မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ ဆိုသည့်စာကြောင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်သည့် နိုင်ငံတွင်းမှ ဆိုးရွားလှသော အခြေအနေများကို ဖော်ပြရန် တင်စားပြောဆိုမှုအဖြစ်သာမက တနိုင်ငံလုံးတွင် မကြာခဏ မီးပြတ်သည့် လျှပ်စစ်ဓာတ်အား မလုံလောက်သော ပကတိအခြေအနေကိုလည်း ရည်ညွှန်းအသုံးပြုခြင်း ဖြစ်သည်။
ဒီဇင်ဘာလအစောပိုင်းတွင် နိုင်ငံပိုင်လုပ်ငန်းဖြစ်သော ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ဆည်များတွင် ရေအားလျှပ်စစ်အတွက် ရေနည်းနေပြီး ဓာတ်ငွေ့တာဘိုင်များကို ပြုပြင်နေရသောကြောင့် ရန်ကုန်ရှိ မြို့နယ်များကို အုပ်စုများခွဲကာ အလှည့်ကျ ဓာတ်အားပေးမည်ဖြစ်ကြောင်း ပြောသည်။
ထိုကြေညာချက်မတိုင်မီကပင် ရန်ကုန်တွင် နေထိုင်သူများသည် ဓာတ်အားပြတ်တောက်မှုများကို ရင်ဆိုင်နေရပြီး အထူးသဖြင့် မြို့စွန်ရပ်ကွက်များတွင် ထိုပြဿနာကို ရင်ဆိုင်ရခြင်းဖြစ်သည်။ ထို့ကြောင့် နွေရာသီတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ပိုမိုဆိုးရွားသည့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်စေမည့် အလားအလာရှိသည်။
နွေရာသီတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ပိုမိုဆိုးရွားသည့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်စေမည့် အလားအလာရှိသည်။
၂၀၃၀ ပြည့်နှစ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားပေးရေး စီမံကိန်း (NEP) ကို အောင်မြင်စွာ အကောင်အထည်ဖော်ရေး အလားအလာသည် နိုင်ငံကို ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အုပ်ချုပ်ခဲ့သည့် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ – SPDC) စစ်အုပ်စု လျှောက်သည့်လမ်းကို ပြန်လျှောက်နေသောကြောင့် စစ်ကောင်စီအောက်တွင် လွန်စွာ မှေးမှိန်နေသည်။ NEP အရဆိုပါက မြန်မာမှ မိသားစု ၁၀ သန်းကို လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရစေရမည် ဖြစ်သည်။
အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာသည် ၂၀၀၉ ခုနှစ်တွင် လူတဦးချင်း လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှုအနည်းဆုံး (တဦးလျှင် ၁၀၄ ကီလိုဝပ်နာရီ) သာရှိပြီး လျှပ်စစ်ဓာတ်အား ရရှိမှုနှုန်းသည် လူဦးရေ၏ ၁၃ ရာခိုင်နှုန်းသာ ရှိသည်။ ယခင် နအဖ စစ်အုပ်စုခေတ်က လွန်စွာ ဓာတ်အားပြတ်တောက်သောကြောင်း ၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များက ဂြိုဟ်တုမှညဘက် ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် တနိုင်ငံလုံး၌ ပိုးစုန်းကြူး အလင်းရောင်များကိုသာ ကွက်ကျားကွက်ကျား တွေ့ရမည်ဖြစ်သည်။
နအဖ စစ်အုပ်စုခေတ်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနည်းခြင်းနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှုနည်းခြင်း အဓိက အကြောင်းရင်း ၅ ခုရှိသည်။
ပထမအချက်မှာ ရင်းမြစ်များကို မှားယွင်းစွာ ခွဲဝေချထားခြင်း ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်များက မြန်မာနိုင်ငံသည် ဒေသတွင်းတွင် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်မှု အနည်းဆုံးဖြစ်နေပြီး နအဖ စစ်အုပ်စုသည် နေပြည်တော်ကို တည်ဆောက်နေသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အသုံးမဝင်ဘဲ အကုန်အကျများသော ဆင်ဖြူတော်စီမံကိန်းများကို စစ်အာဏာရှင်စနစ်က အကောင်အထည်ဖော်သည့် မရောင်ရာဆီလူးသော အဓိက ဥပမာဖြစ်ခဲ့သည်။ နေပြည်တော် စီမံကိန်းကြောင့် အခြေခံအဆောက်အအုံအတွက်၊ အထူးသဖြင့် ရေအားနှင့် ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများအတွက် အလွန်လိုအပ်နေသည့် ဒေါ်လာ ဘီလီယံပေါင်းများစွာ အလဟဿ ဖြစ်ကုန်သည်။
နေပြည်တော် စီမံကိန်းကြောင့် အခြေခံအဆောက်အအုံအတွက်၊ အထူးသဖြင့် ရေအားနှင့် ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများအတွက် အလွန်လိုအပ်နေသည့် ဒေါ်လာ ဘီလီယံပေါင်းများစွာ အလဟဿ ဖြစ်ကုန်သည်။
ဒုတိယအချက်မှာ နိုင်ငံရေး အကျိုးအမြတ်နှင့် အဂတိလိုက်စားမှုက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ပိုမိုဆိုးရွား စေခြင်းဖြစ်သည်။ နအဖ စစ်အုပ်စုခေတ်က ဆိုင်းငံ့ သို့မဟုတ် ဆက်လက် အကောင်အထည်ဖော်ဆဲ ရေအားလျှပ်စစ် လုပ်ငန်းများတွင် ပြည်တွင်း ခရိုနီကုမ္ပဏီ နှစ်ခုသည် အဓိကအားဖြင့် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကြသည်။
တခုမှာ လက်ရှိရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုးအောင်၏အစ်ကို၊ သြဇာကြီးသော ဝန်ကြီးဟောင်း ဦးအောင်သောင်း၏သား ညီအစ်ကိုများပိုင်ဆိုင်သော IGE ကုမ္ပဏီနှင့် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ပိုင်သည့် Asia World ကုမ္ပဏီတို့ဖြစ်သည်။
ထို့ပြင် IGE သည် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်သည့် အတွေ့အကြုံ အကန့်အသတ်ဖြင့်သာ ရှိသော်လည်း ရတနာဓာတ်ငွေ့လုပ်ကွက်မှ ဓာတ်ငွေ့ကို ရန်ကုန်သို့ပို့ဆောင်မည့် ၂၀ လက်မ အရှေ့တောင်ပိုင်းပိုက်လိုင်း တည်ဆောက်ခွင့်ရသည်။ ရန်ကုန်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသည် ရန်ကုန်ဒေသခံများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည်။ IGE သည် ထိုပိုက်လိုင်းတွင် သံချေးတက်နိုင်သည့် သံပိုက်လိုင်းများကို အသုံးပြုလိုက်သောကြောင့် ထိုပိုက်လိုင်းသည် စွမ်းရည်များစွာ နိမ့်ကျလည်ပတ်နေသည်။
ရန်ကုန်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသည် ရန်ကုန်ဒေသခံများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေသည်။ IGE သည် ထိုပိုက်လိုင်းတွင် သံချေးတက်နိုင်သည့် သံပိုက်လိုင်းများကို အသုံးပြုလိုက်သောကြောင့် ထိုပိုက်လိုင်းသည် စွမ်းရည်များစွာ နိမ့်ကျလည်ပတ်နေသည်။
တတိယအချက်မှာ ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းများတွင် စီမံမှုညံ့ဖျင်းခြင်းကြောင့် NEP အကောင်အထည်ဖော်ရေးသည် ယနေ့တိုင် အဟန့်အတားဖြစ်နေသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာအများပြည်သူ အသုံးစရိတ် သုံးသပ်ချက် ၂၀၁၇ ခုနှစ်အရ နိုင်ငံတွင်းမှ ရေအားလျှပ်စစ် စီမံကိန်းများသည် အချိန်နှင့် ကုန်ကျစရိတ် သတ်မှတ်ထားသည်ထက် ပိုမိုကုန်ကျပြီး အချို့မှာ အချိန် ၅ နှစ် ပိုမိုကုန်ကျသလို ကုန်ကျစရိတ်မှာလည်း ၄၀၀ ရာခိုင်နှုန်း ပိုမိုကုန်ကျကြသည်။
ဥပမာအားဖြင့်ဆိုရပါက ၂၀၀၅-၂၀၀၆ ခုနှစ်က အကောင်အထည်ဖော်သည့် အဆင့်ရောက်နေသော သူဌေးရေအားလျှပ်စစ် စီမံကိန်းကို ယခုအချိန်အထိ မပြီးသေးပေ။ ထိုစီမံကိန်း၏ ကုန်ကျစရိတ်သည် ၄၀၀ ရာခိုင်နှုန်းတိုးလာသည်။ ထို့အပြင် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်သည့် ပျှမ်းမျှကာလသည် ၉ ဒသမ ၇ နှစ် ဖြစ်သည်။
စတုတ္ထအချက်မှာ နအဖ စစ်အုပ်စုခေတ်က လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အကန့်အသတ်ဖြင့်သာ ပါဝင်ခြင်းသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှုနှင့် တဦးချင်းသုံးစွဲမှုနှုန်းကို နိမ့်ကျစေခြင်းဖြစ်သည်။ ဓာတ်အားကဏ္ဍ၊ အထူးသဖြင့် ထုတ်လုပ်မှုကဏ္ဍတွင် အရင်းအနှီးကြီးမားစွာ လိုအပ်သောကြောင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုသည် NEP အတွက် လွန်စွာအရေးပါသည်။ (၂၀၃၀ ပြည့်နှစ်အထိ ၁၅ နှစ်တာ ကာလအတွင်း နှစ်စဉ် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလီယံလိုအပ်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။)
သို့သော် ၂၀၁၅ ခုနှစ်အထိ ဓာတ်အားကဏ္ဍတွင် တပ်ဆင်စက်စွမ်းအား (installed capacity) အနေဖြင့် ပုဂ္ဂလိကကဏ္ဍ ပါဝင်မှုသည် စုစုပေါင်း တပ်ဆင်စက်စွမ်းအား၏ ၁၀ ရာခိုင်နှုန်းသာရှိသည်။ (၂၀၁၉ ခုနှစ်သို့ ရောက်သောအခါ ပုဂ္ဂလိကကဏ္ဍက ပိုင်ဆိုင်သည့် တပ်ဆင်စက်စွမ်းအားသည် ၆၈ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေး ပညာရှင်များအဖွဲ့ (IEM) က လျှပ်စစ်စွမ်းအား စီမံကိန်းဦးစီးဌာ၏ ဌာနတွင်း မှတ်တမ်းများကို ကိုးကားဖော်ပြသည်။) ထိုသို့ဖြစ်ရခြင်းမှာ နအဖ စစ်အုပ်စု၏ တရားဝင်မှု ကင်းမဲ့ခြင်းကြောင့် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများ ရင်ဆိုင်ရခြင်း ကြောင့်ဖြစ်သည်။
၂၀၁၅ ခုနှစ်အထိ ဓာတ်အားကဏ္ဍတွင် တပ်ဆင်စက်စွမ်းအား (installed capacity) အနေဖြင့် ပုဂ္ဂလိကကဏ္ဍ ပါဝင်မှုသည် စုစုပေါင်း တပ်ဆင်စက်စွမ်းအား၏ ၁၀ ရာခိုင်နှုန်းသာရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ နအဖ စစ်အုပ်စု၏ တရားဝင်မှု ကင်းမဲ့ခြင်းကြောင့် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများ ရင်ဆိုင်ရခြင်း ကြောင့်ဖြစ်သည်။
သဘောသဘာဝအရ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများတွင် နိုင်ငံရေးနှင့် မက်ခရိုစီးပွားရေး တည်ငြိမ်မှု လိုအပ်သောကြောင့် မြန်မာကဲ့သို့ ဆုံးရှုံးနိုင်ခြေများသော နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံသူများသည် စိတ်အားထက်သန်ခြင်း မရှိကြပေ။ ထိုစဉ်က ငွေလဲနှုန်း အမျိုးမျိုးဖြစ်နေခြင်းနှင့် မူဝါဒ၏ မရောရာမှုသည်လည်း လျှပ်စစ်စွမ်းအားကဏ္ဍတွင် ပုဂ္ဂလိက ကဏ္ဍ ပါဝင်ခြင်းကို အကြီးအကျယ် အဟန့်အတား ဖြစ်စေသည်။
နောက်ဆုံးအချက်မှာ မြန်မာနိုင်ငံသည် အခြေခံအဆောက်အအုံ တိုးတက်ရေးအတွက် အဓိကကျသည့် နိုင်ငံတကာအလှူရှင်များ၏ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ မရရှိဘဲ ရောဂါ ၃ မျိုးဆိုင်ရာ ကမ္ဘာ့ရန်ပုံငွေ (3-D fund) နှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ လူသားချင်းစာနာမှု အကူအညီသာ ရရှိခြင်းပင်ဖြစ်သည်။
မြန်မာကဲ့သို့ ဝင်ငွေနိမ့်ပြီး ဆုံးရှုံးနိုင်ခြေများသော နိုင်ငံများမှ အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရာ၌ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီသည် လွန်စွာအရေးပါသည်။
လူသားချင်းစာနာမှု အကူအညီသည်ပင် ၂၀၀၈ ခုနှစ် ဆိုင်ကလုန်းနာဂစ် တိုက်ခိုက်မှု ခံရပြီးမှသာ သိသိသာသာ တိုးလာခြင်းဖြစ်သည်။ မြန်မာကဲ့သို့ ဝင်ငွေနိမ့်ပြီး ဆုံးရှုံးနိုင်ခြေများသော နိုင်ငံများမှ အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရာ၌ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီသည် လွန်စွာအရေးပါသည်။
ကမ္ဘာ့ဘဏ်၏ ဘက်စုံရင်းနှီးမြှုပ်နှံမှု အာမခံအေဂျင်စီ (MIGA) ကဲ့သို့သော အဖွဲ့အစည်းများသည် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ၏ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာများ (ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများနှင့် ဓာတ်အားဝယ်ယူမှု သဘောတူစာချုပ်များ – PPAS များ လက်မှတ်ထိုးခြင်း) ပြုလုပ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
ဥပမာ မြင်းခြံ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် MIGA နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့သည် ၂၀၁၅ ခုနှစ်တွင် စင်ကာပူ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်း Sembcorp Power ကို နိုင်ငံရေးအန္တရာယ်အတွက် ဒေါ်လာ သန်း ၁၀၀ ကျော် အာမခံချက်ပေးခဲ့သည်။ ထိုကဲ့သို့သော အာမခံများသည် မြန်မာအစိုးရက ၎င်းတို့၏တာဝန်များကို ပျက်ကွက်ပါက အာမခံပေးထားသော ပမာဏအထိ ဆုံးရှုံးမှုများကို ကျခံပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများကို အာမခံခြင်းဖြစ်သည်။ ထိုသို့အာမခံပေးခြင်းသည် လတ်တလောနှင့် အနာဂတ် နိုင်ငံရေးအခြေအနေကြောင့် ဖြစ်လာမည့် ဆုံးရှုံးနိုင်ခြေများကို လျှော့ချပေးသည်။
ယခုအခါ NEP အတွက် ထိုမျှော်လင့်ချက်များနှင့် စီမံကိန်းများအားလုံး စုံးစုံးမြုပ်သွားပြီဖြစ်ပြီး နအဖ စစ်အုပ်စုခေတ်ကကဲ့သို့ပင် တနိုင်ငံလုံးတွင် ပုံမှန် လျှပ်စစ်မီးပြတ်နေမည် ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အရပ်သားတပိုင်းအစိုးရ နှစ်ခုအောက်တွင် တိုးတက်လာသော နိုင်ငံရေးအခြေအနေနှင့် နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်သော မက်ခရိုစီးပွားရေး အခြေအနေများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၄ ဆတိုးလာပြီး အိမ်ထောင်စုများအားလုံး၏ ၅၀ ရာခိုင်နှုန်းကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။ NEP အရ ၂၀၂၀ မှစတင်ပြီး တနှစ်လျှင် အိမ်ထောင်စု ၅ သိန်း မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပေးပြီး ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံးမှ မိသားစု ၁၀ သန်းကို လျှပ်စစ်ဓာတ်အားပေးမည့် စီမံကိန်းတခုကိုလည်း အကောင်အထည်ဖော်ခဲ့သည်။
ယခုအခါ NEP အတွက် ထိုမျှော်လင့်ချက်များနှင့် စီမံကိန်းများအားလုံး စုံးစုံးမြုပ်သွားပြီဖြစ်ပြီး အထက်ဖော်ပြပါ အကြောင်းရင်း ၅ ချက်သည် စစ်ကောင်စီအောက်တွင် အငြိုးတကြီးဖြင့် ပြန်ရောက်လာကြပြီဖြစ်သည်။ ထို့ကြောင့် နအဖ စစ်အုပ်စုခေတ်ကကဲ့သို့ပင် တနိုင်ငံလုံးတွင် ပုံမှန် လျှပ်စစ်မီးပြတ်နေမည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Lin Htet Myat ၏ Darkness Has Fallen Over Myanmar ကို ဘာသာပြန် ဖော်ပြသည်။ လင်းထက်မြတ်သည် မြန်မာဆိုင်ရာ စီးပွားရေး စီမံအုပ်ချုပ်မှုနှင့် ပြည်သူပိုင်-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အထူးပြုသည့် ပြည်သူ့ရေးရာမူဝါဒ သုတေသီဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ လျှပ်စစ်မီး မပေးနိုင်တော့
စစ်ကောင်စီက လျှပ်စစ်ရထားဆိုသော်လည်း အိမ်သုံးမီးပင် မှန်အောင် မပေးနိုင်
ရခိုင်တွင် တရုတ် ကျောထောက်နောက်ခံပြု ဓာတ်အားပေးစက်ရုံဖွင့်
စစ်ကောင်စီ၏ ဆိုလာစီမံကိန်း တင်ဒါခေါ်ယူမှု ကုမ္ပဏီ၂ ခုသာ ဝင်ပြိုင်
စစ်ကောင်စီဝန်ကြီးသစ်က စွမ်းအင်လုပ်ငန်းများကို တင်းကျပ်စွာ ကိုင်တွယ်နိုင်