မြန်မာစစ်တပ်ကို တရားစီရင်ရန် သမိုင်းတွင် မကြံဖူးသည့် စံချိန်တင် ဥပဒေအရ အရေးယူမည့် အစီအစဉ်တခုကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် မကြာသေးမီက ပြုလုပ်လိုက်သည်။ လက်ရှိတွင် အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးသည် ပြည်တွင်းလူ့အခွင့်အရေး ဥပဒေကို ပြန်လည် သုံးသပ်ရန်တောင်းဆိုမှုကို ဆက်လက် စဉ်းစားသုံးသပ်နေသည်။
ထိုတောင်းဆိုမှုအောင်မြင်ပါက အာဂျင်တီးနားနှင့် တူရကီတွင် အကြွင်းမဲ့တရားစီရင်မှု မူအရ အမှုဖွင့်ထားသည့်အတိုင်း မြန်မာစစ်တပ်ဖွဲ့ဝင်များ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို အင်ဒိုနီးရှားက စုံစမ်းစစ်ဆေးနိုင်မည်ဖြစ်သည်။
ထိုသို့ဖြစ်လာပါက အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေဖြင့် စစ်အာဏာသိမ်း ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးရန် အလားအလာရှိသည့် ပထမဆုံးအမှု ဖြစ်လာမည်။ စစ်အာဏာသိမ်း ခေါင်းဆောင်များသည် နိုင်ငံမှ စစ်တပ်အလိုကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ကာ အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီး ကိုယ့်လူမျိုးကိုယ် အစုလိုက်သတ်ဖြတ်သည်ဟု ကုလသမဂ္ဂနှင့် အခြား အဖွဲ့အစည်းများက စွပ်စွဲခံနေရသူများဖြစ်သည်။
အကြမ်းဖျဉ်းတွက်ချက်မှုများအရ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လူပေါင်း ၂,၃၀၀ ကျော် အသတ်ခံရပြီး အခြားသူ ၁၅,၀၀၀ ကျော်ကို ဖမ်းဆီးထားသည်။
အကြမ်းဖျဉ်းတွက်ချက်မှုများအရ စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လူပေါင်း ၂,၃၀၀ ကျော် အသတ်ခံရပြီး အခြားသူ ၁၅,၀၀၀ ကျော်ကို ဖမ်းဆီးထားသည်။ မြန်မာစစ်တပ်သည် လွန်ခဲ့သော ၅ နှစ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများပြုလုပ်ပြီး ရိုဟင်ဂျာ ၇ သိန်းကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခြင်းအတွက်လည်း တာဝန်ရှိသော စစ်အုပ်စုပင်ဖြစ်သည်။ ထို ရိုဟင်ဂျာများ နေရပ်ပြန်ရေးသည် ယနေ့အချိန်အထိ မရေရာသေးပေ။
မြန်မာမှ ရိုဟင်ဂျာများသည် စစ်တပ်နှင့် အခြားသူများကျူးလွန်သည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အဓမ္မ ပြုကျင့်မှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ ထိပါးမှုများကို ခံကြရသည်။ ထိုများပြားလှသော မွတ်ဆလင် ဒုက္ခသည်များသည် တရားမျှတမှု ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
အထက်ပါ ဥပဒေကြောင်းအရ အရေးယူမှုပြုလုပ်ရန် တောင်းဆိုသူများသည် အင်ဒိုနီးရှားနိုင်ငံနှင့် ASEAN ဒေသတွင်းတွင် ဂုဏ်သရေရှိ လူကြီးလူကောင်းများအဖြစ် လေးစားခံရသူများဖြစ်ပြီး အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရပ်စ်မင်း၊ ကမ္ဘာတွင် မွတ်ဆလင်အများဆုံးရှိသော အင်ဒိုနီးရှားနိုင်ငံမှ အကြီးမားဆုံး ပရဟိတလုပ်ငန်းဖြစ်သည့် မူဟန်မက်ဒီယား၏ ဥပဒေရေးရာ အကြီးအကဲ ဘတ်စယို မူကောဒက်စ်နှင့် အင်ဒိုနီးရှား သတင်းသမားများ လွတ်လပ်သော မဟာမိတ်အဖွဲ့ (AJI) ဥက္ကဋ္ဌ ဆက်စ်မီတို မက်ဒရင် တို့ပါဝင်သည်။
၎င်းတို့၏ တောင်းဆိုတင်ပြမှုများသည် စကားလုံး ၄ လုံးအပေါ်တွင်သာ မူတည်နေသည်။ အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များတွင် “လူတိုင်းလူတိုင်း” ဆိုသည့် စကားလုံးကို ရွေးချယ်အသုံးပြုပြီး လူ့အခွင့်အရေးကို အကြွင်းမဲ့အကာအကွယ်ပေးသည်။ ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေသည် မည်သည့်နိုင်ငံသားမဆို၏ လူ့အခွင့်အရေးကို ကာကွယ်ရန် အာမခံသည်။
မြန်မာနိုင်ငံ၏ တရားစီရင်စနစ်သည် လက်စားခြေတတ်ပြီး ဥပဒေကို လိုသလိုသုံးသည့် စစ်အုပ်စု၏ လက်တွင် ဒဏ်ခတ်သည့် ကိရိယာမျှသာဖြစ်နေသည်။ ထိုအချက်ကို အထင်ရှားစေဆုံး ပြသလိုက်သည်မှာ ယခုနှစ် ဇူလိုင်လကုန်က နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကွပ်မျက်လိုက်ခြင်းဖြစ်သည်။
မြန်မာစစ်အုပ်စု၏ အမှုကို ကြားနာမည့် အင်ဒိုနီးရှားနိုင်ငံ၏ လူ့အခွင့်အရေးတရားရုံးနှင့် ပတ်သက်သော ဥပဒေသည် “အင်ဒိုနီးရှားနိုင်ငံသားများ” (by citizens of Indonesia) ရာဇဝတ်မှု ကျူးလွန်ပါက ထိုအမှုကို ကြားနာနိုင်သည်ဟု ဖော်ပြပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်နေကြောင်းလည်း ၎င်းတို့က ဆွေးနွေးတင်ပြသည်။
“အင်ဒိုနီးရှားနိုင်ငံသားများ” (by citizens of Indonesia) ဆိုသည့် စကားလုံး ၄ လုံးကို ပယ်ဖျက်လိုက်ပါက ၁၉၄၅ ခုနှစ် အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များနှင့် ရည်ရွယ်ချက်များကို လေစားလိုက်နာရုံသာမက မည်သည့် နိုင်ငံသားမဆို၏ လူ့အခွင့်အရေးကို အကြွင်းမဲ့ အကာအကွယ်ပေးရာလည်း ရောက်စေမည် ဖြစ်သည်။ တရားမျှတမှု ရရှိရေးအတွက် အဓိပ္ပာယ်ပြည့်ဝသည့် နည်းလမ်းမရှိသော သူများအတွက် မျှော်လင့်ချက်များကိုလည်း ဖြစ်ပေါ်စေလိမ့်မည်။
မြန်မာနိုင်ငံ၏ တရားစီရင်စနစ်သည် လက်စားခြေတတ်ပြီး ဥပဒေကို လိုသလိုသုံးသည့် စစ်အုပ်စု၏ လက်တွင် ဒဏ်ခတ်သည့် ကိရိယာမျှသာဖြစ်နေသည်။ ထိုအချက်ကို အထင်ရှားစေဆုံး ပြသလိုက်သည်မှာ ယခုနှစ် ဇူလိုင်လကုန်က နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကွပ်မျက်လိုက်ခြင်းဖြစ်သည်။ ထိုသို့ကွပ်မျက်ခြင်းသည် ဆယ်စုနှစ် ၄ ခုအတွင်း မြန်မာတွင် အကျဉ်းသားများကို ပထမဆုံး ကွပ်မျက်ခြင်းဖြစ်သည်။
နိုင်ငံတကာတရားရုံး (ICJ) နှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တို့တွင် မြန်မာစစ်တပ်ကို တရားစွဲဆိုသည့် အားထုတ်မှုများသည် လမ်းကြောင်းမှန် တိုးတက်မှု ရှိသော်လည်း ကော့ဘဇားမှ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ ဒုက္ခသည်များ ရင်ဆိုင်နေရသည့် ရှည်ကြာသောအခြေအနေနှင့် စစ်အာဏာသိမ်းပြီနောက် ပေါ်ပေါက်လာသော မြန်မာအကျပ်အတည်းသည် နိုင်ငံတကာသာမက ဒေသတွင်းနှင့် နိုင်ငံအလိုက် ထိုထက်မက ပြင်းထန်သည့် အရေးယူမှုများကို တောင်းဆိုနေသည်။
မြန်မာနိုင်ငံအခြေအနေတွင် ဖြစ်နေကျ ထုံးစံအတိုင်း တရားမျှတမှု နှောင့်နှေးခြင်းသည် တရားမျှတမှု ကင်းမဲ့ခြင်းသာဖြစ်သည်ဆိုသည့် အန္တရာယ်တခု ကျန်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်း ချင်းပြည်နယ်မှ ရရှိသည့် စာရင်များအရ တရားမျှတမှုကို အရေးပေါ်လိုအပ်နေကြောင်း ပြသနေသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် အရပ်သား ၄၅၀ ခန့် သတ်ဖြတ်ခံရပြီး ဥပဒေမဲ့ အကျဉ်းရုံးသတ်ဖြတ်မှုများ၊ လူတွေ့လျှင်သတ်ရန် အမိန့်များ၊ လေကြောင်းတိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်းများ၊ အရပ်သား အခြေခံအဆောက်အအုံများကို ဖျက်ဆီးမှုများနှင့် ညှဉ်းပန်းနှိပ်စက်စဉ် သေဆုံးရခြင်းတို့ဖြစ်ကြောင်း သိရသည်။
အထင်အရှား မှတ်တမ်းတင်ထားသည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အရှင်လတ်လတ် မီးရှို့မှုများ၊ အမျိုးသမီးများကို အဓမ္မပြုကျင့် သတ်ဖြတ်မှုများနှင့် လူသားတံတိုင်းအဖြစ် အသုံးပြုပြီးနောက် ပြည်သူများကို သတ်ဖြတ်မှုများလည်း ရှိနေသည်။ CHRO ၏ မှတ်တမ်းများအရ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း တို့တွင် ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘေးရှောင်စခန်းများနှင့် ဘာသာရေးအဆောက်အအုံများ စသည့် အများပြည်သူပိုင် အဆောက်အအုံ ၇,၀၀၀ ကျော်ကို စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ မြေလှန်စနစ်ဖြင့် ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ခုခံတော်လှန်ရေး အင်အားစုများ လက်နက်မချပါက ချင်းပြည်နယ်မှ ထန်တလန်မြို့ကို ပြာချပစ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်ကို မှတ်တမ်းတင်ထားနိုင်ပြီးနောက် ထိုမြို့ကို မီးရှို့ဖျက်ဆီးလိုက်သည်။ ထိုမီးရှို့မှုတွင် လူနေအိမ်နှင့် ဘာသာရေး အဆောက်အအုံ ၁,၀၀၀ ကျော် မီးရှို့ခံရသည်။ ချင်းပြည်နယ် တခုတည်းတွင်ပင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူ ၁ သိန်းကျော်ရှိပြီး မြန်မာနိုင်ငံတွင်း သို့မဟုတ် အိန္ဒိယသို့ ထွက်ပြေးနေရသည်။
သမ္မတ ဂျိုကို ဂျိုကိုဝီ ဝီဒိုဒိုမှတဆင့် ASEAN သည် မည်သည့်နေရာတွင်မဆို၊ မည်သူကိုမဆို ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခွင့်လွှတ်မည်မဟုတ်ကြောင်း ပြင်းထန်သည့် သတင်းစကားပေးပို့ရန် အခွင့်အလမ်း ရှိနေသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးသည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်သော်လည်း ထိုရုံး၏ စဉ်းစားသုံးသပ်ချက်များကို တကမ္ဘာလုံးက စောင့်ကြည့်နေမည်ဖြစ်ပြီး ASEAN တခုလုံးတွင် ဆွေးနွေးရန် အာရုံစိုက်စေမည်ဖြစ်သည်။
ထိုသို့ တုန်လှုပ်ခြောက်ခြားဖွယ် စာရင်းများသည် နိုင်ငံရေးအရ ပိုမိုအရေးပါလာနေသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသည် ASEAN ဥက္ကဋ္ဌတာဝန်ကို ယူရမည်ဖြစ်ပြီး စစ်ကောင်စီသည် ဘုံသဘော တူညီချက် ၅ ချက် အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိသောကြောင့် အရေးယူရန် ဖိအားများ ဒေသတွင်းတွင် ကြီးထွားနေသည်။ မြန်မာတွင် အပြောင်းအလဲဖြစ်စေမည့် အလားအလာ နည်းနေသောကြောင့် ASEAN ပြည်သူများနှင့် ဒေသတွင်းမှတက်ကြွသော လူမှုအခြေပြု အဖွဲ့အစည်းများသည် အင်ဒိုနီးရှားနိုင်ငံ ASEAN ဥက္ကဋ္ဌတာဝန် ယူမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
သမ္မတ ဂျိုကို ဂျိုကိုဝီ ဝီဒိုဒိုမှတဆင့် ASEAN သည် မည်သည့်နေရာတွင်မဆို၊ မည်သူကိုမဆို ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခွင့်လွှတ်မည်မဟုတ်ကြောင်း ပြင်းထန်သည့် သတင်းစကားပေးပို့ရန် အခွင့်အလမ်း ရှိနေသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးသည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်သော်လည်း ထိုရုံး၏ စဉ်းစားသုံးသပ်ချက်များကို တကမ္ဘာလုံးက စောင့်ကြည့်နေမည်ဖြစ်ပြီး ASEAN တခုလုံးတွင် ဆွေးနွေးရန် အာရုံစိုက်စေမည်ဖြစ်သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ တရားရုံးက ကြားနာသည်ဆိုသည့် အချက်သည်ပင် ASEAN ၏ တောင်းဆိုမှုများကို လျစ်လျူရှုနေသည့် မြန်မာဗိုလ်ချုပ်များကို ပြင်းထန်သော သတင်းစကား ပေးပို့ခြင်းဖြစ်လိမ့်မည်။ ထိုသတင်းစကားမှာ မြန်မာဗိုလ်ချုပ်များ၏ လုပ်ရပ်များသည် အဖွဲ့တွင်း တွင်သာမက အဖွဲ့ပြင်ပတွင်ပါ စီးပွားရေးနှင့် သံတမန် ဆက်ဆံရေး တိုးတက်အောင်လုပ်ဆောင်နေသည့် ဒေသတွင်းတွင် အရှက်တကွဲ အကျိုးနည်းဖြစ်စေသည်ဆိုသည့် သတင်းစကားပင်ဖြစ်သည်။
အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက အမှုကို လက်ခံစစ်ဆေးရန် ခွင့်ပြုလိုက်ပါက အင်ဒိုနီးရှား တရားရေးစနစ်၏ အောင်ပွဲ၊ ဒေသတွင်း အင်ဒိုနီးရှား သံတမန်ရေး၏ အောင်ပွဲ၊ ASEAN အတွက်အောင်ပွဲနှင့် အရေးအကြီးဆုံးအချက်မှာ မြန်မာပြည်သူ ၅၅ သန်း၏ အောင်ပွဲဖြစ်သည်။
(The Jakarta Post မှ Salai Za Uk Ling, Antonia Mulvey နှင့် Chris Gunness တို့၏ All eyes on Indonesia’s Constitutional Court which could be on verge of making history ကို ဘာသာပြန် ဖော်ပြသည်။ Salai Za Uk Ling ချင်းလူ့အခွင့်အရေးအဖွဲ့၏ လက်ထောက် ဒါရိုက်တာ ဖြစ်သည်။ Antonia Mulvey သည် Legal Action Worldwide ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်။ Chris Gunness သည် Myanmar Accountability Project ၏ ဒါရိုက်တာ ဖြစ်သည်။)
You may also like these stories:
မြန်မာ့အရေး သမိုင်းမှန်ဘက်မှ ရပ်တည်ရန် အင်ဒိုနီးရှား တာဝန်ရှိသည်
အာဆီယံကနေ မြန်မာနုတ်ထွက်နိုင်သလား
နောက်ထပ်ကွပ်မျက်မှု မလုပ်ရန် မြန်မာကို ASEAN သတိပေး
အပြုတ်တိုက်ရေးကို စစ်ဗိုလ်ချုပ်များ ရွေးချယ်