• English
Thursday, November 30, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

        ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

        ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

        ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home အာဘော် သူ့အတွေး သူ့အမြင်

          မြန်မာစစ်တပ် ဆေးစွဲနေပြီ

          by ခင်မမ
          22 March 2023
          in သူ့အတွေး သူ့အမြင်
          Reading Time: 1 min read
          A A
          RFA သတင်းဌာနက ရရှိသွားသော စစ်သားတဦး၏ ဖုန်းထဲမှ ဗီဒီယိုတွင် လူသတ်မှုကို ထမင်းစားရေသောက် ပြောနေသော စစ်သားများ / RFA

          RFA သတင်းဌာနက ရရှိသွားသော စစ်သားတဦး၏ ဖုန်းထဲမှ ဗီဒီယိုတွင် လူသတ်မှုကို ထမင်းစားရေသောက် ပြောနေသော စစ်သားများ / RFA

          27k
          VIEWS
          Share on FacebookShare on Twitter

          နာဠာဂီရိဆင်ကြီးအား အရက်မူးအောင်တိုက်ပြီး ဗုဒ္ဓကိုပင် အန္တရယ်ပြုရန် ကြံစည်ခဲ့ကြသည်ကို ဖတ်ဖူးမှတ်ဖူးကြပေမည်။ အရက်သေစာဆိုသည်က အခြား ဂုဏ်သတ္တိများအပြင် မူးယစ်သည်။ သွေးကြွသည်။ သွေးဆူလွယ်၏ ဆိုသည်ကတော့ အားလုံးသိကြသည်။ မလုပ်ရဲ၊ မပြောဆိုရဲသောကိစ္စ ဖြစ်မြောက်အောင် အရက်သောက်ပြီး ရဲဆေးတင်လေ့ရှိကြသည်။

          မြန်မာစစ်တပ်တွင် အာမီရမ်ဆိုသည်က ရာရှင်တွင် ပါဝင်သည်။ ငှက်ဖျားကာကွယ်ဆေး ထည့်ထားပြီး ငှက်ဖျား ကာကွယ်ရန် ရည်ရွယ်ခဲ့သည်။ ယခင်အခါက စစ်တိုက်သောအခါ မြန်မာစစ်တပ်သည် မိမိစစ်သားများအား ရဲဆေးတင်ရန် အရက်ဖြူကို ပလတ်စတစ်ပုံးလိုက် ချ‌ပေးပြီး စိတ်ကြိုက်သောက်စေကာ ရဲဆေးတင်စေခဲ့သည်ဟု ကြားဖူး ဖတ်ဖူးခဲ့သည်။

          RelatedPosts

          ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

          ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

          30 November 2023
          87
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          30 November 2023
          2.9k
          စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

          စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

          29 November 2023
          5k

          ပြီးခဲ့သော ဆယ်နှစ်ကာလအတွင်း မြန်မာစစ်တပ်နှင့် ရဲတပ်အဖွဲ့အတွင်း သုံးစွဲလာသည်မှာ ယာမ ခေါ် မြင်းဆေး ခေါ် စိတ်ကြွဆေးဖြစ်သည်။ ရှမ်းပြည်နယ်တွင် တာဝန်ကျသည့် စစ်သားများက အစပြုပြီး ယာမကို မြန်မာစစ်သားများ စွဲလာသည်။

          အခုတော့ ခေတ်တွေပြောင်းသွားပြီ။ ပြီးခဲ့သော ဆယ်နှစ်ကာလအတွင်း မြန်မာစစ်တပ်နှင့် ရဲတပ်အဖွဲ့အတွင်း သုံးစွဲလာသည်မှာ ယာမ ခေါ် မြင်းဆေး ခေါ် စိတ်ကြွဆေးဖြစ်သည်။ ရှမ်းပြည်နယ်တွင် တာဝန်ကျသည့် စစ်သားများက အစပြုပြီး ယာမကို မြန်မာစစ်သားများ စွဲလာသည်။

          နောက်ပိုင်း အရာရှိငယ်များပါ ယာမရှူလာကြသည်။ ထို့နောက် မြင်းဆေးအပြင်၊ ရေခဲ၊ ခေါင်းခါဆေးစသည်ဖြင့် တပြည်လုံးအနှံ့ စိတ်ကြွဆေးများ ပျံ့နှံ့လာသည်နှင့်အတူ တပြည်လုံးအနှံ့ရှိ စစ်တပ်များအတွင်း စိတ်ကြွဆေးသုံးစွဲမှု များပြားလာသည်။ မူးယစ်ဆေးဝါးမျိုးစုံ လာသော်လည်း ယာမက ဈေးအပေါဆုံးဖြစ်၍ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့အောက်ခြေတွင် အသုံးအများဆုံးဖြစ်သည်။

          စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံတိုင်ပင်ရွာတွင် ရွာခံများကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားစဉ်

          ယခင်အခါက နှစ်လုံး၊ သုံးလုံး ချဲထီရောင်းသော ဒိုင်များကို နယ်ခံရဲက လိုင်းကြေးတောင်းလျှင် ပိုက်ဆံသာ တောင်းသော်လည်း နောက်ပိုင်း ပိုက်ဆံအစား ယာမ ဘယ်နှပြားဟူ၍ တောင်းသည်ဟု နေပြည်တော်ပြည်ရှိ ချဲဒိုင်က ပြောပြဖူးသည်။ တောင်းသည့် ယာမအရေအတွက်က များ၍ ဘာကြောင့်လဲဟု မေးကြည့်တော့ နေပြည်တော် လွှတ်တော်ဝင်းအတွင်း တာဝန်ကျနေသော ရဲတပ်ရင်းက လနှင့်ချီ အပြင်ထွက်ခွင့်ပိတ်ထား၍ သူတို့ထံ ပို့ပေးရမည်ဆိုသည်။ ထိုသို့ နေပြည်တော်ရဲက ယာမ လိုင်းကြေးတောင်းသော ကာလသည် လွန်ခဲ့သော ၁၀ နှစ်ခန့်ကတည်းက စသည်ဟု ချဲဒိုင်များက ပြောပြကြသည်။

          ယာမ ခေါ် မူးယစ်ဆေးက အရက်နှင့် မတူ။ အရက်က မူးလျှင် သွေးကြွတတ်သည်။ ယာမရှူလျှင်ကတော့ “ဆေးကြောင်သည်” ဟု အများက သတ်မှတ်ကြ၏။ ဆေးကြောင်သည်ဆိုသည်က စိတ်ကြောင်ပြီး အသိစိတ်ပျောက်နေခြင်း ဖြစ်သည်။ အစောပိုင်းကာလက မူးယစ်ဆေးဝါး ဆေးစွဲသည့်ပြဿနာကို တပ်တွင်း၌ ကိုင်တွယ်ရန် ကြိုးစားခဲ့ကြသေးသည်။

          သို့သော် ပြင်းပြင်းထန်ထန် ကိုင်တွယ်ခြင်း မပြုရဲကြ။ အကြောင်းက တပ်သားရေသောက်မြစ် ပြဿနာဖြစ်သည်။ တပ်ထဲဝင်သူ နည်းပါနေချိန်၊ တပ်သားသစ်များ ဝယ်ယူနေရချိန်တွင် ရှိပြီးသားတပ်သားများကို ယာမရှူသည့်အပြစ်ကြောင့် ထောင်ချပြီး တပ်ကထုတ်ပစ်ရန် ဝေးစွ၊ ပြင်းပြင်းထန်ထန် အရေးယူပါက ထွက်ပြေးမည် စိုးသဖြင့် ချိန်ဆနေရသည်။

          ထို့ပြင် ယာမကြောင်သည့် စစ်သားများကို အလုပ်ခိုင်းပါက ဆေးကြောင်ပြီး မနားတမ်း လုပ်တတ်သည်ဖြစ်ရာ စစ်ဗိုလ်များအတွက် အကွက်ကောင်းဖြစ်သည်။ သို့ဖြစ်ရာ တပ်တွင်း၌ ယာမရှူခြင်းသည် သိသာသိစေ၊ မမြင်စေနှင့် ပေါ်လစီဖြင့် ချီတက်နေတော့၏။ ထိုသို့ ပြင်းပြင်းထန်ထန် အရေးယူနိုင်ခြင်းမရှိသည့်အောက်တွင် တပ်တွင်း၌ ယာမ မူးယစ်ဆေးသုံးစွဲခြင်း ပျံ့နှံ့လာခဲ့သည်။ စစ်သားများသည်လည်း ဆေးကြောင်နေသည့် စစ်သားများဖြစ်လာကြသည်။

          တပ်တွင်း၌ ယာမရှူခြင်းသည် သိသာသိစေ၊ မမြင်စေနှင့် ပေါ်လစီဖြင့် ချီတက်နေတော့၏။ ပြင်းပြင်းထန်ထန် အရေးယူနိုင်ခြင်းမရှိသည့်အောက်တွင် တပ်တွင်း၌ ယာမ မူးယစ်ဆေးသုံးစွဲခြင်း ပျံ့နှံ့လာခဲ့သည်။ စစ်သားများသည်လည်း ဆေးကြောင်နေသည့် စစ်သားများဖြစ်လာကြသည်။

          ယာမ၊ မြင်းဆေး၊ ရေခဲ၊ ခေါင်းခါဆေးစသည့် အမယ်စုံ မူးယစ်ဆေးများသည် များစွာသော ငွေကြေးအကျိုးအမြတ်ကိုလည်း ပေးသည်ဖြစ်ရာ မြန်မာစစ်ဗိုလ်ချုပ်များအတွက် ငွေတွင်းလည်းဖြစ်သည်။ အထူးသဖြင့် ရှမ်းပြည်နယ်ရှိ စစ်တိုင်း လေးတိုင်းတွင် တာဝန်ကျသည့် တိုင်းမှူးနှင့် စစ်ဘက်အရာရှိ အဆင့်ဆင့်အတွက် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားခြင်းကို ကိုယ်တိုင်လုပ်စရာမလိုဘဲ အကာအကွယ်ပေးခြင်းသည် သူတို့၏ ဝင်ငွေဖြစ်လာသည်။ ရှမ်းပြည်နယ်ရှိ မြောက်များစွာသော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များကို အကာအကွယ်ပေးခြင်းဖြင့် မူးယစ်ဆေးမှ ဝင်ငွေကောင်း၏။

          တြိဂံတိုင်းစစ်ဌာနချုပ်ရှိ လားဟူနှင့် အာခါပြည်သူ့စစ်များ၊ အရှေ့ပိုင်းတိုင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း နယ်မြေအတွင်းရှိ မတ်ကျန်း၊ နာရိုင်း၊ အက်စ်သုံးလုံးစသည့် ရှမ်းပြည်သူ့စစ်များ၊ ပအိုဝ်းပြည်သူ့စစ်များ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းရှိ မုန်းဝန်းတရုတ်၊ ရှမ်း၊ ကောင်းခါး ကချင်ပြည်သူ့စစ်များသည် မူးယစ်ဆေးဝါးမျိုးစုံ ချက်လုပ်ဖြန့်ဖြူးရောင်းချရာတွင် အဓိကအခန်းက ပါဝင်ပတ်သက်နေကြသူများ ဖြစ်သည်။ တိုင်းအဆင့် စစ်ဘက်အရာရှိကြီးများ၏ ငွေတွင်းလည်းဖြစ်သည်။

          တခါတရံ ပြည်တွင်းပြည်ပ ဖိအားများကြောင့် တချို့တလေကို အဖမ်းပြရသည်များ ရှိသော်လည်း အဓိကအပိုင်းကို‌မူ ချန်လှပ်ဖုံးကွယ်ထားလေ့ရှိကြသည်။ ပြည်သူ့စစ်များ ရန်ပုံငွေရှာခြင်းနှင့် ပတ်သက်၍ မြဝတီ၊ တာချီလိတ်၊ မူဆယ်၊ လောက်ကိုင်စသည့် နယ်စပ်ဒေသများ၌ ကာစီနိုကစားဝိုင်းများ ဖွင့်ခွင့်ပြုခြင်းသည် မြန်မာစစ်တပ်၏ တရားဝင်ပေါ်လစီဖြစ်ပြီး အရပ်သားအစိုးရ လက်ထက်တုန်းကလည်း ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။

          စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်ကျေးရွာတွင် ပြီးခဲ့သည့် မေလက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့မြေလှန်ထားသည့် မြင်ကွင်း

          သို့သော် ပြည်သူ့စစ်ရန်ပုံငွေအတွက် ကာစီနိုသည် တရားဝင်ပေါ်လစီ ဖြစ်သကဲ့သို့ မူးယစ်ဆေးဝါးကမူ တတွဲတည်းပါသည့် နားလည်မှု ဖြစ်သည်။ မြန်မာစစ်တပ်အတွက် လည်းကောင်း၊ စစ်ဗိုလ်ချုပ်များအတွက် လည်းကောင်း ငွေတွင်းဖြစ်သည်။ ယနေ့ နာမည်ကြီးနေသည့် ရွှေကုက္ကိုမှရသည့် အခွန်အများစုမှာလည်း နေပြည်တော်စစ်ရုံးသို့ ဆက်သရသည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်၏ ထိန်းချုပ်မှုအောက်ရှိ ရွှေကုက္ကို ကာစီနိုသည် မည်မျှ နာမည်ပျက်နေသော်လည်း စစ်ဗိုလ်ချုပ်များ၏ အကာအကွယ်ဖြင့် ရပ်တည်နိုင်သည်။

          ဤသို့ မြန်မာစစ်တပ် ထိပ်တန်းစစ်ဗိုလ်ချုပ်များက ပြည်သူ့စစ်များကို အမည်ခံခိုင်းပြီး ငွေရှာကောင်းနေစဉ်တွင် အောက်ခြေအရာရှိ အဆင့်ဆင့်ကလည်း ပြည်တွင်းတွင် မူးယစ်ဆေးသယ်၍ စီးပွားရှာကြသည်။ တဦးချင်း မူးယစ်ဆေးဝါးသယ်သည့် မြန်မာစစ်တပ်အရာရှိများ၊ တပ်ဖွဲ့ဝင်များကို မကြာခဏ ဖမ်းဆီးရမိမှုများ တွေ့ရှိရသကဲ့သို့ ရှေ့တန်းစစ်ကြောင်းထွက်သည့် သို့မဟုတ် ပြန်သည့် စစ်တပ်များက မူးယစ်ဆေးဝါး သယ်သည်။ ထိုသို့သောသတင်းများကို မြန်မာစစ်တပ်က ဖုံးဖိလေ့ရှိသည်။ သို့သော် ဖုံးမရဖိမရ သတင်းအစအနက နေရာတိုင်းထွက်နေသည်။

          ထိပ်တန်းစစ်ဗိုလ်ချုပ်များက ပြည်သူ့စစ်များကို အမည်ခံခိုင်းပြီး ငွေရှာကောင်းနေစဉ်တွင် အောက်ခြေအရာရှိ အဆင့်ဆင့်ကလည်း ပြည်တွင်းတွင် မူးယစ်ဆေးသယ်၍ စီးပွားရှာကြသည်။ တဦးချင်း မူးယစ်ဆေးဝါးသယ်သည့် မြန်မာစစ်တပ်အရာရှိများ၊ တပ်ဖွဲ့ဝင်များကို မကြာခဏ ဖမ်းဆီးရမိမှုများ တွေ့ရှိရသကဲ့သို့ ရှေ့တန်းစစ်ကြောင်းထွက်သည့် သို့မဟုတ် ပြန်သည့် စစ်တပ်များက မူးယစ်ဆေးဝါး သယ်သည်။

          မူးယစ်ဆေးဖြင့် စစ်ဗိုလ်ချုပ်များက ငွေရှာ၊ အောက်ခြေစစ်သားများက ဆေးစွဲသည့်ဖြစ်ရပ် မြန်မာစစ်တပ်တွင်း အချိန်ကာလတခု အမြစ်တွယ်ခဲ့ပြီ ဖြစ်သည်။ စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ အဆိုအရ လက်ရှိကာလတွင် မြန်မာစစ်တပ်၏ စစ်သားများကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆေးစစ်ပါက အများစု မလွတ်နိုင်ဟု ဆိုသည်။

          ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုအား ရက်စက်ကြမ်းတမ်းစွာ နှိပ်ကွပ်လိုသည့် မြန်မာစစ်ဗိုလ်ချုပ်များက အောက်ခြေတပ်များကို ရက်စက်သည့်အမိန့်များ ပေးလာသည်။ လူထု၏ ရပ်ရွာအိုးအိမ် အ‌ဆောက်အအုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ဘာသာရေး အဆောက်အအုံများမကျန် မီးရှို့ဖျက်ဆီးပြီး မြေလှန်စနစ် ကျင့်သုံးခိုင်းလာသည်။

          ထိုရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်ခိုင်းသည်ကို လက်တွေ့လုပ်ဆောင်ရမည့် စစ်သားများသည် ပုံမှန် အသိစိတ်‌ပျောက်နေမှ၊ လူစိတ်ပျောက်နေမှဖြစ်ရာ ၎င်းတို့လုပ်နေကျ ဝါဒဖြန့်ချိမှုဖြစ်သည့် အမျိုးဘာသာ သာသနာနှင့် မလုံလောက်တော့ပေ။ သို့နှင့် မူးယစ်ဆေးသည် မြန်မာစစ်တပ်အတွက် မောင်းနှင်အားဖြစ်လာသည်။ မူးယစ်ဆေးသုံးစွဲ၍ အသိစိတ်လွတ်နေပါမှ မည်သည့် ရက်စက်ကြမ်းကြုတ်မှုမဆို လုပ်ကိုင်နိုင်သည်ဖြစ်ရာ ယခင်က သိသာသိစေ မမြင်စေနှင့်မှသည် မူးယစ်ဆေးသည် မြန်မာစစ်တပ်အတွက် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်ရန် မောင်းနှင်အားအဖြစ် မြန်မာစစ်ဗိုလ်ချုပ်များ အသုံးပြုလာတော့၏။ မူးယစ်ဆေးဝါးသည် လက်ရှိ မြန်မာစစ်တပ်အတွင်းတွင် အာမီရမ်သဖွယ် ရာရှင်ဖြစ်လာတော့သည်။

          လတ်တလောတွေ့နေရသည့် မြန်မာ့စစ်တပ်က ကျူးလွန်နေသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် တွေ့နိုင်သည်မှာ သေဆုံးသူများအား သေနတ်ဖြင့် တချက်တည်းပစ်သတ်ခြင်းမျိုး မဟုတ်ပေ။ နှိပ်စက်မှု ညှဉ်းပန်းမှုများစွာ ပြုလုပ်ခြင်း၊ ခေါင်းဖြတ်ခြင်း၊ ဗိုက်ဖောက်ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်သည့်အပြင် မိန်းမကိုယ်အင်္ဂါအား ဓားဖြင့်ဖျက်ဆီးခြင်း၊ သတ်ထားသောသူများအား ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အပိုင်းပိုင်းဖြတ်တောက်ခြင်းများကို တွေ့နေရသည်။

          သာမန်အသိစိတ်ရှိချိန်တွင် မလုပ်နိုင်သည့်လုပ်ရပ်မျိုးအား ကျူးလွန်စေရန် မြန်မာစစ်တပ် စစ်ဗိုလ်ချုပ်များသည် သူတို့၏တပ်သားများကို မူးယစ်သုံးစွဲမှု ခွင့်ပြုပြီး စေခိုင်းနေခြင်းဖြစ်သည်။ အရက်တိုက်ပြီး ရဲဆေးတင်စေသည့် လုပ်ရပ်ထက် များစွာဆိုးဝါးသည့် လုပ်ရပ်ဖြစ်၏။

          ဤသို့ပြုမူခြင်းများသည် ပုံမှန်စိတ်ရှိသောသူများ ပြုလုပ်နိုင်သည့်လုပ်ရပ်မျိုး မဟုတ်ပေ။ အရပ်ထဲတွင် စိတ္တဇ လူသတ်သမားများ၏ ပြုမူပုံများဖြစ်သည်။ ပြောရလျှင် အသိစိတ်လွတ်နေသောသူများ၏ ပြုမူမှုများဖြစ်သည်။ မူးယစ်ဆေးရှူပြီး ဆေးကြောင်နေသော စစ်ဗိုလ်၊ စစ်သားများ၏ လုပ်ရပ်များဖြစ်သည်။ သာမန်အသိစိတ်ရှိချိန်တွင် မလုပ်နိုင်သည့်လုပ်ရပ်မျိုးအား ကျူးလွန်စေရန် မြန်မာစစ်တပ် စစ်ဗိုလ်ချုပ်များသည် သူတို့၏တပ်သားများကို မူးယစ်သုံးစွဲမှု ခွင့်ပြုပြီး စေခိုင်းနေခြင်းဖြစ်သည်။ အရက်တိုက်ပြီး ရဲဆေးတင်စေသည့် လုပ်ရပ်ထက် များစွာဆိုးဝါးသည့် လုပ်ရပ်ဖြစ်၏။

          မြန်မာစစ်တပ် စစ်ဗိုလ်ချုပ်များက မူးယစ်ဆေးစွဲနေသော စစ်သားများဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို အကောင်အထည်ဖော်၍ရသဖြင့် ကျေနပ်နေကြပုံရသည်။ မူးယစ်ဆေးစွဲနေသော၊ ဆေးကြောင်နေသော၊ ပုံမှန်စိတ်မဟုတ်သော စစ်သားများသည် အမြဲတစေ သူတို့၏အမိန့်များကို နားထောင်နေလိမ့်မည်ဟု ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များက ယူဆနေကြသည်။ အမြဲတမ်းလည်း ခိုင်းကောင်းနေလိမ့်မည်ဟု ပေါ့ပေါ့တန်တန် ယူဆနေကြသည်။

          ဆေးကြောင်နေသော၊ ပုံမှန်စိတ်မဟုတ်သော စစ်သားများသည် အချိန်မရွေး သူတို့ကိုအမိန့်ပေးနေသည့် စစ်ဗိုလ်ချုပ်များကို ပြန်လည် ရန်ပြုနိုင်သည်။ ပြန်လည် ပစ်သတ်နိုင်သည်၊ ထင်ရာစိုင်းနိုင်သည်ကို ထည့်သွင်းစဉ်းစားပုံ မရ။ ဆေးကြောင်၍ ထိန်းမနိုင် သိမ်းမရ အသိစိတ်လွတ်နေသော စစ်သားများ၏ လက်ချက်ဖြင့် ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ ဇီဝိန်ချုပ်ရင်း ကိုယ်ရှူးကိုယ်ပတ်မည်အား သိပ်မဝေးသောကာလတွင် တွေ့ရပါက အံ့ဩစရာ မရှိပေ။

          (ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

          You may also like these stories:

          ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ

          အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ

          အသက်မပြည့်သေးသည့် ကလေးတွေကိုပါ စစ်ကောင်စီသတ်ဖြတ်

          တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ

          စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ

          စစ်ကောင်စီ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှု ၃၂ ခု ရှိ

          စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ

          Your Thoughts …
          Tags: စစ်ကိုင်းတိုင်းစစ်ကောင်စီစစ်အာဏာသိမ်းမှုစိတ်ကြွဆေးပြည်သူ့စစ်ဘာသာရေး အဆောက်အအုံမကွေးတိုင်းမီးရှို့ဖျက်ဆီးမှုမူးယစ်ဆေးဝါးရက်စက်ကြမ်းကြုတ်မှုရွှေကုက္ကိုရှမ်းပြည်နယ်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအမျိုးဘာသာ သာသနာအရက်အာမီရမ်
          ခင်မမ

          ခင်မမ

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          50k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          46.5k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          39.2k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          36.7k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.2k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          by အုန်းညို
          25 September 2023
          34.8k

          စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

          Next Post
          လာမည့်သင်္ကြန်ပွဲတော်တွင် အဆိုတော် ယုန်လေးက စီစဉ်နေပြီး သူ့နောက်တွင် ဗိုလ်မှူးချုပ် ကျော်မိုးသက်မှာ ရှိနေသေးသည်

          ယုန်လေးနောက်က ကျားမှုန်

          အာဏာသိမ်းပြီး ၁၅ ရက်အကြာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်သို့ စစ်တပ်နှင့် ရဲများ ရောက်လာပြီး ရုံးတွင်းဝင်ရောက် ရှာဖွေရာ ဆန္ဒပြလူထုက ဤသို့ ပြန်လည်ဝိုင်းထားခဲ့သည် (ဧရာဝတီ)

          NLD ပါတီ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရဖွယ်ရှိ

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          2 days ago
          11.2k
          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          5 days ago
          8.1k

          Most Read

          • စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

            စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

            shares
            Share 0 Tweet 0
          • ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

            shares
            Share 0 Tweet 0
          • စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

            shares
            Share 0 Tweet 0
          • မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved