ရွေးကောက်ပွဲဆိုသည်မှာ လူပုဂ္ဂိုလ်တဦးကို နိုင်ငံရေးရာထူး သို့မဟုတ် အခြားရာထူးတခုအတွက် တရားဝင် စနစ်တကျ ရွေးချယ်ခြင်းဟု ဆိုလိုသည်။ စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုသည်။ ရွေးကောက်ပွဲ မဟုတ်သောကိစ္စကို ရွေးကောက်ပွဲဖြစ်သည်ဟု မပြောသင့်ပေ။
စစ်ကောင်စီက ကျင်းပမည်ဆိုသည့်ပွဲသည် မည်သည့်အသွင်ရှိသည်ဖြစ်စေ မည်သည့်နည်းဖြင့်မျှ ရွေးကောက်ပွဲဟု မခေါ်နိုင်ပေ။ သုတေသီများ၊ မီဒီယာများနှင့် သံတမန်များက ရွေးကောက်ပွဲဆိုသည့် စကားလုံးကို သုံးပါက အမှန်တကယ် မဖြစ်သည့် ကိစ္စအတွက် မည်သို့မည်ပုံ တရားမဝင်ကြောင်း အတိအကျ သက်သေပြရန်မှာ ၎င်းတို့၏တာဝန်သာ ဖြစ်သည်။
ထိုကိစ္စသည် ဝေါဟာရ အဓိပ္ပာယ်နှင့်သာ သက်ဆိုင်သော ကိစ္စသက်သက်မဟုတ်ဘဲ လက်တွေ့ဖြစ်ပျက်နေသည့် ကိစ္စအတွက် အချက်အလက် အခြေခံထူထောင်ခြင်း ဖြစ်သည်။ ဒီမိုကရက်တစ် ဝေါဟာရများကို ဟန်ဆောင်အသုံးပြုသော စစ်ပဒေသရာဇ်များသည် အမှားကို အမှန်လုပ်သည့် လုပ်ဇာတ်များကို လွန်စွာ ကျွမ်းကျင်ကြသည်။ ထိုကိစ္စကို တားဆီးရန် အကောင်းဆုံးနည်းလမ်းမှာ အခြေခံအားဖြင့် ၎င်းတို့ သုံးခွင့်မရှိသော စကားလုံးကို အသုံးပြုခြင်း ရပ်တန့်သွားအောင် လုပ်ဆောင်ရေးဖြစ်သည်။
ဒီမိုကရက်တစ် ဝေါဟာရများကို ဟန်ဆောင်အသုံးပြုသော စစ်ပဒေသရာဇ်များသည် အမှားကို အမှန်လုပ်သည့် လုပ်ဇာတ်များကို လွန်စွာ ကျွမ်းကျင်ကြသည်။ ထိုကိစ္စကို တားဆီးရန် အကောင်းဆုံးနည်းလမ်းမှာ အခြေခံအားဖြင့် ၎င်းတို့ သုံးခွင့်မရှိသော စကားလုံးကို အသုံးပြုခြင်း ရပ်တန့်သွားအောင် လုပ်ဆောင်ရေးဖြစ်သည်။
ရှင်းရှင်းပြောရလျှင် အာဏာရှင်စနစ်များက ဒီမိုကရေစီ ဝေါဟာရများကို အသုံးပြုခြင်းကို ဒီမိုကရေစီနိုင်ငံများ အနေဖြင့် ပိတ်ပင်ရန် လိုအပ်သည်။ ထိုသို့ မတွန်းလှန်ဘဲနေခြင်း သို့မဟုတ် စစ်အာဏာရှင်များလုပ်နေသည့် ကိစ္စများကို အတိအကျ ဖော်ပြသည့် စကားလုံးအသစ် မရှာဖွေခြင်းသည် စစ်ပဒေသရာဇ်များက ၎င်းတို့၏ လုပ်ရပ်များကို ၎င်းတို့ မည်သည့်အခါမျှ အသုံးပြုခွင့်မရှိသော စကားလုံးများဖြင့် အလှဆင်ကာ တရားဝင်အောင် လုပ်ဆောင်နိုင်စေသည်။
မြန်မာဗိုလ်ချုပ်များက “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ” ဆိုသည့် စကားလုံးကို ပြောသောအခါ အာဏာရှင်စနစ်ဟု အဓိပ္ပာယ် သက်ရောက်သည်။ သမ္မတ ရှီကျင့်ဖျင်က “တရုတ်နည်း တရုတ်ဟန် ဒီမိုကရေစီ” နှင့် “အမေရိကန်ပုံစံ ဒီမိုကရေစီ” ဟု ပြောသောအခါ သူသည် လုံးဝ အနှစ်သာရကင်းမဲ့သော စကားများကိုသာ ပြောခြင်းဖြစ်သည်။ ကွန်မြူနစ်ပါတီအောက်မှ တရုတ်နိုင်ငံသည် ထိပ်ဆုံးမှ အောက်ဆုံးအထိ အကြွင်းမဲ့ အာဏာရှင်စနစ်ဖြစ်ပြီး မည်သည့်နည်းဖြင့်မျှ ဒီမိုကရေစီ မဖြစ်နိုင်ပေ။
ထိုထက်မက ဆိုးရွားသည့် အကြွင်းမဲ့အာဏာရှင်ဖြစ်ပြီး ဒီမိုကရေစီ မဟုတ်သည်ကို မေးခွန်းထုတ်စရာ မလိုသည်မှာ မြောက်ကိုရီးယား သို့မဟုတ် “ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ” ဆိုသည့်နိုင်ငံ ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံများတွင် ရွေးကောက်ပွဲ ကျင်းပသည်ဟု ဆိုခြင်းသည် အနှစ်သာရ ကင်းမဲ့သော ပြောဆိုချက်များ ဖြစ်သည်။ တပါတီတည်းက လူတယောက်တည်းကို ရွေးချယ်ရခြင်းသည် ရွေးကောက်ပွဲ မဖြစ်နိုင်ပေ။
၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် မြန်မာတွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ခြင်း မရှိပေ။ ထိုကိစ္စမှာ ပြည်သူ့ဆန္ဒကို လုံးဝထင်ဟပ်ခြင်း မရှိသည့် အတင်းအကျပ် လိမ်လည်ခြင်း သို့မဟုတ် ပြည်သူ့ဆန္ဒခံယူပွဲ ဆိုသည့်စကားလုံး၏ အဓိပ္ပာယ်နှင့် ကွဲလွဲနေသည်။
၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် မြန်မာတွင် လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ခြင်း မရှိပေ။ ထိုကိစ္စမှာ ပြည်သူ့ဆန္ဒကို လုံးဝထင်ဟပ်ခြင်း မရှိသည့် အတင်းအကျပ် လိမ်လည်ခြင်း သို့မဟုတ် ပြည်သူ့ဆန္ဒခံယူပွဲ ဆိုသည့်စကားလုံး၏ အဓိပ္ပာယ်နှင့် ကွဲလွဲနေသည်။ ထိုကိစ္စကို ဆိုင်ကလုန်းနာဂစ်အပြီး ချက်ချင်းလုပ်ခဲ့ခြင်းက ပြသနေသည်။ အတိအကျဆိုရပါက အတင်းအကျပ် ကြိုတင်ကြံစည် လုပ်ဆောင်ခြင်းသာဖြစ်ပြီး မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုခြင်း မရှိကြောင်း ပြသနေသည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသောအချက်မှာ ပြည်သူ့ဆန္ဒခံယူပွဲဆိုသည့် စကားလုံးကို နိုင်ငံတကာမီဒီယာများ အပါအဝင် အများအပြားက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး နှစ်အတန်ကြာသောအခါ ထိုဖြစ်ရပ်ကို အတားအဆီးမရှိ လက်ခံလိုက်ခြင်းဖြစ်သည်။ ထို့နောက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကံမကောင်း အကြောင်းမလှစွာ အယုံအကြည်ပေးလိုက်သည်။ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း အလားတူဖြစ်သည်။
အရေးပါသည့် ပြဿနာများစွာ ရှိသော်လည်း ခေတ်သစ်သမိုင်းတွင် မြန်မာ၏ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင်သာ ဖြစ်ပေါ်ခဲ့သည်။
စကားလုံးများသည် အရေးကြီးသည်။ မည်သည်တို့ဖြစ်နေသည် သို့မဟုတ် မည်သည်တို့ ဖြစ်တော့မည်နှင့် ပတ်သက်သည့် ဇာတ်လမ်းကို ချမှတ်ပေးသောကြောင့် စကားလုံးများ အရေးပါသည်။ ရွေးကောက်ပွဲဆိုသည့် စကားလုံး သို့မဟုတ် ထိုကိစ္စကို ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပမည်ဟု စစ်ကောင်စီအား ပြောဆိုခွင့်ပေးခြင်းဖြင့် မြန်မာအရေးနှင့် ပတ်သက်ပြီး ပိုမိုကျယ်ပြန့်သော နိုင်ငံတကာလုပ်ဇာတ်ကို အသက်ဝင်စေသည်။
စစ်ကောင်စီ၏ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အတုအယောင် ရွေးကောက်ပွဲ သို့မဟုတ် စစ်အုပ်ချုပ်ရေးအောက်မှ ရွေးကောက်ပွဲဟု သုံးစွဲသည့် မီဒီယာ၊ လူထုအခြေပြု အဖွဲ့အစည်းနှင့် သံတမန်လောကမှ ဝေဖန်သုံးသပ်သူများသည် အကျိုးနည်းစေမည့် စကားများကို စတင်လာသည်။
၎င်းတို့က ထိုကိစ္စသည် ရွေးကောက်ပွဲ မဟုတ်သော်လည်း အာဏာရှင်ကို အာဏာရှင်ဖြစ်သည်ဟု မှန်ကန်စွာ စွပ်စွဲသူများအား ယခုကျင်းပမည့် ရွေးကောက်ပွဲများသည် မည်သည့်အကြောင်းများကြောင့် ပြည်သူလူထုအတွက် လုံလောက်မှု မရှိကြောင်း သက်သေပြရန် ဖိအားပေးသည်။
မှားယွင်းသော အသုံးအနှုန်းများဖြင့် စတင် ဆွေးနွေးလာသူတဦးသည် ထိုဝေါဟာရကို မှန်ကန်သည်ဆိုသည့် မည်သူ့ကိုမဆို တရားဝင်မှု ပေးသည်။ ၂၀၂၀ ပြည့်နှစ် အမေရိကန် ရွေးကောက်ပွဲများ လိမ်လည်သည်ဟု အမေရိကန် သမ္မတ ထရမ့်က စွပ်စွဲကာ ထိုနည်းလမ်းကို သုံးပြီးနောက် ရေပန်းစားလာသော နည်းလမ်းဖြစ်သည်။
စကားလုံးများသည် အရေးကြီးသည်။ မည်သည်တို့ဖြစ်နေသည် သို့မဟုတ် မည်သည်တို့ ဖြစ်တော့မည်နှင့် ပတ်သက်သည့် ဇာတ်လမ်းကို ချမှတ်ပေးသောကြောင့် စကားလုံးများ အရေးပါသည်။ ရွေးကောက်ပွဲဆိုသည့် စကားလုံး သို့မဟုတ် ထိုကိစ္စကို ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပမည်ဟု စစ်ကောင်စီအား ပြောဆိုခွင့်ပေးခြင်းဖြင့် မြန်မာအရေးနှင့် ပတ်သက်ပြီး ပိုမိုကျယ်ပြန့်သော နိုင်ငံတကာလုပ်ဇာတ်ကို အသက်ဝင်စေသည်။
လူဦးရေ ၅၅ သန်းရှိသော မြန်မာနိုင်ငံသည် ပြည်သူအပေါင်းနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် ဦးတည်သည့် ရေရှည်နှင့် ပြတ်သားသော တော်လှန်ရေး ဆင်နွဲနေသည့်နိုင်ငံ ဖြစ်နေသည်။
ရိုးရှင်းစွာဆိုရပါက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မည်သို့လုပ်ဆောင်ရမည်ဆိုသည့် မူဝါဒဆိုင်ရာ ဆွေးနွေးမှုများကို လည်ပတ်စေသည့် ဝင်ရိုးတခုပေါ်ပေါက်စေသည်။ မြန်မာနိုင်ငံတွင်းတွင် လိမ်လည်သော၊ အတင်းအကျပ် လုပ်သောဖြစ်ရပ်များ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့လျှင်ပင် မြန်မာပြည်သူများက စစ်အုပ်ချုပ်ရေး ပြန်လာသည်ကို လုံးဝလက်မခံကြောင်း အကြိမ်တထောင်ကျော်မက ပြောကြားထားပြီး ဖြစ်သောကြောင့် တော်လှန်ရေးကို မည်သည့်နည်းဖြင့်မျှ ရပ်တန့်စေမည်မဟုတ်ပေ။
သို့သော် နိုင်ငံတကာနယ်ပယ်တွင် စစ်ကောင်စီသည် ထိုဝေါဟာရကို အသုံးပြုပြီး ၎င်းတို့ထံမှ ကမ္ဘာက မည်သည်တို့ မျှော်လင့်နိုင်သည်ဆိုသည့် လမ်းပြမြေပုံကို ဖော်ပြပြီးဖြစ်သည်။ စစ်ကောင်စီ၏ အစီအစဉ်ကို ရှုတ်ချကာ လက်မခံကြောင်း ပြောကြားစေကာမူ အချို့သော နိုင်ငံများသည် စစ်ကောင်စီက ၎င်းတို့၏ လက်ဝေခံများ သို့မဟုတ် ၎င်းတို့အနက် မကြာသေးမီကမှ အငြိမ်းစား ဗိုလ်ချုပ်များ ရွေးကောက်ပွဲ အောင်နိုင်ကြောင်း ကြေညာမည်ကို စောင့်နေကြသည်။
မြန်မာတွင် စစ်ကောင်စီက ပြောနေသည်နှင့် မတူသည့် အခြားဇာတ်လမ်းတခု ဖြစ်နေသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ သြဂုတ်လအစီရင်ခံစာတွင် စစ်ကောင်စီသည် နိုင်ငံ၏ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်တော့သည် ဆိုသည့်အချက်ကို မီးမောင်းထိုးပြသည်။ နိုင်ငံ၏ ကျန်အစိတ်အပိုင်းများ အားလုံးတွင် တော်လှန်ရေးအင်အားစုများ သို့မဟုတ် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းထားစေကာမူ စစ်အုပ်ချုပ်ရေးကို လက်မခံသည့် လူမျိုးစုလက်နက်ကိုင်များက ထိန်းချုပ်ထားသည်။
ထို့ကြောင့် လူဦးရေ ၅၅ သန်းရှိသော မြန်မာနိုင်ငံသည် ပြည်သူအပေါင်းနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် ဦးတည်သည့် ရေရှည်နှင့် ပြတ်သားသော တော်လှန်ရေး ဆင်နွဲနေသည့်နိုင်ငံ ဖြစ်နေသည်။ ထိုကိစ္စသည် စစ်တပ်ကို ဖယ်ရှားရေး သက်သက် မဟုတ်သလို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ “ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး” စိတ်ကူးယဉ် မိုက်မဲမှု သက်သက်လည်း မဟုတ်ပေ။ တနည်းအားဖြင့်ဆိုရပါက စစ်တပ်ကို ထိပ်ဆုံးမှာထားသည့် ဒီမိုကရေစီအတု မဟုတ်ပေ။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းရှိသည် သို့သော် ထိုလမ်းကြောင်းမှာ လက်ရှိစစ်တပ်ကို လုံးဝချေမှုန်းရေးနှင့် တော်လှန်ရေး အင်အားစုများ၏ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် ဖော်ပြထားသည့် လမ်းပြမြေပုံ အကောင်အထည် ဖော်ရေးသာဖြစ်တော့သည်။
အခြေခံအားဖြင့် လုံးဝကွဲပြားခြားနားသည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီဖြင့် တည်ဆောက်ထားသည့်နိုင်ငံ တည်ဆောက်ရန်ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေတ္တသမ္မတ ဒူးဝါး လရှီလ အလေးအနက်ပြောကြားသည့် အတိုင်းဆိုပါက ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ ဖြစ်သည်။ မြန်မာပြည်သူများသည် နိုင်ငံကို အသစ်တဖန် ပြန်လည် တည်ဆောက်လိုကြသည်။
မြန်မာစစ်တပ်က ကျင်းပမည့်ပွဲသည် ရွေးကောက်ပွဲ မဟုတ်သောကြောင့် စစ်တပ်က “ရွေးကောက်ပွဲ” ဆိုသည့် စကားလုံးကို သုံးနေသည်ကို ကမ္ဘာက လုံးဝ ခွင့်မပြုသင့်ပေ။ စစ်တပ်က လုပ်မည့်ကိစ္စသည် ကြိုတင်စီစဉ်၊ အတင်းအကျပ်လုပ်၊ လွန်စွာအကြမ်းဖက်သည့် ကိစ္စသာဖြစ်ပြီး အဓိပ္ပာယ်အရ မည်သည့်နည်းဖြင့်မျှ ရွေးကောက်ပွဲ မဖြစ်နိုင်သလို နိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခကိုလည်း ဖြေရှင်းနိုင်မည်မဟုတ်ပေ။ လက်ရှိ ထိုကိစ္စအတွက် ပိုမိုကောင်းမွန်သော စကားလုံး မရှိသေးပေ။ သို့သော် အတင်းအကျပ် လိမ်လည်လှည့်စားခြင်းနှင့် ပတ်သက်သည့် စကားလုံးတခု ဖန်တီးရန် လိုအပ်နေသည်။
အနှစ်သာရအားဖြင့်ဆိုရပါက ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် လမ်းကြောင်းရှိသည်၊ အဓိကကျသည့် အချိန်မှာ ၂၀၂၃ ခုနှစ် သြဂုတ်လဖြစ်သည်ဆိုသည့် စစ်ကောင်စီ၏ လုပ်ဇာတ်ကို လက်မခံရန် လိုသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းရှိသည် သို့သော် ထိုလမ်းကြောင်းမှာ လက်ရှိစစ်တပ်ကို လုံးဝချေမှုန်းရေးနှင့် တော်လှန်ရေး အင်အားစုများ၏ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် ဖော်ပြထားသည့် လမ်းပြမြေပုံ အကောင်အထည် ဖော်ရေးသာဖြစ်တော့သည်။
(မက်သရူး ဘီ အာနိုးသည် လွတ်လပ်သော မူဝါဒသုတေသီဖြစ်သည်။ သူသည် မြန်မာ့နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို ၂၀၁၂ ခုနှစ်က စတင်သုတေသန ပြုလုပ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Matthew B. Arnold ၏ Myanmar Will Not Hold an ‘Election’ in August 2023 ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ
ဒုဗိုလ်ချုပ်ကြီးဟောင်း၂ ဦးအား ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းရာထူးအတွက် အတည်ပြု ရွေးချယ်
“စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လူထုက ရင်မခုန်ဘူး” လို့ ပြောတဲ့ ဒေါက်တာတေဇာစန်း
ရွေးကောက်ပွဲရွှေ့ဆိုင်းရန် စစ်ကောင်စီခေါင်းဆောင် လေသံပစ်
မြန်မာစစ်တပ်၏ ရှည်လျားသော မဲလိမ်သမိုင်း