နိုင်ငံသားဖြစ်မှုကိစ္စသည် မည်သည့်နိုင်ငံတော်တွင်မဆို အရေးပါသော အခြေခံအစိတ်အပိုင်း ဖြစ်သည်။ နိုင်ငံများသည် ယေဘုယျအားဖြင့် အသိအမှတ်ပြုထားသည့် ဥပဒေသစနစ် နှစ်ခုအောက်တွင် အမျိုးမျိုးကျင့်သုံးကြသည်။ ထိုစနစ် နှစ်ခုမှာ jus soli ခေါ် မွေးဖွားသည့် နေရာနယ်မြေနှင့် သက်ဆိုင်သော အခွင့်အရေးနှင့် jus sanguinis ခေါ် မျိုးရိုးအမွေအနှစ် အခွင့်အရေးဖြစ်သည်။
နိုင်ငံတော်များသည် အမျိုးသား သို့မဟုတ် အမျိုးသမီးဘက် မျိုးရိုး၊ ဘာသာရေးယုံကြည်မှု၊ သမိုင်းမှတ်တမ်းနှင့် နိုင်ငံ နှစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခြင်း စသည့် အရည်အချင်းသတ်မှတ်ချက်များကို ကျင့်သုံးမည်၊ မကျင့်သုံးမည် သို့မဟုတ် မည်သို့ ကျင့်သုံးမည်ကို အမြဲတစေ ပြန်လည်ဖွင့်ဆိုနေသည်။
မြန်မာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အခြေခံသည့် ထူးခြားသော စနစ်တခုရှိသည်။ ထိုဥပဒေအရ မြန်မာတွင် နှစ်ပေါင်းများစွာနှင့် အစဉ်အလာအရ နေထိုင်ခဲ့သော ပြည်ထောင်စုတိုင်းရင်းသားဟု ခေါ်သည့် တိုင်းရင်းသားများသာ ပြဋ္ဌာန်းထားသည့် အခွင့်အရေးများရှိသော နိုင်ငံသားအပြည့်အဝဖြစ်ခွင့် ရှိသည်။
တရုတ်နှင့် အိန္ဒိယကဲ့သို့သော အခြား လူမျိုးစုများသည် ၁၈၂၃ ခုနှစ်မတိုင်မီက မြန်မာတွင် အရှည်အကြာနေထိုင်ကြောင်း သက်သေပြချက် အပါအဝင် သက်သေပြချက် အများအပြားအပေါ် မူတည်ပြီး နိုင်ငံသားဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ထိုအရေအတွက်သည် အနည်းငယ်သာဖြစ်သည်။ ကျန်သူများအားလုံးသည် အဆင့်အတန်းနှင့် အခွင့်အရေးနိမ့်သည့် ဧည့်နိုင်ငံသား (AC) သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ (NC) များသာ ဖြစ်နိုင်သည်။
မြန်မာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အခြေခံသည့် ထူးခြားသော စနစ်တခုရှိသည်။ ထိုဥပဒေအရ မြန်မာတွင် နှစ်ပေါင်းများစွာနှင့် အစဉ်အလာအရ နေထိုင်ခဲ့သော ပြည်ထောင်စုတိုင်းရင်းသားဟု ခေါ်သည့် တိုင်းရင်းသားများသာ ပြဋ္ဌာန်းထားသည့် အခွင့်အရေးများရှိသော နိုင်ငံသားအပြည့်အဝဖြစ်ခွင့် ရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုမတိုင်မီက မြန်မာအစိုးရသည် ရိုဟင်ဂျာများကို ပြည်ပမှလာသော ဘင်္ဂါလီများအဖြစ် သတ်မှတ်သည်။ ထိုကိစ္စသည် ယခုအခါ အငြင်းပွားစရာဖြစ်နေသည်။ ထို့ကြောင့် မြန်မာတွင် ကျင့်သုံးနေသည့် စနစ်သည် jus sanguinis နှင့် jus soli စနစ်များ ပေါင်းစပ်ပြုပြင်ထားသည့်စနစ် ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော် အဝေးရောက်နိုင်ငံသား အများအပြားရှိသော အခြားနိုင်ငံတခုသည် မတူညီသည့်စနစ်တခု ကျင့်သုံးပြီး ထိုသူများအပေါ် ၎င်းတို့အခွင့်အာဏာကို အသိအမှတ်ပြုရန် စိတ်အားထက်သန်နေလျှင် မည်သို့ဖြစ်မည်နည်း။ ထိုသို့သောဖြစ်ရပ်သည် တရုတ်တွင် ဖြစ်ပွားနေပြီး မြန်မာအတွက် အရေးပါသော သက်ရောက်မှုများ ဖြစ်စေသလို တရုတ်နိုင်ငံအနောက်ပိုင်းတွင် နေထိုင်သူများအတွက်လည်း သက်ရောက်မှုများ ဖြစ်စေသည်။
၂၀၁၉ ခုနှစ်၊ မေလတွင် နိုင်ငံတကာမီဒီယာက လျစ်လျူရှုခဲ့သည့် လွန်စွာထူးခြားသော ဖြစ်ရပ်တခုတွင် သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံတော်ကောင်စီ ရေခြားမြေခြား တရုတ်ရေးရာရုံးနှင့် တရုတ်နိုင်ငံလုံးဆိုင်ရာ နေရပ်ပြန် ရေခြားမြေခြား တရုတ်များ အသင်းချုပ်က ဘေဂျင်းတွင် ပူးတွဲကျင်းပသည့် ၉ ကြိမ်မြောက် ကမ္ဘာ့လူမျိုးစု တရုတ်အသင်းညီလာခံသို့ တက်ရောက်သည်။ ထိုညီလာခံက တကမ္ဘာလုံးမှ တရုတ်အသင်းဝင်များအနေဖြင့် သမ္မတ ရှီကျင့်ဖျင်၏ ခေတ်သစ် တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်ဝါဒ လမ်းညွှန်မှုကို လိုက်နာရန် တိုက်တွန်းသည် (ဆင်ဟွာသတင်းဌာန)။ သူသည် ကမ္ဘာတဝန်းရှိ နိုင်ငံနှင့်ဒေသပေါင်း ၂၀၀ ခန့်မှ တရုတ်နွယ်ဖွား သန်း ၆၀ ကို သူနှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ဦးဆောင်မှုအောက်မှ နိုင်ငံရေးနှင့် စီးပွားရေး အယူအဆများကို ထောက်ခံရန် တောင်းဆိုပုံရသည်။
ထိုကိစ္စတွင် သမိုင်းဆိုင်ရာရင်းမြစ် ရှိသည်။ ၁၉၀၉ ခုနှစ်မှစတင်ပြီး တရုတ်ချင်မင်းဆက်က တကမ္ဘာလုံးမှ တရုတ်များသည် မျိုးရိုးအမွေအနှစ် jus sanguinis သဘောတရားအရ တရုတ်ဗဟိုအစိုးရ၏ အုပ်ချုပ်ခံများဖြစ်ပြီး “နိုင်ငံတော်အပေါ် ထာဝရသစ္စာခံမှု” ရရန် လုပ်ဆောင်သည်။ ထိုမူဝါဒကို တရုတ်အမျိုးသားရေး (KMT) က ၎င်းတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) က ဖြုတ်ချခံရသည့် ၁၉၄၉ ခုနှစ်အထိ ထပ်မံအတည်ပြုသည်။ CCP ကလည်း နိုင်ငံထူထောင်သည့် နှစ် ဒါဇင်ဝက်အတွင်း ထိုမူဝါဒကို ဆက်လက်ကျင့်သုံးသည်။
မြန်မာစစ်တပ်က တရုတ်သည် တခုတည်းသော ပြည်ပအန္တရာယ်ဖြစ်ပြီး ပြည်တွင်းမှ တရုတ်များသည် သူလျှိုများဖြစ်သည်ဟု တချိန်က သတ်မှတ်သဖြင့် မြန်မာအရပ်သားအစိုးရသည် ထိုမူဝါဒကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည်။ မြန်မာအစိုးရက မြန်မာမှ ဒေသခံတရုတ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပတ်သက်သည့် အဓိကပြဿနာ လေးခုအနက် တခုအဖြစ် သတ်မှတ်သည်။ အခြား ပြဿနာ သုံးခုမှာ အငြင်းပွားနေသည့် နယ်နိမိတ်၊ ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်က ထောက်ခံခြင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ဝင်ရောက်လာသော KMT အကြွင်းအကျန်များ ဖြစ်သည်။
မြန်မာစစ်တပ်က တရုတ်သည် တခုတည်းသော ပြည်ပအန္တရာယ်ဖြစ်ပြီး ပြည်တွင်းမှ တရုတ်များသည် သူလျှိုများဖြစ်သည်ဟု တချိန်က သတ်မှတ်သဖြင့် မြန်မာအရပ်သားအစိုးရသည် ထိုမူဝါဒကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည်။
မြန်မာမှ တရုတ်များသည် မြန်မာဥပဒေ ထုံးတမ်းစဉ်လာကို လိုက်နာသင့်ကြောင်း တရုတ်ဝန်ကြီချုပ် ချူအင်လိုင်းက ၁၉၅၀ ပြည့်နှစ်များတွင် ဝန်ကြီးချုပ် ဦးနုကို အာမခံသောအခါမှသာ မြန်မာအစိုးရက ဒေသခံတရုတ်များနှင့် ပတ်သက်သည့် စိုးရိမ်မှု လျော့ကျလာခြင်းဖြစ်သည်။ သို့သော်လည်း တရုတ်က ယဉ်ကျေးမှုတော်လှန်ရေးကို မြန်မာမှ တရုတ်ကျောင်းများသို့ တင်ပို့သောကြောင့် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းပေါ်ပေါက်ပြီး ၁၉၆၇ ခုနှစ်က ရန်ကုန်တွင် တရုတ်အများအပြား သေဆုံးရသည့်အချိန် မတိုင်မီအထိသာ ထိုသို့သော စိုးရိမ်မှုများ လျော့ကျခဲ့ခြင်း ဖြစ်သည်။
အရှေ့တောင်အာရှမှ ရေခြားမြေခြား တရုတ်များသည် အုပ်ချုပ်ရေးနှင့် တနိုင်ငံချင်းနှင့် ဒေသတခုလုံး စီးပွားရေးတွင် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ မြန်မာနှင့် အရှေ့တောင်အာရှမှ တရုတ်နွယ်ဖွားများသည် များပြားလှသည်။ မြန်မာတွင် တရုတ်မှ တရားမဝင် ဝင်ရောက်လာသူများ သန်းချီရှိပြီး လူဦးရေ၏ လေးရာခိုင်နှုန်းရှိသည်။ ၎င်းတို့တွင် တရုတ်-မြန်မာ ကပြားများ မပါဝင်သေးဘဲ တရုတ်-မြန်မာ ကပြားအရေအတွက်သည်လည်း လွန်စွာများပြားသည်။
၂၀၁၄ ခုနှစ် မြန်မာသန်းခေါင်စာရင်းတွင် ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်များကို မထုတ်ပြန်ဘဲ အရေးမပါဟု သတ်မှတ်ထားသော်လည်း တရုတ်နွယ်ဖွားများသည် မြန်မာမှ လက်လီအရောင်းလုပ်ငန်းများတွင် ကျယ်ပြန့်သောအခန်းကဏ္ဍမှ ပါဝင်ကြသည်။ ၂၀၀၀ ပြည့်နှစ်က မိသားစု စီးပွားရေးလုပ်ငန်းမှ လက်လီအရောင်းလုပ်ငန်းတွင် တရုတ်လုပ်ငန်း ၂၅,၀၀၀ ခန့် ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက အင်ဒိုနီးရှားတွင် ပုဂ္ဂလိကငွေရင်းများ၏ ၈၀ ရာခိုင်နှုန်းကို ရေခြားမြေခြား တရုတ်များက ထိန်းချုပ်ထားသည်ဟု ပညာရှင်များက ခန့်မှန်းခဲ့သည်။ ထိုင်းမှ တရုတ်များသည် စင်ကာပူမှအပ ဒေသတွင်းနိုင်ငံများတွင် ဒေသခံလူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းနိုင်စွမ်း အရှိဆုံးဖြစ်သည်။ စင်ကာပူသည် မျိုးနွယ်အရ အဓိကအားဖြင့် တရုတ်များဖြစ်ပြီး ဒေသတွင်းတွင် ဆက်လက်အရေးပါနေသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် ဆယ်စုနှစ် အနည်းဆုံး နှစ်ခုတွင် ကွန်မြူနစ်များသည် အရှေ့တောင်အာရှမှ တရုတ်ဘာသာစကားကျောင်းစနစ်ကို အကြီးအကျယ် ထိန်းချုပ်ထားပြီး ၎င်းတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သြဇာ သို့မဟုတ် ထိန်းချုပ်မှုအတွက် သူလျှိုများဖြစ်သည်ဆိုသည့် စိုးရိမ်မှုများဖြစ်စေကြောင်း ထင်ရှားသည်။ ထိုကိစ္စကို တုံ့ပြန်ရန် အားထုတ်မှုများမှာ ပြည်ပအကူအညီဖြင့် ထိုင်ဝမ်၊ ဟောင်ကောင်နှင့် တရုတ် တတိယအင်အားစု (ကွန်မြူနစ်နှင့် ကူမင်တန်မဟုတ်သူများ) ကျောင်းများတွင် ကွန်မြူနစ်ဆန့်ကျင်ရေး စာအုပ်များ ဖြန့်ချိခြင်းက ထိုအချက်ကို ပြသနေသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် ဆယ်စုနှစ် အနည်းဆုံး နှစ်ခုတွင် ကွန်မြူနစ်များသည် အရှေ့တောင်အာရှမှ တရုတ်ဘာသာစကားကျောင်းစနစ်ကို အကြီးအကျယ် ထိန်းချုပ်ထားပြီး ၎င်းတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သြဇာ သို့မဟုတ် ထိန်းချုပ်မှုအတွက် သူလျှိုများဖြစ်သည်ဆိုသည့် စိုးရိမ်မှုများဖြစ်စေသည်။
တိန့်ရှောင်ဖိန် လက်ထက်တွင် ထိုတင်းမာမှုများ လျော့ကျလာပြီး မျိုးနွယ်အရ တရုတ်မဟုတ်သူများကို တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှု သင်ကြားပေးရန် ရည်ရွယ်သည့် ကွန်ဖျူးရှပ်စင်တာများ၏ “သိမ်မွေ့သော သြဇာ” သက်ရောက်မှုဘက်သို့ ပြောင်းသွားသည်။
သို့သော် ယခုအခါ သမ္မတ ရှီသည် ရေခြားမြေခြား တရုတ်များကို ပြန်လည်စည်းရုံးရန် ဆုံးဖြတ်ထားပုံရသည်။ တရုတ်နိုင်ငံ၏ သြဇာ၊ မိသားစု၊ စီးပွားရေးနှင့် အုပ်စုစရိုက်လက္ခဏာများသည် အရေးပါသော်လည်း တရုတ်နိုင်ငံသည် နှစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခြင်းကို ခွင့်ပြုမထားသောကြောင့် ဒေသတွင်းမှ နိုင်ငံအများအပြားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အဝေးရောက်တရုတ်များအပေါ် ကျင့်ဝတ်အရ သြဇာသက်ရောက်မှုကိုသာ ကျင့်သုံးနိုင်သည်။
တရုတ်က မြန်မာမှ ရေခြားမြေခြားတရုတ်များ တရုတ်ကွန်မြူနစ်ပါတီ၏ အမိန့်အာဏာကို လိုက်နာရန် တွန်းအားပေးပါက ၎င်း၏အကူအညီပေးရေး အစီအစဉ်များကြောင့် ပြင်းထန်သော တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် အဓိကရုဏ်းများ ပေါ်ပေါက်စေသည့် အတိတ်ကပြဿနာများ ပိုမိုပြင်းထန်လာနိုင်သည်။
တရုတ်နွယ်ဖွားများသည် မြန်မာနိုင်ငံသား မဟုတ်သောကြောင့် မြန်မာတွင် အခြေအနေရှုပ်ထွေးသည်။ လွန်စွာမြင့်မားသော အထက်အဆင့်မှ အမိန့်ဟု ယူဆသောအရာများကို တရုတ်ဗျူရိုကရေစီက အလျင်အမြန် အပြည့်အဝ တုံ့ပြန်သည့် သဘောသဘာဝကြောင့် နောက်ထပ်ဖိအားနှင့် တင်းမာမှုများ ပေါ်ပေါက်လာမည်ဟု မိမိတို့ မျှော်လင့်နိုင်သည်။ မကြာသေးမီက သတင်းများအရ တရုတ်နိုင်ငံသားများကို တရုတ်က တရားဝင်ထောက်လှမ်းခြင်း တိုးမြှင့်လုပ်ဆောင်နေကြောင်း ပြသနေပြီး လက်ရှိတွေ့နေရသည့် လက္ခဏာများကလည်း သမ္မတ ရှီ၏ အမိန့်အာဏာကို အလွယ်တကူ လျစ်လျူရှုထား၍ မရနိုင်ကြောင်း ပြသနေသည်။
တရုတ်က မြန်မာမှ ရေခြားမြေခြားတရုတ်များ တရုတ်ကွန်မြူနစ်ပါတီ၏ အမိန့်အာဏာကို လိုက်နာရန် တွန်းအားပေးပါက ၎င်း၏အကူအညီပေးရေး အစီအစဉ်များကြောင့် ပြင်းထန်သော တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် အဓိကရုဏ်းများ ပေါ်ပေါက်စေသည့် အတိတ်ကပြဿနာများ ပိုမိုပြင်းထန်လာနိုင်သည်။ တရုတ်၏ စောင့်ကြည့်ထောက်လှမ်းမှုနှင့် ကမ္ဘာတဝန်းထိန်းချုပ်ရန် ကြိုးစားမှုသည် အဝေးရောက်တရုတ်များကို လက်ခံထားသည့် အိမ်ရှင်နိုင်ငံများအတွက် အန္တရာယ်ဖြစ်သည်။ မည်သည့်နေရာတွင်မဆို အထူးသဖြင့် မြန်မာကဲ့သို့သော ထိခိုက်လွယ်နိုင်ငံများတွင် ထိုပြဿနာများကို သိမ်သိမ်မွေ့မွေ့ သတိကြီးကြီး အရေးယူ ဆောင်ရွက်ရန် လိုအပ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David I. Steinberg ၏ Myanmar and China: The Citizenship Question ကို ဘာသာပြန်သည်။ David I. Steinberg သည် ဝါရှင်တန်ရှိ ဂျော့တောင်းတက္ကသိုလ်မှ အာရှလေ့လာရေး ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်သည်။)
You may also like these stories:
တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း
သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်
တရုတ်နိုင်ငံသားများ ပြန်သွားသဖြင့် ဝ နဲ့ မိုင်းလားတွင် စီးပွားရေးကျဆင်းနေ
တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား
လုံခြုံရေး စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့ တရားမဝင် တရုတ်နိုင်ငံသားတွေအရေး