၂၀ ရာစုအစောပိုင်း ပထမကမ္ဘာစစ် ပြီးစကာလ ကမ္ဘာပေါ်မှာ ပြည်ထောင်စုနိုင်ငံတွေ အတော်တော်များများ တည်ထောင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီပြည်ထောင်စုတွေထဲက တချို့ဟာ ၂၀ ရာစုအကုန် ရာစုအသစ်ကို ချဉ်းကပ်လာတဲ့ အချိန်မှာတော့ ပြိုကွဲသွားကြတာကိုတွေ့ ရပါတယ်။ ပြိုကွဲသွားတဲ့ ပြည်ထောင်စု နိုင်ငံတွေကတော့ ဆိုဗီယက် ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားနဲ့ ချက်ကိုဆလိုဗက်ကီးယားတို့ပဲ ဖြစ်ပါတယ်။
ဒီပြိုကွဲသွားတဲ့ ပြည်ထောင်စုတွေမှာ တူညီတဲ့အချက်ကတော့ နှစ် ၇၀ သက်တမ်း ပတ်ချာလည်မှာ ပြိုကွဲကြတာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ပြည်ထောင်စုတွေဟာ သက်တမ်းအားဖြင့် နှစ် ၇၀ ခန့်ကို ချဉ်းနင်းလာရင် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ စာမေးပွဲတခုကို ဖြေရလေ့ရှိပါတယ်။ ဒီစာမေးပွဲမှာ ကျရှုံးသွားတဲ့ ပြည်ထောင်စုတွေဟာ ပြိုကွဲလေ့ရှိပါတယ်။
ပထမဆုံးအနေနဲ့ ဆိုဗီယက်ပြည်ထောင်စုကို ပမာပြုပြောရရင် ဆိုဗီယက် ပြည်ထောင်စုကို ပထမကမ္ဘာစစ်အပြီး ၁၉၂၀ ကျော်ကာလများမှာ တည်ထောင်ခဲ့ပါတယ်။ တိတိကျကျပြောရရင် ၁၉၂၂ ခုနှစ်မှာ အရှေ့ဥရောပ၊ ဘောလ်တစ် (Baltic) ဒေသနဲ့ ဗဟိုအာရှဒေသများက နိုင်ငံတွေကို လက်နက်နဲ့ရော နိုင်ငံရေးအရပါ စုစည်းပြီး တည်ထောင်ထားတာ ဖြစ်ပါတယ်။
မာ့ခ်စ်-လီနင်ဝါဒကို အခြေခံလို့ ကွန်မြူနစ်လူ့ဘောင်ကို ချီတက်ဖို့ ကြိုးစားခဲ့တဲ့ ဆိုဗီယက် ပြည်ထောင်စုဟာ ဖက်ဆစ်နာဇီတွေကို ဒုတိယကမ္ဘာစစ်အတွင်းမှာ အနိုင်ရလို့ ၁၉၅၀ နဲ့၆၀ ကျော် ကာလများမှာ အမေရိကန် ပြည်ထောင်စု အမှူးပြုတဲ့ အရင်းရှင်ကမ္ဘာကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဘက်ပေါင်းစုံက ခါးစောင်းတင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် တံခါးပိတ်စီးပွားရေးနဲ့ ဆိုဗီယက်စနစ်ရဲ့ ချွတ်ခြုံကျမှု၊ အကျင့်ပျက် ခြစားမှုတွေကြောင့်မို့လို့ တဖြည်းဖြည်းနဲ့ စီးပွားရေးပြဿနာ၊ နိုင်ငံရေးပြဿနာတွေ ကြီးလာပါတယ်။
ဆိုဗီယက်စနစ်ရဲ့ ပြဿနာတွေကို ခေါင်းဆောင်ကြီး ဂိုဘာချော့ဗ်က ဖြေရှင်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ နှစ် ၇၀ ပြည့်မွေးနေ့ မရောက်ခင် တနှစ်အလို ၁၉၉၁ ခုနှစ်မှာပဲ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါတယ်။ သွေးထွက်သံယိုမှု အနည်းငယ်ရှိပေမယ့် နောက်ဥပမာဖြစ်တဲ့ ယူဂိုဆလားဗီးယား ပြိုကွဲမှုလိုတော့ အရုပ်ဆိုးအကျည်းတန် မဖြစ်ခဲ့ပါဘူး။
ခေါင်းဆောင်တွေရဲ့ အသုံးမကျမှုနောက်မှာ ဆိုဗီယက်ပြည်သူတွေရဲ့ ဘဝဟာလည်း လူတန်းမစေ့ ခက်ခဲလာပါတယ်။ ရုရှားမဟုတ်တဲ့ တခြား အမျိုးသားပြည်ထောင်တွေဟာလည်း တင်းကျပ်ပြီး လွတ်လပ်မှုမရှိတဲ့ ဆိုဗီယက် ပြည်ထောင်စုအပေါ် နိုင်ငံရေးအရ မကျေနပ်မှုတွေ ကြီးလာပါတယ်။
ဒီလို ဆိုဗီယက်စနစ်ရဲ့ ပြဿနာတွေကို ခေါင်းဆောင်ကြီး ဂိုဘာချော့ဗ်က ဖြေရှင်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ နှစ် ၇၀ ပြည့်မွေးနေ့ မရောက်ခင် တနှစ်အလို ၁၉၉၁ ခုနှစ်မှာပဲ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါတယ်။ သွေးထွက်သံယိုမှု အနည်းငယ်ရှိပေမယ့် နောက်ဥပမာဖြစ်တဲ့ ယူဂိုဆလားဗီးယား ပြိုကွဲမှုလိုတော့ အရုပ်ဆိုးအကျည်းတန် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဆိုဗီယက် ပြည်ထောင်စုကို အမွေဆက်ခံတဲ့ နောက်ပြည်ထောင်စု တခုဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံဟာလည်း ပြည်တွင်းပြည်ပ ပြဿနာပေါင်းစုံရဲ့ ဆုံမှတ်တခုလို ဖြစ်နေသေးပါတယ်။
ဆိုဗီယက် ပြည်ထောင်စုဟာ သက်တမ်းအားဖြင့် ၆၉ နှစ်သာ ရှိပါတယ်။ ဆိုဗီယက် ပြည်ထောင်စုအောက်က အမျိုးသားအုပ်စုတွေရဲ့ နိုင်ငံရေးနဲ့စီးပွားရေး ပြဿနာတွေကို မဖြေရှင်းနိုင်၊ မကျော်လွှားနိုင်ဘဲ စာမေးပွဲ ကျရှုံးသွားခဲ့ပါတယ်။
ဒုတိယစာမေးပွဲကျတဲ့ ပြည်ထောင်စုကတော့ ယူဂိုဆလားဗီးယား ပြည်ထောင်စုပဲ ဖြစ်ပါတယ်။ ယူဂိုဆလားဗီးယား ပြည်ထောင်စုဟာလည်း ဆိုဗီယက် ပြည်ထောင်စု အလားတူပဲ ပထမကမ္ဘာစစ် အပြီးကာလ ၁၉၁၈ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ယူဂိုဆလားဗီးယား ပြည်ထောင်စုဟာ ဘော်လကန်ဒေသမှာရှိတဲ့ ဆလဗ် (Slav) လူမျိုးစုတွေဖြစ်တဲ့ ဆာ့ဘ်၊ ခရိုအက်၊ ဆလိုဗီးနီး၊ အယ်လ်ဘေးနီးယန်းနဲ့ ဘော့စနီးယက် လူမျိုးပေါင်းစုံကို စုစည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် မတိုင်မီကာလအထိ ဘုရင်စနစ်နဲ့ အုပ်ချုပ်ပေမယ့် စစ်အပြီးကာလမှာ ကွန်မြူနစ် အင်အားစုတွေ အင်အားကောင်းလာ၊ မာရှယ်တီးတိုး အာဏာရလာပြီးနောက် ဆိုရှယ်လစ်နိုင်ငံတခုအသွင် ပြောင်းခဲ့ပါတယ်။ မာရှယ်တီးတိုး လက်အောက်မှာ ဘယ်လူမျိုးနေနေ အားလုံးယူဂိုဆလပ်တွေ ဖြစ်တယ်ဆိုတဲ့ ယူဂိုဆလပ် ညီရင်းအစ်ကိုဝါဒကို ထိုးသွင်းခဲ့ပြီးတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးသြဇာနဲ့အတူ မတူညီတဲ့ မကျေလည်မှုတွေ ရှိနေတဲ့ အမျိုးသားအုပ်စုတွေကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မာရှယ်တီတိုး ၁၉၈၀ မှာ ဆုံးပါးသွားပြီးနောက်မှာတော့ သမိုင်းကြွေးတွေ၊ သွေးကြွေးတွေ၊ မကျေနပ်မှုတွေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အခြားအနိဋ္ဌာရုံတွေ ဖြစ်ပွားပြီးနောက် ယူဂိုဆလားဗီးယား ပြည်ထောင်စုဟာ ၁၉၉၂ ခုနှစ်မှာ ပြိုကွဲသွားပါတော့တယ်။
ဒါပေမယ့် မာရှယ်တီတိုး ၁၉၈၀ မှာ ဆုံးပါးသွားပြီးနောက်မှာတော့ သမိုင်းကြွေးတွေ၊ သွေးကြွေးတွေ၊ မကျေနပ်မှုတွေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အခြားအနိဋ္ဌာရုံတွေ ဖြစ်ပွားပြီးနောက် ယူဂိုဆလားဗီးယား ပြည်ထောင်စုဟာ ၁၉၉၂ ခုနှစ်မှာ ပြိုကွဲသွားပါတော့တယ်။ အခုထိလည်း ပြည်ထောင်စုဝင်ဟောင်း နိုင်ငံတွေကြားမှာ နိုင်ငံရေးတင်းမာပြီး ရန်စောင်နေကြဆဲ ဖြစ်ပါတယ်။
ယူဂိုဆလားဗီးယားဟာ သက်တမ်းအားဖြင့် ၇၄ နှစ်သာ ကြာမြင့်ပြီးတော့ ပြည်ထောင်စုအတွင်း အမျိုးသားတွေအကြားက အမျိုးသားရေးနဲ့နိုင်ငံရေးပြဿနာတွေ မဖြေရှင်းနိုင်ဘဲ စာမေးပွဲ ကျရှုံးသွားခဲ့ပါတယ်။
နောက်ဆုံး စာမေးပွဲကျတဲ့ ဥပမာကတော့ နှစ်ပြည်ထောင် ပြည်ထောင်စုလို့ ဆိုရမယ့် ချက်ကိုစလိုဗက်ကီးယားပါပဲ။ ချက်ကိုစလိုဗက်ကီးယားကို ပထမကမ္ဘာစစ်အပြီး ကာလမှာပဲ ချက်အမျိုးသားများနဲ့ စလိုဗက်အမျိုးသားများ ပူးပေါင်းတည်ထောင်ပါတယ်။ ဗဟိုဥရောပဒေသတွင်းမှာ အင်အားကြီးတဲ့ ဂျာမနီနဲ့ဟန်ဂေရီ နိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုတွေကို အတူတကွ တွန်းလှန်ပြီး ရပ်တည်ကြမယ်လို့ ရည်ရွယ်ကာ ၁၉၁၈ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။
နာဇီဂျာမနီရဲ့ သိမ်းပိုက်မှုကြောင့် ဒုတိယ ကမ္ဘာစစ်အတွင်းကာလမှာ ခဏတာ နိုင်ငံကွယ်ပျောက်မှု ဖြစ်ပေမယ့် စစ်အပြီးမှာတော့ နိုင်ငံပြန်လည် ထူထောင်ခဲ့ကြပါတယ်။ စစ်အပြီးကာလများမှာ ဆိုဗီယက်သြဇာခံ ဆိုရှယ်လစ်နိုင်ငံတခု ဖြစ်ပေမယ့် ဆိုရှယ်လစ်နိုင်ငံတွေထဲမှာ အတော်အတန် ချမ်းသာတဲ့ နိုင်ငံတခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းကာလ ဆိုဗီယက် ပြည်ထောင်စုအတွင်း မတည်ငြိမ်မှုများနဲ့အတူ ချက်ကိုစလိုဗက်ကီးယားမှာ ကတ္တီပါတော်လှန်ရေး (Velvet Revolution) လို့ နာမည်ကြီးတဲ့ တော်လှန်ရေးတခု ၁၉၈၇ ခုနှစ်မှာ ဖြစ်ပါတယ်။ သွေးထွက်ယိုမှုမရှိဘဲ ကွန်မြူနစ်အစိုးရကနေ ဒီမိုကရေစီအစိုးရကို အသွင်ပြောင်းနိုင်ခဲ့ပါတယ်။ သွေးထွက်သံယို မရှိတာရော စီးပွားရေးအင်အား အနေအထားတခု ရှိတာရောကြောင့် အဲဒီကာလက ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေထဲမှာ အလားအလာအရှိဆုံး နိုင်ငံတခုအနေနဲ့ တစ်ပြေးပါတယ်။
ဒါပေမယ့် ချက်တွေနဲ့ စလိုဗက်တွေအကြား တော်လှန်ရေးအပြီး ပြန်လည်ထူထောင်ရေးအပေါ်မှာ အမြင်တွေ ကွဲပြားကြပါတယ်။ ဈေးကွက်စီးပွားရေးကို အမြန်ဆုံးနည်းနဲ့ ပြောင်းလိုတဲ့ ချက်တွေနဲ့ ဖြည်းဖြည်းချင်း ပြောင်းလိုတဲ့ စလိုဗက်တွေရဲ့ အမြင်မတူမှုဟာ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးစနစ်တွေမှာပါ အငြင်းပွားမှုတွေ ဖြစ်လာပါတော့တယ်။
အထူးသဖြင့် လူဦးရေနည်းပြီး စီးပွားရေးအင်အား မရှိတဲ့ စလိုဗက်တွေကြားမှာ ချက်တွေဟာ ဗိုလ်ကျတယ်လို့မြင်တဲ့ အမျိုးသားရေးမကျေနပ်ချက်တွေ ဖြစ်လာပြီး ချက်ကိုစလိုဗက်ကီးယားဟာ ကတ္တီပါတော်လှန်ရေးဖြစ်ကာ နှစ်နှစ်ခန့်အကြာမှာပဲ နိုင်ငံရေးအကြပ်အတည်း ဆိုက်ပါတော့တယ်။
ဒီလိုအခြေအနေမှာ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မညှိနှိုင်းဘူးလို့ နှစ်ဘက်ခေါင်းဆောင်များက သုံးသပ်လိုက်ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ ချက်တွေနဲ့စလိုဗက်တွေ ကတ္တီပါလမ်းခွဲတယ် (Velvet Divorce) လို့ ကြေညာပြီး လမ်းခွဲကြပါတော့တယ်။
၁၉၈၀ ပြည့်လွန်နှောင်းပိုင်းကာလ ဆိုဗီယက် ပြည်ထောင်စုအတွင်း မတည်ငြိမ်မှုများနဲ့အတူ ချက်ကိုစလိုဗက်ကီးယားမှာ ကတ္တီပါတော်လှန်ရေး (Velvet Revolution) လို့ နာမည်ကြီးတဲ့ တော်လှန်ရေးတခု ၁၉၈၇ ခုနှစ်မှာ ဖြစ်ပါတယ်။ သွေးထွက်ယိုမှုမရှိဘဲ ကွန်မြူနစ်အစိုးရကနေ ဒီမိုကရေစီအစိုးရကို အသွင်ပြောင်းနိုင်ခဲ့ပါတယ်။
အပေါ်က ပြည်ထောင်စုတွေ ပြိုကွဲတာနဲ့ယှဉ်ရင် သေနတ်တချက် မဖောက်ရ၊ သွေးတစက် မထွက်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း လမ်းခွဲနိုင်တာကိုတော့ အလွန်ချီးကျူးရမှာ ဖြစ်ပါတယ်။ အခုထိလည်း နှစ်နိုင်ငံကြား ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်နိုင်ပါတယ်။ ချက်ကိုစလိုဗက်ကီးယားဟာလည်း ယူဂိုဆလားဗီးယားလိုပဲ ၇၄ နှစ်ခန့်သာ သက်တမ်းရှည်ပါတယ်။ နှစ်ပြည်ထောင်ကြားက နိုင်ငံတည်ထောင်ရေးနဲ့ စီးပွားရေးစနစ် တည်ဆောက်ရေးပြဿနာတွေ မဖြေရှင်းဘဲ စာမေးပွဲကျရှုံးပြီး နှုတ်ဆက်ခဲ့ကြပါတယ်။
လက်ရှိ “ပြည်ထောင်စုမြန်မာနိုင်ငံတော်” ဟာလည်း သက်တမ်းအားဖြင့် နှစ် ၇၀ ပတ်လည်မှာပဲ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗြိတိသျှအင်ပါယာကနေ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့်တဲ့ စိန်ရတုအထိမ်းအမှတ် ဖြစ်ပါတယ်။ ဒါပေမယ့် အပေါ်က ပြည်ထောင်စုတွေလိုပဲ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုပြဿနာတွေ ပြည့်နှက်နေဆဲ ဖြစ်ပါတယ်။
နိုင်ငံတော်အာဏာကို တရားနည်းနဲ့ရော မတရားနည်းနဲ့ ပါရယူခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ အဆင်အခြင် နည်းမှုတွေကြောင့် ပြည်ထောင်စုဟာ အမည်ခံသာ ဖြစ်နေတာကတော့ ငြင်းလို့မရပါဘူး။ စာရေးသူအတွက်တော့ လက်ရှိကာလကို ပြည်ထောင်စုအနေနဲ့ စာမေးပွဲဖြေနေရတဲ့ကာလလို့ မှတ်ယူပါတယ်။ ပါဝင်ဖြေဆိုသူ အင်အားစုအသီးသီးရဲ့ စေတနာ၊ အလိမ္မာနဲ့ အဆင်အခြင်ပေါ် မူတည်ပြီး စာမေးပွဲ အောင်၊ မအောင်ကတော့ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒါပေမယ့် အကြံပေးလိုတာကတော့ အကယ်၍များ စာမေးပွဲကျရှုံးသွားရင် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ကြမလဲ။ ကတ္တီပါလမ်းခွဲသလို အပြုံးနဲ့လမ်းခွဲကြမလား၊ ရန်စောင်ငြူစူလို့ သွေးထွက်သံယိုနဲ့ လမ်းခွဲကြမလား ဆိုတာကိုလည်း လက်တွေ့ကျကျ စဉ်းစားတွေးခေါ်လို့ ပြင်ဆင်ထားဖို့ လိုအပ်မယ်လို့ ပြောလိုပါတယ်ခင်ဗျား။
(စာရေးသူသည် နိုင်ငံရေးလေ့လာသူတဦး ဖြစ်ပြီး ဆောင်းပါးပါ အယူအဆသည် စာရေးသူ၏ ကိုယ်ပိုင်အတွေးအမြင်သာ ဖြစ်ပါသည်။)
You may also like these stories :
မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု
မြန်မာနိုင်ငံ တည်ငြိမ်ရေး တော်လှန်ရေးတပ်များ ကွန်ရက်ကသာ တည်ဆောက်နိုင်
မိုက်မဲသော အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ ကျဆုံးရမည်