ဇာတ်ဆိုသည်မှာ ဘာသာရေး အယူအဆ သတ်မှတ်ချက်က လာသည်။ ဇာတ်သည် အဆင့်အတန်း၊ ကျင့်ဝတ် သိက္ခာ ၊ သိက္ခာပုဒ် ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတို့ကိုပါ ညွှန်းဆိုသည်။ သတ်မှတ်ထားသည့် ဇာတ်အဆင့်အတန်း ကို လိုက်နာဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်း မပြုပါက ဇာတ်ပျက်ဟု စာရင်းသွင်းကြ၏။
ထိုဝေါဟာရအား နိုင်ငံရေး နယ်ပါယ်သို့ သယ်ဆောင်လာသည့်အခါ “နိုင်ငံရေးဇာတ်ပျက်”ဟူသည့် ဝေါဟာရ ပေါ်လာသည်။ အဓိပ္ပါယ်ဖွင့်ဆိုရလျင် မိမိထိန်းသိမ်းရမည့် နိုင်ငံရေး ရပ်တည်ချက်၊ သိက္ခာ၊ ကျင့်ဝတ်များကို မစောင့်စည်းသူများကို နိုင်ငံရေး ဇာတ်ပျက်များဟု ခေါ်ဝေါ်သမုတ်ကြခြင်း ဖြစ်သည်။
တရုတ် သီအိုရီဆရာတဦးဖြစ်သူ ကွန်ဖြူးရှပ်ကတော့ ရန်သူကို နိုင်အောင်တိုက်ပါ။ မနိုင်ရင် ပေါင်းပါဟု ဆိုခဲ့ဖူးသည်။ ကွန်ဖြူးရှပ်၏ အယူအဆကို ဖတ်ဖူး လေ့လာဖူးသည်ဖြစ်စေ၊ မဖတ်ဖူး မလေ့လာဖူးသည်ဖြစ်စေ ထိုသို့ကျင့်သုံးနေသူများကို မြန်မာ့နိုင်ငံရေး လောကတွင် ယခင်ရော ယခုပါ တလျှောက်လုံး တွေ့ကြုံခဲ့ရသည်။
တချိန်က ရဲရဲတောက်ခဲ့သူများသည် သူ့ရန်သူ၏ အောက်တွင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ ရေမြွေများ ဖြစ်ခဲ့သည်ကို မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်တွင် တွေ့ခဲ့ရသည်။
တချိန်က ရဲရဲတောက်ခဲ့သူများသည် သူ့ရန်သူ၏ အောက်တွင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ ရေမြွေများ ဖြစ်ခဲ့သည်ကို မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်တွင် တွေ့ခဲ့ရသည်။
မိမိ၏ ရပ်တည်ချက်၊ ကျင့်ဝတ်သိက္ခာများကို ဖောက်ဖျက်သည့် နိုင်ငံရေး ဇာတ်ပျက် လှေထိုးကြီး ရိုးရိုးများကတော့ ရှေးယခင်ကတည်းက ယခုအထိ မပြောင်းလဲသည့်ပုံစံမှာ တချိန်က ရန်သူဖြစ်ခဲ့သူနှင့် ပူးပေါင်း၊ ရန်သူပေးသည့် အခွင့်အရေးယူ၊ ရန်သူအား အလုပ်အကြွေးပြုသည့်ပုံစံဖြစ်သည်။
နိုင်ငံရေး ဇာတ်ပျက်ပုံစံဟောင်း ဖြစ်သည်။ လွတ်လပ်ရေးရပြီးခေတ်ကာလတွင် နိုင်ငံရေးရာထူးရယူ လခငါးထောင်စား ဖြစ်ပြီးနောက် ယခင်ကြွေးကြော်ခဲ့သည့် ပြည်သူကိုအလုပ်ကြွေးပြုမည်ဆိုသည့် ပြောဆိုချက်များကိုမေ့လျော့သွားသည့် နိုင်ငံရေးဇာတ်ပျက်များလည်း တွေ့ရဖူးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ ဆိုရှယ်လစ်လမ်းစဉ်အား ခွေးကတက်က အလုပ်ကြွေးပြုမည်ဟု ကြွေးကြော်ခဲ့သည့် ခွေးကတက်ဘွဲ့ရ နိုင်ငံရေးဇာတ်ပျက်များလည်းရှိသည်။ ရဲရဲတောက်လက်နက်ကိုင်တိုက်ပြီးမှ လက်နက်ချ အညံ့ခံပြီး ရန်သူကိုပြန်လည် အလုပ်ကြွေးပြုသည့် နိုင်ငံရေးဇာတ်ပျက်များလည်း ရှိသည်။
ယနေ့ကာလတွင်လည်း တချိန်က ဒီမိုကရေစီအားလည်းကောင်း၊ ဖက်ဒရယ်အား လည်းကောင်း တကြော်ကြော် ကြွေးကြော်ခဲ့သူများသည် ယခုတော့ စစ်ကောင်စီအား အလုပ်အကြွေးပြုနေသည့် နိုင်ငံရေးဇာတ်ပျက်များ ဖြစ်နေသည်ကို မြင်ရသည်။
ကိုကိုးကျွန်း၌ တကျွန်းကျနေရာမှ ရဲရဲရင့်ရင့် ထွက်ပြေးပြီး ရဲဝံ့စွန့်စားခဲ့သော်လည်း ယခုအချိန်တွင် အမြီးကုပ်၍ စစ်ကောင်စီအား အလုပ်အကြွေးပြုနေသည့် နိုင်ငံရေးဇာတ်ပျက်ကိုလည်း တွေ့မြင်ရသည်။
နိုင်ငံရေးဇာတ်ပျက်ဆိုသည်မှာ မိမိနိုင်ငံရေး ယုံကြည်ချက်၊ ခံယူချက်၊ အမြင်များကို လုံးဝဘက်ပြောင်းရပ်တည်သွား သူများဖြစ်သည်။ တချို့သည် တချိန်က ရပ်တည်ချက် ခိုင်မာခဲ့သူများဖြစ်သည်။ တချို့ကတော့ ယခင်ကထဲ ရပ်တည်ချက် မပြတ်သားခဲ့သူများဖြစ်သည်။
နိုင်ငံရေးဇာတ်ပျက်ဆိုသည်မှာ မိမိနိုင်ငံရေး ယုံကြည်ချက်၊ ခံယူချက်၊ အမြင်များကို လုံးဝဘက်ပြောင်းရပ်တည်သွား သူများဖြစ်သည်။ တချို့သည် တချိန်က ရပ်တည်ချက် ခိုင်မာခဲ့သူများဖြစ်သည်။ တချို့ကတော့ ယခင်ကထဲ ရပ်တည်ချက် မပြတ်သားခဲ့သူများဖြစ်သည်။
မည်သို့ဆိုစေ လုံးဝဘက်ပြောင်းရပ်တည်သွားကြသူများ ဖြစ်သည်။ တချိန်က လူထုအတွက်၊ ဒီမိုကရေစီရေးအတွက်၊ လူ့ အခွင့်အရေး အတွက် ရဲရဲတောက် တော်လှန်ခဲ့ကြ၊ တိုက်ပွဲဝင်ခဲ့ကြပြီး ယခုအခါ ယခင်က ရန်သူဟု သတ်မှတ်ခဲ့သူများနှင့် ပူးပေါင်းသွားသူများ ဖြစ်သည်။
တချိန်က ရန်သူနှင့် အတိအလင်း ပြန်လည်ပူးပေါင်းသည့် နိုင်ငံရေးဇာတ်ပျက်ပုံစံသည် ပုံစံဟောင်းဖြစ်သော်လည်း ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ်သကဲ့သို့ အများပြည်သူကလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည့် ပုံစံဖြစ်သည်။
သို့သော် ယနေ့ကာလတွင် ခေတ်နှင့်လျော်ညီစွာ အဆင့်မြှင့်ထားသည့် နိုင်ငံရေးဇာတ်ပျက်ပုံစံများစွာကို မြင်တွေ့ရသည်။ ယခင် ပုံစံဟောင်းကဲ့သို့ ရန်သူနှင့် အတိအလင်းပေါင်းသည့်ပုံစံဖြင့် မဖေါ်ပြသဖြင့် ထိုနိုင်ငံရေး ဇာတ်ပျက်များကို ကြည့်မြင်ရာတွင် အငြင်းပွါးဖွယ်ရာဖြစ်သည်။
ပုံစံဟောင်းကဲ့သို့ ရှင်းရှင်းလင်းလင်း မရှိပေ။ သို့ဖြစ်ရာ ခေတ်သစ်နိုင်ငံရေး ဇာတ်ပျက်ပုံစံများကိုလည်း ခေတ်နှင့်အညီ ရှင်းလင်းစွာ မြင်ရန် လိုသည်။
ဤပုံစံသည် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေးအား အနောက်နိုင်ငံများက ကျောထောက်နောက်ခံပြု ကူညီမှုများနှင့်အတူ ပေါ်ပေါက်လာသည်ဟု ဆိုရမည်။ တော်လှန်တက်ကြွလှုပ်ရှားသူများအား အနောက်နိုင်ငံများက ခေါ်ယူ လေ့ကျင့်ပေးခဲ့ကြသည်။ အနောက်တိုင်း ပုံစံဒီမိုကရေစီစံနှုန်းများ၊ သီအိုရီများ၊ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းသည့် ပုံစံများကို လေ့ကျင့် သင်ကြား ပေးခဲ့ကြ၏။ ထိုသူများထဲက မဟာဘွဲ့၊ ဒေါက်တာဘွဲ့ရကြသူများလည်း ပေါ်လာသည်။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှစ၍ တွေ့ဆုံဆွေးနွေးရေး၊ ရင်ကြားစေ့ရေး၊ အယူအဆများ ပို၍ အားကောင်းလာသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း ဦးသိန်းစိန်အစိုးရ ခေတ်ကာလ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများနှင့်အတူ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအယူအဆသည် ပို၍ ပို၍ အားကောင်းလာခဲ့ပြီး ဆယ်စုနှစ်တနှစ်မျှ လွန်ဆန်၍ မရသည့် ခေတ်ရေစီးကြောင်း ဖြစ်ခဲ့သည်။
ထိုထိုဤဤ ဘွဲ့မရသော်လည်း အနောက်တိုင်း နိုင်ငံရေး သီအိုရီများနှင့် ယဉ်ပါးသွားကြသူများလည်း ရှိသည်။ ထိုသို့ လေ့လာသင်ကြားရင်း မြန်မာပြည်၏ ပဋိပက္ခ ဖြေရှင်းရေး ပုံစံသစ်ကို တည်ထွင်ဖန်တီးကြသည်။ စူးစမ်းလေ့လာကြ၏။ ဖြေရှင်းနည်းများစွာ ဖော်စပ်ကြသည်။
လူထုအားလည်း ၎င်းတို့၏ အတွေးအမြင်များကို မျှဝေကြ၏။ ထိုသူများသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းဌာနများ၊ အနောက်နိုင်ငံများ၏ မြန်မာ့အရေးနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် အမျိုးမျိုးသော အဖွဲ့အစည်း များတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရကြသည်။
တော်လှန်ရေးသမားများမှသည် နိုင်ငံရေး တတ်သိပညာရှင်များအဖြစ် ပုံပြောင်းလာခဲ့ကြသည်။ ဤအထိသည် မထူးခြားဟု ဆို၍ရသည်။
ပြဿနာမှာ ၁၉၈၈ ခုနှစ်အရေးတော်ပုံကာလက ကနဦးပိုင်း လက်နက်ကိုင်တော်လှန်တိုက်ခိုက်ခဲ့ကြသော်လည်း ၁၉၉၄ ခု နှစ် နောက်ပိုင်းမှစ၍ မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်မအင်အားစုများ၏ လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှု အရှိန်အဟုန် လျော့ကျခဲ့သည်။
သို့အတွက် ထွက်ပေါက်ရှာကြ၏။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှစ၍ တွေ့ဆုံဆွေးနွေးရေး၊ ရင်ကြားစေ့ရေး၊ အယူအဆများ ပို၍ အားကောင်းလာသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း ဦးသိန်းစိန်အစိုးရ ခေတ်ကာလ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများနှင့်အတူ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအယူအဆသည် ပို၍ ပို၍ အားကောင်းလာခဲ့ပြီး ဆယ်စုနှစ်တနှစ်မျှ လွန်ဆန်၍ မရသည့် ခေတ်ရေစီးကြောင်း ဖြစ်ခဲ့သည်။
ထိုရေစီးကြောင်းတွင် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများ ကျောထောက်နောက်ခံပြု နိုင်ငံရေး တတ်သိပညာရှင်များ၊ အဖွဲ့ အစည်းများ အခန်းသည် ပုံစံအမျိုးမျိုးဖြင့် တစုံတရာ နေရာရလာသည်ကတော့ ငြင်းပယ်၍ မရပေ။
အနောက်တိုင်းက လေ့လာလာသည့် သီအိုရီများအား ပုံပြဇယားများစွာဖြင့် ရှင်းလင်းပြောကြားသည်များ ခေတ်စားပြီး ပညာတတ်လူငယ်များ၊ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျားမတန်းတူရေး စသည်တို့ကို စိတ်ဝင်စားသည့် လူများအား ဖမ်းစားနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းသည် မြန်မာနိုင်ငံရေးအခြေအနေကို ကြီးစွာ ပြောင်းလဲစေခဲ့သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး နိုင်ငံရေး ပူဖောင်း ပေါက်ထွက်သွားခဲ့၏။ မြန်မာစစ်တပ်ကို ဗဟိုပြု စဉ်းစားသည့် မြန်မာ့နိုင်ငံရေးအဖြေရှာမှုသည်လည်း မရေရာမှုနှင့် မေးခွန်းပေါင်းများစွာ ပေါ်လာသည်။
ထို့ပြင် ၎င်းတို့ရှင်းလင်းကိုးကားလေ့ရှိသည့် ကိုလံဘီယာအတွေ့အကြုံ၊ တောင်အာဖရိကအတွေ့အကြုံ၊ အင်ဒိုနီးရှား အတွေ့အကြုံ၊ နီပေါ အတွေ့အကြုံ ၊ အိန္ဒိယဖက်ဒရယ်စသည့် နိုင်ငံတကာ အတွေ့အကြုံများကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။
ထိုကာလက နိုင်ငံရေးအရ အရေးကြီးသည့်အချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် မြန်မာ့နိုင်ငံရေးမှ မြန်မာစစ်တပ်အား ပစ်ပယ်မရသည့် အချက်ကို ဗဟိုပြု စဉ်းစားခဲ့ကြခြင်း ဖြစ်သည်။ မြန်မာစစ်တပ်သည် မြန်မာပြည် လူ့အဖွဲ့အစည်းတွင် အားအကောင်းဆုံး အင်စတီကျူးရှင်းဖြစ်သည်ဟု သဘောထားထည့်သွင်း စဉ်းစားခဲ့ကြ၏။
ဤအချက်ကို မြန်မာ့နိုင်ငံရေးအား ငြိမ်းချမ်းစွာ အဖြေရှာမှုအဖြစ် စဉ်းစားခဲ့ကြသည်။၂၀၁၆ ခုနှစ်တွင် ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD ပါတီအား အစိုးရအာဏာ လွှဲပေးလိုက်သည့်အခါ ထိုနိုင်ငံရေးအယူအဆ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးတွင် မြန်မာစစ်တပ်အား ဗဟိုပြုစဉ်းစားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးအယူအဆသည် အားကောင်းခဲ့သည်။
ထိုအယူအဆနှင့်အတူ ဘယ်ဖက်ကရပ်သလဲဆိုသည့် နိုင်ငံရေးရပ်တည်ချက်နှင့်ပတ်သက်၍ နိုင်ငံရေး တတ်သိပညာရှင်များအတွက် ပြဿနာမကြီးခဲ့ပေ။ မြင်လည်း မမြင်သာခဲ့ပေ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းသည် မြန်မာနိုင်ငံရေးအခြေအနေကို ကြီးစွာ ပြောင်းလဲစေခဲ့သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး နိုင်ငံရေး ပူဖောင်း ပေါက်ထွက်သွားခဲ့၏။ မြန်မာစစ်တပ်ကို ဗဟိုပြု စဉ်းစားသည့် မြန်မာ့နိုင်ငံရေးအဖြေရှာမှုသည်လည်း မရေရာမှုနှင့် မေးခွန်းပေါင်းများစွာ ပေါ်လာသည်။
စစ်ကောင်စီဖက်မှ အရင်အလျှော့ပေးရန်၊ အမှားကိုဝန်ခံရန် ၊ အလွန်အကြူး အကြမ်းဖက်မှုများကို ရပ်တန့်ရန် လိုအပ်သည့် အချက်များနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေကြသည်။ ပြောင်းလဲနေသည့် မြန်မာပြည် ပကတိအခြေအနေအား မှန်မှန်ကန်ကန် လက်တွေ့ကျကျ ကြည့်မြင်ရန် ပျက်ကွက်နေသည်။
ထို့အတူ နိုင်ငံရေးရပ်တည်ချက်နှင့် ပတ်သက်၍ ဘယ်ဖက်ကရပ်တည်သလဲဆိုသည့် မေးခွန်းအား ရှောင်လွှဲ၍ မရတော့ပေ။ အထူးသဖြင့် နိုင်ငံရေးသမားများ၊ နိုင်ငံရေးနှင့်ဆက်နွယ်နေသူများ ရှောင်လွှဲ၍ မရတော့ပေ။
နိုင်ငံရေး တတ်သိပညာရှင်များအဖြစ် ရပ်တည်လိုပါကလည်း ရှောင်ရှား၍ မရနိုင်ပေ။ နိုင်ငံရေးပြဿနာတခုကို သုံးသပ်ဖြေရှင်းနိုင်ရန် ခိုင်မာသည့် ရပ်တည်ချက်နှင့် အမြင်ရှိရန် လိုအပ်သည်။ ထိုသို့ ရှောင်လွှဲမရသည့် ရပ်တည်ချက်ကို သူတို့၏ ပြောဆို လုပ်ကိုင်ဆောင်ရွက်မှုများမှ ဖေါ်ပြရပေတော့သည်။
အထက်တွင် ဖေါ်ပြခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာသတင်းဌာနများ၊ အနောက်တိုင်း ကျောထောက် နောက်ခံပြု မြန်မာပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် ပုံစံအမျိုးမျိုးဖြင့် နိုင်ငံရေး တတ်သိပညာရှင်များအဖြစ် ဆောင်ရွက်နေကြသူများထဲမှ မြန်မာစစ်တပ်ကို ဗဟိုပြုသည့်စဉ်းစားချက်အား မဖျောက်ဖျက်နိုင်သည့်အပြင် တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် လိုအပ်သည် ဆိုသည်ကို နည်းမျိုးစုံနှင့် ဖေါ်ပြဆောင်ရွက်လာကြသည်ကို တွေ့ရသည်။
မြန်မာလူထု၏ မလွှဲမရှောင်သာ လက်နက်ကိုင် ခုခံရသည့် အခြေအနေကို မျက်ကွယ်ပြုထားကြသည်။ လူထု၏ လက်နက်ကိုင်ခုခံမှုကို ပြစ်တင်ရှုတ်ချပြီး တွေ့ဆုံဆွေးနွေးရေး ၊ အပစ်အခတ်ရပ်စဲရေးဆိုသည်ကိုသာ သတင်း အာဘော်ဖန်တီးခြင်း၊ နိုင်ငံရေး အာဘော်ဖန်တီးခြင်း၊ လက်တွေ့ တိုင်းရင်းသားအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးအတွက် လျှို့ဝှက်ကြိုးပမ်းခြင်း၊ နိုင်ငံတကာမှ ထိုအယူအဆကို ထောက်ခံသူများနှင့်ချိတ်ဆက်လှုပ်ရှားကြခြင်း ပြုနေကြသည်။
ထိုသူတို့၏ စဉ်းစားလုပ်ဆောင်ချက်များတွင် အဓိက နိုင်ငံရေး ရပ်တည်ချက် ပျောက်နေ၏။ လူထုဖက်က ရပ်တည်ရန် ပျက်ကွက်နေသည်။
၎င်းတို့သည် မြန်မာပြည်သူလူထုဖက်က ရပ်တည်မှု မရှိကြတော့ပေ။ လူထုအခြေအနေအား သေချာနားလည်မှုပေးရန် မလုပ်ဆောင်ကြတော့။ လူထု၏ အကျိုးစီးပွါးဖက်က ရပ်ခံရန်လည်း မစဉ်းစားကြတော့ပေ။ ထို့အတူ လူထု၏ ခုခံ ပုန်ကန်မှုများသည် မအောင်မြင်နိုင်ဟုသာ တလမ်းသွား အဆိုးမြင်ကြ၏။ စေ့စပ် ဆွေးနွေး ဖြေရှင်းရေးဟူသည့် ခေါင်းစဉ် အောက်တွင် စစ်ကောင်စီအား အလုပ်အကျွေး ပြုနေကြတော့သည်။
စစ်ကောင်စီ၏ အမှားများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ပြစ်တင်ဝေဖန်ရန် ပျက်ကွက်နေသည်။ အညာဒေသတွင် ရွာစဉ်ပတ်မီးရှို့နေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ်အား ရေငုံနှုတ်ပိတ်နေကြသည်။
စစ်ကောင်စီဖက်မှ အရင်အလျှော့ပေးရန်၊ အမှားကိုဝန်ခံရန် ၊ အလွန်အကြူး အကြမ်းဖက်မှုများကို ရပ်တန့်ရန် လိုအပ်သည့် အချက်များနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေကြသည်။ ပြောင်းလဲနေသည့် မြန်မာပြည် ပကတိအခြေအနေအား မှန်မှန်ကန်ကန် လက်တွေ့ကျကျ ကြည့်မြင်ရန် ပျက်ကွက်နေသည်။
သူတို့ဖတ်ဖူး လေ့လာဖူးသည့် နိုင်ငံတကာအတွေ့အကြုံများ၊ စံပေတံများဖြင့်သာ တိုင်းတာရန် ကြိုးစားနေကြသည်။ မြန်မာပြည် ပကတိ လက်တွေ့ဘဝနှင့် ကိုက်ညီသည့် နိုင်ငံရေး ပုံစံသစ်ကို ရှာဖွေနိုင်ခြင်း မရှိကြ။
လက်ရှိ မြန်မာပြည် ပဋိပက္ခကို စေ့စပ်ဖြေရှင်းလိုပါက ပြည်မဒီမိုကရေစီ အင်အားစုများကို ကိုယ်စားပြုနေသည့် NUG/PDF များအား အသိအမှတ်ပြု စေ့စပ်ရန်လိုသည်မှာ အဓိကအချက်ဖြစ်သည်ကို မျက်ကွယ်ပြုထားကြသည်။
တိုင်းရင်းသားအဖွဲ့များကိုသာ ဆက်သွယ်ပြီး အပစ်ရပ်စဲရန် တိုက်တွန်းလှုံ့ဆော်နေသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်သည် မြန်မာပြည် ငြိမ်းချမ်းရေးထက် တိုင်းရင်းသားအဖွဲ့များအား ယာယီအချိုသတ် အပစ်ရပ်ထားပြီး ပြည်မဒီမိုကရက်တစ် အင်အားစုများအား အဓိကထားချေမှုန်းရန် ကြံစည်နေသည့် စကစ၏ ဗျူဟာအား တဖက်တလမ်း အကူအညီပေးနေကြသည်။
ဤသည်တို့မှာ ခေတ်သစ် နိုင်ငံရေးဇာတ်ပျက်အချို့၏ လုပ်ရပ်များဖြစ်သည်ကို တွေ့ရသည်။ ခေတ်သစ်နိုင်ငံရေး ဇာတ်ပျက်များသည် ပုံစံဟောင်း နိုင်ငံရေး ဇာတ်ပျက်များကဲ့သို့ စစ်ကောင်စီ အဖွဲ့အတွင်း ပေါ်တင်ဝင်ရောက်အလုပ်အကြွေး ပြုကြသူများမဟုတ်ကြ။ ၎င်းတို့အနေနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အထောက်အပံ့ကောင်းစွာရရှိထားကြပြီး စစ်ကောင်စိ၏ လစာ၊ ထောက်ပံ့မှုထက် ပိုသာနေသည်ဖြစ်ရာ ပုံစံဟောင်း နိုင်ငံရေးဇာတ်ပျက်များကဲ့သို့ ပြုလုပ်ရန် မလိုပေ။
သူတို့အမြင်ရ စစ်တပ်အာဏာသိမ်းခြင်းအား ငြိမ်ခံရမည်ဟု ယူဆထားကြ၏။ သူတို့၏ အယူအဆသည် စစ်တပ် လုပ်သမျှ ငြိမ်ခံရေး၊ စစ်တပ် ပေးသလောက် အခွင့်အရေးအား ရယူရေးမျှသာ ဖြစ်သည်။ ဤသည်ကား ပုံစံသစ်နိုင်ငံရေး ဇာတ်ပျက်များ၏ အခြေခံအမြင်ဖြစ်သည်။ သူတို့သည် ထိုအမြင်ပေါ်မှ ရပ်ခံ လုပ်ဆောင်နေကြသည်။
ထို့သို့ပြုလုပ်ပါက လူထုအမြင်မကောင်းသည်ကို ကောင်းစွာသိကြသည်။ ၎င်းတို့သည် နိုင်ငံရေးတတ်သိ ပညာရှင်ပုံစံဖြင့် လူထုအား ဖမ်းစားရန် ကြံရွယ်ပြီး ရန်သူကို စစ်ကောင်စီကို အလုပ်အကျွေးပြုရန် စင်တခုဆောက်၍ ကြိုးစားကြသူများ ဖြစ်သည်။
လူထုအနေနှင့်လည်း ၎င်းတို့ကို ပုံစံဟောင်း နိုင်ငံရေး ဇာတ်ပျက်များကဲ့သို့ လွယ်ကူစွာ မမြင်နိုင်ပေ။ ပုံစံသစ်နှင့် ပုံစံဟောင်း နိုင်ငံရေး ဇာတ်ပျက်များ အခြေခံတူသည်ကတော့ ရပ်တည်ချက်ပြဿနာဖြစ်သည်။
၎င်းတို့သည် မြန်မာပြည်သူလူထုဖက်က ရပ်တည်မှု မရှိကြတော့ပေ။ လူထုအခြေအနေအား သေချာနားလည်မှုပေးရန် မလုပ်ဆောင်ကြတော့။ လူထု၏ အကျိုးစီးပွါးဖက်က ရပ်ခံရန်လည်း မစဉ်းစားကြတော့ပေ။ ထို့အတူ လူထု၏ ခုခံ ပုန်ကန်မှုများသည် မအောင်မြင်နိုင်ဟုသာ တလမ်းသွား အဆိုးမြင်ကြ၏။ စေ့စပ် ဆွေးနွေး ဖြေရှင်းရေးဟူသည့် ခေါင်းစဉ် အောက်တွင် စစ်ကောင်စီအား အလုပ်အကျွေး ပြုနေကြတော့သည်။
သို့ဖြစ်ရာ လူထုအနေနှင့် ပုံစံဟောင်း နိုင်ငံရေး ဇာတ်ပျက်များကိုသာမက ပုံစံသစ်နိုင်ငံရေး ဇာတ်ပျက်များကိုလည်း အထူး သတိပြုရန်လိုသည်။ ထိုသူတို့၏ ရေပေါ်ဆီ နိုင်ငံရေး အယူအဆများသည် ပျံ့နှံလွယ်သည်။ အချို့သူများတွင် ပုံစံသစ် နိုင်ငံရေး ဇာတ်ပျက်အယူအဆများ ဝင်နေသည်ကို တွေ့ရသည်။
သူတို့သည် ဒီမိုကရေစီ အခွင့်အရေးနှင့် လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို အသုံးပြု၍ လူထုဘက်တော်သားများ၏ အားနည်းချက်များကို ထိုးနှက်တိုက်ခိုက်ကြ၏။ သရော်လှောင်ပြောင်ကြ၏။ လူထု၏ တိုက်ပွဲဝင်မှုများကိုလည်း ခံစားချက်နှင့် လုပ်၍မရ။ ရေရှည်တွင်အောင်မြင်ဖွယ်မရှိဟု ယူဆပြောဆိုကြသည်။
သူတို့တွင်လည်း လက်နက်ကိုင်တိုက်ဖူးသည့် အတွေ့အကြုံရှိသည်ဖြစ်ရာ လက်ရှိလက်နက်ကိုင်ပုန်ကန်မှုသည်လည်း အချည်းနှီးသာဖြစ်မည်ဟု ဆိုကြသည်။ နောက်ဆုံး ဆွေးနွေးစားပွဲဝိုင်းပဲ ရောက်မှာပါဆိုသည့် လောဂျစ်များ ထုတ်ကြသည်။
၎င်းတို့တွင် နိုင်ငံရေးအရ လူထုနှင့်ပတ်သက်၍ အဆိုးမြင်များ လွှမ်းနေသည်။ သူတို့သည် ဒီမိုကရေစီနှင့် လွတ်လပ်စွာ ပြောဆိုခွင့်အား ကိုင်စွဲ၍ ထိုအချက်များကို တွင်တွင်ကျယ်ကျယ် ပြောဆို ဝါဒဖြန့်နေကြသည်။
သို့သော် သူတို့သည် စစ်တပ်အာဏာသိမ်းသည်မှာ မှားယွင်းသည်ဟု တခွန်းမှ မပြောကြ၊ စစ်တပ်က အကြမ်းဖက်နှိမ်နင်းသည်ကိုလည်းကောင်း၊ လူထောင်သောင်းချီ ဖမ်းဆီးခြင်းကို လည်းကောင်း၊ စစ်ကြောရေးတွင် လူရာနှင့်ချီ၍ ရိုက်သတ်ခဲ့သည်ကိုလည်းကောင်း၊ စစ်တပ်က အရပ်သားအိုးအိမ်သောင်းအချို့ မီးရှို့ဖျက်ဆီးသည်ကိုလည်းကောင်း သူတို့ လုံးဝ အသံထွက်ပြောဆိုခြင်း မရှိကြပေ။
သူတို့အမြင်ရ စစ်တပ်အာဏာသိမ်းခြင်းအား ငြိမ်ခံရမည်ဟု ယူဆထားကြ၏။ သူတို့၏ အယူအဆသည် စစ်တပ် လုပ်သမျှ ငြိမ်ခံရေး၊ စစ်တပ် ပေးသလောက် အခွင့်အရေးအား ရယူရေးမျှသာ ဖြစ်သည်။ ဤသည်ကား ပုံစံသစ်နိုင်ငံရေး ဇာတ်ပျက်များ၏ အခြေခံအမြင်ဖြစ်သည်။ သူတို့သည် ထိုအမြင်ပေါ်မှ ရပ်ခံ လုပ်ဆောင်နေကြသည်။
သို့ဖြစ်ရာ ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သည့် ပုံစံဟောင်း နိုင်ငံရေးဇာတ်ပျက်များကိုသာမက ပုံစံသစ်နှင့်ပေါ်လာသည့် နိုင်ငံရေး ဇာတ်ပျက်များ၏ လုပ်ရပ်နှင့်အယူအဆများကိုလည်း လူထုအနေနှင့် သတိပြုဆန့်ကျင်ကြရန် လိုအပ်ပေသည်။
နိုင်ငံရေး ဇာတ်ပျက်များသည် တိုင်းပြည်အတွက်လည်းကောင်း၊ လူထုအတွက်လည်းကောင်း အဆိပ်အတောက်ဖြစ်သည်။
(ဗညားအောင်သည် နိုင်ငံရေး စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
တော်လှန်ရေး၌ အချမ်းသာဆုံးသည် ကျင့်ဝတ်စည်းကမ်း
မျှော်လင့်ချက်အမှားများ မပေးရန် NUG ဝန်ကြီးများကို သမ္မတ သတိပေး
စစ်ကောင်စီက ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပမည်မှာ ရွေးကောက်ပွဲမဟုတ်
အလျှော့ပေး ပြေလည်ရေးသမားတွေရဲ့ ASEAN မြန်မာ့အရေးမှာ အလုပ်မဖြစ်