မင်းအောင်လှိုင်ကို ဖယ်ရင် အားလုံးပါတဲ့ စေ့စပ်ညှိနှိုင်းရေး ဖြစ်နိုင်မယ်

အီဂေါဗလာဇီဗစ်
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်မြို့ ဆန္ဒပြသူ တဦး / AFP

မြန်မာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ အရေးကြီးတဲ့ အင်အားစု နှစ်ဆယ်ကျော်နဲ့ တပြည်လုံးက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အစုအဖွဲ့အသီးသီးတို့ ပူးပေါင်းပြီး ပြည်သူ့တော်လှန်ရေးနဲ့ ပတ်သက်လို့ ပူးတွဲ ကြေညာချက် တစောင်ကို နှစ်သစ်ဦးမှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ရဲ့ ပြည်သူဆီက အာဏာလုပြီး အာဏာကို ချုပ်ကိုင်ကိုင်ဖို့ ကြိုးစားတာကနေ ဖြစ်လာတဲ့ ကြေကွဲစရာ အဖြစ်ဆိုးတွေကနေ မြန်မာပြည်ကို ဘယ်လို ဆွဲထုတ်ကြမလဲဆိုတဲ့ လမ်းပြမြေပုံကို ရှင်းလင်းတဲ့ အမြင်နဲ့ ပုံဖော်ပြခဲ့တာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေရဲ့ ညီညွတ်မှုကို ပြသမှု ဖြစ်သလို အကြမ်းဖက်မှုတွေကို ဘယ်လို ဘယ်ပုံ ရပ်တန့်ကြမလဲ၊ ဘယ်ခြေလှမ်းတွေနဲ့ တိုင်းပြည်ပျက်လာတာကို ဆယ်ကြမလဲ၊ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့ နိုင်ငံရေး အဖြေ ရရှိလာအောင် ဘယ်လိုလုပ်ကြမလဲ၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာနိုင်အောင် ဘာတွေ ဆောင်ရွက်ကြမယ် ဆိုတာတွေနဲ့ ပတ်သက်တဲ့ အပြန်အလှန် သဘောတူတဲ့ ကျင့်ဝတ်စည်းမျဉ်း ခြေလှမ်းတွေကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ၊ အင်ဒို-ပစိဖိတ်ဒေသက ဆက်စပ်နေတဲ့ နိုင်ငံတွေနဲ့ အခြား ကမ္ဘာ့ နိုင်ငံကြီးတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ရွေးချယ်ရပါတော့မယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ၊ အင်ဒို-ပစိဖိတ်ဒေသက ဆက်စပ်နေတဲ့ နိုင်ငံတွေနဲ့ အခြား ကမ္ဘာ့ နိုင်ငံကြီးတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ရွေးချယ်ရပါတော့မယ်။

မြန်မာပြည်သူတွေနဲ့ ပြည်သူက ရွေးကောက်ထားထဲ့ တရားဝင် ပြည်သူ့ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ နှစ်သစ်ကူး ပူးတွဲ ကြေညာချက်ပါ လမ်းစဉ်တွေအတိုင်း စစ်အာဏာရှင်စနစ်ကို ငြင်းဆန်ပြီး အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချဖို့ ရွေးချယ်မလား။

ဒါမှမဟုတ် ဘာမှ ထိထိရောက်ရောက် မလုပ်တဲ့ လမ်းကိုပဲ မြန်မာအိမ်နီးချင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်သွားမှာလား။ လူသတ်နေတဲ့ တရားမဝင်တဲ့ လက်ရှိ စစ်အာဏာရှင်တွေအပါအဝင် “အားလုံးပါဝင်တဲ့ စားပွဲဝိုင်း ညှိနှိုင်းရေး”ဆိုတဲ့ အကျိုး ရလဒ်မဲ့ ကိစ္စနဲ့ ဆက်သွားကြမှာလား။

ဒီနည်းက စစ်တပ်က သူ့တိုင်းပြည်က ပြည်သူကို ဆင်နွှဲနေတဲ့ စစ်ပွဲတွေ ပိုကြမ်းတမ်းလာစေရုံက လွဲလို့ ဘယ်မှ မရောက်နိုင်ပါဘူး။ ဒီနည်းက ပိုပြီးရက်စက်ကြမ်းကြုတ်လာဖို့၊ ပိုပြီး မတည်မငြိမ်နဲ့ ဖရိုဖရဲတွေ ဖြစ်လာဖို့၊ အရပ်ဘက် အခြေခံ အဆောက်အဦတွေ ပျက်စီးဖို့၊ ရွာတွေ ပိုမီးလောင်ပြာကျလာဖို့၊ IDP တွေ ထောင်သောင်းချီပြီးတိုးလာဖို့နဲ့ နိုင်ငံ့ စီးပွားရေး ပိုမိုကျဆင်းလာဖို့ဆီကိုပဲသွားတဲ့ လမ်းပါ။

ဒီလမ်းကိုရွေးရင် လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ပြီး အရပ်သား ပြည်သူတွေ အကြီးအကျယ် ဆုံးရှုံးနစ်နာပြီးတဲ့ အချိန်မှာတောင်မှ ပိုခိုင်မြဲလာတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ တိုင်းပြည်ဟာ တည်ငြိမ်ဖို့လည်း မရှိသလို နိုင်ငံတကာက မျှော်လင့်ထားသလို အားလုံးပါဝင်ဆွေးနွေးပြီး ကျေလည်သွားတယ်ဆိုတဲ့ ကိစ္စမျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီအစား တိုင်းပြည်ဟာ ကျေမွသွားပြီး အပိုင်းပိုင်း အစိတ်စိတ်ကွဲလို့ (အနည်းဆုံး ငါးပိုင်းကနေ ခုနှစ်ပိုင်း) လက်နက်ကိုင် တပ်တွေ အသီးသီးကနေ အုပ်ချုပ်တဲ့ နယ်အသီးသီးသာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

စစ်တပ်ဟာလည်း လက်နက်နဲ့ နယ်ပယ်ထိန်းချုပ်ပြီး နိုင်ရာစား ကိုယ်ကျိုးရှာ လက်နက်ကိုင်ပြည်သူ့စစ်တွေထဲက အဆိုးဆုံး အဖွဲ့အစည်းတခု ထက်ပိုမှာ မဟုတ်ပါဘူး။ လက်ရှိမြင်နေရတဲ့ လစ်ဗျားလို တောင်ဆူဒန်လို ပြန်တည်လို့ မရတော့တဲ့ နိုင်ငံပျက်တခုဆီကို ဦးတည်သွားနိုင်တဲ့ အခြေအနေပါ။

စစ်တပ်ဟာလည်း လက်နက်နဲ့ နယ်ပယ်ထိန်းချုပ်ပြီး နိုင်ရာစား ကိုယ်ကျိုးရှာ လက်နက်ကိုင်ပြည်သူ့စစ်တွေထဲက အဆိုးဆုံး အဖွဲ့အစည်းတခု ထက်ပိုမှာ မဟုတ်ပါဘူး။ လက်ရှိမြင်နေရတဲ့ လစ်ဗျားလို တောင်ဆူဒန်လို ပြန်တည်လို့ မရတော့တဲ့ နိုင်ငံပျက်တခုဆီကို ဦးတည်သွားနိုင်တဲ့ အခြေအနေပါ။

ဒီပူးတွဲကြေညာချက်နဲ့အတူ နှစ်သစ်မှာ ထွက်ပေါ်လာတဲ့ တခြား ထုတ်ပြန်ချက်တွေကို (ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ကြေ ညာချက်နဲ့ KIO ဥက္ကဌ အင်ဘန်လရဲ့ မိန့်ခွန်း) ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြား သက်ဆိုင်ရာ နိုင်ငံကြီးတွေ ရှင်းရှင်းလင်းလင်းမြင်နိုင်တာကတော့ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ သက်ဆိုင်သူ အားလုံးဟာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေခဲ့ကြတယ် သဘောတူညီချက်တွေလည်းရှိနေခဲ့ကြတယ် ဆိုတာပါပဲ။

ဒီလို အပြန်အလှန်ဆွေးနွေးတာတွေ၊ သဘောတူညီချက်ရလာတာတွေဟာ မဖြစ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ရာဇဝတ်ကောင်စစ်တပ်ကို ဒီညီမျှခြင်းထဲကနေ ဖယ်ထုတ်လိုက်ရင်ကို ဖြစ်နိုင်နေပြီးသားပါ။

ဘာကြောင့်လဲဆိုတော့ ၂၀၂၁ ဖေဖော်ဝါရီလာကတည်းက ဖြစ်လာသမျှ ဒုက္ခဆင်းရဲခြင်းတွေရဲ့ တခုတည်းသော အရင်းအမြစ်ဟာ အာဏာကို လိုချင်လို့ အတင်းသိမ်းဖို့ ကြိုးစားနေရင်း ခုထိ မအောင်မြင်သေးတဲ့ဆီက နေလာတာပါ။

ရက်စက်မှုပေါင်းစုံသုံးပြီး လူသတ်ဖျက်ဆီးတဲ့ နည်းနဲ့ မင်းအောင်လှိုင်က အာဏာရယူဖို့ ကြိုးစားနေတာကသာ တိုင်းပြည် ပြဿနာကို ဖြေရှင်းတဲ့နည်း မရှိအောင် အခုအခံ လုပ်နေတဲ့ကိစ္စပါ။

မင်းအောင်လှိုင်ကို ဖယ်ရှားနိုင်ရင် လက်နက်ကိုင်တိုက်ခိုက်မှုတွေ စပြီးလျော့ကျလာမယ်။ လူတွေ နေထိုင်လို့ရတဲ့ အခြေခံ လုံခြုံရေးလောက်ကိုတော့ ရလာမှာဖြစ်တယ်။ သိပ်ပြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်မှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေ ပြန်စနိုင်မှာပါ။ အဲဒီအချိန်မှာ နိုင်ငံရေး ညှိနှိုင်းတိုင်ပင်မှုတွေလည်း ပိုကျယ်ပြန့်လာပြီး တဦးနဲ့ တဦး အလျှော့အတင်းတွေ ဘယ်လိုလုပ်ကြမယ် ဆိုတာ ဆွေးနွေးဖို့ နေရာကျယ်လာပါလိမ့်မယ်။

မင်းအောင်လှိုင်ကို ဖယ်ရှားနိုင်ရင် လက်နက်ကိုင်တိုက်ခိုက်မှုတွေ စပြီးလျော့ကျလာမယ်။ လူတွေ နေထိုင်လို့ရတဲ့ အခြေခံ လုံခြုံရေးလောက်ကိုတော့ ရလာမှာဖြစ်တယ်။ သိပ်ပြီးလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်မှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေ ပြန်စနိုင်မှာပါ။

ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဖို့ရာမှာ လိုအပ်တဲ့ စာချုပ်စာတမ်းတွေအတွက် သဘောတူညီချက်တွေ ပေါ် ထွက်လာပါလိမ့်မယ်။ မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ဆိုတာ နိုင်ငံတကာ အသိုင်းအဝိုင်းက ထင်နေတာထက် အများကြီး ပိုလွယ်ပါတယ်။ သူ့ကို သူ့တိုင်းပြည်က ပြည်သူတွေက လက်မခံလို့ တော်လှန်နေကြတာပါ။

တပ်ထဲမှာလည်း သူ့ကုလားထိုင်က အင်မတန် လှုပ်နေတဲ့ အနေအထားမှာ ရှိပါတယ်။ သူ့ကို ဒီကစားပွဲမှာ အသာစီးရနေ စေတာက ရက်စက်ယုတ်မာတဲ့ ညှင်းပန်းနှိပ်စက်မှုတွေအပြင် ကောက်ကျစ်တဲ့အကြံနဲ့ ပူတင်ဆီက ရနေတဲ့ အထောက်အပံ့ တွေရယ်၊ မြန်မာ့သဘာဝဓာတ်ငွေ့က ရနေတဲ့ ဝင်ငွေတွေကြောင့်ရယ်၊ နိုင်ငံရေး ဆွေးနွေးပွဲထဲမှာ မင်းအောင်လှိုင် ပါမှရ မယ်လို့ အလွယ် မှတ်ယူနေတဲ့ မြန်မာအိမ်နီးချင်းတွေရယ်ကြောင့်ပါ။

မင်းအောင်လှိုင် မပါဘဲ ကျန်တဲ့ သက်ဆိုင်သူအားလုံးနဲ့ စတင်ပြီးတော့ ညှိနှိုင်း ဆွေးနွေးပွဲတွေ လုပ်ကြည့်ကြပါ။ မင်းအောင် လှိုင် မပါဘဲ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲတွေလုပ်ဖို့ အားပေး ကူညီကြပါ။ မင်းအောင်လှိုင် မပါဘဲ အကောင်အထည်ဖော်လို့ ရတဲ့ လုပ်ငန်းတွေကို ကူညီပံ့ပိုး ပေးကြပါ။

စစ်တပ်ဟာ အဲဒီလိုသာဆိုရင် အချိန်ကာလ လအနည်းငယ်အတွင်းမှာ အက်ကွဲပြိုပျက်လာမှာ မလွဲပါ။ အဲဒီအချိန်ရောက် ရင် မြန်မာစစ်တပ်ထဲက လက်ရှိ အာဏာရှင်ခေါင်းဆောင်နေသူတွေ မဟုတ်တဲ့ အခြားသူတွေကနေ နိုင်ငံရေး ဆွေးနွေးပွဲ တွေကို မြန်မြန်ဆန်ဆန် ဝင်လာကြမှာ ဖြစ်ပါတယ်။ အဲဒီအခါ အပြုသဘောဆောင်ပြီး တိုင်းပြည်အတွက် ရလဒ်ကောင်း တွေ ထွက်အောင် ဆွေးနွေးလာနိုင်ကြမှာ ဖြစ်ပါတယ်။

မြန်မာရဲ့ အိမ်နီးချင်းတွေ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ရှင်းလင်းတဲ့ ရွေးချယ်စရာ၊ နက်ရှိုင်းလာနေတဲ့ ကျရှုံးနိုင်ငံတစ်ခု အဖြစ်ကနေ လွတ်မြောက်အောင် မြန်မာပြည်ကို ကူညီဖို့ အခွင့်အလမ်း သေချာပေါက် ရှိနေပါတယ်။

မြန်မာရဲ့ အိမ်နီးချင်းတွေ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ရှင်းလင်းတဲ့ ရွေးချယ်စရာ၊ နက်ရှိုင်းလာနေတဲ့ ကျရှုံးနိုင်ငံတစ်ခု အဖြစ်ကနေ လွတ်မြောက်အောင် မြန်မာပြည်ကို ကူညီဖို့ အခွင့်အလမ်း သေချာပေါက် ရှိနေပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ မရှိခဲ့တဲ့ ဒီတခါ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မဲ့ အခွင့်အရေး၊ တိုင်းပြည်မှာ အရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိအောင်လုပ်ဖို့ အခွင့်အရေးဟာ လက်ရှိမှာ သေသေချာချာ ရှိနေပါတယ်။

မြန်မာရဲ့ အိမ်နီးချင်းတွေ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ဒီအခွင့်အရေးကို လက်လွတ်ခဲ့မယ် ဆိုရင် ဒီတိုင်းပြည်ဟာ အကြမ်းဖက်မှုတွေ၊ အပျက်အစီး အဆုံးအရှုံးတွေ၊ အစိတ်စိတ်အမွှာမွှာ ပြိုကွဲမှုတွေ ထဲကို ဒီထက်ပိုပြီး နစ်ဝင်သွားမှာဖြစ်ပါတယ်။

ဒီလိုဖြစ်လာမယ့် အခြေအနေကို ဂရုမစိုက်ဘဲ နေနိုင်မှာ ပူတင်လောက်ပဲ ဖြစ်ပါလိမ့်မယ်။ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ အတွက်ကတော့ ဒီလိုအခြေအနေကနေ ဘာမှ အကျိုးဖြစ်စရာ မရှိပါဘူး။

(အီဂေါဗလာဇီဗစ်ဟာ ချက်သမ္မတနိုင်ငံ၊ ပရပ်မြို့ အရပ်ဘက်လူ့အဖွဲ့အစည်း စင်တာရဲ့ အကြီးတန်းအကြံပေး ဖြစ်ပါတယ်။ ၂၀၁၁ နှင့် ၂၀၁၆ ကြားကာလတွေမှာ မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ခဲ့တဲ့ the Educational Initiatives မှာ ဦးဆောင်ပို့ချသူ ဆရာတဦးဖြစ်ပါတယ်။)

You may also like these stories:

ဆွစ်ဇာလန် သံအမတ်က စစ်တပ်ရဲ့ ငြိမ်းချမ်းရေးကို ထောက်ခံနေလား

အလျှော့ပေး ပြေလည်ရေးသမားတွေရဲ့ ASEAN မြန်မာ့အရေးမှာ အလုပ်မဖြစ်

ယူကရိန်းနှင့် မြန်မာ တူသည်များ၊ မတူသည်များနှင့် လုပ်နိုင်သည့် အလုပ်များ

နွေဦးတော်လှန်ရေးအတွက် ၂၀၂၃ ခုနှစ်ရဲ့ စိန်ခေါ်မှုများ

Loading