တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်မှ စတင်ခဲ့သော တရုတ်အထူးသံ မစ္စတာ တိန့်ရှီကျွန်း၏ လွန်းပျံခရီးစဉ်များနှင့်အတူ မြန်မာ့နိုင်ငံရေး၊ စစ်ရေးတွင် သိသာသော အပြောင်းအလဲများကို မြင်တွေ့လာရ၏။ ပြီးခဲ့သော ၂ လကျော်အတွင်း တိန့်ရှီကျွန်းသည် မြောက်ပိုင်း ၇ ဖွဲ့နှင့် ၂ ကြိမ်တွေ့သည်။ စစ်ကောင်စီဥက္ကဋ္ဌနှင့် ၂ ကြိမ်တွေ့၏။ ဒုတိယအကြိမ်တွင် တရုတ်အထူးသံသည် စစ်ကောင်စီဥက္ကဋ္ဌနှင့်သာမက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တာဝန်ရှိများနှင့်လည်း တွေ့သည်။
တဖန် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ နှင့် ၂၆ ရက်နေ့များတွင် ပန်ဆန်း၌ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ တွေ့ဆုံဆွေးနွေးမှုသတင်း ပေါ်လာ၏။ ထို့ပြင် မြောက်ပိုင်း ၇ ဖွဲ့မှ ခေါင်းဆောင်များ ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ သွား၍ တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် သွားရောက် ဆွေးနွေးဦးသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေ၏။
တပြိုင်နက်တည်း ဆိုသလို မြန်မာစစ်တပ်၏ တရုတ်နယ်စပ်တလျှောက် တပ်တည်၊ တပ်လှုပ်၊ တပ်ထုတ်နုတ်မှုများ၊ အသစ်စုဖွဲ့မှုများနှင့် စစ်ဆင်ရေး အသစ်များကိုလည်း မြင်တွေ့လာရသည်။
တပြိုင်နက်တည်း ဆိုသလို မြန်မာစစ်တပ်၏ တရုတ်နယ်စပ်တလျှောက် တပ်တည်၊ တပ်လှုပ်၊ တပ်ထုတ်နုတ်မှုများ၊ အသစ်စုဖွဲ့မှုများနှင့် စစ်ဆင်ရေး အသစ်များကိုလည်း မြင်တွေ့လာရသည်။
တရုတ်နယ်စပ် တပ်ချထားမှု
တရုတ်နယ်စပ်တလျှောက်တွင် မြန်မာစစ်တပ်က စစ်တိုင်းဌာနချုပ် ၂ ခု ဖွဲ့စည်းထားရှိပြီး မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များကို ရင်ဆိုင်ထား၏။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သည် ကချင်ပြည်နယ် မြစ်ကြီးနားတွင် အခြေစိုက်သည်။ မပခ လက်အောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)- တနိုင်း၊ အခြေချစစ်ဗျူဟာ (စဗခ)၊ စစ်ဗျူဟာ (စဗဟ) နှင့် တိုင်းတပ်များအပြင် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၃- မိုးကောင်း၊ စကခ ၂၁- ဗန်းမော်တို့ ရှိသည်။ ထိုတိုင်းနယ်မြေအတွင်းမှ တပ်များနှင့် မလောက်၍ တပ်မ ၃၃- စစ်ကိုင်းနှင့် တပ်မ ၈၈- မကွေးတို့ကို အားဖြည့်ထားရသည်။ လက်ရှိ တရုတ်အထူးသံ တိန့်ရှီကျွန်း ခရီးစဉ်တွင် မပခ ရှိ တပ်များမှ တပ်ထုတ်နုတ်မှု၊ ဖြည့်တင်းမှု ထူးထူးခြားခြား မတွေ့ရပါ။
မပခ စစ်တိုင်းအတွင်း တရုတ်နယ်စပ်တလျှောက်ရှိ ဆဒုံး-ကန်ပိုက်တီ၊ ပန်ဝါ၊ ဖီမော်၊ ဂါလန်၊ ကန်ဖန်ဒေသ တလျှောက်သည် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ ချုပ်ကိုင်ထားသည်။ ပန်ဝါနှင့် ဖီမော်ကြား နယ်စပ်ရှိ လဂွေ၊ ဖရယ်တဝိုက်တွင် KIA ထိန်းချုပ်နယ်မြေ ရှိသော်လည်း လှုပ်ရှားမှုနည်းပါးသည်။ တိုက်ပွဲကြီးဖြစ်နိုင်ခြေ နည်းပါးသည်။
ကန်ပိုက်တီအောက်ဘက်မှစ၍ လိုင်ဇာ၊ မိုင်ဂျာယန်တို့ကမူ KIA ထိန်းချုပ်နယ်မြေဖြစ်၏။ မြန်မာစစ်တပ်က ထိုးစစ်ဆင်မှ တိုက်ပွဲဖြစ်နိုင်သည်။ လွယ်ဂျယ်နှင့် နမ့်ခမ်းကြား တရုတ်နယ်စပ်တလျှောက်မှာ မြန်မာစစ်တပ်နှင့် KIA တို့ အပြန်အလှန် ဝင်ထွက်နေသည့် ပြောက်ကျားဒေသဖြစ်သည်။ သို့သော် ထိုတရုတ်နယ်စပ်တွင် KIA က တိုက်ပွဲဖော်လေ့ မရှိပေ။ ထို့ကြောင့် မပခ စစ်တိုင်းနယ်မြေတွင်း တရုတ်နယ်စပ်တလျှောက်တွင် မြန်မာစစ်တပ် နေရာချထားမှုနည်းပါးရာ တပ်ထုတ်နုတ်စရာမရှိပေ။
တရုတ်နယ်စပ်တွင် KIA က တိုက်ပွဲဖော်လေ့ မရှိပေ။ ထို့ကြောင့် မပခ စစ်တိုင်းနယ်မြေတွင်း တရုတ်နယ်စပ်တလျှောက်တွင် မြန်မာစစ်တပ် နေရာချထားမှုနည်းပါးရာ တပ်ထုတ်နုတ်စရာမရှိပေ။
တဖက်တွင် KIA နှင့် KPDF များ လှုပ်ရှားနိုင်သည့် ဖားကန့်ဒေသ၊ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း သံလမ်းရိုးတလျှောက်၊ ဗန်းမော်-မိုးမောက်-မြို့သစ်-နားလုံ ကားလမ်းတလျှောက်၊ ဗန်းမော်-မန်စီ-မဒယန်-နမ့်ခမ်း ကားလမ်းတလျှောက်၊ ဗန်းမော်-ကသာ-အင်းတော်-ဗန်းမောက် ဒေသတလျှောက်နှင့် မိုးမိတ်ဒေသတွင် မြန်မာစစ်တပ်၏ မပခ လက်အောက်ခံတပ်များ ဖြန့်စခန်းထိုင်သကဲ့သို့ လှုပ်ရှားမှုများလည်း ပြုလုပ်သည်။ ယခု တရုတ်အထူးသံ တိန့်ရှီကျွန်း၏လှုပ်ရှားမှုတွင် တရုတ်နယ်စပ်လုံခြုံရေး ထိခိုက်နိုင်ခြေရှိသည့် နေရာများ၌ မူလကတည်းက နှစ်ဖက်တပ်များ လှုပ်ရှားမှုနည်းသဖြင့် မြန်မာစစ်တပ်မှ တပ်ထုတ်နုတ်မှု မတွေ့ရခြင်းဖြစ်ပုံရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကမူ ရှမ်းမြောက် လားရှိုး၌ အခြေစိုက်သည်။ ရမခ လက်အောက်တွင် ဒကစ- လောက်ကိုင်၊ စဗခ၊ စဗဟများနှင့် တိုင်းလက်အောက်ခံတပ်များ ရှိသည်။ ထို့ပြင် ရမခ အတွင်း၌ စကခ ၁- ကျောက်မဲ၊ စကခ ၁၆- သိန္နီတို့ ရှိသည်။ ထိုတပ်များနှင့် မလုံလောက်သဖြင့် စကခ ၂- မိုင်းနောင်၊ စကခ ၇- ဖယ်ခုံ၊ စကခ ၁၂- ကော့ကရိတ်၊ စကခ ၁၇- မိုင်းပန်နှင့် တပ်မ ၉၉- မိတ္ထီလာ၊ တပ်မ ၁၀၁- ပခုက္ကူမှ တပ်ဗျူဟာတို့ကို ဖြည့်တင်းထားသည်။

ရမခ ဧရိယာအတွင်းတွင် KIA မှ တပ်မဟာ ၃ ခု၊ TNLA မှ တပ်မဟာ ၇ ခုနှင့် MNDAA မှ တပ်မဟာ ၄ ခုရှိသည့်အပြင် ဟိုပန်-ပန်လုံဒေသ၊ တန့်ယန်း- မန်မန်းဆိုင်ဒေသတို့တွင် UWSA နှင့် ရင်ဆိုင်ထား၏။ ရမခ စစ်တိုင်းနယ်မြေအတွင်း နမ့်ခမ်း၊ မူဆယ်၊ ကြူကုတ်ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ မော်ထိုက်၊ ဟုန်အိုင်၊ ရန်လုံကျိုက်၊ ချင်းရွှေဟော် စသည့် နမ့်တစ်ချောင်းအထိ တရုတ်နယ်စပ်ဖြစ်သည်။ မြန်မာစစ်တပ် စခန်းရော တိုင်းရင်းသားအဖွဲ့ စခန်းများပါ ရှိသည်။ နှစ်ဖက် ဝင်ထွက်လှုပ်ရှားရာ ဒေသဖြစ်သကဲ့သို့ တိုက်ပွဲများလည်း တောက်လျှောက်ဖြစ်ပွားခဲ့ရာ ဒေသလည်းဖြစ်သည်။ တရုတ်နယ်စပ်တလျှောက်တွင် မတည်မငြိမ်ဖြစ်မှု အများဆုံးဒေသလည်း ဖြစ်သည်။ မူဆယ်-ရွှေလီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအား ခြိမ်းခြောက်နိုင်သည့် ဒေသလည်းဖြစ်သည်။
ရမခ စစ်တိုင်းနယ်မြေအတွင်း နမ့်ခမ်း၊ မူဆယ်၊ ကြူကုတ်ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ မော်ထိုက်၊ ဟုန်အိုင်၊ ရန်လုံကျိုက်၊ ချင်းရွှေဟော် စသည့် နမ့်တစ်ချောင်းအထိ တရုတ်နယ်စပ်ဖြစ်သည်။ မြန်မာစစ်တပ် စခန်းရော တိုင်းရင်းသားအဖွဲ့ စခန်းများပါ ရှိသည်။
ရမခ စစ်တိုင်းနယ်မြေအတွင်း တိုင်းတပ်၊ တိုင်းအတွင်းရှိ စကခ ၂ ခုအပြင် ထပ်မံဖြည့်တင်းသည့် စကခ/တပ်မ ၅ ခုနှင့် တဗျူဟာအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလလယ်ခန့်အထိ အောက်ပါအတိုင်း ဖြန့်ခွဲထားသည်ကို တွေ့ရသည်။ စကခ ၇ အား နမ့်ခမ်းမြို့အခြေပြုသည့် တရုတ်နယ်စပ်၊ စကခ ၁၇ အား သိန္နီ-ကွန်လုံကားလမ်းနှင့် မုံကိုး-ဖောင်းဆိုင်ဒေသ-တရုတ်နယ်စပ်၊ စကခ ၂ အား ကိုးကန့်၊ မော်ထိုက်ဒေသ -တရုတ်နယ်စပ်၊ စကခ ၁၂ အား ကုန်းကြမ်း- ရှင်ကိုင်းဖျင်ဒေသ တလျှောက်၊ တပ်မ ၉၉ အား နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ စကခ ၁ အား ကွန်လုံ၊ ဟိုပန်၊ ပန်လုံဒေသ၊ စကခ ၁၆ အား ကိုးကန့် တာ့ရွှေထန်နှင့် တပ်မ ၁၀၁ မှ တဗျူဟာအား နမ့်ဆန်၊ နောင်ချိုတို့တွင် တပ်ဖြန့်ခွဲထားသည်။
တပ်ရုပ် တပ်နုတ်ခြင်း
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းမှစ၍ ကိုးကန့်-မော်ထိုက်ဒေသမှ စကခ ၂ တခုလုံးအား ပြန်ရုတ်သိမ်းပြီး မိုင်းနောင်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) အခြေစိုက်သည့် ခိုလမ်တွင် ပြန်စုဖွဲ့၏။ နမ့်ခမ်းတွင် ရှေ့တန်းထွက်နေသည့် စကခ ၇ မှ ဗျူဟာ ၂ ခုခန့်အား ဖယ်ခုံတွင် ပြန်လည်စုဖွဲ့၏။ တဖန် သိန္နီ-ကွန်လုံကားလမ်းနှင့် မုံကိုး-ဖောင်းဆိုင်ဒေသရှိ စကခ ၁၇ မှ အနည်းဆုံး ဗျူဟာ ၂ ခုခန့်အားလည်း မိုင်းပန်တွင် ပြန်လည်စုဖွဲ့၏။ ကိုးကန့်ဒေသ ကုန်းကြမ်း-ရှင်ကိုင်းဖျင်တဝိုက်ရှိ စကခ ၁၂ မှ ဗျူဟာ ၂ ခုကိုလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်တွင် ပြန်လည်စုဖွဲ့သည်။ ရှမ်းမြောက်တွင် စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ မှ တဗျူဟာစီသာ ချန်ထားပြီး စကခ ၂ တခုလုံးနှင့် စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ တို့မှ အနည်းဆုံး ၂ ဗျူဟာခန့်စီ ထုတ်နုတ်ခဲ့သည်။
စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၃၀ ခန့် ထုတ်နုတ်ခဲ့သည်။ ဤသို့စုဖွဲ့ပြီးနောက် တွေ့မြင်ရသည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများမှာ အောက်ပါအတိုင်းဖြစ်သည်။
ပထမတခုမှာ ကရင်နီပြည်နယ်၊ ဖယ်ခုံ၊ ပင်လောင်းဒေသ စစ်ဆင်ရေးဖြစ်ပြီး ရှမ်းမြောက်မှ ပြန်နုတ်လာသည့် စကခ ၂ မှ အနည်းဆုံး ဗျူဟာတခုမှ ၂ ခု၊ စကခ ၇ မှ အနည်းဆုံး ဗျူဟာတခုနှင့် ရှမ်းအရှေ့တြိဂံတိုင်းရှိ စကခ ၁၈ မှ ၃ ရင်းမှ ၄ ရင်းပါ ဗျူဟာတခုကို အသုံးပြု၏။
ဒုတိယတခုမှာ ရှမ်းမြောက်မှနုတ်လာသည့် စကခ ၁၂ မှတပ်များကို ကရင်ပြည်နယ် ပြန်ပို့ပြီးနောက် ကရင်ပြည်နယ်တွင် စစ်ဆင်ရေးဝင်နေသည့် စကခ ၂၀ အား ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နယ်မြေသို့ စေလွှတ်ပြီး တနင်္သာရီဒေသတွင် စစ်ဆင်ရေးများ ပြုလုပ်လာသည်ကို တွေ့ရ၏။
တတိယတခုအနေနှင့် စကခ ၂ မှ အနည်းဆုံး ဗျူဟာတခု၊ စကခ ၁၇ မှ ဗျူဟာ ၂ ခုမှ အင်အားများကို စုဖွဲ့ပြီး ယောနယ်၊ ထီးလင်း၊ ကျောက်ထုဒေသနှင့် ချင်းပြည်နယ်စပ်တွင် စုဖွဲ့ပြီး စစ်ဆင်ရေး စတင်လာခြင်းဖြစ်သည်။
ထိုစစ်ဆင်ရေးများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်လာသည်။ တပြည်လုံးအနှံ့ စစ်ဆင်နေရသည့် မြန်မာစစ်တပ်အတွက် တပ်အင်အား မလုံလောက်သည့် အခက်အခဲ ကြုံနေရချိန်တွင် ရှမ်းမြောက်မှ စကခ ၃ ခုခန့်၊ ခြေလျင်၊ ခြေမြန်တပ်ရင်း ၃၀ ခန့်၊ စစ်အင်အား ၃,၀၀၀ ခန့် ထုတ်နုတ်နိုင်ခဲ့သည်။
တပြည်လုံးအနှံ့ စစ်ဆင်နေရသည့် မြန်မာစစ်တပ်အတွက် တပ်အင်အား မလုံလောက်သည့် အခက်အခဲ ကြုံနေရချိန်တွင် ရှမ်းမြောက်မှ စကခ ၃ ခုခန့်၊ ခြေလျင်၊ ခြေမြန်တပ်ရင်း ၃၀ ခန့်၊ စစ်အင်အား ၃,၀၀၀ ခန့် ထုတ်နုတ်နိုင်ခဲ့သည်။
ထိုသို့တပ်များ ထုတ်နုတ်နိုင်ခြင်း မရှိခင်က ကရင်နီပြည်နယ်၊ ဖယ်ခုံ၊ ပင်လောင်းဒေသတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ၊ လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တပ်များနှင့် တပ်မ ၆၆ ရှိသည်။ တပ်မ ၆၆ တပ်မှ တပ်များမှာလည်း အထိနာနေသဖြင့် တပ်မ ၇၇ မှ တပ်ရင်းတရင်းအား ဘော်လခဲသို့ ထပ်ဖြည့်ထားရသည်။ ပင်လောင်းတွင် တပ်မ ၅၅ မှ တပ်ရင်းတရင်း ဖြည့်တင်းထားရသည်။
သို့သော်လည်း ကရင်နီဒေသ၊ ဖယ်ခုံ-ပင်လောင်းဒေသတွင် KNPP, KNDF နှင့် PDF တပ်များ အားကောင်းသဖြင့် နယ်မြေစိုးမိုးနိုင်ခြင်း မရှိပေ။ ထို့ပြင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် ထားဝယ်၊ ပုလော၊ တနင်္သာရီမြို့နယ်များတွင်လည်း PDF များ အားကောင်းလာပြီး စစ်အုပ်ချုပ်ရေးမြို့နယ်များအဖြစ် ကြေညာလာရသည်။
ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အတွင်းရှိ စကခ ၈- ထားဝယ်၊ စကခ ၁၃- ဘုတ်ပြင်း၊ စကခ ၂၀- ခမောက်ကြီးတို့အားလည်း ကရင်ပြည်နယ်သို့ စစ်ဆင်ရေး စေလွှတ်ထားရသည်ဖြစ်ရာ အားကောင်းလာသည့် PDF များအား စစ်ဆင်ရေးပြုလုပ်ရန် တပ်အင်အားဖြည့်တင်းရန် လိုအပ်နေသည်။
ယောဒေသ၊ ဂန့်ဂေါခရိုင်အတွင်းတွင်လည်း ယောဒေသ PDF များ အားကောင်းလာသကဲ့သို့ ချင်းပြည်နယ်ရှိ CDF များနှင့် ပူးပေါင်းလှုပ်ရှားမှု အားကောင်းလာခြင်းကြောင့် ချင်းပြည်နယ်တပ်စခန်းများသို့ ရိက္ခာပို့ရန် ခက်ခဲလာသည်။ ဒေသခံတိုင်းတပ်များ၊ တပ်မ ၁၀၁ မှ တပ်အချို့နှင့် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ဘဲ အင်အားဖြည့်တင်းရန် လိုအပ်နေသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်မှစ၍ ရှမ်းမြောက်မှ တပ်ရင်း ၃၀ ခန့် ထုတ်နုတ်လာနိုင်ပြီးနောက် အနည်းဆုံး သုံးဗျူဟာ တပ်ရင်း ၁၀ ခန့်အား ကရင်နီပြည်နယ်နှင့် ဖယ်ခုံ၊ ပင်လောင်းဒေသများတွင် လည်းကောင်း၊ အနည်းဆုံး သုံးဗျူဟာ တပ်ရင်း ၁၀ ရင်းခန့်အား တနင်္သာရီတိုင်းသို့ လည်းကောင်း၊ အနည်းဆုံး သုံးဗျူဟာ တပ်ရင်း ၉ ရင်း အင်အား ၉၀၀ ခန့်အား ကျောက်ထု၊ ထီလင်း၊ ယောနယ်နှင့် ချင်းပြည်နယ်စပ်သို့ လည်းကောင်း စေလွှတ်ဖြည့်တင်းပြီး မူလရှိနေသည့် တပ်များနှင့်ပူးပေါင်းကာ စစ်ဆင်ရေးများ ပြုလုပ်လာနိုင်သည်။ ထို့ပြင် အနည်းဆုံး သုံးရင်းပါ တဗျူဟာအားလည်း အရံအဖြစ် ထားလာနိုင်သည်ကို တွေ့ရ၏။
တိန့်ရှီကျွန်း၏ အာမခံချက်
သို့ဖြစ်ရာ မြန်မာစစ်တပ်အနေနှင့် ယခုကဲ့သို့ ရှမ်းမြောက် တရုတ်နယ်စပ်မှတပ်များ အဘယ်ကြောင့် ထုတ်နုတ်လာနိုင်သည်ကို သုံးသပ်ပါက အောက်ပါအတိုင်းတွေ့ရသည်။
ပုံမှန်အားဖြင့် ရှမ်းမြောက်တွင် KIA, TNLA, MNDAA တို့ အားကောင်းမောင်းသန် ရှိရုံသာမက ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီး ပေါ်ထွက်လာသည့် နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများသည် ထိုသုံးဖွဲ့လုံးနှင့်တွဲ၍ တည်ရှိသည်။ အဆိုပါ အင်အားစုများအား တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့စီတွင် အနည်းဆုံး အင်အားထောင်ချီရှိပြီး လေ့ကျင့်နေကြ၊ လက်နက်တပ်ဆင်နေကြ၏။ ထိုအခြေအနေအောက်တွင် ထိုအင်အားစုများကို ရင်ဆိုင်ရန် ရမခ တိုင်းနယ်မြေတွင် တိုင်းတပ်များအပြင် တပ်/စကခ ၇ ခုနှင့် တဗျူဟာကို ထပ်ဖြည့်ပြီး ရင်ဆိုင်ထားခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ရှမ်းမြောက်တွင် KIA, TNLA, MNDAA တို့ အားကောင်းမောင်းသန် ရှိရုံသာမက ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီး ပေါ်ထွက်လာသည့် နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများသည် ထိုသုံးဖွဲ့လုံးနှင့်တွဲ၍ တည်ရှိသည်။ အဆိုပါ အင်အားစုများအား တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့စီတွင် အနည်းဆုံး အင်အားထောင်ချီရှိပြီး လေ့ကျင့်နေကြ၊ လက်နက်တပ်ဆင်နေကြ၏။
ထိုအခြေအနေမှ တရုတ်နယ်စပ်ရှိ တပ်များအား လျှော့ချပြီး တပ်များထုတ်နုတ်ခြင်းသည် အဘယ်ကြောင့်ပါနည်း။ KIA, TNLA, MNDAA တို့သည် မြန်မာစစ်ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ထားသည့်အပြင် လက်ရှိ တရုတ်အထူးသံ တိန့်ရှီကျွန်း မည်သို့ စေ့စပ်တိုက်တွန်းသည်ဖြစ်စေ ချက်ချင်းအပစ်ရပ်သဘောတူရန် မဖြစ်နိုင်ပေ။
တရုတ်နယ်စပ်မှ တပ်များထုတ်နုတ်နိုင်ခြင်းသည် “အာမခံချက်တခု” ကြောင့်သာ ဖြစ်နိုင်ပေသည်။
ဤအာမခံချက်သည် တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာစစ်ကောင်စီကြား သဘောတူညီချက်ကြောင့်သာ ဖြစ်နိုင်သည်။ အဓိက တရုတ်နယ်စပ်တလျှောက် တိုက်ပွဲမဖြစ်ရေး၊ ထိုးစစ်မဆင်ရေးအား တဖက်တွင် မြန်မာစစ်တပ်က အာမခံချက်ပေးပြီး တဖက်တွင် မြောက်ပိုင်းအဖွဲ့များ နယ်စပ်တွင် မတိုက်ရေးအား တိန့်ရှီကျွန်းက အာမခံချက်ပေးခြင်းသာ ဖြစ်ပေလိမ့်မည်။
မြန်မာစစ်တပ်အဖို့ ပြည်မအင်အားစုများကို ရင်ဆိုင်နိုင်ရန် အဓိကအားပြုနေရာ တရုတ်နယ်စပ်၌ စစ်ဆင်ရေးမပြုလုပ်ရန်၊ လာမတိုက်လျှင် ပြန်မတိုက်ရန် လွယ်လွယ်ကူကူ အာမခံချက်ပေးနိုင်သည်။ တိန့်ရှီကျွန်းအနေနှင့်လည်း တရုတ်နယ်စပ်တလျှောက် တိုက်ပွဲမဖော်ရန် မြောက်ပိုင်းအဖွဲ့များကို ကောင်းစွာ ဖိအားပေးနိုင်သည်။
မြောက်ပိုင်းအဖွဲ့များအနေနှင့် တရုတ်နယ်စပ်တလျှောက် တည်ရှိရာ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီမှအစ လိုအပ်သော ရုပ်ဝတ္ထုများအတွက် တရုတ်ကို မှီခိုရသည်ဖြစ်၍ တရုတ်နှင့် ဆက်ဆံရေးကောင်းရန် နယ်စပ်ကပ်လျက်တွင် တိုက်ပွဲမဖော်ရေးကို ငြင်းဆိုနိုင်ခြင်း မရှိပေ။ နယ်စပ်နှင့်ဝေးရာတွင်သာ တိုက်ပွဲဖော်ကြရပေလိမ့်မည်။
မြောက်ပိုင်းအဖွဲ့များအနေနှင့် တရုတ်နယ်စပ်တလျှောက် တည်ရှိရာ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီမှအစ လိုအပ်သော ရုပ်ဝတ္ထုများအတွက် တရုတ်ကို မှီခိုရသည်ဖြစ်၍ တရုတ်နှင့် ဆက်ဆံရေးကောင်းရန် နယ်စပ်ကပ်လျက်တွင် တိုက်ပွဲမဖော်ရေးကို ငြင်းဆိုနိုင်ခြင်း မရှိပေ။
ထို့ကြောင့်လည်း မြန်မာစစ်တပ်သည် ရမခ နယ်မြေအတွင်း တရုတ်နယ်စပ်နှင့် နီးသည့်နေရာမှ တပ်များကို စိတ်ချလက်ချ ထုတ်နုတ်ပြီး နယ်စပ်နှင့် အတန်ငယ်ဝေးသည့်နေရာမှ တပ်များကို ထုတ်နုတ်ခြင်း မပြုသည်ကို တွေ့ရ၏။
တိန့်ရှီကျွန်းခရီးစဉ်မှ ရလဒ်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှစ၍ တိန့်ရှီကျွန်း၏ ခရီးစဉ် စသည်။ ၂ လအတွင်း လွန်းပျံခရီးစဉ်များ ပြုလုပ်သည်။ မြန်မာပြည်အရေးကို ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး ဖြေရှင်းရန် ရည်ရွယ်သည်ဟု ဆို၏။ ၂ လအတွင်း ထွက်ပေါ်လာသည့် ရလဒ်ကား အဘယ်နည်း။
တရုတ်တို့အတွက်ဆိုလျှင် တရုတ်နယ်စပ်တည်ငြိမ်ရေးအတွက် အာမခံချက်ရသည်ဟု ဆိုလိမ့်မည်။ တဖက်တွင် တပြည်လုံးတပ်ဖြန့်ထားရ၍ တပ်အင်အား မလုံလောက်နေသော မြန်မာစစ်တပ်အတွက် တပ်ရင်း ၃၀ ခန့် ထုတ်နုတ်နိုင်ခွင့်ရသွား၏။ ထိုတပ်များနှင့် ကရင်နီပြည်နယ်၊ ဖယ်ခုံ၊ ပင်လောင်းဒေသတို့တွင် လည်းကောင်း၊ တနင်္သာရီတိုင်းတို့တွင် လည်းကောင်း၊ ယောနယ်နှင့် ချင်းနယ်စပ်တွင် လည်းကောင်း စစ်ဆင်ရေးများ ပြုလုပ်လာ၏။

ပင်လောင်းမြို့နယ်အတွင်း အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခွင့်ရသွား၏။ အရပ်သားကျေးရွာများ မီးရှို့ခံရ၏။ ထိုအခြေအနေပေါ်တွင် မြန်မာစစ်တပ်က ပအိုဝ်းနှင့်ကရင်နီကြား လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လာသည်ကိုလည်း တွေ့ရ၏။ သို့ဖြစ်ရာ မြန်မာစစ်တပ်၏ ဤစစ်ဆင်ရေးများနှင့် ရလဒ်များသည် တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ် ညှိနိုင်းသဘောတူညီချက်မှ ထွက်ပေါ်လာသည့် စစ်ဆင်ရေးများ ဖြစ်သည်ဟု ဆိုရမည်။ တိန့်ရှီကျွန်းခရီးစဉ်မှ မြန်မာစစ်တပ်ရလိုက်သည့် အကျိုးအမြတ်ဖြစ်သည်။ တိန့်ရှီကျွန်းခရီးစဉ်မှ ရလိုက်သည့် မြန်မာလူထု၏ ဒုက္ခ၊ အသက်၊ သွေး၊ ချွေး၊ မျက်ရည်တို့လည်း ဖြစ်၏။
တိန့်ရှီကျွန်းခရီးစဉ်မှ မြန်မာစစ်တပ်ရလိုက်သည့် အကျိုးအမြတ်ဖြစ်သည်။ တိန့်ရှီကျွန်းခရီးစဉ်မှ ရလိုက်သည့် မြန်မာလူထု၏ ဒုက္ခ၊ အသက်၊ သွေး၊ ချွေး၊ မျက်ရည်တို့လည်း ဖြစ်၏။
တရုတ်အထူးသံကမူ သူတို့ ဤသို့မရည်ရွယ်ပါဟု ငြင်းဆိုနိုင်ပါသည်။ သို့သော် တိန့်ရှီကျွန်း၏ ဆွေးနွေးလှုပ်ရှားမှုခရီးစဉ်မှ ထွက်လာသည့် လက်ငင်းရလဒ်ကတော့ ဖော်ပြပါအတိုင်းဖြစ်သည်ကို လက်တွေ့မြင်တွေ့ရ၏။
လက်တွေ့တွင် မြန်မာစစ်တပ်အတွက် တရုတ်နယ်စပ်မှ စစ်အင်အားများ ထုတ်နုတ်အသုံးပြုခွင့်ရပြီး အနည်းဆုံးနေရာသုံးခုတွင် စစ်ဆင်ရေးများ ဖိ၍လုပ်နိုင်သွား၏။ မြန်မာပြည်တွင်း၌ ပို၍စစ်ရှိန်မြင့်လာ၏။ တိန့်ရှီကျွန်းနှင့်တွေ့ဆုံမှုမှ မြန်မာစစ်တပ် အမြတ်ထွက်၏။ ဤကား လက်တွေ့အခြေအနေများတွင် မြင်ရသည့် ငြင်းမရသည့်အချက် ဖြစ်သည်။ ထို့ကြောင့်လည်း ဤဆောင်းပါးခေါင်းစဉ်အား “တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးအသစ်များ” ဟူ၍ ကင်းပွန်းတပ်လိုက်ရပေ၏။
(မှတ်ချက် ။ ။ စကခ ဆိုသည်မှာ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး တပ်မနှင့် ဖွဲ့စည်းပုံတူ၏။ စကခ တခုတွင် ခြေလျင်၊ ခြေမြန်တပ်ရင်း ၁၀ ရင်းပါပြီး စကခ ဌာနချုပ်သည် ထိုတပ်ရင်းများအား နည်းဗျူဟာ (နဗဟ) သုံးခုထားရှိပြီး ကွပ်ကဲသည်။ ဗျူဟာတခုအောက်တွင် စစ်ဆင်ရေးလိုအပ်ချက်အရ တပ်ရင်း သုံးရင်းမှ လေးရင်းထိ ထားပြီး စစ်ဆင်ရေးပြုလုပ်လေ့ရှိ၏။ မြန်မာစစ်တပ်တွင် မြေပြင်တိုက်ခိုက်ရေး တပ်များအနေနှင့် တိုင်းစစ်ဌာနချုပ် ၁၄ ခု၊ တိုင်းလက်အောက်ခံ တပ်ရင်းများအပြင် တပ်မ ၁၀ ခုနှင့် စကခ ၂၀ ခုရှိ၏။ ပုံမှန်အားဖြင့် တိုင်းတပ်များသည် တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် တာဝန်ယူပြီး တပ်မနှင့် စကခ စုစုပေါင်း ၃၀ က စစ်ဆင်ရေးလိုအပ်ချက်ရှိသည့် နယ်မြေများသို့ သွားရောက်ရ၏။)
(သက်ထားမောင်သည် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ
နမ်းနိန်းရွာသားတွေ ဘယ်လို အသတ်ခံခဲ့ရလဲ
တရုတ်လုပ်ငန်းများ လည်ပတ်နိုင်ရေး အထူးသံတမန် တိုက်တွန်း
တရုတ်အထူးသံတမန်သစ် NUG နှင့် တွေ့ပါ
မြောက်ပိုင်း EAO ၇ ဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ်သစ် တွေ့ဆုံ