အစိုးရဖွဲ့နိုင်မည်ထင်သောကြောင့်မစ္စတာ ပီတ လင်ဂျာရွန်ရက်သည် ပဋိပက္ခဖြစ်ပွားနေသော အိမ်နီးချင်း မြန်မာနှင့် ပတ်သက်သည့်မူဝါဒများ သိသိသာသာ ပြောင်းလဲရန် ကတိပြုသည်။
မေလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ထိုင်းရွေးကောက်ပွဲတွင် အတိုက်အခံများ၏ ရင်သပ်ရှုမောဖွယ် အောင်ပွဲမှ ထွက်ပေါ်လာသော မေးခွန်းများအနက် ဖြစ်နိုင်ခြေရှိသောတခုမှာ ထိုင်းနိုင်ငံ၏ မြန်မာဆိုင်ရာမူဝါဒ ဖြစ်သည်။
အောက်လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရသည့် တိုးတက်သော Move Forward ပါတီ (MFP) သည် ထိုင်းနိုင်ငံ၏ ယေဘုယျ နိုင်ငံခြားရေးမူဝါဒနှင့် အထူးသဖြင့် မြန်မာနှင့်ပတ်သက်သော ချဉ်းကပ်ပုံတွင် သိသာသော အပြောင်းအလဲကို ဖြစ်စေမည့် အဓိကပါတီတခုလည်း ဖြစ်သည်။
ထိုပါတီသည် ထိုင်းနိုင်ငံ၏ စစ်တပ်ကရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒအရ ထိန်းချုပ်မရသည့် အခြေအနေများကြောင့် အစိုးရသစ်ဖွဲ့ရန် မသေချာသေးပေ။ သို့သော် ဆောင်းပါးရှင် အဒမ် ဆမ်ဆွန်နှင့် နီကိုလပ်စ် ဖာရယ်လီတို့က မေလ ၁၆ ရက်နေ့တွင် “ထိုင်းစစ်အာဏာရှင်သည် အာဏာထိန်းချုပ်မှု စွန့်လွှတ်လျှင် လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ရွေးကောက်ပွဲသည် ဒေသတွင်းမှ အရေးအပါဆုံး သေနင်္ဂဗျူဟာနှင့် လူသားချင်းစာနာမှု အကျပ်အတည်းအတွက် အမြင် သိသိသာသာပြောင်းလဲမှု ဖြစ်စေနိုင်သည်” ဟု ရေးသားခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း နှစ်နှစ်ကျော်အတွင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အစိုးရသည် မြန်မာစစ်ကောင်စီနှင့် ပတ်သက်ပြီး နားလည်မှုပေးသည့် သဘောထားရှိခဲ့သည်။ ထိုင်းအစိုးရသည် မြန်မာစစ်တပ်က အရပ်သားများအပေါ် မကြာခဏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ထိုင်းနှင့်တိုက်ရိုက်ထိနေသော နယ်စပ်တွင် မတည်ငြိမ်မှုများနှင့် ပတ်သက်ပြီး အသံတိတ်နေသည်။
အောက်လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရသည့် တိုးတက်သော Move Forward ပါတီ (MFP) သည် ထိုင်းနိုင်ငံ၏ ယေဘုယျ နိုင်ငံခြားရေးမူဝါဒနှင့် အထူးသဖြင့် မြန်မာနှင့်ပတ်သက်သော ချဉ်းကပ်ပုံတွင် သိသာသော အပြောင်းအလဲကို ဖြစ်စေမည့် အဓိကပါတီတခုလည်း ဖြစ်သည်။
မကြာသေးမီလများအတွင်း ထိုင်းနိုင်ငံသည် မြန်မာစစ်တပ်နှင့် အိမ်နီးချင်းနိုင်ငံများပါဝင်သည့် အလွတ်သဘော Track 1.5 ဆွေးနွေးပွဲများ ကျင်းပသော်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့်တိုက်ပွဲကို စီမံနေသည့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖယ်ထုတ်ထားသည်။
ထိုနည်းလမ်းသည် နှစ်နိုင်ငံစစ်တပ်များအကြား ရင်းနှီးသော ပုဂ္ဂိုလ်ရေးနှင့် ထောက်တိုင် အင်စတီကျူးရှင်း ဆက်ဆံရေးကြောင့်နှင့်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဝင်ရောက်မစွက်ဖက်ရေးမူကို ထိုင်းအစိုးရက မွေးရာပါ လိုက်နာမှု အပါအဝင် အခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။
ရွေးကောက်ပွဲ မတိုင်မီနှစ်တွင် MFP ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရက်သည် ပါတီ၏ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး နောက်ခံများအရ ထိုင်းနိုင်ငံခြားရေးမူဝါဒတွင် မြန်မာနှင့်ပတ်သက်သည့် လက်ရှိ ချဉ်းကပ်ပုံလမ်းကြောင်း ပြောင်းလဲရန် ကတိပြုသည်။
ရွေးကောက်ပွဲအပြီး သူ၏ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ပီတက မြန်မာအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရေးတွင် ထိုင်း၏အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည်။ ထိုသဘောတူညီချက် ၅ ခုတွင် မြန်မာ၌ အကြမ်းဖက်မှု ချက်ချင်းရပ်စဲရေး၊ ပဋိပက္ခနှင့် သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေးတို့ ပါဝင်သည်။
ရွေးကောက်ပွဲ မတိုင်မီနှစ်တွင် MFP ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရက်သည် ပါတီ၏ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး နောက်ခံများအရ ထိုင်းနိုင်ငံခြားရေးမူဝါဒတွင် မြန်မာနှင့်ပတ်သက်သည့် လက်ရှိ ချဉ်းကပ်ပုံလမ်းကြောင်း ပြောင်းလဲရန် ကတိပြုသည်။
ဝန်ကြီးချုပ်အဖြစ် သူ၏ ဦးစားပေးတခုမှာ ထိုင်းနှင့် မြန်မာအကြား လူသားချင်းစာနာမှု စင်္ကြံတည်ဆောက်ရေးနှင့် သူ၏အစိုးရသည် မြန်မာသို့ လက်နက်မဟုတ်သည့် အကူအညီပေးရေးအတွက် မကြာသေးမီက အမေရိကန် ကွန်ဂရက်က အတည်ပြုသည့် ဘားမားအက် အကောင်အထည်ဖော်ရေး ကိုကူညီမည်ဖြစ်သည်ဟု ပြောသည်။ ခြုံ၍ဆိုရပါက “သက်ဆိုင်သူများအနေဖြင့် ကိုယ့်ပြဿနာကိုယ်ရှင်းရန် လုံလောက်သောဖိအားနှင့် မက်လုံးပေးရေးအတွက် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ လုပ်ဆောင်မည်ဖြစ်ကြောင်း” ၎င်းက ကတိပေးခြင်း ဖြစ်သည်။
ထိုအချိန်မှစတင်ပြီး မစ္စတာ ပီတက သူ၏မြန်မာဆိုင်ရာမူဝါဒသည် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ခုခံတော်လှန်ရေးအင်အားစုများ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရေးဖြစ်ကြောင်း ပြောသည်ဟု ယူဆနိုင်သည်။
သို့သော် နေပြည်တော်မှ ထိပ်တန်းစစ်အရာရှိများသည် MFP သြဇာတက်လာခြင်းကို စိုးရိမ်ကြသည်။ “MFP က အနောက်တိုင်းလိုလားပြီး အကြမ်းဖက်သမားတွေကို ကူညီမယ်” ဟု ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထိုင်း-မြန်မာနယ်စပ်မှ တပ်မှူးများသို့ပေးသော ညွှန်ကြားချက်တွင် ပြောသည်ဟု ဧရာဝတီ သတင်းဌာနက မေလ ၂၂ ရက်နေ့တွင် ဖော်ပြသည်။ “မိမိတို့သည် နယ်စပ်ကိုစောင့်ကြည့်ပြီး ၎င်းတို့၏လှုပ်ရှားမှု သတင်းများ ရယူရမည်” ဟုလည်း ၎င်းကပြောသည်။
ထိုစကားများသည် ထိုင်း၏မူဝါဒတွင် အခြေခံကျသည့် အပြောင်းအလဲ မဟုတ်လျှင်ပင် သိသာသော အပြောင်းအလဲ ဖြစ်သည်။ သို့သော် ထိုစကားများသည် မြန်မာပဋိပက္ခတွင် မည်သို့သက်ရောက်မည်ကို ပြောရန် ခက်ခဲသည်။
ဒေသအဆင့်တွင် ပိုမိုတက်ကြွသော ထိုင်းအစိုးရသည် မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော အာဆီယံအဖွဲ့ဝင်များကို အားပေးပြီး မြန်မာစစ်ကောင်စီကို ပိုမိုပြင်းထန်သော တွန်းအားပေးမည်ဖြစ်သည်။ သို့သော် ထိုနည်းလမ်းသည်ပင် အာဆီယံ၏ ဝင်ရောက်မစွက်ဖက်ရေးမူကို တင်းတင်းကျပ်ကျပ် ရှေးရိုးစဉ်လာ ဖွင့်ဆိုသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုကဲ့သို့သော နိုင်ငံများ၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရနိုင်သည်။
ဒေသအဆင့်တွင် ပိုမိုတက်ကြွသော ထိုင်းအစိုးရသည် မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော အာဆီယံအဖွဲ့ဝင်များကို အားပေးပြီး မြန်မာစစ်ကောင်စီကို ပိုမိုပြင်းထန်သော တွန်းအားပေးမည်ဖြစ်သည်။
ယခုကဲ့သို့ ကနဦးအဆင့်တွင် အကဲဖြတ်ရန် ခက်ခဲသော်လည်း မစ္စတာ ပီတသည် ဘုံသဘော တူညီချက် ၅ ချက်နှင့် ပတ်သက်သည့် ထိုင်းနိုင်ငံ၏မူဝါဒကို ချပြခြင်းဖြစ်သည်။ သို့သော် ထိုဘုံသဘောတူညီချက်များသည် တက်ကြွလှုပ်ရှားသူ အများအပြားနှင့် မြန်မာ့ရေးရာလေ့လာသူများကြားတွင် ခုခံတော်လှန်ရေးနှင့် မပတ်သက်ဘဲ သေဆုံးနေသည့်မူဝါဒ ဖြစ်သည်ဟု ယူဆကြသည်။
လွန်ခဲ့သောနှစ်က ဆောင်းပါးတပုဒ်တွင် စာရေးသူက မြန်မာနှင့် ၂၄၁၆ ကီလိုမီတာရှည်ပြီး လုံခြုံမှုမရှိသည့် နယ်စပ်တွင် ထိုင်းအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုသည် “မြန်မာ၏ ရှုပ်ထွေးဆက်စပ်နေသော အကျပ်အတည်းကို ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံတွင်းမှ လူသားချင်းစာနာမှု အခြေအနေဆိုးရွားနေခြင်းကို လျှော့ချရန် လိုအပ်သော အခြေအနေဖြစ်ကြောင်း” ရေးသားခဲ့သည်။ သို့သော် ထိုမျှဖြင့် လုံးဝ လုံလောက်မည် မဟုတ်ဘဲ မြန်မာ၏ အခြား အဓိက အိမ်နီးချင်း နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ကလည်း အလားတူ ပြောင်းလဲရန် လိုသည်။ ထို နှစ်နိုင်ငံသည် စစ်ကောင်စီနှင့် ဆက်လက်ဆက်ဆံနေကြသည်။
ထို့နောက် ပြည်တွင်း စစ်မျက်နှာလည်း ရှိနေသေးသည်။ ထိုင်းမှ ရှေးရိုးစဉ်လာပါတီများက MFP ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့ခွင့်ပြုလျှင်ပင် MFP ၏ မူဝါဒများ အကောင်အထည် ဖော်သည်ကို ခုခံဆန့်ကျင်မည် ဖြစ်သည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒကို နှောင့်နှေးစေနိုင်သည်ဟု နားလည်နိုင်သည်။
ထိုင်းမှ ရှေးရိုးစဉ်လာပါတီများက MFP ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့ခွင့်ပြုလျှင်ပင် MFP ၏ မူဝါဒများ အကောင်အထည် ဖော်သည်ကို ခုခံဆန့်ကျင်မည် ဖြစ်သည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒကို နှောင့်နှေးစေနိုင်သည်
The Diplomat စာစောင်မှ ဆောင်းပါးရှင် တီတ ဆန်ဂလီ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ရေးသားသည့်အတိုင်းဆိုပါက ပီတ၏ နိုင်ငံတကာလမ်းကြောင်းသစ် ရှာဖွေမှုသည် “တဖြည်းဖြည်း ပြောင်းလဲမှုကို လိုလားပြီး နိုင်ငံတကာဆက်ဆံရေးတွင် ထိုင်းအကျိုးစီးပွားကို ကာကွယ်ရန် လက်တွေ့ကျကျကြည့်သည့် ထိုင်းအထက်လွှာများ၏ ပြင်းထန်သော ထိန်းချုပ်မှုနှင့် ရင်ဆိုင်ရနိုင်သည်” ဟုသာ ဆိုရမည်ဖြစ်သည်။
“နည်းလမ်းဟောင်းမှာ ဆိုးကျိုးတွေ အများကြီးရှိတယ်။ ဒါပေမယ့် ထိုင်းအထက်လွှာအတွက် မတည်ငြိမ်တဲ့ အခြေအနေကို ဖြတ်သန်းရာမှာ အန္တရာယ်အကင်းဆုံး နည်းလမ်းပဲ” ဟု ၎င်းက ဆက်လက်ရေးသားသည်။
အမှန်တရားမှာ ကိုယ်ကျိုးကြည့်သော မြန်မာစစ်ကောင်စီ၏ တွက်ကိန်းပြောင်းလဲစေရန် ပြင်ပအစိုးရများက လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ဖြင့်သာရှိပြီး ထိုကိစ္စသည် ထိုင်းနိုင်ငံ၏ ဖြစ်နိုင်ခြေရှိသော မြန်မာမူဝါဒအကြောင်း ဆွေးနွေးရာတွင် ဝန်ခံသင့်သော အချက်ဖြစ်သည်။
အမှန်တရားမှာ ကိုယ်ကျိုးကြည့်သော မြန်မာစစ်ကောင်စီ၏ တွက်ကိန်းပြောင်းလဲစေရန် ပြင်ပအစိုးရများက လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ဖြင့်သာရှိပြီး ထိုကိစ္စသည် ထိုင်းနိုင်ငံ၏ ဖြစ်နိုင်ခြေရှိသော မြန်မာမူဝါဒအကြောင်း ဆွေးနွေးရာတွင် ဝန်ခံသင့်သော အချက်ဖြစ်သည်။ ထိုမူဘောင်အတွင်း ပိုမိုလူသားဆန်သော မူဝါဒတခုသည် ကာလကြာမြင့်စွာ ဒုက္ခခံစားနေရသည် မြန်မာပြည်သူများအတွက် ရှားပါးသော သတင်းကောင်း၊ နေရပ်စွန့်ခွာနေရသော အရပ်သားများအတွက် ပိုမိုထိရောက်၊ ပိုမိုလက်တွေ့ကျပြီး ခိုင်မာသော ဒေသတွင်းတုံ့ပြန်မှုဖြစ်သင့်သည်။
(The Diplomat ပါ Sebastian Strangio ၏ How Thailand’s Myanmar Policy Could Change Under Move Forward ကို ဘာသာပြန်သည်။ )
You may also like these stories:
ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်
မြန်မာ့အိမ်နီးချင်းများ စစ်ကောင်စီကို ပစ်ပယ်ရန် အချိန်ကျပြီ
Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့
ထိုင်းရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ
၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ
ထိုင်းအထက်လွှတ်တော်အမတ်နှင့် မြန်မာခရိုနီ နက်ရှိုင်းစွာ ပတ်သက်ပုံ ထိုင်းပါလီမန်တွင် ဆွေးနွေး