မြန်မာစစ်ကောင်စီနှင့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် အရောင်အသွေးစုံသော ခုခံရေးအင်အားစုများနှင့် တိုင်းပြည်ကို ပိုမိုအကြမ်းဖက်နေသော စစ်ကောင်စီအကြား ခါးသီးသော ပဋိပက္ခအရကြည့်ပါက အပြောနှင့်အလုပ် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ၂၀၁၅ ခုနှစ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အများအားဖြင့် စစ်တိုက်ရန် စွမ်းရည်မရှိသော လက်နက်ကိုင်အုပ်စုငယ်များအတွက် စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးရန် ရွေးချယ်ခြင်းသည် ဗြောင်ကျကျ ခုခံတိုက်ခိုက်ရသည့် အန္တရာယ်ထက် ပိုမိုကောင်းမွန်သည့်နည်းလမ်း ဖြစ်နေသည်။
စစ်ကောင်စီ၏ ဆွေးနွေးပွဲများမှ ဓာတ်ပုံများတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ သက်တမ်းရှည် ဥက္ကဋ္ဌ ယွက်ဆစ်က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့်ပုံ ပါလာသောအခါ မဖြစ်နိုင်လောက်သည့် ထူးဆန်းမှု အထွတ်အထိပ်ရောက်လာသည်။ လက်ဆွဲနှုတ်ဆက်ခြင်း၊ အားပါးတရ ပြုံးခြင်း၊ ချစ်ကြည်ရင်းနှီးဟန်ဆောင်ခြင်း စသည်တို့ အရာရာသည် တဦးကိုတဦး သတ်ဖြတ်ရန် လွန်စွာစိတ်အားထက်သန်နေသည့် အာဏာရှင်နှစ်ဦးအကြား နက်ရှိုင်းသော အပြန်အလှန် မုန်းတီးမှုများမှ လမ်းကြောင်းလွှဲပေးနေသည်။ သို့သော် ၎င်းတို့သည် ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အပြန်အလှန်အကျိုးရှိသည့် ဆက်စပ်မှုကို တွက်ချက်ရင်း သဘောတူညီချက်များ ရရှိစေလိုသည့် ပုံစံမျိုးပေါ်အောင် လုပ်ရန် အနည်းဆုံးလိုအပ်သည်။
၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးသည် ရှည်လျားခါးသီးသော ဆက်ဆံရေးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစတင်ပြီး ထိုဆက်ဆံရေးသည် ထူးခြားသော နယ်ပယ်သစ်သို့ ရောက်လာသည်။ အထူးသဖြင့် RCSS သည် NCA လက်မှတ်ထိုးထားထားပြီး ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးသည့် အကြီးမားဆုံး အဖွဲ့အစည်းဖြစ်ပြီး ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မကြာသေးမီကဆိုလျှင် မြောက်ပိုင်းအထိမှ စစ်ဆင်ရေးနှင့် စစ်ပွဲအဆင့်အဆင့် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များ ရှိနေသည်။
ယွက်ဆစ်သည် အထူးသဖြင့် ၁၉၉၄ ခုနှစ်က တိုက်ပွဲများအတွင်း မောင်တိုင်းတပ်မတော် (MTA) မှ တပ်မှူးများအနက် တဦးအဖြစ် ထင်ရှားလာသည်။ ထိုစဉ်က MTA ကို မြန်မာ စစ်တပ်နှင့် မကြာသေးမီကမှ ဖွဲ့စည်းထားသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့က ထိုင်း-မြန်မာနယ်စပ်မှ နယ်မြေများ ထိန်းချုပ်မှု ရရှိရေး တိုက်ခိုက်နေသည်။
ယွက်ဆစ်သည် အထူးသဖြင့် ၁၉၉၄ ခုနှစ်က တိုက်ပွဲများအတွင်း မောင်တိုင်းတပ်မတော် (MTA) မှ တပ်မှူးများအနက် တဦးအဖြစ် ထင်ရှားလာသည်။ ထိုစဉ်က MTA ကို မြန်မာ စစ်တပ်နှင့် မကြာသေးမီကမှ ဖွဲ့စည်းထားသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့က ထိုင်း-မြန်မာနယ်စပ်မှ နယ်မြေများ ထိန်းချုပ်မှု ရရှိရေး တိုက်ခိုက်နေသည်။ ထိုစဉ်က ရှမ်းနိုင်ငံရေး အခွင့်အရေးများကို ကာကွယ်ပြီး စတိုင်ကျကျနေတတ်သော ဘိန်းလုပ်ငန်းရှင် MTA ခေါင်းဆောင် ဗိုလ်ချုပ် ခွန်ဆာ (၁၉၉၃ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့ဖူး) သည် ဘိန်းဖြူလုပ်ငန်းမှ အကျိုးအမြတ်များ ကျဆင်းခြင်း၊ UWSA ၏ စစ်အင်အားကြီးထွားလာခြင်းနှင့် ပိုမိုအကျိုးအမြတ်များသည့် မူးယစ်ဆေးသည် မက်သာဖက်တမင်းဘက်သို့ ဈေးကွက်ပြောင်းလဲသွားခြင်း စသည်တို့ကို ရင်ဆိုင်နေရသည်။
၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် ခွန်ဆာ၏ သွေးထွက်သံယိုမရှိသော လက်နက်ချခြင်းသည် မြန်မာနိုင်ငံမှ ပဋိပက္ခလောကကို လှုပ်ခါသွားစေသည်။ ထောင်နှင့်ချီသော သူ၏တပ်များသည် လက်နက်အကောင်းစားများကို လွှဲအပ်ကြရသည်။ ထို့နောက် မြန်မာစစ်တပ်သည် ရှမ်းပြည်အလယ်ပိုင်းတွင် နှစ်နှစ်ကြာသည့် ဖျက်ဆီးရမ်းကားမှုများကို ပြုလုပ်ပြီး ရှမ်း အရပ်သား ၃ သိန်းကျော်ကို အတင်းအကျပ် နေရာရွှေ့ပြောင်းကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အများအပြားကျူးလွန်သည်။
အခြားတပ်မှူး အများအပြားနှင့်အတူ ယွက်ဆစ်က လက်နက်ချရန် ငြင်းဆန်သည်။ လူအင်အားအနည်းငယ်သာ ရှိသောကြောင့် အခြားရှမ်းလက်နက်ကိုင်အုပ်စုများ ခေါင်းဆောင်များနှင့် ညှိနှိုင်းကာ MTA ၏ ယခင်အမည်ဖြစ်သည့် ညီညွတ်သော ရှမ်းတော်လှန်ရေး တပ်မတော် (SURA) ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသည်။ SURA ကို တဖြည်းဖြည်း ပြန်လည်စုစည်း အင်အားဖြည့်ပြီးနောက် ထိုအဖွဲ့သည် ၁၉၆၄ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) အစစ်နှင့် ကွဲပြားစေရန် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S) ဖြစ်လာသည်။ ထို့ကြောင့် မူလ SSA သည် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-North) သို့မဟုတ် ရှမ်းပြည်တိုးတက်ရေးပါတီ ဖြစ်လာသည်။ ၁၉၉၆ ခုနှစ်မတိုင်မီက လက်နက်ချထားသည့် သီပေါမြို့နယ်မှ MTA ခွဲထွက်အုပ်စုသည် ရှမ်းပြည်အမျိုးသား တပ်မတော်ဖြစ်လာပြီး ၎င်းကို ရှမ်းပြည်တပ်မတော်-အလယ်ပိုင်း (SSA-Central) အဖြစ် ရည်ညွှန်းသုံးစွဲကြသည်။ RCSS ကို ၂၀၀၀ ပြည့်နှစ် မေလတွင် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း၏ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ထူထောင်သည်။
ယခင်အာဏာသိမ်း စစ်အုပ်စု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) က SSA-S ကို ယိုးဒယားမှ တိတ်တဆိတ် ထောက်ခံမှုဖြင့် ထူထောင်ထားသည့် SURA ဟုသာ နာမည်ဖျက်ပြီး စစ်ရေးအထောက်အပံ့ အများအပြားရနေသည်ဟု စွပ်စွဲသည်။ ယိုးဒယားဆိုသည်မှာ ထိုင်းနိုင်ငံကို နှိမ်ချခေါ်သော အမည်ဖြစ်သည်။ ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်များတွင် ထိုင်းနယ်စပ်နေရာ အအများအပြား၌ ဖြစ်ပွားသည့် စစ်ပွဲများအတွင်း SSA-S ကို မြန်မာစစ်တပ်နှင့် UWSA တပ်များက ဝင်ရောက်တိုက်ခိုက်ကြသည်။ SSA-S သည် အဓိက စစ်အခြေစိုက်ဒေသ ၅ ခု ထူထောင်ထားပြီး ထိုနေရာများနှင့် ပတ်ဝန်းကျင်မှ စစ်ဘေးရှောင် ၅,၀၀၀ ကို ကာကွယ်ရန် အပြင်းအထန် တိုက်ခိုက်သည်။ နောင်နှစ် ၂၀ ကြာသောအခါ စခန်း ၆ ခုတွင် စစ်ဘေးရှောင် ၇,၀၀၀ အထိ တိုးလာသည်။ ထိုကာလအတွင်း ယွက်ဆစ်သည် မြန်မာစစ်တပ်ကို ဒုက္ခအပေးနိုင်ဆုံးသူ ဖြစ်လာသည်။
SPDC ခေတ်ဖြစ်သော ၂၀၀၂ ခုနှစ် ပတ်ဝန်းကျင်က ဝါဒဖြန့်စာအုပ်များတွင် ထိုစဉ်က ဗိုလ်မှူးကြီး ယွက်ဆစ်ကို လှောင်ပြောင်သည်။ ယိုးဒယားက ယွက်ဆစ်ကို ဘိန်းဘုရင်သစ်အဖြစ် မွေးစားထားသည်ဟု စွပ်စွဲသလို ယွက်ဆစ်သည် ဘိန်းဖြူနှင့် စိတ်ကြွဆေးများ အကြီးအကျယ် ထုတ်လုပ်နေသည်ဟုလည်း စွပ်စွဲသည်။
SPDC ခေတ်ဖြစ်သော ၂၀၀၂ ခုနှစ် ပတ်ဝန်းကျင်က ဝါဒဖြန့်စာအုပ်များတွင် ထိုစဉ်က ဗိုလ်မှူးကြီး ယွက်ဆစ်ကို လှောင်ပြောင်သည်။ ယိုးဒယားက ယွက်ဆစ်ကို ဘိန်းဘုရင်သစ်အဖြစ် မွေးစားထားသည်ဟု စွပ်စွဲသလို ယွက်ဆစ်သည် ဘိန်းဖြူနှင့် စိတ်ကြွဆေးများ အကြီးအကျယ် ထုတ်လုပ်နေသည်ဟုလည်း စွပ်စွဲသည်။ SSA-South သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်များ ဆက်လက်ရှိနေပြီး SPDC မီဒီယာက ယွက်ဆစ်နှင့် စိုင်းထွန်းဟုခေါ်သည့် ရှမ်းကိုယ်ရံတော်တပ်ဖွဲ့ဝင် တဦး၏ ဓာတ်ပုံကို မြင်သာအောင် ဖော်ပြသည်။ စိုင်းထွန်းမှာ မယ်ဟောင်ဆောင်တွင် ဘိန်းဖြူ ၈၂ ကီလိုနှင့်အတူ အဖမ်းခံရသူ ဖြစ်သည်။ မြန်မာစစ်တပ်သည် UWSA ၏ အကူအညီဖြင့် SSA-South ၏ လွယ်တိုင်းလျံ ဌာနချုပ်ကို ၂၀၀၅ ခုနှစ် ဧပြီနှင့် မေလများတွင် အကြိမ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားသော်လည်း တိုက်ပွဲအကြီးအကျယ်ဖြစ်ပြီး ပြန်လည်မောင်းထုတ်ခံရသည်။
ထိုသို့ ပေါ်ပေါက်လာသည့် နှစ်ပေါင်းများစွာအတွင်း ယွက်ဆစ်နှင့် RCSS ကို ကာလကြာမြင့်စွာ ဖြစ်ပေါ်နေသည့် ပုန်ကန်မှုအသစ်တွင် အပြင်းထန်ဆုံးနှင့် ရှမ်းအမျိုးသားရေးဝါဒကို တရားဝင်စေမည့် ဆက်ခံသူအဖြစ် မြင်ကြသော်လည်း ၎င်းတို့သည် MTA နှင့် ရှမ်းပြည်နယ်မှ အခြားလက်နက်ကိုင်အဖွဲ့များ၏ အတိတ်ကပုံစံအတိုင်း ဆက်လက်ဖြစ်နေပြန်သည်။ အဓိက တိုက်ပွဲများကို ရှောင်သည်။ ပိုင်နက်၊ ဈေးကွက်နှင့် ဝင်ငွေ ထိန်းသိမ်းထားနိုင်ရန် အင်အားကို ချိန်ညှိသည်။ နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲဖွဲ့စည်းရန် SPDC က ၂၀၀၉ ခုနှစ်တွင် ကမ်းလှမ်းသည်ကို ပယ်ချသည်။
၂၀၁၀ ပြည့်နှစ်လွန် အသွင်ကူးပြောင်းရေးကာလ အစတွင် ယွက်ဆစ်သည် မည်သည့်တပ်ဖွဲ့ကိုမျှ လက်နက်ချ စရာမလို၊ ပိုင်နက်မဆုံးရှုံးဘဲ ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် အခွင့်အရေး ရသွားသည်။ ပြည်နယ်နှင့် ပြည်ထောင်စု အပစ်အခတ်ရပ်စဲရေးများကို ၂၀၁၁ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၂ ခုနှစ်အစောပိုင်းတို့တွင် လက်မှတ်ရေးထိုးသည်။
ဆွေးနွေးပွဲများ ဆက်လက်ကျင်းပပြီး နောင် ၃ နှစ်အတွင်း NCA နှင့် ငြိမ်ချမ်းရေး လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းနေချိန်တွင် RCSS သည် အသာမျှောလိုက်နေသည်ဟု မြင်ကြသည်။ ယွက်ဆစ်ကို ငြိမ်းချမ်းရေးလိုသားသည့် ထင်ရှားသော တိုင်းရင်းသားခေါင်းဆောင်အဖြစ် မမြင်ကြပေ။ RCSS ၏ စစ်ဆင်ရေးဒေသများတွင် တိုက်ပွဲများ ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပေါ်သည်။ ဒေသအလိုက် မတည်ငြိမ်မှုနှင့် အဆင့်မြင့် ထိတွေ့ ဆက်ဆံခြင်းသည် RCSS နှင့် မြန်မာစစ်တပ်ကြား ဖြစ်ပေါ်နေသည့် ပကတိ အခြေအနေဖြစ်သည်။ အပြုသဘောမဆောင်သည့် ငြိမ်းချမ်းရေးဆိုသည့် အဓိပ္ပာယ်သာဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ NCA လက်မှတ်ရေးထိုးပြီး မကြာမီတွင် RCSS သည် မြန်မာစစ်တပ်၏ အကူအညီပေးရန် စိတ်အားထက်သန်မှု သို့မဟုတ် အကူအညီနှင့် ခွင့်ပြုချက်များဖြင့် မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့် တက်သည်။ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၏ အဆိုအရ အင်အား ၅၀၀ ကျော်ပါသော RCSS/SSA သည် မြန်မာစစ်တပ်၏ အကူအညီများကို ရယူပြီး မိုးကုတ်၊ ကျောက်မဲ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံနှင့် မိုးမိတ်မြို့နယ်များတွင် အောင်မြင်စွာ နယ်မြေတိုးချဲ့သည်ဟု သိရသည်။
မြောက်ပိုင်းသို့တိုးချဲ့ခြင်း၏ အဓိက လက္ခဏာမှာ RCSS ၏ နိုင်ငံရေးနှင့် လူမှုရည်မှန်းချက်များကို ရှမ်းဇာတ်သွင်းခြင်းဖြစ်ပြီး တအာင်း နိုင်ငံရေးသမားများ၊ ကျောင်းဆရာများ၊ ဘုန်းကြီးများနှင့် လူမှုအသိုက်အဝန်း ခေါင်းဆောင်များကို ပစ်မှတ်ထားသည်။
မြောက်ပိုင်းသို့တိုးချဲ့ခြင်း၏ အဓိက လက္ခဏာမှာ RCSS ၏ နိုင်ငံရေးနှင့် လူမှုရည်မှန်းချက်များကို ရှမ်းဇာတ်သွင်းခြင်းဖြစ်ပြီး တအာင်း နိုင်ငံရေးသမားများ၊ ကျောင်းဆရာများ၊ ဘုန်းကြီးများနှင့် လူမှုအသိုက်အဝန်း ခေါင်းဆောင်များကို ပစ်မှတ်ထားသည်။ တအာင်း ဘာသာစကားထက် ရှမ်းဘာသာစကားကို သင်ကြားရမည်ဟု အတင်းအကျပ်လုပ်သည်။ လူမှုအသိုက်အဝန်း အများအပြားတွင် အသိုက်အဝန်းချင်း ပဋိပက္ခများ ဆူပွက်လာသည်။
၂၀၁၅ ခုနှစ်နောက်ပိုင်း သမိုင်းကို သုတေသီအများအပြားက ဖော်ပြထားပြီးဖြစ်သည်။ ယခုနှစ်မေလက Transnational Institute အတွက် ခွန်ဆေးလုံ၏ အကောင်းဆုံးမှတ်ချက်နှင့် Institute for Development and Security Policy in 2018 ၏ ရှည်လျားလှသော အစီရင်ခံစာတွင် ထိုသမိုင်းကို အထူးဖော်ပြထားသည်။ သို့သော် အတိုချုပ်အားဖြင့်ဆိုရပါက NCA နောက်ပိုင်း ပဋိပက္ခပုံစံမှာ RCSS နှင့် မြန်မာစစ်တပ်အကြား၊ RCSS နှင့် ရှမ်းပြည်နယ်မှ အခြားတိုင်းရင်းသား လက်နက်ကိုင်များအကြား မြေပြင်တွင် တိုက်ပွဲများ ပုံမှန်ဖြစ်နေပြီး အဆင့်မြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အခြေအနေ ကောင်းလာလိုက်၊ ဆိုးလာလိုက်ဖြစ်ကာ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် တိုးတက်မှု မရှိခြင်းပင်ဖြစ်သည်။
အဖွဲ့ပေါင်းစုံက အခွန်ကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ အငြင်းပွားဖွယ်ရာ သတ်ဖြတ်ခြင်း၊ အတင်းအကျပ် လုပ်အားခိုင်းစေခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် မြန်မာစစ်တပ်က စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ခြင်း စသည်တို့အားလုံးကို ခံစားရသူများမှာ ရှမ်းပြည်နယ်မှ လူမှုအသိုက်အဝန်း အမျိုးမျိုးသာဖြစ်သည်။
မြို့နယ်အများအပြားမှ အရပ်သားများသည် အကြိမ်ကြိမ် ဖြစ်နေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည်။ ပဋိပက္ခများ ပိုမိုများပြားလာခြင်းအတွက် RCSS က မြောက်ပိုင်းကို မရိုးမသား အပြစ်တင်သည်။ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးပါဝင်သည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ၏ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ရန်ကုန်တွင်နှင့် ၂၀၁၇ ခုနှစ် ဇူလိုင်လက ချင်းမိုင်တွင် ကျင်းပသည့် အစည်းအဝေးနှစ်ခုလုံးကို မြန်မာစစ်တပ်က အနှောက်အယှက်ပေးသည်။
NCA စာချုပ် ၃ နှစ်ပြည့်သောအခါ မင်းအောင်လှိုင်သည် ယွက်ဆစ်နှင့် သူ၏တိုင်းရင်းသားလက်နက်ကိုင် အစဉ်အဆက်အပေါ် မည်သို့မြင်သည်ကို ပိုမိုလွတ်လပ်စွာ ပြောဆိုလာသည်။ “NCA ကို အကာအကွယ်ယူပြီး နိုင်ငံရေးအာဏာ၊ လက်နက်၊ တပ်အင်အားနဲ့ ပိုင်နက်ချဲ့ထွင်ရင် တည်ငြိမ်ပြီးသား ဒေသတွေနဲ့ တိုင်းရင်းသား ဒေသတွေမှာ ဆိုးကျိုးတွေဖြစ်လာမယ်။ ဒါကြောင့် ဒီကိစ္စမျိုးတွေကို ရှောင်ရှားဖို့လိုတယ်။ RCSS (SSA) နဲ့ပတ်သက်ပြီး ပြောရရင် ခွန်ဆာခေါင်းဆောင်တဲ့ MTA ဟာ နိုင်ငံရေးနဲ့ လုံခြုံရေးကို အကြောင်းပြဖွဲ့စည်းပြီး အစိုးရဆီမှာ လက်နက်ချတယ်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီး ဇန်နဝါရီလ ကုန်ရောက်တော့ အဲဒီအဖွဲ့ကွဲသွားပြီး မြေအောက်ရောက်သွားတယ်။ NCA လက်မှတ် ရေးထိုးပြီးတဲ့အခါ ရှမ်းပြည်မြောက်ပိုင်းမှာ သူတို့ရဲ့ နိုင်ငံရေးအခြေခံ၊ လက်နက်၊ အင်အားနဲ့ ပိုင်နက်တွေကို အကြီအကျယ် တိုးချဲ့ပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခတွေဖြစ်တယ်။ NCA ကို အလွဲသုံးစား မလုပ်သင့်ဘူး။ အလွဲသုံးစားလုပ်လာရင်တော့ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ စစ်တပ်က ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမှာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထိုမိန့်ခွန်းတွင် မြန်မာစစ်တပ်သည် ငြိမ်းချမ်ရေးကိစ္စကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးလုပ်ဆောင်လိုသည်ဟုလည်း သူကပြောသည်။
ထာဝရ ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး တဘက်သတ် အပစ်အခတ်ရပ်စဲသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၈ ခုနှစ်တွင် ကြေညာခြင်းသည် NCA ကို လိုက်နာခြင်းဖြစ်သလို တချိန်တည်းတွင် အင်အားချည့်နဲ့သွားအောင် ပြုလုပ်သည့် ရှင်းလင်းသော လက္ခဏာဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောလိုသော အဓိကအချက်မှာ RCSS သည် အတိတ်က ဘိန်းမှောင်ခိုမှ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး စစ်ဆင်ရေးနယ်မြေကို မြောက်ဘက်သို့ တိုးချဲ့ကြောင်း၊ ထိုရည်မှန်းချက်ကို စစ်တပ်က မညီမျှသော သဘောတူညီချက်များ ပြုလုပ်ပြီး အုပ်စုများကို တခုနှင့်တခု ရန်တိုက်ပေးခြင်းဖြင့် ကန့်သတ်မည်ဖြစ်ကြောင်း ပြောခြင်းဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် ၁၉၆၀ ပြည့်နှစ်များက စတင်သည့် ရှမ်းပဋိပက္ခနှင့် မူးယစ်ဆေးဆိုင်ရာ မူဝါဒများပင် ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းစဉ်တခုလုံးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စိတ်ဝင်စားမှု ကင်းမဲ့ခြင်းနှင့် စစ်တပ်က အနှောက်အယှက်ပေးခြင်းတို့ကြောင့် ရပ်ဆိုင်းသွားပြီး ကရင်အမျိုးသား အစည်းအရုံးနှင့် RCSS တို့က ပါဝင်ပတ်သက်မှု ဆိုင်းငံ့ထားခဲ့သည်။ ထာဝရ ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး တဘက်သတ် အပစ်အခတ်ရပ်စဲသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၈ ခုနှစ်တွင် ကြေညာခြင်းသည် NCA ကို လိုက်နာခြင်းဖြစ်သလို တချိန်တည်းတွင် အင်အားချည့်နဲ့သွားအောင် ပြုလုပ်သည့် ရှင်းလင်းသော လက္ခဏာဖြစ်သည်။
ထိုအချိန်မှ စတင်ပြီး မင်းအောင်လှိုင်နှင့် ယွက်ဆစ်အကြား ဆက်ဆံရေး ယိုယွင်းလာသည်။ တခါတရံ ထိတွေ့တိုက်ပွဲဖြစ်မှုများ၊ ပုံမှန်တိုက်ပွဲဖြစ်မှုများနှင့် တင်းမာမှုများ၊ စကားလုံးဖြင့် တိုက်ခိုက်မှုများ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ပြိုကွဲခြင်းတို့သည် ထိုဆက်ဆံရေးကို ပိုမိုဆိုးရွားစေသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက မိုင်းပျဉ်မြို့အနီး RCSS စခန်းတခုတွင် မြန်မာစစ်တပ်အရာရှိများကို တားဆီးပြီး ၎င်းတို့ထံမှ ဆက်သွယ်ရေးစက်များကို သိမ်းယူလိုက်သောအခါ စစ်တပ်အာဘော် မြဝတီသတင်းစာက ကျယ်ကျယ်လောင်လောင် ကန့်ကွက်ပြီး နောက်တနေ့တွင် ထိုကိရိယာများကို ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။ ဘန်ကောက်ရှိ မြန်မာသံရုံးမှ စစ်သံမှူးက ဇွန်လတွင် ချင်းမိုင်မြို့၌ ကျင်းပမည့် EAOs အစည်းအဝေးတခုကို ဟန့်တားပေးရန် ထိုင်းအာဏာပိုင်များကို ပြောခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလက NCA ၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအတွက် လွယ်တိုင်းလျံဌာနချုပ်မှ နေပြည်တော်သို့ ကားဖြင့်လာရန် ကြိုးစားသောကြောင့် ယွက်ဆစ်နှင့်အဖွဲ့ကို မြန်မာစစ်တပ်၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဟန့်တားခဲ့သည်။
၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် RCSS နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ မိုင်းကိုင်တွင်ဖြစ်ပွားပြီး နှစ်အတန်ကြာအတွင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။ ကိုဗစ်နိုင်တင်းဖြစ်ပွားစဉ်အတွင်း ကပ်ရောဂါကြောင့် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးဖြစ်လာမည်ဆိုသည့် အကောင်းမြင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် နှစ်ဘက်တင်းမာမှုများကို ဖုံးကွယ်ထားသည့် လူမြင်ကွင်းတွင် အကူအညီပေးမှုများ ရှိနေသော်လည်း မြန်မာစစ်တပ်သည် RCSS ၏ ကိုဗစ်စစ်ဆေးရေး စခန်းများကို ဖျက်ဆီးလိုက်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းမှုကို RCSS က ကနဦးတွင် ရှုတ်ချသော်လည်း မကြာမီ နှစ်ဘက်ခွသည့် သဘောထားများ ချမှတ်လာသည်။ RCSS က မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ များဖြင့် ကြေညာချက် အများအပြား ဆက်လက်ထုတ်ပြန်သော်လည်း ထိုကြေညာချက်များကို အမျိုးမျိုးဖွင့်ဆိုနိုင်ပြီး စစ်ကောင်စီ၏ကြေညာချက်များထက် ပိုမိုရိုးသားခြင်း မရှိသလောက်ပင် ဖြစ်သည်။ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို လေ့ကျင့်မပေးရန်၊ NCA ကို လိုက်နာရန်နှင့် လေယာဉ်ဆီများ သယ်ယူပို့ဆောင်ရာတွင် ကူညီရန်တို့ကို RCSS နှင့် စစ်ကောင်စီတို့သည် လွန်ခဲ့သောနှစ် အောက်တိုဘာလက လျှို့ဝှက် သဘောတူထားသည်ဟု Myanmar Now က ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ထိုသတင်းကို RCSS က အပြင်းအထန် ငြင်းဆန်ပြီး ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။
ယွက်ဆစ်သည် မင်းအောင်လှိုင်နှင့် မေလ၊ သြဂုတ်လတို့တွင် အဆင့်မြင့်ဆွေးနွေးပွဲများ ကျင်းပသည်။ ဇူလိုင်လကုန်တွင် RCSS က ၆ လတကြိမ် အစည်းအဝေး ကျင်းပသောအခါ ၎င်းတို့၏ ရည်မှန်းချက်သည် ပိုမိုထင်ရှားလာသည်။ ထိုစဉ်က ထုတ်ပြန်သည့် ကြေညာချက်တွင် “လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး RCSS သည် စေ့စပ်ညှိနှိုင်းမှုများကို လက်ခံပြီး ငြိမ်းချမ်းရေးရရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရန် နည်းလမ်းရှာဖွေမည်။ ထိုသို့အားထုတ်ရာတွင် RCSS သည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရန် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်” ဟု ဖော်ပြထားသည်။
သြဂုတ်လကုန်မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကျင်းပသည့် ထိုခေါင်းဆောင် ၂ ဦးအကြား ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို စစ်ကောင်စီထိန်းချုပ် မီဒီယာများတွင် အထင်အရှား ဖော်ပြသော်လည်း မည်သည့်အချက်မျှ သဘောတူညီချက်မရ
သြဂုတ်လကုန်မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကျင်းပသည့် ထိုခေါင်းဆောင် ၂ ဦးအကြား ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို စစ်ကောင်စီထိန်းချုပ် မီဒီယာများတွင် အထင်အရှား ဖော်ပြသော်လည်း မည်သည့်အချက်မျှ သဘောတူညီချက်မရဘဲ RCSS ခေါင်းဆောင်များက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး အခြေခံမူများကို ဆွေးနွေးရန် အချိန် ထပ်မံလိုအပ်သောကြောင့် ထိုကိစ္စများကို အနာဂတ် ဆွေးနွေးပွဲများတွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောသည်။
ထို့ကြောင့် ရှမ်းပြည်မြောက်ပိုင်းမှ RCSS ဆုတ်ခွာခြင်းနှင့် စစ်ကောင်စီနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းသည် ရှမ်းပြည်နယ်အတွက် မည်သည့် အဓိပ္ပာယ်ဆောင်သနည်း။ ကံမကောင်း အကြောင်းမလှသည်မှာ ထိုသို့ လုပ်ခြင်းသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၏ အဓိပ္ပာယ် မသက်ရောက်ပေ။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယွက်ဆစ်အကြား ရှည်ကြာပြီး အဆင်မပြေသည့် ဆက်ဆံရေးများကို ကြည့်ပါက မည်သည့်ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုမျှ မဖြစ်နိုင်ပေ။
RCSS သည် စိတ်မသက်သာစရာကောင်းသည့် အနေအထားတွင် ပိတ်မိနေသည်။ မြောက်ပိုင်းတွင် ၇ နှစ်ကြာ သေနင်္ဂဗျူဟာ နယ်ကျွံမှုကို အလျှော့ပေးလိုက်ရပြီးနောက် RCSS/SSA-South တပ်များသည် အဓိကကျသည့် မြို့နယ်များဖြစ်သည့် သီပေါနှင့် ကျောက်မဲတို့မှ အောက်ဘက် ရှမ်းပြည်တောင်ပိုင်းသို့ ၂၀၂၁ ခုနှစ်က စတင်ပြန်လည်ဆုတ်ခွာရသည်။ သမိုင်းအရဆိုရပါ ၎င်းတို့၏ နောင်တော်ဖြစ်သော်လည်း ယခုအခါ ရန်သူဖြစ်နေသည့် SSA-North က ထိုနေရာများကို လတ်တလော စိုးမိုးထားသည်။ RCSS သည် ရည်မှန်းချက်ကြီးမားသော်လည်း အနှောင့်အယှက်ပေးသည်၊ ရပ်ဝန်းနှင့် လမ်းမ အစီအစဉ်အတွက် အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြုသည့် အခွင့်အရေးသမားဖြစ်သည်ဆိုသည့် တရုတ်နိုင်ငံ၏ အယူအဆအပေါ် ယွက်ဆစ် အဆုံးအဖြတ်မှားခဲ့သည်။
ယွက်ဆစ်၏ အနာဂတ် နိုင်ငံရေး ဆက်လက်ရှင်သန်ရန် အဓိကအချက် ၄ ချက်ရှိသည်။ ပထမအချက်မှာ UWSA နှင့် ၎င်း၏ သံလွင်မြစ် အရှေ့ဘက်ခြမ်းနှင့် ရှမ်းပြည်အရှေ့ပိုင်းတခွင်မှ နယ်မြေများ အကြီးအကျယ် ကျစ်လစ်ခိုင်မာလာခြင်း ဖြစ်သည်။ ‘ဝ’ စစ်တပ်မှ အမှတ် ၁၇၁ တပ်မသည် တောင်ဘက်သို့ ရွှေ့လာပြီး လွယ်တိုင်းလျံနှင့် နယ်စပ်တလျှောက်မှ RCSS စခန်းများကို ခြိမ်းခြောက်လာသည်။ ဧပြီလအတွင်း တိုက်ပွဲခဏတာ ဖြစ်ခဲ့ခြင်းသည် နယ်စပ်ဒေသများတွင် RCSS ၏ အားနည်းချက်နှင့် UWSA အခိုင်အမာ ဖြစ်လာခြင်းကို ပြသနေသည်။ ကျိုင်းတုံရှိ မြန်မာစစ်တပ်၏ ရွှေတြိဂံဒေသတိုင်းသည် ဝိုင်းပတ်ခံရသည့် စခန်းတခုထက် မပိုသောနေရာ ဖြစ်လာနိုင်သည်။ UWSA နှင့် ၎င်းကို သစ္စာခံပြီး စစ်ကောင်စီ၏ အမိန့်ကို တရားဝင် နာခံသော ပြည်သူ့စစ်များသည် RCSS စခန်းများကို ဖိအားပေးလာကြသည်။ UWSA သည် ယွက်ဆစ်ကို လွန်ခဲ့သော ၂၆ နှစ်က ခွန်ဆာကြုံတွေ့ရသည့် အနေအထားသို့ ရောက်သွားစေနိုင်ပါသလား။
ဒုတိယအချက်မှာ ထိုင်းနိုင်ငံဖြစ်သည်။ ယွက်ဆစ်သည် RCSS အသက်ဆက်ရန် ထိုင်းနိုင်ငံ၏ သည်းခံမှုကို အားကိုးနေရသည်။ ထိုင်းနိုင်ငံသည် နယ်စပ်ပြည်နယ်များ ခံစားနေရသည့် တိုက်ခိုက်မှုများ၊ ဒုက္ခသည်များ၊ နယ်စပ်ဖြတ်ကျော် အကူအညီများနှင့် မြန်မာစစ်တပ်လေကြောင်း တိုက်ခိုက်မှုများ စသည့် နယ်စပ်ဒေသ မတည်ငြိမ်မှုများကို ချင်းမိုင်နှင့် ချင်းရိုင်တို့တွင် မလိုလားပေ။ သို့သော် ထိုင်းနိုင်ငံသည် UWSA နယ်မြေ တိုးချဲ့ခြင်းကို လွန်စွာ စိုးရိမ်ပူပန်သည်။ ထိုသို့ နယ်မြေချဲ့ထွင်ခြင်းသည် အနည်းဆုံး တစိတ်တပိုင်းအရ တရုတ် ထိုးဖောက်မှုဖြစ်ပြီး ဆိုးကျိုးများတွင် မူးယစ်ဆေးစီးဆင်းမှု၊ ‘ဝ’ နှင့်ပတ်သက်သည့် ရွှေသတ္တုမိုင်းများကြောင့် သဘာဝပတ်ဝန်းကျင် အဆင့်လျှောကျခြင်း၊ ကာစီနိုများကြောင့် ဖြစ်ပေါ်သော ဥပဒေ ကင်းမဲ့မှု၊ လူနှင့် သားရိုင်းတိရစ္ဆာန် မှောင်ခိုကူးခြင်းတို့ ပါဝင်သည်။ နယ်စပ်တွင် ‘ဝ’ သြဇာလျှော့ချရန် တတ်နိုင်သမျှ လုပ်ဆောင်ရေး ထိုင်းလုံခြုံရေး အသိုက်အဝန်းသည် ယခင်မဟာမိတ်ဟောင်း ယွက်ဆစ်ကို လောင်းကြေးထပ်မည်လား။
ယွက်ဆစ်၏ ဆွေးနွေးမှုများသည် ရှမ်းအရပ်သားများအတွက် အကာအကွယ်ကို တိုးတက်စေပါက အကျိုးရှိမည်ဖြစ်သည်။ သို့သော် ထိုအချက်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲစတင်ချိန်ကတည်းကပင် ဦးစားပေးတခု မဟုတ်ခဲ့ဘဲ RCSS ၏ လုပ်ရပ်များသည် မညီညွတ်မှုနှင့် မကျေနပ်မှုများကို အကြီးအကျယ်ဖြစ်စေသည်။
တတိယအချက်မှာ ရှမ်းလူ့အဖွဲ့အစည်းဖြစ်သည်။ ယွက်ဆစ်၏ ဆွေးနွေးမှုများသည် ရှမ်းအရပ်သားများအတွက် အကာအကွယ်ကို တိုးတက်စေပါက အကျိုးရှိမည်ဖြစ်သည်။ သို့သော် ထိုအချက်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲစတင်ချိန်ကတည်းကပင် ဦးစားပေးတခု မဟုတ်ခဲ့ဘဲ RCSS ၏ လုပ်ရပ်များသည် မညီညွတ်မှုနှင့် မကျေနပ်မှုများကို အကြီးအကျယ်ဖြစ်စေသည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၏ အမြင်ကို ဖယ်ထုတ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ဖက်ဒရယ်စနစ်သည် တရားဝင်မှု ကင်းမဲ့မည်ဖြစ်သည်။
ယွက်ဆစ်၏ ငြိမ်းချမ်းရေး ဆွေနွေးပွဲများသည် ၎င်းတို့ ဆက်လက်ရှင်သန်ရေး သို့မဟုတ် အာဏာသိမ်းကာလနောက်ပိုင်း မတည်ငြိမ်မှုများအကြား ရှမ်းပြည် လုံခြုံရေးကို အာမခံနိုင်ပါသလား။ RCSS သည် စစ်တပ်ဆန့်ကျင်ရေး အင်အားစုဖြစ်လာနိုင်ခြေ မရှိပေ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို RCSS က မည်သည်တို့ ပေးဆပ်ရန် ရှိနေသနည်း။ NLD ၏ မထေမဲ့မြင်ပြုမှု နှစ်ပေါင်းများစွာအပြီး နောက်ထပ်ဗမာနိုင်ငံရေးအစီအစဉ်တွင် နယ်စားပယ်စား ဖြစ်နေပါသလား။
ယွက်ဆစ်၏ နိုင်ငံရေးရည်မှန်းချက်မှာ ရှမ်းပြည်နယ်အတွက်သာဖြစ်ပြီး တနိုင်ငံလုံးအတွက် မဟုတ်ပေ။ သို့သော် သူသည် ဆက်လက်ရှင်သန်ရေး သေနင်္ဂဗျူဟာကို ဖန်တီးရာတွင် အရပ်သားအမြင်များကို မည်မျှခွင့်ပြုမည်နည်း။ ထိုသို့လုပ်မည့်လက္ခဏာ မရှိသလောက်ပင် ဖြစ်နေသည်။ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ အထူးသဖြင့် ဖယ်ခုံနှင့် ဆီဆိုင်မြို့နယ်များတွင် စစ်ကောင်စီ ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်များ၏ လှုပ်ရှားမှုများ တိုးလာသော်လည်း ယွက်ဆစ်သည် မြန်မာစစ်တပ်ကို အာဏာဖြုတ်ချရေးအတွက် လုံးလုံးလျားလျား ရင်းနှီးမြှုပ်မည် မဟုတ်ပေ။
နောက်ဆုံးအချက်မှာ စစ်ကောင်စီ၏ သေနင်္ဂဗျူဟာဖြစ်သည်။ RCSS ကို မလှုပ်ရှားစေရန် စစ်ကောင်စီက ဟန်ဆောင်ဆွေးနွေးပွဲများ ဆက်လက် ကျင်းပနေမည်လား။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မြန်မာစစ်တပ်သို့ ပူးပေါင်း သို့မဟုတ် နယ်ခြားစောင့်တပ်များ ဖြစ်နိုင်သည်ဟု မင်းအောင်လှိုင်က သြဂုတ်လ ၂၂ ရက်နေ့တွင် ပြောသည်ဟု ဖော်ပြကြသည်။ ယွက်ဆစ် မငြင်းနိုင်သည့် ကမ်းလှမ်းမှုတခုကို မင်းအောင်လှိုင်က လုပ်နိုင်ပါမည်လား။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အပ်ကြောင်းထပ်နေသလိုပင် ရှမ်းပြည်နယ်မှ လက်နက်ကိုင်အုပ်စုများ၏ နိုင်ငံရေးသည်လည်း တလည်လည်ဖြစ်နေသည်။
၁၉၆၀ ပြည့်နှစ်များ အစောပိုင်းက ရုပ်ရှင်ရိုက်ကူးသူ အဒ်ဒရီယန် ကောင်းဝဲလ် Adrian Cowell သည် ရှမ်းပြည်နယ်မှ လက်နက်ကိုင် အုပ်စုများ၏ တလည်လည်ဖြစ်နေသော ကံကြမ္မာကို မှတ်တမ်းတင်ဖူးသည်။ အဓိကကျသော ဇာတ်ကောင်များသည် ၎င်းတို့ကို ၎င်းတို့ ပြန်လည်နေရာချထားကြသည်။ ပြိုင်ဘက်များကို နောက်ကွယ်မှ ယာယီသဘောတူညီချက်များဖြင့် ဖယ်ရှားကြသည်၊ ကံကြမ္မာနှင့် သစ္စာခံမှုကို ဆန့်ကျင်ဘက်သို့ ပြောင်းကြသည်။ (ကောင်းဝဲလ်၏ မှတ်တမ်းရုပ်ရှင်များကို ဝါရှင်တန် တက္ကသိုလ်က ထိန်းသိမ်းထားပြီး အွန်လိုင်းတွင် ကြည့်ရှုနိုင်သည်။) ရှမ်းပြည်နယ်မှ မူးယစ်ဆေးနှင့် ပဋိပက္ခနိုင်ငံရေးကို ကောင်းဝဲလ် ရှင်းပြပုံသည် ဘိန်းအကြောင်းကို ပေါ်လွင်အောင် မဖော်ပြသော်လည်း ယနေ့ခေတ် ပုံစံအတိုင်းသာဖြစ်သည်။
RCSS သည် အရာမယွင်း ဆက်လက်တည်ရှိနေပြီး စစ်ကောင်စီအတွက် လက်ဝေခံ စိတ်အားထက်သန်ခြင်း မရှိသည့် နယ်ခြားစောင့်တပ်အဖြစ် ဆက်လက်လုပ်ကိုင်မည်လား။ သို့မဟုတ် စစ်ကောင်စီနှင့် ယွက်ဆစ်အကြား အဆင့်မြင့် သဘောတူညီချက်တခုက တပ်ဖွဲ့ငယ်အများအပြားကွဲထွက်ပြီး UWSA, မြန်မာစစ်တပ်တို့နှင့် ပူးတွဲတည်ရှိသည့် ဒေသအလိုက်အစီအစဉ်များ ဖြစ်လာနိုင်ပါသလား။
ကောင်းဝဲလ်၏ နောက်ဆုံးရုပ်ရှင်များအနက် တခုဖြစ်သော The Kings of Opium တွင် ခွန်ဆာက အရှေ့ပိုင်းတိုင်း တိုင်းမှူး တင်ထွန်းထံ ၁၉၉၆ ခုနှစ် နှစ်ဦးတွင် လက်နက်ချသည်ကို အသေးစိတ်ဖော်ပြထားသည်။ ယွက်ဆစ်၏ ကံကြမ္မာသည် အလားတူ ကူးပြောင်းသွားနိုင်ပါသလား။ RCSS သည် အရာမယွင်း ဆက်လက်တည်ရှိနေပြီး စစ်ကောင်စီအတွက် လက်ဝေခံ စိတ်အားထက်သန်ခြင်း မရှိသည့် နယ်ခြားစောင့်တပ်အဖြစ် ဆက်လက်လုပ်ကိုင်မည်လား။ သို့မဟုတ် စစ်ကောင်စီနှင့် ယွက်ဆစ်အကြား အဆင့်မြင့် သဘောတူညီချက်တခုက တပ်ဖွဲ့ငယ်အများအပြားကွဲထွက်ပြီး UWSA, မြန်မာစစ်တပ်တို့နှင့် ပူးတွဲတည်ရှိသည့် ဒေသအလိုက်အစီအစဉ်များ ဖြစ်လာနိုင်ပါသလား။ သို့မဟုတ် ခေါင်းဆောင် ၂ ဦးအကြား မုန်တိုင်းထန်သော ဆက်ဆံရေးသည် မည်သည့် ရိုးသားမှုနှင့် သေနင်္ဂဗျူဟာ အဆင့်မြင့်မားမှု မရှိသည့် အာဏာရှင်များ ဆက်လက်ရှင်သန်ရေး လှည့်ကွက်မျှသာ ဖြစ်ပါသလား။
ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် မေတ္တာထက် အမုန်းတရားက ပိုမိုများပြားနေသော်လည်း ယွက်ဆစ်နှင့် မင်းအောင်လှိုင်တို့ ဆက်ဆံနေသည်မှာ သေချာပြီး ထိုဆက်ဆံရေးသည် ရှုပ်ထွေးသည်။ ကြိုမြင်နိုင်သော အနာဂတ်တွင် အကျိုးစီးပွားအတွက် မိတ်ဆွေဖွဲ့ကြသူများသာဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ David Scott Mathieson ၏ Myanmar Coup Leader’s Turbulent Affair With Shan Warlord Yawd Serk ကို ဘာသာပြန် ဖော်ပြသည်။ ဒေးဗစ်စကော့ မက်သီဆန်သည် မြန်မာပဋိပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ကိစ္စများကို လေ့လာသူဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီက ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်၍ လှည့်ဖြားနေဟုဆို
စစ်ကောင်စီနှင့် RCSS ဆွေးနွေးပွဲ လတ်တလောနိုင်ငံရေး အကျပ်အတည်းမပါ
ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့
PPST တွင် ပါဝင်မှု အဆင့် RCSS လျှော့ချ