• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာနိုင်ငံ တည်ငြိမ်ရေး တော်လှန်ရေးတပ်များ ကွန်ရက်ကသာ တည်ဆောက်နိုင်

by ရဲမျိုးဟိန်းနှင့် ဘီလီဖို့ဒ်
20 December 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်းလေးဒေသတွင် ဆန္ဒပြကြစဉ်  / AFP

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်းလေးဒေသတွင် ဆန္ဒပြကြစဉ် / AFP

5.2k
VIEWS
Share on FacebookShare on Twitter

မြန်မာ ခုခံတော်လှန်ရေးတပ်များသည် စစ်မြေပြင်တွင် ခြေကုပ်ရနေသည့်တိုင် နိုင်ငံတကာ အသိုက်အဝန်းမှ အများအပြားက မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုသည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး ညီညွတ်ရန်လိုကြောင်း ဆက်လက် ရှုမြင်နေကြသည်။ ထိုအမြင်ကြောင့် အချို့သူများသည် ပဋိပက္ခကို လက်မခံနိုင်တော့ဘဲ မပါဝင် မပတ်သက်စေသလို အချို့ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲအတုကို တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရေး လမ်းကြောင်းအဖြစ် လက်ခံရန် စဉ်းစားလာသည်။ ထိုအယူအဆနှင့် ကောက်ချက် ၂ ခုလုံးသည် မှားယွင်းနေသည်။

တည်ငြိမ်သော မြန်မာနိုင်ငံပေါ်ပေါက်ရေးကို ထောက်ခံရန် နိုင်ငံတကာအသိုက်အဝန်းမှ လေးနက်မှုရှိပါက ပြစ်တင်ရှုတ်ချခံ လူမျိုးတုံးသတ်ဖြတ်သည့် တရားမဝင် စစ်ကောင်စီက ပြုလုပ်သော ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေး ဆောင်ယူပေးမည်ဆိုသည့် ရိုးအ မှားယွင်းသော ထိုမျှော်လင့်ချက်ကို စွန့်လွှတ်ရမည်ဖြစ်သည်။ ထိုသို့လုပ်မည့်အစား စိန်ခေါ်မှုများ ရှိစေကာမူ လက်တွေ့ကျသည့် တည်ငြိမ်မှု လမ်းကြောင်းဖြစ်သော ခုခံတော်လှန်ရေးအဖွဲ့များကြား ဆွေးနွေးမှုများအား သိသိသာသာ တိုးမြှင့်ရမည်ဖြစ်သည်။

RelatedPosts

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
1.7k
အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

21 June 2025
1.6k
စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

20 June 2025
3.6k

ခုခံတော်လှန်ရေး အင်အားစုများသည် သဘောထား ကွဲလွဲနေသည်မှာ မှန်သည်။ သို့သော်အရေးအပါဆုံး အချက်မှာ စစ်တပ်ကို ချေမှုန်းပြီး အစိုးရအဖြစ်မှ ဖယ်ထုတ်မည့် ရည်မှန်းချက် ပန်းတိုင်အတွက် ထိုအုပ်စုကွဲများအားလုံး တူညီနေခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ အခြေခံတူညီမှုသည် ယခင်က မရဖူးသည့် ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုများကို သမိုင်းကြောင်းအရ ကွဲပြားနေသည့် အဖွဲ့များအကြားတွင် ဖြစ်ပေါ်စေသည်။

ခုခံတော်လှန်ရေး အင်အားစုများသည် သဘောထား ကွဲလွဲနေသည်မှာ မှန်သည်။ သို့သော်အရေးအပါဆုံး အချက်မှာ စစ်တပ်ကို ချေမှုန်းပြီး အစိုးရအဖြစ်မှ ဖယ်ထုတ်မည့် ရည်မှန်းချက် ပန်းတိုင်အတွက် ထိုအုပ်စုကွဲများအားလုံး တူညီနေခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ အခြေခံတူညီမှုသည် ယခင်က မရဖူးသည့် ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုများကို သမိုင်းကြောင်းအရ ကွဲပြားနေသည့် အဖွဲ့များအကြားတွင် ဖြစ်ပေါ်စေသည်။

ခုခံတော်လှန်ရေး အင်အားစုများအကြား အပြန်အလှန် ဆွေးနွေးမှုသည် အရေးပါသည့် တိုးတက်မှုရနေပြီး မြန်မာ့သမိုင်းတွင် အကျယ်ပြန့်ဆုံး အားလုံးပါဝင်မှု အများဆုံးသော အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြစ်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) စသည်တို့ကို တည်ဆောက်ထားပြီး ဒီမိုကရေစီ အကျဆုံးနှင့် တန်းတူညီမျှမှုအရှိဆုံး နိုင်ငံရေးလမ်းပြမြေပုံဖြစ်သည့် ဖက်ဒရယ် ဒီမိုကရက်တစ် ပဋိညာဉ် (FDC) ကို ထုတ်ပြန်နိုင်သလို စစ်ကောင်စီက နိုင်ငံ၏ သေးငယ်သော အစိတ်အပိုင်းကိုသာ ထိန်းချုပ်နိုင်တော့သည်အထိ စစ်ရေးလှုပ်ရှားမှုများကို ညှိနှိုင်းနိုင်လာသည်။

ထိုသို့သော အောင်မြင်မှုများရှိသော်လည်း တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း အထူးသဖြင့် NUCC သည် ထိရောက်မှုမရှိဘဲ နှေးကွေးကာ အုပ်စုနိုင်ငံရေး၊ သမိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများနှင့် ယုံကြည်မှုကင်းမဲ့ခြင်းများ ဖြစ်နေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် မြင်ကြသည်။ FDC တွင် တည်ငြိမ်ရေးအတွက် လမ်းပြမြေပုံကို ဖော်ပြထားသော်လည်း NUCC ပြင်ပမှ ကျယ်ပြန့်သော ထောက်ခံမှု ကင်းမဲ့နေသည်ဟု မြင်ကြသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF စခန်းများသို့ ဇွန်လ ၇ ရက်က သွားရောက်ခဲ့စဉ် / NUG

အလွန်အကျွံ ဖြစ်နေသော်လည်း ထိုသို့သော ဝေဖန်မှုများသည် ပိုမိုညီညွတ်ရန် လိုအပ်ချက်ကို မီးမောင်းထိုးပြနေပြီး အတိုက်အခံများအနေဖြင့် နိုင်ငံတကာထောက်ခံမှု ပိုမိုရရှိရန်နှင့် စစ်ကောင်စီကို ချေမှုန်းရန် လိုအပ်သည့် ညှိနှိုင်းဆောင်ရွက်နိုင်သော အဆင့်အတွက် ပိုမိုစုစည်းညီညွတ်ရန် လိုအပ်သည်ကို ပြသနေသည်။ ထိုသို့သော စိန်ခေါ်မှုများကို ဖြည့်ဆည်းခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲနှင့် ကင်းကင်းနေရန် နိုင်ငံတကာ အသိုက်အဝန်းကို ဆွဲဆောင်ပြီး တည်ငြိမ်မှုသို့ အခြားလမ်းကြောင်းမှ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ ရွေးကောက်ပွဲအတုသည် အကြမ်းဖက်မှုနှင့် အစိတ်စိတ်အမွှာမွှာ သွေးကွဲမှုကို ဖြစ်စေမည်မှာ သေချာသည်။

လက်ရှိအချိန်အထိ အာမခံချက်အရှိဆုံး အခြေခံအဖွဲ့အစည်းများမှာ စစ်သေနင်္ဂဗျူဟာနှင့် နိုင်ငံအစိတ်အပိုင်းအလိုက် အုပ်ချုပ်ရေးကို ညှိနှိုင်းဆောင်ရွက်ပေးသော အဖွဲ့အစည်းများ ဖြစ်သည်။ ထိုကောင်စီများသည် အနာဂတ်မြန်မာတွင် နိုင်ငံအစိတ်အပိုင်းအလိုက် ဖက်ဒရယ်ယူနစ် မည်မျှရှိမည် စသည်တို့ကဲ့သို့သော အကြိတ်အနယ်ဆွေးနွေးခြင်းထက် စစ်ကောင်စီကို ချေမှုန်းခြင်းနှင့် ပိတ်ဆို့ခံ လူမှုအသိုက်အဝန်းများကို ထောက်ပံ့ခြင်း စသည့် ပူးပေါင်းချိန်ညှိနိုင်သည့် အချက်များကို ပိုမို အလေးပေးသင့်သည်။ သမိုင်းအရ ဆန့်ကျင်ဘက်ဖြစ်နေသော လူမှုအသိုက်အဝန်းများအကြား ယုံကြည်မှုကို ထိုအခြေခံ အဖွဲ့အစည်းများမှတဆင့် တည်ဆောက်နေချိန်တွင် နိုင်ငံ၏အနာဂတ်နှင့် ပတ်သက်သည့် ပိုမိုခက်ခဲသော ဆွေးနွေးမှုများအတွက် နယ်ပယ် ဖန်တီးပေးရမည်မှာ သေချာသည်။

လက်ရှိအချိန်အထိ အာမခံချက်အရှိဆုံး အခြေခံအဖွဲ့အစည်းများမှာ စစ်သေနင်္ဂဗျူဟာနှင့် နိုင်ငံအစိတ်အပိုင်းအလိုက် အုပ်ချုပ်ရေးကို ညှိနှိုင်းဆောင်ရွက်ပေးသော အဖွဲ့အစည်းများ ဖြစ်သည်။ ထိုကောင်စီများသည် အနာဂတ်မြန်မာတွင် နိုင်ငံအစိတ်အပိုင်းအလိုက် ဖက်ဒရယ်ယူနစ် မည်မျှရှိမည် စသည်တို့ကဲ့သို့သော အကြိတ်အနယ်ဆွေးနွေးခြင်းထက် စစ်ကောင်စီကို ချေမှုန်းခြင်းနှင့် ပိတ်ဆို့ခံ လူမှုအသိုက်အဝန်းများကို ထောက်ပံ့ခြင်း စသည့် ပူးပေါင်းချိန်ညှိနိုင်သည့် အချက်များကို ပိုမို အလေးပေးသင့်သည်။

ထို့နောက် ခုခံတော်လှန်ရေး အင်အားစုများသည် ရှေ့လာမည့် ရှည်ကြာသော နိုင်ငံရေး ဆွေးနွေးမှုများကို ဖွဲ့စည်းမည့် ကျယ်ပြန့်သော မူများကို အားပေးပြီး နောက်တဆင့် ဆွေးနွေးမှုများကို စတင်နိုင်မည်ဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်းသည် ငြိမ်းချမ်းတည်ငြိမ်သော မြန်မာနိုင်ငံ ပေါ်ပေါက်ရေး အထောက်အကူပြုရန် မျှော်လင့်ပါက ထိုအားထုတ်မှုများကို ထောက်ခံရန် ပိုမိုလုပ်ဆောင်ရမည် ဖြစ်သည်။ အထူးသဖြင့် စစ်တပ်နှင့် ဆွေးနွေးရေးအတွက် အခြေခံစည်းကမ်းချက်များကို ပထမဆုံးအကြိမ်အဖြစ် NUG အစိုးရ သမ္မတက ချပြလာပြီးနောက် နိုင်ငံတကာ အသိုက်အဝန်းက ထိုအားထုတ်မှုများကို ထောက်ခံရမည် ဖြစ်သည်။

စုစည်းခြင်းသို့ ချီတက်ခြင်း

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး မကြာမီ လူမျိုးစု လူနည်းစုများနှင့် ဗမာခေါင်းဆောင်များသည် နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် အမျိုးသားအုံကြွမှုတွင် မြန်မာမှ သမိုင်းအရကွဲပြားနေသည့် လူမှုအဖွဲ့အစည်းများအကြား ယုံကြည်မှု ခိုင်မာစေမည့် အလားအလာကို တွေ့မြင်ခဲ့ကြသည်။ ၁၉၄၀ ပြည့်နှစ်များ နှောင်းပိုင်းမှစတင်ပြီး စစ်တပ်ကို တိုက်ခိုက်နေသည့် ထင်ရှားသော ကရင်အဖွဲ့အစည်းတခု (KNLA) ၏ ဒုစစ်ဦးချုပ် ဘောကျော်ဟဲက အိတ်ဖွင့်ပေးစာတစောင်တွင် “နှစ်ပေါင်း ၇၀ ကျော် တော်လှန်ရေးကာလအတွင်း ယခုလောက်ကြီးမားသော အခွင့်အလမ်းကို မကြုံခဲ့ရပေ။ စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရန် ညီညွတ်ကြပါစို့” ဟု ရေးသားခဲ့သည်။

ကနဦးတွင် ဆန္ဒပြပွဲများသည် ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေးနှင့် စစ်အာဏာမသိမ်းမီက အစီအစဉ်အတိုင်း ပြန်လုပ်ရန်သာ တောင်းဆိုသော်လည်း နောက်ပိုင်းတွင် ပြည်တွင်း ပဋိပက္ခ ဆယ်စုနှစ်များစွာကို ကိုင်တွယ်ဖြေရှင်းပေးမည့် အလုံးစုံသော နိုင်ငံရေး အပြောင်းအလဲကို တောင်းဆိုခြင်းအထိပါ အလျင်အမြန် ကျယ်ပြန့်လာသည်။

ထိုအချိန်မှစတင်ပြီး အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများသည် ဆွေးနွေးမှုအခြေခံ အဖွဲ့အစည်းအဖြစ် အများအပြား ပေါ်ပေါက်လာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ။ ။ NUG ကို ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များဖြင့် အခြေခံအားဖြင့် ဖွဲ့စည်းထားပြီး လူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများ (EROs) ကိုယ်စားလှယ်များနှင့် ထင်ရှားသော ခုခံတော်လှန်ရေး ခေါင်းဆောင်များလည်း ပါဝင်သည်။ ထိုအဖွဲ့သည် မြန်မာသမိုင်းတွင် ကွဲပြားစုံလင်မှုအများဆုံး အဖွဲ့အစည်းဖြစ်ပြီး သမ္မတနှင့် ဝန်ကြီးချုပ်သည် လူနည်းစုများမှ ဖြစ်သည်။ သို့သော် အချို့က ထိုအဖွဲ့သည် NLD နိုင်ငံရေး ရည်မှန်းချက်များနှင့် နီးစပ်ကိုက်ညီသည်ဟု မြင်ကြသည်။ NUG သည် အဖွဲ့အစည်းတခုမျှသာ ဖြစ်သော်လည်း ၎င်း၏အရွယ်အစားနှင့် ကွဲပြားစုံလင်မှုသည် မြန်မာ၏အနာဂတ်နှင့် ပတ်သက်သည့် အရေးပါသည့် အကြိတ်အနယ် ဆွေးနွေးမှုများ ပြုလုပ်သည့် သဘောဖြစ်သည်။

NUG သည် မြန်မာသမိုင်းတွင် ကွဲပြားစုံလင်မှုအများဆုံး အဖွဲ့အစည်းဖြစ်ပြီး သမ္မတနှင့် ဝန်ကြီးချုပ်သည် လူနည်းစုများမှ ဖြစ်သည်။ သို့သော် အချို့က ထိုအဖွဲ့သည် NLD နိုင်ငံရေး ရည်မှန်းချက်များနှင့် နီးစပ်ကိုက်ညီသည်ဟု မြင်ကြသည်။

NUG ၏ မဟာမိတ်ကော်မတီ ။ ။ လူမျိုးစု နိုင်ငံရေး အင်အားစုများနှင့် ပိုမိုကောင်းမွန်စွာ ထိတွေ့ဆက်ဆံရန် လိုအပ်ချက်အတွက် NUG သည် မဟာမိတ်ကော်မတီကို ဖွဲ့စည်းသည်။ ထိုမဟာမိတ်ကော်မတီသည် EROs များနှင့် ထိတွေ့ဆက်ဆံရေးနှင့် တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ချဲ့ထွင်ရေးအတွက် အဓိကအားဖြင့် တာဝန်ရှိသည်။ မဟာမိတ်ကော်မတီသည် EROs များနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံမှု တိုးမြှင့်သည်။ အထူးသဖြင့် မဟာမိတ်အတွင်း မပါဝင်သည့် ရက္ခိုင့်တပ်တော် (AA)၊ မြန်မာနိုင်ငံမြောက်ပိုင်းမှ EROs များနှင့် အခြား လူမျိုးစု လူနည်းစုနိုင်ငံရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်သည်။

မဟာမိတ်ကော်မတီ၏ အားထုတ်မှုများသည် အတန်အသင့် ထိရောက်ကြောင်းကို မြောက်ပိုင်း EROs များ၊ AA တို့နှင့် NUG အကြား ပိုမိုဆက်သွယ်မှုရှိလာသော ပုံမှန်ဆက်ဆံရေးက ဖော်ပြနေသည်။ အများပြည်သူက အနည်းငယ်သာ အာရုံစိုက်မိသော်လည်း မဟာမိတ်ကော်မတီသည် လူမျိုးစု နိုင်ငံရေးနှင့် လက်နက်ကိုင် အင်အားစုများနှင့် ထိတွေ့ဆက်ဆံရာတွင် အရေးပါသော အခြေခံ အဖွဲ့အစည်းများအနက် တခုဖြစ်သည်။

NUG ယာယီသမ္မတ ဒူဝါ လရှီးလ

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ။ ။ NUCC ကို NUG ၊ ဖြုတ်ချခံ ရွေးကောက်ခံလွှတ်တော်၊ လူ့အခွင့်အရေးနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ၊ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)၊ တက်ကြွလှုပ်ရှားသူများကွန်ရက်၊ လူမျိုးစု လူနည်းစု နိုင်ငံရေးပါတီများနှင့် EROs များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ NUCC ၏ လုပ်ပိုင်ခွင့်မှာ ကြားကာလနှင့် ပဋိပက္ခလွန် မြန်မာအတွက် မူဝါဒများနှင့် အုပ်ချုပ်ရေး မူဘောင်များ ဖော်ထုတ်ရန် ဖြစ်သည်။

NUCC သည် ဆုံးဖြတ်ချက်ချရန် နှေးကွေးခြင်း၊ မရေရာသော တရားဝင်မှု၊ အဓိကကျသော အဖွဲ့ဝင်များအကြား မယုံကြည်မှု၊ သြဇာကြီးမားသော အုပ်စုများကင်းမဲ့နေခြင်းနှင့် အခြားစိန်ခေါ်မှုများကြောင့် အဟန့်အတားများ ရင်ဆိုင်နေရသည်။ သို့သော် အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အတွက် နိုင်ငံရေး ရည်မှန်းချက်ကို ချမှတ်ရန် လုပ်ဆောင်နေသော အခြေခံအဖွဲ့အစည်း အနေဖြင့် NUCC သည် ကျဆုံးမခံနိုင်လောက်အောင် အရေးပါသည့် အဖွဲ့အစည်းဖြစ်သည်။

NUCC သည် ဆုံးဖြတ်ချက်ချရန် နှေးကွေးခြင်း၊ မရေရာသော တရားဝင်မှု၊ အဓိကကျသော အဖွဲ့ဝင်များအကြား မယုံကြည်မှု၊ သြဇာကြီးမားသော အုပ်စုများကင်းမဲ့နေခြင်းနှင့် အခြားစိန်ခေါ်မှုများကြောင့် အဟန့်အတားများ ရင်ဆိုင်နေရသည်။ သို့သော် အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အတွက် နိုင်ငံရေး ရည်မှန်းချက်ကို ချမှတ်ရန် လုပ်ဆောင်နေသော အခြေခံအဖွဲ့အစည်း အနေဖြင့် NUCC သည် ကျဆုံးမခံနိုင်လောက်အောင် အရေးပါသည့် အဖွဲ့အစည်းဖြစ်သည်။

စစ်ရေးညှိနှိုင်းမှု အခြေခံအဖွဲ့အစည်းများ ။ ။ NUG နှင့် ၎င်း၏ မဟာမိတ် EROs များသည် စစ်အုပ်စုကို ချေမှုန်းရေး ရည်မှန်းချက်နှင့် ပတ်သက်ပြီး သမိုင်းအရ ကွဲလွဲနေသောသူများကို ညီညွတ်စေသည့် အဓိကကျသော စစ်ရေးညှိနှိုင်းမှု အခြေခံအဖွဲ့အစည်း ၂ ခုကို ထူထောင်ထားသည်။ ဗဟိုကွပ်ကဲမှုနှင့် ညှိနှိုင်းမှု ကော်မတီ (C3C) နှင့် ပူးတွဲကွပ်ကဲ ညှိနှိုင်းမှုကော်မတီ (J2C) တို့ဖြစ်သည်။ C3C တွင် NUG ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပါဝင်သည်။

J2C သည် NUG နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့၏ ပူးတွဲကော်မတီဖြစ်သည်။ NUG သည် အင်အားကြီးမားသည့် မြောက်ပိုင်းမှ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး တိုးတက်အောင် လုပ်နိုင်ပြီး စစ်ရေးညှိနှိုင်းမှု အဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင်အောင် လုပ်နိုင်ပါက စစ်အင်အား ချိန်ခွင်လျှာကို ခုခံတော်လှန်ရေး အင်အားစုများဘက်သို့ အဆုံးအဖြတ်ကျကျ ပြောင်းလဲသွားစေနိုင်သည်။ ထိုသို့လုပ်ဆောင်နိုင်ခြင်းသည် ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေနိုင်ပြီး ထိုနက်ရှိုင်းလာသော ယုံကြည်မှုကြောင့် ပိုမိုအဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေး ဆွေးနွေးပွဲများသို့ ဦးတည်စေနိုင်သည်။

ပြည်နယ်နှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများ ။ ။ ခုခံတော်လှန်ရေး အင်အားစုများသည် စစ်ကောင်စီအပေါ် အသာစီးရလာချိန်တွင် ပြည်နယ်နှင့် ဒေသဆိုင်ရာအဆင့်တွင် အုပ်ချုပ်ရေးစနစ်များကို ထူထောင်ထားပြီး ဖြစ်သည်။ ထိုအဖွဲ့အစည်းများသည် အသွင်အမျိုးမျိုးဆောင်သော်လည်း ကရင်နီပြည်နယ်တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီနှင့် ချင်းပြည်နယ်တွင် ကြားကာလ ချင်းအတိုင်ပင်ခံကောင်စီတို့သည် အမျိုးမျိုးသော ပါဝင်ပတ်သက်သူများ၊ အရပ်သားနှင့် လက်နက်ကိုင်များအတွက် ရှုပ်ထွေးသော အုပ်ချုပ်ရေး ပြဿနာများကို ဆွေးနွေးရန် အရေးပါသော အခြေခံအဖွဲ့အစည်းများ ဖြစ်လာသည်။ ထိုဆွေးနွေးပွဲများသည် ယုံကြည်မှု တည်ဆောက်ရေးအတွက် အခွင့်အလမ်းပေးရုံသာမက အနာဂတ်အတွက် စံနမူနာပြ ဖြစ်လာနိုင်သည့် ဗဟိုချုပ်ကိုင်မှုမဲ့သော ဖက်ဒရယ် အုပ်ချုပ်ရေးကို စမ်းသပ် အကောင်အထည် ဖော်ကြည့်ခြင်းလည်းဖြစ်သည်။

ပန်းတိုင်သည် ညီညွတ်ရေး မဟုတ်

ထိုသို့သော နောက်ခံအခြေအနေတွင် ညီညွတ်ရေးသည် လက်တွေ့မကျသလို အကောင်းဆုံးလည်း မဟုတ်ပေ။ လက်တွေ့တွင် “ညီညွတ်ရေး” သည် အမျိုးသားစရိုက်လက္ခဏာကို ဖိနှိပ်ပြီး မတူညီမှုများကို ပယ်ဖျက်ခြင်း ဖြစ်သည်ဟု မမျှတစွာ သတ်မှတ်ထားကြောင်း မြန်မာတွင် ပြုလုပ်သည့် USIP ထောက်ပံ့ခံ သုတေသနတခုအရ သိရသည်။

သမိုင်းအရဆိုပါက ဗမာ ဗဟိုအာဏာပိုင်များသည် ညီညွတ်ရေး တောင်းဆိုမှုကို အထက်မှအောက်သို့ ထိန်းချုပ်မှုအတွက် အမည်ခံအဖြစ် အသုံးပြုခဲ့ပြီး ဗမာစစ်တပ်က ၎င်းတို့သည် တစစီကွဲနေသော နိုင်ငံကို ညီညွတ်စေသူ ဖြစ်သည်ဆိုသည့် ဒဏ္ဍာရီဖြင့် နိုင်ငံရေးအား လွှမ်းမိုးထားသည်။ ထို့ကြောင့် လူနည်းစု လူမျိုးစုအတွက် အမျိုးသားညီညွတ်ရေးဆိုသည်မှာ ဗမာလွှမ်းမိုးမှုကို အညံ့ခံခိုင်းခြင်းသာ ဖြစ်နေသည်။

သမိုင်းအရဆိုပါက ဗမာ ဗဟိုအာဏာပိုင်များသည် ညီညွတ်ရေး တောင်းဆိုမှုကို အထက်မှအောက်သို့ ထိန်းချုပ်မှုအတွက် အမည်ခံအဖြစ် အသုံးပြုခဲ့ပြီး ဗမာစစ်တပ်က ၎င်းတို့သည် တစစီကွဲနေသော နိုင်ငံကို ညီညွတ်စေသူ ဖြစ်သည်ဆိုသည့် ဒဏ္ဍာရီဖြင့် နိုင်ငံရေးအား လွှမ်းမိုးထားသည်။ ထို့ကြောင့် လူနည်းစု လူမျိုးစုအတွက် အမျိုးသားညီညွတ်ရေးဆိုသည်မှာ ဗမာလွှမ်းမိုးမှုကို အညံ့ခံခိုင်းခြင်းသာ ဖြစ်နေသည်။

ယခုတော်လှန်ရေးတွင် ကွဲပြားခြားနားသော ဇာတ်ဆောင်များပါဝင်ခြင်းသည် တော်လှန်ရေး၏ ခံနိုင်ရည်အတွက် အရေးပါကြောင်း သုတေသီများက တွေ့ဆုံမေးမြန်းခဲ့သူများ အလေးအနက် ပြောကြားသည်။

“စစ်တပ်ကို ချေမှုန်းဖို့ ညီညွတ်ရေးလိုတယ် ဆိုတဲ့စကားက အပ်ကြောင်းထပ်နေပြီး ထိရောက်မှုမရှိတော့ဘူး” ဟု တွေ့ဆုံမေးမြန်းခဲ့သူတဦး ပြောသည်။ ထိုသို့သော စကားများအစား တော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် လူမျိုးစု အုပ်စုတစုစီတွင် ကိုယ်ပိုင်သမိုင်းနှင့် တန်ဖိုးများ ရှိကြောင်း အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ထိုတွေ့ဆုံမေးမြန်းခဲ့သူနှင့် အခြားသူများကပြောသည်။ လိုအပ်သည်မှာ ပြီးပြည့်စုံသည့် ညီညွတ်ရေး မဟုတ်ဘဲ မည်သည့် ဒီမိုကရေစီအတွက်မဆို အခြေခံ စိန်ခေါ်မှုဖြစ်သည့် ကွဲပြားခြားနားမှုကို စီမံရန် တရားမျှတသော စနစ်ဖြစ်သည်ဟုလည်း သူကပြောသည်။

ညီညွတ်ရေးဆိုသည့် ဖိနှိပ်ရေး စကားလုံးအတွင်း ပိတ်မိမနေဘဲ စစ်ကောင်စီ ဆန့်ကျင်ရေး အုပ်စုများသည် စစ်ရေးနှင့် အုပ်ချုပ်ရေး ညှိနှိုင်းမှုများမှ ပေါ်ပေါက်လာသည့် ယုံကြည်မှုတည်ဆောက်ရေးကို အရှိန်မြှင့်တင်နိုင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲမတိုင်မီ ရှေ့ဆက်လျှောက်ရမည့် ရှည်လျားလှသော လမ်းကြောင်းအတွက် အခြေခံအုတ်မြစ် ဖြစ်လာမည့် ကျယ်ပြန့်သောမူဘောင်များ ထူထောင်ကာ မူဝါဒချမှတ်နိုင်သည်။

အစီအစဉ်ချမှတ်ခြင်းနှင့် ထောက်ခံမှု

အာဏာသိမ်း စစ်အစိုးရသည် တည်ငြိမ်မှုအတွက် လမ်းကြောင်း ဖော်ဆောင်ပေးနိုင်ခြင်း မရှိပေ။ ၎င်းတွင် လူထုထောက်ခံမှုလည်း မရှိသလောက်ပင်ဖြစ်ပြီး နိုင်ငံပိုင်နက်၏ ၄ ပုံ ၁ ပုံကိုသာ ထိန်းချုပ်နိုင်သည်။ စစ်အောင်နိုင်ရန် အလားအလာလည်း မရှိပေ။ တဘက်တွင် ခုခံတော်လှန်ရေး အင်အားစုများတွင်မူ အလားအလာရှိနေသည်။ သို့သော် အောင်ပွဲသည် ရိုးရှင်းသော လမ်းကြောင်း မဟုတ်ဘဲ တခုတည်းသော လက်တွေ့ကျနိုင်သည့် လမ်းကြောင်းဖြစ်သည်။ ခုခံတော်လှန်ရေး အင်အားစုများနှင့် ထောက်ခံသူများသည် အောက်ပါအဆင့် ၃ ဆင့်ကို လုပ်ဆောင်နိုင်သည်။

အာဏာသိမ်း စစ်အစိုးရသည် လူထုထောက်ခံမှုလည်း မရှိသလောက်ပင်ဖြစ်ပြီး နိုင်ငံပိုင်နက်၏ ၄ ပုံ ၁ ပုံကိုသာ ထိန်းချုပ်နိုင်သည်။ စစ်အောင်နိုင်ရန် အလားအလာလည်း မရှိပေ။ တဘက်တွင် ခုခံတော်လှန်ရေး အင်အားစုများတွင်မူ အလားအလာရှိနေသည်။

၁။ C3C ၊ J2C နှင့် လက်ရှိပြုလုပ်နေသည့် ညှိနှိုင်းဆောင်ရွက်ရေးတွင် ပါဝင်သည့် အခြားအဖွဲ့များ ပါဝင်သော တခုတည်းသော အဖွဲ့အစည်းအောက်တွင် စုရုံးခြင်းဖြင့် စစ်ရေးညှိနှိုင်းဆောင်ရွက်မှု တိုးချဲ့ရန်။ တချိန်တည်းတွင် ဒေသအုပ်ချုပ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများ တောင့်တင်းအောင် လုပ်ဆောင်ရန်။

၂။ ခုခံတော်လှန်ရေး အုပ်စုအသီးသီး၏ အထူးသဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညဉ် (FDC) တွင် ၎င်းတို့ အမြင်များကို မထင်ဟပ်သည့် NUCC ပြင်ပမှ အုပ်စုများ၏ အဓိကကျသောမူများ၊ တန်ဖိုးများ၊ အကျိုးစီးပွားများကို ပိုမိုနက်ရှိုင်းသော နားလည်မှုဖြစ်စေရန် ၂ ဘက် ဆွေးနွေးမှု အများအပြား ပြုလုပ်ရန်။

၃။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် အခြားနားလည်မှုများကြောင့် ပေါ်ပေါက်လာသည့် ယုံကြည်မှုကို ဆက်လက်တည်ဆောက်ပြီး ခုခံတော်လှန်ရေး အင်အားစုများသည် အနာဂတ် အမျိုးသားဆွေးနွေးပွဲ လုပ်ငန်းစဉ်တခုအတွက် အခြေခံဖြစ်သည့် မူများနှင့် တန်ဖိုးများအပေါ် သဘောတူညီမှုရအောင် လုပ်ဆောင်ရန် လိုအပ်သည်။ FDC အပိုင်း ၁ တွင် ဖော်ပြထားသည့် မူများသည် ထိုဆွေးနွေးမှုကို အထောက်အကူပြုနိုင်သည်။

အမေရိကန် ပြည်ထောင်စုကို တည်ထောင်သူ ဂျွန်အဒမ်က “အနာဂတ်အတွက် ပြင်ဆင်မရတော့သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ပြည်သူများသည် မြစ်ကိုဖြတ်ကူးပြီး တံတားကို ချိုးလိုက်ပြီ” ဟု တခါက ရေးသားခဲ့သည်။ အလားတူပင် ခုခံတော်လှန်ရေး အင်အားစုများသည် နောက်ပြန်လှည့်မရတော့ဘဲ ၎င်းတို့မှလွဲ၍ တည်ငြိမ်မှုအတွက် မည်သည့် လမ်းကြောင်းမျှလည်း မရှိတော့ပေ။

နိုင်ငံတကာ အသိုက်အဝန်းကလည်း ၎င်းတို့လုပ်ဆောင်ရမည်များကို လုပ်ဆောင်ရမည်။ အထူးသံတမန်များနှင့် သံတမန်များသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုများ အဆုံးသတ်ပြီး အထက်ပါ ဆွေးနွေးပွဲများကို ပုံမှန်တက်ရောက်ပြီး လူသိရှင်ကြား ထောက်ခံရမည်။ ဘဏ္ဍာရေး အကူအညီများကို ထိုဆွေးနွေးမှု အဖွဲ့အစည်းများသို့ တိုက်ရိုက်ပေးပြီး ၎င်းတို့ ရေရှည်တည်တံ့စေရန်နှင့် ပုန်းနေရပြီး ဘဏ္ဍာရေး ခက်ခဲနေသူ အများစုပါသည့် အဓိကဇာတ်ကောင်များ ဆက်လက် ပါဝင်နိုင်စေရန် လုပ်ဆောင်သင့်သည်။

အမေရိကန် ပြည်ထောင်စုကို တည်ထောင်သူ ဂျွန်အဒမ်က “အနာဂတ်အတွက် ပြင်ဆင်မရတော့သည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ပြည်သူများသည် မြစ်ကိုဖြတ်ကူးပြီး တံတားကို ချိုးလိုက်ပြီ” ဟု တခါက ရေးသားခဲ့သည်။ အလားတူပင် ခုခံတော်လှန်ရေး အင်အားစုများသည် နောက်ပြန်လှည့်မရတော့ဘဲ ၎င်းတို့မှလွဲ၍ တည်ငြိမ်မှုအတွက် မည်သည့် လမ်းကြောင်းမျှလည်း မရှိတော့ပေ။

U.S. Institute of Peace ဝက်ဆိုက်တွင် ဖော်ပြထားသော Ye Myo Hein နှင့် Billy Ford တို့၏ For Myanmar, the Only Path to Stability Runs Through its Web of Resistance Forces ကို ဘာသာပြန် ဖော်ပြသည်။ ကိုရဲမျိုးဟိန်းသည် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ ဧည့်ပညာရှင်နှင့် ဝီလ်ဆင်စင်တာတွင် သုတေသီဖြစ်ပြီး ဘီလီဖို့ဒ် သည် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ Program Officer, Burma ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီက ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပမည်မှာ ရွေးကောက်ပွဲမဟုတ်

စစ်အာဏာသိမ်းမှုနှင့် ကြားကာလ တိုင်းရင်းသားအဖွဲ့အစည်းများ

မြန်မာ့နိုင်ငံရေးသစ် ရုပ်လုံးပေါ်လာနေ

နိုင်ငံကို အုပ်ချုပ်ဖို့ NUG အဆင်သင့်ဖြစ်ပြီလား

Your Thoughts …
Tags: C3CCDMEROsFDCJ2CNLDNUCCNUGခုခံတော်လှန်ရေး အင်အားစုငြိမ်းချမ်းရေးစစ်ကောင်စီစစ်အာဏာရှင်ဆန့်ကျင်ရေးစစ်အာဏာသိမ်းမှုညီညွတ်ရေးရွေးကောက်ပွဲအကြမ်းဖက်မှု
ရဲမျိုးဟိန်းနှင့် ဘီလီဖို့ဒ်

ရဲမျိုးဟိန်းနှင့် ဘီလီဖို့ဒ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သတ်ဖြတ်ခံခဲ့ရသည့် မြင်းခြံဒေသခံများ  /  MFP

မြင်းခြံတွင် NLD ပါတီဝင်နှင့် ဒေသခံ ၁၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

TNLA ကို စစ်ကိုင်းလို သွားလုပ်လို့ မရဘူး (ရုပ်/သံ)

TNLA ကို စစ်ကိုင်းလို သွားလုပ်လို့ မရဘူး (ရုပ်/သံ)

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate