မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်

Marcus Brand
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူရန် ပြင်ဆင်နေချိန်တွင် အင်ဒိုနီးရှားနိုင်ငံသည် သမိုင်း၏ လမ်းဆုံလမ်းခွသို့ ရောက်နေချိန်ဖြစ်သည်။

အားလုံးအကြုံးဝင်သည့် ဒီမိုကရေစီရှိပြီး ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးသည့် နိုင်ငံဖြစ်ရန် မြန်မာနိုင်ငံ၏ ရုန်းကန်မှုတွင် အင်ဒိုနီးရှားနှင့် မိတ်ဆွေ အာဆီယံ အသင်းဝင်များအတွက် ရွေးချယ်စရာတခုရှိသည်။ ပြည်သူများနှင့် ၎င်းတို့၏ တရားဝင်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ပြီး စစ်မှန်သော ဒီမိုကရေစီ နိုင်ငံအဖြစ်ပြန်လည်တည်ဆောက်ရေး မြန်မာပြည်သူတို့၏ အားထုတ်မှုကို ထောက်ခံရန် သို့မဟုတ် စစ်တပ်၏ လုံးဝရက်စက်ကြမ်းကြုတ် အညှာတာကင်းမဲ့ အကြမ်းဖက်မှုဖြင့် တရားမဝင် လွှမ်းမိုးရန်နှင့် မအောင်မြင်နိုင်သည့် အလျှော့ပေးရန် တခုခုကို ရွေးချယ်ရမည်ဖြစ်သည်။ ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် အာဏာသိမ်းပြီးနောက်တွင် လူတသန်းကျော်ကို နေရပ်စွန့်ခွာ ထွက်ပြေးစေပြီး ထောင်နှင့်ချီသည့် ဒီမိုကရေစီကို ကာကွယ်သူများ၊ အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခံရသည်။

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ယခုနှစ်အစောပိုင်းက ရိုင်းစိုင်းစွာကွပ်မျက်ခြင်းနှင့် စစ်ကိုင်းတိုင်းမှ အခြေခံပညာကျောင်းတခုကို မကြာသေးမီက စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းတို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများ၏ ကြန်အင်လက္ခဏာများ ဖြစ်သည်။

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ယခုနှစ်အစောပိုင်းက ရိုင်းစိုင်းစွာကွပ်မျက်ခြင်းနှင့် စစ်ကိုင်းတိုင်းမှ အခြေခံပညာကျောင်းတခုကို မကြာသေးမီက စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းတို့သည် နိုင်ငံတကာ သတင်းဖြစ်လာသည့် ဥပမာများဖြစ်သော်လည်း ထိုဖြစ်ရပ်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများ၏ ကြန်အင်လက္ခဏာများ ဖြစ်သည်။ တရားမဝင် စစ်အာဏာသိမ်းမှုများသည်ပင် ပုံမှန်အခြေအနေကို အလျင်အမြန် ပြန်လည်ထိန်းသိမ်းကာ အောင်မြင်ပြီး လူထု ထောက်ခံမှုကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်အများစုက တခါတရံလက်ခံလေ့ရှိသည်။

သို့သော် မြန်မာနိုင်ငံတွင် ထိုသို့မဟုတ်ဘဲ သိန်းပေါင်းများစွာသော နိုင်ငံဝန်ထမ်းများ သပိတ်မှောက်နေပြီး စစ်တပ်က ၎င်းတို့ဘာသာ ၎င်းတို့ အရှင်သခင်များဟု သတ်မှတ်ထားသူများ၏ ညွှန်ကြားချက်များကို နာခံရန် ဝန်ထမ်းများက ငြင်းဆန်နေသည်။ လူသန်းပေါင်းများစွာကလည်း လမ်းမပေါ် ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်ကြပြီး စင်ပြိုင်အစိုးရ အဖွဲ့အစည်းများကို ထောက်ပံ့ရန် ရန်ပုံငွေရှာကြသလို လက်နက်ကိုင်ခုခံကာကွယ်ရေး တပ်များသို့လည်း ဝင်ရောက်ကြသည်။

ယခုစစ်အာဏာသိမ်းမှုသည် စစ်တပ်ကတိုင်းပြည်ကို နှစ်ပေါင်းများစွာ အငြင်းပွားဖွယ် အုပ်ချုပ်ပြီး ချမှတ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရုံသာမက နိုင်ငံတံခါးဖွင့်ထားသည့် ဆယ်စုနှစ် တခုကျော်ကြာအတွင်း ရရှိထားသည့် ထိုဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပေါ်ယံ တရားဝင်မှု မျက်နှာဖုံးကိုပါ ခွာချလိုက်သည်။

စစ်တပ်ကို အထူးအခွင့်အရေးပေးပြီး တချက်လွှတ်အာဏာကို ပေးသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဥပဒေကြောင်းအရ၊ နိုင်ငံရေးအရ သေဆုံးသွားပြီ ဖြစ်သည်။ စစ်တပ်သည် ထိရောက်သော ထိန်းချုပ်မှု လုပ်နိုင်သည်ဟု ကြွေးကြော်နိုင်ခြင်း မရှိပေ။

စစ်တပ်ကို အထူးအခွင့်အရေးပေးပြီး တချက်လွှတ်အာဏာကို ပေးသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဥပဒေကြောင်းအရ၊ နိုင်ငံရေးအရ သေဆုံးသွားပြီ ဖြစ်သည်။ စစ်တပ်သည် ထိရောက်သော ထိန်းချုပ်မှု လုပ်နိုင်သည်ဟု ကြွေးကြော်နိုင်ခြင်း မရှိပေ။

အင်ဒိုနီးရှား ရှေ့နေနှင့် နိုင်ငံရေးသမား မာဇူကီ ဒါရပ်စ်မင် ပါဝင်သည့် လူ့အခွင့်အရေး ကျွမ်းကျင်သူများအဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးအဖွဲ့ကလည်း မြန်မာစစ်တပ်သည် နိုင်ငံပိုင်နက်၏ ၁၇ ရာခိုင်နှုန်းကိုသာ ထိထိရောက်ရောက် ထိန်းချုပ်နိုင်တော့ကြောင်း၊ ကျန်ဒေသများတွင် လက်နက်ကိုင်အမျိုးမျိုးနှင့် အားပြိုင်နေရပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လွတ်မြောက်နယ်မြေများဖြစ်နေကြောင်း မကြာသေးမီက ကောက်ချက်ချခဲ့သည်။

တချိန်တည်းတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ထိုက်တန်စွာ ရွေးကောက်ခံခဲ့သော လွှတ်တော် ကိုယ်စားလှယ်များသည်လည်း အခြားပါတီများ၊ လူမှုအခြေပြုအဖွဲ့များနှင့် စစ်အုပ်ချုပ်ရေး ဆန့်ကျင် ကန့်ကွက်သူများနှင့်သာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့်ပါ ပူးပေါင်းကာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီနှင့် NUG အပါအဝင် အဖွဲ့အစည်းများကို ဖွဲ့စည်းခဲ့ကြသည်။

ဝန်ကြီးအဆင့်တွင် အများအားဖြင့် အွန်လိုင်းမှသာ လုပ်ဆောင်သော်လည်း လွတ်မြောက်ဒေသ တစိတ်တပိုင်းကို စီမံအုပ်ချုပ်သော NUG သည် မြန်မာ့သမိုင်းရှိ အစိုးရများတွင် လူမျိုးစုံအများဆုံး ပါဝင်သော အစိုးရဖြစ်သည်။ NUG တွင် အမျိုးမျိုးသော ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် နိုင်ငံရေးနောက်ခံ ရှိသူများသာမက လူထုအခြေပြု အဖွဲ့အစည်းများလည်း ပါဝင်သည်။

NUG က အဓိက အာရုံစိုက်သောကိစ္စမှာ စစ်တပ်မှ အာဏာအလွဲသုံးစား လုပ်သူများကို တရားဝင်ခွင့် မပေးရေး၊ တနိုင်ငံလုံးကျယ်ပြန့်လာသည့် မြေအောက်ပညာရေးစနစ်မှ အခြေခံ ဝန်ဆောင်မှုများကို တတ်နိုင်သမျှပေးရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အတွက် လမ်းကြောင်းချရေး ဖြစ်သည်။

NUG က အဓိက အာရုံစိုက်သောကိစ္စမှာ စစ်တပ်မှ အာဏာအလွဲသုံးစား လုပ်သူများကို တရားဝင်ခွင့် မပေးရေး၊ တနိုင်ငံလုံးကျယ်ပြန့်လာသည့် မြေအောက်ပညာရေးစနစ်မှ အခြေခံ ဝန်ဆောင်မှုများကို တတ်နိုင်သမျှပေးရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အတွက် လမ်းကြောင်းချရေး ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်၏ တိုက်ခိုက်မှုများမှ ထွက်ပြေးနေရသူများ

ကွဲပြားများပြားစုံလင်သည့် ပြည်သူ့ညီလာခံမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ချမှတ်ခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်သည် တရားဥပဒေစနစ်သစ်အတွက် အခြေခံကို ဖန်တီးပေးသည်။ ထိုစနစ်သည် လွန်စွာ ဗဟိုချုပ်ကိုင်မှု မရှိသည့် ဖက်ဒရယ်စစ်၊ စစ်မှန်ပြည့်ဝသည့် ဒီမိုကရေစီနှင့် လက်နက်ကိုင်တပ်များကို အရပ်သားများက ထိန်းချုပ်ရေးနှင့် ခွဲခြားဆက်ဆံမှုမရှိသည့် လူ့အခွင့်အရေးအပေါ် ခိုင်မာသော ကတိကဝတ်တို့အပေါ် အခြေခံသည်။ အုပ်စုအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်သော အားလုံးအကျုံးဝင်သည့် တိုင်းပြုပြည်ပြု လွှတ်တော်သည် စစ်တပ်ထံမှ အာဏာပြန်လည်ရရှိသည်နှင့် တပြိုင်နက် တာဝန်များကို စတင်ထမ်းဆောင်တော့မည် ဖြစ်သည်။

ရိုဟင်ဂျာ လူမှုအသိုက်အဝန်းနှင့် မကြာခဏ ဖိနှိပ်ခံရသော မြန်မာမွတ်ဆလင် အသိုက်အဝန်းအတွက် ထိုသို့သော အားလုံးအကျုံးဝင်သည့် လူမှုစနစ် တည်ဆောက်ရေးသည် မျိုးဆက်ပေါင်းများစွာအတွင်း အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ လူမျိုးစရိုက်လက္ခဏာကွဲပြားမှုကို လူမျိုးတုံးသတ်ဖြတ် ငြင်းပယ်ကာ ကိုးကွယ်ယုံကြည်မှုများအကြား ရန်မီးမွေးပေးခြင်းကို အားကိုးနေသည့် စစ်အုပ်ချုပ်ရေးအောက်တွင် ထိုအခွင့်အလမ်းများ ပေါ်မလာမည်မှာ သေချာသည်။

ရိုဟင်ဂျာများအတွက် တရားမျှတမှု ရှာဖွေနေသူ မည်သူမဆိုအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။

NUG သည် ရိုဟင်ဂျာတို့၏ ဆိုးရွားလှသော ကံကြမ္မာကို လူသိရှင်ကြား အသိအမှတ်ပြုထားပြီး နိုင်ငံတကာ ရာဇဝတ်မှုအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ၏ စီရင်ပိုင်ခွင့်ကို လက်ခံကာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများရှိ ညစ်ပတ်စုတ်ပြတ်နေသည့် စခန်းများမှ ရိုဟင်ဂျာများ သိက္ခာရှိစွာ ပြန်လာပြီး လူ့အဖွဲ့အစည်းတွင် အပြည့်အဝ ပေါင်းစည်းရေးကိုလည်း ကတိပြုထားပြီးဖြစ်သည်။ ရိုဟင်ဂျာများအတွက် တရားမျှတမှု ရှာဖွေနေသူ မည်သူမဆိုအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။

စစ်ကောင်စီ၏ လုပ်ဇာတ်များကို လက်ခံခြင်းနှင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အချိုးကျ ကိုယ်စားပြု လေ့ကျင့်ခန်း ရွေးကောက်ပွဲအတုတွင် ပါဝင်ပတ်သက်ခြင်းသည် မြန်မာပြည်သူများကို ဗြောင်ကျကျ သစ္စာမဲ့မှုတွင် ပါဝင်ကာ အာဆီယံ ပဋိညာဉ် စာတမ်းပါ တရားဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ စနစ်ကို အားပေးရေး ကတိကဝတ်များကို သေလောက်အောင် ထိုးနှက်ပြီး ၂၀၂၅ ခုနှစ်နှင့် အာဆီယံ လူမှုအသိုက်အမြုံ ရည်မှန်းချက်တွင် ဖော်ပြထားသည့် ပြည်သူအားလုံး လူ့အခွင့်အရေးနှင့် အခြေခံ လူ့အခွင့်အရေးများ ခံစားနိုင်သည့် စည်းမျဉ်းအခြေခံ၊ လူထုဦးတည် ပြည်သူဗဟိုပြု လူ့အဖွဲ့အစည်း တည်ထောင်မည်ဆိုသည့် ပြောဆိုချက်များကိုလည်း ချိုးဖောက်ရာရောက်သည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမှ စာသင်ခန်း / AFP

လွန်ခဲ့သောနှစ် ဧပြီလက ဂျကာတာတွင် အာဆီယံက ချမှတ်သည့် မရောင်ရာဆီလူး ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရန် မလိုကြောင်း စစ်တပ်ခေါင်းဆောင်များက ၎င်းတို့၏ လုပ်ရပ်များ၊ ကြေညာချက်များဖြင့် အတိအလင်း ဖော်ပြထားပြီး ဖြစ်သည်။ ထိုပုံသေနည်းပါ အကြောင်းအရာများမှာ ဒီမိုကရေစီသို့ အလျင်အမြန် ပြန်သွားရေးအတွက် အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးပွဲများကျင်းပရေး ဖြစ်ပြီး ထိုကိစ္စသည် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း စစ်ကောင်စီက သူ့အိမ်စာသူလုပ်ပြီး ထိုအချက်များကို လိုက်နာရန် လိုသည်။

စစ်ကောင်စီသည် ဆန့်ကျင်ဘက်များကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၈၀ ရာခိုင်နှုန်းအနိုင်ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၂ မှုဖြင့်စွပ်စွဲပြီး ထောင် ၂၃ နှစ်အထိချကာ နိုင်ငံရေးနယ်ပယ်မှ ပျောက်ကွယ်အောင်လုပ်သည်။ ထို့ကြောင့် စစ်ကောင်စီသည် မည်သည့် ဆုလာဘ်မျှ မရသင့်ပေ။

အင်ဒိုနီးရှားနိုင်ငံသည် စိတ်တူကိုယ်တူ နိုင်ငံများနှင့် ပေါင်းစည်းပြီး နေပြည်တော်မှ စစ်ကောင်စီတွင် အနာဂတ် မရှိကြောင်းနှင့် မြန်မာပြည်သူများ၏ စစ်မှန်သော ဒီမိုကရေစီနှင့် အားလုံးအကျုံးဝင်သော ငြိမ်းချမ်းရေးကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားရာတွင် ဦးဆောင်ရတော့မည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ သက်တမ်းရှည်ကြာပြီဖြစ်သော ဝင်ရောက်မစွက်ဖက်ရေးမူနှင့် အာဆီယံကို ဗဟိုပြုခြင်းသည် မြန်မာအကျပ်အတည်းကို ဖြေရှင်းရာတွင် ထိရောက်သော ကိရိယာနှင့် အားသာချက်ဖြစ်သည်။ သို့သော် ဗြောင်ကျသည့် မတရားမှုတွင် တိတ်ဆိတ်စွာ ကြားနေပြီး ဖိနှိပ်သူများဘက်က လိုက်ခြင်းနှင့် အာဆီယံတွင် အဆင့်အနိမ့်ဆုံး ပိုင်းခြေနှင့် ပေါင်းစည်းခြင်းသည် အာဆီယံအသင်း၏ ဖော်ပြထားသော စည်းမျဉ်းများအတွက် တရားမျှတမှုကို ဖြစ်စေမည် မဟုတ်ပေ။

အင်ဒိုနီးရှားနိုင်ငံသည် စိတ်တူကိုယ်တူ နိုင်ငံများနှင့် ပေါင်းစည်းပြီး နေပြည်တော်မှ စစ်ကောင်စီတွင် အနာဂတ် မရှိကြောင်းနှင့် မြန်မာပြည်သူများ၏ စစ်မှန်သော ဒီမိုကရေစီနှင့် အားလုံးအကျုံးဝင်သော ငြိမ်းချမ်းရေးကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားရာတွင် ဦးဆောင်ရတော့မည် ဖြစ်သည်။ မြန်မာပြည်သူများသည် အင်ဒိုနီးရှား ဦးဆောင်မှုအောက်မှ အာဆီယံကို မျှော်လင့်နေသော်လည်း နယ်စပ်များကို ဖြတ်ကျော်ကာ ပြင်းထန်သော အကျိုးဆက်များဖြစ်စေမည့် မြန်မာမှ အတွင်းပိုင်း ပေါက်ကွဲမှု သို့ဟုတ် ပြိုကွဲမှုကို ကာကွယ်ရန် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း နားလည်ထားကြသည်။

(Jakarta Post ပါ Marcus Brand ၏ Indonesia’s choice to stand on the right side of history in Myanmar ကို ဘာသာပြန် ဖော်ပြသည်။ Marcus Brand သည် မြန်မာမှ International Institute for Democracy and Electoral Assistance [IDEA] အကြီးအကဲဖြစ်သည်။)

You may also like these stories :

နောက်ထပ်ကွပ်မျက်မှု မလုပ်ရန် မြန်မာကို ASEAN သတိပေး

မြန်မာ့အခြေအနေ ပိုဆိုးလာ၊ အားထုတ် လုပ်ကိုင်ရန် လိုကြောင်း ကုလသမဂ္ဂနှင့် ASEAN ပြော

NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို

အထူးသံတမန်ခန့်အပ်ခြင်းဖြင့် အာဆီယံကို အလေးထားကြောင်း ဘိုင်ဒင်ပြသ

မြန်မာအကျပ်အတည်းက အာဆီယံကို စိန်ခေါ်နေ

Loading