အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဟာ တခုမှ အပေါက်အလမ်းတည့်အောင် မလုပ်နိုင်သေးပါဘူး။ တော်တော်သုံးလို့မရတဲ့ အဖွဲ့အစည်းပါပဲ။ ASEAN အဖွဲ့ဝင်တွေက သူတို့ဟာ အားလုံး ဘုံသဘောတူညီမှုနဲ့ သွားလေ့ရှိတာကြောင့်မို့ ညီညွတ်ကြတာလို့ ကြွားလေ့ရှိကြတယ်။ ဒါပေမယ့် တကယ်ဖြစ်နေတာက ASEAN ဒေသတွင်းမှာ ကြီးကြီးကျယ်ကျယ် ပြဿနာပေါ်လာပြီဆိုရင်၊ ဆုံးဖြတ်ချက်တခုခုကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာချဖို့ လိုအပ်လာပြီဆိုရင် အဲဒီ ASEAN အဖွဲ့ကြီးဟာ မလုပ်မရှုပ်တဲ့နေရာမှာပဲ ညီညွတ်တတ်ကြပြီးတော့ ဘာမှ အဓိပ္ပာယ်ရှိတာကို မဆောင်ရွက်နိုင်ပါဘူး။
ASEAN အစည်းအဝေးကြီးတွေ၊ ထိပ်သီးညီလာခံတွေမှာ လုပ်ကိုင်နေကြရမယ့် ကိစ္စမျိုးတွေ ဆုံးဖြတ်ချက်မချနိုင်ဘဲ အလုပ်မဖြစ်ခဲ့တာကို အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇာလန်စကီးကို ဖိတ်ပြီး ASEAN ညီလာခံမှာ ဗီဒီယိုမိန့်ခွန်း ပေးပြောဖို့ကိစ္စမှာ မဆုံးဖြတ်နိုင်ခဲ့ကြဘူး။
ဇာလန်စကီး မိန့်ခွန်းအတွက် ASEAN အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ သဘောတူညီမှုရမှ ဖတ်လို့ရမယ်။ တချို့နိုင်ငံတွေက သဘောတူကြတယ်။ ASEAN ဥက္ကဋ္ဌ ကမ္ဘောဒီးယားကလည်း ဒီကိစ္စကို စိတ်ပါလက်ပါရှိတယ်။ ဒါပေမယ့် အဲဒီအဖွဲ့ဝင် ၁၀ နိုင်ငံထဲက တချို့တွေက ဒီမိန့်ခွန်းကို ကန့်ကွက်ခဲ့တာကြောင့် ဘာမှ ဖြစ်မလာခဲ့ဘူး။ ဇာလန်စကီးလည်း ဘာစကားမှ လာမပြောနိုင်တော့ဘူး။ ASEAN ဟာ မလုပ်မရှုတ်ကျတဲ့နေရာမှာ ညီညွတ်ကြတယ် ဆိုတာ အမှန်ပါပဲ။ လိုအပ်တာတွေလည်း မလုပ်နိုင်၊ အဓိပ္ပာယ်ရှိတာတွေလည်း ဖြစ်မလာပါဘူး။
ဒီဒေသဆိုင်ရာ အဖွဲ့အစည်းကြီးဟာ မြန်မာကိစ္စနဲ့ ပတ်သက်လာတိုင်း သူ့ရဲ့ မထိရောက်ပုံက ရယ်စရာလည်း ကောင်းတယ်။ ကြေကွဲဝမ်းနည်းစရာလည်း ကောင်းတယ်။
ဒီဒေသဆိုင်ရာ အဖွဲ့အစည်းကြီးဟာ မြန်မာကိစ္စနဲ့ ပတ်သက်လာတိုင်း သူ့ရဲ့ မထိရောက်ပုံက ရယ်စရာလည်း ကောင်းတယ်။ ကြေကွဲဝမ်းနည်းစရာလည်း ကောင်းတယ်။
ချမှတ်ထားတဲ့ သဘောတူညီမှု ငါးချက်ပေါ်ကို အခြေခံပြီး မြန်မာနိုင်ငံကို ငြိမ်းချမ်းဖို့အတွက် ဆောင်ရွက်ကြမယ်ဆိုတဲ့ အားထုတ်မှုဟာ ဘယ်နားမှ မရောက်ခဲ့ကြောင်း အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေက လက်ခံလိုက်ကြတာ ကြာပြီ။ ဒါပေမယ့်လည်း ASEAN ဟာ အဲဒီမူကို ဖက်တွယ်ထားတုန်းပဲ။ သဘောကတော့ “တို့ မဟာဗျူဟာကတော့ အလုပ်မဖြစ်တာ သေချာတယ်။ ဒါပေမယ့်လည်း ဒါနဲ့ပဲ ဆက်သွားဖို့ အကြံပြုတယ်” ဆိုတဲ့ အနေအထားပဲ။
မြန်မာပြည်မှာဖြစ်နေတဲ့ စစ်နဲ့ ပတ်သက်လို့ ASEAN က မူဝါဒချမှတ်ရာမှာ ပုံစံသစ်တော့ စဉ်းစားထားပါတယ် ဆိုတာမျိုး ဖြစ်ရလေအောင် နိုင်ငံခြားရေးဝန်ကြီးတွေက အဲဒါကို “ရေရာပြီးလက်တွေ့ကျတဲ့ အချိန်ကိုက်ဆောင်ရွက်မယ့် လုပ်ငန်းတွေ” ဆိုပြီး နာမည်တပ်ပြန်တယ်။ နဂို သဘောတူညီမှု ငါးချက်ကို အကောင်အထည်ဖော်ရာမှာ ပိုပြီး ထက်မြက်အောင်ဆိုပြီး ထပ်ကွန့်တာပါ။
ဒီတကြိမ်မှာတော့ ASEAN ဥက္ကဋ္ဌက အောက်တိုဘာလ ၂၇ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ ထုတ်ပြန်တဲ့ မူလ စာနှစ်မျက်နှာကို ASEAN ဝက်ဘ်ဆိုက်ကနေ ပြန်ဖြုတ်လိုက်ပြီး အဲဒီထက်ပိုတိုတဲ့ စာသုံးပိုဒ်နဲ့ အစားထိုးထားတယ်။ အဲဒီ အသစ်ပြင်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာ ခုနက သဘောတူညီမှု ငါးချက်ကို အကောင်အထည်ဖော်ရာမှာ ပိုပြီး ထက်မြက်ထိရောက်အောင် “ရေရာပြီး လက်တွေ့ကျတဲ့ အချိန်ကိုက်ဆောင်ရွက်မယ့် လုပ်ငန်းတွေ” ဆိုတဲ့ စာသားကို မရည်ညွှန်းတော့ပြန်ပါဘူး။
ASEAN ဥက္ကဋ္ဌ ထုတ်ပြန်ချက်အသစ်ဟာ ခပ်ဝါးဝါး ထုတ်ပြန်ချက်သာသာ ဖြစ်အောင် ပြန်ပြောင်းလိုက်တာပဲ။ ဆိုလိုရင်းကတော့ “ကျွန်ုပ်တို့ထံတွင် ရေရေရာရာ ပြောစရာလည်းမရှိ၊ အဓိပ္ပာယ်ရှိသောကိစ္စလည်း ဘာမှ လုပ်ဖို့ အစီအစဉ်မရှိ၊ ပြဿနာကို ဖြေရှင်းဖို့ရာ အထောက်အကူဖြစ်အောင် ဆောင်ရွက်ပေးဖို့ တိတိကျကျ ဘာမှ မရှိပါ။ ကျွန်ုပ်တို့သည် လွတ်လပ်ခင်မင်စွာ အမြင်များကို ဖလှယ်ခဲ့ကြသည်။ သို့သော် ဘာဆက်လုပ်ရမည်ဟူသော အချက်အပေါ် သဘောတူညီချက် မရနိုင်ဟု သိခဲ့ကြပါပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မလုပ်မရှုပ် သဘောအတိုင်းသာ ဆက်နေကြမည်ဆိုတဲ့ သဘောတူညီချက်ဆီသို့သာ ရောက်ရှိခဲ့ပါကြောင်း ကြေညာအပ်ပါသည်” ဆိုတာထက် မပိုပါ။

လက်ရှိ ASEAN ဥက္ကဋ္ဌရာထူးကိုယူထားတဲ့ ကမ္ဘောဒီးယားထံက လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတခုမှာတော့ အဲဒီ မလုပ်မရှုပ်မူကို အားလုံးသဘောတူကြပါတယ် ဆိုတာ ပိုပြီး ရှင်းလင်းသွားပါတယ်။ အချက် ၁၁ ချက်ပါတဲ့ အဲဒီစာရွက်ကို Fortify Rights က ဖြန့်ခဲ့ပြီး ဒီစာရွက်ထဲမှာပါတဲ့ နံပါတ် ၂ အချက်ကတော့ သဘောတူညီမှု ငါးချက်အရဘဲ ဆက်လက် လုပ်ကိုင်ကြမယ်လို့ ဖော်ပြပါရှိပါတယ်။ ASEAN အတွင်းရေးမှူးရုံးကိုတော့ ဆက်လက် ဆောင်ရွက်စရာအဆင့်ဆင့်ကို မူကြမ်းရေးသားစေမယ်လို့ ပါရှိပါတယ်။
ဒါကြောင့်မို့ ASEAN ရဲ့ အထွေထွေအတွင်းရေးမှူးရုံးဟာ ခုဆိုရင် အဲဒီ အဆင့်ဆင့် အစီအစဉ်တွေကိုရေးဆွဲဖို့ နောက်ထပ် ၆ လကနေ ၈ လလောက်အထိ အချိန်ယူဦးမှာပါ။ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်မှာ အလုပ်မဖြစ်ခဲ့တဲ့ လုပ်ငန်းစဉ်ကို ဘယ်လို အကောင်အထည် ဖော်ကြမလဲဆိုတာကို အသေးစိတ်ရေးဆွဲမယ့် အစီအစဉ်ပါ။ တကယ့်ကို အံ့ဩစရာကောင်းလောက်တဲ့ ထိရောက်ဦးမယ့် မူဝါဒရေးရာ ချမှတ်ပုံ၊ မူဝါဒကို အကောင်အထည်ဖော်ပုံများပါပဲ။
အဲဒီစာရွက်ထဲက နံပါတ် ၈ အချက်က ပိုတောင် စိတ်ဝင်စားစရာ ကောင်းပါသေးတယ်။ “မဟာဗျူဟာကျသော နောက်ပြန် အကောင်အထည်ဖော်ရန် နည်းလမ်းများဆိုပြီး ဘုံသဘောတူညီမှု ငါးချက်နဲ့ အချက်ငါးခုပါရှိတဲ့ လမ်းပြမြေပုံကို ပြိုင်တူ အကောင်အထည်ဖော်နေတုန်းမှာ ဒီနှစ်ခုကြားက ဆုံချက်တွေကို ရှာဖွေဖို့ ကြိုးစားကြပါစို့” လို့ ဆိုထားပါတယ်။
အဲဒါက ဘာကို ဆိုလိုတာပါလဲ။
ဘုံသဘောတူညီချက် ငါးခုဆိုတာက လက်ရှိ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ အရှိန်တက်နေတဲ့ စစ်ပွဲကို ဖြေရှင်းဖို့၊ နိုင်ငံရေးပြဿနာတွေနဲ့ လူသားချင်း စာနာထောက်ထားမှု လိုအပ်နေတဲ့ ဒုက္ခသုက္ခတွေကို ဖြေရှင်းဖို့ အလုပ်မဖြစ်ခဲ့တဲ့ ASEAN ရဲ့ မူဝါဒပါ။
လမ်းပြမြေပုံပါ အချက် ငါးချက်ဆိုတာကတော့ အကြမ်းဖက် မြန်မာစစ်တပ်က ချမှတ်ထားတဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုံးလုံးကြံစည်တဲ့ အစီအစဉ်ပါ။ အခုဆိုရင် စစ်တပ်က ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ထိန်းချုပ်ထားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ မဲဆန္ဒနယ်မြေတွေမှာ သူတို့အချုပ်အခြယ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲတွေ ပြုလုပ်ပြီး သူတို့ အာဏာလုပွဲကို လူရာဝင်အောင်၊ ဘောင်ဝင်အောင် လုပ်မယ့် အစီအစဉ်ပါ။

အဲဒါဆိုရင် ဘာ့ကြောင့် ASEAN ဟာ ဒီလို သူတို့ရဲ့ မအောင်မြင်တဲ့ ဘုံသဘောတူညီမှု ငါးချက်မူနဲ့ စစ်အာဏာရှင်တွေရဲ့ အာဏာလုပွဲကို တရားဝင်စေမယ့် အစီအစဉ်ကို ဘာလို့ ရောချချင်နေရတာလဲ။
အလုပ်မဖြစ်တဲ့ ASEAN မူကို တခြား အလုပ်မဖြစ်တဲ့ နောက်ထပ် အစီအစဉ်တခုနဲ့ ပေါင်းတော့ ဘာရလာမှာလဲ။
ဒီမေးခွန်းအတွက် အဖြေက တခုပဲရှိပါတယ်။ ပိုပြီးဆိုးရွားတဲ့ အမှားတခုကလွဲလို့ ဘာမှ မရနိုင်ပါဘူး။ အဲဒီအမှားကြောင့်ပဲ မြန်မာပြည်ဟာ ဆက်ပြီးတော့ ပြည်သူတွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တာကို ခံစားကြရမယ်။ အပျက်အစီးတွေ၊ ပဋိပက္ခတွေနဲ့ ကြုံရမယ်။ စီးပွားပျက်မယ်။ လူသားချင်း စာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်တဲ့ အခြေအနေကို ပြည်လုံးကျွတ်နီးပါး ကြုံကြရမယ်။
(အီဂေါဗလာဇီဗစ်ဟာ ချက်သမ္မတနိုင်ငံ၊ ပရပ်မြို့ အရပ်ဘက်လူ့အဖွဲ့အစည်း စင်တာရဲ့ အကြီးတန်းအကြံပေး ဖြစ်ပါတယ်။ ၂၀၁၁ နှင့် ၂၀၁၆ ကြားကာလတွေမှာ မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ခဲ့တဲ့ the Educational Initiatives မှာ ဦးဆောင်ပို့ချသူ ဆရာတဦးဖြစ်ပါတယ်။)
You may also like these stories:
မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံကို အကူအညီ ပိုပေးရန် ဘိုင်ဒင်ကတိပြု
မြန်မာကို အာဆီယံ လတ်တလောအတိုင်း ဆက်ထားဦးမည်
ASEAN ထိပ်သီးဆွေးနွေးပွဲတွင် ဟွန်ဆန်က အဖိုးတန်နာရီများ လက်ဆောင်ပေးမည်
မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု