အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဟင်နရီ ကစ်ဆင်ဂျာ၏ အသက် ၁၀၀ ပြည့် အခမ်းအနားကို မကြာမီက ကျင်းပခဲ့သည်။ ထိုအခမ်းအနားကို ကြိုဆိုသူ အများအပြားရှိသော်လည်း ထို့ထက် များပြားသောသူများက ပြစ်တင်ရှုတ်ချကြသည်။ ထိုအသက်ရာပြည့် စစ်ရာဇဝတ်သားသည် ၂၀ ရာစုအတွင်း ကမ္ဘာ့ဖရိုဖရဲ အခြေအနေများကို အဓိက မီးထိုးပေးပြီး နိုင်ငံတော် ကမကထပြု အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ပြစ်ဒဏ်မခံရအောင် လုပ်ပေးသောကြောင့် သူ့ကို သံသယဖြင့် ကြည်ညိုလေးစားမှုနှင့် ထိရောက်မှုမရှိသော ဝေဖန်မှုများဖြင့် ဂုဏ်ပြုကြသည်။
ဂျာမနီတွင် မွေးဖွားသည့် မစ္စတာ ကစ်ဆင်ဂျာသည် အထက်တန်းစား ပညာတတ်၊ နိုင်ငံခြားရေးမူဝါဒ အထူးကျွမ်းကျင်သူဖြစ်ပြီး သမ္မတ ရစ်ချတ် နစ်ခ်ဆင်လက်ထက် ၁၉၆၉ ခုနှစ်အစောပိုင်းမှ စတင်ကာ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် လုပ်ကိုင်ကာ နစ်ခ်ဆင် စွဲချက်တင် ဖြုတ်ချခံရပြီးနောက် သမ္မတ ဂျရယ် ဖို့ဒ် လက်အောက်တွင် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။
ကစ်ဆင်ဂျာသည် အမေရိကန် စစ်အေးတိုက်ပွဲ သံတမန်ရေးတွင် အရေးပါသော ခေါင်းဆောင်တဦးဖြစ်သည်။ စစ်အေးတိုက်ပွဲ သံတမန်ရေးတွင် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတွင် စစ်ဆင်ခြင်း၊ တရုတ်နှင့် ပြန်လည်သင့်မြတ်ခြင်း၊ ဆိုဗီယက်ယူနီယံနှင့် ပြန်လည်သင့်မြတ်ခြင်း၊ ချီလီ၊ အာဂျင်တီးနားနှင့် အာဖရိက တတိုက်လုံးမှ စစ်အာဏာရှင်များနှင့် အာဏာသိမ်းမှုများကို ပူးပေါင်းကြံစည်ခြင်း၊ အရှေ့အလယ်ပိုင်းတွင် ရှုပ်ထွေးသော လွန်းပျံသံတမန်ရေး ကျင့်သုံးခြင်း၊ (ယခု ဘင်္ဂလားဒေ့ရှ်ဟု ခေါ်သည့်) အရှေ့ ပါကစ္စတန်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖုံးကွယ်ပေးခြင်းနှင့် အင်ဒိုနီးရှားက အရှေ့တီမောကို ကျူးကျော် သိမ်းပိုက်ရန် ခွင့်ပြုခြင်း စသည်တို့ ပါဝင်သည်။
The Guardian သတင်းစာက မကြာသေးမီရက်များက ဖော်ပြသည့် ဆောင်းပါးများတွင် ကစ်ဆင်ဂျာ၏ အတိတ်က ရာဇဝတ်မှုများကို ရှုတ်ချပြီး အမေရိကန် နိုင်ငံခြားရေးမူဝါဒ အသိုက်အဝန်းတွင် သူ ဆက်လက်ခံစားနေသည့် လေးစားခံရမှု အပုပ်နံ့ ယဉ်ကျေးမှုကိုပါ ဝေဖန်သည့် လှုပ်ရှားမှုအား တွေ့နိုင်သည်။
မစ္စတာ ကစ်ဆင်ဂျာ၏ အမျိုးစုံသော ရာဇဝတ်မှုများအား အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချမှုကို ခရစ္စတိုဖာ ဟစ်ချန် ရေးသည့် “ကစ်ဆင်ဂျာ၏တရားခွင် (စိတ်ကူးယဉ်တရားခွင်)” တွင် တွေ့နိုင်သည်။ The Guardian သတင်းစာက မကြာသေးမီရက်များက ဖော်ပြသည့် ဆောင်းပါးများတွင် ကစ်ဆင်ဂျာ၏ အတိတ်က ရာဇဝတ်မှုများကို ရှုတ်ချပြီး အမေရိကန် နိုင်ငံခြားရေးမူဝါဒ အသိုက်အဝန်းတွင် သူ ဆက်လက်ခံစားနေသည့် လေးစားခံရမှု အပုပ်နံ့ ယဉ်ကျေးမှုကိုပါ ဝေဖန်သည့် လှုပ်ရှားမှုအား တွေ့နိုင်သည်။
သူနှင့်ခေတ်ပြိုင်နီးပါးဖြစ်သည့် စစ်ရာဇဝတ်သမား ကာကွယ်ရေးဝန်ကြီးဟောင်း ရောဘတ် မက္ကနာမာရာက ၂၀၀၃ ခုနှစ် မှတ်တမ်းရုပ်ရှင် The Fog of War တွင် ပြန်လည် သုံးသပ် နောင်တရမှုများကို ဖော်ပြခဲ့သော်လည်း ကစ်ဆင်ဂျာသည် တရားစီရင်မှုမှ လုံးဝလွတ်မြောက်ခြင်းကို ခံစားနေပြီး မည်သည့် နောင်တမျှ မရပေ။
မစ္စတာ ကစ်ဆင်ဂျာသည် ဆယ်စုနှစ်တခုနီးပါးကြာသည့် ကမ္ဘာဖျက်လုပ်ငန်းများ လုပ်ဆောင်စဉ် မြန်မာကို ဂရုဏာကြီးမားစွာ ချမ်းသာပေးခဲ့သည်။ အင်ဒိုချိုင်းနားတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေစဉ်တွင် ကိုယ့်လူ့အဖွဲ့အစည်းကို ကိုယ်ပြန်ဖျက်ဆီးနေသည့် အမေရိကန် ဆန့်ကျင်ရေး အာဏာရှင်က ကွန်မြူနစ်ဆန့်ကျင်ရေး ပြည်တွင်းစစ်ကို ဆင်နွှဲနေသည့် အနီးရှိ နိုင်ငံတခုနှင့်ပတ်သက်ပြီး မည်သည့်စိုးရိမ်စရာ ရှိသနည်း။
ဗိုလ်ချုပ် နေဝင်းသည် ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ကိုယ့်နိုင်ငံသားများကို ပြန်လည်ဖိနှိပ်ခြင်း၊ တောင်အာရှ နိုင်ငံသားများကို မောင်းထုတ်ခြင်း၊ စက်မှုလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခြင်းနှင့် စစ်အေးတိုက်ပွဲကို ဆန့်ကျင်ခြင်းဖြင့် အလုပ်ရှုပ်နေပြီး မြန်မာကို ဒေသတွင်းရေးရာများမှ ဖယ်ထုတ်လိုက်သည်။ နိုင်ငံကို ဆင်းရဲအောင် လုပ်လိုက်ခြင်းကြောင့် မြန်မာသည် ကစ်ဆင်ဂျာ ကဲ့သို့သော သေနင်္ဂဗျူဟာ ပညာရှင်များအတွက် ခံတွင်းမတွေ့လှသော ဘာသာရပ် ဖြစ်သည်။
ဦးနု၏ နေဝင်း ဆန့်ကျင်ရေး အဝေးရောက် ပြည်သူ့ဒီမိုကရက်တစ်ပါတီ အစိုးရကို Mobil Oil က ငွေကြေးထောက်ပံ့ခြင်းအား ကစ်ဆင်ဂျာ ကောင်းစွာသိကြောင်း ဝင်ဒီလောရုံ၏ “Golden Parasol” စာအုပ်တွင် သေချာဖော်ပြထားသော်လည်း အမေရိကန်ဒေါ်လာ ၂ သန်းဆိုသည်မှာ သေးငယ်သော စစ်ဆင်ရေးသာ။ ကန်တွန် ကလိုင်းမား၏ မြန်မာ-အမေရိကန် ဆက်ဆံရေး လေ့လာမှုဖြစ်သည့် “သိမ်မွေ့သော ဆက်ဆံရေး” စာတမ်းတွင် ကစ်ဆင်ဂျာကို ခရီးသွားဟန်လွှဲမျှသာ ဖော်ပြထားသည်။
သူ၏ အကြီးမားဆုံး သက်ရောက်မှုမှာ နေဝင်း စစ်အုပ်စုကို အမေရိကန်ဒေါ်လာ သန်း ၈၀ ဖိုး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကူအညီ ၁၉၇၀ ပြည့်နှစ်များမှ ၁၉၈၈ ခုနှစ်အထိ ပေးသည့်အချိန်ပင် ဖြစ်သည်။
သူ၏ အကြီးမားဆုံး သက်ရောက်မှုမှာ နေဝင်း စစ်အုပ်စုကို အမေရိကန်ဒေါ်လာ သန်း ၈၀ ဖိုး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကူအညီ ၁၉၇၀ ပြည့်နှစ်များမှ ၁၉၈၈ ခုနှစ်အထိ ပေးသည့်အချိန်ပင် ဖြစ်သည်။ ထိုစဉ်က အမေရိကန်အစိုးရသည် နေဝင်း စစ်အုပ်စုကို ရဟတ်ယာဉ်များနှင့် အပင်များကို အရွက်များ ကြွေကျစေသည့် အဆိပ် 2,4-D ဓာတုဗေဒပစ္စည်းများ အပါအဝင် အကူအညီများပေးခဲ့သည်။ ထိုအစီအစဉ်သည် အချည်းနှီးသာဖြစ်ကြောင်း အမေရိကန် စာရင်းစစ်ချုပ်ရုံးက ဖော်ပြသည်။
မစ္စတာ ကစ်ဆင်ဂျာနှင့် သမ္မတ နစ်ခ်ဆင်သို့ ပေးပို့သည့် မြန်မာနိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်ပတ်သက်သည့် ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ အစီရင်ခံစာတွင် ထိုလုပ်ငန်းသည် စဉ်းစားဆင်ခြင်မှု ကင်းမဲ့ပြီး ငွေကြေး ထိုမျှ မသုံးသင့်ကြောင်း ဖော်ပြထားသည်။ လွန်စွာသေးငယ်သော (မြန်မာ) နိုင်ငံကို ထိုစဉ်က ကိုယ့်ကိုကိုယ် အမွှမ်းတင်နေသည့် အကြံပေး ကစ်ဆင်ဂျာက အလေးထားမည်မှာ သံသယဖြစ်စရာ ကောင်းသည်။ မစ္စတာ ကစ်ဆင်ဂျာသည် မြန်မာသို့ လာရောက်ခဲ့ခြင်း မရှိပေ။
ကစ်ဆင်ဂျာ၏ ခေါင်းဆောင် သမ္မတဟောင်း နစ်ခ်ဆင်သည် မြန်မာသို့ နှစ်ကြိမ်လာရောက်ခဲ့သည်။ ၁၉၅၃ ခုနှစ်က ဦးနု ဝန်ကြီးချုပ် တာဝန်ယူစဉ် ဒုတိယသမ္မတအဖြစ် တကြိမ်လာရောက်ပြီး ကွန်မြူနစ်ဆန္ဒပြသူအချို့ကို မေးခွန်းများဖြင့် စိန်ခေါ်ကာ မစ္စတာ နစ်ခ်ဆင်က အနိုင်ယူခဲ့သည်။ ထို့နောက် ၁၉၈၅ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာသို့ နှစ်ရက်ကြာ လာရောက်ပြီး ဦးနေဝင်းနှင့်တွေ့ဆုံကာ ပဲခူးမှ ရွှေသာလျောင်းနှင့် ရန်ကုန်မှ ရွှေတိဂုံဘုရားတို့သို့ သွားရောက်လည်ပတ်ခဲ့သည်။
မြန်မာသို့ မစ္စတာ ကစ်ဆင်ဂျာ လာရောက်လုနီးပါး ဖြစ်ခဲ့ရလောက်အောင် စိတ်ဝင်စားလာသည်ဟု မိမိတို့သိရသည့်အချိန်မှာ ၂၀၁၂ ခုနှစ် ဖြစ်သည်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် အမေရိကန်မူဝါဒ ဖြစ်ပေါ်တိုးတက်မှုသည် အထွတ်အထိပ် ရောက်နေသောကြောင့် နိုင်ငံရေးသမားကြီး ကစ်ဆင်ဂျာသည် ပါဝင်ပတ်သက်လာရသည်။
၂၀၁၆ ခုနှစ်၊ မတ်လတွင် Wikileaks က ထုတ်ပြန်သည့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ အီးမေးလ် မှတ်တမ်းတွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ပက်ထရစ် မာဖီက မြန်မာနှင့် ထိတွေ့ဆက်ဆံရေးကို ဦးဆောင်သော လုပ်ဖော်ကိုင်ဖက်များသို့ ပေးပို့သော အီးမေးလ် ပါဝင်သည်။
“အတ္တလန္တိတ်ကောင်စီမှာ ဒေါက်တာ ကေ (ကစ်ဆင်ဂျာ) နဲ့ နာရီဝက်လောက် စကားပြောခဲ့တယ်။ သူက မြန်မာကို စိတ်ဝင်စားနေပေမယ့် သူက ပိုမိုသိရှိလိုပြီး အရင်က ဦးသန့်နဲ့ ဒီနေ့ည ASSK (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ကိုယ်စားလှယ်အဖွဲ့က လွဲလို့ ဘယ်မြန်မာနဲ့မှ မတွေ့ဖူးတာကို သူ အားမလိုအားမရ ဖြစ်နေတယ်။ သူက သူဟာ S (နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်) ကို အရမ်းသဘောကျကြောင်း၊ အထူးသဖြင့် သူ့ရဲ့မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရဲရင့်သော မူဝါဒကို သဘောကျကြောင်း ပြောတယ်။ ကစ်ဆင်ဂျာ အရင်က ဘယ်မြန်မာနဲ့မှ မတွေ့ဖူးတာ တော်တော်ဆန်းတယ်။ အခုမှ မြန်မာကို စုပြုံသွားနေတဲ့ နိုင်ငံခြားသားအများအပြားကို ပြောချင်တာလို့ ထင်တယ်” ဟု ရေးသားထားသည်။
ကိုယ်ကျိုးရှာ နိုင်ငံတကာ လေကြီးလေကျယ်ပြောသူ အများအပြားကဲ့သို့ပင် ၂၀၁၂ ခုနှစ်က မစ္စတာ ကစ်ဆင်ဂျာသည် အလျင်အမြန် သွားရောက်လည်ပတ်လိုပြီး လွန်စွာကြီးကျယ်သောကိစ္စတွင် ပါဝင်ချင်လာသည်။
ကိုယ်ကျိုးရှာ နိုင်ငံတကာ လေကြီးလေကျယ်ပြောသူ အများအပြားကဲ့သို့ပင် ၂၀၁၂ ခုနှစ်က မစ္စတာ ကစ်ဆင်ဂျာသည် အလျင်အမြန် သွားရောက်လည်ပတ်လိုပြီး လွန်စွာကြီးကျယ်သောကိစ္စတွင် ပါဝင်ချင်လာသည်။
ထိုအီးမေးလ် အဆုံးတွင် “သူက သိန်းစိန်ကို နောက်အပတ်မှ တွေ့ဖို့ မျှော်လင့်နေတယ်။ ကျနော် အဲဒီမှာ ရှိမလားလို့ မေးတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အကြောင်း ရှင်းပြတယ်။ (အမေရိကန် သံအမတ်) ဒဲရက်ကတော့ အဲဒီမှာ ရှိလိမ့်မယ်လို့ ကျနော်ပြောတယ်။ သူက မြန်မာကို စင်ကာပူကနေ အောက်တိုဘာလမှာ သွားချင်တယ်။ အောက်တိုဘာလမှာ ဧည့်သည်တွေ များတာကို ကျနော်သိတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ဝင်စားမှုကို ကျနော် အားပေးတယ်။ အထူးသဖြင့် သူ့ရဲ့ တရုတ်အတွေ့အကြုံက မြန်မာပြုပြင်ပြောင်းလဲရေး အစိုးရနဲ့ပတ်သက်ပြီး အသုံးဝင်မယ်လို့ ကျနော်ပြောလိုက်တယ်။ သူက တရက်တည်းနဲ့ ရမလားလို့ မေးပေမယ့် ရန်ကုန်သာမက နေပြည်တော်ကိုပါသွားဖို့ လိုတာကို သူ သဘောတူတယ်” ဟု ရေးသားထားသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် နယူးယောက်မှ မာ့ခ်ဟိုတယ်တွင် တွေ့ဆုံသောအခါ သမ္မတ ဦးသိန်းစိန်က မစ္စတာ ကစ်ဆင်ဂျာသည် အသက်အရွယ်၊ အတွေ့အကြုံ၊ အသိပညာအရ လွန်စွာ လေးစားခံရသူဖြစ်ကြောင်းနှင့် နိုင်ငံတကာရေးရာများတွင် ကစ်ဆင်ဂျာ တက်ကြွစွာ ပါဝင်နေသည်ကို တွေ့ရကြောင်း ပြောသည်။ ထိုသို့ဆောင်ရွက်ချက်များသည် သမိုင်းတလျှောက် မှတ်တိုင်များ ဖြစ်နေမည်ဟု ပြောသည်။
အစိုးရသတင်းစာ၏ ဖော်ပြချက်အရ မစ္စတာ ကစ်ဆင်ဂျာက “သူသည် မြန်မာကို စိတ်ဝင်စားကြောင်းနှင့် မြန်မာသမိုင်းကို အလွန်လေးစားကြောင်း ပြောသည်။ အမေရိကန်-မြန်မာဆက်ဆံရေး ပြန်လည် ကောင်းမွန်လာသည်ကို တွေ့ရပြီး နှစ်နိုင်ငံအကြား ဆွေးနွေးမှု ရှိလာသောကြောင့် ဝမ်းသာကြောင်း ပြောသည်။ မြန်မာသည် အနာဂတ်တွင် အရှေ့တောင်အာရှ နိုင်ငံများအကြား အရေးပါသောအခန်းမှ ပါဝင်မည်ဟု သူပြောမည်မှာ သေချာသည်။ မြန်မာကို သူအကြီးအကျယ် စိတ်ဝင်စားရသည့်ကိစ္စမှာ မြန်မာသည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း သွားမည်ဆိုသည့် ကိစ္စဖြစ်သည်။ လူသူလေးစားခံရသည့် နိုင်ငံခေါင်းဆောင်ဆိုသည်မှာ သူ၏နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စတင်ရန် ရဲရင့်သော လုပ်ဆောင်မှု လုပ်နိုင်စွမ်းရှိသူဖြစ်ကြောင်း ပြောသည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရန် အရေးကြီးသည်။ မြန်မာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အခက်အခဲများစွာ ရှိသည်ကို သူနားလည်သည်။ ထိုလုပ်ငန်းစဉ်တွင် လူတိုင်း ပူးပေါင်းဆောင်ရွက်ရန် လိုသည်” ဟု ပြောသည်။
သန့်မြင့်ဦး၏ ၂၀၁၉ ခုနှစ်က ထုတ်ဝေသည့် The Hidden History of Burma တွင် သမ္မတ၏အကြံပေး ရေတပ် ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းနှင့် ဦးသိန်းစိန်အတွက် အမေရိကန်ခရီးစဉ် အစီအစဉ်ကို အကြီးအကျယ် ချီးကျူးသည်။ သန့်မြင့်ဦးသည် မိန့်ခွန်းများ၊ ပြောဆိုရမည့်အချက်များကို ရေးသားကူညီပြီး အာဏာစွန့်လွှတ်သော ဗိုလ်ချုပ်များကို ကိုယ်တိုင်ကြည့်ရန် ကစ်ဆင်ဂျာ လာရောက်ကြောင်း ရေးသားသည်။
သန့်မြင့်ဦး၏ သမိုင်းအမြင်အတွက် ကံမကောင်း အကြောင်းမလှသောအချက်မှာ ပြုပြင်ပြောင်းလဲရေး ဗိသုကာကြီး ဦးစိုးသိန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး ထိုခရီးစဉ် အဖွဲ့ဝင်များဖြစ်သော ဦးခင်ရီနှင့် ဦးဝဏ္ဏမောင်လွင်တို့သည် စစ်ကောင်စီတွင် ပါဝင်နေခြင်းဖြစ်သည်။ မစ္စတာ ကစ်ဆင်ဂျာသည် မရိုးသားသော လူယုတ်မာအဖွဲ့ကို ခင်မင်စရာကောင်းသည့် မိတ်ဆွေများအဖြစ် အသိအမှတ်ပြုကာ ထိုသူများနှင့် တွေ့ဆုံရသောကြောင့် ကျေနပ်ကောင်း ကျေနပ်နေမည် ဖြစ်သည်။
မစ္စတာ ကစ်ဆင်ဂျာသည် မရိုးသားသော လူယုတ်မာအဖွဲ့ကို ခင်မင်စရာကောင်းသည့် မိတ်ဆွေများအဖြစ် အသိအမှတ်ပြုကာ ထိုသူများနှင့် တွေ့ဆုံရသောကြောင့် ကျေနပ်ကောင်း ကျေနပ်နေမည် ဖြစ်သည်။
ဦးစိုးသိန်း၏ ဘုန်းတော်ဘွဲ့ ဖြစ်သော်လည်း အတွင်းရေးများကို ဖော်ပြထားသည့် စာအုပ် Myanmar’s Transition & U Thein Sein: An Insider’s Account တွင် “သူ (ကစ်ဆင်ဂျာ) က အသက် ၉၀ ကျော်နေပြီ။ သိချင်လို့ ဘာကြောင့် လာတွေ့လဲ မေးလိုက်တယ်။ သူက မြန်မာလို နိုင်ငံတခုမှာ ဒီမိုကရေစီစနစ်တခု အသွင်းကူးပြောင်းရေးကို အောင်မြင်အောင် လုပ်နိုင်တဲ့လူကို ကြည့်ချင်လို့လာတာလို့ ပြန်ဖြေတယ်။ ကျနော်တို့ သမ္မတအတွက် ကျနော် အရမ်းဂုဏ်ယူတယ်” ဟု ရေးထားသည်။ အန်ချင်စရာ ကောင်းလှသည်။
ကစ်ဆင်ဂျာ၏ ခဏတာ စိတ်ဝင်စားမှုသည် သက်ရောက်မှု ကြီးကြီးမားမား မရှိပေ။ ဟီလာရီ ကလင်တန်၏ နိုင်ငံခြားရေးဝန်ကြီး ဘဝအကြောင်း စာအုပ်ဖြစ်သည့် Hard Choices တွင် မြန်မာနှင့်ပတ်သက်ပြီး သူ့အကြောင်း ဖော်ပြထားသည်ကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။
သို့သော်လည်း ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ ဝင်သောအခါ ဟီလာရီ ကလင်တန်က သူ့ကို ကြိုဆိုသည်မှာ စိတ်ပျက်စရာကောင်းလှပြီး ဟီလာရီ သမ္မတဖြစ်လာပါက မြန်မာမူဝါဒနှင့်ပတ်သက်ပြီး သူ အကြံပေးမည်ကို စဉ်းစားကြည့်လျှင်ပင် စိတ်ပျက်စရာ ကောင်းလှသည်။ အာရင်မာဖီ၏ အမေရိကန် ထိတွေ့ဆက်ဆံရေးနှင့် ပတ်သက်သည့် အကောင်းဆုံး စာအုပ်ဖြစ်သော Burmese Haze တွင်လည်း ကစ်ဆင်ဂျာကို ဖော်ပြထားခြင်း မရှိပေ။
သို့သော် ထိပ်တန်း ထိတွေ့ဆက်ဆံရေး သေနင်္ဂဗျူဟာသမားအဖြစ် မကြာခဏ သတ်မှတ်ခံရသည့် ကာ့တ် ကမ်းဘဲလ်က သူ၏အမြင်ကို သူ၏ ၂၀၁၆ ခုနှစ်ကစာအုပ် The Pivot တွင် ဖော်ပြထားသည်။ ကမ်းဘဲလ်သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှထွက်ပြီး ပထမပိုင်းက ဒီလာဝဲလ်တွင် Asia Group ဟု ခေါ်သည့် ကုမ္ပဏီတခု တည်ထောင်ကာ မြန်မာမှ အကျိုးအမြတ်များသည့် လေဆိပ်တိုးချဲ့ရေး ကိစ္စအပါအဝင် ဒေသတွင်းတွင် မေးခွန်းထုတ်စရာရှိသော လော်ဘီကိစ္စအချို့ လုပ်ကိုင်သည်။
မစ္စတာ ကမ်းဘဲသည်ပင် သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးကောင်စီတွင် အင်ဒို-ပစိဖိတ် ညှိနှိုင်းရေးမှူးဖြစ်နေသည် ဆိုသည့်အချက်သည် အာဏာသိမ်းပြီး မြန်မာနှင့်ပတ်သက်သည့် ဝါရှင်တန်မှ နှေးကွေးသော မူဝါဒကို တစိတ်တပိုင်း ရှင်းပြနေသည်။
မစ္စတာ ကမ်းဘဲသည်ပင် သမ္မတ ဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးကောင်စီတွင် အင်ဒို-ပစိဖိတ် ညှိနှိုင်းရေးမှူးဖြစ်နေသည် ဆိုသည့်အချက်သည် အာဏာသိမ်းပြီး မြန်မာနှင့်ပတ်သက်သည့် ဝါရှင်တန်မှ နှေးကွေးသော မူဝါဒကို တစိတ်တပိုင်း ရှင်းပြနေသည်။
ကမ်းဘဲလ်သည် အမေရိကန် သံတမန်ရေးတွင် ကစ်ဆင်ဂျာ အမှတ်သင်္ကေတကို ထင်ဟပ်နေသည်။ သူ၏စရိုက်ကို ခန့်မှန်းရန် နယူးယောက်တိုင်းမ် သတင်းထောက် မာ့ခ် လန်ဒလာ၏ Alter Egos ကို ဖတ်ပါ။ ကမ်းဘဲလ်သည် ၂၀၁၂ ခုနှစ်က Air Force One သမ္မတလေယာဉ်မှ အမှတ်တရ ပစ္စည်းများ (ကော့တေးလ်သောက်သည့် အဝတ်၊ ဖန်ခွက်များနှင့် ဓာတ်မီးတခု) ကို အလစ်သုတ်လာပြီး မင်္ဂလာဒုံလေဆိပ်ပြေးလမ်းတွင် Secret Service လျှို့ဝှက်ထောက်လှမ်းရေးများကို ရှောင်ပြေးသည်။
ထိုသို့ဆိုသောကြောင့် အမေရိကန် ဦးဆောင်သည့် မြန်မာနှင့်ထိတွေ့ဆက်ဆံရေးကို ပယ်ချခြင်း မဟုတ်ပေ။ မြန်မာသို့ စိတ်ပျက်စရာကောင်းသော အလုအယက်သွားရောက်ခြင်းဟု သတ်မှတ်ရမည့် ဆယ်စုနှစ်တခုအတွင်း အကောင်းဆုံး တွက်ချက် တိုင်းတာ သတိထားပြီး စည်းမျဉ်းညီသော ထိတွေ့ဆက်ဆံရေးဖြစ်ခဲ့သည်။ အတိတ်ကို ပြန်ကြည့်မည်ဆိုက ကလင်တန်နှင့် အိုဘားမား သွားရောက်လည်ပတ်ခြင်းသည် အချိန်မကျမီ သွားရောက်လည်ပတ်ခြင်းဖြစ်သလို အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းခြင်းသည်လည်း အချိန်မကျမီ လုပ်ဆောင်ခြင်းသာ ဖြစ်သည်။
သို့သော် အမေရိကန်မူဝါဒ၏ ကျန်အစိတ်အပိုင်းများကိုမူ မြန်မာတွင် ထမ်းဆောင်သည့် သံအမတ်များအနက် အထိရောက်ဆုံးနှင့် အထူးချွန်ဆုံး သံအမတ်များဖြစ်သည့် မစ္စတာ ဒဲရက် မစ်ချယ်နှင့် မစ္စတာ စကော့ မာစီရယ်တို့က လမ်းညွှန်သည့် သင့်တင့်လျောက်ပတ်သော ပေါင်းစပ်မှုဖြစ်သည်။
ဝါရှင်တန်သည် စီစဉ်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ရွေ့လျားနေသည့် ပြုပြင်ပြောင်းလဲရေး ကိစ္စကိုသာ ကိုင်တွယ်နေရသည် မဟုတ်ဘဲ စီးပွားရေးကို စိတ်ဝင်စားသည့် ဥရောပသမဂ္ဂ၊ ဆက်သွယ်ရေး ကန်ထရိုက်များ ရရှိရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှေးကွေးစေသည့် မရိုးသားသော နော်ဝေ၊ သတ္တုတူးရန် စိတ်ထက်သန်နေသော သြစတြေးလျ၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အမှန်မမြင်နိုင်တော့သည့် ဘက်လိုက်သော ဗြိတိန်နှင့် တန်ဖိုးမဲ့သော ဂျပန်တို့နှင့်လည်း သူရဲဘောကြောင်စွာ ယှဉ်ပြိုင်နေရသည်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ ကဲ့သို့သော စစ်ရာဇဝတ်ကောင် နိုင်ငံရေးသမားတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးသည်။ ထိုသို့သာမဟုတ်လျှင် လစာကောင်းစွာရနေသည့် လူရမ်းကားများ၏ လုပ်ငန်းဖြစ်သည့် Kissinger Associates သည်လည်း ပါဝင်ပတ်သက်လာမည် ဖြစ်သည်။
မစ္စတာ ကစ်ဆင်ဂျာနှင့် ခဏတွေ့ရသောကြောင့် ဦးသိန်းစိန် သဘောကျသွားသည်။ ၂၀၁၅ ခုနှစ်က BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ဦးသိန်းစိန်က လူအချို့ (ဒေါ်အောင်ဆန်းစုကြည်) ကို သမ္မတရာထူးမှ ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းသည် မြန်မာတွင်သာ ထူးထူးခြားဖြစ်နေခြင်း မဟုတ်ကြောင်း ပြောသည်။ မစ္စတာ ကစ်ဆင်ဂျာသည် အမေရိကန် သမ္မတကောင်းတယောက် ဖြစ်နိုင်သော်လည်း ဂျာမနီတွင် မွေးဖွားသောကြောင့် စည်းမျဉ်းအရ ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု ဦးသိန်းစိန်က ပြောသည်။
မစ္စတာ ကစ်ဆင်ဂျာသည် အမေရိကန် သမ္မတကောင်းတယောက် ဖြစ်နိုင်သော်လည်း ဂျာမနီတွင် မွေးဖွားသောကြောင့် စည်းမျဉ်းအရ ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု ဦးသိန်းစိန်က ပြောသည်။
ကစ်ဆင်ဂျာသည် နစ်လ်ဆင်အပေါ် မလျော်သြဇာသုံးခဲ့ကြောင်း လေ့လာသူအချို့က ယူဆသည်။ နစ်ခ်ဆင်သည် အမေရိကန် သမိုင်းတွင် အကျင့်အပျက်ဆုံးနှင့် မုသားအပြောဆုံး သမ္မတဖြစ်သည်။ ထိုစဉ်က ကစ်ဆင်ဂျာ သေဆုံးခဲ့ပါက နစ်ခ်ဆင် သမ္မတဆက်ဖြစ်နိုင်သည်ဆိုသည့် ကြောက်စရာဟာသများပင် ဖြစ်ခဲ့သည်။
မစ္စတာ ကစ်ဆင်ဂျာနှင့် မြန်မာအကြား ခဏတာဆက်စပ်မှုမှ သင်ခန်းစာ သုံးခု ယူစရာရှိသည်။ ပထမဆုံးအချက်မှာ သူ၏ စီမံအုပ်ချုပ်မှုအမွေသည် အရှေ့တောင်အာရှမှ အရှေ့အလယ်ပိုင်းနှင့်အာဖရိကအထိ ကျဆုံးမှု အများအပြားပင် ဖြစ်သည်။ ယခုအခါ သံတမန်ရေးနှင့် ပတ်သက်သည့် သူ၏နည်းလမ်းကို လုံးဝ အယုံအကြည် ကင်းမဲ့သင့်သည်။ သမိုင်းဆိုင်ရာ တယူသန်မှု၊ ဘဝင်မြင့်ခြင်း၊ လူ့အသက် အထူးသဖြင့် လယ်သမားများ၏ အသက်ကို လုံးဝ မထေမဲ့မြင့် ပြုခြင်းတို့သာဖြစ်သည်။ ထင်ရှားသော အမေရိကန်များက မည်သည့်အတွက် သူ့ကို ကိုးကွယ်နေကြသနည်း။
ထင်ရှားသော အီတလီသတင်းသမား အိုရီယန်းနား ဖယ်လာစီနှင့် ၁၉၇၂ ခုနှစ်က တွေ့ဆုံမေးမြန်းမှုတွင် ကစ်ဆင်ဂျာက “နိုင်ငံအကြီးအကဲတယောက်မှာ အရေးကြီးတာက အသိဉာဏ်မဟုတ်ဘူး။ နိုင်ငံအကြီးအကဲ တယောက်ရဲ့ အရည်အချင်းက ခွန်အား၊ သတ္တိ၊ စူးရှထက်မြက်မှုနဲ့ အင်အားပဲ” ဟု ပြောခဲ့သည်။
သူသည် သူကိုယ်တိုင်နှင့် သူ၏ သမိုင်းပေး စီမံအုပ်ချုပ်မှုက အထီးကျန် ကောင်းဘွိုင်နှင့်တူသည်ဟု ပြောသည်။ “အမေရိကန်တွေက ဒါကို အရမ်းကြိုက်ကြတယ်။ အမေရိကန်တွေက လှည်းယာဉ်တန်းကို ရှေ့ဆုံးကနေ တဦးတည်း မြင်းစီးဦးဆောင်လာတဲ့ ကောင်းဘွိုင်ကို အရမ်းကြိုက်တယ်။ သူ့မြင်းကလွဲပြီး ဘာမှမပါဘဲ မြို့ထဲ ရွာထဲကို တဦးတည်း မြင်းစီးဝင်လာတဲ့ ကောင်းဘွိုင်ကို ကြိုက်ကြတယ်” ဟု သူကပြောသည်။
ထိုအမည်ဆိုးဖြင့် ကျော်ကြားသော တွေ့ဆုံမေးမြန်းခန်းတွင် သူ၏ စကားများကို ဖယ်လာစီက သရုပ်ဖျက်သည်ဟု မစ္စတာ ကစ်ဆင်ဂျာက ပြောသည်။ သတင်းသမား ဖယ်လာစီက သူရေးသားသည်များ မှန်ကန်ကြောင်း ပြသရန်အတွက် အသံသွင်းထားသည့် တိပ်ခွေကို ထုတ်ပြန်နိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထိုကိစ္စကို သူက ပယ်ချလိုက်သည်။
ထိုကိစ္စသည် သူ၏ မရိုးသားသောစရိုက် အတွင်းသရုပ် အနည်းငယ်မျှသာဖြစ်ပြီး အင်ဒိုချိုင်းနား၊ အရှေ့တီမော၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ပြည်သူများအပေါ် (အမေရိက ပြည်သူများအပေါ်) သူ ကျူးလွန်ခဲ့သည်များနှင့် ယှဉ်လျှင် အရေးမပါလှသော်လည်း ထိုသို့ ခုခံပြောဆိုခြင်းသည် ပဒေသရာဇ်စရိုက်ဖြစ်သည်။
ကစ်ဆင်ဂျာ၏ အမွေအနှစ်သည် အမေရိကန် နိုင်ငံခြားရေးနှင့် နိုင်ငံခြားရေးမူဝါဒ အထက်လွှာအကြားတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
ကစ်ဆင်ဂျာ၏ အမွေအနှစ်သည် အမေရိကန် နိုင်ငံခြားရေးနှင့် နိုင်ငံခြားရေးမူဝါဒ အထက်လွှာအကြားတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ အစည်းအဝေးသို့ မစ္စတာ ကစ်ဆင်ဂျာ ရောက်လာသည့် ဗီဒီယိုအတိုတွင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ ပရစ်ဆလာ ကလပ်က ကစ်ဆင်ဂျာကို အကြီးအကျယ် ချီးကျူး ဂုဏ်ပြုသည်။
လက်ရှိ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အုပ်ချုပ်ရေးမှူး ဆမန်သာ ပါဝါက လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်သည့် သူ၏စာအုပ် A Problem from Hell တွင် ကစ်ဆင်ဂျာကို ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားကိစ္စများနှင့် ၁၉၇၀ ခုနှစ်များက ကာ့ဒ်များကို သစ္စာဖောက်ခြင်းအပြင် အခြားကိစ္စများအတွက် တခါက ဝေဖန်ခဲ့ဖူးသည်။ အမေရိကန်တို့သည် ကာ့ဒ်များကို မျိုးဆက်ပေါင်းများစွာ သစ္စာဖောက်သူများဖြစ်ပြီး စနစ်တကျ ဆယ်စုနှစ်တခုနီးပါးတွင် တကြိမ် သစ္စာဖောက်ပြန်သည်။
အိုဘားမား၏ အမျိုးသား လုံခြုံရေးအေဂျင်စီ ဝန်ထမ်းအဖြစ် ဆမန်သာ သည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက အိုဘားမား၏ လက်ရှိသမ္မတ တဦးအဖြစ် ပထမဆုံးသော မြန်မာသို့ သမိုင်းဝင်ခရီးစဉ်မတိုင်မီ ညှိနှိုင်းမှုများတွင် ပါဝင်သည်။ ထိုသို့ညှိနှိုင်းရာတွင် စစ်တပ်ထံမှ ထူးခြားသော လိုက်လျောမှုများ ခက်ခက်ခဲခဲ ရယူနိုင်ခဲ့သည်ဟူ သူ၏ပြောပြချက်အရ သိရသည်။ (ထို့နောက် မကြာမီ သူသည် ၎င်းတို့အပေါ် ကတိဖောက်ဖျက်ခဲ့သည်။)
သူသည် စံနှုန်းများမှသွေဖည်ပြီး “အလုပ်ဖြစ်အောင်သာ” လုပ်ခဲ့ကြောင်း ၂၀၁၄ ခုနှစ်သို့ ရောက်သောအခါ သမ္မတ အိုဘားမား၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်အနေဖြင့် The New Yorker မှ အီဗန်းအော့စ်နော့စ်ကို ဝန်ခံခဲ့သည်။
၂၀၁၆ ခုနှစ်တွင် သူသည် “ပိုမိုတည်ငြိမ် ငြိမ်းချမ်းကာ လူသားဆန်သောကမ္ဘာကို ဖော်ဆောင်နိုင်သောကြောင့်” ဟင်နရီ အေ ကစ်ဆင်ဂျာဆုကို စစ်ရာဇဝတ်သမား ကစ်ဆင်ဂျာကိုယ်တိုင်ထံမှ လက်ခံရယူခဲ့သည်။ ထိုအချက်သည် စံနှုန်းများကို ဆုပ်ကိုင်သူတဦး၏ မှားယွင်းသော ပညာရေးဖြစ်သည်။ “အလုပ်ဖြစ်အောင် လုပ်သည်”ဆိုခြင်းကို အဓိပ္ပာယ် နှစ်ခွရှိသော စကားလုံးအဖြစ်ထက် စိတ်အားတက်ကြွဖွယ် နည်းသည့် သံတမန်ရေး ဂါထာအဖြစ်သာ မြင်သင့်သည်။
ဒုတိယအချက်မှာ မစ္စတာ ကစ်ဆင်ဂျာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံးရရှိထားသည့် ပြန်လည် ပြုပြင်ပြောင်းလဲ မရတော့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် ပတ်သက်သည်။ ကစ်ဆင်ဂျာသည် ဗီယက်နမ်စစ်ပွဲ ပြီးဆုံးစေမည့် ပါရီငြိမ်းချမ်းရေးစာချုပ်အတွက် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနှင့် ၁၉၇၃ ခုနှစ်တွင် နိုဘယ်ဆု ပူးတွဲရသည်။ မစ္စတာ လီဒတ်သိုက ထိုနိုဘယ်ဆုကို ပယ်ချသောကြောင့် သိက္ခာရှိသော်လည်း ကစ်ဆင်ဂျာသည် ဒွိဟမပွားဘဲ ဆုလက်ခံသည့် အခမ်းအနားသို့ တက်ရောက်သည်။ ထိုစဉ်က သီချင်းရေးဆရာ တွမ်လီဟာက “ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဟင်နရီ ကစ်ဆင်ဂျာရသောအခါ နိုင်ငံရေး သရော်စာများသည် အသုံးမဝင် ဖြစ်သွားသည်” ပြောခဲ့သည်။
ထိုစဉ်က သီချင်းရေးဆရာ တွမ်လီဟာက “ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဟင်နရီ ကစ်ဆင်ဂျာရသောအခါ နိုင်ငံရေး သရော်စာများသည် အသုံးမဝင် ဖြစ်သွားသည်” ပြောခဲ့သည်။
နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက မကြာသေးမီတွင် လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ထုတ်ပြန်ခဲ့သော စာရွက်စာတမ်းများအရ ကော်မတီသည် ထိုငြိမ်းချမ်းရေး သဘောတူစာချုပ်များ တည်မြဲမည်ဟု မယုံကြည်ခဲ့ကြောင်း သိရသည်။ လက်တွေ့တွင်လည်း မတည်မြဲခဲ့ပေ။ ဆိုင်ဂုံကျပြီးနောက် ၁၉၇၅ ခုနှစ်၊ မေလတွင် ကစ်ဆင်ဂျာက နိုဘယ်ဆုကို ပြန်ပေးရန် ကြိုးစားသည်။ နိုဘယ်ကော်မတီက အကြောင်း ပြန်ကြားခြင်း မရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရသောအခါ ထိုဆုကို ဂုဏ်တက်စေနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းအပေါ် အခွင့်အရေး ချိုးဖောက်မှုများကို ဒေါ်အောင်ဆန်းစုကြည် ငြင်းဆန်သောအခါ ထိုဆု၏ဂုဏ်သတင်းသည် ရေစုန်မျောသကဲ့သို့ ဖြစ်ခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကစ်ဆင်ဂျာကို နှိုင်းယှဉ်ခြင်းသည် မှန်ကန်ခြင်း မရှိပေ။ လွန်ခဲ့သော ရာစုနှစ်အတွင်း ကမ္ဘာတွင် ကစ်ဆင်ဂျာလောက် ဖျက်ဆီးမှုများ ဖန်တီးသည့် အမေရိကန် အထက်လွှာ မရှိသလောက် ဖြစ်သည်။ ထိုဖျက်ဆီးမှုများအားလုံးကို ကမ္ဘာ့အထက်လွှာများ၏ စိတ်တွင် အပြစ်မတင်စေရန် အသုံးဝင်သော လွန်စွာပြောင်မြောက်သည့် သံတမန်ရေး အတွေးအခေါ် ဖြင့် ဖုံးကွယ်ပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်တပ်၏ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာတရားရုံးတွင် သွားကာကွယ်ခဲ့သော ကိုယ်ရည်ကိုယ်သွေးအားနည်းသူ၊ စွဲဆောင်စည်းရုံးနိုင်သည့် သြဇာ ကျဆင်းနေသည့် လမ်းဘေးက နိုင်ငံရေးသမား ဖြစ်သည်။ မည်သည့်နှိုင်းယှဉ်မှုမှ မလုပ်နိုင်ပေ။ ဤနေရာတွင် စစ်မှန်သော အရှုံးသမားမှာ နိုဘယ်ငြိမ်းချမ်းရေးဆုသာဖြစ်ပြီး ယခုအခါ ယူရိုဗီးရှင်း သီချင်းပြိုင်ပွဲကဲ့သို့ပင် စိတ်ဝင်စားစရာ မကောင်းတော့ပေ။
အသက် ၁၀၀ ပြည့် ဝရမ်းပြေးကို စစ်မှန်သော တရားစီရင်မှုမှ ကာကွယ်ပေးကာ ရိုသေလေးစားနေခြင်းသည်ပင် အမေရိကန် ပြည်ထောင်စုက မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်သို့ ပေးပို့လိုသော သတင်းစကားလော။
ပွင့်ပွင့်လင်းလင်းပြောရလျှင် မစ္စတာ ကစ်ဆင်ဂျာသည် ကြီးမားသော ရာဇဝတ်မှုများနှင့် အထက်လွှာအရာရှိများ ပြစ်ဒဏ် လွတ်မြောက်နေနိုင်ကြောင်း ပြသသည့် သက်ရှိသက်သေပြချက် ဖြစ်သည်။ သူ၏ ပြစ်ဒဏ်ကင်းလွတ်မှုသည် စုတ်ပြတ်သတ်နေသည့် လေ့လာစရာအမှုဖြစ်ပြီး ထိုသို့ဖြစ်နေသည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီ ဖြစ်သည်။
ကမ္ဘာတဝန်းတွင် အတိတ်က ကျူးလွန်ခဲ့သည့် ပြစ်မှုများအပြင် အာဏာရှင်များကို ကျားကန်ပေးနေပြီး ရက်စက်ကြမ်းကြုတ်မှုများကို ငွေဖြင့် မျှတမှု ရှာသည့် အစိုးရများနှင့် ကော်ပိုရေးရှင်းများကိုလည်း သံသယဖြစ်ဖွယ် အကြံဉာဏ်များ မစ္စတာ ကစ်ဆင်ဂျာ ဆက်လက်ပေးနေသည်။ အသက် ၁၀၀ ပြည့် ဝရမ်းပြေးကို စစ်မှန်သော တရားစီရင်မှုမှ ကာကွယ်ပေးကာ ရိုသေလေးစားနေခြင်းသည်ပင် အမေရိကန် ပြည်ထောင်စုက မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်သို့ ပေးပို့လိုသော သတင်းစကားလော။ မြန်မာအရေး စစ်မှန်သော စိတ်ဝင်စားမှု သူ့မှာ တကယ်ရှိခဲ့လား၊ စဉ်းစားကြည့်ပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David Scott Mathieson ၏ Myanmar: the Country Henry Kissinger Spared ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် မြန်မာမှ ပဋိပက္ခ၊ လူသားချင်းစာမှုနှင့် လူ့အခွင့်အေရး ပြဿနာများကို လေ့လာနေသည့် လွတ်လပ်သော သုတေသီဖြစ်သည်။)
You may also like these stories :
ထိုင်းနဲ့မြန်မာ ကိုး ဆယ်ဆ ကွာလိမ့်မယ်
ထိုင်းအစိုးရသစ် မြန်မာ့အရေး ဘာလုပ်နိုင်မည်နည်း
လှုပ်နေသော နဂါးနှင့် ငြိမ်နေသော လင်းယုန်
မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် ဘယ်လိုပေးမလဲ
တိုင်းမ်မဂ္ဂဇင်း၏ ဆိုးရွား မှားယွင်းသော အကဲဖြတ်ချက်