တရုတ်အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအပြင် မြန်မာ့အရေးအား ကိုင်တွယ်ရန် နောက်ထပ် သံတမန်တဦးကို မြန်မာပြည် ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်ကတည်းက ခန့်အပ်သည်ကို တွေ့ရှိရသည်။
၂၀၁၁ နောက်ပိုင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ပြီး အနောက်နိုင်ငံ သံတမန်များက မြန်မာပြည် ငြိမ်းချမ်းရေး ဆွေး နွေးပွဲများတွင် ပါဝင်ခြင်း၊ ငွေကြေး ထောက်ပံ့ခြင်းများ ပြုလုပ်လာသည့်နောက်ပိုင်းတွင် တရုတ်အစိုးရက တရုတ်သံတမန်တဦး ခန့်အပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို စောင့်ကြည့်ခဲ့သည်။
ပထမဆုံးသံတမန်မှာ လေ့လာသူအဖြစ်သာ ပါဝင်ခဲ့ပြီး ထူးခြားသည့်လှုပ်ရှားမှု မရှိသဖြင့် မြန်မာလူထု သတိမပြုမိခဲ့ပေ။
၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရ၏ အာရှရေးရာ အထူးသံတမန်အဖြစ် မစ္စတာဆွန်ကော့ရှန်အား ခန့်အပ်ခဲ့၏။ ဆွန်ကော့ရှန်သည် ၂၀၀၃ ခုနှစ်မှစ၍ နိုင်ငံအချို့တွင် သံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဝါရင့် သံတမန်တဦး ဖြစ်သည်။
တရုတ်အစိုးရ၏ တရားဝင်ခေါ်ဝေါ်မှုအရ အာရှရေးရာ အထူးသံတမန်ဟု ဆိုသော်လည်း မြန်မာ့အရေးကိုသာ အလေးထား ကိုင်တွယ်ရသည့် အထူးသံတမန်တဦးဖြစ်ရာ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အထူးသံတမန် စသည်ဖြင့် အဆင်ပြေသလို ခေါ်ဝေါ်သုံးနှုံးသည်လည်း ရှိသည်။
တရုတ်အစိုးရ၏ တရားဝင်ခေါ်ဝေါ်မှုအရ အာရှရေးရာ အထူးသံတမန်ဟု ဆိုသော်လည်း မြန်မာ့အရေးကိုသာ အလေးထား ကိုင်တွယ်ရသည့် အထူးသံတမန်တဦးဖြစ်ရာ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အထူးသံတမန် စသည်ဖြင့် အဆင်ပြေသလို ခေါ်ဝေါ်သုံးနှုံးသည်။
တရုတ်အထူးသံတမန်၏ လှုပ်ရှားမှုအား မြန်မာလူထုသတိပြုမိသည်မှာ အခြေအနေနှင့်လည်း သက်ဆိုင်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများစတင်မည်ဆိုသည့်အချိန်တွင် NCA ရေးထိုးရာတွင် တရုတ်နယ်စပ်တလျောက်ရှိ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ပါဝင်ခြင်း မရှိခဲ့သည့် အပြင် ၂၀၁၅၊ ၂၀၁၆ မှစ၍ AA ၊ TNLA ၊ MNDAA စသည့် မြောက်ပိုင်း စစ်ရေးမဟာမိတ် ၃ ဖွဲ့နှင့် မြန်မာစစ်တပ်ကြား တ ရုတ် နယ်စပ်တလျောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ တရုတ်သံတမန် ဆွန်ကော့ရှန်၏ လှုပ်ရှားများကို ဆက်တိုက်လိုလို တွေ့ရသည်။
တရုတ် အထူးသံတမန်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပြုလုပ်သည့် မိုင်ဂျာယန်ညီလာခံသို့ တက်ရောက် သကဲ့သို့ မြောက်ပိုင်း ၇ ဖွဲ့အား အစုအဖွဲ့လိုက်ရော တဖွဲ့ချင်းအား တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
တဖက်ကလည်း နေပြည်တော်သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးမှုများ နှစ်စဉ်လိုလို ပြုလုပ်သည်ကို တွေ့ရသည်။
၂၀၁၅၊ ၁၆ ခုနှစ်များအတွင်း တရုတ်အထူးသံတမန်သည် မြောက်ပိုင်းအဖွဲ့များအား NCA လက်မှတ်ရေးထိုးရန်အတွက် လူကိုယ်တိုင် တွေ့ဆုံ၍သော်လည်းကောင်း၊ ဖုန်းဖြင့် ဆက်သွယ်၍သော်လည်းကောင်း အကြိမ်ကြိမ် တိုက်တွန်းပြောဆိုခဲ့သည်။
ထို့ကြောင့်လည်း တရုတ်သံတမန်၏ တိုက်တွန်းဖိအားပေးမှုအား တုန့်ပြန်ရန် ၂၀၁၇ ခုနှစ်တွင် မြောက်ပိုင်း ၇ ဖွဲ့က FPNCC နိုင်ငံရေး မဟာမိတ် ဖွဲ့စည်းပြီး NCA မဟုတ်သည့် ဆွေးနွေးပွဲ လမ်းကြောင်းကိုသွားမည်ဟု ကြေညာခဲ့သည်ကို တွေ့ရသည်။
တဖက်တွင် မြန်မာစစ်တပ်က၂၀၁၆ ခုနှစ် ပထမအကြိမ် ပင်လုံညီလာခံတွင် တက်ရောက်ခွင့်မပြုသော AA/TNLA/ MNDAA သုံးဖွဲ့အား ညီလာခံ တက်ရောက်ခွင့်ရရန်၊ ပထမအကြိမ်ညီလာခံတွင် သပိတ်မှောက်ထွက်သွားသော UWSA အဖွဲ့ အား ပြန်လည်ညီလာခံတက်ရန် NLD အစိုးရနှင့်လည်းကောင်း၊ မြန်မာစစ်တပ်နှင့်လည်းကောင်း၊ ထိုအဖွဲ့များနှင့်လည်းကောင်း ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့သည်။
မြန်မာစစ်တပ်က၂၀၁၆ ခုနှစ် ပထမအကြိမ် ပင်လုံညီလာခံတွင် တက်ရောက်ခွင့်မပြုသော AA/TNLA/ MNDAA သုံးဖွဲ့အား ညီလာခံ တက်ရောက်ခွင့်ရရန်၊ ပထမအကြိမ်ညီလာခံတွင် သပိတ်မှောက်ထွက်သွားသော UWSA အဖွဲ့ အား ပြန်လည်ညီလာခံတက်ရန် NLD အစိုးရနှင့်လည်းကောင်း၊ မြန်မာစစ်တပ်နှင့်လည်းကောင်း၊ ထိုအဖွဲ့များနှင့်လည်းကောင်း ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့သည်။
သို့ဖြင့် NCA ထိုးမထား၍ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မရှိသည့် မြောက်ပိုင်း ၇ ဖွဲ့ ( KIA/SSPP/UWSA/NDAA/ AA/TNLA/MNDAA ) တို့အား ၂၀၁၇၊ ၂၀၁၈ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ဒုတိယနှင့် တတိယ ပင်လုံညီလာခံတို့တွင် တက်ရောက်ခွင့်ရရန် ညှိနှိုင်းပေးခဲ့သည့်အပြင် ထိုအဖွဲ့များ၏ သွားလာရေး လုံခြုံရေးကိစ္စများကိုပါ တာဝန်ယူပေးခဲ့သည်။
၂၀၁၇ ညီလာခံသို့ လာရောက်သော မြောက်ပိုင်း ၇ ဖွဲ့လုံးအား NLD အစိုးရ ခေါင်းဆောင်က လက်ခံတွေ့ဆုံခဲ့သော်လည်း AA/TNLA/MNDAA အဖွဲ့သုံးဖွဲ့အား မြန်မာစစ်ခေါင်းဆောင်က လက်ခံတွေ့ဆုံခြင်းမပြုဘဲ ကျန် ၄ ဖွဲ့ကိုသာ သီးခြား တွေ့ဆုံခဲ့သည်။
၂၀၁၅ ခုနှစ်ကတည်းက မြန်မာစစ်တပ်က AA/TNLA/MNDAA အဖွဲ့ ၃ ဖွဲ့အား NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့်ပြုရန် ငြင်းပယ်ခဲ့ပြီး လက်နက်အပ်ရန်၊ လက်နက်စွန့်ရန် တောင်းဆိုချက်ကို ၂၀၁၇ ခုနှစ်ထိ မြန်မာစစ်တပ်က ဆုပ်ကိုင်ထားခဲ့သည်။
သို့သော်၂၀၁၈ ခုနှစ် ညီလာခံတွင် အဆိုပါ AA/TNLA/MNDAA ၃ ဖွဲ့ကိုပါ မြန်မာစစ်ခေါင်းဆောင်များက သီးခြား တွေ့ဆုံ ပြီး အဆိုပါ သုံးဖွဲ့အပြင် KIA အပါ ၄ ဖွဲ့နှင့် ဆွေးနွေးပွဲများပြုလုပ်ရန် မြန်မာစစ်တပ်က သဘောတူခဲ့သည်။
ဤအချက်များသည် တရုတ်အထူးသံတမန်၏ ညှိနှိုင်းပေးမှုများအရဟု ဆိုရပါမည်။ သို့နှင့် ၂၀၁၉ ခုနှစ်အတွင်း KIA/AA/ TNLA/MNDAA အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ကြား ၆ ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် မြောက်ပိုင်းအဖွဲ့များ၏ လုံခြုံရေးကိစ္စကို တရုတ်အထူးသံတမန်က တာဝန်ယူပေးခဲ့သည်။
သို့သော် ထိုဆွေးနွေးပွဲများမှ ထူးခြားသည့် မည်သည့်ရလဒ်မှတော့ ထွက်မလာခဲ့ပါ။ ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းသည်အထိ တရုတ်အထူးသံတမန်သည် မြောက်ပိုင်းအဖွဲ့များ NCA ထိုးရေး အပါ တွေ့ဆုံဆွေးနွေးရေးကို အလေးထားဖိအားပေး လုပ်ဆောင်ခဲ့သည်။ နှစ်ဖက်လုံးကို အကြိမ်ကြိမ်တွေ့ ဆုံပြီး ညှိနှိုင်းမှုများပြုလုပ်ခဲ့သကဲ့သို့ ဆွေးနွေးမှုဖြစ်မြောက်ရေးအတွက် သွားလာရေး၊ လုံခြုံရေးမှအစ စီစဉ်ပေးခဲ့သည်။ အစိုးရအားလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလှူငွေများ ထည့်ဝင်ပံ့ပိုးခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်း ပဋိပက္ခ ပုံစံပြောင်းသွားသည်။ ယခင်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ တိုင်းရင်းသား ပြဿနာ ဖြေရှင်းခြင်းဖြင့် မြန်မာပြည် ပြဿနာ ဖြေရှင်းရေး၊ မြန်မာပြည်တည်ငြိမ်မှုဖန်တီးရေးဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ပြည်မဒီမိုကရေစီ အင်အားစုများနှင့် စစ်တပ်ကြားက ပဋိပက္ခက ထိပ်ရောက်လာသည်။
ယခင်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ တိုင်းရင်းသား ပြဿနာ ဖြေရှင်းခြင်းဖြင့် မြန်မာပြည် ပြဿနာ ဖြေရှင်းရေး၊ မြန်မာပြည်တည်ငြိမ်မှုဖန်တီးရေးဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ပြည်မဒီမိုကရေစီ အင်အားစုများနှင့် စစ်တပ်ကြားက ပဋိပက္ခက ထိပ်ရောက်လာသည်။
ဤအချိန်တွင်လည်း ထိုပြသနာအား ညှိနှိုင်းရန်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းတွင် တရုတ်သံတမန် ဆွန်ကော့ရှန် နေပြည်တော်သို့ ရောက်ရှိလာသည်။ ထိုခရီးစဉ်သည် နေပြည်တော်သို့လည်းကောင်း၊ မြန်မာနယ်စပ်ဒေသများသို့ လည်းကောင်း အကြိမ်ကြိမ်လာရောက်ခဲ့သည့် တရုတ်ဝါရင့်သံတမန် မစ္စတာဆွန်ကော့ရှန်၏ နောက်ဆုံးခရီးစဉ်ဖြစ်ခဲ့သည်။
ခိုင်လုံသော သတင်းအရင်းအမြစ်များက တရုတ်သံတမန်သည် ၎င်း၏ နေပြည်တော် ခရီးစဉ်အတွင်း မြန်မာ စစ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းမှု ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ၇ ရက်ခန့် စောင့်ဆိုင်းပြီးနောက် စစ်ကောင်စီ၏ ခွင့်ပြုချက်မရသဖြင့် နေပြည် တော်မှ ပြန်လည်ထွက်ခွါသွားခဲ့သည်ဟု သိရသည်။ ထိုခရီးစဉ်အား တရုတ်ဘက်က သတင်းထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီမှ သတင်းထုတ်ပြန်သည်ကို မတွေ့ရပေ။
ထို့နောက် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်အတွင်း တရုတ်အထူးသံတမန်၏ လှုပ်ရှားမှုကို မတွေ့ရသလောက် ဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလက စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ တရုတ်တို့၏ မည်သည့် လှုပ်ရှားမှုမှ မတွေ့ရပေ။
၂၀၁၅ မှ ၂၀၂၀ ခုနှစ်ကြား မြောက်ပိုင်း ၇ ဖွဲ့အား NCA ရေးထိုးရန်၊ ငြိမ်းချမ်းရေး ညီလာခံများတွင် တက်ရောက်ရန် အမြဲ တစေ တက်တက်ကြွကြွ တိုက်တွန်းလှုံ့ဆော်စီစဉ်လေ့ရှိသည့် တရုတ်အထူးသံတမန် တုပ်တုပ်မှ မလှုပ်ခဲ့သည်ကို တွေ့ရသည်။
မြောက်ပိုင်းအဖွဲ့များအား တရုတ်က မည်သို့မှ ဖိအားပေးခြင်း မရှိသည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ် နှစ်လယ်တွင် မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပသည့် လန်းချန်-မဲခေါင် အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ပါဝင်ခဲ့သော် လည်း မြန်မာစစ်ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံခြင်း မရှိခဲ့ပါ။
ထိုကာလတွင် တရုတ်အစိုးရက မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုသလောဟူသည့် မေးခွန်းကို လူအတော်များများက မေးလာကြသည်။ ထို့ကြောင့် မြန်မာပြည်အကြောင်းရေးခဲ ပြောခဲသော တရုတ်ဂလိုဘယ်တိုင်းက မြန်မာပြည်အခြေအနေသည် ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တဖက်နှင့်တဖက် လွန်ဆွဲနေသည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းတို့၏ အမြင်ကို ဖေါ်ပြခဲ့သည်။
ထို့ပြင် ၂၀၂၂ နှစ်ကုန်ပိုင်းအထိ မြန်မာစစ်ကောင်စီ အဆင့်မြင့်ခေါင်းဆောင်များကို သီးသန့်တရုတ်ပြည်သို့ ဖိတ်ကြားခြင်းကိုလည်းကောင်း၊ တရုတ်အဆင့်မြင့်ခေါင်းဆောင်များ မြန်မာပြည်သို့ သွားခြင်းကိုလည်းကောင်း ရပ်တန့်ထားသည်ကို တွေ့ရသည်။
၂၀၂၂ နှစ်ကုန်ပိုင်းအထိ မြန်မာစစ်ကောင်စီ အဆင့်မြင့်ခေါင်းဆောင်များကို သီးသန့်တရုတ်ပြည်သို့ ဖိတ်ကြားခြင်းကိုလည်းကောင်း၊ တရုတ်အဆင့်မြင့်ခေါင်းဆောင်များ မြန်မာပြည်သို့ သွားခြင်းကိုလည်းကောင်း ရပ်တန့်ထားသည်ကို တွေ့ရသည်။
မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပုံမှန်ဆက်ဆံနေသည့် ယူနန်ပြည်နယ်အဆင့်မြင့် အစိုးရအရာရှိကြီးတဦးကတော့ မြန်မာပြည်အခြေအနေသည် လွန်စွာ စိတ်ပျက်စရာ ကောင်းသည်ဟု မှတ်ချက်ပေးသည်ကို ကြားသိရသည်။
သို့သော် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အသက် ၇၀ နီးပါးရှိပြီဖြစ်သည့် မစ္စတာဆွန်ကော့ရှန် အနားယူသွားပြီး သူ့နေရာတွင် ဝါရင့်သံတမန်တဦး ဖြစ်သူ မစ္စတာ တိန့်ရှီကျွင်းကို ပြောင်းလဲခန့်အပ်သည်ကို တွေ့ရသည်။
တိန့်ရှီကျွင်းသည် အာဖဂန်နစ်စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သကဲ့သို့ ၂၀၂၀ မှ ၂၀၂၂ ထိ အာဆီယံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၆၀ အရွယ် ဝါရင့်သံတမန်တဦး ဖြစ်သည်။
တိန့်ရှီကျွင်းသည် တာဝန်လက်ခံပြီး မကြာခင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄၊၂၅၊၂၆ ရက်များတွင် တရုတ်နယ်စပ်မြို့များတွင် မြောက်ပိုင်း ၇ ဖွဲ့နှင့် သီးခြားစီ မိတ်ဆက်တွေ့ဆုံခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စစ်ကောင်စီ ဥက္ကဌနှင့် လည်းကောင်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တာဝန်ယူထားသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၏ တာဝန်သည် မြန်မာအစိုးရနှင့် ဆက်ဆံရေးကိုသာ တာဝန်ယူသည်။ တရုတ်အထူးသံတမန်ကတော့ အစိုးရနှင့် ဆက်ဆံရေးကိုသာမက အစိုးရအား ဆန့်ကျင်နေသည့် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေးကိုပါ တာဝန်ယူသည်။
ဆွန်ကော့ရှန်တာဝန်ယူစဉ်ကတည်းက မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံရေးကို တာဝန်ယူသည်။ ထိုအထူးသံတမန် မခန့်မီက တရုတ်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေးအား ယူနန်ပြည်နယ်အစိုးရ လုံခြုံရေးဌာနမှ တာဝန်ယူခဲ့သည်။
အထူးသံတမန်ခန့်အပ်ပြီးနောက် အထူးသံတမန်က တိုက်ရိုက်တာဝန်ယူသည်ကို တွေ့ရသည်။ တရုတ်အထူးသံတမန်သည် ၎င်း၏ရုံးအဖွဲ့အား ယူနန်ပြည်နယ်မြို့တော် ကူမင်းတွင်လည်းကောင်း၊ ရန်ကုန်ရှိတရုတ်သံရုံးတွင်လည်းကောင်း တွဲဖက်ထားရှိသည်ဟု ဆိုသည်။
တရုတ်တို့၏ အားသာချက်မှ မြန်မာပြည်တွင်းရှိ ပဋိပက္ခအခြေအနေများကို ကောင်းစွာ ထိတွေ့ထောက်လှမ်း သတင်းရယူနိုင်ရာ အနောက်နိုင်ငံများထက် မြန်မာပြည်၏ မြေပြင်အခြေအနေကို ပိုသိသည်ဟု ဆိုနိုင်သည်။
တရုတ်တို့၏ အားသာချက်မှ မြန်မာပြည်တွင်းရှိ ပဋိပက္ခအခြေအနေများကို ကောင်းစွာ ထိတွေ့ထောက်လှမ်း သတင်းရယူနိုင်ရာ အနောက်နိုင်ငံများထက် မြန်မာပြည်၏ မြေပြင်အခြေအနေကို ပိုသိသည်ဟု ဆိုနိုင်သည်။
ယခင်က နယ်စပ်ဒေသ တည်ငြိမ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့ပြီး ပြသနာဖြေရှင်းရေးကို ဦးစားပေးခဲ့သော တရုတ်တို့သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခပုံစံပြောင်းသွားသည်ကို ကောင်းစွာသဘော ပေါက်ပုံရသည်။
ပြည်တွင်း ပဋိပက္ခအားဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာစစ်တပ်ကြား ညှိနှိုင်းရန် စဉ်းစားလုပ်ကိုင်လာသည်ကို တွေ့ရသည်။ မြန်မာစစ်တပ်ကတော့ သဘောတွေ့လှပုံမရပေ။
သို့သော်လည်း တရုတ်တို့သည် လက်ရှိ စစ်ကောင်စီအား ယခင် နဝတ၊ နအဖ ကဲ့သို့ သဘောထားဆက်ဆံခြင်းမရှိပေ။ အဓိက အကြောင်းမှာ မြန်မာပြည်အား တည်ငြိမ်လုံခြုံမှုရှိအောင် ထိန်းချုပ် မထားနိုင်ခြင်းနှင့် မြန်မာစစ်ခေါင်းဆောင်များက ရုရှားဘက်သို့ ယိမ်းသွားခြင်းကြောင့်ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အရပ်သားအစိုးရနှင့် ဆက်ဆံပြီးနောက်တွင်လည်း တရုတ်တို့အမြင် တမျိုး ပြောင်းသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် အလုပ်လုပ်ရသည်မှာ ကောင်း၏။ အကြောင်းမှာ အလုပ်လုပ်ရာတွင် ရှင်းရှင်းလင်းလင်းရှိသည်ဟု တရုတ်တာဝန်ရှိသူတဦးက ဆိုသည်။ စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရသည်မှာ စိတ်ပျက်စရာကောင်း၏။ အကြောင်းမှာ အဂတိလိုက်စားမှု များပြား၍ ဖြစ်သည်ဟု ဆိုပါသည်။
တဖက်တွင်လည်း မြန်မာစစ်ခေါင်းဆောင်များက တရုတ်ကို အယုံအကြည်မရှိကြပေ။ အကြောင်းအရင်းခံမှာ ဗိုလ် နေဝင်း လက်ထက်ကတည်းက စစ်တပ်ကို ကွန်မြူနစ်ဆန့်ကျင်ရေး တရုတ်ဆန့်ကျင်ရေးပေါ် အခြေခံပြီး တည်ဆောက်ထားခဲ့၍ ဖြစ်သည်။ ထို့ပြင် ၂၀၁၁ နောက်ပိုင်း ဦးသိန်းစိန်ကာလကတည်းက အနောက်နှင့် ဆက်ဆံမှုများလာချိန် တရုတ်နယ်စပ်ရှိ မြောက်ပိုင်းအဖွဲ့များက အရှိန်မြှင့် တိုက်ခိုက်လာခြင်း နောက်ကွယ်က တရုတ်တို့၏ လက်မဲကြီးပါသည်ဟု မြန်မာစစ်တပ်က ယူဆထားခဲ့သည်။
ထို့ကြောင့်လည်း မြန်မာစစ်တပ်သည် တရုတ်ကို အယုံအကြည်မရှိဘဲ ရုရှားကို အတင်းယိမ်းနေခြင်း ဖြစ်သည်။ ရုရှားသို့ စစ်တပ်ပညာတော်သင်များ ပို့ခြင်း၊ စစ်လက်နက်ဝယ်ယူခြင်းများကို တိုးမြှင့်ပြုလုပ်ခဲ့သည်။
သို့သော်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ ရုရှားသည် တရုတ်သဘောကို မလွန်ဆန်နိုင်ပေ။ ယူကရိန်းအရေးနှင့် ပတ်သက်၍ လည်းကောင်း၊ တရုတ်နှင့် ဘီလီယံပေါင်းများစွာ စီးပွားရေး ဆက်ဆံနေသည့် အခြေအနေအရလည်း ကောင်း ရုရှားအတွက် တရုတ်သည် မြန်မာထက် အရေးပါသည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ ရုရှားသည် တရုတ်သဘောကို မလွန်ဆန်နိုင်ပေ။ ယူကရိန်းအရေးနှင့် ပတ်သက်၍ လည်းကောင်း၊ တရုတ်နှင့် ဘီလီယံပေါင်းများစွာ စီးပွားရေး ဆက်ဆံနေသည့် အခြေအနေအရလည်းကောင်း ရုရှားအတွက် တရုတ်သည် မြန်မာထက် အရေးပါသည်။
သို့ဖြစ်ရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ရုရှားက ဗီတိုအာဏာ မသုံးစွဲခဲ့ခြင်းမှာ မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်တို့ သဘောထားကို ရုရှားတို့ ဦးစားပေးခဲ့ခြင်း ဖြစ်ပုံရသည်။
တရုတ်အနေနှင့်လည်း မြန်မာနှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် တသဘောတည်း မဟုတ်သော်လည်း မြန်မာ စစ်ကောင်စီအား တစုံတရာ ဖိအားပေးမှဖြစ်မည်ဟု ယူဆထား၍ ဗီတိုသုံးစွဲခြင်းမရှိဟု သုံးသပ်ရသည်။
တရုတ်တို့သည် လက်ရှိအချိန်တွင် မြန်မာပြည်ပြဿနာအား လက်နက်ကိုင် ဖြေရှင်းခြင်းကို အားမပေးပေ။ သို့သော် မြန်မာစစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသူများအား စစ်ကောင်စီက အကြမ်းဖက်အဖွဲ့များဟု သတ်မှတ်သည်ကိုလည်း လက်မခံပေ။
တရုတ်တို့ သဘောထားမှာ ညှိနှိုင်း ဖြေရှင်းရေး ဖြစ်သည်။ အာဆီယံ၏ အားလုံး ပါဝင်ညှိနှိုင်းဖြေရှင်းရေးသည် တရုတ်တို့ သဘောထားနှင့် ကိုက်ညီပုံရသည်။ မြန်မာပြည်တွင် လက်နက်ကိုင်တိုက်ပွဲဆက်ဖြစ်နေပါက တည်ငြိမ်မှု ရရှိရန် ခက်ခဲမည်ဟု တွက်ဆထားပုံရသည်။ ညှိနှိုင်းဆွေးနွေးဖြေရှင်းရမည်ဟု သဘောထားပုံရ၏။
တရုတ်အထူးသံတမန်အသစ်ဖြစ် တာဝန်ပေးခံရသူ မစ္စတာ တိန့်ရှီကျွင်းသည် ယခင်အထူးသံကဲသို့ပင် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့သည်။ စစ်ကောင်စီခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ပြီ ဖြစ်သည်။
သို့သော် လက်ရှိ မြန်မာပြည် ပဋိပက္ခမှာ ၂၀၂၁ မတိုင်ခင်ကထက် ပို၍ကြီးမားကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ မြန်မာ ပြည် ပဋိပက္ခကို ညှိနှိုင်းဖြေရှင်းမည်ဆိုပါက တရုတ်အထူးသံတမန်အနေနှင့် စစ်ကောင်စီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်သာ တွေ့ဆုံရုံဖြင့် မလုံလောက်တော့ပေ။
တရုတ်အထူးသံတမန်အနေနှင့် စစ်ကောင်စီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်သာ တွေ့ဆုံရုံဖြင့် မလုံလောက်တော့ပေ။ ပဋိပက္ခတွင် ပါဝင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည်။ တရုတ်အထူးသံတမန်အနေနှင့် မဖြစ်မနေ တွေ့ဆုံရန် လိုအပ်မည်မှာ NUG/PDF ဖြစ်သည်။
ပဋိပက္ခတွင် ပါဝင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည်။ တရုတ်အထူးသံတမန်အနေနှင့် မဖြစ်မနေ တွေ့ဆုံရန် လိုအပ်မည်မှာ NUG/PDF ဖြစ်သည်။ လက်ရှိ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွင် အဓိကကျနေသည့် NUG နှင့်ထိတွေ့ရန် ဆက်ဆံရန် လိုအပ်သည်။
အာဆီယံ မူငါးချက်ကို ဆုပ်ကိုင်ထားသည့် အာဆီယံနိုင်ငံအချို့သည်လည်း NUG နှင့် ထိတွေ့ဆက်ဆံမှုပြုနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်သံတမန် တိန့်ရှီကျွင်း အနေဖြင့် NUG နှင့် ထိတွေ့ဆက်ဆံခြင်း ပြု မပြုသည် စောင့်ကြည့်ရမည့် အရေးကြီးသည့် အချက်ဖြစ်သည်။
You may also like these stories:
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် စစ်ကောင်စီကို အင်ဒိုနီးရှားနှင့် မလေးရှား တိုက်တွန်း
နေပြည်တော်က လွတ်လပ်ရေးနေ့ ဇာတ်ပွဲ
မင်းအောင်လှိုင်ကို ဖယ်ရင် အားလုံးပါတဲ့ စေ့စပ်ညှိနှိုင်းရေး ဖြစ်နိုင်မယ်
ASEAN ဥက္ကဋ္ဌ အပြောင်းအလဲနဲ့ မြန်မာ့မျှော်လင့်ခြင်း ၂၀၂၃
ရှီကျင့်ဖျင် အမေရိကန် သွားရောက်ရေး တရုတ်လေသံပျော့လာ