• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သူယုတ်မာများကြားမှ သူရဲကောင်းတို့၏ ၂၀၂၂

by အောင်ဇော်
6 January 2023
in သူ့အတွေး သူ့အမြင်
A A
သူယုတ်မာများကြားမှ သူရဲကောင်းတို့၏ ၂၀၂၂
4.1k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည်သူများအားလုံး၊ အထူးသဖြင့် နိုင်ထက်စီးနင်းလုပ်သော ရာဇဝတ်ကောင်များက ထူထောင်ထားသည့် လူသတ်စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေသော ခုခံတော်လှန်ရေး အင်အားစုများကို မိမိတို့ ဂါရဝ ပြုလိုက်သည်။

၂၀၂၂ ခုနှစ်တွင် မိမိတို့ အစောဆုံးလေ့လာမိသည့် အချက်များအနက် တခုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့သည် ပြည်သူလူထုနှင့် ၎င်းတို့၏ အတိုက်အခံများကို လျှော့တွက်သည့် သဘောသဘာဝ ရှိရာတွင် တူညီသည်ဆိုသည့် အချက်ဖြစ်သည်။ ယူကရိန်းသည် ရုရှားလက်သို့ ကျရောက်ခြင်းမရှိဘဲ ယူကရိန်းကို ကာကွယ်သူများလည်း ထွက်ပြေးခြင်း မရှိပေ။ အနောက်နိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်းတခုလုံး တအံ့တသြဖြစ်ရသည်မှာ ယူကရိန်းတို့သည် ကြံ့ကြံ့ခံရပ်တည်ပြီး ပြန်လည် တိုက်ခိုက်ခြင်းဖြစ်သည်။ ပူတင် တွက်ကိန်း မှားသွားသည်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
376
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
219
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
359

အလားတူစွာပင် မြန်မာပြည်သူများကလည်း စစ်အာဏာသိမ်းမှုကို လက်မခံပေ။ ထိုအချက်သည် ၂၀၂၁ ခုနှစ်က တရားမဝင် အာဏာသိမ်းမှုကို ထောင်ပေါင်းများစွာသော ပြည်သူများက လမ်းမများပေါ်တွင် ဆန့်ကျင်ကန့်ကွက်သောအခါ ထင်ရှားသောအချက် ဖြစ်သည်။ လူမှုကွန်ရက်နှင့် အခြားဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အသုံးပြုပြီး စစ်အာဏာသိမ်းသူသည် အောင်မြင်မည်မဟုတ်ကြောင်း အသိပေးခဲ့သည်။ ထိုအချိန်မှစတင်ပြီး ဂျန်နရေးရှင်း Z မျိုးဆက်နှင့် ၎င်းတို့ထက် အသက်ပိုကြီးသည့် နိုင်ငံသားများသည် လူသတ်စစ်ကောင်စီကို တိုက်ထုတ်ရန် တိုင်းရင်းသားပိုင်နက်များတွင် ပူးပေါင်းလိုက်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဖိနှိပ်ရန် ၂၀၂၂ ခုနှစ်တွင် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ နိုင်ငံတဝန်း ပျံသန်းပြီး စီးနင်းတိုက်ခိုက်ခြင်း၊ ဗုံးများ ကြဲချခြင်း၊ ၎င်းတို့ လမ်းကြောင်းတလျှောက် မည်သူကိုမဆို သတ်ဖြတ်ခြင်းတို့ ပြုလုပ်သည်ကို မိမိတို့တွေ့ရသည်။ အရပ်သားများနှင့် ခုခံတော်လှန်ရေး အင်အားစုများအပေါ် ရက်စက်ကြမ်းကြုတ်သော ထိုးစစ်သည် ပြင်းထန်လာသော်လည်း အောင်မြင်ခြင်းမရှိပေ။

ထောင်နှင့်ချီသော ကျေးရွာများကို မီးလောင်တိုက်သွင်းသည်။ ထောင်ပေါင်းများစွာသော ပြည်သူများသည် ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးရပြီး သန်းနှင့်ချီသော ပြည်သူများ၏ အနာဂတ်များ၊ မျှော်လင့်ချက်များနှင့် အိပ်မက်များ ပျောက်ဆုံးသွားစေသည်။ စစ်အာဏာသိမ်းမှု၏ နိုင်ငံ့စီးပွားကို ဖျက်ဆီးမှုသည် ပြင်းထန်လှသောကြောင့် မြန်မာနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းက နိုင်ငံရင်ဆိုင်ခဲ့ရသည့် ဝမ်းနည်းစရာ အခြေအနေသို့ လူမှုအခြေအနေအရ၊ စီးပွားရေးအရ နောက်ပြန်လျှောကျသွားစေသည်။ ထိုစဉ်က ပြည်သူများသည် တနေ့လျှင် နာရီအနည်းငယ်သာ လျှပ်စစ်ဓာတ်အား ရရှိသည်။ တရားဥပဒေကင်းမဲ့မှုသည် စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် မြို့ကြီးများအပြင် နိုင်ငံအနှံ့အပြားတွင် ဖြစ်နေသည်။

ဒေသတဝှမ်းလုံးမှ နိုင်ငံများရှိ နိုင်ငံသားများအတွက်မှာမူ ၎င်းတို့သည် ရုတ်တရက်နိုးလာပြီး အိမ်နီးချင်း မြန်မာတွင် မီးဟုန်းဟုန်းတောက်နေသည်ကို တွေ့လိုက်ရသည့် သဘောမျိုးဖြစ်နေသည်။ တခါက အထီးကျန် ဖြစ်နေသော မြန်မာတွင် အမှောင်ခေတ် နှစ်များစွာအလွန် လွန်ခဲ့သော ဆယ်စုနှစ်တခုက တိုးတက်မှုအလင်းရောင်များ ဖြတ်ကနဲ တောက်လာသည်ကို မိမိတို့တွေ့ခဲ့ရသည်။ သို့သော် အထက်ပါ မီးတောက်မီးလျှံများသည် ပဋိပက္ခနှင့် စစ်ကျယ်ပြန့်လာခြင်းကို သင်္ကေတပြုနေသည်။ အရှေ့တောင်အာရှသည် ခမာနီများနောက်ပိုင်းတွင် ထိုမျှဆိုးရွားသည့် အာဏာရှင်အစိုးရမျိုးကို မတွေ့ဖူးပေ။

အမှောင်ခေတ်သည် မြန်မာသို့ ပြန်လည်ကျရောက်လာသည်။ သို့သော် ပြည်သူများသည် လက်လျှော့အရှုံးပေးခြင်း မရှိပေ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြစဉ် / ဧရာဝတီ

ဆေးဝန်ထမ်းများ၊ အနုပညာရှင်များ၊ ပါမောက္ခများ၊ တက်ကြွလှုပ်ရှားသူများနှင့် စစ်တပ်နှင့်ရဲအရာရှိများသည် နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြသည်။ ပိုမိုအရေးကြီးသောအချက်မှာ ဖက်ဒရယ်ပြည်ထောင်စုနှင့် တန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်နေသော အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို ခိုလှုံစရာနှင့် အကူအညီများပေးခြင်း ဖြစ်သည်။ ၎င်းတို့အကူအညီ မပါဝင်ပါက ရေရှည်တိုက်ပွဲဝင်ရန်နှင့် အရှိန်အဟုန် ထိန်းသိမ်းထားရန် ခက်ခဲမည်ဖြစ်သည်။

ထိုလှုပ်ရှားမှုတွင် မိမိတို့သည် မျှော်လင့်ချက်နှင့် ရှင်သန်တက်ကြွမှုကို ရှာဖွေတွေ့ရှိခဲ့သည်။ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချရန် မြန်မာစစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကြာသည့်တိုင် စစ်ကောင်စီက နိုင်ငံကိုထိန်းချုပ်ရန် ကြိုးစားမှုသည် ကျရှုံးနေသည်။

မြန်မာပြည်သူများ၏ ခံနိုင်ရည်၊ တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် သူရဲကောင်းပီသခြင်းသည် ၎င်းတို့မွေးဖွားရာနိုင်ငံကို ပြည်ပကျူးကျော်ရေး တပ်များသဖွယ် ပြုမူနေသော လူယုတ်မာနှင့် ရာဇဝတ်ကောင် စစ်ခေါင်းဆောင်များ၏ ဆန္ဒကို တားဆီးပိတ်ပင်ထားသည်။

၂၀၂၂ ခုနှစ်အတွင်း မိမိတို့၏ သတင်းခန်းသည် အခြားလွတ်လပ်သော သတင်းဌာနများကဲ့သို့ပင် ပြည်ပတွင် အပြည့်အဝ လည်ပတ်နေပြီး လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများ၊ ကလေးငယ်များကို ပစ်ခတ်မှုများ၊ တက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ကြိုးပေးကွပ်မျက်ခြင်း၊ နိုင်ငံရေးအရ ဖမ်းဆီးထားသူများကို စစ်ကြောရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရခြင်း၊ စစ်ကောင်စီဆန့်ကျင်သူများနှင့် အရပ်သားများကို နေ့စဉ်ကျူးလွန်နေသည့် လွန်စွာဆိုးရွားသည့် အကြမ်းဖက်မှုများ စသည့် သတင်းများဖြင့် မနားမနေ လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ဆီးရီးယား ဖြစ်လာသည်ကို တနေ့ပြီးတနေ့ တနှစ်ပတ်လုံး မိမိတို့ သတင်းတင်ပြခဲ့သည်။ မိမိတို့၏ ကံကြမ္မာသည် မြန်မာမှ နိုင်ငံရေးအပြောင်းအလဲနှင့် ဆက်စပ်နေသောကြောင့် မိမိတို့သည် အနားမယူသလောက်ပင် ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နံရံတခုပေါ်တွင် ထိုင်း graffiti အနုပညာရှင် မူအယ် ဘွန် ရေးဆွဲထားသည့် ပန်းချီသရုပ်ဖော်ပုံကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်က မြင်ရစဉ် / AFP

မြန်မာပြည်သူများသည် နိုင်ထက်စီးနင်းပြုလုပ်မှုကို ခုခံအံတုရာတွင် ခံနိုင်ရည်နှင့် သူရဲကောင်းပီသမှုကို ပြသခဲ့ကြသည်။ ၎င်းတို့သည် တရားမဝင် စစ်ကောင်စီကို စိန်ခေါ်အံတုရန်၊ တိုက်ပွဲကို ရေရှည် ထိန်းသိမ်းထားရန်နှင့် ပြည်တွင်းပြည်ပ ခုခံတော်လှန်မှုကို ဆက်လက် ကြီးထွားစေရန် ပါးနပ်ပြီး ကြွယ်ဝသော နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။

နိုင်ငံတကာ အသိုက်အဝန်း၊ ကုလသမဂ္ဂ၊ ဒေသတွင်းမှ အစိုးရများနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့သည် မြန်မာ၏ နက်ရှိုင်းလာသော အကျပ်အတည်းနှင့် ပြည်တွင်းစစ်ကို နည်းလမ်းအမျိုးမျိုးဖြင့် တုံ့ပြန်ခဲ့ကြသည်။

ထိုတုံ့ပြန်မှုသည် နှေးကွေး၊ အားရစရာ မကောင်းသလို မကြာခဏဆိုသလို စိတ်ပျက်စရာကောင်းသော်လည်း ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏ တရားဝင်မှုနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုရရန် အားထုတ်မှုများသည် ကျရှုံးခဲ့သည်။

ရုရှားနှင့်တရုတ်တို့သည် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ဆက်လက် ထောက်ပံ့နေပြီး အိန္ဒိယသည် စစ်ကောင်စီနှင့် ချစ်ကြည်ရင်းနှီးရန် ကြိုးစားနေသော်လည်း ၎င်းတို့၏ ဆုံးဖြတ်ချက်ကြောင့် တန်ဖိုးတခု ပေးဆပ်ကြရသည်။ ထိုနိုင်ငံများကို မြန်မာပြည်သူများက အထပ်ထပ်အခါခါ ပြစ်တင်ရှုတ်ချနေသည်။

အမေရိကန် ပြည်ထောင်စုနှင့် အနောက်တိုင်းအစိုးရများသည် စစ်ကောင်စီကို ပြစ်တင်ရှုတ်ချပြီး ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ခရိုနီများကို ကန့်သတ်အရေးယူ ပိတ်ဆို့မှုချမှတ်ခဲ့သော်လည်း အလားအလာရှိသော အရေးယူပိတ်ဆို့မှု ပစ်မှတ်များမှာ လွတ်မြောက်နေသေးပြီး အရေးယူခြင်း လုံးဝမခံရသေးပေ။ အချို့မှာ မထင်မရှားသူများဖြစ်ပြီး အချို့မှာ ထင်ရှားသူများဖြစ်ကာ ဗြောင်ကျကျ လုပ်ကိုင်နေသူများဖြစ်သည်။ သို့သော် စစ်ကောင်စီနှင့် ပူးပေါင်းသူအားလုံး တန်ဖိုးတခု ပေးဆပ်ရမည်ဆိုသည့် သတင်းစကားကို အတိအလင်း ဖော်ပြထားပြီးဖြစ်သည်။

ဒေသတွင်းတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှစ်ပတ်လည် အစည်းအဝေးများနှင့် ထိပ်သီး ဆွေးနွေးပွဲများတွင် မြန်မာပါဝင်ခြင်းကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ ရုပ်သေး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ထိုသို့သော အစည်းအဝေးအားလုံးတွင် ပိတ်ပင်ခံထားရသည်။ ဝင်ရောက်မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက် ရယူရေးတို့ကို သမိုင်းအရလိုက်နာသော ASEAN ၏ စံနှုန်းများအရ ဆိုပါက ယခုကဲ့သို့ အရေးယူခြင်းသည် နှိုင်းယှဉ်ချက်အားဖြင့် ပြင်းထန်လှသည်။ စစ်ကောင်စီကလည်း ထိုကိစ္စအတွက် မကျေမနပ်ဖြစ်နေသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ရန်ကုန်တွင် အာဏာသိမ်းမှု ဆန့်ကျင်သူများကို ဖြိုခွင်းမှုအတွင်း ပြန်လည်ခုခံနေသည့် ဆန္ဒပြသမားများ / AFP

စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှု၏ စိတ်ဓာတ်ကို ပိုမိုခိုင်မာစေသည့် အားတက်စရာ သတင်းများဖြင့် ၂၀၂၂ ခုနှစ်သည် ကုန်ဆုံးသွားခဲ့သည်။

မြန်မာရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် PDF ဟုခေါ်သည့် ပြည်သူ့ကာကွယ်ရေး တပ်များအတွက် စစ်ရေးမဟုတ်သော အကူအညီနှင့် ထိတွေ့ဆက်ဆံရန် ခွင့်ပြုသည့် ကာကွယ်ရေး ဥပဒေကို အမေရိကန် ကွန်ဂရက်က အတည်ပြုခဲ့သည်။

အကျဉ်းဆိုရပါက Burma Act ဟုခေါ်သော ဥပဒေသည် မြန်မာနိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ရုန်းကန်နေစဉ် မြန်မာနှင့် ပတ်သက်သည့် အမေရိကန် မူဝါဒကို ဖော်ပြလိုက်ခြင်းဖြစ်သည်။ မြန်မာသို့ အရပ်သားအုပ်ချုပ်ရေး ပြန်လည် ဆောင်ယူရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိမှု ဖော်ထုတ်ရေးသာမက EAOs နှင့် PDFs များ အပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ထောက်ပံ့ရေးတို့ကိုလည်း ထိုဥပဒေက ရည်ရွယ်သည်။

ထိုဥပဒေအရ အမေရိကန် ပြည်ထောင်စုသည် ကုလသမဂ္ဂတွင် မြန်မာစစ်ကောင်စီကို ပိုမိုပြင်းထန်သည့် အရေးယူမှုများ တွန်းအားပေးရန် ကတိပြုစေပြီး စစ်ကောင်စီကို ထောက်ခံမှုအတွက် တရုတ်နှင့်ရုရှားကို တာဝန်ယူမှု ရှိစေရန်လည်း တောင်းဆိုသည်။

ထိုဥပဒေကို ကွန်ဂရက်တွင် အတည်ပြုပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က ဒီဇင်ဘာလ နှောင်းပိုင်းတွင် ဆုံးဖြတ်ချက်တခု ချမှတ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချလိုက်သည်။

ထို သမိုင်းဝင်ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၂ မဲ၊ ကြားနေမဲ ၃ မဲဖြင့် အတည်ပြုလိုက်ခြင်းသည် စစ်ကောင်စီတပ်များက ကျူးလွန်နေသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ဖြစ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စစ်ကောင်စီသည် ပိုမိုအထီးကျန်လာကြောင်း ဖော်ပြနေသည်။

စစ်ကိုင်းတိုင်းရှိ မင်းတန်းရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သည်ကို ၂၀၂၂ ခုနှစ်၊ မေလက တွေ့ရစဉ် / Ko Nway Oo

ထိုဆုံးဖြတ်ချက်တွင် စစ်ကောင်စီက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ခြင်းအား ရှုတ်ချပြီး အငြင်းပွားဖွယ် ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ရန်နှင့် တနိုင်ငံလုံးတွင် အကြမ်းဖက်မှု ပုံစံအားလုံး ချက်ခြင်း ရပ်ရန်တောင်းဆိုသည်။

သို့သော် အကူအညီပေးမည့် ကတိများနောက်တွင် လက်တွေ့လုပ်ဆောင်မှုများ လိုအပ်သည်။ ရုပ်ဝတ္တုပစ္စည်း အကူအညီသည် မကြာမီ ရောက်လာသင့်ပြီး ထိုအကူအညီသည် စစ်ကောင်စီကို ဖြုတ်ချမည့် ရည်မှန်းချက် အောင်မြင်စေရန် မြန်မာခုခံတော်လှန်ရေး အင်အားစုများကို အထောက်အကူပြုသည့် ပုံစံမျိုး ဖြစ်သင့်သည်။

လူသတ်ပြီး ဂျက်တိုက်လေယာဉ်များဖြင့် လက်နက်တပ်ဆင်ထားသော စစ်ကောင်စီကို အာခံရန် အသက်အန္တရာယ်ကိုပင် ရင်ဆိုင်ရေး မြန်မာပြည်သူများ မည်သည့်အတွက် ဆုံးဖြတ်ထားသည်ကို ခဏတာ စဉ်းစားရန် လိုအပ်သည်။ စစ်အာဏာရှင်စနစ် ကုန်ဆုံးသင့်ပြီဟု မြန်မာပြည်သူများ ပြောကြားခဲ့ပြီးဖြစ်သည်။

မြန်မာပြည်သူများသည် ရက်စက်ကြမ်းကြုတ်ပြီး ကိုယ်ကျိုးရှာသည့် အာဏာရှင်များအောက်တွင် နေထိုင်ခဲ့ကာ နိုင်ငံကို စစ်ကောင်စီက လုယက်ပြီး ဒေဝါလီခံရစေသည်ကိုလည်း တွေ့မြင်ပြီးဖြစ်သည်။ ထို့နောက် ၂၀၁၂ ခုနှစ်က နိုင်ငံတွင် တံခါး စတင်ပွင့်လာသောကြောင့် ပြည်သူများသည် လွတ်လပ်မှုနှင့် မျှော်လင့်ချက်၏ အရသာကို သိရှိပြီး အခွင့်အလမ်းများကို စတင်ခံစားလာခဲ့ရသည်။

ယခုတဖန် လူယုတ်မာများနှင့် ရာဇဝတ်ကောင်များက အာဏာကို ခိုးယူသွားကြပြီး အနာဂတ်သည် မှောင်မိုက် နေပုံရသည်။

အောင်ပွဲမခံနိုင်ပါက မြန်မာပြည်သူများသည် ထာဝရ ကျေးကျွန်များဖြစ်ကြမည်ကို သူတို့သိနေသည်။

၎င်းတို့၏ တိုက်ပွဲပြီးဆုံးရန် များစွာလိုအပ်နေသေးသည်။ ၂၀၂၃ ခုနှစ်သည် မြန်မာပြည်သူများအတွက် ခက်ခဲကြမ်းတမ်းသောနှစ် ဖြစ်သော်လည်း ၎င်းတို့သည် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်တည်ဆောက်ရေး အိပ်မက်ကို စွန့်လွတ်ခြင်း မရှိကြပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Aung Zaw ၏ 2022: A Year of Heroes and Villains in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ အောင်ဇော်သည် ဧရာဝတီသတင်းဌာနကို တည်ထောင်သူ အယ်ဒီတာချုပ်ဖြစ်သည်။)

You may also like these stories:

ရှင်းလင်းပြတ်သားသည့် နိုင်ငံရေး စီမံချက်က ခုခံတော်လှန်ရေးအတွက် အထောက်အကူပြုမည်

နွေဦးတော်လှန်ရေးအတွက် ၂၀၂၃ ခုနှစ်ရဲ့ စိန်ခေါ်မှုများ

မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု

NDAA က ဘယ်လောက်ထိ သက်ရောက်မှု ရှိမလဲ

မြန်မာနိုင်ငံ တည်ငြိမ်ရေး တော်လှန်ရေးတပ်များ ကွန်ရက်ကသာ တည်ဆောက်နိုင်

Your Thoughts …
Tags: AseanBurma ActEAOsPDFsUNSCကုလသမဂ္ဂကြိုးပေးကွပ်မျက်မှုခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုညှဉ်းပန်းနှိပ်စက်မှုတရုတ်နွေဦးတော်လှန်ရေးပိတ်ဆို့အရေးယူမှုပြည်တွင်းစစ်ဖက်ဒရယ်ပြည်ထောင်စုဗုံးကြဲတိုက်ခိုက်မှုယူကရိန်းရုရှားလူ့အခွင့်အရေး ချိုးဖောက်မှုလေကြောင်းတိုက်ခိုက်မှုအမေရိကန် ပြည်ထောင်စုအိန္ဒိယ
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အနီဆို မုန်းရမယ်လို့ တပ်ထဲမှာ အမိန့်ထုတ်ထားတာ (ရုပ်/သံ)

အနီဆို မုန်းရမယ်လို့ တပ်ထဲမှာ အမိန့်ထုတ်ထားတာ (ရုပ်/သံ)

ရန်များကို ကိုယ်ရှင်းမယ်

ရန်များကို ကိုယ်ရှင်းမယ်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.3k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate