၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ခေတ်အဆက်ဆက် နိုင်ငံ့အကြီးအကဲတွေရဲ့ မိသားစုတွေ၊ စစ်ခေါင်းဆောင်တွေရဲ့ မိသားစုတွေ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ လွတ်လပ်ပြီးမြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ် ဦးဗဆွေရဲ့ သမီး ဒေါ်နေရည်ဗဆွေ၊ ဝန်ကြီး ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့သမီး ဒေါ်ခင်စန္ဒာဝင်း၊ သမ္မတဟောင်း ဦးစန်းယုရဲ့သမီး ဒေါ်လဲ့လဲ့ယုတို့အပြင် ၁၉၈၈ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့သား ဦးသီဟစောတို့ပါ ပါဝင်ခဲ့ပါတယ်။
ဒီလိုတွေ့ဆုံတာဟာ ယမန်နှစ်က စစ်ကောင်စီက ကြေညာထားတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေ ပေးအပ်တဲ့ပွဲကို တက်ရောက်ဖို့ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ နောက်ဆက်တွဲသတင်းတွေအရ သိရပါတယ်။ အခုလို အရင်ခေါင်းဆောင်များရဲ့ မိသားစုဝင်တွေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် တရားဝင်တွေ့ဆုံတာဟာ ရှားရှားပါးပါးဖြစ်ပြီး ယခင် စစ်အာဏာသိမ်း ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ လက်ထက်မှာတော့ ဒါမျိုး တွေ့ဆုံမှုတွေ မရှိခဲ့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာလည်း အာဇာနည်နေ့တွေမှာ အာဇာနည် မိသားစုဝင်တွေနဲ့တွေ့တာ၊ ရဲဘော်သုံးကျိပ် မိသားစုဝင်တွေ အစည်းအဝေးတက်ရောက်တာမျိုးသာ ရှိခဲ့ပါတယ်။
စစ်ခေါင်းဆောင်က ဘာကြောင့် ဒီလို မိသားစုဝင်တွေနဲ့ တွေ့ဆုံရပါသလဲ။ ဒီလို တွေ့ဆုံမှုတွေဟာ စစ်ကောင်စီအတွက်၊ အထူးသဖြင့် အာဏာသိမ်း စစ်ခေါင်းဆောင်အတွက်တော့ အာဏာတည်မြဲခိုင်ခံ့ရေးအတွက် ကစားကွက်တကွက်လည်း ဖြစ်နေနိုင်ပါတယ်။
လက်ရှိ စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ တရားဝင်မှု၊ ပြည်သူအသိအမှတ်ပြုမှုကို ရရှိဖို့ မြန်မာ့ရှေးနိုင်ငံရေး စံနှုန်းတခုဖြစ်တဲ့ အမျိုးဘာသာ သာသနာ၊ မြန်မာ့ယဉ်ကျေးမှုကို စောင့်ရှောက်သူဆိုတဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ ကြိုးစားမှုတွေကို တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ မော်ဒယ် နန်းမွေစံနဲ့ သင်ဇာဝင့်ကျော်တို့ကို အမျိုးသားယဉ်ကျေးမှု ထိခိုက်စေမှုနဲ့ ထောင်ဒဏ်ချမှတ် အရေးယူခဲ့ပါတယ်။ ဒါ့အပြင် ပျံလွန်တော်မူပြီးတဲ့ ထေရ်ကြီးဝါကြီး ဆရာတော်တွေကိုပါ ဘွဲ့ထူးဂုဏ်ထူးတွေ ဆပ်ကပ်ပြီး သူတို့အနေနဲ့ သာသနာကို စောင့်ရှောက်တယ်ဆိုတဲ့ပုံရိပ်ကို မြှင့်တင်နေပါတယ်။
လက်ရှိ စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ တရားဝင်မှု၊ ပြည်သူအသိအမှတ်ပြုမှုကို ရရှိဖို့ မြန်မာ့ရှေးနိုင်ငံရေး စံနှုန်းတခုဖြစ်တဲ့ အမျိုးဘာသာ သာသနာ၊ မြန်မာ့ယဉ်ကျေးမှုကို စောင့်ရှောက်သူဆိုတဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ ကြိုးစားမှုတွေကို တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။
တဘက်က သာသနာပြုပုံရိပ်နဲ့ ထောက်ခံမှု ရယူနေချိန်မှာ ဆွေစဉ်မျိုးဆက်နိုင်ငံရေးကိုလည်း စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် အသုံးချခံကစားကွက်အနေနဲ့ အသုံးပြုနေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ လူ့ဘောင်အသိုက်အဝန်းမှာ နိုင်ငံရေးမျိုးဆက်တွေအနေနဲ့ မိဘအစဉ်အလာကို ဆက်လက် ကိုင်စွဲတဲ့ပုံစံမျိုးတွေ တည်ရှိနေတာ ကြာပါပြီ။
ပဒေသရာဇ်ခေတ်တွေကတည်းက မင်းဆွေမင်းမျိုး၊ ဝန်ကြီးမျိုး၊ စစ်သူရဲမျိုး စသဖြင့် လူတန်းစား သတ်မှတ်မှုများက တည်ရှိခဲ့ပြီး အဆိုပါ မျိုးရိုးတွေကပဲ သူတို့ရဲ့ မိဘဆွေမျိုး အရိုက်အရာကို ဆက်ခံတဲ့အစဉ်အလာကို တွေ့ရတတ်ပါတယ်။ ဥပမာအနေနဲ့ သာယာဝတီမင်းလက်ထက်က ယင်းတောဝန်ကြီး ဦးရွှေတုတ်ရဲ့သား မောင်လှိုင်က မင်းတုန်းမင်းလက်ထက် ယောအတွင်းဝန် ဦးလှိုင်အဖြစ် တာဝန်ဆက်လက် ရယူတာမျိုး ဖြစ်ပါတယ်။
ကိုလိုနီခေတ်ရဲ့ အမွေအနေနဲ့ နိုင်ငံရေးသမား လူတန်းစားတရပ် ပေါက်ဖွားလာခဲ့ပါတယ်။ နိုင်ငံရေးသမား မိသားစုကနေ ဆင်းသက်လာသူတွေအနေနဲ့ နိုင်ငံရေးလောကမှာ ပါတီနိုင်ငံရေးအပြင် နိုင်ငံရေးလေ့လာသူ ပုံစံမျိုးနဲ့ပါ ဆက်လက် ရှိနေတတ်ကြပါတယ်။ ဆက်ခံသူတွေအနေနဲ့လည်း သူတို့မိဘတွေရဲ့ ချန်ရစ်ထားတဲ့ အမွေအနှစ် (legacy) ကို တန်ဖိုးထားတတ်ကြပါတယ်။
ကိုလိုနီခေတ်ရဲ့ အမွေအနေနဲ့ နိုင်ငံရေးသမား လူတန်းစားတရပ် ပေါက်ဖွားလာခဲ့ပါတယ်။ နိုင်ငံရေးသမား မိသားစုကနေ ဆင်းသက်လာသူတွေအနေနဲ့ နိုင်ငံရေးလောကမှာ ပါတီနိုင်ငံရေးအပြင် နိုင်ငံရေးလေ့လာသူ ပုံစံမျိုးနဲ့ပါ ဆက်လက် ရှိနေတတ်ကြပါတယ်။ ဆက်ခံသူတွေအနေနဲ့လည်း သူတို့မိဘတွေရဲ့ ချန်ရစ်ထားတဲ့ အမွေအနှစ် (legacy) ကို တန်ဖိုးထားတတ်ကြပါတယ်။
ဒါပေမယ့် အဆိုပါနိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း ခေတ်ကနေစပြီး နဝတ၊ နအဖ ခေတ်အထိ မှေးမှိန်ဖယ်ဖျောက်ခံခဲ့ရပါတယ်။ မဆလရဲ့ ၁၉၈၀ ပြည့်နှစ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးအပြီးမှာတော့ ယခင် လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကပါ မှေးမှိန်ခဲ့ရပြီး ၁၉၈၈ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ ပုံရိပ်တွေကိုပါ ဖယ်ရှားပစ်ခဲ့တာပါ။
အခုတခါမှာတော့ စစ်အာဏာသိမ်းခေါင်းဆောင်ဟာ အရင် နိုင်ငံဝန်ကြီးချုပ်တွေ၊ စစ်ခေါင်းဆောင်တွေကို ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ပြီး သူဟာ အစဉ်အလာကို လေးစားတန်ဖိုးထားသူဖြစ်ကြောင်း ပုံဖော်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒီလို ဘွဲ့ထူးဂုဏ်ထူးတွေ ပေးအပ်ရင်းနဲ့ အရင် နိုင်ငံရေးမျိုးဆက်မိသားစုတွေရဲ့ ထောက်ခံမှုကို တနည်းတဖုံရယူဖို့ ကြိုးစားတာလို့လည်း ရှုမြင်နိုင်ပါတယ်။
တဘက်မှာလည်း ဗိုလ်ချုပ်ကြီး နေဝင်း အပါအဝင် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေကို ဘွဲ့ထူးတွေ ချီးမြှင့်တာနဲ့ အဆိုပါ မိသားစုတွေကို တွေ့ဆုံတာက အဲဒီ စစ်ခေါင်းဆောင် မိသားစုတွေနဲ့ လက်ရှိစစ်ကောင်စီအကြား နားလည်ယုံကြည်မှုရှိတာ၊ စစ်တပ်ထိပ်သီး အသိုင်းအဝိုင်းကြား စည်းလုံးမှုရှိတာကို သွယ်ဝိုက်ပြသနေတာလို့ ယူဆရပါတယ်။
တနည်းအားဖြင့် နဝတ စစ်အုပ်စုနဲ့ ဦးနေဝင်း မိသားစုကြားမှာရှိခဲ့တဲ့ ဆက်ဆံရေးမျိုးမဟုတ်ဘဲ ဆက်ဆံရေးကောင်း ရှိနေတယ်ဆိုတာကို လှစ်ဟသွားတယ်လို့ မြင်နိုင်ပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ အခုလို ဆွေစဉ်မျိုးဆက်နိုင်ငံရေးကို ပုံဖော်လာတာက အာဏာသိမ်းပြီးမှ မဟုတ်ပါဘူး။ အရပ်သားအစိုးရလက်ထက်မှာ ကတည်းက တပ်ဘက်ဆိုင်ရာ ထိပ်တန်းရာထူးတွေကို ယခင်စစ်အုပ်စုက ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေရဲ့ သားသမီးတွေနဲ့ ဝန်းရံတည်ဆောက်ခဲ့တာပါ။ အဲဒီ ပုဂ္ဂိုလ်တွေထဲမှာ ထင်ရှားတာကတော့ အရင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရကျော်ထင်ရဲ့သား လေတပ်ဦးစီးချုပ်ဟောင်း မောင်မောင်ကျော်၊ နအဖလက်ထက် စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့သားဖြစ်သူ ယခု ရေတပ်ဦးစီးချုပ် မိုးအောင်၊ ဦးသိန်းစိန် အစိုးရလက်ထက် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိမ်းအောင်ရဲ့သား လက်ရှိ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့ပဲ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ အခုလို ဆွေစဉ်မျိုးဆက်နိုင်ငံရေးကို ပုံဖော်လာတာက အာဏာသိမ်းပြီးမှ မဟုတ်ပါဘူး။ အရပ်သားအစိုးရလက်ထက်မှာ ကတည်းက တပ်ဘက်ဆိုင်ရာ ထိပ်တန်းရာထူးတွေကို ယခင်စစ်အုပ်စုက ခေါင်းဆောင်တွေ၊ ဝန်ကြီးတွေရဲ့ သားသမီးတွေနဲ့ ဝန်းရံတည်ဆောက်ခဲ့တာပါ။
ဒီလို ခန့်အပ်မှုတွေက တပ်တွင်းမှာလည်း ဆွေစဉ်မျိုးဆက်ဖြစ်မှု အစဉ်အလာကို တန်ဖိုးထားကြောင်း ပြသနေတာဖြစ်ပြီး စစ်တပ်မျိုးဆက်ဟောင်း အသိုင်းအဝိုင်းကြား ထောက်ခံမှုကို ရရှိဖို့ ကြိုးစားတာလို့ သုံးသပ်နိုင်စရာရှိပါတယ်။
ဒါ့အပြင် နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ခေတ်အဆက်ဆက် ခေါင်းဆောင်တွေရဲ့ ပုံတူရုပ်တုတွေ ထားရှိတာ စတဲ့ လုပ်ရပ်တွေဟာ တဘက်က သူ့ရဲ့ ပုံရိပ်နိုင်ငံရေးကို မြှင့်တင်တာလို့ ရှုမြင်လို့ ရပါတယ်။
အခုအခါမှာတော့ အရပ်သား နိုင်ငံရေးခေါင်းဆောင်တွေကိုပါ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပြီး အစဉ်အလာကို တန်ဖိုးထားကြောင်း ပြသနေတဲ့ စစ်ခေါင်းဆောင်အနေနဲ့ အဆိုပါ နိုင်ငံရေးမိသားစုတွေဆီက ထောက်ခံမှုတွေကို အာဏာခိုင်မြဲရေးအတွက် တစိတ်တပိုင်း ဘယ်လို အသုံးချသွားမလဲဆိုတာကတော့ ဆက်လက် စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။
အခုလို ဆွေစဉ်မျိုးဆက်နိုင်ငံရေးကို အသုံးချပြီး ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်တဲ့စာရင်းမှာ တပ်မတော်ရဲ့ဖခင်လို့ တဖွဖွ ပြောကြားတတ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း မပါဝင်သလို သူ့ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ကောင်စီက ထောင်ဒဏ်နှစ် ၃၀ ကျော် ချမှတ်ထားပါတယ်။
You may also like these stories:
စစ်အာဏာမသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ကမ်းလှမ်းခဲ့သလဲ
စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ
သူတို့ တွေ့ပြီး ဘာတွေ တိုင်ပင်ခဲ့ကြလဲ
စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ