စစ်ကောင်စီကို ရခိုင်တန်ပြန်စစ်ဆင်မှုနှင့် လားရာ

ကျော်ဆန်းလှိုင်
၂၀၂၀ ခုနှစ်အတွင်းက တွေ့ရသည့် AA တပ်ဖွဲ့ဝင်တဦး / ဧရာဝတီ

ပြီးခဲ့သည့်နှစ် အာဏာသိမ်းမှု မတိုင်မီ မြန်မာစစ်တပ်က တရားဝင်ထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်က ရှိနေဆဲဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများက ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားလာခဲ့သည်။

အာဏာသိမ်းမှုကြောင့် ဖြစ်လာခဲ့ရသည့် တနိုင်ငံလုံးအနှံ့ ပြည်တွင်းစစ်ဖြစ်မှု၏ အခြေအနေအောက်တွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာနေပြီး ရခိုင်ပြည်နယ်အတွင်း ဒေသဆိုင်ရာ ပြည်တွင်းပဋိပက္ခအဖြစ် ရှုမြင်နိုင်ခဲ့ကြသည့် ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် မတူဘဲ ယင်း၏အကျိုးဆက်များက ပြည်နယ်နယ်နိမိတ်ကို များစွာကျော်လွန်၍ ပျံ့နှံ့လာလျက် ရှိနေသည်။

အချုပ်ဆိုရလျှင် ရခိုင်ပြည်နယ်တွင် တကြော့ပြန်စစ်ပွဲများ ဖြစ်ပွားလာခြင်းက မိမိတို့ကိုယ်ကို “နွေဦးတော်လှန်ရေး” ဟု ဖော်ကျူးထားသည့် ခုခံတော်လှန်မှု၏ အနာဂတ်နှင့် ချိတ်ဆက်လည်ပတ်မှုတခု ဖြစ်လာနိုင်သည်။ ထို့ကြောင့်ပင် ၎င်း၏တိုးတက်ဖြစ်ပေါ်မှုကို အနီးကပ်စောင့်ကြည့်ကြရန် လိုအပ်သည်။

ရခိုင်လက်နက်ကိုင် တော်လှန်ပုန်ကန်မှုက ကျဲပါးစွာဖြန့်ကြက်ချထားသည့် စစ်အုပ်စု၏ မြေပြင်တပ်ဖွဲ့များအပေါ် ဖိအားများ တိုးမြင့်ကျရောက်လာစေခဲ့ပြီး ကျယ်ပြန့်စွာ ဖြန့်ကြက်နေရာယူထားကြသည့် ပြည်တွင်းခုခံတော်လှန်သူများကို ရင်ဆိုင်ရာတွင် အာဏာသိမ်းစစ်ဗိုလ်ချုပ်များအဖို့ လက်နက်ကြီးများ၊ လေကြောင်းမှ တိုက်ခိုက်မှုများနှင့် ရေယာဉ်တင် အမြောက်ကြီးများအား မဖြစ်မနေသုံးစွဲရန် ဖြစ်လာစေခဲ့သည်။

ထိုစဉ်အတောအတွင်း ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် အင်အားများ ဆက်လက်တိုးပွားလာလျက် ရှိနေခဲ့သည်။ AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြန်မာစစ်တပ်၏ တပ်စခန်းအများအပြားကို ဖယ်ရှားပစ်ခဲ့ပြီး ခုခံတော်လှန်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပံ့ပိုးကူညီခဲ့သည်။ ထို့ပြင် နိုင်ငံအရှေ့ဘက်ရှိ ၎င်း၏အစဉ်အလာ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်ခြင်းအားဖြင့် အာဏာသိမ်းဗိုလ်ချုပ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို လျင်မြန်သိသာစွာ ပြင်းထန်လာစေခဲ့သည်။

AA ၏ အမျိုးသားတော်လှန်ရေး လှုပ်ရှားမှုနှင့် ချိတ်ဆက်မှု တိုးချဲ့လာခဲ့ခြင်းက ရခိုင်ပြည်နယ်တွင် စစ်တပ်အတွက် အဓိက စိုးရိမ်ပူပန်မှုဖြစ်နေကြောင်း သံသယရှိစရာမလိုဘဲ မကြာသေးမီလများက ယင်းဒေသအတွင်း တပ်ဖွဲ့များ တိုးမြှင့်ချထားမှုနှင့် တင်းမာမှုများကို မြင့်တက်လာစေခဲ့ခြင်းတို့က ဖော်ပြနေကြသည်။

AA က နိုင်ငံတဝန်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားအား လေ့ကျင့်သင်ကြားပေးခဲ့ပြီး နည်းပညာ အထောက်အကူနှင့် လက်နက်များ ပံ့ပိုးပေးခဲ့ကာ ယခင်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပေါ် ထောက်ခံမှုကလည်း စစ်အုပ်စု၏ အုပ်ချုပ်မှုအပေါ် ရန်လိုမုန်းတီးမှုရှိကြောင်း ကြေညာထားမှုနှင့်အတူ ယခုအခါ AA ၏ ပွင့်လင်းမြင်သာသည့် မူဝါဒ ဖြစ်လာခဲ့သည်။

AA က နိုင်ငံတဝန်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားအား လေ့ကျင့်သင်ကြားပေးခဲ့ပြီး နည်းပညာ အထောက်အကူနှင့် လက်နက်များ ပံ့ပိုးပေးခဲ့ကာ ယခင်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပေါ် ထောက်ခံမှုကလည်း စစ်အုပ်စု၏ အုပ်ချုပ်မှုအပေါ် ရန်လိုမုန်းတီးမှုရှိကြောင်း ကြေညာထားမှုနှင့်အတူ ယခုအခါ AA ၏ ပွင့်လင်းမြင်သာသည့် မူဝါဒ ဖြစ်လာခဲ့သည်။

တိုက်ပွဲ ဖြစ်စဉ်မှတ်တမ်း

ဇွန်လ အစောပိုင်းက နေပြည်တော်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ တက်ရောက်ရန် စစ်ကောင်စီ၏ ဖိတ်ကြားမှုကို AA က ပယ်ချခဲ့ပြီးနောက် စစ်တပ်က ရခိုင်ပြည်နယ်အနှံ့ ၎င်းတို့၏ တပ်ဖွဲ့များကို စတင် အင်အားဖြည့်တင်းလာခဲ့သည်။ ဇွန်လ ၁၃ ရက်နေ့က လာရောက်ခဲ့သည် ရခိုင်ခရီးစဉ်အတွင်း စစ်ကောင်စီ ဒုတိယအကြီးအကဲက တပ်သားများအား “တိုက်ပွဲဝင်မှုအတွက် အချိန်မရွေး အသင့်ရှိကြရန်” ညွှန်ကြားခဲ့သည်။

ထို့နောက် များမကြာမီပင် မြောက်ဦး၊ စစ်တွေ၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့များတွင် AA နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရသူများကို စစ်ကောင်စီက စတင်ဖမ်းဆီးခဲ့ပြီး အဆိုပါမြို့များ၏ ထွက်ပေါက်များကို ပိတ်ဆို့ကာ AA နှင့် ၎င်း၏နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ညီညွတ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ULA) အဖွဲ့ဝင်များကို ရှာဖွေရန်၊ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် နေအိမ်များကို ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စစ်တွေမြို့အဝင် ကျောက်တန်းစစ်ဆေးရေးဂိတ် / ရခိုင်တိုင်မ်းသတင်းဌာန

ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေရှိ AA တပ်စခန်းတခုကို စစ်အုပ်စုက ဇူလိုင်လအတွင်း လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် လက်နက်ကိုင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း AA တပ်ဖွဲ့ဝင် အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အထည်ချုပ်စက်ရုံနှင့် ဆေးပေးခန်းတို့လည်း ပျက်စီးသွားခဲ့ရသည်။ နောက်ထပ် ၁၂ ရက်အကြာတွင် AA က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားလေးဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ တပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်းကို ဖမ်းဆီးရမိခဲ့သည်။ ထို့နောက်ပိုင်း ရခိုင်ပြည်နယ်တဝန်း၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နှင့် အခြားနေရာများတွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် AA က ရခိုင်လူထုကို စစ်အုပ်စု၏တပ်စခန်းများ၊ နယ်ခြားစောင့် ရဲကင်းစခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် ဝေးဝေးရှောင်နေကြရန်၊ အသက်အန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများအတွက် ခရီးသွားလာရန် လိုအပ်ပါက သက်ဆိုင်ရာ AA နှင့် ULA ရုံးများသို့ ကြိုတင်အကြောင်းကြားကြရန် တိုက်တွန်းခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း မြစ်ချောင်းများ သို့မဟုတ် အဝေးပြေး လမ်းများပေါ်တွင် သွားလာနေကြသည့် ယာဉ်များအားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း AA က နောက်ထပ် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက် ချက်ချင်းပင် ရခိုင်ပြည်နယ်အနှံ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးသင်္ဘောများ သွားလာမှု ရပ်တန့်သွားခဲ့သည်။ မကြာသေးမီက ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းရှိ ရသေ့တောင်မြို့နယ်အတွင်း ကုန်းလမ်းနှင့် မြစ်ကြောင်းသွားလာမှုများ အားလုံးကို စစ်တပ်က ပိတ်ဆို့တားဆီးလိုက်သည်။

ရခိုင်စစ်ပွဲ အဆင့်သစ်သို့ ဝင်ရောက်လာခြင်း

ရခိုင်ပြည်နယ်အတွင်း တကြော့ပြန်စစ်ပွဲများ ဖြစ်ပွားလာမှုက ယခင် ၂၀၁၈-၂၀၂၀ ပြည့်နှစ် ကာလများက ပဋိပက္ခများနှင့် နှိုင်းယှဉ်လျှင် မြေပြင်အနေအထား၊ စစ်ဆင်ရေးပုံစံ၊ စိတ်ဓာတ် အဆင့်အတန်းများနှင့် ပြင်ပအကြောင်းအချက်များ စသည်တို့တွင် ကွဲပြားခြားနားလျက် ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း တကြော့ပြန်စစ်ပွဲများ ဖြစ်ပွားလာမှုက ယခင် ၂၀၁၈-၂၀၂၀ ပြည့်နှစ် ကာလများက ပဋိပက္ခများနှင့် နှိုင်းယှဉ်လျှင် မြေပြင်အနေအထား၊ စစ်ဆင်ရေးပုံစံ၊ စိတ်ဓာတ် အဆင့်အတန်းများနှင့် ပြင်ပအကြောင်းအချက်များ စသည်တို့တွင် ကွဲပြားခြားနားလျက် ရှိနေသည်။

ယခင်က ရခိုင်ပြည်နယ်အတွင်းရှိ နေရာဒေသများနှင့် လူထုများအတွက် စစ်တပ်နှင့် AA တို့အကြား လက်နက်ကိုင် တိုက်ပွဲများက အလွန်ပင် အသစ်အဆန်း ဖြစ်နေခဲ့ပြီး ထိုအချိန်ကာလက ကိုးကန့်ဒေသ၊ ရှမ်းပြည်မြောက်ပိုင်းနှင့် အခြားနေရာများတွင် ယခင်က ရရှိခဲ့သည့် အောင်ပွဲများကြောင့် မြန်မာစစ်သားများအဖို့ စိတ်ဓာတ်မြင့်မားနေခဲ့ကြသည်။

ထို့ပြင် AA ၏ စစ်ရေးအစီအစဉ်ကို ရခိုင်လူထုအကြား ထောက်ခံမှုများ တိုးလာနေခဲ့သော်လည်း အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (CNA) တွင် ပါဝင် လက်မှတ်ရေးထိုး ထားခဲ့ကြသည့်အတွက် AA တပ်ဖွဲ့ဝင်များမှာ စစ်တပ်ကို ၎င်းတို့တဖွဲ့တည်း အနေဖြင့်သာ တိုက်ခိုက်နေခဲ့ရသည်။

ပြင်ပအကြောင်းအချက်တခုမှာ ထိုနှစ်ကာလများအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အစိုးရ၏ အကြီးအကဲအဖြစ် တာဝန်ယူနေခဲ့စဉ် AA ကို တိုက်ခိုက်ရန် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယခု အကျဉ်းကျခံနေရသည့် အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း စစ်တပ်မှ တပ်ဖွဲ့ဝင်စစ်သားများကို ချီးကျူးဂုဏ်ပြုသည်အထိပင် လုပ်ဆောင်ပြခဲ့သည်။

ထိုအချိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ရာထူးများကို ရယူထားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က AA သည် တနိုင်ငံလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အနှောင့်အယှက် ပြုနေပြီး ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသည့် မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကို ဖန်တီးနေသည်ဟု သွယ်ဝိုက်ပြောဆိုခဲ့သည်။

ယနေ့အချိန်တွင် စစ်တပ်က ရခိုင်ပြည်သူလူထုအကြား ပုန်းအောင်းလှုပ်ရှားနေသည့် AA တိုက်ခိုက်ရေးသမားများကို ပစ်မှတ်ထားလျက် ယခင်ကထက် ပို၍ ရက်စက်ကြမ်းကြုတ်မှု၊ ဖျက်ဆီးမှုများဖြင့် တိုက်ခိုက်မှုများကို ပြုလုပ်လျက် ရှိနေသည်။ ယခုအကြိမ် တိုက်ပွဲများအတွင်း စစ်တပ်က နိုင်ငံ၏ အလယ်ပိုင်းနှင့် အနောက်မြောက်ဘက်ပိုင်းရှိ မြို့ကြီးများ၊ မြို့များနှင့် ကျေးရွာများတွင် စစ်ဆင်ရေးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ လုယက်ခြင်းနှင့် သတ်ဖြတ်ခြင်းများဖြင့် အထင်အရှား ပုံဖော်လျက်ရှိနေခဲ့သည်။

အမျိုးသားညီညွတ်ရေးအတွက် ရခိုင်တို့၏ အစီအစဉ်

ရခိုင်ပြည်နယ် လက်နက်ကိုင်နိုင်ငံရေး၏ ဖြစ်ထွန်းမှုများက နိုင်ငံ၏ အခြားဒေသများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် သိသိသာသာ ကွဲပြားနေသည်။ ရခိုင်ပြည်နယ်တွင် အခြားသော ပြည်တွင်းဒေသဆိုင်ရာ စစ်ပွဲများနှင့်မတူဘဲ ULA ခေါင်းဆောင်ပိုင်းက စစ်တပ်အပေါ် ကျယ်ပြန့်သည့် ဆန့်ကျင်မှုများ ဖော်ဆောင်ရာတွင် အံဝင်ခွင်ကျဖြစ်စေမည့် ထူးခြားသည့် အမျိုးသားနိုင်ငံရေးပန်းတိုင်ကို“ရက္ခိတလမ်းစဉ်” အတွေးအခေါ်ဖြင့် လမ်းညွှန်ထားသည့် မြန်မာကွန်ဖက်ဒရေးရှင်း သို့မဟုတ် မြန်မာပြည်နယ်များ သမဂ္ဂပုံစံကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုထားခဲ့သည်။

အခြားတဘက်တွင် စစ်တပ် ခေါင်းဆောင်ပိုင်းက ရခိုင်ပြည်နယ်၏ အခြေအနေကို အခြားနိုင်ငံရေး လှုပ်ရှားမှုများမှ သီးခြားကွဲထွက်နေသည့် ပြည်တွင်း တော်လှန်ပုန်ကန်မှုသာမက ဘင်္ဂလားဒေ့ရှ်မှ လှုံ့ဆော်ပေးသည့် မွတ်ဆလင်ဂျီဟတ် ခြိမ်းခြောက်မှုလည်း ပါဝင်နေသော နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ကာလရှည်ကြာ မှတ်ယူထားခဲ့သည်။ ထို့ကြောင့် ပထဝီဝင်အနေအထားအရ ရခိုင်ဒေသကို သီးခြားခွဲထုတ်၍ အမြင့်ဆုံး ချုပ်ကိုင်ထားနိုင်ရန် ကြိုးပမ်းခဲ့သည်။

အခြားတဘက်တွင် စစ်တပ် ခေါင်းဆောင်ပိုင်းက ရခိုင်ပြည်နယ်၏ အခြေအနေကို အခြားနိုင်ငံရေး လှုပ်ရှားမှုများမှ သီးခြားကွဲထွက်နေသည့် ပြည်တွင်း တော်လှန်ပုန်ကန်မှုသာမက ဘင်္ဂလားဒေ့ရှ်မှ လှုံ့ဆော်ပေးသည့် မွတ်ဆလင်ဂျီဟတ် ခြိမ်းခြောက်မှုလည်း ပါဝင်နေသော နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ကာလရှည်ကြာ မှတ်ယူထားခဲ့သည်။ ထို့ကြောင့် ပထဝီဝင်အနေအထားအရ ရခိုင်ဒေသကို သီးခြားခွဲထုတ်၍ အမြင့်ဆုံး ချုပ်ကိုင်ထားနိုင်ရန် ကြိုးပမ်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈-၂၀၂၀ ပြည့်နှစ်များအတွင်း လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ရဲတပ်ဖွဲ့ဝင်များ အမြောက်အမြား ချထားခြင်းဖြင့် သီးခြားအထီးကျန် ဖြစ်နေစေခဲ့ပြီး ဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံအနှံ့အပြား၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည့်အခါ အတိုက်အခံ လှုပ်ရှားမှုအတွင်း ပါဝင်လာမှုကို ဟန့်တားနိုင်ရေး စစ်အုပ်စုက ရခိုင်ဒေသကို သီးခြားခွဲထုတ်ရန် နောက်ထပ်အစီအမံများ လုပ်ဆောင်လာခဲ့သည်။

အာဏာမသိမ်းခင် အချိန်အတွင်း စစ်တပ်က AA နှင့် အလွတ်သဘော အပစ်အခတ်ရပ်စဲရေးကို ရယူထားခဲ့ပြီး ရခိုင်လူထု၏ မျက်နှာသာပေးမှု ရရှိနိုင်ရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားနိုင်ရန် ၁၈ လကြာ အင်တာနက် ဖြတ်တောက်ထားမှုကို အဆုံးသတ်လျက် ပြန်လည်ဖွင့်ပေးခဲ့ကာ အာဏာသိမ်းပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ (ANP) ၏ ခေါင်းဆောင်ပိုင်းအတွက် စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့အတွင်း ရာထူးတနေရာရယူရန် ကမ်းလှမ်းခဲ့သည်။

ထို့နောက် ရခိုင်အမျိုးသားရေး နိုင်ငံရေးသမား ဒေါက်တာ အေးမောင်နှင့် ရခိုင်စာရေးဆရာ ကိုဝေဟင်အောင် တို့အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင်လည်းကောင်း၊ AA တပ်ဖွဲ့ အကြီးအကဲ၏ မိသားစုဝင်များကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင်လည်းကောင်း ချုပ်နှောင်ထားရာမှ ပြန်လည်လွှတ်ပေးခဲ့သည်။

နှစ်ဘက်စလုံးက အပစ်အခတ်ရပ်စဲရေး အဆုံးသတ်သွားကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာခြင်း မပြုကြသော်လည်း လက်ရှိဖြစ်နေသည့် တိုက်ပွဲများက ရခိုင်ပြည်နယ်တွင် ယခင်က ဖြစ်ပွားခဲ့သည်ထက် သို့မဟုတ် ယခုအခါ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများထက် ပို၍ ပြင်းထန်နေသည်။

သဘောတူညီချက်မရှိသည့် အပစ်အခတ်ရပ်စဲရေး

စစ်အုပ်စုနှင့် ULA ခေါင်းဆောင်ပိုင်းတို့ကြား ရှိနေသည့် အပစ်အခတ်ရပ်စဲရေးသည် ၁၉၉၀ ပြည့်နှစ်များအတွင်းက အဆုံးသတ်သွားခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား ရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးများနှင့် တူညီခြင်း မရှိပေ။

အဆိုပါ သဘောတူညီချက်များက ထိုအချိန်ကရှိခဲ့သည့် စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှစ်ဘက်လုံးအတွက် အကျိုးကျေးဇူးများ ရရှိစေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် မတူညီသည့် အတိုင်းအတာဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီးပွားရေး အခွင့်အလမ်းများနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်ခွင့်များ အသီးသီး ရရှိခဲ့ကြသည်။

အပြန်အလှန်အားဖြင့် ၎င်းတို့က မြန်မာနိုင်ငံ၏ ဗဟိုကျသည့်ဒေသများရှိ ဗမာလူထု၏ ဒီမိုကရေစီလှုပ်ရှားမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်၊ တိုက်ခိုက်ရေးသမားများအား လေ့ကျင့်ပေးမှုနှင့် စစ်တပ်ကို တိုက်ခိုက်ခြင်းများအား ရပ်တန့်ရန်တို့ကို ကတိပြုခဲ့ကြသည်။

ထိုသဘောတူညီမှုများနှင့် ဆန့်ကျင်ကွဲပြားစွာပင် ရခိုင်ပြည်နယ်တွင် ရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးက အပြန်အလှန်ယုံကြည်မှု မရှိခြင်းကြောင့် တရားဝင်ဖြစ်မလာခဲ့ဘဲ နှစ်ဘက်အကြား ရန်လိုမုန်းထားမှုများ လျော့ပါးသွားစေရန် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ကြခြင်း မရှိပေ။ အမှန်တကယ်တွင် အပစ်အခတ်ရပ်စဲရေး ရှိနေခဲ့သော်လည်း AA နှင့် စစ်တပ်တို့အကြား ကွက်ကြားပြတ်တောင်း ထိပ်တိုက်ထိတွေ့မှုများနှင့် အကြမ်းဖက် လက်တုံ့ပြန်တိုက်ခိုက်မှုများက မည်သည့်အခါကမျှ ရပ်တန့်သွားခဲ့ခြင်း မရှိချေ။

ယနေ့ ရခိုင်ပြည်နယ်တွင် အပြင်းထန်ဆုံးတိုက်ပွဲများသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကုလားတန်မြစ်အထက်ပိုင်း ဒေသများတွင် ဖြစ်ပွားနေပြီး အဆိုပါ ဗျူဟာမြောက် နယ်မြေဒေသများကို သိမ်းပိုက်ထိန်းချုပ်ရန် ULA ခေါင်းဆောင်ပိုင်းမှ ချမှတ်ထားသည့် “စစ်ဆင်ရေး ရည်မှန်းချက်” နှင့် ကိုက်ညီလျက် ရှိနေပုံရသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၉ ဦးသေဆုံးခဲ့ / AA သတင်းနှင့်ပြန်ကြားရေး

AA က ရခိုင်ပြည်နယ်အတွင်းရှိ ကင်းစခန်းနှင့် စစ်စခန်း ၃၅ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် ၄၅ ရက်အတွင်း စစ်အုပ်စုတပ်သား ၆၀ ထက်မနည်းကို သုတ်သင်ခဲ့ပြီး လက်နက်အမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မြောက်ဦး၊ မြေပုံနှင့် တောင်ကုတ် စသည့် အခြားမြို့နယ်များတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ တင်းမာမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့် မတော်တဆမှုများက အများစု ဖြစ်သည်။ စစ်တပ်၏ စစ်ဆင်ရေးအများစုမှာ ခံစစ်ပုံစံသာ ဖြစ်နေသည်။ နယ်မြေသိမ်းပိုက်ရန် ပုံမှန်အားဖြင့် မြေပြင်တပ်များကို အသုံးပြုလေ့ရှိရာတွင် ခံစစ်အတွက် လေကြောင်းအင်အားနှင့် လက်နက်ကြီးများအပေါ် မှီခိုအားထားနေရခြင်းက ၎င်းတို့၏ အင်အားလျော့နည်းလာမှု တိုးလာနေခြင်းကို အချက်ပြလျက် ရှိနေသည်။

အရေးကြီးသည့်အချက်မှာ ULA ခေါင်းဆောင်ပိုင်းက စစ်အုပ်စုနှင့် စေ့စပ်ညှိနှိုင်းရာတွင် ပိုမိုများပြားသော အခြေခံကျသည့် အပြောင်းအလဲများဖြင့် ပိုမိုကျယ်ပြန့်သော မြန်မာ့နိုင်ငံရေးမြေပုံအဖြစ် မပြောင်းလဲနိုင်မချင်း ၎င်းတို့၏ ကွန်ဖက်ဒရိတ်တက် အာရကန် ခေါ် “ပေါင်းစည်းမှုရှိသည့် ရခိုင်ဒေသ” ရည်မှန်းချက် မအောင်မြင်နိုင်ကြောင်း အပြည့်အဝ အသိအမှတ်ပြုထားသည်။

AA သည် ၎င်း၏ ရည်မှန်းချက်များကို မရရှိမချင်း သို့မဟုတ် ULA ခေါင်းဆောင်ပိုင်းက လုံလောက်သည့် ပြီးမြောက်မှုရှိပြီဟု ဆုံးဖြတ်သည်အထိ အဆိုပါဒေသများတွင် တိုက်ပွဲများက ပြင်းထန်လာဖွယ်ရှိသည်။ ထို့ထက် ပို၍ အရေးကြီးသည့်အချက်မှာ ULA ခေါင်းဆောင်ပိုင်းက စစ်အုပ်စုနှင့် စေ့စပ်ညှိနှိုင်းရာတွင် ပိုမိုများပြားသော အခြေခံကျသည့် အပြောင်းအလဲများဖြင့် ပိုမိုကျယ်ပြန့်သော မြန်မာ့နိုင်ငံရေးမြေပုံအဖြစ် မပြောင်းလဲနိုင်မချင်း ၎င်းတို့၏ ကွန်ဖက်ဒရိတ်တက် အာရကန် ခေါ် “ပေါင်းစည်းမှုရှိသည့် ရခိုင်ဒေသ” ရည်မှန်းချက် မအောင်မြင်နိုင်ကြောင်း အပြည့်အဝ အသိအမှတ်ပြုထားသည်။

ရခိုင်ပဋိပက္ခနှင့် နွေဦးတော်လှန်ရေး

မြန်မာနိုင်ငံအတွင်းရှိ လူအများစုက စစ်တပ်ကို ဒီမိုကရေစီနှင့် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတို့အား လုယက်သိမ်းပိုက်ထားသူအဖြစ် ရှုမြင်နေကြပြီး ရခိုင်ပြည်နယ်တွင် စစ်ပွဲများ ပြန်လည်စတင်လာခြင်းက ယခုအခါ မြန်မာ့နွေဦးတော်လှန်ရေး၏ နိုင်ငံရေးနှင့် စစ်ရေးအခင်းအကျင်းအပေါ် သက်ရောက်မှု ရှိလာနိုင်သည်။

ယခုတစ်ကြိမ် AA က စစ်တပ်ကို တိုက်ခိုက်ခြင်းက ပိုမိုကျယ်ပြန့်သည့် ခုခံမှု၏ အစိတ်အပိုင်းဖြစ်ပြီး အခြား အတိုက်အခံ အင်အားစုများနှင့် ရောယှက်ဆက်နွယ်နေမှုနှင့်အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရန် အခွင့်အလမ်းများအဖြစ် ရှုမြင်လျက် ရှိနေသည်။

မြန်မာနိုင်ငံအတွက် အဆိုပါအပြောင်းအလဲ၏ အရေးပါမှုကို ချဲ့ထွင်ဖော်ပြရန်မှာ မဖြစ်နိုင်ပေ။ AA သည် ယခုအခါ မြန်မာနိုင်ငံရှိ အင်အားအကြီးဆုံး၊ စည်းကမ်းအရှိဆုံးနှင့် အကောင်းမွန်ဆုံး လက်နက်တပ်ဆင်ထားပြီး တိုက်ပွဲများအတွင်း စမ်းသပ်ခံပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲမှ တဖွဲ့ဖြစ်လာခဲ့သည်။ လက်နက်ကိုင် အမျိုးသားတော်လှန်ရေးနှင့်လည်း ချိတ်ဆက်ထားပြီး ဖြစ်နေသဖြင့် စစ်အုပ်စုအနေဖြင့် AA အား ကြောက်ရွံ့တုန်လှုပ်ရန် ကောင်းမွန်သည့် အကြောင်းရှိနေသည်။

အပစ်အခတ်ရပ်စဲရေး ပြိုလဲမှုနှင့် ရခိုင်ပြည်နယ်တွင် ပြန်လည်ဖြစ်ပွားနေသည့် ပဋိပက္ခများက အာဏာသိမ်းပြီးနောက်ပိုင်း ကာလအတွင်း စစ်တပ်အနေဖြင့် မည်ကဲ့သို့ အာဏာကို စုစည်းရန် ပျက်ကွက်နေခဲ့သည် ဆိုသည်နှင့် မကြာမီ အချိန်ကာလအတွင်း ထိုကဲ့သို့ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်းကိုလည်း ပြသလျက် ရှိနေသည်။

ဤအချက်က ULA ခေါင်းဆောင်ပိုင်းအနေဖြင့် ယခုအချိန်တွင် အဘယ့်ကြောင့် ပြတ်ပြတ်သားသား လှုပ်ရှားရန် ဆုံးဖြတ်ရသည်ဆိုသည့် အကြောင်းရင်းလည်း ဖြစ်နိုင်သည်။ ထိုသို့လုပ်ဆောင်ခြင်းက တိုင်းပြည်၏ နှစ်ဘက်စလုံးရှိ စစ်တပ်စခန်းများနှင့် တပ်ဖွဲ့များကို တိုက်ခိုက်ခံရစေရန်နှင့် PDF များနှင့် အခြားသော အစိုးရဆန့်ကျင်ရေး အင်အားစုများ၏ ယုံကြည်မှုကို ခိုင်မာလာစေမည့် တိုးတက်ဖြစ်ပေါ်မှုအတွက် စစ်အုပ်စုအပေါ် ကြီးမားသည့် ထိုးနှက်ချက် တခုဖြစ်နေသည်။

နောက်ဆုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တိမ်းရှောင်သွားခဲ့ကြသည့် ရခိုင်များအပေါ် တိုက်ခိုက်မှုများက မြန်မာနိုင်ငံ၏ ပြည်တွင်းမငြိမ်မသက်ဖြစ်မှုသည် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်လျက် ရှိနေသည်ဟု အိမ်နီးချင်းနိုင်ငံများတွင် စိုးရိမ်မှုများ တိုးမြင့်လာစေကာ အချို့နိုင်ငံများအား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ဆက်သွယ်မှုများကို စတင်လုပ်ဆောင် လာစေခဲ့သည်။

ပဋိပက္ခများကြောင့် တစစီကွဲကြေပျက်စီးနေပြီး လူမျိုးရေးအရ ကွဲပြားမှုများ ရှိနေသည့်နိုင်ငံတွင် ရခိုင်တို့၏ စစ်အာဏာရှင်အပေါ် ပြန်လည်စစ်ပွဲဆင်နွှဲမှုက နောက်ဆုံးတွင် ပိုမို၍ ဒီမိုကရေစီကျပြီး ခိုင်မာ၍ ကြာရှည် တည်မြဲသည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မည်။

(ကျော်ဆန်းလှိုင်သည် ရခိုင်ပြည်နယ်မှ အမှီအခိုကင်းသည့် သုတေသီတဦးဖြစ်ပြီး လူ့အခွင့်အရေး၊ နိုင်ငံရေး အသွင်ကူးပြောင်းမှုများ၊ မြန်မာနိုင်ငံ ပြည်တွင်းစစ်၊ စစ်တပ်က အာဏာသိမ်းမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရေးသားဖော်ပြလျက် ရှိသည်။ United States Institute of Peace (USIP) ပါ ၎င်း၏ Insurgents in Myanmar’s Rakhine State Return to War on the Military ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်

UWSA ခေါင်းဆောင်အသစ်များနှင့် AA ဒုစစ်ဦးစီးချုပ် ဘာတွေဆွေးနွေးခဲ့သလဲ

စစ်တပ်ကို ရှုတ်ချသဖြင့် ANP ပါတီ သတိပေး ခံရ

SSPP ၏ မူဝါဒနှင့် အနာဂတ်ခြေလှမ်း ဘာလဲ

Loading