၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ မြန်မာ့နွေဦးတော်လှန်ရေးကြီးကို အထောက်အကူပြုနိုင်မယ့် မှတ်တိုင် (Milestones) ၅ ခု နိုင်ငံတကာ နယ်ပယ်မှာ စိုက်ထူနိုင်ခဲ့ပါတယ်။
ဒီမှတ်တိုင် ၅ ခုက နိုင်ငံတကာ အခင်းအကျင်းမှာ မြန်မာဖက်ဆစ်တွေရဲ့ အထီးကျန် ငြင်းပယ်ခံရမှုကို ပိုပြီး သိသာထင်ရှား စေခဲ့ပြီး မြန်မာ့နွေဦး တော်လှန်ရေး ဦးဆောင်အင်အားစုတွေအပေါ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ထောက်ခံပံ့ပိုးမှုတွေ ကို သိသိသာသာ မြှင့်တင်နိုင်ခဲ့ပါတယ်။
(၁) ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော် (Brussels) မှာ ဥရောပသမဂ္ဂ (European Union/ EU) နဲ့ အာဆီယံ (ASEAN) ခေါင်းဆောင်များရဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး (ASEAN-EU Commemora- tive Summit 2022) ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးကြီးကို အီးယူနဲ့ အာဆီယံအဖွဲ့များ ၁၉၉၇ ခုနှစ်ကစလို့ ဆက်ဆံရေးထူထောင်ခဲ့တာ ၄၅ နှစ်ပြည့်တဲ့ အ ထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တာပါ။ အဲဒီ ထိပ်သီးအစည်းအဝေးမှာ မြန်မာဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မဖိတ်ကြားခဲ့ပါဘူး။
အီးယူနဲ့ အာဆီယံအဖွဲ့များ ၁၉၉၇ ခုနှစ်ကစလို့ ဆက်ဆံရေးထူထောင်ခဲ့တာ ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မဖိတ်ကြားခဲ့ပါဘူး။
ဒါဟာဖြင့် အီးယူနိုင်ငံများက မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရလို့ အသိအမှတ် မပြုကြောင်း ထပ်မံအတည်ပြုတာပါ။ မင်းအောင်လှိုင်ကို မဖိတ်တဲ့အတွက်လည်း ကျန်တဲ့ အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံက ကန့်ကွက်ခြင်း မပြုခဲ့ပါ။
ဒါဟာလည်း အာဆီယံရဲ့ သဘောထားအပြောင်းအလဲ တခုပါ။ ဗိုလ်ချုပ် သန်းရွှေ ဦးဆောင်တဲ့ နအဖ အုပ်စိုးမှု ခေတ်ကာလတွေတုန်းက အီးယူနိုင်ငံတွေမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အီးယူ-အာဆီယံ အစည်းအဝေးတွေမှာ နအဖ ကိုယ်စားလှယ်တွေကို မဖိတ်ရင် ကျန်တဲ့ အာဆီယံနိုင်ငံများက သူတို့လည်း အစည်းအဝေးမတက်နိုင်ဘူးလို့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ရှိခဲ့ဖူးပါတယ်။
အစည်းအဝေးအပြီး “ခေါင်းဆောင်များရဲ့ ပူးတွဲ ကြေညာချက်” (Joint Leaders’ Statement) ထုတ်ပြန်ခဲ့ပါတယ်။
စာမျက်နှာ ၁၂ မျက်နှာရှိတဲ့ အဲဒီ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံအခြေအနေနဲ့ ပါတ်သက်ပြီး စာပိုဒ် ၂ ပိုဒ် (စာပိုဒ်အမှတ် ၄၄ နှင့် ၄၅) ထည့်သွင်း ဖော်ပြခဲ့ပါတယ် ။
အဲဒီ စာပိုဒ်တွေမှာ (က) အီးယူအဖွဲ့ကြီးက အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေး ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုတွေကို အပြည့် အဝ ထောက်ခံကြောင်း၊ (ခ) အာဆီယံအဖွဲ့ကြီးရဲ့ ခေါင်းဆောင်များအားလုံး သဘောတူချမှတ်ထားတဲ့ ဘုံသဘောတူညီမှု ၅ ချက်ကိုလည်း ထောက်ခံကြောင်း၊ (ဂ) မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး ကို အကျဉ်းထောင်များမှ ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လိုအပ်နေသူများအားလုံးထံ ထိထိရောက်ရောက် ကူညီခွင့်ရရေး တောင်းဆိုကြောင်း ဖော်ပြခဲ့ပါတယ်။
ဆက်ပြီးတော့ (ဃ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် အတိုက်အခံ နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းထောင် အတွင်း ကြိုးပေးသတ်ဖြတ်ခြင်းအတွက် အပြင်းအထန် ရှုတ်ချကြောင်း၊ (င) ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းဖို့၊ လုံခြုံဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံကို လုံခြုံစွာ၊ သိက္ခာရှိစွာ ၎င်းတို့ရဲ့ ကိုယ်ပိုင်ဆန္ဒအလျောက် ပြန်နိုင်ရေးအတွက် အထူးအလေးပေးတောင်းဆိုကြောင်းတွေ ဖော်ပြထားပါတယ်။
(၂) ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ အဖွဲ့ဝင်နိုင်ငံများ ကိုယ်စားလှယ် စစ်ဆေးရေး ကော်မတီ (The Credentials Committee) က တင်ပြတဲ့ အစီရင်ခံစာကို မဲမခွဲပဲ အတည်ပြုပေးလိုက်ပါတယ်။
ကော်မတီရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေညီလာခံတက်ရောက်ခွင့် ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက် ကိုယ်စားပြုခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒါဟာဖြင့် မြန်မာဖက်ဆစ်အုပ်စုကို ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြောင်း ထပ်မံ အတည်ပြုတာ ဖြစ်သလို နွေဦးတော်လှန်ရေးရဲ့ ထိပ်သီးသံတမန် ဦးကျော်မိုးထွန်း က ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအစည်းအဝေးတွေမှာ မြန်မာဖက်ဆစ်တွေရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ဆက်လက် ဖော်ထုတ် ရှုတ်ချပြီး နိုင်ငံတကာအစိုးရများက မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေ ရပ်တန့်ဖို့ ဆက်လက် တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။
မြန်မာဖက်ဆစ်အုပ်စုကို ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုကြောင်း ထပ်မံ အတည်ပြုတာ ဖြစ်သလို နွေဦးတော်လှန်ရေးရဲ့ ထိပ်သီးသံတမန် ဦးကျော်မိုးထွန်းက ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအစည်းအဝေးတွေမှာ မြန်မာဖက်ဆစ်တွေရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ဆက်လက် ဖော်ထုတ် ရှုတ်ချပြီး နိုင်ငံတကာအစိုးရများက မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေ ရပ်တန့်ဖို့ ဆက်လက် တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။
(၃) ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် (S/RES/ 2669) ကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါဟာဖြင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသမိုင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံအရေးကိစ္စကို လုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းရမယ့် တရားဝင် အာဂျင်ဒါတခုအဖြစ် ဆုံးဖြတ်လက်ခံခဲ့ပြီးတဲ့နောက် ၁၆ နှစ်ကြာပြီးမှပဲ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချနိုင်တာ ဖြစ်ပါတယ်။
အရင့်အရင်က လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး ကြိုးပမ်းမှုတွေဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ ဗီတိုအာဏာနဲ့ ပယ်ချ မှု၊ သို့မဟုတ် ဗီတိုအာဏာသုံးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အရေးနိမ့်ခဲ့ရပါတယ်။ ဒီတခါတော့ ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲ မရှိ၊ ပျက်ကွက်မဲ (Absent) ၃ မဲ နဲ့ အတည်ပြုခဲ့ပါတယ်။
တရုတ်နဲ့ ရုရှားက ဗီတိုအာဏာမသုံးပဲ ကောင်စီရဲ့ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ အတူ မဲပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်မှာလည်း မြန်မာစစ်အုပ်စုအပေါ် အရေးယူမှုတွေ မပါဝင်ပါ။
ဒီဆုံးဖြတ်ချက်က အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေး ဝင်ရောက်ဖြေရှင်းပေးမှုကို ထောက်ခံအားပေးတာပဲ ဖြစ်ပါတယ်။ အရေး ယူမှုတွေ မပါဝင်ပေမယ့် အတိုင်းအတာတခုထိ အရေးကြီးပါတယ်။
အာဆီယံနိုင်ငံများထဲမှာ မြန်မာစစ်တပ်အပေါ် စိတ်ပျက်နေကြတဲ့၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် အတိုင်းအတာ တခုအထိ စာနာနားလည်မှု ပြကြတဲ့ နိုင်ငံအချို့ ရှိနေပါပြီ။
အဲဒီ နိုင်ငံတွေက မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေပါ။ အာဆီယံထဲမှာ အတက်ကြွဆုံးနိုင်ငံတွေ လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ အနီးစပ်ဆုံးနိုင်ငံတွေလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက သိပ်မကြာသေးခင်ကပဲ မြန်မာနိုင်ငံ ကို သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ဂါရဝပြုခဲ့တဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကို “အိန္ဒိယအစိုးရရဲ့ မြန်မာ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံမှုဟာ အာဆီယံနိုင်ငံများရဲ့ မြန်မာ့အရေးဖြေရှင်းမှုကို အထောက်အကူပြုရာ မရောက်ဘူး” လို့ ဝေဖန်လိုက်ပါသေးတယ်။
၂၀၂၃ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက သိပ်မကြာသေးခင်ကပဲ မြန်မာနိုင်ငံ ကို သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ဂါရဝပြုခဲ့တဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကို “အိန္ဒိယအစိုးရရဲ့ မြန်မာ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံမှုဟာ အာဆီယံနိုင်ငံများရဲ့ မြန်မာ့အရေးဖြေရှင်းမှုကို အထောက်အကူပြုရာ မရောက်ဘူး” လို့ ဝေဖန်လိုက်ပါသေးတယ်။
အခု ချမှတ်လိုက်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က အာဆီယံနိုင်ငံများအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ တိကျတဲ့ အချိန်ဇယားတစ်ခု သတ်မှတ်ပြီး အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်၊ ရှင်းလင်း ပြတ်သားတဲ့ တိုင်းတာမှုတွေ၊ ရလဒ်တွေနဲ့ လက်တွေ့ကျကျ ဆောင်ရွက်နိုင်အောင် တွန်းအားပေးလိုက်တာဖြစ်ပါတယ်။
ပြီးတော့ အဲဒီ ဆုံးဖြတ်ချက်မှာ မြန်မာစစ်တပ်ကို မြန်မာစစ်တပ် (Myanmar Military) အဖြစ်ပဲ ဖော်ပြပါတယ်။ မြန်မာ အစိုးရလို့ အသိအမှတ်ပြု ဖော်ပြခြင်း လုံးဝ မရှိပါ။
(၄) ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကွန်ဂရက်လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသား ကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၃ (National Defense Authorization Act 2023/ NDAA 2023) ကို လက် မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။
ဒါကြောင့်မို့ NDAA 2023 မှာ ပါဝင်တဲ့ The Burma Act of 2022 ဟာလည်း အတည်ပြု အသက်ဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ The Burma Act မှာ အဓိက အပိုင်း ၂ ပိုင်းပါဝင်ပါတယ်။
တပိုင်းက မြန်မာစစ်အုပ်စုနဲ့ အပေါင်းအပါများ၊ စီးပွါးရေး လုပ်ငန်းများကို ပိတ်ဆို့အရေးယူခြင်းဆိုင်ရာ မူဝါဒတွေ ဖြစ်ပြီး နောက်တပိုင်းက မြန်မာ့ဒီမိုကရေစီလှုပ်ရှားကြီးရဲ့ ဦးဆောင်အဖွဲ့အစည်းကြီးများ ဖြစ်ကြတဲ့ NUG၊ CRPH၊ NUCC ၊ CDM၊ EROs၊ CSOs များ ကို လက်နက်မပါသော အထောက်အပံ့များနဲ့ နည်းပညာအထောက်အပံ့များ ပေးအပ်ခြင်းဆိုင်ရာ မူဝါဒ များ ပါဝင်ပါတယ်။
ဒီဥပဒေအရ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာစစ်အုပ်စုအပေါ်အရေးယူမှုတွေဟာ ပိုပြီး ပြင်းထန်လာမှာ ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီအင်အားစုကြီးအပေါ် ထောက်ပံ့မှုတွေဟာလည်း ပိုပြီး လက်တွေ့ကျထိရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။
(၅) ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သမ္မတကြီး ဘိုင်ဒင်က ဒီဇင်ဘာ ၂၂ နဲ့ ၂၃ ရက်တွေမှာ အထက်လွှတ်တော်နဲ့ အောက် လွှတ်တော် အသီးသီးက အတည်ပြုလိုက်တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်အစိုးရ အသုံးစားရိတ်ခွဲဝေ သတ်မှတ်ခြင်း ဥပဒေ (The Consolidated Appropriations Act 2023/ CAA 2023) ကို လက်မှတ်ရေးထိုး ပြဋ္ဌာန်း လိုက်ပါတယ်။
ဒါကြောင့်မို့ ဒီ CAA 2023 ထဲမှာ ပါဝင်ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတ်မှတ်ထားတဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၁၃၆ သန်းဟာလည်း ရယူသုံးစွဲဖို့ရာ အဆင်သင့်ရှိနေပါပြီ။
ဒီ CAA 2023 ထဲမှာ ပါဝင်ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတ်မှတ်ထားတဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၁၃၆ သန်းဟာလည်း ရယူသုံးစွဲဖို့ရာ အဆင်သင့်ရှိနေပါပြီ။
“ဝေဖန်သူများနဲ့ ဝေးရာသို့”
နိုင်ငံတကာဖိအားပေးမှုတွေ၊ ထောက်ပံ့ကူညီမှုတွေနဲ့ ပါတ်သက်ပြီး ဝေဖန်သူတွေလည်း ရှိကြပါတယ်။ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ အမေရိကန်နဲ့ အနောက်နိုင်ငံများကို အားကိုးလွန်းရာရောက်တယ်လို့ဆိုတဲ့ လူရှိပါတယ်။
မြန်မာစစ်တပ်ကို ထွက်ပေါက်မရှိအောင် ဘက်ပေါင်းစုံက ပိတ်ဆို့နေတာ မှားတယ်လို့လည်း ဆိုကြပြန်ပါတယ်။ မြန်မာ စစ်တပ်က နိုင်ငံတကာအရေးယူမှုတွေကို ဂရုစိုက်တာမဟုတ်တော့ ဒါတွေဟာ ပြည်တွင်းက မြန်မာပြည်သူတွေကို မျှော်လင့်ချက်အမှားတွေ (False Hope) ပေးနေတာပဲလို့ ပြစ်တင်သူတွေလည်း ရှိကြပါတယ်။
စစ်တပ်က ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကသာ လက်ရှိပြဿနာများအတွက် အဖြေဖြစ်နိုင်တယ်လို့ မျှော်လင့်သူတွေ လည်း ရှိကြပါတယ်။
အဲဒီလို ပြောဆိုနေကြသူတွေကို လေ့လာကြည့်တော့ သုံးမျိုးတွေ့ရပါတယ်။
(၁) တချို့က ဒီတော်လှန်ရေးကြီးထဲမှာ ဘယ်ဘက်ကမှ မပါဝင်ပဲ သူတို့ဟာ အင်မတန်သမာသမတ်ကျပြီး ဘက်မလိုက်တဲ့ ပညာရှိကြီးတွေဆိုပြီး တော်လှန်ရေးကြီးကို အပေါ်စီးက စောင့်ကြည့်ဝေဖန်နေကြသူတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အပေါ်တော့ တိတ်တိတ်နေတတ်ကြပြီး တော်လှန်ရေးဖက်က အမှားအယွင်းရှိခဲ့ရင် အားရပါးရဝေဖန်တတ်ကြသူတွေ။
(၂) တချို့က ကိုယ့်ကိုယ်ကိုတော့ ဒီမိုကရေစီဘက်တော်သားလို့ သတ်မှတ်ထားတယ်။ အရင်ကလည်း တစုံတရာ ပါဝင် လှုပ်ရှားခဲ့ဖူးတယ်။ အခုတော့ စစ်တပ်ကို မုန်းတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပိုပြီး မုန်းကြတဲ့သူတွေ၊ ပြီးတော့ ပြီးခဲ့တဲ့ ၅ နှစ် ၁၀ နှစ်အတွင်းမှာ စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးခင်မင်ခွင့်ရပြီး စစ်ဗိုလ်ချုပ်တွေ က မျက်နှာသာပေး အရေးတယူလုပ်လို့ အကိုကြီး၊ ညီလေး ဆက်ဆံရေးရှိကြတဲ့ သူတွေ။
(၃) တချို့က တသက်လုံး နိုင်ငံရေးနဲ့ ဝေးဝေးမှာနေ၊ ကိုယ်အကျိုးစီးပွါးနဲ့ ကိုယ့်ဘဝတိုးတက်ရေးပဲ ဦးစားပေး ဆောင် ရွက်ခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲနီးမှ အဖွဲ့ချုပ်ပါတီဝင်ဖြစ်၊ အခုကျတော့မှ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အကျွံ ချစ်ပြနေကြသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ရဲ့ မူဝါဒဟာ အကြမ်းမဖက်ရေးဖြစ်တယ်ဆိုပြီး အဖွဲ့ချုပ်ကို အလွန်သစ္စာရှိပြနေသူတွေ။
တချို့က ကိုယ့်ကိုယ်ကိုတော့ ဒီမိုကရေစီဘက်တော်သားလို့ သတ်မှတ်ထားတယ်။ အရင်ကလည်း တစုံတရာ ပါဝင် လှုပ်ရှားခဲ့ဖူးတယ်။ အခုတော့ စစ်တပ်ကို မုန်းတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပိုပြီး မုန်းကြတဲ့သူတွေ၊ ပြီးတော့ ပြီးခဲ့တဲ့ ၅ နှစ် ၁၀ နှစ်အတွင်းမှာ စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးခင်မင်ခွင့်ရပြီး စစ်ဗိုလ်ချုပ်တွေ က မျက်နှာသာပေး အရေးတယူလုပ်လို့ အကိုကြီး၊ ညီလေး ဆက်ဆံရေးရှိကြတဲ့ သူတွေ။
ဒေဝဒတ်မှာလည်း ပရိသတ်ရှိသလိုပါပဲ။ သူတို့မှာလည်း ပရိသတ်တွေ ရှိကြပါတယ်။ သူတို့ပြောစကားတွေကို ယုံကြည် လက်ခံပြီး တော်လှန်ရေး အင်အားစုများအပေါ် အမြင်မကြည်လင်ကြသူတွေလည်း ရှိပါတယ်။ သူတို့ကို တကူးတက စင်တင်ပေးနေတဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ရှိကြပြန်ပါတယ်။
အဲဒီလို ဝေဖန်တတ်ကြသူတွေကိုတော့ မဖြေရှင်းတော့ပါ။ သူတို့နဲ့ ယှဉ်ပြိုင်ပြီး ငြင်းခုန်နိုင်စွမ်းလည်း ကျနော့်မှာ မရှိပါ။ သူတို့လောက်လည်း ကျနော် စာမတတ်ပါ။ သူတို့ အလိုအတိုင်း ရှိကြပါစေ။
သူတို့ကို မတုန့်ပြန်လိုပေမယ့် ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးမှာ ဘဝတွေ၊ အသက်တွေ၊ မျှော်လင့်ချက်တွေကို စတေးပြီး နောင်မျိုးဆက်များရဲ့ အနာဂတ်လှပရေးအတွက် အနစ်နာခံတိုက်ပွဲဝင်နေကြတဲ့ မိတ်ဆွေများကို ရည်ရွယ်ပြီး ပြောချင်ပါတယ်။
အထက်ဖော်ပြပါ နိုင်ငံတကာ အရေးယူမှုတွေ၊ အထောက်အပံ့တွေဟာ တိုက်ပွဲဝင် မြန်မာပြည်သူများကို အားဖြည့်ပေးတာ တွေပဲ ဖြစ်ပါတယ်။ ဖိနှိပ်မှု၊ ရက်စက်မှုတွေကို အရှုံးမပေးပဲ တုံ့ပြန်ရင်ဆိုင်ရင်း မောပန်းနွမ်းနယ်နေကြတဲ့ မြန်မာပြည်သူ တွေကို ရေအေးအေးတခွက်လောက် တိုက်ကြွေးတာမျိုး၊ ပန်းသီးလေးတလုံး ခွဲစိတ်ကြွေးတာမျိုး၊ ရင်ဘတ်ချင်းအပ်ပြီး အလေးအမြတ်ပြုတာမျိုးပါ။
နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ၊ သံတမန်ရေးရာ ငြင်းပယ်မှုများဟာ မြန်မာဖက်ဆစ်တွေကို ပို၍အထီးကျန်စေ၊ ပို၍အားနည်းစေမှာဖြစ်ပြီး နိုင်ငံတကာ အထောက်အပံ့များဟာ နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းများကို ပိုပြီး အင်အားရှိစေမှာ ဖြစ်ပါတယ်။
ဒီနိုင်ငံတကာ လှုပ်ရှားမှုတွေကြောင့် နွေဦးတော်လှန်ရေးကြီး အောင်မြင်ရမယ်လို့ ဘယ်သူကမှ မကြွေးကြော်ကြပါ။ တော်လှန်ရေးရဲ့ ဗဟိုအချက်အချာဟာ မြန်မာနိုင်ငံတွင်းမှာပဲ ရှိပြီး တော်လှန်ရေးရဲ့ အောင်ပွဲရလဒ်ကိုလည်း မြန်မာ ပြည်သူများကပဲ ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ကျနော်တို့ အခိုင်အမာ ယုံကြည်ကြပါတယ်။
ဒါတွေဟာ မျှော်လင့်ချက်အမှားတွေ မဟုတ်ပဲ အမှန်တကယ် လိုအပ်တဲ့၊ လက်တွေ့ကျတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေပါ။
ဒါပေမယ့် ဒီနိုင်ငံတကာ လှုပ်ရှားမှုတွေကြောင့် နွေဦးတော်လှန်ရေးကြီး အောင်မြင်ရမယ်လို့ ဘယ်သူကမှ မကြွေးကြော်ကြပါ။ တော်လှန်ရေးရဲ့ ဗဟိုအချက်အချာဟာ မြန်မာနိုင်ငံတွင်းမှာပဲ ရှိပြီး တော်လှန်ရေးရဲ့ အောင်ပွဲရလဒ်ကိုလည်း မြန်မာ ပြည်သူများကပဲ ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ကျနော်တို့ အခိုင်အမာ ယုံကြည်ကြပါတယ်။
ပြည်တွင်းက တိုက်ပွဲဝင်ပြည်သူများကလည်း ဒီနိုင်ငံတကာလှုပ်ရှားမှုတွေ၊ ထောက်ခံပံ့ပိုးမှုတွေကို ဖြည့်စွက်အင်အားတခု အဖြစ်သာ လက်ခံကြပြီး ဒါတွေအတွက်ကြောင့်တော့ သူတို့ရဲ့ စွမ်းဆောင်မှုတွေကို လျှော့ချကြမှာ မဟုတ်ကြပါ။ သူတို့ဟာ သူတို့နိုင်ငံရဲ့ ကံကြမ္မာရဲ့ အရှင်သခင်တွေပါ။
(အောင်ဒင်သည် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်ခဲ့သည်။)
You may also like these stories:
စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်
ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-Day)