၂၀၂၃ ခုနှစ်ထဲကို စတင်ရောက်ရှိပါပြီ။ မြန်မာနိုင်ငံမှာ မင်းအောင်လှိုင်၊ စိုးဝင်း ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရလက်ထဲက နိုင်ငံတော်အာဏာကို အကြမ်းဖက်သိမ်းယူပြီး အရိုင်းစိုင်းဆုံး၊ အဆိုးဝါးဆုံး ရက်စက်မှုတွေနဲ့ ပြည်သူတွေကို အနိုင်ကျင့်အုပ်ချုပ်နေတာ ၂ နှစ် ပြည့်ပါတော့မယ်။
အလားတူပဲ စစ်အာဏာရှင်စနစ်ကြီးကို အပြီးတိုင် ဖယ်ရှားပြီး စစ်မှန်တဲ့၊ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူများရဲ့ နွေဦးတော်လှန်ရေးကြီးဟာလည်း ၂ နှစ်ပြည့်ပါတော့မယ်။
ဒီအချိန်မှာ တိုင်းပြည်ရဲ့ အပြောင်းအလဲများအတွက် အဆုံးအဖြတ်ပေးနိုင်သော နှစ်တနှစ်ဖြစ်နိုင်တဲ့ ၂၀၂၃ ခုနှစ်မှာ မြန်မာပြည်သူများ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ခန့်မှန်းတွေးဆချင်ပါတယ်။
(၁) အရေးပေါ်အခြေအနေ ပြီးဆုံးခြင်း
မင်းအောင်လှိုင်က အာဏာသိမ်းတာကို သိမ်းတယ်လို့ ဝန်မခံပဲ ၂၀၀၈ ဖွဲ့စည်းပုံ၊ ပုဒ်မ ၄၁၇ အရ အာဏာထိန်းတာပါလို့ ကြေညာထားတာပါ။ သူ့တို့ ပြင်ဆင်ထားတဲ့ ဇာတ်လမ်းအရ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်စောစောပိုင်းမှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး စစ်တပ်က ခန့်အပ်ထားတဲ့ ဒုသမ္မတ (၁) မြင့်ဆွေက ယာယီသမ္မတဖြစ်လာတယ်။
မြင့်ဆွေကနေ “ကာ/လုံ” လို့ ခေါ်တဲ့ “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ပြီး ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာ၊ ပုဒ်မ ၄၁၈ (က) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ မင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာ လွှဲအပ်တယ်လို့ ဆိုပါတယ်။ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကို တနှစ်သတ်မှတ်ပြီး ပုဒ်မ ၄၂၅ အရ ကာ/လုံကနေ အရေးပေါ်အခြေအနေသက်တမ်းကို ၆ လစီ နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်တယ်လို့ ဆိုပါတယ်။
ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေကြေညာပြီး တပ်ချုပ်က တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ကာလဟာ အများဆုံး ၂ နှစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အာဏာသိမ်းပြီး ၂ နှစ် ပြည့်တဲ့နေ့၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မင်းအောင်လှိုင်ဟာ နိုင်ငံတော်အာဏာကို ကာ/လုံရဲ့ လက်ကို ပြန်လည်အပ်နှံရမှာ ဖြစ်ပြီး ကာ/လုံက အရေးပေါ်အခြေအနေကို ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ပုဒ်မ ၄၂၉ အရ ကာ/လုံက ၆ လအတွင်း အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးရမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေကြေညာပြီး တပ်ချုပ်က တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ကာလဟာ အများဆုံး ၂ နှစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အာဏာသိမ်းပြီး ၂ နှစ် ပြည့်တဲ့နေ့၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မင်းအောင်လှိုင်ဟာ နိုင်ငံတော်အာဏာကို ကာ/လုံရဲ့ လက်ကို ပြန်လည်အပ်နှံရမှာ ဖြစ်ပြီး ကာ/လုံက အရေးပေါ်အခြေအနေကို ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ပုဒ်မ ၄၂၉ အရ ကာ/လုံက ၆ လအတွင်း အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးရမှာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းများကို ကန့်သတ်ချုပ်ချယ်ဖို့အတွက် အဖွဲ့အစည်းမှတ်ပုံတင်မရှိရင် ရပ်တည်လို့ မရအောင်၊ မှတ်ပုံတင်ပြန်ရင်လည်း လူမှုရေး ကျန်းမာရေးလောက်ကလွဲရင် ဘာမှလုပ်လို့ မရအောင်၊ အဖွဲ့အစည်းတွေကို စစ်တပ်က လုံအပ်သလို ဝင်ရောက်ချယ်လှယ်နိုင်အောင် စီမံရေးဆွဲထားတဲ့ “အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဥပဒေ” ကိုလည်း ထုတ်ပြန်ထားပါပြီ။ ပြည်သူတွေကို ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလမ်းလျှောက်ခွင့်ပြုထားတဲ့ “ငြိမ်း၊ စု၊ စီ” ဥပဒေကိုလည်း နည်းဥပဒေအသစ်ထုတ်ပြန်ပြီး ကန့်သတ်လိုက်ပါပြီ။ ပြည်သူတွေရဲ့ နေအိမ်တွေကို အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်အောင် “ဧည့်စာရင်းစစ်ခွင့်” ကိုလည်း ကျင့်သုံးနေပါပြီ။
ဒါကြောင့်မို့ အရေးပေါ်အခြေအနေ ရုပ်သိမ်းတယ်ဆိုဦးတော့ ပြည်သူတွေရဲ့ အဖိနှိပ်ခံဘဝတွေ သက်သာမှုရနိုင်မှာ မဟုတ်ပါ။ မြို့ပြတွေရဲ့ လမ်းတွေပေါ်ရောက်နေတဲ့၊ အိမ်တိုင်ယာရောက် လုယက်နေတဲ့၊ ကျေးရွာတွေကို မီးရှို့နေတဲ့ စစ်တပ်တွေကိုလည်း ရုပ်သိမ်းလိမ့်မယ် မထင်ပါ။
(၂) မင်းအောင်လှိုင်ရဲ့ ကာ/လုံ
မင်းအောင်လှိုင်က ကာ/လုံ လက်ထဲ အာဏာပြန်လွှဲပေးရမယ်ဆိုလို့ မင်းအောင်လှိုင်က အာဏာလက်မဲ့ဖြစ်သွားမှာ မဟုတ်ပါ။ ကာ/လုံ ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတက ဦးဆောင်တဲ့ အဖွဲ့အစည်းပါ။ ဒု သမ္မတ ၂ ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ တပ်ချုပ်၊ ဒုတပ်ချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ နယ်စပ်ဒေသအရေးနဲ့ ပြည်ထဲရေး ဝန်ကြီးများ ပါဝင်ကြပါတယ်။ အခုရှိတဲ့ ကာ/လုံကိုတော့ ယာယီသမ္မတ အမည်ခံထားတဲ့ မြင့်ဆွေက ဦးဆောင်ရမှာပါ။ ကျန်တဲ့အဖွဲ့ဝင်တွေက မင်းအောင်လှိုင်၊ စိုးဝင်းနဲ့ သူတို့ခန့်ထားတဲ့ ဝန်ကြီးများဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်ထားတဲ့ ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်တယ်လို့ ကြေညာမှာ ဖြစ်ပေမယ့် အစည်းအဝေးတွေတော့ တက်ရောက်ခွင့် ရှိမှာမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ရွေးချယ်ခန့်အပ်ထားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တီခွန်မြတ်ကတော့ အဲဒီ မင်းအောင်လှိုင်ရဲ့ ကာ/လုံမှာ တက်တက်ကြွကြွပါဝင်ပါလိမ့်မယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး မန်းဝင်းခိုင်သန်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ပြီး စစ်အုပ်စုကို ဆန့်ကျင်တိုက်ပွဲဝင်နေတာမို့ မင်းအောင်လှိုင်ရဲ့ ကာ/လုံထဲမှာ ပါဝင်မှာ မဟုတ်ပါ။
ဆိုတော့ ဒီ ကာ/လုံမှာ မြင့်ဆွေက ယာယီသမ္မတဆိုပေမယ့် မင်းအောင်လှိုင် ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်ပဲ ဖြစ်ပါလိမ့်မယ်။ ပုဒ်မ ၄၂၇ (ခ) အရ အဲဒီ ကာ/လုံကနေ မင်းအောင်လှိုင်ကိုပဲ အိမ်စောင့်အစိုးရအဖြစ် တာဝန်ပေးနိုင်တဲ့၊ အုပ်ချုပ်ရေးအာဏာ အပ်နှင်းမယ့် အလားအလာလည်း ရှိပါတယ်။
ကာ/လုံမှာ မြင့်ဆွေက ယာယီသမ္မတဆိုပေမယ့် မင်းအောင်လှိုင် ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးရုပ်ပဲ ဖြစ်ပါလိမ့်မယ်။ ပုဒ်မ ၄၂၇ (ခ) အရ အဲဒီ ကာ/လုံကနေ မင်းအောင်လှိုင်ကိုပဲ အိမ်စောင့်အစိုးရအဖြစ် တာဝန်ပေးနိုင်တဲ့၊ အုပ်ချုပ်ရေးအာဏာ အပ်နှင်းမယ့် အလားအလာလည်း ရှိပါတယ်။
(၃) ရွေးကောက်ပွဲလုပ်မှာလား၊ အာဏာထပ်သိမ်းမှာလား
စစ်တပ်အသိုင်းအဝိုင်းတွေကြားထဲမှာတော့ မင်းအောင်လှိုင်ကို ကာ/လုံကို အာဏာမလွှဲပဲ၊ ရွေးကောက်ပွဲမလုပ်ပဲ နိုင်ငံတော်အာဏာကို ဒီတခါ “အမှန်တကယ်” သိမ်းပါတော့လို့ တိုက်တွန်းနေကြတာလည်း ကြားရပါတယ်။ သူတို့က ရွေးကောက်ပွဲမလုပ်နိုင်မှာ၊ လုပ်တော့လည်း စစ်တပ်လက်အောက်ခံပါတီများ အနိုင်မရမှာတွေကို ကြိုတင်ပူပန်ကြပုံရပါတယ်။
အရင်တခေါက်က ၂၀၀၈ ဖွဲ့စည်းပုံကို အကြောင်းပြပြီး “အာဏာထိန်းတယ်” ဆိုထားတော့ အခုအချိန်မှာ ထပ်ပြီး အာဏာသိမ်းရင် ၂၀၀၈ ဖွဲ့စည်းပုံကို အကာအကွယ်ယူလို့ မရတော့ပါ။ ဒီတခါ အာဏာဆက်သိမ်းရင် မင်းအောင်လှိုင် ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရမှာပါ။

ကျနော့် အမြင်ကတော့ မင်းအောင်လှိုင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို သူနဲ့ မြန်မာစစ်တပ်အတွက် အလိုရှိရာပြည့်စုံအောင် ဖန်တီးပေးနိုင်တဲ့ ကျမ်းစာအုပ်ကြီးအဖြစ် သတ်မှတ်ကိုးကွယ်တယ်လို့ ယူဆပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့ရာ နေရာဖြစ်တဲ့ မှော်ဘီက ညောင်နှစ်ပင်ခန်းမကို သမိုင်းဝင်အဆောက်အအုံကြီးအဖြစ် သတ်မှတ်ပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာ၊ အာဏာသိမ်းရတဲ့ အကြောင်းရင်းကို ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မမျိုးစုံနဲ့ ကာကွယ်တာ၊ အာဏာသိမ်းတာက စလို့ အာဏာသိမ်းပြီး နောက်ပိုင်း သူ လုပ်သမျှတွေကို ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ အမျိုးမျိုးနဲ့ ကာကွယ်အတည်ပြုတာတွေဟာ သူ့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအပေါ် လိုအပ်သလို အသုံးချချင်စိတ်တွေကို ဖော်ပြနေတာပါ။
၂၀၀၈ ဖွဲ့စည်းပုံစာအုပ်အစိမ်းကြီးဟာ ဂျာမဏီအာဏာရှင် ဟစ်တလာ (Adolf Hitler) ရဲ့ “မိန်းကမ့်ပ်” စာအုပ် (Mein Kampf) လို၊ မာကီယာဗယ်လီ (Niccolo Machiavelli) ရဲ့ “မင်းသား” (The Prince) စာအုပ်လို အာဏာရှင်လက်စွဲ လိုတရ ကျမ်းစာအုပ်ကြီးတခု ဖြစ်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေ ဖန်တီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်တပ်နဲ့ စစ်တပ်ရဲ့ လက်ဝေခံပါတီတွေနဲ့ (စစ်ယူနီဖောင်း ဝတ်ထားဆဲ ဗိုလ်ချုပ်တွေနဲ့ အရပ်ဝတ်လဲထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေ) နိုင်ငံတော်အာဏာကို ပူးပေါင်းဆုတ်ကိုင်ထားနိုင်ရေး စီစဉ်ရေးဆွဲခဲ့တာပါ။ ရွေးကောက်ပွဲတွေကို ထိန်းချုပ်ဖို့၊ နိုင်ငံရေးပါတီတွေကို ထိန်းချုပ်ဖို့၊ မတရားမမျှတမှုတွေ ဖန်တီးဖို့တော့ လိုတာပေါ့။
ဗိုလ်ချုပ်သန်းရွှေ ဖန်တီးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ စစ်တပ်နဲ့ စစ်တပ်ရဲ့ လက်ဝေခံပါတီတွေနဲ့ (စစ်ယူနီဖောင်း ဝတ်ထားဆဲ ဗိုလ်ချုပ်တွေနဲ့ အရပ်ဝတ်လဲထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေ) နိုင်ငံတော်အာဏာကို ပူးပေါင်းဆုတ်ကိုင်ထားနိုင်ရေး စီစဉ်ရေးဆွဲခဲ့တာပါ။ ရွေးကောက်ပွဲတွေကို ထိန်းချုပ်ဖို့၊ နိုင်ငံရေးပါတီတွေကို ထိန်းချုပ်ဖို့၊ မတရားမမျှတမှုတွေ ဖန်တီးဖို့တော့ လိုတာပေါ့။
ဒါကြောင့်လည်း မတရား မမျှတတဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ ဗိုလ်ချုပ်သိန်းစိန်ရဲ့ ကြံ့ဖွတ်အစိုးရပေါ်ပေါက်ခဲ့ပေမယ့် နိုင်ငံတကာ စောင့်ကြည့်သူတွေ လေ့လာခွင့်ရခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၊ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အကူအညီနဲ့ ကျင်းပခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ စစ်တပ်ရဲ့ ကြံ့ဖွတ်ပါတီ အကြီးအကျယ်ရှုံးနိမ့်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြိုကမ်းပြို အောင်ပွဲခံနိုင်ခဲ့တာပါ။
မင်းအောင်လှိုင်က အဲဒီ အားနည်းချက်ကို တွေ့ပြီးခဲ့ပါပြီ။ သူ ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်ကိုးကွယ်ပါလိမ့်မယ်။ ရွေးကောက်ပွဲတွေကို သူ့စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ ကော်မရှင်က မတရားဆုံး၊ မမျှတဆုံး ကျင်းပပါလိမ့်မယ်။ သူအင်မတန်လိုချင်တဲ့ ရွေးကောက်ခံနိုင်ငံတော်သမ္မတ ရာထူးကို မရှက်မကြောက် ရအောင် ယူပါလိမ့်မယ်။
(၄) ရွေးကောက်ပွဲတွေ ဖြစ်မှာလား
ဒီ အစီအစဉ်အတိုင်းဆိုရင် ကာ/လုံက ရွေးကောက်ပွဲတွေကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်အတွင်းမှာ ကျင်းပပေးရမှာပါ။ နောက်အကျဆုံး ဇူလိုင် ၃၁ ရက်ပေါ့။ အဲဒီအတွက်လည်း မင်းအောင်လှိုင်က ခန့်ထားတဲ့ သိန်းစိုးကော်မရှင်က ရွေးကောက်ပွဲပြင်ဆင်ရေးကိစ္စတွေကို စတင်ဆောင်ရွက်နေပါပြီ။
မကြာခင် ကာလအတွင်းမှာ အဲဒီ ကော်မရှင်က နိုင်ငံရေးပါတီတွေ တရားဝင်ရပ်တည်ဖို့ ခက်ခဲစေမယ့် ဥပဒေတွေ၊ ရွေးကောက်ပွဲဝင်မယ့်သူတွေ၊ နိုင်ငံရေးပါတီတွေအတွက် အလွန်တရာတင်းကြပ်တဲ့ စည်းမျဉ်းတွေ၊ မဲပေးမယ့် မဲဆန္ဒရှင်တွေအတွက် ကိုယ်ယုံကြည်ရာကို မဲပေးနိုင်စွမ်းမရှိအောင်၊ သို့မဟုတ် မဲပေးဖို့ စိတ်ပျက်သွားအောင် လုံလောက်တဲ့ တင်းကြပ်မှုတွေ၊ မဲဆန္ဒပေးမှုကို လေ့လာစောင့်ကြည့်ချင်သူတွေအတွက် လက်ခံနိုင်စရာမရှိတဲ့ ကန့်သတ်ချက်တွေကို ထုတ်ပြန်တော့မှာပါ။ နောက်ဆုံးတော့ အဲဒီ ရွေးကောက်ပွဲမတိုင်ခင်မှာ စစ်တပ်လိုလားတဲ့ ကြံ့ဖွတ်ပါတီနဲ့ စစ်တပ်အသုံးတော်ခံ နိုင်ငံရေးပါတီ တချို့ပဲ ကျန်ရစ်ပြီး ရွေးကောက်ပွဲဝင်နိုင်ကြအောင် ဖန်တီးမှာပါ။
စစ်တပ်က ဒီ ရွေးကောက်ပွဲဆိုတာကို နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့ အညီ သန့်ရှင်းမျှတစွာ ကျင်းပဖို့ ရည်ရွယ်ထားတာ မဟုတ်ပါ။ မင်းအောင်လှိုင် လုပ်ချင်တဲ့ရွေးကောက်ပွဲတခု ဖြစ်ဖို့ (က) ရွေးကောက်ပွဲကော်မရှင်၊ (ခ) ရွေးကောက်ခံမယ့် နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ (ဂ) မဲပေးမယ့် လူတွေ၊ (ဃ) မဲရုံအချို့ပဲ လိုအပ်ပါတယ်။ အခု မင်းအောင်လှိုင်မှာ (က) သူစိတ်တိုင်းကျ ခန့်အပ်ထားတဲ့ ကော်မရှင် ရှိနေပါပြီ။ (ခ) ရွေးကောက်ပွဲဝင်မယ့် ကြံ့ဖွတ်ပါတီနဲ့ ဘယ်တုံးကမှ ရွေးကောက်ပွဲမှာ အနိုင်မရဘူးခဲ့ပဲ အခုမှ ငါတို့အလှည့်ရောက်ပြီဆိုပြီး ဝင်ပြိုင်ကြမယ့် ပါတီတွေ၊ (ဂ) မဲပေးကြမယ့် စစ်သားတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ စစ်တပ်ထောက်ခံသူတွေ ရှိကြပါတယ်။ (ဃ) မဲရုံတွေလည်း ရှိလာပါလိမ့်မယ်။
အခု မင်းအောင်လှိုင်မှာ (က) သူစိတ်တိုင်းကျ ခန့်အပ်ထားတဲ့ ကော်မရှင် ရှိနေပါပြီ။ (ခ) ရွေးကောက်ပွဲဝင်မယ့် ကြံ့ဖွတ်ပါတီနဲ့ ဘယ်တုံးကမှ ရွေးကောက်ပွဲမှာ အနိုင်မရဘူးခဲ့ပဲ အခုမှ ငါတို့အလှည့်ရောက်ပြီဆိုပြီး ဝင်ပြိုင်ကြမယ့် ပါတီတွေ၊ (ဂ) မဲပေးကြမယ့် စစ်သားတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ စစ်တပ်ထောက်ခံသူတွေ ရှိကြပါတယ်။ (ဃ) မဲရုံတွေလည်း ရှိလာပါလိမ့်မယ်။
ဒီနေရာမှာ မဲရုံတွေကို ဖျက်ဆီးတိုက်ခိုက်ခြင်းဖြင့် ဒီရွေးကောက်ပွဲကို ငါတို့ ဖျက်ဆီးနိုင်လိမ့်မယ်လို့ ထင်မြင်ယူဆနေကြသူတွေ ရှိပါတယ်။ တကယ်တော့ မဲရုံအချို့ကို နှောက်ယှက်နိုင်ရုံနဲ့ ရွေးကောက်ပွဲတခုကို မဖျက်ဆီးနိုင်ပါ။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် လွှတ်တော် မဲဆန္ဒနယ်တခုမှာ မဲရုံပေါင်း ၅၀ ရှိတယ် ဆိုပါစို့။ အဲဒီ အထဲက မဲရုံ ၂၀ လောက် (အထူးသဖြင့် ကျေးရွာဒေသတွေမှာရှိတဲ့ မဲရုံတွေ) မှာ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲမကျင်းပနိုင်ဘူး ဆိုပါစို့။ ကျန်တဲ့ မဲရုံ ၃၀ ထဲက ၂၀ လောက်ကို ဒီမိုကရေစီလှုပ်ရှားသူတွေက ကန့်ကွက်ဖျက်ဆီးလို့ အဲဒီ မဲရုံတွေမှာ မဲပေးခြင်း မအောင်မြင်ဘူးဆိုပါစို့။ သိန်းစိုးကော်မရှင်က ကျန်တဲ့ မဲရုံ ၁၀ ရုံလောက်မှာ မဲပေးတာနဲ့ အဲဒီ လွှတ်တော်မဲဆန္ဒနယ်ရဲ့ ရလဒ်ကို ကြေညာမှာပါ။
လက်ရှိအခြေအနေအရလည်း စစ်တပ်ဟာ မဲဆန္ဒနယ်တိုင်းမှာ အနည်းဆုံး မဲရုံအရေအတွက်လောက် (အထူးသဖြင့် တပ်တွင်းမဲရုံတွေ) ရွေးကောက်ပွဲလုပ်ပေးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ဧရာဝတီတိုင်း စတဲ့ ပြည်မဒေသကြီးတွေမှာ ဆိုရင် မြို့နယ်တိုင်းမှာ မဲရုံတွေဖွင့်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အဲဒီ မဲရုံတွေမှာလည်း တပ်မိသားစုတွေနဲ့ စစ်တပ်အလိုတော်ရိတွေက မဲပေးကြမှာပါ။ မဲမပေးပဲ နေသူတွေ ရှိနိုင်ပေမယ့်လည်း သူတို့က ဂရုစိုက်မှာ မဟုတ်ပါ။ ရွေးကောက်ပွဲ ရလဒ်ကို ရွေးကောက်ပွဲလုပ်နိုင်တဲ့ မဲရုံအနည်းငယ်က ရရှိတဲ့ ဆန္ဒမဲအရေအတွက်နဲ့ ဆုံးဖြတ်ပါလိမ့်မယ်။
ဒါတောင်မှ အဲဒီ ရလဒ်က သူတို့ လိုချင်သလို ဖြစ်မလာဘူးဆိုရင် ကြိုတင်မဲတွေ၊ မဲအတုတွေနဲ့ သူတို့ စိတ်ကြိုက်ရလဒ်ထွက်အောင် လုပ်ကြမှာပါ။ မြန်မာတနိုင်ငံလုံး ဆိုင်ကလုံးနာဂစ်ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူလူထုများ အပြင်းအထန် နစ်နာဆုံးရှုံးနေကြရတဲ့ အခြေအနေမျိုးမှာတောင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အတင်းအဓမ္မအတည်ပြုခဲ့ဘူးတာ သတိရကြမယ် ထင်ပါတယ်။

(၅) ရွေးကောက်ခံ သမ္မတ မင်းအောင်လှိုင် ဖြစ်လာမလား
ဘုရင်ရူး၊ သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင်ရဲ့ ရူးသွပ်မှုက အမြင့်ဆုံးကို ရောက်ရှိနေပါပြီ။ သွက်သွက်ခါနေပါပြီ။ ဒီ အတုအယောင်ရွေးကောက်ပွဲဟာ သူ သမ္မတဖြစ်ရေးအတွက် နောက်ဆုံး အဆင့်ပါ။
အဲဒီ ရွေးကောက်ပွဲကနေ ကြံ့ဖွတ်ပါတီနဲ့ စစ်တပ်လက်ဝေခံပါတီများက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာ၊ သူတို့နဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းပြီး လွှတ်တော်ဖွဲ့၊ အဲဒီ လွှတ်တော်ကနေ သူ့ကို သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်၊ အဲဒီလို သူ့ရဲ့ အိပ်မက်ကို ဖြစ်အောင် အကောင်အထည်ဖော်မှာမို့ ဒီ ရွေးကောက်ပွဲကို သူ မဖြစ်မနေ ကျင်းပပါလိမ့်မယ်။
အဲဒီ ရွေးကောက်ပွဲကနေ ကြံ့ဖွတ်ပါတီနဲ့ စစ်တပ်လက်ဝေခံပါတီများက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာ၊ သူတို့နဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းပြီး လွှတ်တော်ဖွဲ့၊ အဲဒီ လွှတ်တော်ကနေ သူ့ကို သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်၊ အဲဒီလို သူ့ရဲ့ အိပ်မက်ကို ဖြစ်အောင် အကောင်အထည်ဖော်မှာမို့ ဒီ ရွေးကောက်ပွဲကို သူ မဖြစ်မနေ ကျင်းပပါလိမ့်မယ်။
သူ အဲဒီလို ရွေးကောက်ခံရတဲ့ သမ္မတဖြစ်လာတယ်ဆိုရင် အနည်းဆုံး တရုတ်၊ ရုရှားနဲ့ အိန္ဒိယအစိုးရတွေက အသိအမှတ်ပြုကြလိမ့်မယ်လို့လည်း သူ မျှော်လင့်ထားပါလိမ့်မယ်။ ပြီးတော့ ရွေးကောက်ခံအစိုးရအနေနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ စတင်ကျင်းပမယ့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ကိုယ်စားလှယ်တင်သွင်းမယ်ဆိုရင် သူ့အတွက် အခြေအနေကောင်းနိုင်တယ်လို့လည်း မျှော်လင့်နေပါလိမ့်မယ်။
(၆) နွေဦးတော်လှန်ရေးရဲ့ ခြေလှမ်းများ
မင်းအောင်လှိုင်ဘက်က သူကြိုတင်စီစဉ်ထားတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး လှုပ်ရှားမှုတွေကို ဆက်တိုက်အကောင်အထည်ဖော်နေချိန်မှာ သူ့ရဲ့ ရန်သူ နွေဦးတော်လှန်ရေးကြီးရဲ့ ခုခံမှုတွေကိုလည်း အပြင်းထန်ဆုံး၊ အရက်စက်ဆုံး နှိမ်နင်းဖို့ ကြိုးစားမှာ အသေအချာပါ။ ဒါကြောင့်မို့ နွေဦးတော်လှန်ရေးကြီးရဲ့ တုန့်ပြန်မှုတွေကလည်း ပိုပြီး အားကောင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ရွေးကောက်ပွဲကို ဖျက်မယ်ဆိုပြီး နယ်စပ်နဲ့ အစွန်အဖျားဒေသက မဲရုံအချို့ကို ခြိမ်းခြောက်နိုင်ရုံလောက်နဲ့ မရပါ။ ပြည်သူတွေကို မဲမပေးအောင် စည်းရုံးနိုင်ရုံနဲ့ မရပါ။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ဧရာဝတီတိုင်း စတဲ့ ပြည်မဒေသ မြို့ကြီးတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်အောင် ဖျက်နိုင်မှ ဖြစ်မှာပါ။ ရွေးကောက်ပွဲကော်မရှင် ဆိုတာကြီးကို ဖျက်သိမ်းနိုင်မှ ဖြစ်မှာပါ။
အခု ချမှတ်လိုက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကိုင်တွယ်ပြီး အာဆီယံအဖွဲ့ကြီးက စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံဘူး၊ အသိအမှတ်မပြုဘူးလို့ ကြေညာနိုင်အောင် စည်းရုံးနိုင်ဖို့ လိုပါတယ်။
ပြည်သူလူထုအများစုကြီးကတော့ တာဝန်သိသိနဲ့ မဲဆန္ဒပေးဖို့ ငြင်းပယ်ကြပါလိမ့်မယ်။ ဒါမှမဟုတ်လည်း သူတို့ရဲ့ မဲတွေကို ပျက်ကွက်မဲဖြစ်အောင် ဖန်တီးကြပါလိမ့်မယ်။ ကန့်ကွက်မဲတွေပေးကြပါလိမ့်မယ်။ ဒါပေမယ့် စစ်တပ်ထောက်ခံတဲ့ မဲပေးသူတွေ ရှိနေကြမှာ ဖြစ်ပြီး သူတို့ လိုချင်တဲ့ ရလဒ်ကို ဖန်တီးနိုင်ဖို့ ဆန္ဒမဲအတုတွေကိုလည်း သန်းနဲ့ချီပြီး ပုံနှိပ်ပြင်ဆင်ထားပြီးသား ဖြစ်ပါလိမ့်မယ်။
ပြည်သူလူထုအများစုကြီးကတော့ တာဝန်သိသိနဲ့ မဲဆန္ဒပေးဖို့ ငြင်းပယ်ကြပါလိမ့်မယ်။ ဒါမှမဟုတ်လည်း သူတို့ရဲ့ မဲတွေကို ပျက်ကွက်မဲဖြစ်အောင် ဖန်တီးကြပါလိမ့်မယ်။ ကန့်ကွက်မဲတွေပေးကြပါလိမ့်မယ်။ ဒါပေမယ့် စစ်တပ်ထောက်ခံတဲ့ မဲပေးသူတွေ ရှိနေကြမှာ ဖြစ်ပြီး သူတို့ လိုချင်တဲ့ ရလဒ်ကို ဖန်တီးနိုင်ဖို့ ဆန္ဒမဲအတုတွေကိုလည်း သန်းနဲ့ချီပြီး ပုံနှိပ်ပြင်ဆင်ထားပြီးသား ဖြစ်ပါလိမ့်မယ်။
(၇) အဆုံးသတ် တိုက်ပွဲဖြစ်နိုင်မလား
၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲ၊ အဆုံးသတ်အောင်ပွဲ ရရှိမယ့် နှစ်ရော မဖြစ်နိုင်ဘူးလား။ ကျနော်ကတော့ မျှော်လင့်မိပါတယ်။
နိုင်ငံတကာအခင်းအကျင်းမှာ ဘယ်လောက်ပဲ သံတမန်ရေးအောင်ပွဲတွေ ရရ၊ ပြည်သူတွေ သူတို့ ခံစားနေတဲ့ ဆင်းရဲဒုက္ခတွေကနေ မလွတ်မြောက်နိုင်သေးပါ။ ရွေးကောက်ပွဲကို ဖျက်နိုင်လည်း မင်းအောင်လှိုင်က တနည်းနည်းနဲ့ ဘုရင်ကြီး ဆက်လုပ်နေဦးမှာပါ။ မင်းအောင်လှိုင်နဲ့ တကွ စစ်အာဏာရှင်တွေကို ဖယ်ရှားနိုင်မှပဲ၊ မြန်မာဖက်ဆစ် စစ်တပ်ကြီးကို ဖျက်သိမ်းနိုင်မှပဲ ပြည်သူတွေ ပြန်လည်လွတ်မြောက်ကြမှာပါ။

ဒီ့အတွက် တိုက်ပွဲဝင် တော်လှန်ရေးအင်အားစုတွေ ဒီထက်ပိုပြီး ညီညွတ်ကြဖို့ လိုပါတယ်။ နိုင်ငံတကာ ဖိအားပေးမှုများကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လိုပါတယ်။ ကမ်းလှမ်းလာတဲ့ နိုင်ငံတကာ အထောက်အပံ့များကို ရနိုင်သလောက် ရအောင်ယူဖို့ လိုပါတယ်။ တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲပြားမှုတွေကို တတ်နိုင်သမျှ ညှိနှိုင်းပေါင်းစပ်ကြဖို့ လိုပါတယ်။ အတူ ပူးပေါင်းပြီးသား အင်အားစုတွေကို ပိုပြီး ခိုင်မာအောင်၊ ခပ်လှမ်းလှမ်းကနေ အရိပ်အခြေကြည့်နေကြသူတွေကို အတူပါဝင်လက်တွဲလာအောင် စည်းရုံးနိုင်ကြဖို့ လိုပါတယ်။
တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုအပေါ် နားလည်ခံစားပြီး အရင်ကမှားခဲ့ဘူးတာတွေ နောက်မဖြစ်စေရလို့ တာဝန်ယူကြ၊ တာဝန်ခံနိုင်ကြဖို့ လိုပါတယ်။ ဗမာလူမျိုးကြီးဝါဒ၊ ပါတီကြီးဝါဒ၊ ဗမာမုန်းတီးရေးဝါဒတွေကို စွန့်လွှတ်နိုင်ကြဖို့ လိုပါတယ်။ တော်လှန်ရေးကို နယ်စပ်ဒေသကနေ ပြည်မဒေသကို ပို့ဆောင်နိုင်ဖို့ လိုပါတယ်။
အခုတော့ မျှော်လင့်ချက်တွေ ပိုရှိလာပါပြီ။ နှစ်ဆန်း တရက်နေ့မှာ ထုတ်ပြန်တဲ့ KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်း၊ AA၊ TNLA၊ MNDAA တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ကြေညာချက်၊ နွေဦးတော်လှန်ရေးခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အေအေ (AA) ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် တို့ရဲ့ ကဗျာဆရာ ၂ ယောက်ကြား အပြန်အလှန် မိတ်ဖွဲ့အားပေးစကားများ၊ NUG ယာယီသမ္မတကြီး ဒူးဝါလာရှီလရဲ့ နှစ်သစ်နိုင်ငံတော်အခြေပြုမိန့်ခွန်းနဲ့ NUG ကာကွယ်ရေးဝန်ကြီး ဗိုလ်ရည်မွန် (ကဗျာဆရာ ကိုတင်သစ်) ရဲ့ PDF များထံသို့ အားပေးစကားများ ၊ NUG ၊ NUCC နဲ့ တော်လှန်ရေးအင်အားစုများရဲ့ “ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲထုတ်ပြန်ကြေညာစာတမ်း” များက ကျနော်တို့ရဲ့ အဆုံးသတ်အောင်ပွဲ မျှော်လင့်ချက်ကို ပိုပြီးအားရှိစေပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်က စတင်အခြေတည်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကြီးကို အပြီးတိုင် ဖယ်ရှားနိုင်ဖို့ ဒီ့ထက်ကောင်းတဲ့ အခွင့်အရေး မရှိနိုင်တော့ပါ။ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးကထဲက မတည်ဆောက်နိုင်ခဲ့တဲ့ စစ်မှန်တဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမှန်တကယ် တည်ဆောက်နိုင်ဖို့ အခုအချိန်ထက်ပိုပြီး ကောင်းတဲ့အချိန် မရှိနိုင်တော့ပါ။
(အောင်ဒင်သည် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်ခဲ့သည်။)
You may also like these stories:
အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အားကိုးလွန်းသတဲ့လား
စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်