NLD ပါတီနှင့် သူ၏ လမ်းစဉ်
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြီးအတွင်းမှ ပေါ်ထွက်လာသော NLD ပါတီသည် လူတန်းစား၊ လူအလွှာပေါင်းစုံမှ ဒီမိုကရက်တစ်များ၏ ထောက်ခံမှုရရှိခဲ့သည့် ပါတီ ဖြစ်သည်။ ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့သည့် ပါတီဖြစ်သကဲ့သို့ မြေပေါ်တွင် နိုင်ငံရေးအရ အံတု ရပ်တည်ခဲ့သည့် ပါတီလည်း ဖြစ်သည်။
NLD ပါတီ၏ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ NLD ပါတီ၏ လမ်းစဉ်ပေါ်လစီများနှင့်ပတ်သက်၍ လည်းကောင်း၊ NLD ပါတီ ထောက်ခံသူများ၏ ပြုမူပြောဆိုပုံများနှင့် ပတ်သက်၍ လည်းကောင်း ဝေဖန်ထောက်ပြစရာများ ရှိသည်ဖြစ်စေ၊ NLD ပါတီအား မနှစ်သက်သူများ ရှိသည်ဖြစ်စေ ၁၉၈၈ ခုနှစ်နောက်ပိုင်း NLD ပါတီသည် ဗမာပြည်တွင် လူထုထောက်ခံမှု အများဆုံးရရှိခဲ့သည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပါတီတရပ်ဖြစ်ခဲ့သည်ကတော့ ငြင်းပယ်ရန် မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာကြီးမားမှုနှင့်အတူ မြို့ပြဒီမိုကရက်များကြားတွင်သာမက ကျေးလက်လူထုကြားအထိပါ လူထု၏ ထောက်ခံမှုရရှိခဲ့သည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားရွေးချယ်စရာခေါင်းဆောင်မရှိဟု လူထုက မြင်သည့်အပေါ်မှလည်း NLD အား လူထုထောက်ခံမှု များပြားခဲ့သည်ဟုလည်း ဆိုနိုင်သည်။
NLD ပါတီခေါင်းဆောင်များ၊ ပါတီဝင်များသည် ထောင်တွင်းနှင့်ထောင်ပြင်တွင် တလှည့်စီ ကူးလူးရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို အံတုခဲ့ကြသည်။ ဥပဒေတွင်း နိုင်ငံရေးလမ်းကြောင်းအား ရွေးချယ်ခဲ့ကြသည်။ ထိုလမ်းကြောင်းသည် NLD ပါတီ နှစ် ၃၀ တိုင်အောင် ကိုင်စွဲခဲ့သောလမ်းကြောင်းလည်း ဖြစ်သည်။
မည်သို့ဖြစ်စေ လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း NLD သည် လူထုထောက်ခံမှု၊ ဝိုင်းရံမှု အရရှိဆုံးပါတီဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ် ၃၀ ကျော်ကာလအတွင်း NLD ပါတီ၏ နိုင်ငံရေးလမ်းစဉ်သည် အကြမ်းမဖက်သည့် နိုင်ငံရေး လမ်းစဉ် ဖြစ်ခဲ့သည်။ NLD ပါတီခေါင်းဆောင်များ၊ ပါတီဝင်များသည် ထောင်တွင်းနှင့်ထောင်ပြင်တွင် တလှည့်စီ ကူးလူးရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို အံတုခဲ့ကြသည်။ ဥပဒေတွင်း နိုင်ငံရေးလမ်းကြောင်းအား ရွေးချယ်ခဲ့ကြသည်။ ထိုလမ်းကြောင်းသည် NLD ပါတီ နှစ် ၃၀ တိုင်အောင် ကိုင်စွဲခဲ့သောလမ်းကြောင်းလည်း ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီး ဖိနှိပ်မှုများကြောင့် NLD အမတ်အချို့နှင့်ပါတီဝင်အချို့သည် နယ်စပ်ဒေသသို့ လည်းကောင်း၊ ပြည်ပသို့ လည်းကောင်း တိမ်းရှောင်ထွက်ခွာပြီးနောက် NCGUB အဝေးရောက် ညွှန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့ကြသည်။ သို့သော်လည်း အဓိက ခေါင်းဆောင်ပိုင်းသည် ပြည်တွင်း၌သာ နေထိုင်ပြီး အဖမ်းခံ၊ ထောင်ကျခံပြီး ရပ်တည်နေခဲ့ကြ သကဲ့သို့ NLD ပါတီဝင် အများစုသည်လည်း ပြည်တွင်း၌သာ ရပ်တည်ခဲ့ကြသည်။
ထိုစဉ်က ဖွဲ့စည်းခဲ့သော NCGUB နှင့်လည်းကောင်း၊ ကျောင်းသားများ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ABSDF နှင့် လည်းကောင်း၊ NLD (LA)နှင့် လည်းကောင်း၊ မြို့ပေါ် NLD ပါတီသည် ပါတီအရ၊ နိုင်ငံရေးအရ မပတ်သက်ခဲ့၊ မထောက်ခံခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့အား ထောက်ခံသည့် NLD ပါတီဝင်များသည် အနုနည်း၊ ဥပဒေတွင်းမှ အံတုသည့်နည်းကို ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များ မျက်ကွယ်ပြုခံရသည့်အချိန်မှစ၍ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ ပြန်လည်ဝင်သည်အထိ အနှစ် ၂၀ ကျော် ကျင့်သုံးခဲ့ကြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းကာလ NLD
၂၀၂၁ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းသည့်ကာလတွင် NLD ၏ မူဝါဒနှင့် ပတ်သက်၍ မေးခွန်းပေါ်လာသည်။ NLD သည် နှစ် ၃၀ ကြာ ကိုင်စွဲခဲ့သည့် အနုနည်းလမ်းကြောင်းကို စွန့်လွှတ်၍ လက်နက်ကိုင်လမ်းစဉ်ကို ချမှတ် လုပ်ကိုင်ပြီလောဟူသည့် မေးခွန်းဖြစ်၏။
ဗမာပြည်တွင် လက်နက်ကိုင်လမ်းစဉ်ကို ဗမာပါတီ အဖွဲ့အစည်းထဲမှ ဗမာပြည် ကွန်မြူနစ်ပါတီ၊ အလံနီ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်နှင့် ပါလီမန်ဒီမိုကရေစီပါတီတို့ ကိုင်စွဲခဲ့ဖူးသည်။ ထိုပါတီ အဖွဲ့အစည်းများ ကိုင်စွဲ ကျင့်သုံးခဲ့ကြရာတွင် အဆိုပါ ပါတီအဖွဲ့အစည်းများ၏ ဗဟိုကော်မတီ၊ ပေါလစ်ဗျူရို၊ ဗဟိုအလုပ်မှုဆောင်ကော်မတီစသဖြင့် ပါတီအား ဦးဆောင်ဦးရွက်ပြုသည့် အမြင့်ဆုံး အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ကြခြင်း ဖြစ်သည်။
လက်ရှိ NLD ပါတီ လက်နက်ကိုင် တော်လှန်မှုတွင် ပါဝင်နေသည်မှာ ထိုသို့သော ဆုံးဖြတ်ချက်ဖြင့် ပါဝင်နေခြင်းမျိုးတော့ မဟုတ်ပေ။ လက်နက်ကိုင် ခုခံတိုက်ခိုက်ရေးအား NLD ဗဟို ကော်မတီ- CC က လည်းကောင်း၊ NLD ဗဟိုအလုပ် အမှုဆောင် ကော်မတီ- CEC က လည်းကောင်း ဆုံးဖြတ်ချမှတ်ထားခြင်း မရှိပေ။
လက်ရှိ NLD ပါတီ လက်နက်ကိုင် တော်လှန်မှုတွင် ပါဝင်နေသည်မှာ ထိုသို့သော ဆုံးဖြတ်ချက်ဖြင့် ပါဝင်နေခြင်းမျိုးတော့ မဟုတ်ပေ။ လက်နက်ကိုင် ခုခံတိုက်ခိုက်ရေးအား NLD ဗဟို ကော်မတီ- CC က လည်းကောင်း၊ NLD ဗဟိုအလုပ် အမှုဆောင် ကော်မတီ- CEC က လည်းကောင်း ဆုံးဖြတ်ချမှတ်ထားခြင်း မရှိပေ။
ဤသည်မှာ အာဏာသိမ်းနိုင်သည်ဟု အာဏာမသိမ်းခင် သတင်းများထွက်ပေါ်လာခဲ့သော်လည်း NLD ပါတီ CEC သည်၎င်း၊ ဗဟိုကော်မတီသည်၎င်း ထိုဖြစ်နိုင်ခြေကို ထည့်သွင်းတွက်ချက်ပြီး ထိုသို့အာဏာသိမ်းခံရပါက NLD ပါတီအနေနှင့် မည်သို့မည်ပုံ တုန့်ပြန်ဆောင်ရွက်သွားမည်ဆိုသည်ကို ချမှတ်ခဲ့ခြင်းမရှိပေ။
အတွင်းစကားများအရ လာဖမ်းလျင် အဖမ်းခံလိုက်ပါဟု ခေါင်းဆောင်က မှာကြားသည် ဆိုသည်ကိုသာ ကြားသိရ၏။ သို့ဖြစ်ရာ NLD ပါတီ၏ ၂၀၂၁ ခုနှစ် ဖေဖဝါရီ ၁ ရက်နေ့နောက်ပိုင်း ဆုံးဖြတ်ချက်များသည် NLD ပါတီ CEC နှင့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များ မဟုတ်တော့ပေ။
သို့သော် နိုင်ငံရေးပါတီတရပ်အဖို့ ခေါင်းဆောင်များ ထိန်းသိမ်းခံနေရချိန်တွင် ခေါင်းဆောင်များ မရှိသေး၍ဆိုပြီး ငုတ်တုတ်ထိုင်နေမည်လော သို့မဟုတ် အပြင်တွင် အဖမ်းမခံဘဲ ကျန်နေသောသူများက ယာယီခေါင်းဆောင်မှု အဖွဲ့အစည်း ဖွဲ့စည်းပြီး ဆက်လက်ရုန်းကန်မည်လော မေးခွန်းပေါ်လာသည်။
ဤသည်မှာ NLD ပါတီဝင်များကြား အငြင်းပွားဖွယ်ရာ အမြင် ဖြစ်ခဲ့ပုံရသည်။ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း NLD ခေါင်းဆောင်များ အဖမ်းခံရစဉ်ကာလကဲ့သို့ပင် ခေါင်းဆောင်များလွတ်လာသည်အထိ စောင့်ဆိုင်းရန်၊ လက်နက်ကိုင်လမ်းစဉ်သည် NLD ၏ မူဝါဒနှင့် သွေဖီသည်ဟု စဉ်းစားသူများကိုလည်း တွေ့ရသည်။
မတူသည့် အခြေအနေ
ယေဘုယျအားဖြင့် နိုင်ငံရေး ပါတီတရပ်ဆိုသည်မှာ လူထုကြားမှ ပေါက်ဖွားပြီး လူထု၏ ဆန္ဒကို ကိုယ်စားပြုနိုင်မှသာ ရှင်သန်နိုင်ပေသည်။ ဗမာပြည်ကဲ့သို့ စစ်အာဏာရှင်စနစ်၊ တပါတီအာဏာရှင် စနစ်ကြီးစိုးသည့် နိုင်ငံတွင် အဆိုပါ အာဏာရှင်စနစ်ကို ဆန့်ကျင်ရပ်ခံရသည့် ပါတီတရပ်အဖို့ လူထုကိုယ်စားပြုမှုနှင့် လူထုထောက်ခံမှုတို့သည် လွန်စွာ အရေးပါသည်။ နိုင်ငံရေးပါတီတရပ်အဖို့ လူထုလမ်းစဉ်ကျင့်သုံးရန် လိုအပ်သကဲ့သို့ လူထုသဘောထားဆန္ဒနှင့်သွေဖီပါက လူထုထောက်ခံမှု ကျရှုံးသွားပေလိမ့်မည်။
ဗမာပြည်ကဲ့သို့ စစ်အာဏာရှင်စနစ်လွှမ်းမိုးသော နိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲကြီးမားသည်ဖြစ်ရာ နိုင်ငံရေးပါတီ တရပ်အနေနှင့် ပုံမှန် ရွေးကောက်ပွဲများ ကျင်းပသည့် ဒီမိုကရေစီ နိုင်ငံရေးအခြေအနေတရပ်ကို ဖြတ်သန်းရသည်နှင့် ပုံမှန်မဟုတ်သည့် စစ်အာဏာသိမ်း နိုင်ငံရေး အခြေအနေကို ဖြတ်သန်းသည်တို့ကြားတွင် ကြီးမားသော ကွဲလွဲချက်ရှိသည်။
အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းသောအခါ မည်သူမျှ မမျှော်လင့်ခဲ့သည့် ကြီးမားသော အပြောင်းအလဲကို ကြုံရတော့သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်သည့် လူထုအုံကြွမှုသည် တစတစကြီးထွားပြီး တပြည်လုံး အတိုင်းအတာ ဆောင်ခဲ့သည်။ ရှစ်လေးလုံး လူထုအုံကြွမှုထက်ပင် ပိုကြီးမားခဲ့သည်။
လူထုအုံကြွမှုကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲလာသောအခါ ရရာလက်နက်နှင့် ခုခံတိုက်ခိုက်မှုများသည် တပြည်လုံးအနှံ့သို့ ပျံ့နှံ့သွားသည်။ စစ်တပ်၏ အကြမ်းဖက်မှုက လူထုကို လက်နက်ကိုင် ခုခံစစ်ပွဲဆီသို့ တွန်းပို့လိုက်သည့် အခြေအနေ ဖြစ်သည်။
အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းသောအခါ မည်သူမျှ မမျှော်လင့်ခဲ့သည့် ကြီးမားသော အပြောင်းအလဲကို ကြုံရတော့သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်သည့် လူထုအုံကြွမှုသည် တစတစကြီးထွားပြီး တပြည်လုံး အတိုင်းအတာ ဆောင်ခဲ့သည်။ ရှစ်လေးလုံး လူထုအုံကြွမှုထက်ပင် ပိုကြီးမားခဲ့သည်။
ဤအခြေအနေတွင် လူထုက ရွေးကောက်တင်မြှောက်လိုက်သော NLD ပါတီဝင်များကို မေးခွန်းထုတ်လာတော့သည်။ ဘေးထိုင်ကြည့်နေမည် လော၊ ဦးဆောင်တိုက်ပွဲဝင်မည်လောဆိုသည့် မေးခွန်း ဖြစ်သည်။ သို့ဖြင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားများက လွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းခဲ့၏။
CRPH သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုယ်စားပြုသည်။ NUG ကတော့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် NLD လွှတ်တော်အမတ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များ၏ ပေါင်းစုအင်အားဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုအား ခေါင်းဆောင်မှု ပေးသည့် အဖွဲ့အစည်း ဖြစ်သည်။
NLD ဗဟိုအလုပ်ကော်မတီ (CWC)
CRPH သည်လည်းကောင်း၊ NUG သည် လည်းကောင်း NLD နှင့်ပတ်သက်နေသော်လည်း NLD ပါတီ အဖွဲ့အစည်း မဟုတ်ပေ။ ထို့ပြင် လက်ရှိကာလတွင် NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများအား စုစည်းခေါင်းဆောင်နိုင်ရန် ယခု အငြင်းပွါးနေသော NLD-CWC ခေါ် ဗဟိုအလုပ်ကော်မတီအား ဖေဖဝါရီလအတွင်း ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။
ထိုစဉ်က NLD ပါတီ၏ ခေါင်းဆောင်အများစု ဖမ်းဆီးခံထားရသည်။ ဖမ်းဆီးခြင်း မခံရသူများကို စုစည်းဆက်သွယ်ရာတွင် CEC-ဗဟိုအလုပ်မှုဆောင်ကော်မတီ၊ အမြဲတမ်းကော်မတီမှ ၂ ဦးနှင့် အရံကော်မတီမှ ၂ ဦးသာ ဆက်သွယ်ရခဲ့သည်။ ထိုစဉ် အဖမ်းမခံရသေးသော CEC အချို့ ရှိသော်လည်း အဆက်အသွယ်မပြုကြဟု သိရသည်။
ဖွဲ့စည်းပြီး တနှစ်ခန့်အကြာတွင် CEC အမြဲတမ်းကော်မတီတဦး ထပ်မံပူးပေါင်းပါဝင်ခဲ့ပြီး မူလက ပါဝင်သူတဦးမှာ ပြန်လည်ကင်းကွာသွားသဖြင့် လက်ရှိအချိန်တွင် NLD ပါတီ CWC သည် ကော်မတီဝင် ၇ ဦးဖြင့် ဆက်လက်လည်ပတ်နေသည်။
ထိုကော်မတီဝင် ၄ ဦးအနက် ၃ ဦးကို အခြေတည်ပြီး CWC ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ NLD ပါတီမှ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ရှိ NLD အမတ်များအား ထိန်းကြောင်းရန် ဦးဆောင် ကော်မတီ တရပ်ဖွဲ့စည်းထားရာ ထိုကော်မတီမှ NLD ပါတီဝင် ၄ ဦးထပ်ဖြည့်ပြီး အဖွဲ့ဝင် ၇ ဦးနှင့် CWC ကို ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းပြီး တနှစ်ခန့်အကြာတွင် CEC အမြဲတမ်းကော်မတီတဦး ထပ်မံပူးပေါင်းပါဝင်ခဲ့ပြီး မူလက ပါဝင်သူတဦးမှာ ပြန်လည်ကင်းကွာသွားသဖြင့် လက်ရှိအချိန်တွင် NLD ပါတီ CWC သည် ကော်မတီဝင် ၇ ဦးဖြင့် ဆက်လက်လည်ပတ်နေသည်။
လက်ရှိ NLD ပါတီ CWC သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ NLD ပါတီ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားနိုင်ပြီး အပတ်စဉ်၊ လစဉ် ပုံမှန်အစည်းအဝေးများကို ကျင်းပနိုင်သည်ဟု သိရသည်။ ထို့ပြင် NLD ပါတီ CWC သည် NUG ၊ CRPH ၊ K 3 C ခေါ် KNU၊ KIA ၊ KNPP ၊ CNF တို့နှင့် ပုံမှန် အစည်းအဝေးများ ကျင်းပနေပြီး NLD ပါတီ၏ အခန်းကို ရယူထားသည်ကို တွေ့ရသည်။
CWC ၏ တရားဝင်မှု မဝင်မှု
ယခုအခါ NLD ပါတီဝင်များနှင့် လုထုကြားတွင် မေးခွန်းပေါ်လာသည်က CWC တရားဝင်မှု ရှိ မရှိဆိုသည့် အချက် ဖြစ်သည်။ အထူးသဖြင့် စစ်တပ်နှင့် ပူးပေါင်းသူ၊ ခုခံတော်လှန်စစ်ပွဲကို လက်မခံဘဲ မြေပေါ်တွင် NLD ရုံးပြန်ဖွင့်ရန် ကြိုးပမ်းသူများကို CWC က NLD ပါတီမှ ထုတ်ပယ်သောအခါ ပေါ်ပေါက်လာသည့် မေးခွန်းဖြစ်သည်။
NLD ပါတီ CEC ၏ ဆုံးဖြတ်ချက်မပါဘဲ ဖွဲ့စည်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်က သဘောမတူခြင်း စသည့် အကြောင်းအချက်များပေါ်တွင် CWC သည် တရားမဝင်ဟု ထုတ်ပယ်ခံရသူများနှင့် ၎င်းတို့ကို ထောက်ခံသူများက ဆိုလာသည်။
စည်းမျဉ်းစည်းကမ်း၊ ဖွဲ့စည်းပုံများအရသက်သက်ဆိုပါက CWC သည် တရားမဝင်ဟု ဆိုနိုင်ပါသည်။ သို့သော် တခြားတဖက်က မေးခွန်းမှာ NLD ပါတီ အဓိကခေါင်းဆောင်များ၊ CEC များ အဖမ်းခံထားရချိန်၊ လွတ်နေသော သို့မဟုတ် ပြန်လွတ်လာသော CEC များက မလှုပ်မယှက် ငုတ်တုတ်ထိုင်နေကြချိန်တွင် NLD ပါတီအား မည်သူက ဦးစီးဦးရွက် ပြုမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
အကယ်၍သာ NLD ခေါင်းဆောင်များ၊ ပါတီဝင်များက CWC ဖွဲ့စည်းခြင်း၊ CRPH နှင့် NUG ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း မပြုနိုင်ပါက လက်ရှိနွေဦးတော်လှန်ရေးတွင် NLD ၏ အခန်းကဏ္ဍ ပျောက်သွားပေလိမ့်မည်။
အထူးသဖြင့် တပြည်လုံးအနှံ့အပြားဖြစ်ပွါးနေသော လူထု၏ ခုခံတွန်းလှန်မှု၊ အနယ်နယ်အရပ်ရပ်မှ NLD ပါတီဝင်များ၏ ခုခံတွန်းလှန်မှုကို လည်းကောင်း၊ ထိုနွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားတပ်ဖွဲ့များ တော်လှန်ပုန်ကန်မှုများ ပေါင်းစည်းမှုများကို မည်သည့် နိုင်ငံရေးပါတီက စုစည်း ဦးဆောင်မည်နည်းဆိုသည့် မေးခွန်းပေါ်လာသည်။
သို့ဖြစ်ရာ NLD ပါတီ အဓိက ခေါင်းဆောင်များ အဖမ်းခံနေရချိန်တွင် အပြင်တွင် ကျန်နေသည့် NLD ခေါင်းဆောင်များက CWC ဖွဲ့စည်းပြီး ဦးဆောင်မှုပေးခြင်းသည် လက်ငင်း အခြေအနေ၏ လိုအပ်ချက်ဖြစ်သဖြင့် မုချဖွဲ့စည်းသင့်သည်ဟု ဆို၍ ရသည်။
အကယ်၍သာ NLD ခေါင်းဆောင်များ၊ ပါတီဝင်များက CWC ဖွဲ့စည်းခြင်း၊ CRPH နှင့် NUG ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း မပြုနိုင်ပါက လက်ရှိနွေဦးတော်လှန်ရေးတွင် NLD ၏ အခန်းကဏ္ဍ ပျောက်သွားပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် CWC
လက်ရှိကာလတွင် CWC အတွက် အားလုံး၏ မေးခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် CWC ကို လက်သင့်ခံမလား ဆိုသည့် မေးခွန်းဖြစ်သည်။
ဩဇာတက္ကမကြီးမားသော ပုဂ္ဂိုလ်တယောက်ရှိသည့် နိုင်ငံရေးပါတီတရပ်တွင် ဤအချက်သည် အရေးကြီးသည်။ ဤအချက်ကို CWC ကလည်း သတိပြုမိပုံရသည်။
ထို့ကြောင့်လည်း တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးနှင့်ပတ်သက်လျင် CWC သည် ထန်းထိန်းသိမ်းသိမ်း ဆောင်ရွက် နေရာ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စောင့်ကြည့်ခြင်းကို ခံရသည်ကို တွေ့ရသည်။
သို့သော် NLD ပါတီ၏ အဓိက ခေါင်းဆောင်များ အဖမ်းခံနေရ၍ မည်သည့်ဆုံးဖြတ်ချက်မှ ချမှတ်နိုင်ခြင်းမရှိဟုဆိုကာ ငုတ်တုတ်ထိုင်နေပါက NLD အခန်းပျောက်သွားပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်မလာနိုင်တော့ပါက မည်သို့ရင်ဆိုင်မည်ဆိုသည်ကို NLD ခေါင်း ဆောင်များ၊ ပါတီဝင်များ၊ NLD ထောက်ခံသည့် လူထုများ ကြိုတင်စဉ်းစားတွက်ချက်ထားရန် လိုအပ်သည့်အချိန် ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ပြန်လာရင်ဟု စဉ်းစားနေသူများအနေနှင့် ဒေါ်အောင်ဆန်းစုကြည် ပြန်မလာနိုင်ခဲ့ရင်ရော ဘာလုပ်မလဲဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
လွန်ခဲ့သော အနှစ် ၃၀ ကျော် အဖမ်းခံရစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၄၀ ကျော်သာရှိသေးပြီး ကျန်းမာ ရေးအရ ခံနိုင်သေးသည့် အရွယ်ဖြစ်သည်။ ထို့ပြင် ထိုစဉ်က သူမအဖမ်းခံရသည်မှာ အိမ်တွင်း အကျယ်ချုပ်ဖြစ်ရာ အနေအထိုင် အစားအသောက်နှင့်ပတ်သက်၍ ဒုက္ခများစွာ မခံစားခဲ့ရပေ။
ယခုကား အသက် ၇၈ ဝန်းကျင်ရှိပြီး အသက် ၈၀ နားကပ်နေသူတဦးဖြစ်နေသည်။ ကျန်းမာရေး ခံနိုင်ရည်ကား လွန်ခဲ့သော နှစ် ၃၀ ကျော်နှင့် ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ယခုအကြိမ် သူမအား ဖမ်းဆီးထားသည့်နေရာမှာ အကျယ်ချုပ်မဟုတ်၊ အနေအထိုင် အစားအသောက် ဆင်းရဲ သည့် ထောင်တွင်းဖြစ်သည်။
သူမ အသက်အရွယ်၊ သူမ ခံနိုင်ရည်စွမ်းတို့ကြောင့် သူမ၏ ကျန်းမာရေး ထိခိုက်သွားနိုင်သည်။ ကျန်းမာရေး အကြောင်းအမျိုးမျိုးဖြင့် ပါတီခေါင်းဆောင်အဖြစ် ပြန်မလာနိုင်သည့် အခြေအနေလည်း ဖြစ်သွားနိုင်သည်။
ဤသို့သော အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်မလာနိုင်တော့ပါက မည်သို့ရင်ဆိုင်မည်ဆိုသည်ကို NLD ခေါင်း ဆောင်များ၊ ပါတီဝင်များ၊ NLD ထောက်ခံသည့် လူထုများ ကြိုတင်စဉ်းစားတွက်ချက်ထားရန် လိုအပ်သည့်အချိန် ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာတက္ကမ ကြီးမားမှု အပေါ်သာ အခြေပြုပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားပေါ်တွင်သာ NLD အခြေပြုစောင့်စားနေမည်လော၊ သို့တည်းမဟုတ် လက်တွေ့နိုင်ငံရေး အခြေအနေအား ထောက်ရှု သုံးသပ်ပြီး နိုင်ငံရေးပါတီတရပ်၊ နိုင်ငံရေးပါတီဝင်တယောက် လုပ်သင့်လုပ်ထိုက်သည်ကို မည်သို့ ဆုံးဖြတ်လုပ်ကိုင်မည်ကို NLD ပါတီဝင်များ ရွေးချယ်ကြရန် လိုအပ်မည် ဖြစ်သည်။
လက်ရှိ အခြေအနေအချိန်အခါတွင် မည်သို့ ဆုံးဖြတ်လုပ်ကိုင်မည်ဆိုခြင်းအား ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း အပေါ် ပုံ၍ ခေါင်းခံတာဝန်ယူစေခြင်းသည်လည်း သင့်တော်သည့်ကိစ္စ မဟုတ်ပေ။
နွေဦးတော်လှန်ရေးနှင့်အတူ
တကယ်တော့ လက်ရှိအငြင်းပွားနေသည့် CWC ပြူနာသည် တကယ်တော့ အပေါ်ယံ ပြူနာသာဖြစ်သည်။ တကယ့် အရင်းအမြစ် ပြဿနာမှာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် လူထု၏ လက်နက်ကိုင် ခုခံ တော်လှန်မှုစစ်ပွဲနှင့် ပတ်သက်သည့် သဘောထားဖြစ်သည်။
အနုနည်းလမ်းစဉ်ကို နှစ်ရှည်လများ ကိုင်စွဲလာခဲ့သည့် NLD ပါတီနှင့် ပါတီ ထောက်ခံသူများအတွက် အရေးကြီးသော ပုစ္ဆာတပုဒ်ဖြစ်သည်။
လက်နက်ကိုင် ခုခံ ပုန်ကန်မှုကို လက်မခံသည့် NLD ပါတီဝင်များ ရှိသကဲ့သို့ ဒေသအသီးသီးရှိ NLD ပါတီဝင်များသည် လူထုနှင့်အတူ ခုခံတော်လှန်မှုတွင် ပါဝင်လျက်ရှိနေပေရာ မည်သို့ပင်အငြင်းပွားမှု ရှိနေစေကာမူ CWC ၏ အခန်းကဏ္ဍ သည် ဆက်လက်ရှိနေပေလိမ့်မည်။
လက်နက်ကိုင် ခုခံ ပုန်ကန်မှုကို လက်မခံသည့် NLD ပါတီဝင်များ ရှိသကဲ့သို့ ဒေသအသီးသီးရှိ NLD ပါတီဝင်များသည် လူထုနှင့်အတူ ခုခံတော်လှန်မှုတွင် ပါဝင်လျက်ရှိနေပေရာ မည်သို့ပင်အငြင်းပွားမှု ရှိနေစေကာမူ CWC ၏ အခန်းကဏ္ဍ သည် ဆက်လက်ရှိနေပေလိမ့်မည်။
CWC သည် ခြောက်ပစ်ကင်းသဲလဲစင်တော့ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ CWC ကော်မတီဝင်တဦးချင်း၏ အရည်အသွေး ပြဿနာ၊ လုပ်ရည်ကိုင်ရည် ပြဿနာ၊ CWC ၏ ဆုံးဖြတ်ချက်တခုချင်းနှင့် ပတ်သက်သော ပြဿနာများသည် နိုင်ငံရေး ပါတီတိုင်း ကြုံနေခဲ့ရသကဲ့သို့ မလွှဲမရှောင်သာ ရှိနေပေလိမ့်မည်။
သို့သော် တဖက်တွင် CWC တွင် ပါဝင်သူများ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရ၊ ပုဒ်မမျိုးစုံအထုတ်ခံထားရ၊ မိသားစုပါ ထိပါးခံရသည့် အခြေအနေများကိုလည်း အသိအမှတ်ပြုရန် လိုသည်။
မည်သို့ပင် အငြင်းပွားမှုများ ရှိနေသည်ဖြစ်စေ CWC အခန်းကဏ္ဍသည် နွေဦးတော်လှန်ရေး၊ မျက်မှောက်မြန်မာပြည် နိုင်ငံရေးနှင့်အတူ ရှိနေပေလိမ့်မည်။
(အေးချမ်းဆုသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
မြန်မာအဝေးရောက်အစိုးရများသမိုင်း
NUG ကို အကြောင်းကြားရန် ပျက်ကွက်မှု ကုလယာဉ်တန်းများကို ထိခိုက်လာနိုင်
ရွေးကောက်ပွဲ ဘယ်တော့ဆိုတာ မပြောဘဲ ပါတီတွေ မှတ်ပုံတင်ခိုင်းတာ တရားတယ်လို့ မမြင်ဘူး
ကြံ့ခိုင်ရေးပါတီ စည်းရုံးရေး အရှိန်မြှင့်တင်နေ
ရန်ကုန်မြို့ကြီး သွေးမအေးသွားပါ