စစ်ကိုင်းတိုင်းသည် စစ်တပ်၏ ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုကို အပြင်းထန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ခုခံတော်လှန်သော ဒေသဖြစ်သည်။ ဒေသခံများ၏ အကြောက်တရား၊ စစ်တပ်၏ အကြမ်းဖက်မှုနှင့် အဖျက်လုပ်ရပ်များကို ခံနေရသည့် စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားနေသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် စစ်ကိုင်းဖိုရမ်သည် ဒေသတွင်း နိုင်ငံရေး ပလက်ဖောင်းမျှော်လင့်ချက် မီးရှူးတန်ဆောင်အဖြစ် ပေါ်ထွက်လာသည်။
ထိုနိုင်ငံရေး အစီအစဉ်သစ်သည် ဒေသတွင်း လူမှုအသိုက်အဝန်းများ ရင်ဆိုင်နေရသော အရေးပါသည့် စိန်ခေါ်မှုများကို ကာလလတ်အတွင်း ဖြေရှင်းပေးနိုင်ပြီး စစ်ကိုင်း ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ယုံကြည်မှု တည်ဆောက်ရေးနှင့် ညီညွတ်မှုကို အထောက်အကူပြုမည့် ဒေသဆိုင်ရာနှင့် နိုင်ငံ၏ တစိတ်တပိုင်းကို အုပ်ချုပ်ရေးစနစ်များ တည်ဆောက်ရန် ရည်ရွယ်သည်။
ဤနေရာတွင် မေးစရာရှိသော မေးခွန်းမှာ စစ်ကိုင်းဖိုရမ်သည် စစ်ကိုင်းတိုင်းအတွင်း ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဒေသဆိုင်ရာနှင့် နိုင်ငံတစိတ်တပိုင်း ကွန်ရက်များကို ပိုမိုတောင့်တင်းအောင် လုပ်ပေးနိုင်၊ မလုပ်ပေးနိုင်ဆိုသည့် မေးခွန်းဖြစ်သည်။
ဒေသခံများ၏ ကံကြမ္မာနှင့် စိန်ခေါ်မှုများ
စစ်ကိုင်းတိုင်းမှ ပြည်သူများသည် စိတ်ကူးပင်ယဉ်မထားသည့် အခက်အခဲများကို ရင်ဆိုင်နေရသည်မှာ ၂ နှစ်ကျော်ပြီ ဖြစ်သည်။ ခုခံတော်လှန်ရေးအင်အားစုများကို အထီးကျန် အင်အားချိနဲ့သွားစေရန် ရည်ရွယ်သည့် စစ်ကောင်စီသည် “ဖြတ် လေးဖြတ်” စနစ်ကို အညှာတာကင်းမဲ့စွာ အသုံးပြုပြီး ကျေးရွာသားများကို အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုသံသရာတွင် ပိတ်မိစေသည်။
စစ်ကောင်စီသည် “ဖြတ် လေးဖြတ်” စနစ်ကို အညှာတာကင်းမဲ့စွာ အသုံးပြုပြီး ကျေးရွာသားများကို အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုသံသရာတွင် ပိတ်မိစေသည်။ မြေလှန်မီးရှို့မူဝါဒနှင့် အငြင်းပွားဖွယ် ဖမ်းဆီးမှုများကြောင့် ကျေးရွာထောင်ပေါင်းများစွာ ပျက်စီးပြီး လူ့အဖွဲ့အစည်းများ ဘဝပျက်ကာ နေရပ်စွန့်ခွာရစေသည်။
မြေလှန်မီးရှို့မူဝါဒနှင့် အငြင်းပွားဖွယ် ဖမ်းဆီးမှုများကြောင့် ကျေးရွာထောင်ပေါင်းများစွာ ပျက်စီးပြီး လူ့အဖွဲ့အစည်းများ ဘဝပျက်ကာ နေရပ်စွန့်ခွာရစေသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်များနှင့် လက်ပါးစေအဖွဲ့များက တနိုင်ငံလုံးမှ နေအိမ်ပေါင်း ၆၀,၄၅၉ လုံးကို မီးရှို့ခဲ့ကြောင်း Data for Myanmar က ဖော်ပြသည်။ စစ်ကိုင်းတိုင်း တခုတည်းတွင်ပင် အိမ်အလုံး ၅ သောင်းကျော် ဖျက်ဆီးခံရသည်။
လူမှုအခြေပြုအဖွဲ့အစည်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) တဖွဲ့စီ၏ အင်အားရှိသော်လည်း စစ်တပ်၏ထိုးစစ်များကို ခုခံနေရသည့် ဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများသည် လွန်စွာကြီးမားသည်။
ဒေသတွင်းမူဝါဒများနှင့် မြို့နယ်နှင့် ခရိုင်အဆင့် ခန့်အပ်မှုများတွင် ဒေသခံ လူမှုအခြေပြုအဖွဲ့များ ပါဝင်မှု မရှိသောကြောင့် ထိုသို့သော ကိစ္စများကို တာဝန်ခံမှု ကင်းမဲ့စေသည်။ ထိုမူဝါဒများနှင့် ခန့်အပ်မှုများကို NUG အတွင်းမှ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနကဲ့သို့သော အဓိကဝန်ကြီးဌာနများက တိုက်ရိုက်ဆောင်ရွက်သည်။ ထိုသို့ တာဝန်ခံသူ ကင်းမဲ့ခြင်းသည် ညှိနှိုင်းမှု ကင်းမဲ့ခြင်းကို ဖန်တီးရုံသာမက စစ်တပ်၏ ထိုးစစ်များကို ရင်ဆိုင်ရန်လည်း ပိုမိုခက်ခဲစေသည်။
ထို့ပြင် စစ်ကိုင်းကဲ့သို့ နယ်မြေကျယ်ဝန်းသော ဒေသများတွင် ဒေသခံ PDF များကို လမ်းညွှန်ပြီး တုံ့ပြန်ဆောင်ရွက် အားလုံးအကျုံးဝင်သည့် အုပ်ချုပ်ရေးအလေ့အထများနှင့် မူဝါဒများကို ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများ အကောင်အထည်ဖော်စေမည့် ဒေသဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်း ကင်းမဲ့နေသည်။
စစ်ကိုင်းဖိုရမ် မွေးဖွားလာခြင်း
ခြောက်လကျော်မျှ အလေးအနက် စဉ်းစားသုံးသပ်ပြီးနောက် ဒေသခံလူမှုအသိုက်အဝန်း အဖွဲ့အစည်းများသည် နှစ်ပတ်တကြိမ် Zoom အစည်းအဝေးများနှင့် လူကိုယ်တိုင်တက်ရောက်သည့် အစည်းအဝေးများတွင် စုစည်းမိလာပြီး ထိုသို့သော တွေ့ဆုံဆွေးနွေးမှု အကြိမ် ၂၀ နီးပါး ရှိခဲ့သည်။ ထိုအစည်းအဝေးများ၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးမုန်တိုင်းကို ဖောက်ထွက်ရန်၊ ဘုံရပ်တည်ချက်နှင့် ရည်မှန်းချက်များကို ပြုစုပျိုးထောင်ပေးမည့် နိုင်ငံရေးစင်မြင့် ထူထောင်ရေးကို အကောင်အထည်ဖော်ရာတွင် ဆက်လက်ပြတ်သားစွာ ရပ်တည်ရေး ဖြစ်သည်။
ထိုစဉ်းစား သုံးသပ်ချက်များတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်အနက် မြို့နယ် ၂၅ ခုမှ ကိုယ်စားလှယ်များပါဝင်ပြီး ကျယ်ပြန့်ကာ အားလုံးအကျုံးဝင်သော လုပ်ငန်းစဉ်ဖြစ်သည်။ NUG က တိုက်ရိုက်ခန့်ထားသည့် မြို့နယ် အုပ်ချုပ်ရေးမှူးအချို့ ဖိုရမ်သို့ တက်ရောက်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ “စစ်ကိုင်းဖိုရမ်” ဟူသော အမည်ကိုပင် ပါဝင်သောအုပ်စုများက ပေးခြင်းဖြစ်သည်။
ထိုဖိုရမ်၏ ခေါင်းဆောင်မှုတွင် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကျောင်းဆရာ ဆရာမများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသဆိုင်ရာ PDF များ အပါအဝင် တသီးပုဂ္ဂလ ပုဂ္ဂိုလ်မျိုးစုံပါဝင်သည်။
ထိုဖိုရမ်၏ ခေါင်းဆောင်မှုတွင် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကျောင်းဆရာ ဆရာမများ၊ တက်ကြွလှုပ်ရှားသူများ၊ ဒေသဆိုင်ရာ PDF များ အပါအဝင် တသီးပုဂ္ဂလ ပုဂ္ဂိုလ်မျိုးစုံပါဝင်ပြီး ၎င်းတို့သည် ဆွေးနွေးပွဲများနှင့် သတင်းစကား စီမံခန့်ခွဲမှုများအတွင်း ပေါ်ပေါက်လာသော ရှုပ်ထွေးမှုများ၊ အခက်အခဲများကို ဖောက်ထွက်ရာတွင် ထူးခြားသော ခံနိုင်ရည်၊ ဇွဲနှင့် စွမ်းရည်ကို ပြသခဲ့ကြသည်။
လေ့လာသူတဦးအနေဖြင့် စာရေးသူသည် NUG, ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အလွတ်သဘော ဆွေးနွေးပွဲများ အပါအဝင် ထိုအစည်းအဝေးများသို့ မကြာခဏ တက်ရောက်ခွင့်ရခဲ့ပြီး ထိုအဖွဲ့၏ ရည်မှန်းချက်များကို စူးစမ်းလေ့လာကာ ၎င်းတို့၏ အနာဂတ်လမ်းကြောင်းကို ပုံဖော်ကြည့်နိုင်ခဲ့သည်။
NUG နှင့် CRPH တို့ကို လုံလုံလောက်လောက် ကြိုတင်အကြောင်းကြားခြင်း မပြုနိုင်ခဲ့သော်လည်း ၎င်းတို့သည် အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ မှတ်သားစရာကောင်းသော အချက်မှာ ဒေသဆိုင်ရာ ပြည်သူ့ရွေးကောက်ပွဲ အဖွဲ့အစည်းဖြစ်သည့် စစ်ကိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRSH) ကို ဖိတ်ကြားခဲ့သော်လည်း NUG နှင့် လုပ်ဆောင်နေဆဲ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီ စသည့် “အရေးပါသောကိစ္စများ” လုပ်နေသောကြောင့် တက်ရောက်နိုင်ခြင်း မရှိဘဲ ခွင့်တိုင်ကြားခဲ့ရခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသည့် NLD စစ်ကိုင်းတိုင်း ကိုယ်စားလှယ်များသည် တသီးပုဂ္ဂလအနေဖြင့် တက်ရောက်ခဲ့သော်လည်း (ပထမဆုံးအကြိမ်အဖြစ် မေလ ၃၀ နှင့် ၃၁ ရက်နေ့များတွင် ကျင်းပပြီး) မြို့နယ်ပေါင်း ၂၈ မြို့နယ်ကျော်ကို ကိုယ်စားပြုသော ထိုဖိုရမ်သည် CRSH အနေဖြင့် အချိန်ပေးရလောက်အောင် အရေးမပါ ဖြစ်နေသလားဟု စာရေးသူ မေးခွန်းထုတ်မိသည်။
အောက်ခြေမှ အထက်သို့သွားသည့် ချဉ်းကပ်ပုံနည်းလမ်း
လတ်တလော ဖရိုဖရဲ အခြေအနေများအောက်တွင် စစ်ကိုင်းဖိုရမ် ပေါ်ပေါက်လာသောကြောင့် မျှော်လင့်ချက်ရောင်ခြည်သန်းစေသည်။ ထိုဖိုရမ်သည် ဒေသတွင်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ သစ်လွင်ပြီး အောက်ခြေမှ အထက်သို့သွားသည့် ချဉ်းကပ်ပုံနည်းလမ်းကို ကိုယ်စားပြုသည်။
သမားရိုးကျ နည်းလမ်းများကို မှီခိုအားထားမည့်အစား ထိုဖိုရမ်သည် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှုနှင့် အားလုံးအကျုံးဝင်သည့် ဆုံးဖြတ်ချက်ချမှတ်သော လုပ်ငန်းစဉ်ကို အားပေးရန် ရည်ရွယ်သည်။
သမားရိုးကျ နည်းလမ်းများကို မှီခိုအားထားမည့်အစား ထိုဖိုရမ်သည် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှုနှင့် အားလုံးအကျုံးဝင်သည့် ဆုံးဖြတ်ချက်ချမှတ်သော လုပ်ငန်းစဉ်ကို အားပေးရန် ရည်ရွယ်သည်။ ၎င်း၏ အန္တိမ ရည်မှန်းချက်မှာ NUG, CRPH နှင့် CRSH တို့တွင် အားလုံးပါဝင်စေရန် ထောက်ခံအားပေးပြီး သဘောထားကွဲစေသည့် အမြင်များကို ရှောင်ရှားကာ ဖက်ဒရယ်ယူနစ်တခု ထူထောင်ရန် ဖြစ်သည်။ ဖိုရမ်၏ အားထုတ်မှုများသည် စစ်ကိုင်းအတွက် အပြုသဘောဆောင်သည့် ရှေ့ဆက်ရန်လမ်း ဖန်တီးရာတွင် မရှိမဖြစ်လိုအပ်ပြီး စိန်ခေါ်မှုအများအပြားကြား အကောင်းမြင်မှု တစေ့တစောင်းပေးသည်။
နိုင်ငံရေးနည်းလမ်းများအကြား စစ်ကိုင်းဖိုရမ်သည် ဗုဒ္ဓဘာသာ ဗမာလွှမ်းမိုးသည့် ဒေသတခုတွင် ဘာမှမရှိသည်ထက်စာလျှင် တစုံတခုရှိခြင်းက ပိုကောင်းသည်ဆိုသည့် တီထွင်ဆန်းသစ်မှု ဖြစ်လာနိုင်သည်။ သမားရိုးကျ အထက်မှအောက်သို့သွားသည့် ချဉ်းကပ်မှုမှ လမ်းခွဲပြီး အောက်မှအထက်သို့သွားသည့် အမြင်ကို ကိုယ်စားပြုကာ ဒေသခံလူမှုအသိုက်အဝန်းများ၏ အသံများနှင့် လိုအပ်ချက်များကို အလေးထားသည်။ ထိုသို့ လုပ်ခြင်းအားဖြင့် ဖိုရမ်သည် အကျပ်အတည်းကြောင့် တိုက်ရိုက်ထိခိုက်ရသူများကို ဆုံးဖြတ်လုပ်ပိုင်ခွင့် ပေးခြင်းနှင့် အနာဂတ်ကို ပုံဖော်ရာတွင် ၎င်းတို့အား ပါဝင်စေခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုသည်။
စစ်ကိုင်းပြည်သူများ ခံစားရသည့် ကြီးမားသော စိန်ခေါ်မှုများနှင့် ဒုက္ခများအကြားတွင် စစ်ကိုင်းဖိုရမ်သည် မျှော်လင့်ချက် မီးရှူးတန်ဆောင်အဖြစ် ထွက်ပေါ်လာပြီး ပိုမိုတောက်ပသော အနာဂတ်ဆီသို့ လမ်းကြောင်းကို ပေးသည်။ အောက်ခြေမှ အထက်သို့ သွားသည့် ချဉ်းကပ်ပုံနည်းလမ်းသည် အားလုံးအကျုံးဝင်မှု၊ ဒေသခံများ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်ပေးခြင်းနှင့် စုပေါင်းဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို ဗဟိုပြုပြီး နိုင်ငံရေး ထိတွေ့ဆက်ဆံမှုတွင် လေးနက်သော အပြောင်းအလဲကို ကိုယ်စားပြုသည်။
ထိခိုက်ခံရသော လူမှုအသိုက်အဝန်းများ၏ အရေးပေါ်လိုအပ်ချက်များကို ဦးစားပေးခြင်းနှင့် ရေရှည်အတွက် အဖြေရှာခြင်းအားဖြင့် စစ်ကိုင်းဖိုရမ်သည် ပိုမိုသင့်မြတ် ခံနိုင်ရည်ရှိသော စစ်ကိုင်းတိုင်းဖြစ်ရေး အခြေခံများကို ချမှတ်ပေးသည်။
ထိခိုက်ခံရသော လူမှုအသိုက်အဝန်းများ၏ အရေးပေါ်လိုအပ်ချက်များကို ဦးစားပေးခြင်းနှင့် ရေရှည်အတွက် အဖြေရှာခြင်းအားဖြင့် စစ်ကိုင်းဖိုရမ်သည် ပိုမိုသင့်မြတ် ခံနိုင်ရည်ရှိသော စစ်ကိုင်းတိုင်းဖြစ်ရေး အခြေခံများကို ချမှတ်ပေးသည်။ နိုင်ငံရေး ဆက်စပ်ပြောင်းလဲမှုစနစ်၏ ပြောင်းလဲတိုးတက်နိုင်သော စွမ်းအားကို မိမိတို့အနေဖြင့် သုံးသပ်ပါက အောက်ပါမေးခွန်းများကို စဉ်းစားရမည်။
အခြားဒေသများသည် စစ်ကိုင်းဖိုရမ်မှ စိတ်အားတက်ကြွမှု မည်သို့ ယူနိုင်သနည်း။ မြန်မာပြည်သူများ၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ပုံဖော်ရန် အားလုံးအကျုံးဝင်သော နည်းလမ်းများအတွက် အလားအလာများနှင့် ပတ်သက်သည့် မည်သည့်သင်ခန်းစာများ ယူနိုင်သနည်း။ ထို့ပြင် စစ်ကိုင်းဖိုရမ်သည် တိုးတက်မှုများ၊ အပြုသဘောအပြောင်းအလဲများ ဖြစ်စေပြီး နွေဦးတော်လှန်ရေးကို အဆင့်သစ်များသို့ မြှင့်တင်ပေးနိုင်သလားဟု စဉ်းစားရန် လိုအပ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Zaw Tuseng ၏ Can the Sagaing Forum Take Myanmar’s Spring Revolution to the Next Level? ကို ဘာသာပြန်သည်။ ဇော်တူးဆိုင်းသည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူနှင့် Myanmar Policy Institute-MPI ကို တည်ထောင်သူ ဥက္ကဋ္ဌ ဖြစ်သည်။ မူဝါဒများ ချမှတ်ရေး မြန်မာသုတေသီများကို စုစည်းလုပ်ဆောင်ရန်နှင့် မြန်မာတွင် မူဝါဒချမှတ်သည့် လုပ်ငန်းစဉ် အမြစ်တွယ်စေရန်အတွက် MPI ကို တည်ထောင်ခဲ့သည်။ သူသည် ကိုလံဘီယာတက္ကသိုလ်၊ နိုင်ငံတကာနှင့် ပြည်သူ့ရေးရာကျောင်းမှ အမှုဆောင်အဆင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ ရရှိထားသူဖြစ်သည်။)
You may also like these stories:
တော်လှန်ရေး အင်အားစုကို နှိမ်နင်းရန် စစ်ကောင်စီ တပ်မလုံလောက်
မြန်မာလူထုအုံကြွမှု ယခင်နှင့် ယခု ခြားနားချက်များ
စစ်ကောင်စီထိုးစစ်ကို ကျေးရွာတွေ ဘယ်လောက် တောင့်ခံနိုင်မလဲ
တိုင်းပြည်ပြိုကွဲမယ်တဲ့လား၊ ပြိုကွဲပြီးသွားလို့ လွန်တောင်နေပြီ