆုတ်ခွာသည့် စခန်းများလည်းရှိလာရာ မြန်မာစစ်တပ်အနေနှင့် စုစုပေါင်း စခန်း ၄၀ ကျော်၊ ၅၀ ခန့်အား စွန့်လွှတ်ခဲ့ရပြီ ဖြစ်သည်။
ယခုနှစ်လယ်ပိုင်း တကြော့ပြန် ရခိုင်စစ်ပွဲ ပြန်လည်စတင်ပြီးနောက် ပလက်ဝနှင့် မောင်တောမြောက်ပိုင်းရှိ မြန်မာစစ်တပ်စခန်းများထဲက AA တိုက်ခိုက်သိမ်းပိုက်သည့် စခန်းများအပြင် မြန်မာစစ်တပ်က ဆုတ်ခွာသည့် စခန်းများလည်းရှိလာရာ မြန်မာစစ်တပ်အနေနှင့် စုစုပေါင်း စခန်း ၄၀ ကျော်၊ ၅၀ ခန့်အား စွန့်လွှတ်ခဲ့ရပြီ ဖြစ်သည်။
သို့ဖြစ်ရာ တဖြည်းဖြည်း ပုံပေါ်လာသည်မှာ AA သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် AA ၏ အခြေခံဒေသတရပ် ထွက်ပေါ်လာတော့မည့် အခြေအနေဖြစ်၏။ ဤအခြေခံဒေသ ဖြစ်ထွန်းလာရေးအတွက် AA သည် အချက်သုံးချက်ကို ကြိုတင်ပြင်ဆင်ခဲ့သည်ကို တွေ့ရ၏။
ပထမအချက်မှာ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ခြင်း၊ ဒုတိယအနေနှင့် အိန္ဒိယနှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ခြင်း၊ တတိယအနေနှင့် ဒေသတွင်းရှိ မွတ်စလင်များအား စည်းရုံသိမ်းသွင်းခြင်း၊ နားလည်မှုတည်ဆောက်ခြင်း ဖြစ်၏။ နယ်စပ်ရှိ နိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းအပြင် မောင်တော၊ ဘူးသီးတောင် မြောက်ဘက်ခြမ်းတွင် မွတ်စလင်အများစု နေထိုင်ကြရာ ထိုဒေသတွင် အခြေချနိုင်ရန် အချက်သုံးချက်လုံးသည် နိုင်ငံရေးအရ အရေးပါခဲ့သည်။
နိုင်ငံရေးအရ ပြင်ဆင်မှုများနောက်တွင် မောင်တောမြောက်ပိုင်းနှင့် ပလက်ဝအနောက်ခြမ်းတွင် AA ၏ တိုက်ပွဲများ ပေါ်ပေါက်လာသည်။ ထိုတိုက်ပွဲများသည် စခန်းသိမ်းတိုက်ပွဲများ ဖြစ်လာသည်။ နယ်မြေစိုးမိုးမှု ရယူသည့် တိုက်ပွဲများဖြစ်လာသည်။ မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်ဘက်က အခြေပြုထားသည့် တောင်ပြိုလက်ဝဲ၊ ခမောင်းဆိပ်၊ ကြိမ်ချောင်းနှင့် ကျီကန်းပြင်စသည့် ဗျူဟာကျသည့် စခန်းများကို မသိမ်းပိုက်နိုင်သေးသော်လည်း လက်ရှိတိုက်ပွဲများသည် ထိုစခန်းများကို ထိန်းချုပ်ဖြတ်တောက်ထားနိုင်ကြောင်း တွေ့ရသည်။
တောင်ပြိုလက်ဝဲနှင့် ကြိမ်ချောင်းကြားကို ဖြတ်တောက်ထားနိုင်သကဲ့သို့ ကြိမ်ချောင်းနှင့် ခမောင်းဆိပ်အား ဖြတ်တောက် ခြိမ်းခြောက်ထားနိုင်ပြီဖြစ်၏။ ထို့အတူ ခမောင်းဆိပ်နှင့် ကျီးကန်းပြင်ကြားတွင်လည်း ဖြတ်တောက်ထားနိုင်ပြီဖြစ်သည်။ ထို့ပြင် မောင်တော၊ နတ်မြစ်နှင့် ကြိမ်ချောင်းကြားတွင်လည်း ဝင်ရောက် လှုပ်ရှားနိုင်ပြီဖြစ်သည်။
မြန်မာစစ်တပ်သည် လောလောဆယ် စစ်တွေမှ မောင်တောသို့ စစ်ကူများ ရာနှင့်ချီ၍ပေးပို့နေသည်ဟု မြေပြင်သတင်းများအရ သိရသည်။ သို့သော် ပြည်မမှ သို့မဟုတ် ရခိုင်ပြင်ပမှ တပ်များအား ပို့သည်ကို မတွေ့ရပါ။ လက်ရှိ ရခိုင်အနောက်ပိုင်းတိုင်း စစ်ဌာချုပ်နယ်မြေတွင် တိုင်းတပ်များအပြင် တောင်ကုတ်နှင့် ရခိုင်တောင်ပိုင်းတွင် အမှတ် ၅ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ်ဟုခေါ်သည့် စကခ ၅၊ မြောက်ဦး၊ ကျောက်တော်နယ်မြေတွင် စကခ ၉ အပြင် တပ်မ ၅၅ အား အားဖြည့်ထားသည်။
ရသေ့တောင်ဒေသတွင် တပ်မ ၂၂ ကို တပ်ဖြန့်ချထားပြီး ဘူးသီးတောင်၊ မောင်တောဒေသတွင် စကခ ၁၅ နှင့် နယ်ခြားစောင့်ရဲ ၃,၀၀၀ ခန့် တပ်ဖြန့်ထား၏။ ပလက်ဝဒေသတွင် တပ်မ ၁၁ အား တပ်ဖြန့်ထားသည်။ အမ်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ တောင်ကုတ်၊ စစ်တွေ စသည့် တိုင်း၊ ဒကစနှင့် စကခ ဌာနချုပ်များရှိ အမြောက်စခန်းများ၊ မြောက်ဦးအနီး လင်းမြွေတောင်၊ ပုဏ္ဏားကျွန်းအနီး ကန်စောက် အမြောက်စခန်းများ၊ ဗျူဟာရုံး၊ တပ်ရင်းရုံးများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးရန် ပြင်ဆင်ထားသည်။
ထို့ပြင် လေကြောင်းပစ်ကူပေးနေသည်ကို တွေ့ရသည်။ သို့သော် တပြည်လုံးအနှံ့အပြား လေကြောင်းမှ တိုက်ခိုက်နေရသော မြန်မာစစ်တပ်အဖို့ ၂၀၁၉၊ ၂၀၂၀ ကဲ့သို့ ရခိုင်တခုတည်းတွင် တိုက်ခိုက်ရသကဲ့သို့ လေကြောင်းပစ်ကူကို စိတ်တိုင်းကျအသုံးပြုရန် ခက်ခဲပြီးဖြစ်သည်။ ထို့ပြင် မြန်မာစစ်တပ်အနေနှင့် ရေတပ်အား အသုံးပြုရန် ပြင်ဆင်ထားသော်လည်း မောင်တောမြောက်ပိုင်းတွက် နတ်မြစ်သည် ကျဉ်းမြောင်းသွားပြီဖြစ်ရာ ရေတပ်အသုံး ပြုရန် မလွယ်ကူပေ။ မောင်တောတောင်ပိုင်းတွင်သာ ရေတပ်အား အသုံးပြုနိုင်ပေမည်။ ပလက်ဝဘက်ခြမ်းတွင် ကစ္ဆပနဒီမြစ်အနီးတွင်သာ အသုံးပြုနိုင်မည့် အခြေအနေရှိ၏။
လက်ရှိ AA ၏ စစ်အင်အားနှင့် တပ်ဖြန့်ခွဲမှုအရ ရခိုင်တပြည်နယ်လုံး ပျံနှံ့နေရာ မြန်မာစစ်တပ်အဖို့ ရခိုင်ပြည်စစ်မျက်နှာ တနေရာရာမှ အင်အားအလုံးအရင်း ထုတ်နုတ်ရန် မလွယ်ကူပေ။ အလားတူပင် တပြည်လုံးအနှံ့အပြားတွင် စစ်မျက်နှာဖွင့်နေရသည်ဖြစ်ရာ အခြား ပြည်နယ်တိုင်းများမှ မြန်မာစစ်တပ်အား အလုံးအရင်းနှင့် ထုတ်နုတ်၍ ရခိုင်သို့ပို့ရန် မလွယ်ကူပေ။
ဖြစ်နိုင်ခြေရှိသည်မှာ အခြား ဒေသရှိ တိုင်း၊ တပ်မနှင့် စကခ များမှ တပ်ရင်းတရင်းစီ ထုတ်နုတ်ခြင်း၊ လက်ရုံးတပ်များမှ စစ်သည်များထုတ်နုတ်၍ လက်ရုံးညွန့်ပေါင်းတပ်ခွဲများ ဖွဲ့စည်း၍ ရခိုင်စစ်မြေပြင်ရှိ တပ်များနှင့်တွဲဖက်၍ တပ်အင်အားဖြည့်ခြင်းသာ အများဆုံး ပြုလုပ်နိုင်မည်ဟု မှန်းဆရသည်။
ဤသို့ထုတ်နုတ်အင်အားများဖြင့် စစ်အင်အားဖြည့်တင်းခြင်းသည် အင်အားအရေအတွက်အရ တိုးသော်လည်း မြေပြင်ကွပ်ကဲမှု ခက်ခဲပြီး တိုက်ရည်ခိုက်ရည်လည်း မရှိပေ။ ထို့ပြင် မောင်တောဒေသတွင် အများစု တပ်ဖြန့်ထားသည်မှာ နယ်ခြားစောင့်ရဲများဖြစ်ရာ စစ်တပ်နှင့်နှိုင်းစာလျှင် တိုက်ရည်ခိုက်ရည် နိမ့်ကျသည်။
ထို့ပြင် လက်ရှိ ရခိုင်စစ်မျက်နှာတွင် မြန်မာစစ်တပ်သည် ခံစစ်အနေအထားတွင်သာ ရှိ၏။ AA တပ်ဖွဲ့များအား လိုက်လံထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။ မောင်တော၊ ပလက်ဝတွင် တိုက်ပွဲများ ဖြစ်နေသော်လည်း ထိုဒေသခံစစ်တွင်သာ အားဖြည့်တိုက်ခိုက်နေသည်။ ကျန်ရခိုင်ဒေသများရှိ AA တပ်များကို လိုက်လံတိုက်ခိုက် ထိုးစစ်ဆင်နိုင်ခြင်း မရှိသည်ကို တွေ့ရ၏။
ထို့ပြင် ပလက်ဝနှင့် မောင်တောမြောက်ခြမ်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာများလည်း ရှိသကဲ့သို့ AA တပ်ဖွဲ့အနေနှင့် ဖြတ်တောက်ပိတ်ဆို့မှုများကို ကောင်းစွာပြုလုပ်နိုင်ရာ ထိုဒေသများသို့ စစ်ကူအလွယ်တကူ ဖြည့်တင်းရန် မလွယ်ပေ။ ထို့ပြင် မြန်မာစစ်တပ်အနေနှင့် အဆိုပါနယ်စပ်ဒေသကို ဦးတည်၍ အားကုန်သုံးလာပါက ရခိုင်စစ်ပွဲသည် ရခိုင်ပြည်တခုလုံးသို့ အလျင်အမြန် ပျံ့နှံသွားမည်ကို မြန်မာစစ်တပ် ရင်ဆိုင်ရပေမည်။
ထိုသို့သော အခြေအနေများအောက်တွင် အင်အားလည်းရှိ၊ တိုက်ရည်ခိုက်ရည်လည်းရှိပြီး နိုင်ငံရေးအရပါ ကြိုတင်ပြင်ဆင်မှုရှိသည့် AA အနေနှင့် များမကြာမီကာလအတွင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အခြေခံဒေသတခု ခိုင်ခိုင်မာမာ ပေါ်ပေါက်လာရန် ဖြစ်နိုင်ခြေများနေသည်ဟု သုံးသပ်ရပေသည်။
ထိုသို့သော အခြေအနေများအောက်တွင် အင်အားလည်းရှိ၊ တိုက်ရည်ခိုက်ရည်လည်းရှိပြီး နိုင်ငံရေးအရပါ ကြိုတင်ပြင်ဆင်မှုရှိသည့် AA အနေနှင့် များမကြာမီကာလအတွင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အခြေခံဒေသတခု ခိုင်ခိုင်မာမာ ပေါ်ပေါက်လာရန် ဖြစ်နိုင်ခြေများနေသည်ဟု သုံးသပ်ရပေသည်။
ထိုသို့သော အခြေခံစခန်းတခု ပေါ်လာပါက ဘင်္ဂလားဒေရှ်၊ အိန္ဒိယတို့နှင့် AA ၏ ဆက်ဆံရေး စတင်ပြီဟု ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် နှစ်နိုင်ငံ နယ်စပ်ပြည်သူများ၏ စီးပွားရေးအရ၊ လူမှုရေးအရ အပြန်အလှန် ကူးလူးဆက်ဆံမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများစသည့် နိစ္စဓူဝပြဿနာများကို ဖြေရှင်းရန် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အဆင့်ဆင့် အစိုးရများသည် တရားဝင်မဟုတ်တောင်မှ မလွှဲမရှောင်သာ AA အား အသိအမှတ်ပြု ဆက်ဆံရတော့မည်ဖြစ်သည်။
တရုတ်၊ ထိုင်းတို့က ၎င်းတို့နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား အသိမှတ်ပြုဆက်ဆံသကဲ့သို့ ဆက်ဆံရတော့မည်ဖြစ်၏။ ထို့သို့သော ဤသို့သော ဆက်ဆံရေးအခြေအနေ ပေါ်ပေါက်လာပါက AA အား မြန်မာစစ်တပ်က ရိက္ခာ၊ ဆေးဝါး၊ လောင်စာ ဖြတ်တောက်ခြင်းသည်လည်း ထိရောက်တော့မည် မဟုတ်ပေ။
AA အနေနှင့် နယ်စပ်အခြေခံဒေသတခုကို တည်ဆောက်နိုင်ပြီဆိုပါက AA ၏ ၂၀၂၅ ခုနှစ် ရက္ခိတရည်မှန်းချက်သည် ရုပ်လုံးပေါ်လာပြီဟု ဆိုရမည်။ ပြင်းထန်သော ဖိနှိပ်မှု၊ ပိတ်ဆို့မှုများသည် ကြီးမားသည့် ရုန်းကန်တုံ့ပြန်မှုနှင့် ရင်ဆိုင်ရလေ့ရှိသည်မှာ သဘာဝကျသည့်ဖြစ်ရပ်ဟု ဆိုရပေမည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ
မြောက်ဦးကို စစ်ကောင်စီတပ် ဓါးစာ ခံလုပ်နေဟု AA စစ်ဦးစီးချုပ်ပြော
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီစခန်း AA သိမ်းပိုက်
ဘင်္ဂလားဒေ့ရှ်နယ်စပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာသံအမတ်ကို ဆင့်ခေါ်
စစ်ကောင်စီကို ဖြုတ်ချရန် လူမျိုးစုံ စည်းလုံးရမည်