ဘေဂျင်းသည် စစ်ကောင်စီကို ထောက်ခံနေသည်ဟု မြန်မာနိုင်ငံသားများ ယုံကြည်နေသောကြောင့် လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုအပြီး ကျယ်ပြန့်သည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်လာပြီးနောက် တရုတ်နိုင်ငံသည် မြန်မာပြည်သူများနှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားလာသည်။
လွန်ခဲ့သောလက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်သည် စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုနှင့်အတူ ရန်ကုန်ရှိ ဗိုလ်တထောင်ဘုရားမှ ဆံတော်အတွက် တရုတ်ကလှူဒါန်းသော လုံခြုံရေးတံခါးတပ်ဆင်ခြင်းနှင့် ဘုရားပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အာဏာသိမ်းချိန်နောက်ပိုင်းတွင် ဘေဂျင်းသည် စစ်ကောင်စီနှင့် သတိထား ဆက်ဆံနေရုံသာမက စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့်လည်း အဆင့်နိမ့် အလွတ်သဘော ဆက်ဆံရေးလမ်းကြောင်း ဖွင့်ထားသည်။
မြန်မာနှင့် တရုတ်မှ ဗုဒ္ဓဘာသာ အသိုက်အဝန်းများအကြား ချစ်ကြည်ရင်းနှီးမှုကို မြင်ရသောကြောင့် ဝမ်းမြောက်ကြောင်း မစ္စတာ ချန်ဟိုင်က ထိုအခမ်းအနားတွင်ပြောသည်။
အာဏာသိမ်းချိန်နောက်ပိုင်းတွင် ဘေဂျင်းသည် စစ်ကောင်စီနှင့် သတိထား ဆက်ဆံနေရုံသာမက စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့်လည်း အဆင့်နိမ့် အလွတ်သဘော ဆက်ဆံရေးလမ်းကြောင်း ဖွင့်ထားသည်။
သို့သော် တရုတ်သည် ယုံကြည်စိတ်ချနိုင်သည့် အိမ်နီးချင်းမဟုတ်ဘဲ ဘေဂျင်းက ထုတ်ဖော်ကြေညာခြင်း မရှိသည့် မြန်မာစစ်အုပ်စုအပေါ် ထောက်ခံမှုကို အနီးကပ် စောင့်ကြည့်နေကြသည်။ ရုရှားကဲ့သို့မဟုတ်ဘဲ တရုတ်သည် စစ်ကောင်စီသို့ လက်နက် ပေါ်ပေါ်ထင်ထင် ရောင်းချခြင်း မရှိပေ။
မြန်မာစစ်ကောင်စီသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချရန် ပါကစ္စတန်ကို ကြားခံအဖြစ် အသုံးချရေးအတွက် ဘေဂျင်းက စဉ်းစားနေကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်များက ပြောသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒုံးကျည်များ ဝယ်ယူရန်အတွက် ရုရှားသို့ အကြိမ်ကြိမ်သွားသောကြောင် တရုတ်က မြန်မာ လက်နက်ဖောက်သည် ဆုံးရှုံးမည်ကို စိုးရိမ်လာသည်။
ပါကစ္စတန်သည် မြန်မာလေတပ်အတွက် JF-17 Thunder Block-II လေယာဉ် ၂ စီး ပေးပို့ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာစစ်တပ်သည် ပါကစ္စတန်မှ JF-17 Thunder ဘက်စုံသုံး လေယာဉ် ၁၆ စီးကို ဒေါ်လာ သန်း ၅၆၀ ဖြင့် ဝယ်ယူခဲ့သည်။ ထိုလေယာဉ်များကို Pakistan Aeronautical Complex နှင့် တရုတ်မှ Chengdu Aerospace Corporation တို့ ပူးပေါင်း ထုတ်လုပ်ခြင်းဖြစ်သည်။
တချိန်တည်းတွင် ပါကစ္စတန်နှင့် မြန်မာအကြား လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုးမြင့်လာနေသည်။
ပါကစ္စတန်သည် မြန်မာလေတပ်အတွက် JF-17 Thunder Block-II လေယာဉ် ၂ စီး ပေးပို့ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာစစ်တပ်သည် ပါကစ္စတန်မှ JF-17 Thunder ဘက်စုံသုံး လေယာဉ် ၁၆ စီးကို ဒေါ်လာ သန်း ၅၆၀ ဖြင့် ဝယ်ယူခဲ့သည်။ ထိုလေယာဉ်များကို Pakistan Aeronautical Complex နှင့် တရုတ်မှ Chengdu Aerospace Corporation တို့ ပူးပေါင်း ထုတ်လုပ်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပါကစ္စတန်ထံမှ စက်သေနတ်ကြီးများ၊ ၆၀ နှင့် ၈၁ မမ မော်တာများ၊ အမ်-၇၉ ဗုံးသီးပစ်လောင်ချာများ ဝယ်ယူရန် စဉ်းစားနေကြောင်း သတင်းများက ဆိုသည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအပေါ် နိုင်ငံတော် ကမကထပြု အကြမ်းဖက်မှုအတွက် အစ္စလာမာဘတ်သည် မြန်မာအစိုးရကို အပြင်းအထန်ဝေဖန်ခဲ့ဖူးသည်။
တချိန်တည်းတွင် မြန်မာကလည်း ပါကစ္စတန်သည် အစွန်းရောက် ရိုဟင်ဂျာအုပ်စုဖြစ်သည့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) ကို လေ့ကျင့် ပေးနေသည်ဟု စွပ်စွဲခဲ့သည်။
တရုတ်သည် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို လျှို့ဝှက်စွာ မြှင့်တင်နေသည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ပြောသည်။ ထိုလျှို့ဝှက် ပူးပေါင်းဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် ဘေဂျင်းသည် စစ်ကောင်သို့ လက်နက်ရောင်းရန် အစ္စလာမာဘတ်ကို ကြားခံအဖြစ် အသုံးပြုသည်။
ယခုအခါ နှစ်နိုင်ငံတို့သည် ပိုမိုနီးကပ်လာသည်။ ထိုသို့နီးကပ်လာခြင်းမှာ တရုတ်က တောင်းဆိုသောကြောင့် ဖြစ်ပြီး ဘေဂျင်းသည် ပါကစ္စတန်နှင့် မြန်မာအကြား လက်နက်အရောင်းအဝယ်တွင် ပွဲစားဖြစ်သည်ဟု ယူဆရသည်။
တရုတ်သည် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို လျှို့ဝှက်စွာ မြှင့်တင်နေသည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ပြောသည်။ ထိုလျှို့ဝှက် ပူးပေါင်းဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် ဘေဂျင်းသည် စစ်ကောင်သို့ လက်နက်ရောင်းရန် အစ္စလာမာဘတ်ကို ကြားခံအဖြစ် အသုံးပြုသည်။
ဘေဂျင်းသည် မြန်မာမှ နက်ရှိုင်းသော တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် စစ်ကောင်စီသို့ လက်နက်ရောင်းသည်ဟု အမြင်ခံရပါက ရင်ဆိုင်ရမည့် ဆန့်ကျင်မှုအတွက် စိုးရိမ်နေသည်။
မြန်မာမှ အာဏာသိမ်းမှုတွင် တရုတ် ပါဝင်ပတ်သက်နေသည်ဟု မြန်မာပြည်သူ အများအပြား ယုံကြည်သောကြောင့် အာဏာသိမ်းပြီးနောက် မြန်မာတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် ကြီးထွားလာသည်။ စစ်ကောင်စီကို ဘေဂျင်း မရှုတ်ချပါက တရုတ်ပစ္စည်းများကို သပိတ်မှောက်ရန်နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် မြန်မာမှ ရခိုင်ကို ဆက်သွယ်ထားသည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းများကို ဖောက်ခွဲရန် တောင်းဆိုမှုများ အာဏာသိမ်းပြီးနောက် မကြာမီမှာပင် ထွက်ပေါ်လာသည်။
မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို စစ်အာဏသိမ်းမှုဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများက မတိုက်ခိုက်စေရန် ဘေဂျင်းက NUG ကို တိုက်တွန်းထားသော်လည်း ယခုနှစ်အစောပိုင်းတွင် တော်လှန်ရေးအင်အားစုများသည် စစ်ကိုင်းတိုင်းမှ တရုတ်ကျောထောက်နောက်ခံပြု နီကယ်သန့်စင်စက်ရုံကို တိုက်ခိုက်ကြသည်။
လွန်ခဲ့သောနှစ်က အင်္ဂလန်အခြေစိုက် Jane’s International Defense Review နှင့် ဝါရှင်တန် အခြေစိုက် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) တို့က မြန်မာစစ်တပ်သည် ပစ်မှတ်များကို ရှာဖွေရန် တရုတ်လုပ် CH-3A မောင်းသူမဲ့လေယာဉ်များ သုံးနေသည်ဟု ဖော်ပြသည်။
စစ်ကောင်စီအနေဖြင့် ဒီမိုကရေစီသို့ ပြန်သွားရန် အများရှေ့တွင် ဘေဂျင်းက တိုက်တွန်းသည်။ သို့သော် တရုတ်သည် စစ်ကောင်စီသို့ လက်နက်ငယ်များ၊ ခဲယမ်းများ၊ CH-3 မောင်းသူမဲ့ လေယာဉ်များအပါအဝင် လက်နက်များကို လျှို့ဝှက် ဆက်လက် ထောက်ပံ့နေသည်ဟု ယူဆရသည်။
လွန်ခဲ့သောနှစ်က အင်္ဂလန်အခြေစိုက် Jane’s International Defense Review နှင့် ဝါရှင်တန် အခြေစိုက် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) တို့က မြန်မာစစ်တပ်သည် ပစ်မှတ်များကို ရှာဖွေရန် တရုတ်လုပ် CH-3A မောင်းသူမဲ့လေယာဉ်များ သုံးနေသည်ဟု ဖော်ပြသည်။
ဘေဂျင်းနှင့် အစ္စလာမာဘတ်၏ အကြံအစည်ကို ဖရိုဖရဲဖြစ်စေသည်မှာ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) က စစ်ကောင်စီကို ပိုမိုပြင်းထန်စွာ ဆန့်ကျင်တိုက်ခိုက်လာခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းပြီး PDF များသည် စစ်ကောင်စီတပ်များကို နေ့စဉ်နီးပါး တိုက်ခိုက်နေသည်။ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၀ ကျော်တွင် ထိုသို့သော တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်။
လွန်ခဲ့သောလ ဗိုလ်တထောင်ဘုရားတွင် ကျင်းပသည့် အခမ်းအနားက မြန်မာပြည်သူများအပေါ် တရုတ်က ချစ်ကြည်မှုဖြစ်ကြောင်း တရုတ်ဘက်က ထောက်ပြနိုင်သော်လည်း စစ်ကောင်စီထံ စစ်လက်နက်ပစ္စည်းများ လျှို့ဝှက်ပေးပို့နေပါက ထိုသို့သော အခမ်းအနားများသည် အရာရောက်မည် မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ ရန်နိုင်၏ Will China use Pakistan as a Proxy to Arm Myanmar Military? ကို ဘာသာပြန် ဖော်ပြသည်။ ရန်နိုင်သည် မြန်မာနှင့်တရုတ်ရေးရာ နိုင်ငံရေးသုတေသီ ၏ ကလောင်အမည်ဖြစ်သည်။)
You may also like these stories:
ပါကစ္စတန်မှာ လက်နက်ဝယ်ဖို့ မြန်မာစစ်တပ်ကို တရုတ်လမ်းကြောင်းနေသလား
ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်
မြန်မာကို ရှုတ်ချရန် တရုတ်ကို အမေရိကန်တိုက်တွန်း
နွေဦးတော်လှန်ရေးကြားက တရုတ်ကြေးနီစီမံကိန်း
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်