နေပြည်တော်က လွတ်လပ်ရေးနေ့ ဇာတ်ပွဲ

အေးချမ်းဆု
၂၀၂၃ ခုနှစ် နေပြည်တော်တွင် လွတ်လပ်ရေးနေ့ကျင်းပစဉ် တွေ့ရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်

နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ဆိုလျှင် လွတ်လပ်ရေးနေ့အဖြစ် မြန်မာပြည်တဝှမ်းတွင် ကျင်းပလာသည်မှာ ၁၉၄၈ ခုနှစ်မှ စ၍ ၂၀၂၃ ခုနှစ်အထိဆိုလျင် ၇၅ နှစ်တိုင်ခဲ့ပြီ ဖြစ်၏။

လွတ်လပ်ရေးနေ့ဆိုသည်နှင့်ပတ်သက်၍ လည်းကောင်း၊ ယခင်ခေတ်ကာလများနှင့်ပတ်သက်၍ လည်းကောင်း အငြင်းပွားစရာနှင့် အမြင်မတူသည်များ ရှိနိုင်ပါသည်။ သို့သော် အချိန်ကာလတခုတွင်တော့ လွတ်လပ်ရေးနေ့အား လူထုက ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်ကို မြို့ရောတောပါ ကြုံတွေ့ခဲ့ရသည်။

လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများကို လူထုက ကျင်းပပြီး လူထုကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရန်ကုန်ကဲ့သို့ လူနေထူထပ်သော မြို့ပြများတွင်ပင် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကို သိုက်မြိုက်စည်ကားစွာ ကျင်းပခဲ့ကြသည်။ နှစ်သစ်ကူးနှင့်အတူစ၍ ရပ်ကွက်တွင်း ဘောလုံးပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက်၊ ၂ ရက်နေ့မှ စတင်ကန်ကြသည်။

အချိန်ကာလတခုတွင်တော့ လွတ်လပ်ရေးနေ့အား လူထုက ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်ကို မြို့ရောတောပါ ကြုံတွေ့ခဲ့ရသည်။

ရပ်ကွက်တွင်း လမ်းတချို့အား ကားအသွားအလာပိတ်ထားပြီး လမ်းမများပေါ်တွင် ဂိုးကျဉ်းဘောလုံးပြိုင်ပွဲများ စတင်ကြ သည်။ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ကား အစည်ကားဆုံးဖြစ်သည်။

အိမ်တိုင်း တိုက်ခန်းတိုင်း နိုင်ငံအလံ လွှင့်ထူထား၏။ မနက်စောစောကထဲက အိမ်တိုင်းရှိ ကလေးငယ်များ လမ်းမပေါ် ရောက်လာကြပြီး လွတ်လပ်ရေးနေ့ကစားပွဲများကို ပါဝင် ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေကြပြီ။

လူကြီးများကလည်း ခရာတရွှီရွှီတုတ်၍ ပွဲထိမ်းရန်၊ ကြီးကြပ်ရန် ပြင်ကြသည်။ ဇန်နဝါရီလ၏ နှင်းမှုံများကြား ဝေလီ ဝေလင်းတွင် ရန်ကုန်မြို့၏ ရပ်ကွက်တိုင်းရှိ လမ်းမများတွင် ကလေးလူကြီးများ ရောက်ရှိနေကြပြီဖြစ်ပြီး စည်ကားနေပြီ ဖြစ်၏။

မကြာမီတွင်ပင် လမ်းမများပေါ်တွင် ကစားပွဲပြိုင်ပွဲများ စသည်။ ဂိုးကျဉ်း ဘောလုံးပြိုင်ပွဲ၊ တာတိုအပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပွဲ၊ မုန့်စားအပြေးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ် အပြေးပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ စသည်များကို ရပ်ကွက်အလိုက်တပျော်တပါးကျင်းပကြသည်။

အားပေးသံများ၊ အော်ဟစ်သံများဖြင့် လမ်းတိုင်း၊ ရပ်ကွက်တိုင်း ဆူညံနေကြပြီဖြစ်သည်။ ထိုအချိန်ကာလတွင် ရပ်ကွက်တွင်းရှိ လမ်းအတော်များများ ပိတ်ထားပြီး ကားများ သွားလာခွင့်မပြုကြတော့ပေ။ ဆော့ကစားပျော်ပါးနေသည့် ကလေး လူကြီးများကိုသာ တွေ့မြင်ရတော့သည်။

ရန်ကုန်တွင်သာမက နယ်မြို့အသီးသီးတွင်လည်း တပျော်တပါး ကျင်းပကြသည်ကို ကြုံတွေ့ခဲ့ကြသည်။ ဤသည်ကား လူထုကျင်းပသည့် လွတ်လပ်ရေးနေ့ ဖြစ်သည်။ လူထုကိုယ်တိုင်ပါဝင်သည့် လွတ်လပ်ရေးနေ့ဖြစ်၏။

၂၀၂၃ ခုနှစ် နေပြည်တော်တွင် လွတ်လပ်ရေးနေ့ကျင်းပစဉ် တွေ့ရသည့် တင့်ကားများ

ကုန်ကျစားရိတ်မကြီးမားဘဲ လူထုအားလုံး ပါဝင်ပျော်ပါးနိုင်သည့် လွတ်လပ်ရေးနေ့ ဖြစ်၏။ မခန်းနား မကြီးကျယ်သော်လည်း စည်ကားကြီးကျယ်သည့် လွတ်လပ်ရေးနေ့ဖြစ်၏။ ထိုသို့သော လွတ်လပ်ရေးနေ့ဆိုသည်မှာ လူထု ကိုယ်တိုင် လွတ်လပ်သည်ဟု ခံစားရ၍ ကျင်းပသည့် လွတ်လပ်ရေးနေ့လည်း ဖြစ်၏။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာပြည်ရှိ အရာရာသည် ပျက်စီးသွားသည်။ ထိုအထဲတွင် လွတ်လပ်ရေးနေ့လည်း ပါ၏။ လူထု၏စိတ်တွင် လွတ်လပ်သည်ဟု မခံစားရတော့။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာပြည်ရှိ အရာရာသည် ပျက်စီးသွားသည်။ ထိုအထဲတွင် လွတ်လပ်ရေးနေ့လည်း ပါ၏။ လူထု၏စိတ်တွင် လွတ်လပ်သည်ဟု မခံစားရတော့။

လွတ်လပ်ခွင့်ဆုံးရှုံးသွားပြီဟု ခံစားခဲ့ပြီဖြစ်သည်။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုသကဲ့သို့ မြန်မာ ပြည်သူ လူထုသည် နယ်ချဲ့ထက်ဆိုးသော စစ်ဗိုလ်တသိုက်၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုအောက်တွင် ရောက်နေကြပြီကို မြန်မာပြည်လူထု တွေ့ကြုံခံစားနေရပြီ ဖြစ်သည်။

၂ နှစ် မပြည့်မီ လူပေါင်းထောင်ချီသတ်ဖြတ်ခဲ့ပြီး လူပေါင်းသောင်းချီ အဖမ်းဆီးခံခဲ့ရပြီ ဖြစ်သည်။ ထို့ပြင် လမ်းမများပေါ် တွင် သေနတ်တကားကားနှင့် စစ်သားနှင့်ရဲများကို တွေ့နေရပြီး မထင်ရင်မထင်သလို ဖမ်းဆီးစစ်ဆေးခံရသည်ကို ကြုံတွေ့နေရပြီဖြစ်၏။ ထို့ပြင် နိုင်ငံတဝှမ်းလုံး၌ အိုး အိမ်အဆောက်အအုံပေါင်း လေးသောင်းကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီ ဖြစ်သည်။

သို့ဖြစ်ရာ လူထုအတွက် လွတ်လပ်ရေးနေ့ဆိုသည်မှာ အဓိပ္ပါယ်မရှိတော့သကဲ့သို့ အနှစ်သာရ ကင်းမဲ့သွားပြီ ဖြစ်သည်။ သို့‌ဖြစ်ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖြစ်သော်လည်း လူထု၏ လွတ်လပ်ရေးနေ့ မဟုတ်တော့။

လွတ်လပ်ရေးနေ့ အခမ်းအနားအား သစ္စာခံ စစ်တပ်၊ ရဲ၊ သစ္စာခံ အစိုးရ ဝန်ထမ်းများ၊ မသိနားမလည်သေးသည့် ကျောင်းသူကျောင်းသားငယ်များ၊ စစ်တပ်နှင့် ပေါင်း၍ စီးပွားရှာစားနေသူများနှင့် တခမ်းတနားကျင်းပခဲ့သည်

လွတ်လပ်ခြင်း ဆုံးရှုံးနေသော လူထုအတွက် လွတ်လပ်ရေးနေ့ဆိုသည်မှာ ရင်ထဲရောက်မလာတော့။ တိုက်ခန်းတိုင်း အိမ်တိုင်းလွှင့်ထူသည့် နိုင်ငံတော်အလံကို မမြင်တွေ့ရတော့။ လူထုပါဝင်ဆင်နွှဲကျင်းပသည့် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများကို မတွေ့ရတော့။

လူထုအတွက် လွတ်လပ်ရေးနေ့သည် သာမန်နေ့တနေ့သာဖြစ်သွားပြီး ပုံမှန်သာ ဖြတ်သန်းသွားကြသည်ကို ၇၅ နှစ် မြောက် လွတ်လပ်ရေးနေ့တွင် တွေ့ရပေတော့သည်။

သို့သော်လည်း အာဏာသိမ်းစစ်အုပ်စုကတော့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို တခမ်းတနား ငွေကုန်ကြေးကျခံရ၍ ကျင်းပသည်။ လုံခြုံရေး အထပ်ထပ်ချထားသော နေပြည်တော်တွင် လွတ်လပ်ရေးနေ့ အခမ်းအနားအား သစ္စာခံ စစ်တပ်၊ ရဲ၊ သစ္စာခံ အစိုးရ ဝန်ထမ်းများ၊ မသိနားမလည်သေးသည့် ကျောင်းသူကျောင်းသားငယ်များ၊ စစ်တပ်နှင့် ပေါင်း၍ စီးပွားရှာစားနေသူများနှင့် တခမ်းတနားကျင်းပခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုကတော့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို တခမ်းတနား ငွေကုန်ကြေးကျခံရ၍ ကျင်းပသည်။ လုံခြုံရေး အထပ်ထပ်ချထားသော နေပြည်တော်တွင် လွတ်လပ်ရေးနေ့ အခမ်းအနားအား သစ္စာခံ စစ်တပ်၊ ရဲ၊ သစ္စာခံ အစိုးရ ဝန်ထမ်းများ၊ မသိနားမလည်သေးသည့် ကျောင်းသူကျောင်းသားငယ်များ၊ စစ်တပ်နှင့် ပေါင်း၍ စီးပွားရှာစားနေသူများနှင့် တခမ်းတနားကျင်းပခဲ့သည်။

စစ်ကောင်စီ၏ စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားအား ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၄ နာရီခွဲခန့်မှ စတင်သည်။ ဗိုလ်ရှုသဘင်မဏ္ဍပ်ရှိ စစ်ခေါင်းဆောင်အား စစ်တပ်နှင့် ဝန်ကြီးဌာနအားလုံးမှ ဝန်ထမ်းများက ချီတက်အလေးပြုကြရသည်။

ဝေဟင်ကလည်း လေယဉ်တအုပ်ပြီးတအုပ် ပျံသန်းအလေးပြုကြရသည်။ ရဟတ်များပေါ်မှ လေထီးများနှင့်ဆင်း၍ အလေးပြုကြရသည်။ တိုင်းနှင့်ပြည်နယ်ကိုယ်စားပြု အလှပြယဉ်များ၊ စစ်တပ် ကြည်း၊ ရေ၊ လေနှင့် ဝန်ကြီးဌာန ကိုယ်စားပြု အလှပြယဉ်များ၊ အကအဖွဲ့များက ချီတက်ကပြ အလေးပြုကြရသည်။

ဆင်၊ မြင်းအစုံအညီနှင့် ရှေးမြန်မာ ဘုရင်နန်းဝတ်နန်းစားများဖြင့်လည်း ချီတက်အလေးပြုကြရသည်

ဆင်၊ မြင်းအစုံအညီနှင့် ရှေးမြန်မာ ဘုရင်နန်းဝတ်နန်းစားများဖြင့်လည်း ချီတက်အလေးပြုကြရ၏။ နိုင်ငံတော်အလံများ ဝှေ့ ရမ်းကြရ၏။ အပေါ်ယံကြည့်လျင် အတော်ကို ငွေကြေးကုန်ကျခံ၍ တခမ်းတနား စီစဉ်ထားသည်ဟု ဆိုရမည်။ စစ်ကောင်စီ လက်ထက်တွင် ဘက်စုံက ဖွံ့ဖြိုးတိုးတက်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်ရန် ပုံဖေါ်ထားသည်ကို တွေ့ရသည်။

ဤသို့စီစဉ်ထားသော လွတ်လပ်ရေးနေ့ အခမ်းအနားသည် မည်သည့်အဓိပ္ပါယ်ဆောင်ပါသနည်း။ အများသိကြသည့် အတိုင်း စစ်ကောင်စီက ၎င်းတို့အနေနှင့် တိုင်းပြည်အခြေအနေကို တည်ငြိမ်စွာထိန်းထားနိုင်ပြီကို ဖော်ပြချင်နေသည်ကို အားလုံးက သဘောပေါက်ကြ၏။

သို့သော် စစ်ခေါင်းဆောင် ကိုယ်တိုင် ထိုင်နေသည် မဏ္ဍပ်ပေါ်ရှိ လူများ၏ မျက်နှာအနေအထားများက အခြေအနေမှန်ကို ဖော်ပြနေသည်။ လက်ကလေးပြလိုက်၊ အလံလေး လှုပ်လိုက်၊ ထပြီး အလေးပြုခံလိုက်နှင့် တယောက်ထဲအလုပ်ရှုပ်ပြီး ပျော်မြူးနေသည်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တယောက်တည်းဖြစ်သည်ကို တွေ့ရသည်။

လက်ကလေးပြလိုက်၊ အလံလေး လှုပ်လိုက်၊ ထပြီး အလေးပြုခံလိုက်နှင့် တယောက်ထဲအလုပ်ရှုပ်ပြီး ပျော်မြူးနေသည်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တယောက်တည်းဖြစ်သည်ကို တွေ့ရသည်။

ကျန်သူအများစုကတော့ မျက်နှာသေများနှင့် မပြုံးမရီ ထိုင်နေကြ၏။ မင်းအောင်လှိုင်လက်ခုပ်တီးလျင် နောက်ကနေ လေး ငါးချက် လိုက်တီးလိုက်ကြ၊ မင်းအောင်လှိုင် အလံလွှင့်လှုပ်လျင် နောက်က နည်းနည်းလိုက်လှုပ်လိုက်ကြနှင့် မင်းအောင်လှိုင် အရိပ်အခြေကို ကြည့်၍ လှုပ်ရှားနေကြသည်မှအပ မင်းအောင်လှိုင်၏ ထိပ်တန်း စစ်ကောင်စီ ခေါင်းဆောင်များ၏ မျက်နှာတွင် အပြုံးရိပ်လည်း မတွေ့ရ။ အပျော်ရိပ်လည်း မတွေ့ရပေ။

ပွဲကြိုက်သည့် မင်းသားရူးတယောက်၏ ဇာတ်ထဲလိုက်နေရသည့် ဇာတ်အဖွဲ့သားများကဲ့သို့ စားရသောက်ရလို့သာ လိုက်နေရသော်လည်း မအီမလည် ဖြစ်နေကြပုံရသည်။ ထို့ပြင် ပွဲကြီးလမ်းကြီးနှင့် တခန်းတနား ကျင်းပနေကြသော်လည်း အခြေအနေ မကောင်းလှသော စစ်ကောင်စီ၏ အခြေအနေကို ကိုယ့်ဝမ်းနာကိုယ်သာ သိ‌နေပုံရသည်။

တပြည်လုံးတွင် လက်နက်ကိုင် ပုန်ကန်ထကြွနေသည်ကို သောကရောက်နေကြပုံရသည်။ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီး ပြကြီးများတွင်ပင် မလုံခြုံသည့်အခြေအနေကို စိုးရိမ်မကင်းဖြစ်နေကြပုံရသည်။

ရွှေပွဲလာ မင်းပရိသတ်အား အရိပ်မရှိသော နေပူထဲတွင် ထိုင်ခိုင်းထားသည်

စီးပွားရေး အကျပ်အတည်းနှင့် ငွေကြေးဖေါင်းပွမှုကြောင့် စိတ်မသက်သာဖြစ်နေပုံရသည်။နိုင်ငံတကာချေးငွေ တပြားတချပ်မှ မရ၍ စိတ်ညစ်နေကြပုံရသည်။

ကမ္ဘာ့ကုလသမဂ္ဂတွင်လည်းကောင်း၊ အာဆီယံတွင်လည်းကောင်း ထိုင်ခုံပျောက်ပြီး ရွာပြင်ရောက်နေ၍ စိတ်ပျက်နေကြပုံရ၏။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်၊ အမေရိကန်၏ ဥပဒေသစ်များကြောင့် တုန်လှုပ်နေပုံရသည်။

ပြောင်းလဲသွားသော တရုတ်၏ ဆက်ဆံရေးကြောင့် စိတ်ညစ်နေပုံရ၏။ လွတ်လပ်ရေးနေ့မတိုင်မီ တရုတ်နယ်စပ်အနီးတွင် ကိုးကန့်တပ်က လက်နက်ထောင်ချီတပ်ဆင်နေသည့် သတင်းကြောင့် သို့လော သို့လော စဉ်းစားစရာဖြစ်နေပုံရသည်။

ထို့ပြင် လွတ်လပ်ရေးစိန်ရတုကျင်းပနေစဉ် ကြာအင်းဆိပ်ကြီးရှိ စစ်တပ်တပ်ရင်းဌာနချုပ်သုံးခုအား ကရင်နှင့် PDF တပ်များ ဝင်ရောက်တိုက်ခိုက်သည့် သတင်းကို ကြား၍လည်း ထပ်ဆင့်စိတ်ဆင်းရဲနေကြပုံရသည်။ ထို့ပြင် မနက် ၄ နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲအထိ မပြီးနိုင်မစီးနိုင် ၈ နာရီခန့် ကျင်းပနေသည့် အခမ်းအနားအချိန်ကြောင့်လည်း ပို၍ စိတ်ညစ်နေကြပုံရသည်။

အရိပ်အာဝါသအောက်တွင်ထိုင်နေသည့် စစ်ကောင်စီ လူကြီးများထက် ပိုဆိုးသည်မှာ အရိပ်မရှိသော နေပူထဲတွင် ထိုင်ခိုင်းထားသည့် မင်းပရိတ်သတ်များ ဖြစ်သည်။ အခန်းအနားက ညလုံးပေါက်သည့် ဇာတ်အဖွဲ့ အစီအစဉ်ကဲ့သို့ မပြီးနိုင် မစီးနိုင်ဖြစ်၏။

အရိပ်အာဝါသအောက်တွင်ထိုင်နေသည့် စစ်ကောင်စီ လူကြီးများထက် ပိုဆိုးသည်မှာ အရိပ်မရှိသော နေပူထဲတွင် ထိုင်ခိုင်းထားသည့် မင်းပရိတ်သတ်များ ဖြစ်သည်။ အခန်းအနားက ညလုံးပေါက်သည့် ဇာတ်အဖွဲ့ အစီအစဉ်ကဲ့သို့ မပြီးနိုင် မစီးနိုင်ဖြစ်၏။

သို့သော်လည်း ကျင်းပသည့်အချိန်က ညကဲ့သို့ မအေးမြ။ နေအပူက မနက် ၉ နာရီမှစ၍ တဖြေးဖြေးပူလာသည်။ ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၂ နာရီ တို့တွင် နေအပူရှိန်က ပိုတက်လာ၏။ နေပူကြဲကြဲအောက်တွင် ထိုင်နေကြရသော မင်းပရိတ်သတ်များ သည်လည်း နေပူထဲ ငါးခြောက်လှမ်းခံရသကဲ့သို့ တဖြေးဖြေးတွန့်လိမ်လာသည်ကို တွေ့ရသည်။ ရေလည်းဆာ၊ ဝမ်းလည်းဟာ လာကြပုံရသည်။

ဗိုလ်ရှုခံစင်မြင့်တွင် တယောက်ထဲပျော်နေသည်ကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်သည်။ လက်က‌လေး ပြလိုက်၊ အလံလေး ရှေ့နောက်လှုပ်ပြလိုက်၊ ထပြီး အလေးပြုလိုက်ဖြင့် တယောက်ထဲ အလုပ်ရှုပ်နေ၏။ တယောက်တည်း ထင်တိုင်းကြဲ ခွင့်ရသဖြင့် စိတ်ကြီးဝင်ပြီး ဘဝင်လေဟပ်နေပုံရသည်။

ရုရှား၊ နီပေါနှင့် ကမ္ဘောဒီးယားနိုင်ငံ ၃ ခု တို့ကသာ ယခုနှစ် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်

၁၂ နာရီခွဲတွင်မှ စစ်ကောင်စီ၏ လွတ်လပ်ရေးနေ့ အခမ်းအနား ပြီးသည်။ စစ်ခေါင်းဆောင်က သူ၏ ထိပ်တန်း စစ်ကောင်စီ အဖွဲ့ဝင်များကို နှုတ်ဆက်ပြီးသကာလ မြင်းများ၊ ဆိုင်ကယ်များ ၊ ကားများ ခြံရံပြီး ပျော်ရွှင်မြူးတူးစွာ ထွက်ခွါသွားသည်။

စစ်ကောင်စီ ထိပ်တန်းအဖွဲ့ဝင်များကတော့ မင်းသားရူးကို ဇာတ်ဆရာ တင်မိထားသဖြင့် ဇာတ်ပျက်လျင် သူတို့ပါ ဒုက္ခ ရောက်ရတော့မည်ဟူသော စိုးရိမ်သည့် မျက်နှာပေးနှင့် ကျန်ခဲ့သည်ကို တွေ့ရသည်။

ပို၍ အရှက်ရစရာကောင်းသည်မှာ မြန်မာနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံပေါင်း ၁၇၅ နိုင်ငံရှိရာ ရုရှား၊ နီပေါနှင့် ကမ္ဘောဒီးယားနိုင်ငံ ၃ ခု တို့ကသာ ယခုနှစ် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ခြင်းပင် ဖြစ်သည်။ ကျန်တဲ့နိုင်ငံပေါင်း ၁၇၀ ကျော်က အဖက်ပင် မလုပ်ကြတော့။

ပို၍ အရှက်ရစရာကောင်းသည်မှာ မြန်မာနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံပေါင်း ၁၇၅ နိုင်ငံရှိရာ ရုရှား၊ နီပေါနှင့် ကမ္ဘောဒီးယားနိုင်ငံ ၃ ခု တို့ကသာ ယခုနှစ် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ခြင်းပင် ဖြစ်သည်။ ကျန်တဲ့နိုင်ငံပေါင်း ၁၇၀ ကျော်က အဖက်ပင် မလုပ်ကြတော့။

တကယ်တော့ ထိုစိန်ရတုလွတ်လပ်ရေးနေ့တွင် ပျော်နေသည်က စစ်ခေါင်းဆောင်တယောက်ထဲတော့ မဟုတ်ပေ။ ထိုစိန်ရတုပွဲတွင် အသုံးပြုသည့် အလှပြယဉ်များ၊ ဝတ်စုံစားရိတ်များ၊ လေ့ကျင့်ရေးစားရိတ်များအတွက် သန်းပေါင်း၊ သိန်းပေါင်း များစွာ ကံထရိုက်ရကြသည့် စစ်တပ်လက်ဝေခံတစုလည်း ပျော်မြူးနေကြပြီး ဂျွမ်းထပ်ခါထပ်ခါ လှိမ့်ထိုးနေကြပေလိမ့်မည်။

ဤသည်ပင်လျင် လူထု၏ လွတ်လပ်ရေးနေ့ မဟုတ်သည့် လူတစု၏ လွတ်လပ်ရေးနေ့ မြင်ကွင်း ဖြစ်ပေတော့သည်။

You may also like these stories:

ASEAN ဥက္ကဋ္ဌ အပြောင်းအလဲနဲ့ မြန်မာ့မျှော်လင့်ခြင်း ၂၀၂၃

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ခေါင်းဆောင် အာဏာမြဲဖို့ ဆွေစဉ်မျိုးဆက် နိုင်ငံရေး အသုံးချ

အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို အားကိုးလွန်းသတဲ့လား

စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ

Loading