သာမန်ကြည့်လိုက်ရင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့က တင်သွင်းထားတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရဲ့ မြန်မာနိုင်ငံ အကျပ်အတည်းအတွင်း ထိခိုက်သူများအား ကူညီရေး အစီအစဉ်ဟာဆိုရင် အပြစ်ဆိုစရာမရှိအောင် ချောနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အကယ်၍ အခု IOM က တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအမံအဆိုပြုလွှာကိုဖတ်ပြီး အချိန်ပေး စဉ်းစားမယ်ဆိုရင်တော့ဖြင့် အဖြေက တမျိုးထွက်လာမှာ ဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်အတွက် IOM က ဒေါ်လာ ၃၇ ဒသမ ၂ သန်း တောင်းခံထားပြီး အဲဒီပမာဏဟာဆိုရင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ တရားဝင်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းအရ မြန်မာငွေ ကျပ်သန်းပေါင်း ၈ သောင်းနီးပါး ရှိမှာဖြစ်ပါတယ်။
IOM က ဒေါ်လာ ၃၇ ဒသမ ၂ သန်း တောင်းခံထားပြီး အဲဒီပမာဏဟာဆိုရင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ တရားဝင်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းအရ မြန်မာငွေ ကျပ်သန်းပေါင်း ၈ သောင်းနီးပါး ရှိမှာဖြစ်ပါတယ်။
အဆိုပြုလွှာအတွင်း ရည်မှန်းချက်မမည်တဲ့ “ရည်မှန်းချက်” ဆိုတဲ့ ခေါင်းစဉ်အောက်က အကြောင်းအရာတွေကိုပဲ ကြည့်ရအောင်ပါ။
အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းဆိုတဲ့ အပိုဒ်မှာ အကျပ်အတည်းပြဿနာတွေနဲ့ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ ဘာကြောင့် IOM ရဲ့ အဆိုပြုလွှာကို ကုလသမဂ္ဂက ထောက်ပံ့သင့်သလဲဆိုတာ ရေးထားတာ တွေ့ရမှာဖြစ်ပါတယ်။
ဒါက ပုံမှန် ရန်ပုံငွေတောင်းခံတဲ့ အဆိုပြုလွှာတွေလိုပါပဲ။ အကယ်၍များ သူတို့တောင်းသလောက် ပမာဏကို ချမပေးရင် နောက်ဆက်တွဲ အကျိုးဆက်တွေက သေချာပေါက်ရှိလာမှာပါ။ ပိုက်ဆံမရလို့ IOM ရဲ့ ဝန်ထမ်းတွေ အလုပ်မရှိရင် IOM အကြီးအကဲ မစ္စတာ ဒရာဂန် အလက်ဆိုစကီးအတွက်လည်း မျက်နှာပန်းလှမှာ မဟုတ်ပါဘူး။
လုပ်ဆောင်ရန်ကဏ္ဍ အပိုင်းမှာဆိုရင် ပထမအပိုဒ်မှာ ဖော်ပြထားတာကိုကြည့်ရင် အသေးစိတ်ဖော်ပြမှုမှာ မတိကျ မမှန်ကန်တဲ့အချက်တွေကို တွေ့ရမှာပါ။ လူ့အသက်များကို ကယ်တင်ပြီး ထိုသူတို့အား ကာကွယ်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ကူညီရန်အတွက် ဆိုတဲ့ ခေါင်းစဉ်နဲ့ တောင်းခံထားတဲ့ ပမာဏဟာ ဒေါ်လာ ၂၁ သန်း ၈ သိန်းလို့ သိထားပါတယ်။ အဲဒီပိုက်ဆံနဲ့ လူဦးရေ ၄၉,၀၀၀ ကို ကူညီနိုင်မယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ဒီအကူအညီဟာ ဘယ်သူတွေ၊ ဘယ်ဒေသတွေကို ကူညီမှာလဲဆိုတာမျိုး အဆိုပါအပိုဒ်မှာ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။
အဆိုပြုလွှာအတွင်း ပါတဲ့အတိုင်း ကိုးကားရရင် စားနပ်ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်တွေအတွက် ဒေါ်လာ ၅ သန်း၊ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေကို စောင့်ကြည့်သုံးသပ်ရန်နှင့် စီမံခန့်ခွဲမှုအတွက် ဒေါ်လာ ၅ သိန်း၊ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှု ဒေါ်လာ ၈ ဒသမ ၇ သန်း၊ စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီ ဒေါ်လာ ၉ သိန်း၊ ဘေးဒုက္ခသည်များအား ကာကွယ်ရေး ဒေါ်လာ ၁ ဒသမ ၃ သန်း၊ အမိုးအကာဖန်တီးပေးရေး နေရာချထားရေးနှင့် အစားအစာမဟုတ်သော အကူအညီအတွက် ၂ ဒသမ ၈ သန်း၊ အရေးပေါ်အခြေအနေများအတွက် ရေသန့်၊ အိမ်သာနှင့် တကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာများအတွက် လျာထားချက် ဒေါ်လာ ၂ ဒသမ ၆ သန်း လို့ ဖော်ပြထားပါတယ်။
ဒီလိုအကြမ်းဖျဉ်း ဖော်ပြချက်အနေနဲ့ IOM ရဲ့ နေရာချထားရေးအစီအမံမှာ ဘယ်သူတွေကို ကူညီမှာလဲ၊ ဘယ်ဒေသတွေကိုလဲ၊ ဘယ်လိုကူညီမှာလဲ၊ ဘာတွေကူညီမှာလဲ စသဖြင့် မေးစရာတွေ ရှိပါတယ်။
ဒီလိုအကြမ်းဖျဉ်း ဖော်ပြချက်အနေနဲ့ IOM ရဲ့ နေရာချထားရေးအစီအမံမှာ ဘယ်သူတွေကို ကူညီမှာလဲ၊ ဘယ်ဒေသတွေကိုလဲ၊ ဘယ်လိုကူညီမှာလဲ၊ ဘာတွေကူညီမှာလဲ စသဖြင့် မေးစရာတွေ ရှိပါတယ်။
ဒါပေမယ့် ဘာတွေကူညီမလဲဆိုတာကတော့ အောက်က အသေးစိတ် ဖော်ပြချက်မှာ အခုလို တင်ပြထားပါတယ် (မူရင်းအဆိုပြုလွှာမှ တိုက်ရိုက်ကိုးကားချက်)။
အစားအသောက်အပါအဝင် အခြေခံလိုအပ်ချက်များ
“မြန်မာနိုင်ငံဆိုင်ရာ ရွှေ့ပြောင်းသူများအပြည်ပြည်ဆိုင်ရာအဖွဲ့ (IOM) သည် သက်ဆိုင်ရာအလွှာအသီးသီးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့များနှင့် လက်တွဲပြီး စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ထိခိုက်နိုင်ခြေရှိသော လူ့အဖွဲ့အစည်းများအား ဦးတည်၍ ၎င်းတို့ လိုအပ်ချက်ရှိသည့်အတိုင်း အစားအသောက် အရေးပေါ်နေထိုင်ရေးနှင့် ငွေကြေးအထောက်အပံ့များဖြင့် ကူညီသွားမည် ဖြစ်ပါသည်။
အစီအစဉ်အတွင်း အခြားသူများထက်စာလျှင် IOM မှ လက်လှမ်းမီ ရောက်ရှိနိုင်သော လူ့အဖွဲ့အစည်းများအား ၎င်းတို့ကိုယ်တိုင် သွားရောက် မဝယ်ခြမ်းနိုင်သော အခြေအနေအတွက် အစားအသောက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည် ဖြစ်သည်။
ထို့အပြင် ထောက်ပံ့မှုများ ထိရောက်မှုရှိစေရန်အလို့ငှာ နည်းလမ်းအထွေထွေအသုံးပြု ချဉ်းကပ်မှုလမ်းကြောင်းအရ ကုန်ပစ္စည်းရောင်းချရာ ဈေးများသို့ လက်လှမ်းမီသော်ငြား မတတ်နိုင်သော အုပ်စုများအတွက်ပါ အထွေထွေငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။”
လိုအပ်သော ငွေကြေးပမာဏ ဒေါ်လာ ၄ သန်း (မြန်မာငွေ ကျပ်သန်း ၁ သောင်း)
အထက်ပါအပိုဒ်မှာရော အဆိုပြုလွှာတခုလုံးမှာပါ မဖော်ပြထားတဲ့အချက်က အကူအညီပေးမယ့်နေရာဟာဆိုရင် ဘယ်အရပ်ဒေသက ဘယ်အဖွဲ့တွေကို ထောက်ပံ့မယ်ဆိုတာမျိုးပါ။ IOM က သူများထက်စာရင် ပိုမိုလက်လှမ်းမီသော ဒေသများဆိုတဲ့ အသုံးအနှုန်းကလည်း စဉ်းစားစရာပဲ ဖြစ်ပါတယ်။
IOM ဟာဆိုရင် မြန်မာနိုင်ငံမှာ အစားအသောက်ကူညီမှုနဲ့ ပတ်သက်လို့ အရင်က အတွေ့အကြုံမရှိဖူးတာကြောင့် တခြားသူများထက်စာလျှင် သူ့အနေနဲ့ လက်လှမ်းမီတယ်ဆိုတဲ့ ဝေါဟာရသုံးစွဲမှုက စဉ်းစားစရာပဲ ဖြစ်ပါတယ်။
IOM ဟာဆိုရင် မြန်မာနိုင်ငံမှာ အစားအသောက်ကူညီမှုနဲ့ ပတ်သက်လို့ အရင်က အတွေ့အကြုံမရှိဖူးတာကြောင့် တခြားသူများထက်စာလျှင် သူ့အနေနဲ့ လက်လှမ်းမီတယ်ဆိုတဲ့ ဝေါဟာရသုံးစွဲမှုက စဉ်းစားစရာပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ စားစရာထောက်ပံ့တယ်ဆိုတဲ့ ကဏ္ဍက IOM အနေနဲ့ မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းတာဝန်ရယ်လို့ ပြောရခက်ပါတယ်။
ဖြစ်နိုင်တာက ဒီနယ်ပယ်မှာ သူများထက်ထူးတဲ့ လုပ်ဆောင်နိုင်တာ မရှိသော်ငြား တခြား ကုလအဖွဲ့အစည်းတွေလိုပဲ သူလည်း ရန်ပုံငွေရဖို့ ဝင်နွှဲတဲ့သဘောပဲ သက်ရောက်ပါတယ်။ IOM အကြီးအကဲဖြစ်သူ မစ္စတာ အလက်ဆိုစကီးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ဆောင်ရွက်မှု မရှိပေမယ့် နေပြည်တော်ကို နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့တာကိုကြည့်ရင် IOM ဟာ သူ့အတွက် လုံခြုံစွာ အလုပ်လုပ်နိုင်မယ်လို့ ခံယူထားပုံရတဲ့ အာဏာသိမ်း စစ်ကောင်စီအစိုးရနဲ့သာ ဆက်လက် လက်တွဲသွားလိမ့်မယ်လို့ ယူဆလို့ရပါတယ်။
မစ္စတာ အလက်ဆိုစကီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တလေးတစားသွားတွေ့ခဲ့သလို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့လည်း ဒီဇင်ဘာလ ၂၀ ရက်နေ့က ထပ်မံတွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ မြန်မာ့အလင်းသတင်းစာရဲ့ သတင်းမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံအကျပ်အတည်းကာလအတွင်း ရွှေ့ပြောင်းနေထိုင်ရသူများအတွက် IOM က မည်သို့ကူညီနိုင်မည်ဆိုသည့် အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံအတွင်း IOM ၏ လုပ်ဆောင်မှုများ ခရီးရောက်မှုအခြေအနေများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်”။
IOM အကြီးအကဲဖြစ်သူ မစ္စတာ အလန်ဆိုစကီးအတွက်တော့ အခုလို တရားမဝင် မာဖီးယားဆန်ဆန် အစိုးရနဲ့ ဆက်ဆံရတာ ပုံမှန် ဖြစ်နေဟန်ပါ။ သူတို့ကို တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုဆက်ဆံပြီး ဒီတရားမဝင် ရာဇဝတ်ဂိုဏ်းကို တရားဝင်မှု အခြေအနေရောက်အောင် ပံ့ပိုးပေးသလို ဖြစ်နေပါတယ်။
IOM အကြီးအကဲဖြစ်သူ မစ္စတာ အလန်ဆိုစကီးအတွက်တော့ အခုလို တရားမဝင် မာဖီးယားဆန်ဆန် အစိုးရနဲ့ ဆက်ဆံရတာ ပုံမှန် ဖြစ်နေဟန်ပါ။ သူတို့ကို တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုဆက်ဆံပြီး ဒီတရားမဝင် ရာဇဝတ်ဂိုဏ်းကို တရားဝင်မှု အခြေအနေရောက်အောင် ပံ့ပိုးပေးသလို ဖြစ်နေပါတယ်။
IOM နဲ့ အဖွဲ့အကြီးအကဲ မစ္စတာ အလန်ဆိုစကီးကို မေးစရာရှိတာက အဲဒီလိုရရှိလာမယ့် ငွေကြေးအထောက်အပံ့ထဲက IOM ထိပ်ပိုင်း စီမံခန့်ခွဲမှုအရာရှိတွေအတွက် ရာခိုင်နှုန်းဘယ်လောက် အကျိုးရှိမလဲဆိုတာပါ။
အတွေ့အကြုံရှိတဲ့သူတယောက်သာ ဆိုရင်တော့ စီမံခန့်ခွဲမှုအလွှာက IOM အရာရှိတွေအတွက် သွားမယ့် ပိုက်ဆံက ရာခိုင်နှုန်း ၃၀-၄၀ ကြားလောက် ရှိမယ်လို့ ခန့်မှန်းမှာပါ။
“ထောက်ပံ့ကူညီမယ်” ဆိုတဲ့ စကားလုံးကရော ဘာအနက်ကို ဆောင်ပါလိမ့်။ အကယ်၍ IOM သာ နဂိုကတည်းက မြန်မာနိုင်ငံမှာ ထောက်ပံ့ကူညီလက်စဆိုရင် အခုလို သုံးနှုန်းစရာ မရှိပါဘူး။
တိမ်းရှောင်ထွက်ပြေးရတဲ့ မြန်မာဒုက္ခသည်များအရေး လက်ရှိမှာ IOM က ဘာတွေများ ဆောင်ရွက်နေသလဲဆိုတာကလည်း မေးစရာကိစ္စရပ်တခု ဖြစ်လာပါတယ်။ ဥပမာ ထိုင်းနိုင်ငံမှာ ရှောင်တိမ်းရောက်ရှိနေတဲ့ မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများနဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအစိုးရက အတင်းအကျပ် မြန်မာပြည်ဘက် ပြန်ပို့နေတဲ့ ကိစ္စမျိုးအတွက် IOM က ဘာတွေများ အလေးထားဆောင်ရွက်နေပါသလဲ။
တလကို အဲဒီလို ပြန်ပို့ခံရသူတွေ ဘယ်လောက်ရှိသလဲ IOM က သိရှိပါသလား။ အမေရိကန်က ထုတ်ပြန်ထားတဲ့ ဘားမားအက်ဥပဒေ (ထားရှိရမည့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဥပဒေ) အရ IOM ဟာ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) နဲ့ လူသိထင်ရှား ဘာထိတွေ့ဆောင်ရွက်မှုတွေ ဆောင်ရွက်နေပြီလဲ။
IOM လို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတခုရဲ့ အကြီးအကဲတယောက်ဟာ အခုလို မြန်မာနိုင်ငံက တရားမဝင်စစ်အစိုးရနဲ့ ပုံမှန်လက်တွဲနေတာဟာ တရားတယ်၊ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်တယ်လို့ ထင်ပါသလား။
IOM လို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတခုရဲ့ အကြီးအကဲတယောက်ဟာ အခုလို မြန်မာနိုင်ငံက တရားမဝင်စစ်အစိုးရနဲ့ ပုံမှန်လက်တွဲနေတာဟာ တရားတယ်၊ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်တယ်လို့ ထင်ပါသလား။
မြန်မာနိုင်ငံဆိုင်ရာ IOM အကြီးအကဲ မစ္စတာ အလန်ဆိုစကီးဟာ အဆိုပါအချက်တွေကို ရှင်းပြဖို့လိုပါလိမ့်မယ်။ ဒီမေးခွန်းတွေကို သူ့ထံ အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် အားလပ်ရက် ခွင့်သွားနေတယ်ဆိုတာကြောင့် ဘာတုံ့ပြန်မှုမှ မရပါဘူး။
ဒါကြောင့် မြန်မာနိုင်ငံ IOM ရုံးရဲ့ ယာယီအကြီးအကဲထံကို အလားတူ ထပ်မံပေးပို့မေးမြန်းခဲ့ပေမယ့် မည်သည့်တုံ့ပြန်မှုမှ မရသေးပါဘူး။
ဒီဇင်ဘာ ၂၅ ရက်က အမေရိကန် ပြည်ထောင်စု ဆီးနိတ်လွှတ်တော်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ အာဏာတည်သောဥပဒေကို ပြဌာန်းခဲ့ပြီး အဲဒီဥပဒေအတွင်း မြန်မာနိုင်ငံဆိုင်ရာ ထားရှိရမယ့် မူဝါဒဥပဒေ ပါဝင်ပါတယ်။ အဲဒီဥပဒေအရ NUG၊ EAOs ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) တို့နဲ့ ထိတွေ့ဆောင်ရွက်ပြီး စစ်မက်ရေးရာမဟုတ်သော အကူအညီများကို ပေးအပ်ရမယ်လို့ အကြံပြုထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ IOM အကြီးအကဲ မစ္စတာ အလက်ဆိုစကီးဟာ အဲဒီဥပဒေကို ဖတ်မိမှာ မလွဲပါဘူး။ ဒါပေမယ့် အဲဒီဥပဒေထွက်ပြီး ရက်အနည်းငယ်အတွင်း သူဟာ NUG နဲ့ EAOs တွေကို ဆက်သွယ်ရမယ့်အစား နေပြည်တော်ကိုပြေး၊ တရားမဝင် စစ်အစိုးရကို သံတော်ဦး သွားတင်ပါတယ်။
စာရေးသူ ကြားသိရတဲ့သတင်းများအရ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့တွေဟာ တရားမဝင် စစ်ကောင်စီနဲ့ တွေ့ဆုံသလို NUG အစိုးရ၊ EAOs အဖွဲ့များနဲ့လည်း တွေ့ဆုံမှုရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဆိုပါ တွေ့ဆုံမှုတွေကို လျှို့ဝှက်ထိန်းသိမ်းထားဖို့ တောင်းဆိုတာကြောင့် တရားဝင် သတင်းထုတ်ခြင်းမျိုး မရှိပါဘူး။
ဒါပေမယ့် တခြားတဖက်မှာတော့ စစ်ကောင်စီဟာ အဲဒီလို ထိန်းသိမ်းရမယ်ဆိုတဲ့အချက်ကို လေးစားလိုက်နာခြင်း မရှိပါဘူး။ ဒါကြောင့် IOM လို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီ ထိတွေ့ဆက်ဆံမှု မှန်သမျှဟာ လျှို့ဝှက်ချက် မဟုတ်တော့ဘဲ လူတကာသိ ဖြစ်နေသလို စစ်ကောင်စီက အဲဒီသတင်းတွေကို သူ့အကျိုးအလို့ငှာ ဝါဒဖြန့်အသုံးစရာ ဖြစ်နေပါပြီ။
ဒါကြောင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ NUG အစိုးရ၊ EAOs အဖွဲ့အစည်းများနဲ့ တွေ့ဆုံမှုတွေကိုလည်း အများသိရှိအောင် သတင်းထုတ်ပြန်ပေးဖို့ လိုပါလိမ့်မယ်။ အဲဒီလို လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့များဟာ စစ်ကောင်စီ ဝါဒဖြန့်ယန္တယားရဲ့ အသုံးချမှုကနေ ရှောင်လွှဲနိုင်မှာပါ။
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ NUG အစိုးရ၊ EAOs အဖွဲ့အစည်းများနဲ့ တွေ့ဆုံမှုတွေကိုလည်း အများသိရှိအောင် သတင်းထုတ်ပြန်ပေးဖို့ လိုပါလိမ့်မယ်။ အဲဒီလို လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့များဟာ စစ်ကောင်စီ ဝါဒဖြန့်ယန္တယားရဲ့ အသုံးချမှုကနေ ရှောင်လွှဲနိုင်မှာပါ။
မစ္စတာ အလက်ဆိုစကီးရဲ့ အခုလို တရားမဝင်စစ်ကောင်စီနဲ့ အလွမ်းသင့်ပြနေတာက မြန်မာနိုင်ငံက ပြည်သူတွေဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအပေါ် အထင်အမြင်သေးမှုကို မီးထိုးပေးနေသလိုပါပဲ။ တချို့က စစ်ကောင်စီနဲ့ အလွမ်းသင့်တဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့တာဆိုရင် အကြမ်းဖက်စစ်ကောင်စီ ဘက်တော်သားတွေလို့ သတ်မှတ်ပြီး ငြင်းဆန်တာမျိုးတောင် ရှိပါတယ်။ အခုလို အကြမ်းဖက်စစ်ကောင်စီနဲ့ အလွမ်းသင့်ပြတာဟာ သူတို့တကိုယ်ကောင်း အကျိုးစီးပွားအတွက်သာဖြစ်ပြီး ဒုက္ခရောက်နေတဲ့ ငါတို့ကို တကယ်ကူညီချင်လို့ မဟုတ်ဘူးလို့ မြင်ကြပါတယ်။
ဒီလို အထင်အမြင်သေးမှုကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအက်ဥပဒေက အကြံပြုတဲ့အတိုင်း လိုက်နာပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ပိုမိုထိတွေ့ဆက်ဆံကာ စစ်ရေးအရမဟုတ်သော အကူအညီပေးဖို့သာ ရှိပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသဂ္ဂရုံးဟာ အဲဒီလိုဆောင်ရွက်ခြင်းဖြင့်သာ ရှေ့ရောက်နိုင်မှာဖြစ်သလို အဲဒီလို လုပ်ဆောင်မှုကိုလည်း အမေရိကန် ပြည်ထောင်စုနဲ့ တခြား အလှူရှင်နိုင်ငံတွေက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့အရှိတရားကတော့ မြန်မာနိုင်ငံက ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ မြန်မာပြည်သူတွေအတွက် တရားမျှတမှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်ရမယ့်အစား သူတို့အတွက် အကျိုးမရှိရင် ဘာမှ ကူညီလိုစိတ် မရှိတာပါပဲ။
(Paul Greening သည် ကုလသမဂ္ဂ အဖွဲ့အစည်း ၆ ခုနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း ၄ ခု လက်အောက်တွင် အလုပ်လုပ်ခဲ့သော ကုလသမဂ္ဂ အကြီးတန်း ဝန်ထမ်းဟောင်းတဦးဖြစ်ပြီး အာရှနိုင်ငံ ၆ နိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ Paul Greening သည် ၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် IOM အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တရားမဝင်အာဏာသိမ်းမှုကို ဆန့်ကျင်သော လှုပ်ရှားမှုများကို အကြံပြုခြင်း၊ အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ထိခိုက်ရသူများကို အကူအညီပေးခြင်းကိစ္စများ လုပ်ဆောင်လျက်ရှိသည်။)
You may also like these stories :
မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ
NDAA က ဘယ်လောက်ထိ သက်ရောက်မှု ရှိမလဲ
တိုက်ပွဲကြားမှ အိုးအိမ်မဲ့ဦးရေ၏ ၃၀ ရာခိုင်နှုန်း စိတ်ကျန်းမာရေး ချို့ယွင်းမှုဒဏ် ခံစားနေရဟုဆို
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ မထုတ်လွှင့်လိုက်ရသော မိန့်ခွန်း