• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

၂၀၂၂ နိုင်ငံရေး စစ်ရေး ရီဗျူး (အပိုင်း ၃)

by ဗညားအောင်
30 September 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များကြောင့် တိမ်းရှောင်ရသည့် ကျေးရွာ ၁၀ ရွာမှ ဒေသခံ ပြည်သူများ  / ဒီပဲယင်း စစ်ရှောင် ထောက်ပံ့ရေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များကြောင့် တိမ်းရှောင်ရသည့် ကျေးရွာ ၁၀ ရွာမှ ဒေသခံ ပြည်သူများ / ဒီပဲယင်း စစ်ရှောင် ထောက်ပံ့ရေး

5.3k
VIEWS
Share on FacebookShare on Twitter

စကစ၏ စစ်ဆင်နိုင်မှု အခြေအနေ

မြေပြင်တပ်များ မလုံလောက်သည့်အခြေအနေတွင် မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းကဲ့သို့ လက်နက်မပြည့်မစုံနှင့် တိုက်ပွဲဝင်နေသူများကိုပင် အလုံးအရင်းနှင့် စစ်ဆင်ရေး မလုပ်နိုင်တော့ပေ။ သတင်းရသည့်အပေါ် အခြေပြုပြီးသာ စစ်ဆင်ရေးလုပ်နေသည်ကို တွေ့ရသည်။ ထိုသို့ပြုလုပ်ရာတွင်လည်း မြေပြင်မှ ချီတက်ရန် မရဲတော့ဘဲ လေကြောင်းချီနေသည်ကို တွေ့ရ၏။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
601
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.6k
သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
1.3k

မြန်မာစစ်တပ်၏ ဘတ်ဂျက်အနေနှင့် လေကြောင်းချီဆိုသည်မှာလည်း အကန့်အသတ်ရှိနေပေသည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်သည် လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူကို အဓိက အားထားလာသည်။ ၁၀၅ မမ ၊ ၁၂၀ မမ လက်နက်ကြီးပစ်ကူကို ပို၍ ဖောဖောသီသီ လုပ်နိုင်သော်လည်း အတွဲလိုက်ပစ်သည့် ဒုံးများကိုမူအကန့်အသတ်နှင့်သာ ပြုလုပ်နိုင်သည်ကို တွေ့ရ၏။

တပြည်လုံးအနှံ့ လေကြောင်းပစ်ကူ အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့ရာ စစ်စရိတ်ကုန်ကျမှု များပြားနေသည်။ လေတပ်စက်ပစ္စည်းနှင့် လက်နက်များမှာ ပြည်ပမှဝယ်ယူရသည်ဖြစ်ရာ ရေရှည်တွင် အကန့်အသတ် များလာမည်ဟု ယူဆရသည်။

တပြည်လုံးအနှံ့ လေကြောင်းပစ်ကူ အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့ရာ စစ်စရိတ်ကုန်ကျမှု များပြားနေသည်။ လေတပ်စက်ပစ္စည်းနှင့် လက်နက်များမှာ ပြည်ပမှဝယ်ယူရသည်ဖြစ်ရာ ရေရှည်တွင် အကန့်အသတ် များလာမည်ဟု ယူဆရသည်။ ထို့ပြင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများသည် တော်လှန်ရေးတပ်ဖွဲ့များကို ပစ်မှတ်ထားသည်ထက် အရပ်သားလူထုကို ပစ်မှတ်ထားသည်။ လူထု၏ အိုးအိမ်၊ ပိုင်ဆိုင်မှုများ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ မကျန် ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးပစ်ခဲ့ရာ တပြည်လုံးအနှံ့ တနှစ်ကျော်အတွင်း အဆောက်အအုံ ၃၀,၀၀၀ ကျော် ပြာကျပျက်စီးခဲ့ပြီး လူထု၏ မုန်းတီးမှုကို ပို၍ခံလာရ၏။

ထို့ပြင် တပြည်လုံးအနှံ့ တိုက်ပွဲများဖြစ်ပွားနေရာ ပြည်တွင်းဖြစ် စကစထုတ် လက်နက်ခဲယမ်းသည်ပင်လျှင် အလျင်မီအောင် ထုတ်လုပ်နေရသည့် အခြေအနေ သို့မဟုတ် လက်နက်ခဲယမ်း ဖြန့်ဖြူးမှုသည် သမားရိုးကျမဟုတ်‌သော အခြေအနေ ဖြစ်နေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ လက်ရှိ စကစ၏ စစ်ရေးအခြေအနေကို သုံးသပ်ရပါက ပထမအချက်အနေနှင့် ၎င်းတို့သည် တပ်အင်အား မလုံလောက်မှု၊ လက်နက်ခဲယမ်းအကန့်အသတ်ရှိမှု၊ လေကြောင်းသုံးစွဲရသည့် နယ်မြေများပြားမှုတို့ကြောင့် နယ်မြေတခုခုကို အလုံးအရင်းဖြင့် စစ်ဆင်ရေးပြုလုပ်ရန် အကန့်အသတ်ရှိသည်။ အတိုင်းအတာကြီးမားသည့် စစ်ဆင်ရေးများ ပြုလုပ်ရန် အကန့်အသတ်ရှိသည်။ သို့သော် တပိုင်တနိုင် အကန့်အသတ်ရှိသည့် စစ်ဆင်ရေးအငယ်နှင့် အလတ်စားများသာ ပြုလုပ်နိုင်တော့၏။

ဒုတိယအချက်အနေနှင့် စကစသည် ၎င်းတို့အား တိုက်ခိုက်နိုင်သည့်နယ်မြေ၊ ထိုးဖောက်လာနိုင်သည့် ဒေသများအား ကြိုတင်တွက်ဆထားပြီး ထိုက်သင့်သည့် စစ်အင်အားများချထားခါ ခံစစ်ပြင်ထားသည်။ သို့ဖြစ်ရာ နယ်မြေတခုတွင် EAO/PDF များက ဖိတိုက်ပါက လွယ်လင့်တကူ အခြားနယ်မြေမှ တပ်အင်အား ဆွဲထုတ်မည့်အနေအထား မရှိပါ။

စစ်ပွဲဖြစ်ပွားသည့်နယ်မြေများတွင် ရွာများကိုဖြစ်စေ၊ မြို့များကိုဖြစ်စေ အပြောင်ရှင်း၍ မီးလောင်တိုက်သွင်းသည်မှာ စစ်ရေးရည်ရွယ်ချက် သက်သက်မဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်လည်းပါသည်။ ၎င်းတို့ကြံရွယ်သည်မှာ ၎င်းတို့အား လက်နက်ကိုင်၍ ခုခံတိုက်ခိုက်သဖြင့် လူထုဘဝ ပိုဆိုးဝါးသွားစေသည်ဟူသော အာဘော်ကိုဖန်တီးရန်ဖြစ်သည်။

တတိယအနေနှင့် ၎င်းတို့သည် စစ်ပွဲဖြစ်ပွားသည့်နယ်မြေများတွင် ရွာများကိုဖြစ်စေ၊ မြို့များကိုဖြစ်စေ အပြောင်ရှင်း၍ မီးလောင်တိုက်သွင်းရန် စနစ်တကျ ပြင်ဆင်ထားသည်။ ဤသည်မှာ စစ်ရေးရည်ရွယ်ချက် သက်သက်မဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်လည်းပါသည်။ ၎င်းတို့ကြံရွယ်သည်မှာ ၎င်းတို့အား လက်နက်ကိုင်၍ ခုခံတိုက်ခိုက်သဖြင့် လူထုဘဝ ပိုဆိုးဝါးသွားစေသည်ဟူသော အာဘော်ကိုဖန်တီးရန်ဖြစ်သည်။

စတုတ္ထအနေနှင့် မြန်မာစစ်တပ်အနေနှင့် စစ်မြေပြင်တွင် အထူးသဖြင့် အဆုံးအဖြတ်ဖြစ်နိုင်သည့် တိုက်ပွဲများတွင် ၎င်းတို့၏ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအား EAO/PDF များဘက်က တုန့်ပြန်နိုင်ခြင်းမရှိသည်ကို ၎င်းတို့၏ အားသာချက်အဖြစ် အသုံးချနေသည်။

ပဉ္စမအ‌ချက်အနေနှင့် EAO/PDF တို့၏ ပြောက်ကျားစစ်ပွဲကြောင့် နေ့စဉ်တတိတိ အကျအဆုံးများရှိပြီး သူ၏စစ်အင်အားလျော့ခြင်းကို ယနေ့ချိန်အထိ ခံနိုင်သေးသည်ကို တွေ့ရပြီး EAO/PDF များက မြန်မာစစ်တပ်အား စစ်ကြောင်းလိုက်၊ တပ်ရင်းလိုက် ချေမှုန်းသည့်တိုက်ပွဲများ ဖော်ဆောင်နိုင်မှု အားနည်းနေသေးခြင်းက ၎င်းတို့အတွက် ခံသာနေသည်။ ထို့ပြင် တပ်တွင်းမှ ဗိုလ်မှူးကြီးအထက်ဆင့် စစ်တပ်အရာရှိကြီးများသည် ယနေ့အထိ အာဏာသိမ်းစစ်ခေါင်းဆောင်အား သစ္စာခံဆဲဖြစ်သည်ကို တွေ့ရသည်။ ထို့ပြင် စစ်တပ်ပြိုပါက အငြိမ်းစား စစ်ဘက်အရာရှိကြီးများ၏ ကံကြမ္မာဆိုးဝါးနိုင်ပြီး ပိုင်ဆိုင်မှုများလည်း ဆုံးရှုံးမည်ဖြစ်၍ အငြိမ်းစားစစ်ဘက် အရာရှိကြီးအများစု၏ ထောက်ခံမှုရထားသည်။

သို့ဖြစ်ရာ အထက်ပါ အကြောင်းအချက်များကြောင့် ဤအတိုင်းဆက်သွားနေပါက မြန်မာစစ်တပ်သည် စစ်ရေးသက်သက်အရ အလွယ်တကူ ရှုံးနိမ့်သွားစရာမရှိဟု ဆိုနိုင်သော်လည်း မြန်မာစစ်တပ်ကလည်း တိုင်းပြည်နယ်မြေအများစု ထိန်းချုပ်နိုင်မည်မဟုတ်ပါ။ ၎င်းတို့ထိန်းချုပ်နယ်မြေများ တဖြည်းဖြည်း လျော့နည်းသွားမည်ကတော့ ရှောင်လွှဲ၍ မရနိုင်တော့ပေ။

စကစနှင့် တိုင်းရင်းသားလူမျိုး တော်လှန်ရေးတပ်ဖွဲ့များ

လက်ရှိ မြန်မာနိုင်ငံရေးတွင် စကစ၏ အာဏာကို ကိုင်လှုပ်နိုင်သည့် စကစ၏ ပြိုင်ဘက်များအဖြစ် ရပ်တည်နေကြသည်မှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် NUG/PDF များ ဖြစ်သည်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွင် ထိုအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် စကစနှင့်အပြိုင် မြန်မာ့နိုင်ငံရေးအား လှုပ်ခတ်မှုရှိသည်ကိုလည်းကောင်း၊ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်ကိုလည်းကောင်း၊ စကစအာဏာကို ယိုင်နဲ့စေသည်ကိုလည်းကောင်း ငြင်းပယ်ရန်မရှိပေ။ ၎င်းတို့အနက် တိုင်းရင်းသားအဖွဲ့များ၏ အခြေအနေအား ဦးစွာသုံးသပ်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရသည်။

ကယားပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ / KNDF

၁။ KIA နှင့် KNU

KIA နှင့် KNU တိုင်းရင်းသားအဖွဲ့အစည်းနှစ်ခုသည် လက်ရှိ နွေဦးတော်လှန်ရေးကာလတွင် NUG/PDF များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်မမှ နိုင်ငံရေးကိစ္စဖြင့် ထွက်ပြေးလာသူများကို ခိုလှုံခွင့်ပေးခြင်း၊ အကူအညီပေးခြင်း၊ PDF များ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးများကို ကူညီပေးသည့်အပြင် PDF များနှင့်အတူ တိုက်ပွဲဝင်ခြင်း၊ စကစနှင့် ပတ်သက်၍လည်း ပြတ်သားသောသဘောထားကို ဖော်ပြပြီး စစ်ရေးအရ တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်နေသည့်အပြင် စကစတပ်များကို စစ်ရေးအရလည်း အထိနာအောင် တိုက်ခိုက်နိုင်သည့် တပ်ဖွဲ့နှစ်ခုဖြစ်သည်။

KIA က ပို၍ အင်အားကောင်းပြီး ဖွဲ့စည်းပုံကျစ်လစ်သည်။ ဗဟိုချုပ်ကိုင်မှု အားကောင်းသည်။ ဘဏ္ဍာနှင့် လက်နက်ခဲယမ်း ပိုမိုတောင့်တင်းသည်။ ထို့ပြင် PDF များကို ပို၍ စနစ်တကျကိုင်တွယ်နိုင်သည်။ စစ်ရေးလျှို့ဝှက်ချက်များကို ထိန်းသိမ်းနိုင်သည်ကို တွေ့ရသည်။

KIA နှင့် KNU နှစ်ဖွဲ့လုံးသည် အစဉ်အလာနှင့် သဘာရှိသည့်အပြင် တိုက်ခိုက်ရေး အတွေ့အကြုံ ကောင်းစွာရှိကြသည်။ စကစကို ဖက်ပြိုင်နိုင်သည့် အင်အားလည်းရှိသည်။ လက်ရှိတွင် PDF များနှင့်တွဲ၍ လှုပ်ရှားစစ်ကြောင်းများ၊ တပ်ရင်းများဖွဲ့စည်းထားပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နိုင်သည်ကို တွေ့ရသည်။ သို့သော် ထိုနှစ်ဖွဲ့တွင် KIA က ပို၍ အင်အားကောင်းပြီး ဖွဲ့စည်းပုံကျစ်လစ်သည်။ ဗဟိုချုပ်ကိုင်မှု အားကောင်းသည်။ ဘဏ္ဍာနှင့် လက်နက်ခဲယမ်း ပိုမိုတောင့်တင်းသည်။ ထို့ပြင် PDF များကို ပို၍ စနစ်တကျကိုင်တွယ်နိုင်သည်။ စစ်ရေးလျှို့ဝှက်ချက်များကို ထိန်းသိမ်းနိုင်သည်ကို တွေ့ရသည်။

KNU သည် လက်ရှိ ဖွဲ့စည်းပုံအရ ဗဟိုချုပ်ကိုင်မှု အားနည်းသည်။ တပ်မဟာအလိုက် ဆုံးဖြတ်နိုင်ခွင့် ပိုများသည်။ ထို့ပြင် ဗိုလ်နာဒါးမြ ထပ်မံခွဲထွက်သဖြင့် အတွေးအခေါ်အရ ရှုပ်ထွေးမှု အနည်းငယ်ရှိသည်။ တခုခံသာသည်မှာ ယခင် KNU ခွဲထွက်အဖွဲ့များက စစ်တပ်နှင့် ပူးပေါင်းသွားသော်လည်း ယခု ဗိုလ်နာဒါးမြအဖွဲ့က စကစအား တိုက်ခိုက်ရန် ခွဲထွက်ခြင်းဖြစ်သည်ဆို၍ အတန်ငယ်ခံသာသည်။ သို့သော် ဤသို့သော အခြေအနေများအောက်တွင် တော်လှန်ရေးတပ်ဖွဲ့များ ကွဲထွက်သည်မှာ ကောင်းလှသည်တော့ မဟုတ်ပေ။ မည်သို့ဆိုစေ လက်ရှိအချိန်တွင် စကစအား အဓိကကိုင်လှုပ်နိုင်သည့် အဖွဲ့နှစ်ခုမှာ KIA နှင့် KNU ဖြစ်သည်ကတော့ ငြင်းပယ်၍မရပေ။

၂။ KNPP နှင့် CNF

KNPP ရော CNF ပါ စကစအား ပြတ်ပြတ်သားသား ဆန့်ကျင်သည့် အဖွဲ့အစည်းများဖြစ်ခဲ့ကြသည်။ ကရင်နီနှင့် ချင်းပြည်နယ်ရှိ တော်လှန်ပုန်ကန်သူများကို အားပေးထောက်ခံခြင်း၊ စုစည်းခြင်းကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသည်။ ထိုပြည်နယ်နှစ်ခု၏ ထူးခြားချက်မှာ မူလ KNPP နှင့် CNF တို့၏ အင်အားထက် နောက်မှပေါ်ပေါက်လာသော KNDF နှင့် CDF တို့က ပို၍ အားကောင်းခြင်းဖြစ်သည်။ ကရင်နီပြည်နယ်တွင် KNPP သည် စစ်ရေးအတွေ့အကြုံရှိသည်ဖြစ်ရာ KNDF အား လေ့ကျင့်ရာတွင်သာမက စစ်မြေပြင်တွင်ပါ တွဲ၍ လေ့ကျင့်ပေးနိုင်သည်။

ကရင်နီပြည်တွင် အခြားအမည်အမျိုးမျိုးဖြင့် လက်နက်ကိုင်အဖွဲ့များ ရှိနေသော်လည်း KNDF က အားကောင်း၍ အင်အားစုတခုအဖြစ် ခိုင်ခိုင်မာမာရပ် တည်နိုင်သည်။ ချင်းပြည်နယ်တွင် CNF က စစ်ရေးအတွေ့အကြုံ မရှိသဖြင့် ယခု နွေဦးတော်လှန်ရေး အချိန်အခါကျမှ တိုက်ပွဲဝင်ရရာ စစ်ရေးအတွေ့အကြုံ လိုအပ်ချက်ရှိသည်။ သို့သော် ချင်းပြည်မြောက်ပိုင်း ဟားခါးနှင့် ဖလမ်းကြား၊ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် မတူပီကြား ဆက်သွယ်ရေး လမ်းကြောင်းသည် ချင်း CNF နှင့် CDF အတွက် ‌စစ်မြေပြင်လက်တွေ့ လေ့ကျင့်ကွင်းအဖြစ် ရှိနေသည်။ ထိုပြည်နယ်နှစ်ခုရှိ မူလတိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သည့် KNPP နှင့် CNF တို့သည် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် အင်အားစုများကို အမှီပြု စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်။ မည်သို့ဆိုစေ ထိုတပ်ဖွဲ့နှစ်ခုနှင့် ပြည်နယ်နှစ်ခုသည် စကစအား ကောင်းစွာ ဒုက္ခပေးနိုင်သည်။

၃။ ရခိုင်နှင့် AA

AA သည် ပြည်တွင်းရှိ PDF များ၊ တော်လှန်ရေးအင်အားစုများကို ကူညီလေ့ကျင့်ပေးရာတွင် KIA, KNU တို့နှင့် အတူတကွဖြစ်သည်။ ပြီးခဲ့သော တနှစ်ကျော်အတွင်း စကစနှင့် တိုက်ပွဲမဖြစ်သဖြင့် AA ကို အားမလိုအားမရ ဖြစ်ကြသည်များသည်။ သို့သော် တနှစ်ကျော် အားမွေးတည်ဆောက်ထားသည့် AA ၏ အင်အားနှင့် တိုက်ရည်ခိုက်ရည်သည် စကစအား ထိထိရောက်ရောက် ထိုးနှက်နိုင်စွမ်းရှိသည်။ အနှေးနှင့်အမြန် စစ်ပွဲအတွင်း ပြန်လည် ပါဝင်လာဖွယ်ရှိသည့် AA နှင့် ရခိုင်လူထုသည် စကစအား ထိုးနှက်နိုင်သည့် ကြီးမားသည့် အင်အားစုတခုဖြစ်သည်။

မြန်မာ ဒီမိုကရက်အချို့က အားမလိုအားမရ ဖြစ်နေခဲ့သော်လည်း မြန်မာစစ်တပ်က ကောင်းစွာ သဘောပေါက်သဖြင့် AA အားရင်ဆိုင်ရန် တပ်အင်အားအလုံးအရင်းဖြင့် ပြင်ဆင်ထားခဲ့သည်။

မြန်မာ ဒီမိုကရက်အချို့က အားမလိုအားမရ ဖြစ်နေခဲ့သော်လည်း မြန်မာစစ်တပ်က ကောင်းစွာ သဘောပေါက်သဖြင့် AA အားရင်ဆိုင်ရန် တပ်အင်အားအလုံးအရင်းဖြင့် ပြင်ဆင်ထားခဲ့သည်။ ယခုအချိန်တွင်မူ ရခိုင်တွင် တိုက်ပွဲကြီးများဖြစ်နေသည့်အပြင် AA ခေါင်းဆောင်က အဆုံးအဖြတ်နှင့် အဆုံးသတ်တိုက်ပွဲဟု ကြွေးကြော်နေသည်ဖြစ်ရာ တိုက်ပွဲများပို၍ ပြင်းထန်လာဖွယ်ရာရှိ၏။

၄။ ရှမ်းမြောက်နှင့် MNDAA, TNLA

အဆိုပါ နှစ်ဖွဲ့သည် အင်အားတစုံတရာရှိသည့်အပြင် တိုက်ရည်ခိုက်ရည်လည်း တစုံတရာရှိသည်အဖွဲ့များ ဖြစ်သည်။ လက်ရှိအချိန်တွင် MNDAA နှင့် စကစ ကြား တိုက်ပွဲတစုံတရာရှိသော်လည်း TNLA နှင့် တိုက်ပွဲမရှိသလောက် ဖြစ်သည်။ ထိုနှစ်ဖွဲ့သည် ၎င်းတို့တပ်နှင့် ဒေသတည်ဆောက်ရေးကို အလေးထားနေသည်ကို တွေ့ရသည်။ သို့သော် ထိုနှစ်ဖွဲ့လုံးသည် PDF များ၊ ပြည်တွင်းတော်လှန်ရေး အင်အားစုများကို ကူညီလေ့ကျင့်ပေးခြင်း၊ CDM များကို ကူညီပေးခြင်းတို့ ပြုလုပ်နေသည့်အဖွဲ့များ ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံ ပဋိပက္ခ ဖြစ်ပွားမှုပြ မြေပုံ / Woodrow Wilson International Center

လက်ရှိအချိန်တွင် စကစသည် TNLA အား တတ်နိုင်သမျှ ကြားထားနိုင်ရန် စဉ်းစားနေပုံရသည်။ TNLA တပ်ဖွဲ့များ နမ့်ခမ်းမြို့၊ မူဆယ်အနီး ကျင်စန်းကျော့ စသည်တို့သို့ တပ်နှင့် ဝင်ထွက်သည်ကိုလည်းကောင်း၊ နမ့်ခမ်း-မူဆယ်ကားလမ်းတွင် ဗြောင်ကျကျ လှုပ်ရှားနေသည်ကိုလည်းကောင်း မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်သည်ကို တွေ့ရသည်။ ထို့အဖွဲ့နှစ်ခုနှင့် KIA သည် ရှမ်းမြောက်၌ ဒေသထိန်းချုပ်ရေးနှင့် ပတ်သက်၍ ပဋိပက္ခအငယ်စားများ ရှိသော်လည်း ဖြေရှင်းကျော်လွှားနိုင်မည်ဟု ယူဆရသည်။ ထိုနှစ်ဖွဲ့က စကစအား ပြင်းပြင်းထန်ထန် တုန့်ပြန်တိုက်ခိုက်ပါက တစုံတရာ သက်ရောက်မှုရှိမည် ဖြစ်သည်။ ထိုသို့သော အခြေအနေ အနှေးနှင့်အမြန် ဖြစ်ပေါ်လာနိုင်သည်ဟု မြန်မာစစ်တပ်ကလည်း တွက်ဆထားပုံရ၏။ ထို့ကြောင့်လည်း ရှမ်းမြောက်တွင်လည်း တပ်အင်အားအလုံးအရင်းချထားပြီး စစ်ပြင်ထားသည်ကိုတွေ့ရ၏။

၅။ SSPP

SSPP သည် ပြီးခဲ့သည် တနှစ်ကျော်အတွင်း RCSS နှင့် တိုက်ခိုက်နေသဖြင့် နွေဦးတော်လှန်ရေးဘေးသို့ ရောက်နေသကဲ့သို့ ဖြစ်သည်။ သို့သော် ရှမ်းတောင်ဒေသ အချက်အခြာနေရာများကို ထိန်းချုပ်လာနိုင်ပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လကုန်မှစ၍ စကစနှင့် စတင်တင်းမာမှု ဖြစ်လာသည်။ ရှမ်းတောင်ရှိ စခန်းများဆုတ်ပေးရန် စကစက SSPP အား ရာဇသံပေးခဲ့သော်လည်း ဆုတ်မပေးနိုင်ဟု ခပ်မာမာတုန့်ပြန်ခဲ့သည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လများတွင် မိုင်းရှူးအထက်ဘက်ရှိ စခန်းသုံးခု (SSPP နှင့် ‘ဝ’ ဒေသသို့ ဆက်သွယ်ရေးတွင် အရေးပါသောစခန်းများ) အား ဆုတ်ပေးရန် သုံးကြိမ်တိုင် စကစက ရာဇသံပေးခဲ့သော်လည်း SSPP က ဆုတ်မပေးသည့်အပြင် တနေရာတွင် သေနတ်သံမြည်ပါက ရှမ်းပြည်နေရာအနှံ့ သေနတ်သံမြည်မည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ကို တွေ့ရသည်။

SSPP သည် ၎င်းတို့ဒေသတွင်း ရောက်လာသော PDF များအား လေ့ကျင့်ပေးပြီး လက်နက်တပ်ဆင်ပေးပြီးပြီဆိုသည့် သတင်းများထွက်ပေါ်နေရာ ရှမ်းပြည်တောင်ပိုင်းသည်လည်း စကစအား ထိုးနှက်နိုင်သည့် ဒေသတခုဖြစ်လာရန် နီးစပ်နေသည်ဟုဆိုရမည်။

စကစသည် အကြိမ်ကြိမ် ရာဇသံပေးနေသော်လည်း စစ်အင်အား ဖြည့်တင်းနိုင်ခြင်းမရှိဘဲ ပြည်သူ့စစ် အင်အားသာ တိုးချဲ့နိုင်သည်ကို တွေ့ရသည်။ တချိန်တည်းတွင် SSPP သည် ၎င်းတို့ဒေသတွင်း ရောက်လာသော PDF များအား လေ့ကျင့်ပေးပြီး လက်နက်တပ်ဆင်ပေးပြီးပြီဆိုသည့် သတင်းများထွက်ပေါ်နေရာ ရှမ်းပြည်တောင်ပိုင်းသည်လည်း စကစအား ထိုးနှက်နိုင်သည့် ဒေသတခုဖြစ်လာရန် နီးစပ်နေသည်ဟုဆိုရမည်။

၆။ UWSA

UWSA အား နွေဦးတော်လှန်ရေးတွင် မပါဟုကြည့်မြင်ကြသည်။ သို့သော် UWSA သည် လက်ရှိ စကစအား အပြင်းထန်ဆုံး အခါးသီးဆုံး ရှုမြင်သည်။ စကစအား နေပြည်တော်တွင် တွေ့ဆုံပြီးနောက် လုံးဝယုံကြည်၍မရဟု ကြည့်မြင်သည်။ သို့ဖြစ်ရာ ၎င်းတို့‌ဒေသလုံခြုံရေးအတွက် လုပ်သင့်တာလုပ်ရမည်ဟု ဆုံးဖြတ်ပြီး အခိုင်အမာ ပြင်ဆင်သည်ဟုသိရသည်။

လက်ရှိ ရှမ်းတောင်သို့ UWSA အင်အား ၃,၀၀၀ ခန့် စေလွှတ်ထားခြင်းသည် SSPP ကို ကူညီရန်သက်သက် မဟုတ်ပေ။ ‘ဝ’ ဒေသကို ထိုးစစ်ဆင်ဆင်လာမည့် စကစတပ်အား နောက်ကျောမှ ထောက်ထားရန်ဖြစ်သည်။ လက်ရှိ စကစက ဆုတ်ခိုင်းနေသည့် ရှမ်းတောင်ရှိ SSPP စခန်းများတွင် UWSA တပ်များ အတူတကွရှိနေပြီး ဆုတ်ခွာပေးရန် အစီအစဉ်မရှိဘဲ ပြန်လည်တိုက်ခိုက်ရန် အသင့်ပြင်ထားသည်ကို တွေ့ရသည်။

လက်ရှိအခြေအနေတွင် လေ့ကျင့်သားပြည့်ဝပြီး လက်နက်ခဲယမ်း တောင့်တင်းသော တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအား မြန်မာစစ်တပ်က အထူးသတိထား ခံစစ်ပြင်နေ၏။ ၎င်းတို့စခန်းများ လက်လွတ်ဆုံးရှုံးပါက ပြန်လည် ထိုးစစ်ဆင်ရန် မလွယ်ကူတော့ကြောင်း စကစ က သဘောပေါက်ထားပုံရ၏။

ထို့ပြင် ‘ဝ’ ဒေသလုံခြုံရေးအတွက် သံလွင်အရှေ့ခြမ်းရှိ ကွန်လုံအရှေ့ဘက် ဟိုပန်-ပန်လုံဒေသ၊ တန့်ယန်း အရှေ့ဘက် မန်မန်းဆိုင်ဒေသ၊ မိုင်းရှူးအရှေ့ဘက် မော်ဖါဒေသတို့ရှိ စကစ စခန်းများ ပြန်လည်ထိန်းချုပ်နိုင်မှ ‘ဝ’ ဒေသ၏ လုံခြုံရေးအား စိတ်ချရမည်ဖြစ်သည်ကို UWSA ကောင်းစွာ သဘောပေါက်ပြီး အချိန်အခါ စောင့်ဆိုင်းနေသည်ဟု သုံးသပ်ရသည်။

လက်ရှိတွင်လည်း အချိန်အတန်ကြာ အားပျော့နေသော မြောက်ပိုင်းမဟာမိတ်များကို ပြန်လည်စုစည်းနေပြီး ၎င်းတို့၏ မဟာမိတ်အင်အားစုကို ပြန်လည်တည်ဆောက်ရန် ပြင်ဆင်နေသည်ဟုဆိုရမည်။

လက်ရှိအခြေအနေတွင် လေ့ကျင့်သားပြည့်ဝပြီး လက်နက်ခဲယမ်း တောင့်တင်းသော တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအား မြန်မာစစ်တပ်က အထူးသတိထား ခံစစ်ပြင်နေ၏။ ၎င်းတို့စခန်းများ လက်လွတ်ဆုံးရှုံးပါက ပြန်လည် ထိုးစစ်ဆင်ရန် မလွယ်ကူတော့ကြောင်း စကစ က သဘောပေါက်ထားပုံရ၏။

ဆက်လက်ဖော်ပြပါမည်။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသား ရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)

You may also like these stories:

၂၀၂၂ နိုင်ငံရေး စစ်ရေး ရီဗျူး (အပိုင်း ၁)

၂၀၂၂ နိုင်ငံရေး စစ်ရေး ရီဗျူး (အပိုင်း ၂)

စစ်အာဏာသိမ်းခေါင်းဆောင်နှင့် ရှမ်းစစ်ဘုရင်တို့၏ မုန်တိုင်းထန်သော ဆက်ဆံရေး

ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်

စစ်ကောင်စီ၏ စစ်အင်အား အကျပ်အတည်း ဆိုက်နေပြီ

Your Thoughts …
Tags: AACDFCDMCNFEAOsKIAKNDFKNPPKNUMNDAANUGPDFRCSSSSPPTNLAUWSAစစ်ကောင်စီနွေဦးတော်လှန်ရေးမင်းအောင်လှိုင်လက်နက်ကြီး ပစ်ကူလေကြောင်းပစ်ကူအရပ်သားပစ်မှတ်အာဏာသိမ်းမှု
ဗညားအောင်

ဗညားအောင်

ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၂ ခုနှစ်၊ ဧပြီလက နေပြည်တော်တွင် အိန္ဒိယသံအမတ် မစ္စတာ ဗီနေးကူးမားက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်စဉ်  / Cincds

မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ

“တော်လှန်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ လူငယ်တွေနဲ့ မြန်မာပြည်ကြီးအတွက် ရည်ရွယ်တယ်” (ရုပ်/သံ)

"တော်လှန်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ လူငယ်တွေနဲ့ မြန်မာပြည်ကြီးအတွက် ရည်ရွယ်တယ်" (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

21 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate