အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသည် AESAN ၏ ခေတ်နှင့်လိုက်လျောညီထွေ ဖြစ်မှုနှင့် အချက်အခြာကျမှုအတွက် အရေးပါသော ပထမဆုံးအကြိမ် အစည်းအဝေး နှစ်ခုဖြစ်သည့် ASEAN ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို လွန်ခဲ့သော သီတင်းပတ်က ကျင်းပခဲ့သည်။
အရေးပါသည့် ပြဿနာတခုမှာ တတိယနှစ်အတွင်းရောက်လာသည့် မြန်မာအကျပ်အတည်းဖြစ်ကြောင်း ထင်ရှားသည်။ ကမ္ဘာတွင် တတိယအကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက မြန်မာကို ကိုင်တွယ်မည့်ပုံစံနှင့် သဘောထားကို ASEAN အခြားအဖွဲ့ဝင်များနှင့် နိုင်ငံတကာအသိုက်အဝန်းက ခန့်မှန်းလိုသည်။ လာမည့် ခြောက်လနှင့်နောက်ပိုင်းကာလတွင် နေပြည်တော်က မည်သို့ဆက်လက် ဆောင်ရွက်ရန် စီမံထားသည်ကိုလည်း ၎င်းတို့ သိလိုကြသည်။
နှစ်ရက်ကြာ အစည်းအဝေးအပြီး ASEAN ဥက္ကဋ္ဌ၏ ရှည်လျားသော ထုတ်ပြန်ချက်တွင် အင်ဒိုနီးရှားသည် ဥက္ကဋ္ဌသစ်အဖြစ် အရေးပါသော ပြဿနာများကို ကိုင်တွယ်ရာတွင် အဆင့်မြင့်မားသော သံတမန်ရေးလက်တွေ့ကျမှုကို ပြသခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှားသည် ဘုံသဘောတူညီချက် ၅ ချက်ကို ချက်ချင်း ထပ်လောင်းအတည်ပြုပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလက သဘောတူထားသည့် ASEAN ငြိမ်းချမ်းရေး အစီအစဉ်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် ကတိပြုသည်။
နှစ်ရက်ကြာ အစည်းအဝေးအပြီး ASEAN ဥက္ကဋ္ဌ၏ ရှည်လျားသော ထုတ်ပြန်ချက်တွင် အင်ဒိုနီးရှားသည် ဥက္ကဋ္ဌသစ်အဖြစ် အရေးပါသော ပြဿနာများကို ကိုင်တွယ်ရာတွင် အဆင့်မြင့်မားသော သံတမန်ရေးလက်တွေ့ကျမှုကို ပြသခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် ASEAN ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက ဘုံသဘောတူညီချက် ၅ ချက်သည် မြန်မာနိုင်ငံအခြေအနေကို ညီညီညွတ်ညွတ်ကိုင်တွယ်ရန် အရေးပါသောခြေလှမ်း ဖြစ်သည်ဟုပြောသည်။ ထိုသို့လုပ်ကိုင်ခြင်းသည် ASEAN က အကျပ်အတည်းများကို ကိုင်တွယ်သည့် ထုံးစံပင်ဖြစ်သည်။
ASEAN ဥက္ကဋ္ဌအဖြစ် မစ္စ ရက်နို မာဆူဒီက မြန်မာအကျပ်အတည်းကို ကိုင်တွယ်ရာတွင် ပိုမိုသိမ်မွေ့သောအပိုင်းကို ဖော်ပြသည်။ လွန်ခဲ့သောနှစ်နှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် နေပြည်တော်မှ စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချရာတွင် မစ္စ ရက်နို မာဆူဒီသည် အပြင်းထန်ဆုံးသူများတွင် ပါဝင်သည်။ ယခု ASEAN အကြီးအကဲ ဖြစ်လာသောအခါ ASEAN ၏ ဘုံသဘောတူညီချက် ရယူရေးကို လိုက်နာရပြီး အခြားလုပ်ဖော်ကိုင်ဘက်များ၏ ထောက်ခံမှုရယူရသည်။ ဥက္ကဋ္ဌသည် အင်ဒိုနီးရှားဖြစ်သောကြောင့် ထူးခြားသော သံတမန်ရေး နည်းလမ်းအချို့ ပြုလုပ်မည်ဖြစ်သည်။
လွန်ခဲ့သောလတွင်ကျင်းပသည့် နှစ်စဉ် နိုင်ငံခြားရေးမူဝါဒ သတင်းစာရှင်းလင်းပွဲတွင် မစ္စ ရက်နိုက မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်ရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုရုံးကို သူ ဦးဆောင်မည်ဖြစ်သည်။ သို့သော် ယခုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နောက်ထပ် အသေးစိတ်များကို ပြောကြားခြင်း မရှိပေ။ သို့သော် ထိုရုံးတွင် ဒေသတွင်းပြဿနာများနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိကာ ယုံကြည်အားထားရသည့် သံတမန်များ ခန့်ထားမည်ကို ရှင်းလင်းစွာ သိရသည်။
အဆင့်မြင့်သတင်းရင်းမြစ်တခု၏ အဆိုအရ စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ဟောင်းနှင့် သံတမန်ဟောင်း ငူရာ ဆွာဂျာယာသည် ASEAN အထူးသံတမန်အဖြစ် လက်တွေ့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ASEAN အရာရှိအများအပြားနှင့် တွေ့ဆုံမေးမြန်းမှုများအရ အင်ဒိုနီးရှားသည် ယခုနှစ် ASEAN အစီအစဉ်များကို မလွှမ်းမိုးစေရန်နှင့် နေပြည်တော်က ASEAN ကို ဓားစာခံအလုပ်ခံမည် မဟုတ်ကြောင်း သိရသည်။
ASEAN အရာရှိအများအပြားနှင့် တွေ့ဆုံမေးမြန်းမှုများအရ အင်ဒိုနီးရှားသည် ယခုနှစ် ASEAN အစီအစဉ်များကို မလွှမ်းမိုးစေရန်နှင့် နေပြည်တော်က ASEAN ကို ဓားစာခံအလုပ်ခံမည် မဟုတ်ကြောင်း သိရသည်။
စက်မှုထိပ်သီးနိုင်ငံ ၂၀ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံခဲ့ပြီးနောက် အင်ဒိုနီးရှားသည် သမ္မတ ဂျိုကိုဝီဒိုဒို၏ အမွေအနှစ်နှင့် နိုင်ငံတကာရုပ်ပုံလွှာအဖြစ် ပိုမိုကြီးမားသည့်ခြေလှမ်း လှမ်းမည်ဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၌ မြန်မာတွင် အားလုံးပါဝင်သည့် ဆွေးနွေးပွဲ ကျင်းပရန် ပြင်ဆင်ရေးအတွက် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးတွင် “သိသာသော တိုးတက်မှု” ပြုလုပ်ရန် မြန်မာကို ပူးတွဲ ဖိအားပေးကြသည်။
ထို့ကြောင့် လာမည့် ခြောက်လအတွင်းတွင် အင်ဒိုနီးရှားနှင့်မြန်မာတို့သည် သေနင်္ဂဗျူဟာကျသည် နောက်ထပ်လှုပ်ရှားမှုများ ပြုလုပ်ရန် စဉ်းစားကြမည်ဖြစ်သည်။ လက်ရှိအကျပ်အတည်းနှင့် သက်ဆိုင်သူအားလုံးကို အင်ဒိုနီးရှားသည် ထိတွေ့ဆက်ဆံပြီး ဖြစ်သည်။ အားလုံးပါဝင်သော အမျိုးသားတွေ့ဆုံဆွေးနွေးပွဲ ဖြစ် မဖြစ် ဆိုသည့်ကိစ္စသည် နေပြည်တော်က အခြားအဖွဲ့အစည်း များစွာနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) တို့နှင့် တွေ့ဆုံရန် စိတ်အားထက်သန်မှုအပေါ် မူတည်နေသည်။ NUG နှင့် PDF နှစ်ဖွဲ့လုံးကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တံဆိပ်ကပ်ထားသည်။
လွန်ခဲ့သော ဒီဇင်ဘာလ ၂၃ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးမှ ပေါက်ကြားလာသည့် ၄၅ မျက်နှာပါ အစီရင်ခံစာအရ နိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ၁၂ ခုတွင် ခုခံတော်လှန်ရေး အင်အားစုများ၏ အကြမ်းဖက် တိုက်ခိုက်မှုဆိုသည့် ဖြစ်ရပ်များကို ရင်ဆိုင်နေရသည်ဟု သိရသည်။ ၂၀၂၁ ခုနှစ်မှစတင်ပြီး တိုက်ခိုက်မှုပေါင်း ၁၇,၈၂၅ ခုဖြစ်ပွားကြောင်း စစ်ကောင်စီက မှတ်တမ်းတင်ထားသည်။ ထို့ပြင် အာဏာသိမ်းပြီးနောက် လူ ၁ ဒသမ ၄ သန်းမှ ၁ ဒသမ ၈ သန်းအထိ ပြည်တွင်း နေရပ်စွန့်ခွာနေရပြီး စစ်ကောင်စီက ထိုနေရပ်စွန့်ခွာသူများအနက် ၂၅၀,၀၀၀ ကို လူသားချင်းစာနာမှု အကူအညီပေးကြောင်းလည်း သိရသည်။
တချိန်တည်းတွင် လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စစ်ကောင်စီသည် လက်ရှိအချိန်အထိ အရပ်သား ၂,၂၇၃ ဦးကို သတ်ဖြတ်ပြီး လူပေါင်း ၁၅,၄၀၀ ကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။
စစ်ကောင်စီသည် လာမည့် သြဂုတ်လတွင် စီစဉ်ထားသည့် ရွေးကောက်ပွဲကျင်းပရန် နယ်မြေ ထိန်းချုပ်မှု ခိုင်မာစေရေးအတွက် အရေးပေါ်အခြေအနေကို ခြောက်လ သက်တမ်းတိုးသည်။ အဓိက မဲဆန္ဒနယ်များတွင် စစ်ကောင်စီက နယ်မြေထိန်းချုပ်မှု ပိုမိုမရပါက ထိုရွေးကောက်ပွဲကို ကျင်းပဖွယ်မရှိပေ။
စစ်ကောင်စီသည် လာမည့် သြဂုတ်လတွင် စီစဉ်ထားသည့် ရွေးကောက်ပွဲကျင်းပရန် နယ်မြေ ထိန်းချုပ်မှု ခိုင်မာစေရေးအတွက် အရေးပေါ်အခြေအနေကို ခြောက်လ သက်တမ်းတိုးသည်။ အဓိက မဲဆန္ဒနယ်များတွင် စစ်ကောင်စီက နယ်မြေထိန်းချုပ်မှု ပိုမိုမရပါက ထိုရွေးကောက်ပွဲကို ကျင်းပဖွယ်မရှိပေ။
နယ်မြေထိန်းချုပ်မှု ပိုမိုရရှိရေးအတွက် စစ်ကောင်စီသည် အရပ်ဘက်ဖြစ်စေ၊ စစ်ရေးဖြစ်စေ ပစ်မှတ်များကို တိုက်ခိုက်ရန် လွန်ခဲ့သောနှစ်ကုန်မှ စတင်ပြီး ဂျက်တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် လေကြောင်းတိုက်ခိုက်မှု ပိုမိုသုံးလာသည်။ လက်တွေ့တွင် စစ်ကောင်စီသည် အရပ်သားများ သို့မဟုတ် ခုခံတော်လှန်ရေး အင်အားစုများနှင့် ပတ်သက်သည်ဟု ယုံကြည်ရသူများကို အတတ်နိုင်ဆုံး ထိခိုက်စေမည့် ထူးခြားသော လေကြောင်းထိုးစစ် သေနင်္ဂဗျူဟာ သုံးခုကို အကောင်အထည်ဖော်နေသည်။
ပထမဆုံးမှာ စစ်ကောင်စီသည် ခုခံတော်လှန်ရေးအင်အားစုများ၊ အထူးသဖြင့် EAOs များ၏ စခန်းများကို တိုက်ခိုက်ရန် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုမည်ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ်များသည် ခုခံတော်လှန်ရေးအင်အားစုများကို ခိုလှုံခွင့်ပေးထားသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ရှာဖွေတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်မည်ဖြစ်သည်။ နောက်ဆုံးတွင် စစ်ကောင်စီသည် ထိုင်းနယ်စပ်မှ ဌာနချုပ်များနှင့် ဝင်ငွေရှာဖွေပေးသော ရင်းမြစ်များကို တိုက်ခိုက်မည်ဖြစ်သည်။
ဥပမာအားဖြင့်ဆိုရပါက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကြိမ်ချောင်း ကျေးရွာကို လွန်ခဲ့သောလက တိုက်ခိုက်မှုသည် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောအေဝမ်းကို ထိခိုက်စေရန် ရည်ရွယ်သည်။ DKBA သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ကူညီနေသည်ဟု နေပြည်တော်က ယုံကြည်နေသောကြောင့် ထိုသို့တိုက်ခိုက်ခြင်းဖြစ်သည်။ ထို့ပြင် စစ်ကောင်စီလေယာဉ် နှစ်စင်းသည် ငွေကြေးရသည့် သတ္တုတူးဖော်မှုလုပ်ငန်းများကို နှောက်ယှက်ရန် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ခဲမဖြူမိုင်းကိုလည်း တိုက်ခိုက်သောကြောင့် အလုပ်သမား သုံးဦးသေဆုံးပြီး အခြားသူ ခြောက်ဦးဒဏ်ရာရသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း စစ်ကောင်စီရင်ဆိုင်ရသည့် ထူးခြားသောအခြေအနေများအရ စစ်ကောင်စီလွှမ်းမိုးမှု ရရှိရေးအတွက် ခြောက်လသက်တမ်းတိုးထားသည့် အရေးပေါ်အခြေအနေကို ထပ်မံတိုးချဲ့နိုင်သေးသည်။ အရေးပေါ်အခြေအနေကို တတိယအကြိမ် ခြောက်လသက်တမ်းတိုးပြီး နောက်တနေ့တွင် ခုခံတော်လှန်ရေး အမာခံဒေသများဖြစ်သည့် စစ်ကိုင်းနှင့် မကွေးအပါအဝင် ပြည်နယ်နှင့်တိုင်း ရှစ်ခုမှ မြို့နယ် ၃၇ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာသည်။
အမျိုးသားတွေ့ဆုံဆွေးနွေးရေး ပြုလုပ်မည်ဆိုပါက လက်ရှိအချိန်တွင် မည်သည့်ပါဝင်ပတ်သက်သူမျှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပလိုခြင်း မရှိကြပေ။ မြေပြင်တွင် ပိုမိုသြဇာကြီးမားရေးအတွက် စစ်ကောင်စီနှင့် ခုခံတော်လှန်ရေး အင်အားစုများအကြား တိုက်ခိုက်မှုများသည် လာမည့်ရက်များတွင် ပိုမို ပြင်းထန်လာမည် ဖြစ်သည်။
အမျိုးသားတွေ့ဆုံဆွေးနွေးရေး ပြုလုပ်မည်ဆိုပါက လက်ရှိအချိန်တွင် မည်သည့်ပါဝင်ပတ်သက်သူမျှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပလိုခြင်း မရှိကြပေ။ မြေပြင်တွင် ပိုမိုသြဇာကြီးမားရေးအတွက် စစ်ကောင်စီနှင့် ခုခံတော်လှန်ရေး အင်အားစုများအကြား တိုက်ခိုက်မှုများသည် လာမည့်ရက်များတွင် ပိုမို ပြင်းထန်လာမည် ဖြစ်သည်။
လာမည့်အပတ်များတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော ရွာသားများ အလုံးအရင်း ဝင်ရောက်လာသောကြောင့် ထိုင်းနိုင်ငံအတွက် ရှည်လျားသော မြန်မာနယ်စပ်သည် ဆက်လက် မတည်မငြိမ်ဖြစ်နေမည် ဖြစ်သည်။ နှစ်ဘက်လုံးမှ နယ်စပ်ဒေသများသို့ လူသားချင်းစာနာမှု အကူအညီများပေးရေးကို စီစဉ်ထားပြီးဖြစ်ပြီး အကောင်အထည်ဖော်ရန် စောင့်နေရသည်။
တချိန်တည်းတွင် သက်ဆိုင်သူအားလုံးနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတွင် အရင်းအနှီး ကြီးကြီးမားမား ပေးဆပ်နေရသည့် နိုင်ငံများမှ အတိုင်ပင်ခံအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် အားထုတ်မှုများကို ဆက်လက် လုပ်ဆောင်နေသည်။ ရည်မှန်းချက်မှာ ပိုမိုကျယ်ပြန့်ပြီး အားလုံးပါဝင်သည့် အမျိုးသားဆွေးနွေးပွဲများကို နောင်တွင် ကျင်းပရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင်ဖန်တီးရန် ဆွေးနွေးပွဲများ စတင်ရန်ဖြစ်သည်။
မဝေးကွာသော အနာဂတ်တွင် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး ASEAN ၏ ထောက်ခံမှုနှင့် ASEAN ဥက္ကဋ္ဌ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်တလျှောက်မှ ပဋိပက္ခကြောင့် ထိခိုက်သည့် ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ၎င်းတို့ ခိုလှုံနေထိုင်ရာ ဒေသများသို့ စီစဉ်ထားသည့် လူသားချင်းစာနာမှု အကူအညီပေးရန် ထိုင်းနိုင်ငံတွင် ရှေ့တန်းလုပ်ငန်းဆောင်ရွက်မှု အခြေစိုက်စခန်းတခု ရှိလာနိုင်သည်။
(Bangkok Post မှ Kavi Chongkittavorn ၏ ASEAN and Myanmar: the Next Moves ကို ဘာသာပြန် ဖော်ပြသည်။ ကဗီ ချောင်ကစ်တာဗွန်သည် ဒေသတွင်းရေးရာ ဝါရင့်သတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories :
မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု
မြန်မာအကျပ်အတည်းက အာဆီယံကို စိန်ခေါ်နေ
မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း
အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော