တရုတ်အစိုးရ အထူးသံတမန် တိန့်ရှီကျွန်း၏ ပြီးခဲ့သော သုံးလတာကာလအတွင်း လွန်းပျံခရီးစဉ်များက မြန်မာနိုင်ငံရေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သည်။ မြန်မာအရေးနှင့် ပတ်သက်၍ တရုတ်အထူးသံတမန်၏ ဆောင်ရွက်ချက်များသည် တရုတ်တို့၏ မဟာဗျူဟာခြေလှမ်းများမှ လာသည်ဖြစ်ရာ တရုတ်တို့၏ ယင်းခြေလှမ်းများကို လေ့လာသုံးသပ်ကြည့်ရန် လိုသည်။
တရုတ် လော့ဒေါင်းနှင့် ရှီကျင့်ဖျင်
၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလမှစ၍ ၂၀၂၂ ခုနှစ်ကုန်သည်အထိ တရုတ်ပြည်တွင် လော့ဒေါင်းပြုလုပ်ထားခဲ့သည်။ အဆိုပါ လော့ဒေါင်းသည် ကိုဗစ်ရောဂါအတွက် လော့ဒေါင်းလော၊ သို့တည်းမဟုတ် တရုတ်ပြည်တွင် နှစ်ပေါင်း ၂၀ ကျော် ခိုင်မြဲခဲ့သည့် သမ္မတ သက်တမ်းနှစ်ဆက်သာ ကန့်သတ်ထားမှုကို ဖျက်သိမ်းပြီး ရာသက်ပန် တာဝန်ထမ်းဆောင်ရန် စီစဉ်ခဲ့သည့် ရှီကျင့်ဖျင်က သူအားဆန့်ကျင်သည့် နိုင်ငံရေးအုပ်စုများကို ကောင်းစွာကိုင်တွယ်နိုင်ရန် ချမှတ်သည့် လော့ဒေါင်းလောဆိုသည်က ခွဲခြားရန် ခက်ခဲသည်။
ရှီကျင့်ဖျင် တတိယအကြိမ် သမ္မတသက်တမ်းကို ဆက်ခံပြီးနောက် တရုတ်လော့ဒေါင်းသည် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်ကတော့ အမှန်ပင်။ ထိုလော့ဒေါင်း ပျောက်ကွယ်သွားသည်နှင့် တရုတ်တို့၏ နိုင်ငံရေး၊ စီးပွားရေးခြေလှမ်းများကို တွေ့ရပေတော့သည်။
သို့သော် မစ္စတာ ရှီကျင့်ဖျင် တတိယအကြိမ် သမ္မတသက်တမ်းကို ဆက်ခံပြီးနောက် တရုတ်လော့ဒေါင်းသည် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်ကတော့ အမှန်ပင်။ ထိုလော့ဒေါင်း ပျောက်ကွယ်သွားသည်နှင့် တရုတ်တို့၏ နိုင်ငံရေး၊ စီးပွားရေးခြေလှမ်းများကို တွေ့ရပေတော့သည်။ ထို့အတူ လော့ဒေါင်းကာလက မြန်မာနှင့်ပတ်သက်သည့် သဘောထားကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ခဲ့သော်လည်း လော့ဒေါင်းဖွင့်ပြီးနောက် တရုတ်၏ မဟာဗျူဟာခြေလှမ်းများ၊ တရုတ်တို့၏ တက်ကြွသော နိုင်ငံခြားရေးမူဝါဒများနှင့်အတူ တရုတ်တို့၏ မြန်မာနှင့်ပတ်သက်သော သဘောထားတို့ တဖြည်းဖြည်းပုံဖော်လာသည်။
ယူကရိန်းစစ်ပွဲ ဖိအား
တရုတ်သည် နိုင်ငံရေးအရ ရုရှား-ယူကရိန်းစစ်ပွဲ (ဝါ) ရုရှားနှင့် အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများနှင့် ယှဉ်ပြိုင်ပွဲတွင် ရုရှားဘက်က မဲတင်းပေးရန် သဘောထားကို ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက ပြုလုပ်ခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ မော်စကိုခရီးစဉ်က ပြသလိုက်သည်။ ယူကရိန်းစစ်ပွဲတွင် ကြားနေရေးမူဝါဒကို တရုတ်တို့ မကျင့်သုံးတော့ဆိုသည်ကို ပြသလိုက်သည်။
တရုတ်တို့အဖို့ ပြီးခဲ့သည့် နှစ်နှစ်အတွင်း အမေရိကန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ တိုးလာနေသည်။ စီးပွားရေး၊ ကုန်သွယ်မှုနယ်ပယ်များတွင် ထိပ်တိုက်တိုးမှုများ ပိုတိုးလာသည်။ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်ကြား စစ်ရေးအရ ပို၍တင်းမာလာသည်။ နှစ်ဖက်လုံး စစ်အင်အားတပြပြ ဖြစ်နေသည်။ ထိုကာလတွင်ပင် ဖိလစ်ပိုင်က သူ့၏ကျွန်းစုများ၌ အမေရိကန်စစ်စခန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ ဤသို့သော အခြေအနေအောက်တွင် တရုတ်သည် သူ၏ နိုင်ငံရေးမဟာဗျူဟာအား လိုအပ်ပါက စစ်ရေးမဟာမိတ်ဖွဲ့မှု အခြေခံပေါ်တွင် စဉ်းစားလာသည်။
အနောက်က ပိတ်ဆို့ထားသော ရုရှားဈေးကွက်ကြီးနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ အထူးသဖြင့် ဈေးပေါသော ရေနံများကလည်း တဖက်မှ တရုတ်တို့ မျက်စိကျစရာဖြစ်သည်။ စစ်တိုက်၍ ငွေလိုနေသော ရုရှားထံမှ တရုတ်တို့ စီးပွားရေးအကျိုးအမြတ်များစွာ ရှာနိုင်သည့် အခွင့်အလမ်း ပေါ်ပေါက်လာမည်က မြေကြီးလက်ခတ် မလွဲဖြစ်သည်။
တရုတ်က ရုရှားကို လက်နက်ခဲယမ်း ကူ၊ မကူနှင့်ပတ်သက်၍ အငြင်းပွားဖွယ်အဆင့်သာ ရှိနေသေးသည်။ ကူညီနိုင်သည်ဟု တွက်ဆကြသကဲ့သို့ ရှီကျင့်ဖျင်၏ခရီးစဉ်တွင် တရုတ်စစ်ဘက်မှ အဆင့်မြင့်အရာရှိများမပါသဖြင့် မကူညီနိုင်ဟု တွက်ဆကြသည်။ တကယ်တမ်းတွင် စစ်ရေးအကူအညီသည် နောက်တဆင့်မှသာဖြစ်နိုင်ပြီး လက်ငင်း တရုတ်တို့ မဖြစ်မနေ ကူညီတော့မည်က ဘဏ္ဍာရေး၊ စီးပွားရေးအရ ရုရှားကို ကျားကန်ပေးတော့မည်။ အနောက်က ပိတ်ဆို့ထားသော ရုရှားဈေးကွက်ကြီးနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ အထူးသဖြင့် ဈေးပေါသော ရေနံများကလည်း တဖက်မှ တရုတ်တို့ မျက်စိကျစရာဖြစ်သည်။ စစ်တိုက်၍ ငွေလိုနေသော ရုရှားထံမှ တရုတ်တို့ စီးပွားရေးအကျိုးအမြတ်များစွာ ရှာနိုင်သည့် အခွင့်အလမ်း ပေါ်ပေါက်လာမည်က မြေကြီးလက်ခတ် မလွဲဖြစ်သည်။
အမေရိကန်ဆန့်ကျင်ရေး အခြေခံ
တရုတ်တို့သည် ၂၀၂၁-၂၀၂၂ အတွင်း မြန်မာပြည်တွင်းအခြေအနေသည် တဖက်နှင့်တဖက် အားပြိုင်နေသည်ဟု သုံးသပ်ခဲ့သော်လည်း ယခုအခါ မြန်မာစစ်ကောင်စီဘက်မှ ရပ်ခံရန် တရုတ်တို့ ဆုံးဖြတ်လိုက်သည်။
မြန်မာစစ်ကောင်စီသည် ရုရှားအား ဆရာတင်ရန် ကြိုးစားနေသော်လည်း ရုရှားကိုယ်တိုင် တရုတ်၏အကူအညီ လိုအပ်နေသည်ကို မျက်မြင်တွေ့ရသလို ရုရှားအဖို့လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်၏အဆုံးအဖြတ်ကို ကျော်လွန်မည်မဟုတ်။ သို့ဖြစ်ရာ တရုတ်သည် မြန်မာစစ်ကောင်စီအား ကိုင်တွယ်ရန် လွယ်ကူသွားသည်။ တရုတ်သဘောထားကို မြန်မာစစ်ကောင်စီ ငြင်းပယ်ရန် မဖြစ်နိုင်။
နောက်တချက်မှာ မြန်မာစစ်ကောင်စီ၏ ပြိုင်ဘက် NUG နှင့် မြန်မာစစ်ကောင်စီအား ဆန့်ကျင်သည့် အင်အားစုများသည် အမေရိကန်နှင့် အမေရိကန်ဒီမိုကရေစီ လိုလားကြသူများ ဖြစ်ကြသည်။ NUG မှ ခေါင်းဆောင်အချို့သည် အမေရိကန်နှင့် အနောက်နိုင်ငံများတွင် ရှိနေသကဲ့သို့ ထိုနိုင်ငံများတွင် ရုံးခန်းဖွင့်ထားသည်။ သို့ဖြစ်ရာ တရုတ်အနေနှင့် အမေရိကန် ဆန့်ကျင်ရေးအတွက် သေချာသည့် မြန်မာစစ်ကောင်စီကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ တရုတ်အဖို့ပြောလျှင် ASEAN နိုင်ငံအစိုးရများထဲတွင် မြန်မာစစ်ကောင်စီသည် အမေရိကန်နှင့် သူ၏ မဟာမိတ်များကို ဆန့်ကျင်ရေးအတွက် အသေချာဆုံးသော အစိုးရဖြစ်နေ၏။ ထို့ပြင် မြန်မာသည် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက်လည်း အရေးပါသည်။
ထို့ကြောင့် တရုတ်အစိုးရ၏ အထူးသံတမန် တိန့်ရှီကျွန်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်မှစ၍ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ မြန်မာစစ်ကောင်စီတို့နှင့် တွေ့ဆုံခဲ့ပြီး မြောက်ပိုင်းအဖွဲ့များကို ယခုအချိန်တွင် မြန်မာစစ်ကောင်စီအား မတိုက်ခိုက်ရန် တိုက်တွန်းခြင်း၊ တရုတ်နယ်စပ်မျဉ်းတွင် တိုက်ပွဲမဖော်ရန် ဖိအားပေးခြင်း၊ မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် ဖိအားပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
တရုတ်အစိုးရ၏ အထူးသံတမန် တိန့်ရှီကျွန်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်မှစ၍ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ မြန်မာစစ်ကောင်စီတို့နှင့် တွေ့ဆုံခဲ့ပြီး မြောက်ပိုင်းအဖွဲ့များကို ယခုအချိန်တွင် မြန်မာစစ်ကောင်စီအား မတိုက်ခိုက်ရန် တိုက်တွန်းခြင်း၊ တရုတ်နယ်စပ်မျဉ်းတွင် တိုက်ပွဲမဖော်ရန် ဖိအားပေးခြင်း၊ မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် ဖိအားပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
အလားတူ မြန်မာစစ်တပ်အား တရုတ်နယ်စပ်တွင် စစ်ဆင်ရေးမပြုလုပ်ရန် အပြန်အလှန် အာမခံမှုများ ပြုလုပ်ခဲ့သကဲ့သို့ တရုတ်နယ်စပ်သို့ အမေရိကန်အကူအညီနှင့် အမေရိကန်ဩဇာ မသက်ရောက်ရန် ကိုင်တွယ်ခဲ့သည်။ ထို့ပြင် အသက်ငင်နေသည့် မြန်မာစစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုသည်ကို တရုတ်တို့က အသက်သွင်းပေးရန် ကြံစည်ပြင်ဆင်လာခဲ့သည်။ မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုသည်ကို မြန်မာ့နိုင်ငံရေး ထွက်ပေါက်အဖြစ် ပုံဖော်နိုင်ရန် ကူညီအားပေးလာခဲ့သည်။
ယခုအခါ တရုတ်သည် အမေရိကန်ဆန့်ကျင်ရေး အခြေခံပေါ်မှ မြန်မာပြည်ကို ဆက်ဆံတော့မည်၊ မြန်မာစစ်ကောင်စီကို ဆက်ဆံတော့မည် ဖြစ်သည်။ တိန့်ရှီကျွန်း၏ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်မှုများသည် တရုတ်၏ အမေရိကန်ဆန့်ကျင်ရေး အင်အားစုများ တည်ဆောက်ရေး မဟာဗျူဟာအတွင်းမှ ဆောင်ရွက်တော့မည်။
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နိုင်ငံရေးအံတုသူ ၂၀,၀၀၀ ကျော် ဖမ်းဆီးထားမှု၊ တပြည်လုံးအနှံ့အပြား ပုန်ကန်ထကြွနေမှု၊ တပြည်လုံးအနှံ့ အိုးအိမ် ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားမှုတို့သည် တရုတ်တို့အတွက် အရေးမကြီးတော့ပေ။ တရုတ်တို့အဆိုအရ မြန်မာ့ပြည်တွင်းရေးသာ ဖြစ်သည်။
တရုတ်နှင့် မြန်မာ့ခုခံရေးစစ်ပွဲ
တရုတ်အနေနှင့် စစ်ကောင်စီအား ရွေးချယ်ခြင်းသည် သူ၏မဟာဗျူဟာ ဆိုပါကလည်း ထိုမဟာဗျူဟာသည် ရှုပ်ထွေးသည့် မြန်မာပြည်နှင့် ကိုက်ညီမှုရှိရန် ခက်ခဲမည်။ တရုတ်တို့၏ ထိုမဟာဗျူဟာအတွက် အဓိက ရင်ဆိုင်ရမည်မှာ မြန်မာစစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေသည့် တပြည်လုံးအနှံ့အပြားမှ ခုခံတော်လှန်သူများနှင့် သူတို့အပေါ် မြန်မာစစ်တပ်က ထိန်းချုပ်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။
တရုတ်တို့က မြောက်ပိုင်းအဖွဲ့များအား ထိန်းချုပ်ပြီး စစ်ရှိန်လျော့အောင် ကြိုးစားမှုကို ကြည့်ပါက ယခု မြန်မာစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် ဝ UWSA ၊ ရှမ်း SSPP နှင့် မိုင်းလား NDAA တို့သည် မြန်မာစစ်တပ် အာဏာသိမ်းကတည်းက စစ်တပ်အား တိုက်ခိုက်မှုရာတွင် မပါဝင်ခဲ့ကြပေ။ သူ့တို့ဒေသအား သူတို့အပြည့်အဝ ထိန်းချုပ်ပြီး နေခဲ့ကြသည်။ သို့ဖြစ်ရာ ထိုအဖွဲ့များကဲ့သို့ ဒေသထိန်းချုပ်နိုင်ခြင်း မရှိသည့် KIA ကချင်၊ TNLA တအာင်း ပလောင်၊ MNDAA ကိုးကန့်၊ AA ရခိုင်တို့သည် တရုတ်၏ တိုက်တွန်းချက်နှင့် ပတ်သက်၍ တရုတ်နယ်စပ်မျဉ်းတွင် တိုက်ပွဲမဖော်ဆိုသည့် အချက်ကလွဲ၍ ကျန်အချက်များ သဘောတူရန် ခက်ခဲ၏။ ကျန်ဒေသအများအပြားတွင် တိုက်ခိုက်သူနေများအပေါ်လည်း တရုတ်တို့သဘောထား သက်ရောက်သည်ထက် တရုတ်တို့သဘောထားကို ဆန့်ကျင်သူများသာ ရှိပေလိမ့်မည်။
မြန်မာအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီ စသည့် နိုင်ငံတကာညီလာခံများတွင် တရုတ်တို့က မြန်မာပြဿနာသည် မြန်မာပြည်၏ ပြည်တွင်းရေးဟု အမြဲဆိုလေ့ရှိ၏။ ထိုသို့သဘောထားသည် မြန်မာလူထုအား မျက်ကွယ်ပြုပြီး မြန်မာစစ်ကောင်စီဘက်သို့သာ မျက်နှာမူ မဲတင်းပေးခြင်းဖြင့် မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ပေလိမ့်မည်။
တရုတ်တို့က မြန်မာပြဿနာသည် မြန်မာပြည်၏ ပြည်တွင်းရေးဟု အမြဲဆိုလေ့ရှိ၏။ ထိုသို့သဘောထားသည် မြန်မာလူထုအား မျက်ကွယ်ပြုပြီး မြန်မာစစ်ကောင်စီဘက်သို့သာ မျက်နှာမူ မဲတင်းပေးခြင်းဖြင့် မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ပေလိမ့်မည်။
မြောက်ပိုင်းအဖွဲ့များအား မြန်မာစစ်တပ်ကို မတိုက်ခိုက်ရန် တိုက်တွန်း၍ မြန်မာစစ်တပ်အား အသက်ရှုပေါက်ပေးရန် ကြိုးစားသည့်အပြင် မြန်မာပြည်တွင်းရှိ ဒီမိုကရက်တစ်အင်အားစုများနှင့် ဖက်ဒရယ်အင်အားစုများ ညီညွတ်ရေးတည်ဆောက်မှုကိုလည်း ဖြိုခွဲရာလည်း ရောက်သည်။ သို့သော် တရုတ်တို့၏ မြန်မာစစ်တပ်ကို မဲတင်းပေးသည့် ဆက်ဆံရေးကြောင့် ခုခံစစ်အရှိန် ကျသွားသည်ထက် မြန်မာပြည်၏ ခုခံစစ်ပွဲသည် ပို၍ရှုပ်ထွေး ပြင်းထန်ဖွယ်သာ ရှိသည်။
နိုင်ငံတကာဆက်ဆံရေးပြဿနာ
ဒုတိယကမ္ဘာစစ်ကြိုကာလက နိုင်ငံတကာဆက်ဆံရေးများ အပြောင်းအလဲကြီးမားသည့်အပြင် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ဖွဲ့မှုများ ပြောင်းလဲဖြစ်ပေါ်နေသော ကာလက မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသူများကြား ဂျပန်နှင့်ပေါင်း၍ အင်္ဂလိပ်ကို တိုက်ရန်၊ အင်္ဂလိပ်နှင့်ပေါင်း၍ ဂျပန်ကိုတိုက်ရန်၊ ဂျပန်ရော အင်္ဂလိပ်ပါ တိုက်ရန် ဟူ၍ အယူအဆ သုံးမျိုး ကွဲပြားခဲ့ကြဖူးသည်။
ယခု မြန်မာပြည်တွင် စစ်ကောင်စီအား ဒီမိုကရေစီရေး၊ ဖက်ဒရယ်အတွက် တိုက်ပွဲဝင်နေသူများကြားတွင် နယ်မြေဒေသ အခြေအနေအရလည်းကောင်း၊ တရုတ်တို့၏ နိုင်ငံရေးမဟာဗျူဟာအရလည်းကောင်း အမေရိကန်နှင့် ပူးပေါင်းသူ၊ တရုတ်နှင့် ပူးပေါင်းသူဟူ၍ အယူအဆ အငြင်းအခုံ မဖြစ်ပွားရဘဲ မြေပြင်အခြေအနေအရ အလိုအလျောက် ပေါ်ပေါက်နေပြီဖြစ်သည်။
တရုတ်၏ အမေရိကန်ဆန့်ကျင်ရေး နိုင်ငံရေးမဟာဗျူဟာအမြင်၊ တိန့်ရှီကျွန်း၏ လှုပ်ရှားအကောင်အထည်ဖော် ဆောင်ရွက်မှုများကြောင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် ဖက်ဒရယ်အင်အားစုများ ပေါင်းစည်းရေးအား ထိခိုက်နေပြီ။ တရုတ်အစိုးရနှင့် တိန့်ရှီကျွန်းသည် တရုတ်အကျိုးစီးပွားအပေါ် အခြေပြုပြီး မြန်မာဒီမိုကရက်တစ် အင်အားစုများနှင့် ဖက်ဒရယ်အင်အားစုများကို ဗြောင်အတိအလင်း သွေးခွဲနေပြီး မြန်မာစစ်တပ်ကို အသက်ရှူပေါက်ပေးရန် ကြိုးစားနေသည်ဟု ဆိုရမည်။
အမေရိကန်က မြန်မာပြည်သူတို့အား ကူညီခြင်း၊ မြန်မာပြည်သူများက မိမိအားကူညီမည့်သူများနှင့် ပူးပေါင်းခြင်းသည် မြန်မာဒီမိုကရက်တစ်လူထုအတွက် ရွေးချယ်စရာမရှိသော လမ်းကြောင်းဖြစ်သည်။ မြန်မာလူထုအတွက် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သောတိုက်ပွဲကို ကူညီမည့်သူများ လိုအပ်နေသည်။ ထိုသို့ကူညီမည့်သူများသည် အမေရိကန်ဖြစ်စေ၊ မည်သူဖြစ်စေ မြန်မာပြည်လူထု၏ မိတ်ဆွေများသာဖြစ်သည်။ တရုတ်တို့ ကူညီလျှင်လည်း မြန်မာလူထုက ကြိုဆိုမည်သာ။
မြန်မာလူထုအတွက် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သောတိုက်ပွဲကို ကူညီမည့်သူများ လိုအပ်နေသည်။ ထိုသို့ကူညီမည့်သူများသည် အမေရိကန်ဖြစ်စေ၊ မည်သူဖြစ်စေ မြန်မာပြည်လူထု၏ မိတ်ဆွေများသာဖြစ်သည်။ တရုတ်တို့ ကူညီလျှင်လည်း မြန်မာလူထုက ကြိုဆိုမည်သာ။
သို့သော် တရုတ်တို့က အမေရိကန်ဆန့်ကျင်ရေး မဟာဗျူဟာအမြင်ဖြင့် ကြည့်မြင်ဆောင်ရွက်လာသောအခါ မြန်မာလူထု၏ ခုခံစစ်ပွဲအား သက်ရောက်မှုရှိလာသည်။ ဂယက်ရိုက်လာသည်။ အထူးသဖြင့် ဒီမိုကရေစီအင်အားစုများ၊ ဖက်ဒရယ်အင်အားစုများ ပူးပေါင်းဆောင်ရွက်မှု၊ သွေးစည်းညီညွတ်ရေး တည်ဆောက်မှုတို့အား သက်ရောက်မှုရှိလာပေရာ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး တိုက်ပွဲဝင်နေသည့် အင်အားစုများအနေနှင့် အလေးအနက်ထား စဉ်းစားရန် လိုသည့် နိုင်ငံတကာဆက်ဆံရေးပြဿနာ ဖြစ်နေပေတော့သည်။
(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ရုရှားက လက်နက်ထောက်ပံ့မှု ရပ်ရင် မြန်မာ ပဋိပက္ခ အဆုံးသတ်နိုင်ဟု အမေရိကန်ပြော
ပူတင်က “ချစ်မိတ်ဆွေကြီး” ရှီကို ကရင်မလင်တွင် လက်ခံတွေ့
တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ
မြောက်ပိုင်း EAO ခေါင်းဆောင်များ တရုတ်အထူးသံကို ကူမင်းသွားတွေ့
တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ
အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး