ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
ဘေဂျင်းသည် မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်တင်ရန် ရည်ရွယ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း၏ ပထမဆုံး နေပြည်တော်ခရီးစဉ်က ပြသနေသည်။ ထိုခရီးစဉ်ကို အနီးကပ် စောင့်ကြည့်ကြသည်။
မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ ပြည်တွင်းပြည်ပမှ အတိုက်အခံများနှင့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် တလမ်းသွား မဟုတ်သည့် ထိုသို့ တိုးမြှင့်လာသော ထိတွေ့ဆက်ဆံရေး ရလဒ်များကို စိတ်ဝင်တစား စောင့်ကြည့်ကြသည်။ မိမိတို့လည်း စောင့်ကြည့်သည်။
မြန်မာသို့ မလာရောက်မီက မစ္စတာ ချင်ကန်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့သည်။
မစ္စတာ ချင်က မြန်မာပြဿနာသည် ရှုပ်ထွေးပြီး “အလျင်အမြန် ဖြေရှင်းမရ” ကြောင်း ပြောသည်။
မစ္စတာ ချင်က မြန်မာပြဿနာသည် ရှုပ်ထွေးပြီး “အလျင်အမြန် ဖြေရှင်းမရ” ကြောင်း ပြောသည်။ မြန်မာ၏ အချုပ်အခြာအာဏာကို လေးစားရန်နှင့် နိုင်ငံတွင်းမှ သက်ဆိုင်သူများအားလုံးကို ဖွဲ့စည်းပုံနှင့် ဥပဒေမူဘောင်အတွင်းမှ ထောက်ခံရန်၊ သဘောထားကွဲလွဲမှုများကို ပေါင်းကူးပေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲမှတဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရန် ပြောသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကြားဝင်ဆောင်ရွက်မှုကို လေးစားသင့်ပြီး မြန်မာဆိုင်ရာ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကို အားပေးသင့်ကြောင်းလည်း မစ္စတာ ချင်က ပြောသည်။ အပြောနှင့်အလုပ် မညီသည့်အချက်တခုမှာ တရုတ်သည် မြန်မာကို ၎င်းတို့၏ ပြည်နယ်တခုသဖွယ် ယခု စစ်ကောင်စီ အပါအဝင် အတိတ်နှင့် ပစ္စုပ္ပန် စစ်အုပ်စုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မတွန့်မဆုတ် ထောက်ခံခြင်းဖြစ်သည်။
သူသည် မြန်မာသို့ မလာမီက တရုတ်-မြန်မာနယ်စပ်သို့ ရှားရှားပါးပါး သွားရောက်ခဲ့သည်။ နယ်စပ်သို့ သွားရောက်စဉ် မစ္စတာ ချင်က ဒေသဆိုင်ရာ ကွန်မြူနစ်ပါတီ၊ ရဲတပ်ဖွဲ့၊ အစိုးရဌာနများအနေဖြင့် နယ်စပ်ကာကွယ်ရေးစနစ် တောင့်တင်းရေး ပူးပေါင်းဆောင်ရွက်ရန် ပြောခဲ့သည်။
မည်သို့ဆိုစေ ဘေဂျင်းသည် မြန်မာနှင့် ပတ်သက်သည့် သီးခြားစီမံချက်ရှိသည်ကို သတိပြုရန် အရေးကြီးသည်။
ထူးခြားတည်ငြိမ်သောနယ်စပ်များ ထိန်းသိမ်းရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို အပြင်းအထန် နှိမ်နင်းရေး တိုးတက်မှု ရှိစေရန် ၎င်းက တိုက်တွန်းသည်။
“နယ်စပ်စီမံခန့်ခွဲမှု၊ နယ်စပ်ကုန်သွယ်ရေးတိုးတက်မှုနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မစ္စတာ ချင်က ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြထားသည်။

မည်သို့ဆိုစေ ဘေဂျင်းသည် မြန်မာနှင့် ပတ်သက်သည့် သီးခြားစီမံချက်ရှိသည်ကို သတိပြုရန် အရေးကြီးသည်။
လွန်ခဲ့သောအပတ်က မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ သူ၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့သောကြောင့် မြန်မာမှ ရက်စက်ကြမ်းကြုတ် တုန်လှုပ်ဖွယ် စစ်ကောင်စီကို ဘေဂျင်းက အသိအမှတ်ပြုလိုက်သည့်သဘော ဖြစ်သည်။
ထိုမတိုင်မီကလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မတ ရှီ၏ ကမ္ဘာ့လုံခြုံရေးအစီအစဉ် (GSI) ကို ထောက်ခံကြောင်း ကြေညာပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံသည် “ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ချမှတ်ထားသည့် အမြော်အမြင်ကြီးမားသည့် အစီအမံတရပ်ဖြစ်ပြီး ယင်းအစီအမံပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အစဉ်တစိုက် လိုက်နာကျင့်သုံးခဲ့သော အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရေးနှင့် ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ အပါအဝင်ဖြစ်သည့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့် လိုက်လျောညီထွေရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို ထောက်ခံကြိုဆိုသည်” ဟု ဖော်ပြထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လမ်းပျောက်နေသည်ဟု တရုတ်အရာရှိများက ထင်မြင်ကြပြီး ၎င်းတို့၏ ဩဇာကို ချဲ့ထွင်ရန် မဟာမိတ်အဖွဲ့နှင့် တိုးချဲ့လုပ်ဆောင်လာကြသည်။
ဒီဇင်ဘာလတွင် တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာသို့ လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ မစ္စတာ တိန့်သည် တရုတ်နယ်စပ်တလျှောက်တွင် အခြေစိုက်သည့် မြန်မာမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို ခရီးစဉ်သည် မကြာသေးမီကာလအတွင်း မြန်မာသို့ သူ၏ ဒုတိယမြောက်ခရီးစဉ် ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်နှင့် ဆက်ဆံရေးချဲ့ထွင်ခြင်း
သို့သော် တရုတ်သည် မြောက်ပိုင်းမှ ၎င်းတို့၏မိတ်ဆွေများကို ချန်လှပ် မထားရစ်ခဲ့ပေ။
မြောက်ပိုင်းနယ်စပ်တွင် မစ္စတာ တိန့်သည် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။
မင်းအောင်လှိုင် လမ်းကြောင်းပြောင်းရန် သို့မဟုတ် နုတ်ထွက်ရန် ပြောခြင်းဖြင့် ဦးသန်းရွှေသည် သူ့ကိုယ်သူ အန္တရာယ် ကျရောက်ခံမည်လားဟု မေးစရာရှိသည်။ ထိုအချက်သည် သံသယရှိစရာကောင်းသောအချက် ဖြစ်သည်။
ထို EAOs များသည် တရုတ်သြဇာအောက်တွင် ရှိနေပြီး ၎င်းတို့အနက် သုံးဖွဲ့ဖြစ်သော KIA, TNLA နှင့် MNDAA တို့သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ ရှမ်းပြည်နယ် အခြေစိုက်ကာ စစ်ကောင်စီကို တက်တက်ကြွကြွ တိုက်ခိုက်နေသည်။ ဝ သည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) အပါအဝင် NUG အောက်မှ ခုခံတော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်းများ ဆက်လက်ရောင်းချနေသည်။

ဒီဇင်ဘာလမှ စတင်ပြီး ယူနန်ပြည်နယ်မှ တရုတ်အရာရှိအများအပြားသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဌာနချုပ်များသို့ သွားရောက်ပြီး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအခင်းအကျင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးချဲ့ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။ မြောက်ပိုင်းမဟာမိတ်ကွန်ရက်မှတဆင့် ယူနန်ပြည်နယ်မှ အဆင့်မြင့်တရုတ်အရာရှိများသည် NUG ကိုယ်စားလှယ်များနှင်လည်း မကြာသေးမီက စတင်ထိတွေ့ဆက်ဆံခဲ့သည်။
မြောက်ပိုင်းမဟာမိတ်များနှင့်တွေ့ဆုံစဉ် တရုတ်အရာရှိများသည် ပွင့်ပွင့်လင်းလင်းပြောဆိုပြီး မြန်မာမှ မတည်ငြိမ်မှုများအပေါ် ၎င်းတို့၏ စိုးရိမ်မှုကို ဖော်ပြကြသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လမ်းပျောက်နေသည်ဟု တရုတ်အရာရှိများက ထင်မြင်ကြပြီး ၎င်းတို့၏ ဩဇာကို ချဲ့ထွင်ရန် မဟာမိတ်အဖွဲ့နှင့် တိုးချဲ့လုပ်ဆောင်လာကြသည်။
CMEC တွင် ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်းတခု၊ စက်မှုဇုန်တခု၊ တရုတ်နိုင်ငံ ကူမင်းနှင့် မြန်မာနိုင်ငံ မန္တလေးအကြား မြန်နှုန်းမြင့်ရထားလမ်းတခုတို့ ပါဝင်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုစီမံကိန်း အများအပြား ရပ်ဆိုင်းသွားသည်။
အမေရိကန် ကွန်ဂရက်က Burma Act ကို ပြဋ္ဌာန်းပြီး မကြာမီ တရုတ်အဆင့်မြင့်အရာရှိများ မြန်မာသို့ ခြေရှုပ်လာခြင်းဖြစ်ကြောင်း သုတေသီများက မှတ်ချက်ချသည်။
ထိုအက်ဥပဒေက EAOs များအပါအဝင် မြန်မာစစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုများကို ရန်ပုံငွေနှင့် နည်းပညာ အကူအညီပေးရန် ခွင့်ပြုသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာ ပြည်တွင်းပြည်ပမှ အတိုက်အခံ အင်အားစုများကို ဆက်လက်ထောက်ပံ့ရန် ကတိပြုသည်။
အရှေ့တောင်အာရှတွင် မြန်မာသည် တရုတ်နှင့် အမေရိကန် အားပြိုင်မှုတွင် ဩဇာလွှမ်းမိုးရန် အပြင်းအထန် ကြိုးစားခံနေရသော နိုင်ငံတခုဖြစ်သည်။ တရုတ်သည် မြန်မာပြည်တွင်းပြည်ပမှ အနောက်တိုင်းလိုလားသည့် ဒီမိုကရက်တစ် အတိုက်အခံများ အင်အားကြီးထွားလာခြင်းနှင့် မြန်မာ့နွေဦးတော်လှန်ရေးတို့နှင့်ပတ်သက်ပြီး စိုးရိမ်နေသည်။
မည်သို့ဆိုစေ ဘေဂျင်းသည် မြန်မာနိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် ၎င်းတို့ သြဇာကို ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့သည်။

စစ်ကောင်စီ နိုင်ငံကို အပြည့်အဝ မထိန်းချုပ်နိုင်ဟု တရုတ်က မြင်
မြန်မာမှ ပဋိပက္ခသည် ရှည်ကြာမည်ကို တရုတ်က သဘောပေါက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရေးပေါ် အခြေအနေ သက်တမ်းတိုးခြင်းနှင့် သူ၏တပ်များ နယ်မြေဆုံးရှုံးနေခြင်းတို့ကို တွေ့ရပြီးနောက် မင်းအောင်လှိုင်၏ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းအပေါ် သံသယရှိနေသည်။ လက်ရှိအခြေအနေအရ တရုတ်အပါအဝင် မြန်မာ၏ အိမ်နီးချင်းများထံသို့ ပြဿနာမီးကူးစက်နိုင်သည့် အန္တရာယ် ရှိနေသည်။
ဧပြီလလယ်တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးရုံး ဒါရိုက်တာ ဖုန်ရှုဘင်သည် နေပြည်တော်သို့ သွားရောက်ပြီး ယခင်စစ်အုပ်စုခေါင်းဆောင် ဦးသန်းရွှေနှင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာအရပ်သားအစိုးရတု သမ္မတ ဦးသိန်းစိန်တို့နှင့် တွေ့ဆုံသော်လည်း ဆွေးနွေးမှုများကို အများပြည်သူသို့ ထုတ်ပြန်ခြင်းမရှိပေ။ ဦးသိန်းစိန်၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပြည်တွင်းပြည်ပက ချီးကျူးခဲ့ကြသည်။
ဦးသန်းရွှေသည် စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ဗိသုကာဖြစ်ပြီး ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် စတင်သည့် စစ်တပ်က ဦးစီးသော တဖြည်းဖြည်း နိုင်ငံရေးအသွင်ကူးပြောင်းမှုကို အကောင်အထည်ဖော်ရာတွင် အရေးပါသည်။ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဗြောင်ဖော်ပြသည့် မင်းအောင်လှိုင်နှင့် မတူဘဲ ယခင်စစ်အုပ်စုခေါင်းဆောင် ဦးသန်းရွှေသည် တရုတ်နှင့် နက်ရှိုင်းရှည်ကြာသည့် ဆက်ဆံရေးရှိသူဖြစ်သည်။
တရုတ်သည် အတိတ်နှင့် ပစ္စုပ္ပန် စစ်အုပ်စု အတွင်းစည်းမှ ခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိကြောင်း ထိုအချက်က ဖော်ပြနေသည်။ သို့သော် ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို တရုတ်အရာရှိများ မည်သည့်အတွက် တွေ့ဆုံလိုကြသနည်း။ ဦးသန်းရွှေသည် မင်းအောင်လှိုင် လမ်းကြောင်းပြောင်းအောင် သြဇာသက်ရောက်နိုင်ဆဲဖြစ်သည်ဟု ဘေဂျင်းက ယူဆကောင်းယူဆနိုင်သည်။
ဆိုးရွားလှသော မြန်မာစစ်ကောင်စီနှင့် တရုတ်က ပိုမိုထိတွေ့ဆက်ဆံခြင်းသည် ပြစ်တင်ရှုတ်ချမှုများ ခံရမည်ဖြစ်ပြီး စစ်ကောင်စီကို မုန်းတီးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မြန်မာပြည်သူအများစုနှင့် အဆင်ပြေမည် မဟုတ်ပေ။
မင်းအောင်လှိုင် လမ်းကြောင်းပြောင်းရန် သို့မဟုတ် နုတ်ထွက်ရန် ပြောခြင်းဖြင့် ဦးသန်းရွှေသည် သူ့ကိုယ်သူ အန္တရာယ် ကျရောက်ခံမည်လားဟု မေးစရာရှိသည်။ ထိုအချက်သည် သံသယရှိစရာကောင်းသောအချက် ဖြစ်သည်။
ယူနန်က စီးပွားရေးဆက်ဆံမှု တိုးချဲ့မည်
ဧပြီလအစောပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်နှင့် ယူနန်ပြည်နယ်ကော်မတီအတွင်းရေးမှူး ဝမ်နင် မြန်မာသို့ လာရောက်ခဲ့သည်။ သူသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သော်လည်း အဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သူ၏ တောင်းဆိုမှုမှာမူ ပယ်ချခံရသည်။ တရုတ်နိုင်ငံက ဆက်လက် ထိတွေ့ဆက်ဆံနေဆဲဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းသည့် ကိစ္စအတွက် စိတ်မချမ်းမြေ့ကြောင်း တရုတ်အရာရှိများက ပြောသည်။
သူ၏ခရီးစဉ်အတွင်း တရုတ်သည် စစ်ကောင်စီခန့် လျှပ်စစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ စွမ်းအင်နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများနှင့် ရေအားလျှပ်စစ်စက်ရုံများအတွက် ဓာတ်အားရောင်းချရေး သဘောတူစာချုပ်တခုနှင့် ဆန်၊ လယ်ယာထုတ်ကုန်နှင့် ဓာတ်မြေသြဇာရောင်းချရေး သဘောတူစာချုပ်များလည်း ချုပ်ဆိုသည်။ အခြေခံ အဆောက်အအုံဆိုင်ရာ သဘောတူညီချက်များလည်း ရရှိခဲ့သည်။ ယူနန်ပြည်နယ်မှ ပိုမိုများပြားသော စီးပွားရေးလုပ်ငန်းများ မြန်မာသို့ရောက်လာမည်ဟု မျှော်လင့်ရသည်။
တရုတ်သည် မြန်မာတွင် ကြီးမားသော စီးပွားရေးနှင့် ပထဝီနိုင်ငံရေး အကျိုးစီးပွားများရှိနေပြီး မြန်မာမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်များကဲ့သို့သာ သဘာဝသယံဇာတများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည်။ တရုတ်သည် ဒေသခံပြည်သူများ၏ ကံကြမ္မာအတွက် မည်သည့် စိုးရိမ်ပူပန်မှုမျှမရှိဘဲ မြန်မာ့သဘာဝသယံဇာတများကို အမြဲလိုလို အမြတ်ထုတ် ထုတ်ယူသောကြောင့် လူမှုအသိုက်အဝန်း ခေါင်းဆောင်များ စိုးရိမ်ပူပန်ကြသည်။
မြန်မာသည် ဘေဂျင်း၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) တွင် အဓိက အစိတ်အပိုင်းတခုဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အပါအဝင် အဓိကကျသော အခြေခံအဆောက်အအုံ စီမံကိန်းများကို မြန်မာတွင် အကောင်အထည်ဖော်နေသည်။
CMEC တွင် ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်းတခု၊ စက်မှုဇုန်တခု၊ တရုတ်နိုင်ငံ ကူမင်းနှင့် မြန်မာနိုင်ငံ မန္တလေးအကြား မြန်နှုန်းမြင့်ရထားလမ်းတခုတို့ ပါဝင်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုစီမံကိန်း အများအပြား ရပ်ဆိုင်းသွားသည်။
တရုတ်အစိုးရအရာရှိများ၊ မြန်မာစစ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်း အသိုက်အဝန်းတို့သည် နယ်စပ်ဖြတ်ကျော် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ပြီး အဓိကကျသည့် အခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများ ပြန်လည်စတင်ကာ မြန်မာမှ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ကိုင်တွယ်ဖြေရှင်းလိုသည်။
မကြာတော့သော အနာဂတ်တွင် တရုတ်နှင့် မြန်မာသည် စီးပွားရေးဇုန်များ၊ စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး စက်မှုဇုန်များနှင့် မန္တလေး-မူဆယ်လမ်း အဆင့်မြှင့်တင်ခြင်းတို့အပါအဝင် စီမံကိန်း အများအပြားအတွက် သဘောတူညီချက်များ လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရသည်။
ခုခံတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာမှ တရုတ် အကျိုးစီးပွားကို ထိခိုက်အောင် လုပ်မည်မဟုတ်ဟု တရုတ်က ယုံကြည်နေကြောင်း အထက်ပါအချက်များက ပြသနေသည်။ သို့သော် တရုတ်သည် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ယုံကြည်ပါသလားဟု မေးစရာရှိသည်။ ထိုသို့ ယုံကြည်ရန် မဖြစ်နိုင်လောက်ပေ။
သို့သော် စစ်ကောင်စီနှင့် အဆင်ပြေခြင်းအတွက် တရုတ်က တန်ဖိုးတခု ပေးဆပ်ရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ဘေဂျင်းသည် ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသည်ဟု လူအများအပြား ယုံကြည်ပြီး မြန်မာတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာကာ ကြီးမားသော တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးများ ဖြစ်ပေါ်ခဲ့သည်။ တရုတ်ထုတ်ကုန်များကို သပိတ်မှောက်ရန် တောင်းဆိုမှုများနှင့်အတူ တရုတ်က စစ်ကောင်စီကို မရှုတ်ချပါက တရုတ်ပိုက်လိုင်းများကို ဖောက်ခွဲရန် တောင်းဆိုမှုများပင် ဖြစ်ပေါ်လာသည်။

တရုတ်ထုတ်ကုန်များကို သပိတ်မှောက်လှုပ်ရှားမှုများအား နိုင်ငံတဝန်းမှ လူငယ်များ ပြုလုပ်ကြပြီး စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြသရန်အတွက် တရုတ် စီမံကိန်းကြီးများမှ မြန်မာဝန်ထမ်းများ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ရန်တောင်းဆိုမှုများ ဖြစ်လာသည်။
ဘေဂျင်းသို့ ဦးတည်သည့်ဒေါသများ ကြီးထွားလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်က မြန်မာတွင်ဖြစ်ပေါ်နေသည့် အခြေအနေများသည် “တရုတ်က လုံးဝ မလိုလားသော အခြေအနေများဖြစ်ကြောင်း” ပြည်တွင်းသတင်းမီဒီယာကို ပြောသည်။
ဆိုးရွားလှသော မြန်မာစစ်ကောင်စီနှင့် တရုတ်က ပိုမိုထိတွေ့ဆက်ဆံခြင်းသည် ပြစ်တင်ရှုတ်ချမှုများ ခံရမည်ဖြစ်ပြီး စစ်ကောင်စီကို မုန်းတီးပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မြန်မာပြည်သူအများစုနှင့် အဆင်ပြေမည် မဟုတ်ပေ။ သို့သော် မြန်မာအကျပ်အတည်းအပေါ် ပိုမိုချိန်ညှိကိုင်တွယ်သည့် နည်းလမ်းအရ ဘေဂျင်းသည် မိတ်ဆွေများ ပိုမိုထားရှိပြီး သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမည်ဖြစ်သည်။ တရုတ်သည် ၎င်း၏ ထိတွေ့ဆက်ဆံမှုတွင် ပိုမို မျှမျှတတ အမှန်တကယ် လုပ်နိုင်မည်လားဟု မေးစရာရှိသည်။
တရုတ်သည် အလောင်းအစားလုပ်ရန် စိတ်အားထက်သန်နေပြီး ယခု ပဋိပက္ခတွင် အနိုင်ရသည့် မည်သည့်ဘက်တွင်မဆို ရပ်တည်မည်ဖြစ်သည်။ သို့သော် မြန်မာသို့ ရောက်မလာမီ မြန်မာပြဿနာသည် ရှုပ်ထွေးပြီး “အလျင်အမြန် ဖြေရှင်းမရ” ဆိုသည့် မစ္စတာ ချင်၏ မှတ်ချက်သည် ထူးခြားသည်။
တရုတ်ထံမှ ဘာမျှော်လင့်နိုင်သနည်း
တရုတ်သည် မြန်မာပဋိပက္ခလမ်းကြောင်းအပေါ် ၎င်း၏ သြဇာကို တိုးချဲ့မည်ဖြစ်သည်။ တဖက်တွင်လည်း တရုတ်သည် မြောက်ပိုင်းမဟာမိတ်နှင့် ဆက်ဆံရေးခိုင်မာအောင် ဆက်လက် လုပ်ကိုင်မည်ဖြစ်သောကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် စီးပွားရေးထိတွေ့ဆက်ဆံမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုးလာမည့် သဘောရှိသည်။ အခြားတဘက်တွင်မူ ဘေဂျင်းသည် နေပြည်တော်မှ ပြစ်တင်ရှုတ်ချခံ အထီးကျန် စစ်ကောင်စီနှင့် ပိုမိုထိတွေ့ဆက်ဆံကာ စစ်ကောင်စီနှင့်မထိုက်တန်သည့် တရားဝင်မှုပေးမည်။ တရုတ်အတွက် ၎င်းတို့ ကိုယ်ကျိုးစီးပွားသည် ပထမဦးစားပေးဖြစ်ပြီး နောက်ဆုံးတနေ့တွင် မည်သူနိုင်သည်ဖြစ်စေ အနိုင်ရသူဘက်က ရပ်တည်မည်ဖြစ်သည်။
သို့သော် လတ်တလောတွင် ဘေဂျင်းသည် မြန်မာမှ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရသည်ကို ကျေနပ်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Aung Zaw ၏ China Increases Its Engagement With Myanmar’s Reviled Regime ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories :
ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနယ်စပ်သို့ ထူးထူးခြားခြား သွားရောက်
စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်တာ တရုတ်နဲ့ ရုရှားပဲရှိတယ်
မြန်မာတွင် “နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေး” တွေ့ဆုံဆွေးနွေးရန် တရုတ်တောင်းဆို
ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
မြန်မာ စစ်ပွဲနှင့် ပဋိပက္ခများကြား ယူနန်တရုတ်တွေ စီးပွားရေးလုပ်မတဲ့လား