စစ်အာဏာသိမ်းခေါင်းဆောင်များသည် နယ်မြေထိန်းချုပ်မှု ထိန်းသိမ်းရန်နှင့် စစ်ကောင်စီကို နိုင်ငံ၏ တရားဝင် အုပ်ချုပ်ရေးအာဏာပိုင်အဖြစ် ထူထောင်ရန် ရုန်းကန်နေရစဉ် မြန်မာတွင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည်။
ဒီမိုကရေစီလိုလားသော ခုခံတော်လှန်ရေးအင်အားစု၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်လည်း တောင်ကုန်းသိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေရပြီး ၎င်းကို တရားဝင် အသိအမှတ်ပြုရန်နှင့် စစ်ကောင်စီကို လုံးဝ အထီးကျန်ထားရန် အကြိမ်ကြိမ် တောင်းဆိုမှုများ လျစ်လျူရှုခံနေရပြီး အထူးသဖြင့် မြန်မာနိုင်ငံ တည်ရှိသည့် ဒေသတွင်းတွင် ဖြစ်ပေါ်နေသည်။
နိုင်ငံခြားရေးမူဝါဒ မျက်နှာစာတွင် စစ်ကောင်စီနှင့် ဒီမိုကရေစီလိုလားသော ခုခံတော်လှန်ရေး အင်အားစုသည် သံတမန်ရေးရာ အကျပ်အတည်းတွင် ပိတ်မိနေသည်။ နိုင်ငံတကာဥပဒေအရ ဒီမိုကရေစီအင်အားစုမှ သံအမတ် ဦးကျော်မိုးထွန်းသည် မြန်မာ၏ ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာကို ယူထားသမျှ ကာလပတ်လုံး စစ်ကောင်စီသည် မြန်မာ၏ တရားဝင်အာဏာရ အာဏာပိုင် မဟုတ်ပေ။
အလားတူစွာပင် NUG သည်လည်း စစ်ကောင်စီ သိမ်းပိုက်ထားသည့် နေပြည်တော်တွင် ရုံးမထိုင်နိုင်မချင်း တရားဝင်အဆင့်အတန်းကို မရနိုင်ပေ။ ခုခံတော်လှန်ရေး အင်အားစုများအတွက် တခုတည်းသော ထွက်ပေါက်မှာ စစ်ကောင်စီတပ်များကို လုံးဝအောင်ပွဲခံပြီး နေပြည်တော်ကို လက်နက်ချခိုင်းနိုင်မှ ဖြစ်သည်။
ခုခံတော်လှန်ရေး အင်အားစု၏ နိုင်ငံခြားရေးမူဝါဒကို တခုတည်းသော ရည်မှန်းချက်ပန်းတိုင်သာ ကျန်ရစ်အောင် အနှစ်ချုပ်သင့်သည်။ သံတမန်ရေး အားထုတ်မှုများ အားလုံးကို တော်လှန်စစ် အောင်နိုင်ရေး အကူအညီ မည်သည့်ပုံစံမဆို ရရှိရေး ဦးတည်စေရန်ဖြစ်သည်။
ခုခံတော်လှန်ရေး အင်အားစု၏ နိုင်ငံခြားရေးမူဝါဒကို တခုတည်းသော ရည်မှန်းချက်ပန်းတိုင်သာ ကျန်ရစ်အောင် အနှစ်ချုပ်သင့်သည်။ သံတမန်ရေး အားထုတ်မှုများ အားလုံးကို တော်လှန်စစ် အောင်နိုင်ရေး အကူအညီ မည်သည့်ပုံစံမဆို ရရှိရေး ဦးတည်စေရန်ဖြစ်သည်။
ခုခံတော်လှန်ရေး အင်အားစုများ၏ စစ်ရေးအောင်ပွဲ သော့ချက်သည် မြန်မာ၏ အိမ်နီးချင်းများဖြစ်သည်။ စစ်ကောင်စီကို ချေမှုန်းရန် အဓိကကျသည့် အစိတ်အပိုင်းများ အားလုံးဖြစ်သည့် လက်နက်ခဲယမ်း သယ်ယူပို့ဆောင်ရေး၊ ခုခံတော်လှန်ရေးတပ်များကို ရန်ပုံငွေ ထောက်ပံ့ရေးနှင့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသည့် အရပ်သားများကို လူသားချင်းစာနာမှု အကူအညီပေးရေးတို့သည် မြန်မာ၏ အိမ်နီးချင်းများ၏ မူဝါဒများအပေါ် အကြီးအကျယ် မူတည်နေသည်။
၎င်းတို့၏ မူဝါဒများသည်လည်း အပြန်အလှန်အားဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (EROs) တည်ရှိရာ နယ်စပ်ဒေသများမှ ဖြစ်ပေါ်တိုးတက်မှုများအပေါ် မူတည်သည်။
သို့သော် လက်ရှိအချိန်အထိ NUG ၏ နိုင်ငံခြားရေးမူဝါဒ ချမှတ်သည့်လုပ်ငန်းစဉ်သည် ERO များနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးမှုအဆင့် လွန်စွာနည်းနေပုံရသည်။
နယ်စပ်ဒေသများတွင် တည်ရှိသည့် မြန်မာ၏ တိုင်းနှင့်ပြည်နယ် ၉ ခုအနက် ၇ ခုသည် ERO ပိုင်နက်နယ်မြေများ ဖြစ်သည်။ တရားဝင် နယ်စပ်ကုန်သွယ်ရေးစခန်းများသည် တိုင်းရင်းသားပြည်နယ်များတွင် ရှိသည်။ ERO ပိုင်နက်များကို ဖြတ်သန်းသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် နေရာများသည်လည်း NUG ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် ခုခံတော်လှန်ရေးတပ် အားလုံးအတွက် လက်နက်နှင့် ရိက္ခာရရှိရေး အရေးပါသော လမ်းကြောင်းများဖြစ်သည်။
ထို့အပြင် ERO များ၏ နယ်စပ်တဖက်မှ အိမ်နီးချင်းနိုင်ငံ အာဏာပိုင်များနှင့် ဆယ်စုနှစ်များစွာကြာသော ဆက်ဆံရေးကြောင့် ဒီမိုကရေစီခေါင်းဆောင်များသည် အချို့အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံပြီး အထိုက်အလျောက် လွတ်လပ်မှုဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ကြသည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၏ အဓိက အကျိုးစီးပွားများဖြစ်သည့် နယ်စပ်လုံခြုံရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးတို့သည် ERO များအပေါ် မူတည်နေပြီး ထိုအိမ်နီးချင်းနိုင်ငံများ၏ မြန်မာဆိုင်ရာမူဝါဒကို အဆုံးအဖြတ်ပေးသော အရာများဖြစ်သည်။
မည်သည့်အတွက် NUG နှင့် ERO များအကြား၊ ERO များ အချင်းချင်းအကြား နိုင်ငံခြားရေးမူဝါဒ ညှိနှိုင်းမှု မည်သည့်အတွက် သိသိသာသာ ကင်းမဲ့နေသနည်း။ အဖြေမှာ ဆယ်စုနှစ် ခြောက်ခုကျော်သည့် အာဏာရှင်အုပ်ချုပ်ရေးမှ အမွေရသည့် ဗဟိုချုပ်ကိုင်သော နိုင်ငံခြားရေးမူဝါဒချမှတ်သည့် အလေ့အထပင်
သို့ဆိုလျှင် မည်သည့်အတွက် NUG နှင့် ERO များအကြား၊ ERO များ အချင်းချင်းအကြား နိုင်ငံခြားရေးမူဝါဒ ညှိနှိုင်းမှု မည်သည့်အတွက် သိသိသာသာ ကင်းမဲ့နေသနည်း။ အဖြေမှာ ဆယ်စုနှစ် ခြောက်ခုကျော်သည့် အာဏာရှင်အုပ်ချုပ်ရေးမှ အမွေရသည့် ဗဟိုချုပ်ကိုင်သော နိုင်ငံခြားရေးမူဝါဒချမှတ်သည့် အလေ့အထပင် ဖြစ်သည်။
စစ်အုပ်စု အဆက်ဆက်အောက်တွင် မြန်မာနိုင်ငံခြားရေးမူဝါဒ ချမှတ်ခြင်းကို ဗဟိုက ချုပ်ကိုင်လာပြီး နိုင်ငံတော်အဆင့် သံတမန်ဆက်ဆံရေးသက်သက်လောက်သာ အာရုံစိုက်သလို ကာကွယ်ရေးနှင့် လုံခြုံရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းအားလုံးကို စစ်တပ်က သီးသန့်လုပ်ကိုင်သည်။
သံတမန်ရေးနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုလည်း ရှားပါးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ စွမ်းအင်၊ နည်းပညာနှင့် နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင် လူ့အဖွဲ့အစည်း၏ စိုးရိမ်ပူပန်မှု စသည့် ဆက်စပ်ပြဿနာများကို ချန်လှပ်ထားခဲ့သည်။
တမင်ရည်ရွယ်သည့် အမှားမဟုတ်သော်လည်း NUG သည် ဆိုင်ရာပုဂ္ဂိုလ်များနှင့် သံတမန်ရေးဆိုင်ရာ နိုင်ငံ့အာဏာ လည်ပတ်မှုဆိုင်ရာ ကဏ္ဍအသီးသီးကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဗဟိုချုပ်ကိုင်သော တကြောင်းထိုး နိုင်ငံခြားရေးမူဝါဒ ချမှတ်သည့် အလေ့အထေ စွဲကပ်သလို ဖြစ်နေသည်။
ထိုအချက်သည် ဒီမိုကရေစီ လှုပ်ရှားမှုအတွက် သံတမန်ရေးတိုးတက်မှုတွင် အဓိက အတားအဆီးဖြစ်နေပြီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် မရှိမဖြစ် လိုအပ်သည့် ERO များနှင့် ပတ်သက်သော သံတမန်ရေးတိုးတက်မှုတွင် အတားအဆီးဖြစ်သည်။
ထိုအခြေအနေကို ပြောင်းလဲရန်အတွက် NUG နှင့် EROs များမှ ခုခံတော်လှန်ရေး ခေါင်းဆောင်များသည် ၎င်းတို့၏ လက်ရှိ နိုင်ငံခြားရေးမူဝါဒ လားရာကို ညှိနှိုင်းဆောင်ရွက် ပြန်လည်ပြုပြင်ရန် လိုအပ်မည်ဖြစ်သည်။ NUG အနေဖြင့် မဖြစ်နိုင်သလောက်နီးပါးဖြစ်သည့် တရားဝင် အသိအမှတ်ပြုရေးနှင့် စစ်ကောင်စီကို လုံးဝ အထီးကျန်ထားရေးအတွက် ရင်းမြစ်ကုန်ခန်းစေသည့် အားထုတ်မှုများကို စွန့်လွှတ်ရန် လိုသည်။
သံတမန်ရေး အားထုတ်မှုအားလုံးသည် စစ်ကောင်စီကို ဆန့်ကျင်သည့် စစ်ပွဲနိုင်ရေးကို ဦးတည်သင့်သည်။
ယင်းအစား သံတမန်ရေး အားထုတ်မှုအားလုံးသည် စစ်ကောင်စီကို ဆန့်ကျင်သည့် စစ်ပွဲနိုင်ရေးကို ဦးတည်သင့်သည်။ ထိုသို့လုပ်ရန်အတွက် လူသားချင်းစာနာမှု အကူအညီအရ၊ လက်နက်နှင့်စစ်ပစ္စည်း ကိရိယာများကို သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအရနှင့် စစ်ကောင်စီအပေါ် စစ်ရေး၊ သံတမန်ရေး ထောက်လှမ်းမှုအရ မြန်မာ၏ အိမ်နီချင်းများထံမှ လျှို့ဝှက်ဖြစ်စေ၊ ဗြောင်ကျကျဖြစ်စေ ထောက်ခံမှု လိုသည်။
ERO များ ဦးဆောင်ပြီး အလွတ်သဘောဖြစ်သော်လည်း စွမ်းဆောင်ရည်ရှိသော၊ တရားဝင်ပုံစံ လုပ်ထုံးလုပ်နည်းများ၏ အတားအဆီးမရှိသော ဖက်ဒရယ် နိုင်ငံတကာဆက်ဆံရေးအဖွဲ့ ဖွဲ့စည်းရေးသည် ကောင်းမွန်သော အစပျိုးမှု ဖြစ်နိုင်သည်။ ERO များသည် နှစ်နိုင်ငံဆက်ဆံရေးများ အသီးသီးနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေးတွင် ၎င်းတို့၏ အရေးပါသော အခန်းကဏ္ဍကြောင့် ထိုအဖွဲ့ကို ဦးဆောင်ရန် ပိုမိုကောင်းမွန်သော အနေအထားတွင် ရှိသည်။
ထိုသို့ လုပ်ဆောင်သောကြောင့် NUG အဖွဲ့နှင့် ဖက်ဒရယ် နိုင်ငံတကာဆက်ဆံရေးအဖွဲ့အကြား ညှိနှိုင်းမှု ခိုင်မာသောအဆင့်ကို ထိန်းသိမ်းထားနိုင်သမျှ ကာလပတ်လုံး NUG ၏ နိုင်ငံခြားရေး မူဝါဒအဖွဲ့အတွက် ရှားပါးသော လူသားရင်းမြစ်များကို ထုတ်ယူနိုင်ပြီး ထိရောက်သော အလုပ်တာဝန်လည်း ခွဲဝေနိုင်သည်။
လူမျိုးပေါင်းစုံပါဝင်သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ချီးကျူးဂုဏ်ပြုလောက်သော နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပူးတွဲညှိနှိုင်းရေးကော်မတီ (JCCFA) ရှိသော်လည်း ထိုကော်မတီသည် အချိန်ယူရပြီး အထူးသဖြင့် အရေးပေါ် အကောင်အထည်ဖော်ရန် လိုအပ်သည့်အခါမှသာ တုံ့ပြန်သော အားလုံးသဘောတူညီချက်အပေါ် အခြေခံသော ယန္တရားဖြစ်သည်။
ဖက်ဒရယ် နိုင်ငံတကာဆက်ဆံရေးအဖွဲ့၏ အခြေခံတာဝန်မှာ ခုခံတော်လှန်ရေး ခေါင်းဆောင်များနှင့် အိမ်နီးချင်းနိုင်ငံများမှ အဓိက နိုင်ငံခြားရေးမူဝါဒ ချမှတ်သူများအကြား ထိရောက်သော ဆက်သွယ်ရေးလမ်းကြောင်း ရနိုင်သမျှ ထူထောင်ရန် တွန်းအားပေးရေး ဖြစ်သည်။
ဖက်ဒရယ် နိုင်ငံတကာဆက်ဆံရေးအဖွဲ့၏ အခြေခံတာဝန်မှာ ခုခံတော်လှန်ရေး ခေါင်းဆောင်များနှင့် အိမ်နီးချင်းနိုင်ငံများမှ အဓိက နိုင်ငံခြားရေးမူဝါဒ ချမှတ်သူများအကြား ထိရောက်သော ဆက်သွယ်ရေးလမ်းကြောင်း ရနိုင်သမျှ ထူထောင်ရန် တွန်းအားပေးရေး ဖြစ်သည်။
လက်ရှိ တည်ရှိနေသော အလွတ်သဘော သံတမန်ရေးနယ်ပယ်များဖြစ်သည့် Track 1.5 နှင့် 2 ဖိုရမ်များ၊ လူမှုအခြေပြုအဖွဲ့အစည်း ထိတွေ့ဆက်ဆံရေး ပလက်ဖောင်းများ၊ လူသားချင်းစာနာမှု အကူအညီ ကွန်ရက်များနှင့် ကမ္ဘာနှင့် ဒေသတွင်း နိုင်ငံစုံအစည်းအဝေးများတွင် အလွတ်သဘော အစည်းအဝေးများ တက်ရောက်ရန် အခွင့်အလမ်း ရှာဖွေခြင်းသည် ပထမ ခြေလှမ်းများ ဖြစ်သင့်သည်။
ထိုသို့လုပ်ရန် အထက်ပါ နယ်ပယ်များတွင် အကျိုးရှိရှိ ပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ ဆက်ဆံရေးအဖွဲ့သည် လူသားရင်းမြစ်များနှင့် ဆက်သွယ်ရေးကွန်ရက်များကို စည်းရုံးလှုပ်ရှားရမည် ဖြစ်သည်။ ထိုသို့လုပ်ရာတွင် နှစ်ဘက် ဆက်ဆံရေးများ သို့မဟုတ် ပြဿနာများအရ ဖွဲ့စည်းထားသော ကျွမ်းကျင်မှုအမျိုးမျိုး၊ ရင်းမြစ်ကွန်ရက်အမျိုးမျိုးရှိသည့် တိုင်းရင်းသားလူနည်းစုနှင့် ဗမာလူများစု အဖွဲ့များအကြား နေရာခွဲဝေချထားရေးလည်း ထည့်သွင်းသင့်သည်။
ထိုအဖွဲ့၏ ဒုတိယမြောက်တာဝန်မှာ အိမ်နီးချင်းအစိုးရများ၊ အထူးသဖြင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းအစိုးရများအနေဖြင့် အချက် နှစ်ချက်ကို နားလည်အောင် လုပ်ဆောင်ရေးဖြစ်သည်။ ပထမအချက်မှာ စစ်ကောင်စီကို လုံးဝဖယ်ရှားခြင်းသည် မြန်မာအတွက် တည်ငြိမ်မှုကို ယူဆောင်ပေးမည့် တခုတည်းသော နည်းလမ်းဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။
ဒုတိယအချက်မှာ ထိုအိမ်နီးချင်းနိုင်ငံများ၏ မြန်မာမှ ရေရှည်အကျိုးစီးပွားကို ကာကွယ်ရန် ခုခံတော်လှန်ရေးကို ထောက်ခံခြင်းသည် ကျဆုံးနေသော စစ်ကောင်စီနှင့် ဆက်လက်ထိတွေ့ ဆက်ဆံခြင်းထက် ပိုမိုကျိုးကြောင်းဆီလျော်သော လုပ်ဆောင်မှုဖြစ်ကြောင်း ယုံကြည်အောင် လုပ်ဆောင်ရန်ဖြစ်သည်။
မြန်မာ၏ အိမ်နီးချင်းများသည် စစ်ကောင်စီကျဆုံးပြီးနောက် အမျိုးမျိုးသော လက်နက်ကိုင်အုပ်စုများအကြား မီးကုန်ယမ်းကုန် ပြည်တွင်းစစ်ဖြစ်မည်ကို စိုးရိမ်နေကြသည်။
စစ်ကောင်စီအလွန် မြန်မာနိုင်ငံ တည်ငြိမ်ရေးသည် ဒေသတွင်းနိုင်ငံများ၏ အဓိက စိုးရိမ်ပူပန်မှု ဖြစ်သည်။ မြန်မာ၏ အိမ်နီးချင်းများသည် စစ်ကောင်စီကျဆုံးပြီးနောက် အမျိုးမျိုးသော လက်နက်ကိုင်အုပ်စုများအကြား မီးကုန်ယမ်းကုန် ပြည်တွင်းစစ်ဖြစ်မည်ကို စိုးရိမ်နေကြသည်။ ရက်စက်ကြမ်းကြုတ်သည့် အမြင်ဖြစ်သည်ဟု ဆိုရသော်လည်း အိမ်နီးချင်းနိုင်ငံများသည် မြန်မာပြည်သူများ၏ ကြေကွဲစရာ ဒုက္ခများထက် ၎င်းတို့နိုင်ငံသားများ လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာရေးကို ရှေ့တန်းတင်ကြသည်။
ထိုသို့ သွေးအေးအေးနှင့် လက်တွေ့ အကျိုးစီးပွားအတွက် တွက်ချက်သောကြောင့် ၎င်းတို့နှင့် ဆယ်စုနှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံနေပြီး ရင်းနှီးသောအဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီနှင့် ဆက်လက် ထိတွေ့ဆက်ဆံကြသည်။ စစ်ကောင်စီကို ချေမှုန်းပြီးသောအခါ နိုင်ငံတော်လုံခြုံရေးနှင့် အာဏာကို လစ်လပ်နေသည့် နယ်ပယ်တွင် ဝင်ရောက်လာမည့် သူတို့အသိနည်းသော အင်အားစုများကို အာရုံမစိုက်ပေ။
သို့သော် ထိုအိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း အင်အားကြီးနိုင်ငံများသည်ပင် စစ်ကောင်စီသည် နောက်ဆုံးတွင် ကျဆုံးမည်ဖြစ်ကြောင်း သဘောပေါက်ရန် အသေအချာ လေ့လာသုံးသပ်ကြသည်။ ထိုအချက်သည် ဖက်ဒရယ် နိုင်ငံတကာဆက်ဆံရေးအဖွဲ့ ထိုးဖောက်ရမည့်အချက် ဖြစ်သည်။
NUG နှင့် EROs ခေါင်းဆောင်များ လုပ်ရမည့်အလုပ်မှာ ခိုင်မာသော အထောက်အထားဖြင့် စစ်ကောင်စီ ချန်ထားခဲ့သော လစ်ဟာနယ်ကို နှိုင်းယှဉ်ချက်အားဖြင့် ပိုမိုတည်ငြိမ်ပြီး စွမ်းရည်ရှိသော ကြားဖြတ်အစိုးရနှင့် အစားထိုးမည်ဖြစ်ကြောင်း ယုံကြည်အောင် လုပ်ရန် လိုအပ်သည်။
ထိုအဆင့်တွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် မလိုအပ်သေးဘဲ ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်သေးပေ။ နိုင်ငံတဝန်းလုံး ကျယ်ပြန့်သည့် ပြည်တွင်းစစ်အတွက် စိုးရိမ်မှုများနှင့် နယ်နိမိတ်ဖြတ်ကျော် ပဋိပက္ခများ ပြင်းထန်စေမည့် စိုးရိမ်မှုများကို ပြေပျောက်စေပြီးနောက် စစ်ကောင်စီအလွန်ခေတ်တွင် တပ်ဖြန့်ကြက်မှုနှင့် ပိုင်နက်နယ်မြေ ပမာဏ ခွဲခြားခြင်းဆိုင်ရာ စိုးရိမ်မှုများကို လက်တွေ့ကျကျ ကိုင်တွယ်ခြင်းဖြင့် စတင်နိုင်သည်။
ကျယ်ကျယ်ပြန့်ပြန့် ပြောရပါက ERO များနှင့် ဗမာ လူများစု ခေါင်းဆောင်များသည် ၎င်းတို့၏ ဖက်ဒရယ် ဒီမိုကရေစီအမြင်များကို တင်ပြပြီး ဖက်ဒရယ်ရေးရာများနှင့် ပတ်သက်သည့် တိုးတက်မှုအဆင့်ကို လူထုသို့ ဆက်သွယ်ပြောကြားကာ လက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအောက်မှ နိုင်းယှဉ်ချက်အားဖြင့် များစွာ ပိုမိုတည်ငြိမ်သည့် ဖက်ဒရယ်စနစ်ဖြစ်လာမည်ကို ပြင်ပနိုင်ငံများ ယုံကြည်အောင် ပြောရန် လိုသည်။
ယခုအချိန်တွင် ဒီမိုကရေစီလိုလားသော ခုခံတော်လှန်ရေး အင်အားစုများကို ထောက်ခံခြင်းသည် မြန်မာမှ ၎င်းတို့၏ ရေရှည်အကျိုးစီးပွားအတွက် ပိုမိုဆင်ခြင်တုံတရားရှိသော သေနင်္ဂဗျူဟာကျသည့် ရွေးချယ်မှုဖြစ်ကြောင်းနှင့် ထိုကိစ္စသည် ERO များနှင့် အိမ်နီးချင်းနိုင်ငံအစိုးရများအကြား ကျယ်ပြန့်သော ဆွေးနွေးမှု၊ ညှိနှိုင်းမှုနှင့် အပေးအယူ များစွာ လိုအပ်မည့်ကိစ္စ ဖြစ်ကြောင်း ပြောကြားရန်လိုသည်။
အိမ်နီးချင်းနိုင်ငံအစိုးရများကို ပြသရမည့် ဒုတိယအချက်မှာ ယခုအချိန်တွင် ဒီမိုကရေစီလိုလားသော ခုခံတော်လှန်ရေး အင်အားစုများကို ထောက်ခံခြင်းသည် မြန်မာမှ ၎င်းတို့၏ ရေရှည်အကျိုးစီးပွားအတွက် ပိုမိုဆင်ခြင်တုံတရားရှိသော သေနင်္ဂဗျူဟာကျသည့် ရွေးချယ်မှုဖြစ်ကြောင်းနှင့် ထိုကိစ္စသည် ERO များနှင့် အိမ်နီးချင်းနိုင်ငံအစိုးရများအကြား ကျယ်ပြန့်သော ဆွေးနွေးမှု၊ ညှိနှိုင်းမှုနှင့် အပေးအယူ များစွာ လိုအပ်မည့်ကိစ္စ ဖြစ်ကြောင်း ပြောကြားရန်လိုသည်။
ထိုကိစ္စနှင့် ပတ်သက်သည့် ပြဿနာများတွင် နယ်စပ်လုံခြုံရေး၊ ရွှေ့ပြောင်းနေထိုင်မှု၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ သယံဇာတ ထုတ်ယူခြင်း၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမူဝါဒများ ပါဝင်မည်ဖြစ်သည်။ ထိုကိစ္စများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းသည် NUG ဆုံးဖြတ်ပိုင်ခွင့် ပြင်ပတွင်ရောက်နေပြီး နယ်စပ်ဒေသများတွင် တည်ရှိနေသော EROs များ၏ ဆုံးဖြတ်ပိုင်ခွင့် နယ်ပယ်တွင် ကျရောက်နေသည်။ EROs များသည် တရားဝင် ဒေသဆိုင်ရာ အာဏာပိုင်များ ဖြစ်နေပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ ဒေသဆိုင်ရာ တရားဝင်အစိုးရများအဖြစ် ပြောင်းလဲမည့်သူများ သို့မဟုတ် ထိုအုပ်ချုပ်မှုခေါင်းဆောင် နေရာယူထားသူများ ဖြစ်သည်။
ထိုင်းနိုင်ငံမှ ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ (MFP) ခေါင်းဆောင်ဖြစ်သော မစ္စတာ ဖိထာ လင်ဂျာရွန်ရတ်၏ မကြာသေးမီက ထုတ်ပြန် ကြေညာချက်အရ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်သည့် အထက်ပါ ပြဿနာများသည် လူ့အခွင့်အရေးဆိုင်ရာ ပူပန်မှုများထက် ရှေ့တန်းရောက်သည်။
ထိုထုတ်ပြန်ကြေညာချက် နိဂုံးပိုင်းတွင် မြန်မာအကျပ်အတည်း၏ “ဘက်စုံ စိန်ခေါ်မှုများ”ကို ဝန်ခံအသိအမှတ်ပြုပြီး ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချ ပြဿနာ၊ စွမ်းအင်ဖူလုံမှု၊ လက်နက်မှောင်ခိုခြင်း၊ လူကုန်ကူးခြင်း၊ ကျန်းမာရေး အန္တရာယ်များနှင့် မူးယစ်မှောင်ခိုခြင်းစသည်တို့မှ ပေါ်ပေါက်လာသော ထိုင်းနိုင်ငံအတွက် လွန်စွာ လက်တွေ့ကျသော စိုးရိမ်ပူပန်မှုများကို ကိုးကားဖော်ပြထားသည်။ ထိုကိစ္စအားလုံးသည် ထိုင်းနိုင်ငံအတွက် ပြဿနာဖန်တီးပေးမည့် ကိစ္စများဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်လောင်းကို အသိအမှတ်ပြုရမည်မှာ မြန်မာပြည်သူများ၏ ဆိုးရွားသော ကံကြမ္မာကို ကူညီရန် ထောက်ခံရာတွင် ဒေသတွင်း နိုင်ငံရေးခေါင်းဆောင်များနှင့် သီးခြားရပ်တည်ခြင်း ဖြစ်သည်။ အထက်ပါ အချက်များကြောင့် MFP ပါတီသည် ၎င်း၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမူများတွင် မရပ်တည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
၎င်းတို့သည် ခုခံတော်လှန်ရေး ခေါင်းဆောင်များဖြစ်သည့် NUG နှင့် EROs တို့ ညီညွတ်ရေး တပ်ပေါင်းစု ဖွဲ့ရန် လိုအပ်ချက်နှင့် ထိုင်းမှ MFP ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရနှင့် လွန်စွာလက်တွေ့ကျသည့် ဆွေးနွေးရန် အချက်များကို တင်ပြခြင်းဖြစ်သည်။
ခုခံတော်လှန်ရေးခေါင်းဆောင်များ၊ အထူးသဖြင့် NLD မှ ပုဂ္ဂိုလ်များသည် ၂၀၁၆ ခုနှစ်တွင် ၎င်းတို့ အာဏာရလာသောအခါ ပြည်တွင်းပြည်ပမူဝါဒတွင် ၎င်း၏မူများ လက်တွေ့ကျစေရန် ခက်ခဲသောရွေးချယ်မှုများနှင့် အပေးအယူများ လုပ်ရသည်ကို ပြန်လည် သတိရစေလိုသည်။ ထိုသို့ လုပ်ရသည်မှာ အာဏာ၊ နိုင်ငံရေးနှင့် သံတမန်ရေး၏ သဘောသဘာဝသာ ဖြစ်သည်။
ခုခံတော်လှန်ရေးခေါင်းဆောင်များ၊ အထူးသဖြင့် NLD မှ ပုဂ္ဂိုလ်များသည် ၂၀၁၆ ခုနှစ်တွင် ၎င်းတို့ အာဏာရလာသောအခါ ပြည်တွင်းပြည်ပမူဝါဒတွင် ၎င်း၏မူများ လက်တွေ့ကျစေရန် ခက်ခဲသောရွေးချယ်မှုများနှင့် အပေးအယူများ လုပ်ရသည်ကို ပြန်လည် သတိရစေလိုသည်။ ထိုသို့ လုပ်ရသည်မှာ အာဏာ၊ နိုင်ငံရေးနှင့် သံတမန်ရေး၏ သဘောသဘာဝသာ ဖြစ်သည်။
နောက်ဆုံးအချက်မှာ EROs နှင့် ၎င်းတို့၏ ဆက်ဆံရေးများ စတင် တောင့်တင်းကြံ့ခိုင်အောင်လုပ်ခြင်းသည် အပြန်အလှန် အကျိုးရှိကြောင်း အိမ်နီးချင်းအစိုးရများကို နားလည်သဘောပေါက်စေခြင်း ဖြစ်သည်။
ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ပါ အတိုင်းဆိုလျှင် EROs များ ခေါင်းဆောင်သည့် ပြည်နယ်အစိုးရများနှင့် လွှတ်တော်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ သယံဇာတထုတ်ယူခြင်း၊ အခွန်ကောက်ခြင်းနှင့် ပြည်နယ်လုံခြုံရေးကိစ္စများ ဆုံးဖြတ်ချက်ချရာတွင် မြင့်မားသော ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိကြမည်ဖြစ်သည်။
ထိုကိစ္စများအားလုံးသည် နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် လုံခြုံရေးတို့ကို တိုက်ရိုက် သက်ရောက်သည်။ ဖက်ဒရယ် နိုင်ငံတကာ ဆက်ဆံရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် နွေဦးတော်လှန်ရေး ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးများနှင့် သံတမန်ရေး ပတ်သက်သော ၎င်း၏ လုပ်ငန်းဆောင်တာများသည် မြန်မာတွင် အားလုံး အကျုံးဝင်သော ဖက်ဒရယ် နိုင်ငံခြားရေးမူဝါဒ ချမှတ်ခြင်း၏ နိဒါန်းဖြစ်နိုင်သည်။
စစ်ကောင်စီခေတ်လွန် မြန်မာတွင် နိုင်ငံခြားရေးမူဝါဒ ချမှတ်ခြင်းသည် အသွင်ကူးပြောင်းရေး ကြားကာလတွင်ဖြစ်စေ၊ ဖက်ဒရယ် စနစ်တွင်ဖြစ်စေ လုံးဝ ကွဲပြားခြားနားသော ဘက်ပေါင်းစုံပါဝင်သည့် ဆက်စပ်လုပ်ငန်းစဉ်ပင်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Déwi Myint ၏ Ethnic Leadership in Foreign Policy Needed If Myanmar Resistance Is to Make Significant Gains ကို ဘာသာပြန်သည်။ )
You may also like these stories:
တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲသစ် ကြားခံ မြန်မာဖြစ်တော့မလား
Move Forward ပါတီအောက်တွင် ထိုင်း၏ မြန်မာမူဝါဒ မည်သို့ပြောင်းလဲမည်နည်း
မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်
Track 1.5 နှင့် မြန်မာ့နိုင်ငံရေးအလှုပ်
မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ
ဝ အကြောင်းကို ကောင်းစွာနားလည်စေမည့် စာအုပ်
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း