၁။ ရွှေဈေး၊ လောင်စာဆီဈေး
စစ်ကောင်စီအုပ်ချုပ်သည့် နှစ်နှစ်အတွင်း ရွှေဈေးများတက်၏။ လောင်စာဆီဈေးများ တက်၏။ စစ်ကောင်စီ၏ မှားယွင်းသော ကိုင်တွယ်ထိန်းချုပ်မှုကြောင့်တကြောင်း၊ ငွေကြေးဖောင်းပွမှုကို မထိန်းနိုင်၍တကြောင်း ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းတွင် ရွှေဈေး၊ လောင်စာဆီဈေးများ ထိုးတက်သွားသည်။ ဖြေလျော့မှုအချို့ကြောင့် စက်တင်ဘာလဆန်းမှစ၍ ဈေးများ အတန်ငယ်ပြန်ကျပြီး ငြိမ်သွားသည်ဆိုသော်လည်း ၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ တရိပ်ရိပ်ပြန်တက်လာ၏။ လောင်စာဆီဈေးတက်ခြင်းနှင့် ပတ်သက်၍ စစ်ဗိုလ်များက ပြည်ပမှ တင်သွင်းရခြင်းဖြစ်ရာ ပြည်ပတွင် ဈေးတက်၍ ပြည်တွင်း၌လည်း တက်ရသည်ဟု အကြောင်းပြကြသည်။
သို့သော် ရွှေကတော့ ပြည်တွင်းတွင် ထွက်၍ ဈေးတက်ရန်မလိုဟု စစ်ဗိုလ်များက ယူဆထားကြပုံရ၏။ ထို့ကြောင့် ရွှေဈေးကို နည်မျိုးစုံနှင့် ထိန်းချုပ်ရန် ကြိုးစားသည်။ ရွှေဆိုင်များကို လိုင်စင်ယူခိုင်း၏။ သက်တမ်းမှန်မှန်တိုးရမည်ဟု အမိန့်ထုတ်၏။ ရွှေဆိုင်များကို နည်းမျိုးစုံနှင့် ထိန်းချုပ်ရန် ကြိုးစား၏။ YGEA ခေါ် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက နေ့စဉ်ရွှေဈေးထုတ်ပြန်၏။ ကမ္ဘာ့ရွှေဈေးကို အခြေခံပြီး အစိုးရသတ်မှတ်သည့် ဒေါ်လာပေါက်ဈေးနှင့် တွက်ချက်၍ ရွှေဈေး သိန်း ၂၀၊ ၂၁ သိန်းဝန်းကျင်ရှိနေချိန်တွင် တကယ့်လက်တွေ့တွင် ရွှေဈေးက ၂၆ သိန်း၊ ၂၇ သိန်းရှိ၏။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စ၍ ကမ္ဘာ့ရွှေဈေး စတင်တက်၏။ တအောင်စလျှင် ဒေါ်လာ ၁,၆၀၀ ကျော် ၁,၇၀၀ နီးပါးမှ ၁,၉၀၀ ကျော်အထိ တက်လာသည်။ သို့ဖြစ်ရာ မြန်မာပြည်တွင်း၌ ရွှေဈေးသည် ကျပ် ၂၈ သိန်းကျော်အထိ တက်လာ၏။ ထိုအခါ စစ်ဗိုလ်များ ရွှေဈေးမတက်ရန် ထိန်းချုပ်ဖို့ ကြိုးစားကြ၏။ YGEA ကတဆင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရွှေဈေးကို တကျပ်သား ၂၇ သိန်းထက် ပိုရောင်းပါက အရေးယူမည်ဟု အမိန့်ထုတ်၏။ တကယ်ပေါက်ဈေးကား ၂၈ သိန်းနှင့် ၂၉ သိန်းကြားတွင် ရှိနေပြီဖြစ်၏။
စစ်ဗိုလ်များ ရွှေဈေးမတက်ရန် ထိန်းချုပ်ဖို့ ကြိုးစားကြ၏။ YGEA ကတဆင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရွှေဈေးကို တကျပ်သား ၂၇ သိန်းထက် ပိုရောင်းပါက အရေးယူမည်ဟု အမိန့်ထုတ်၏။ တကယ်ပေါက်ဈေးကား ၂၈ သိန်းနှင့် ၂၉ သိန်းကြားတွင် ရှိနေပြီဖြစ်၏။
ရွှေဈေး၊ လောင်စာဆီဈေးဆိုသည်က ကမ္ဘာ့ဈေးကွက်နှင့်အညီဖြစ်၏။ နိုင်ငံတကာတွင်တက်လျှင် ပြည်တွင်း၌လည်း တက်မည်။ နိုင်ငံတကာတွင်ကျလျှင် ပြည်တွင်း၌လည်း ကျမည်သာဖြစ်၏။ အကယ်၍ ပြည်တွင်း၌ ရွှေဈေးက နိုင်ငံတကာထက် မြင့်နေပါက နိုင်ငံခြားမှရွှေများ မြန်မာပြည်သို့ စီးဝင်လာမည်ဖြစ်ပြီး ပြည်တွင်း၌ ရွှေဈေးကျနေပါက ပြည်ပသို့ မြန်မာပြည်မှရွှေများ စီးထွက်တော့မည်ဖြစ်၏။ တရားဝင်ထွက်မရလျှင် မှောင်ခိုထွက်ပေလိမ့်မည်။ ထို့ပြင် မြန်မာ့ရွှေဈေးတက်ရသည့် အကြောင်းတခုမှာ မြန်မာငွေတန်ဖိုး ဖောင်းပွနေ၍ဖြစ်၏။ အကယ်၍သာ အာဏာမသိမ်းခင်နေ့က ရှိသည့် တဒေါ်လာ ၁,၃၀၀ ဈေးနှုန်းနှင့်သာဆိုလျှင် ရွှေဈေးတက်လည်း တကျပ်သား ၁၀ သိန်းကျော်သာ ရှိပေလိမ့်မည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ နိုင်ငံတကာရွှေဈေးသည် ၁,၈၀၀ ကျော်အထိ ပြန်ဆင်းရာ ပြည်တွင်းပြင်ပဈေးကွက်တွင် ရွှေဈေးပြန်ကျလာသည်သာ ဖြစ်၏။ လောင်စာဆီဈေးတက်သည်မှာ နိုင်ငံတကာဈေးတက်၍ ဟုဆိုနေသော စစ်ဗိုလ်များသည် နိုင်ငံတကာပေါက်ဈေးနှင့်အညီ ရွှေဈေးအတက်အကျ ရှိသည်ကိုလည်းကောင်း၊ မြန်မာငွေဖောင်းပွမှုအား မထိန်းနိုင်သည်ကိုလည်းကောင်း မျက်ကွယ်ပြုရန် ကြိုးစားပြီး ရွှေဈေးမတက်ရဟု ပိတ်ပင်တားဆီးနေ၏။ ထိုစစ်ဗိုလ်များ၏ ဦးနှောက်သည် ပုစွန်ဦးနှောက်ဟု ဆိုရမည်။
၂။ ရုရှားဆီ
၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းက လောင်စာဆီဈေးများ တက်လာသည့်အပြင် ဆီပြတ်လပ်မှုဖြစ်လာသည့်အခါ စစ်ဗိုလ်များက ဈေးသက်သာသော ရုရှားဆီများ တင်သွင်းမည်၊ ဆီဈေးပေါပေါနှင့်ရမည်ဟု ဆိုကြပြန်သည်။ ပုစွန်ဦးနှောက်နှင့် ပါးစပ်ထဲတွေ့ရာ ပြောကြပြန်၏။ ရုရှားမှ မြန်မာပြည်သို့ လောင်စာဆီသယ်ရန် အရှေ့ဘက် ပင်လယ်နက်၊ အနောက်ဘက် ဗလာဒီဗော့စတော့တို့မှ သယ်ယူရမည်။ ပင်လယ်ခရီးမိုင်ပေါင်း ထောင်ချီဝေးကွာလှသည်ဖြစ်ရာ လောင်စာဆီ တန်ချိန် သောင်းဂဏန်းသာ သယ်ယူနိုင်သည့် သင်္ဘောငယ်များဖြင့် သယ်ယူပါက တွက်ခြေမကိုက်ပေ။ တန်ချိန်သိန်းချီ သယ်ယူနိုင်သည့် သင်္ဘောကြီးများဖြင့် သယ်ယူမှသာ တွက်ခြေကိုက်မည်။ သို့သော် စစ်ကောင်စီတွင် တန်ချိန်သိန်းချီသည့် သင်္ဘောဆိုက်ကပ်နိုင်သောဆိပ်ကမ်း မရှိပေ။
စစ်ဗိုလ်များ၏ ပုစွန်ဦးနှောက်အတွေးများသည် ယခုတော့ ပျက်ပြယ်သွားပြီဖြစ်၏။ ရုရှားဆီသင်္ဘောကြီး ဒီလကုန်ဆိုက်မည်၊ နောက်လကုန်ဆိုက်မည်ဟု ခပ်တည်တည်ပြောဆိုနေသော ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်များထံမှ ရုရှားဆီအကြောင်း ပြောသံမကြားရတော့။
သို့ဖြစ်ရာ ပင်လယ်ဝမှ ပိုက်လိုင်းဖြင့် သယ်မည်ဟု ဆိုကြပြန်၏။ သို့သော် ထိုသို့သော ပင်လယ်ရေအောက် ပိုက်လိုင်းတခု တည်ဆောက်ရန် မြန်ဆန်လွယ်ကူသည် မဟုတ်သကဲ့သို့ ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေအနေတွင် မရှိပေ။ စစ်ဗိုလ်များ၏ ပုစွန်ဦးနှောက်အတွေးများသည် ယခုတော့ ပျက်ပြယ်သွားပြီဖြစ်၏။ ရုရှားဆီသင်္ဘောကြီး ဒီလကုန်ဆိုက်မည်၊ နောက်လကုန်ဆိုက်မည်ဟု ခပ်တည်တည်ပြောဆိုနေသော ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်များထံမှ ရုရှားဆီအကြောင်း ပြောသံမကြားရတော့။
၃။ ရုရှားရွှေ
၂၀၂၂ ခုနှစ်၊ ဩဂုတ်လပိုင်းက ရွှေဈေး၊ ဒေါ်လာဈေးများတက်စဉ် စစ်ဗိုလ်များထံမှ ရုရှားရွှေများ ရောက်လာတော့မည် ဆိုသည်ကိုလည်း ကြားရပြန်၏။ ရုရှားသည် ကမ္ဘာတွင် ရွှေထုတ်လုပ်မှု အများဆုံးဖြစ်သည်။ ရုရှားကရွှေများ မြန်မာပြည်ဝင်လာပါက မြန်မာပြည်တွင် ရွှေဈေးကျသွားမည်ဟု ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်များက ဆိုကြပြန်၏။
ရုရှားသည် စစ်လက်နက်ပစ္စည်း ရောင်းချပြီး မြန်မာပြည်တွင် စီးပွားရှာနေခြင်းဖြစ်၏။ အကျိုးအမြတ်ရှာနေသော ရုရှားဖြစ်၏။ ယူကရိန်းစစ်ပွဲနှင့်အတူ စီးပွားရေးအကြပ်အတည်း ဖြစ်နေသော ရုရှားဖြစ်၏။ စစ်စရိတ်များစွာ ကုန်ကျနေသော ရုရှားဖြစ်၏။ အနှီရုရှား ထိုရုရှားသည် သူတို့၏ ရွှေများကို မြန်မာပြည်သို့ ရောင်းချပေးပါကလည်း နိုင်ငံတကာပေါက်ဈေးနှင့်သာ ရောင်းချပေးမည်ဖြစ်ပြီး ဈေးလျှော့ရောင်းချပေးမည် မဟုတ်ပေ။

သို့သော်လည်း ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်များကမူ ရုရှားဆီက ဈေးသက်သက်သာသာနှင့် ရွှေများဝယ်ယူရပြီး မြန်မာပြည်တွင် ရွှေဈေးကျမည်ဟု ထင်မှတ်နေကြ၏။ ယခုတော့ ရုရှားရွှေအကြောင်း ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်များထံမှ ဘာသံမှ မထွက်တော့။ ရုရှားသည် အချဉ်မဟုတ်ဘဲ သူတို့သာအချဉ် ဖြစ်နေသည်ကို သဘောပေါက်သည်လားတော့ မပြောတတ်ပေ။
၄။ ရုရှားခရီးသွားများ
များမကြာမီက ရုရှားခရီးသွားများ ကြိုဆိုရေး၊ ရုရှားစကားပြန် ထားရှိရေးအတွက် ပြည်နယ်နှင့်တိုင်းအဆင့်၊ မြို့နယ်အဆင့် ကော်မတီများ စစ်ကောင်စီက ဖွဲ့စည်းနေသည်ကို တွေ့ရ၏။ သူတို့အဆိုအရ ရုရှားကမ္ဘာ့လှည့် ခရီးသည်များ မြန်မာပြည်သို့ ဝင်လာမစဲ တသဲသဲဖြစ်တော့မည်ဟု ဆိုကြပြန်သည်။
ရုရှားကမ္ဘာ့လှည့် ခရီးသည်များ မြန်မာပြည်သို့ ဝင်လာမစဲ တသဲသဲဖြစ်တော့မည်ဟု ဆိုပြီး ရုရှားခရီးသွားများ ကြိုဆိုရေး၊ ရုရှားစကားပြန် ထားရှိရေး ပြည်နယ်နှင့်တိုင်းအဆင့်၊ မြို့နယ်အဆင့် ကော်မတီများ ဖွဲ့ကြပြန်သည်။
ကမ္ဘာလှည့်ခရီးသွား ဝင်လာသည်ဆိုသည်မှာ အဆိုပါတိုင်းပြည်၏ တည်ငြိမ်မှု၊ အခြေခံအဆောက်အအုံများ ကောင်းမွန်မှု၊ လည်ပတ်စရာနေရာနှင့် အပန်းဖြေစရာများ တည်ရှိမှုအပေါ် အခြေခံ၏။ လက်ရှိမြန်မာပြည်တွင် တပြည်လုံးအနှံ့ စစ်ပွဲများ ဖြစ်ပွားနေသည်။ ရန်ကုန်၊ မန္တလေးမြို့ကြီးများ၏ လမ်းဆုံလမ်းခွများတွင် အခိုင်အခန့် ဆောက်ထားသော နှစ်ထပ်ဘန်ကာများ၊ သဲအိတ်ဘန်ကာများ၊ သံဆူးကြိုးအရံအတားများအပြင် သေနတ်အသင့် ကိုင်ဆောင်ထား စစ်သားများကို မြင်တွေ့နေရသည်။ လမ်းခရီးတလျှောက်တွင် အစစ်အဆေး အတားအဆီးများစွာ တွေ့ရ၏။ ဓာတ်ပုံရိုက်လျှင် ပြဿနာအရှာခံရ၏။ ရာဇဝတ်မှုများက နေ့နေ့ညည ထူပြောလာနေ၏။ လျှပ်စစ်မီးကား ရတချက် မရတချက်။ ညမထွက်ရအမိန့်က ထုတ်ထားသေးသည်။

ကမ္ဘာလှည့်ခရီးသွားဆိုသည်က သူလည်ပတ်မည့် တိုင်းပြည်အခြေအနေကို အင်တာနက်မှတဆင့် လေ့လာပြီးမှ လာကြသူများဖြစ်၏။ မြန်မာပြည်ကား ကမ္ဘာလှည့်ခရီးသွားများအတွက် အနီရောင် သတိပေးချက် အပြည့်ဖြစ်သည်။ ခရီးသွားများသည် မလုံခြုံ စိတ်မချရသော၊ လျှပ်စစ်မီးအပါအဝင် အခြေခံအဆောက်အအုံ ချို့တဲ့သော၊ ညဘက်အပြင်မထွက်ရသော တိုင်းပြည်တွင် လာရောက်ဖို့ စိတ်ကူးမရှိကြပေ။ အပန်းဖြေခရီး၊ အပျော်ခရီးထွက်သည့် ကမ္ဘာလှည့်ခရီးသွားများသည် သူတို့ကိုယ်ပိုင်ပိုက်ဆံကို ဤလိုအခြေအနေရှိသည့် တိုင်းပြည်တွင် မဖြုန်းတီးကြပေ။
စစ်ဗိုလ်များကတော့ ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟုခေါ်ပြီး ဆရာတင်လျှင် ရုရှားတွေ မြန်မာပြည် အလည်လာမည်ဟု ထင်နေကြ၏။ ပူတင်က မင်းတို့ မြန်မာပြည် သွားလည်ကြကွဟုပြောလျှင် ရုရှားခရီးသွားများ မြန်မာပြည်လာမည်ဟု ထင်နေကြ၏။
စစ်ဗိုလ်များကတော့ ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟုခေါ်ပြီး ဆရာတင်လျှင် ရုရှားတွေ မြန်မာပြည် အလည်လာမည်ဟု ထင်နေကြ၏။ ပူတင်က မင်းတို့ မြန်မာပြည် သွားလည်ကြကွဟုပြောလျှင် ရုရှားခရီးသွားများ မြန်မာပြည်လာမည်ဟု ထင်နေကြ၏။ ပူတင်နှင့် အလွမ်းသင့်သည့် တိုင်းပြည်များကိုသာ ရုရှားခရီးသွားများ သွားမည်ဟု ထင်နေကြပုံရ၏။ ဤသို့ဆိုပါက မြောက်ကိုရီးယားနှင့် ဆီးရီးယားတွင် ရုရှားခရီးသွားများ ပြည့်နေပေလိမ့်မည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၏ အခြေခံကိုပင် နားမလည်သည့် ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်များဟု ဆိုရမည်။
၅။ ထိုင်းမှာ စစ်တပ်က အကြိမ်ကြိမ် အာဏာသိမ်းသတဲ့လား
မြန်မာပြည်က စစ်ဗိုလ်များနှင့် သူ၏ လော်ဘီများက ထိုင်းမှာလည်း စစ်တပ်က ခဏခဏ အာဏာသိမ်းတာပဲလေဟု ဆိုလေ့ရှိကြ၏။ သို့သော် အခြေခံကွာခြားချက်ကို သူတို့မသိကြ။ ၁၉၆၂ ခုနှစ် မြန်မာပြည်၌ စစ်တပ်က အာဏာမသိမ်းမီအထိ မောင်ဗမာစက်ဘီး၊ ကြက်ဆင်ဖဲထီး၊ ရွှေကျီးနိုင်လွန်၊ ဘီစကွတ်မှအစ မြန်မာထုတ်ကုန်များ ထိုင်းကိုတင်ပို့ရ၏။
‘စစ်တပ်က ခဏခဏ အာဏာသိမ်းတာပဲလေ’ ဟု စစ်ဗိုလ်များ လက်ညိုးထိုးသည့် ထိုင်း၏လူဦးရေနှင့် မြန်မာပြည်လူဦးရေ မကွာလှပေ။ လက်ရှိကာလတွင် မြင်သာသည့် အချက်များကို ချိန်ထိုးပြရလျင် ထိုင်း ဂျီဒီပီက မြန်မာထက် ၁၀ ဆကွာ၏။ အခြေခံလုပ်လစာလည်း ၁၀ ကွာသည်။
ရန်ကုန်တက္ကသိုလ်တွင် ထိုင်း၊ စင်ကာပူတို့မှကျောင်းသားများ မဟာတန်းလာတက်ပြီးမှ ဥရောပသို့ ဒေါက်တာဘွဲ့ယူရန် သွားကြရ၏။ ၁၉၆၁ ခုနှစ်တွင် မြန်မာပြည်သို့ အလည်လာရာမှ ပြန်လာသည့် အာဏာသိမ်း ထိုင်းစစ်ဗိုလ်ချုပ်က မြန်မာပြည်ကို အမီလိုက်ရန် အနှစ် ၂၀ ခန့် ကြိုးစားရမည်ဟု ထိုင်းသတင်း စာဆရာများကို ပြောခဲ့ဖူးသည်။
သို့သော် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မကြာခင် အစစအရာရာ ရှားပါးသွား၏။ ကိုလိုနီတခေတ်လုံး နိုင်ငံတကာကို ဆန်ပို့လာသော မြန်မာပြည်တွင် ၁၉၆၆ ခုနှစ်၌ ဆန်ပြဿနာပေါ်ပြီး ဆန်လုပွဲများ ဖြစ်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီး ခြောက်နှစ်၊ ခုနစ်နှစ်အတွင်း ထိုင်းမှနေ၍ လူသုံးကုန်ပစ္စည်းမျိုးစုံကို မှောင်ခိုပြန်သွင်းရသည့် အခြေအနေသို့ ဆိုက်သွား၏။ ထိုင်းက မြန်မာပြည်နှင့် စီးပွားဖြစ်သွား၏။ အရှေ့တောင်အာရှ၏ နာမည်ကြီးတက္ကသိုလ်တခုဖြစ်သည့် ရန်ကုန်တက္ကသိုလ်လည်း စစ်ဗိုလ်များ၏ စနစ်သစ်ပညာရေးအောက်တွင် တဖြည်းဖြည်း ချုံးချုံးကျသွားပြီး ယနေ့တိုင် နာလန်မထူတော့ပေ။
‘စစ်တပ်က ခဏခဏ အာဏာသိမ်းတာပဲလေ’ ဟု စစ်ဗိုလ်များ လက်ညိုးထိုးသည့် ထိုင်း၏လူဦးရေနှင့် မြန်မာပြည်လူဦးရေ မကွာလှပေ။ လက်ရှိကာလတွင် မြင်သာသည့် အချက်များကို ချိန်ထိုးပြရလျင် ထိုင်း ဂျီဒီပီက မြန်မာထက် ၁၀ ဆကွာ၏။ အခြေခံလုပ်လစာလည်း ၁၀ ကွာသည်။ လျှပ်စစ်မီးပေးနိုင်စွမ်းက ရှစ်ဆကွာ၏။ ကမ္ဘာလှည့်ခရီးသွား လာရောက်မှုတွင် ထိုင်းက ကမ္ဘာ့ထိပ်တန်းအဆင့်ဝင်သည်။
၁၉၆၂ ခုနှစ်ကစ၍ ယနေ့တိုင် မြန်မာနိုင်ငံ၏အာဏာကို နည်းမျိုးစုံနှင့် ထိန်းချုပ်ခဲ့သည့် မြန်မာစစ်ဗိုလ်များ လုပ်နိုင်စွမ်းနှင့် ကွာခြားချက်ဖြစ်၏။ ထိုင်းစစ်ဗိုလ်များနှင့် ယှဉ်လျှင် မြန်မာစစ်ဗိုလ်များ၏ ဦးနှောက်က ပုစွန်ဦးနှောက်ဟု ဆိုရမည်။ ‘ဘယ်စနစ်နဲ့ အုပ်ချုပ်အုပ်ချုပ်၊ လူတွေကို ဝဝလင်လင် ကျွေးထားနိုင်ဖို့လိုတယ်’ ဆိုသည့် အခြေခံသဘောကိုပင် နားမလည်ကြပေ။
တကယ်တမ်းတွင် စဉ်းစားမှုများကအစ ကွာခြားလွန်း၏။ မြင်သာသည့် အချက်ငယ်အချို့ကိုပြရလျှင် ထိုင်းစစ်ဗိုလ်များသည် အယုဒ္ဓယတို့၊ ချင်းမိုင်းမြို့ရိုးဟောင်းတို့အား ကမ္ဘာလှည့်ခရီးသွားများကို ပြစားဖို့စဉ်းစားသည်။ အယုဒ္ဓယနှင့် ချင်းမိုင်မြို့ဟောင်းတို့ဆိုသည်က မန္တလေးမြို့ရိုးတို့၊ ကျုံးတို့နှင့် လားလားမှမဆိုင်။ ကျုံးဆိုတာ ခပ်သေးသေး၊ မြို့ရိုးဟောင်းဆိုတာလည်း အပြိုအပျက်သာကျန်၏။ ကျုံးနှင့်မြို့ရိုးဟောင်း အပြည့်အစုံရှိသော မန္တလေးနှင့် လားလားမှမဆိုင်။ သို့သော် မန္တလေးနန်းတော်ဟောင်းကို စစ်တပ်က မောင်ပိုင်စီးထားပြီး လုံခြုံရေးကန့်သတ်ချက်မျိုးစုံ သတ်မှတ်ထားသဖြင့် ကမ္ဘာလှည့် ခရီးသွားများအတွက် စွဲဆောင်စရာနေရာတခုအဖြစ် မလုပ်ဆောင်နိုင်ခဲ့။
မြန်မာစစ်ဗိုလ်များကို ပုစွန်ဦးနှောက်နှင့်ဟု ပြောလျှင်လွန်အံ့မထင်ပါ။ ဖြစ်ချင်တာက ထိုင်းစစ်ဗိုလ်တွေလို၊ လုပ်နေတာက ကင်မ်ဂျုံးအွန်း လုပ်ပေါက်နှင့်၊ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လို့ လုပ်နေမှန်းမသိ။
ထိုင်းရထားလမ်းတနေရာက ရွာလေးတရွာ၏ ဈေးသည် ရထားလမ်းနှင့် ကပ်ဆောက်ထား၏။ ဈေးဆိုင်များ၏ နေကာ၊ မိုးကာအတွက် ထုတ်ထားသည့် ကလဖျင်းပင်လျှင် ရထားလမ်းပေါ်ရောက်သည်။ ရထားလမ်းပေါ်လည်း ဈေးတက်ရောင်းကြသူများရှိ၏။ ရထားလာလျှင် အဝေးက ဥဩဆွဲပြီး ခပ်ဖြည်းဖြည်းမောင်းသည်။ ထိုအခါ ရထားလမ်းပေါ်က ဈေးသည်များ ဖယ်ကြ၏။ ရထားလမ်းပေါ် ထိုးထွက်နေသော ကလဖျင်းများကို ရုတ်ကြသည်။ ရထားက ထိုဈေးနေရာတွင် တဖြည်းဖြည်းခုတ်မောင်း၏။ ထိုရထားလမ်းရှိ ဈေးနေရာလေးသည် ကမ္ဘာလှည့်ခရီးသွားများအတွက် ဆွဲဆောင်သည့်နေရာတခု ဖြစ်လာ၏။ ခရီးသွားအများအပြား လာသည့်နေရာ ဖြစ်နေ၏။
မြန်မာစစ်ဗိုလ်များဆိုလျှင် မည်သို့ စဉ်းစားလုပ်ဆောင်မည် ထင်ပါသနည်း။ ရထားလမ်းဝဲယာ ပေတရာအတွင်း အကုန်ရှင်း၊ မဖယ်လျှင် ဘူဒိုဇာနှင့်ထိုး၊ ကျူးတွေ အကုန်ဖမ်းဟု အမိန့်ထုတ် လုပ်ဆောင်မည်သာဖြစ်၏။ ထို့ကြောင့် မြန်မာစစ်ဗိုလ်များကို ပုစွန်ဦးနှောက်နှင့်ဟု ပြောလျှင်လွန်အံ့မထင်ပါ။ ဖြစ်ချင်တာက ထိုင်းစစ်ဗိုလ်တွေလို၊ လုပ်နေတာက ကင်မ်ဂျုံးအွန်း လုပ်ပေါက်နှင့်၊ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လို့ လုပ်နေမှန်းမသိ။
ဒေါ်စိန်အေး (DSA) ကျောင်းက ဆင်းလာပြီး ဦး၊ ရေး၊ ထောက်လောက် သိရုံမျှဖြင့် ကိုယ့်ကိုယ်ကိုယ် ဘာမဆိုသိ ဘာမဆိုတတ်သည်ဟုထင်နေသော စစ်ဗိုလ်များကို “ရှင်တို့က ပုစွန်ဦးနှောက်တွေ” ဟု တခွန်းတည်းသာ ပြောချင်မိ၏။ ပုစွန်ခေါင်းထဲတွင် ဦးနှောက်ရော ရှိပါသလား။ ဘာတွေစုနေသည်ကို အားလုံးသိကြပါ၏။
You may also like these stories :
သင်္ဘောများ ရောက်လာဟု ဆိုသော်လည်း ဆိုင်များတွင် စက်သုံးဆီပြတ်နေဆဲ
လိုင်စင်ရှိမှ ရွှေအတုံးအခဲ ရောင်းဝယ်ရန် ရန်ကုန်ရွှေအသင်းသတ်မှတ်
စစ်ကောင်စီ ထိန်းချုပ်မှုကြောင့် စက်သုံးဆီ ရှားပါးနေ
အမိန့်ပေး ထိန်းချုပ်ရေးကြောင့် တိုင်းပြည် စီးပွားပျက်ရုံသာ