“ဒီမိုကရေစီသည် ကောင်းမွန်သည်” ဟု အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလာနေရူး တခါက ပြောခဲ့ဖူးသည်။ “အခြားစနစ်တွေက မကောင်းလို့ ဒီလိုပြောရတာဖြစ်တယ်” ဟုလည်း ပြောသည်။
ထို “အခြားစနစ်များ” ဆိုသည်ကို နားလည်ရန် အိန္ဒိယအနေဖြင့် ဝေးဝေးကြည့်ရန် မလိုပေ။ နေရူးသည် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး လအနည်းငယ်အကြာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရသော မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနု၏ ရင်းနှီးသောမဟာမိတ် ဖြစ်သည်။
နေရူးကဲ့သို့ပင် ဦးနုသည်လည်း ကွဲပြားခြားနားသော နိုင်ငံသားများ၊ အမျိုးမျိုးသော လူမျိုးစုများနှင့် ၎င်းတို့ ရည်မှန်းချက်များကို ခိုင်မာသော အမျိုးသားထီးရိပ်အောက်တွင် ညီညွတ်အောင် ကြိုးစားရသော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။ ဦးနု၏ အားနည်းသော ခေါင်းဆောင်မှုနှင့် ၁၉၄၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုသည် လူမှုစီးပွား မတည်ငြိမ်မှုနှင့် လူမျိုးစုအမျိုးသားလှုပ်ရှားမှုများကို ဆယ်စုနှစ်ပေါင်းများစွာဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာကို ဒုက္ခပေးနေဆဲ ဖြစ်သည်။
မြန်မာတွင် ဖြစ်ပွားနေဆဲ ကပ်ဒုက္ခသည် မဏိပူရတွင် ဖြစ်ပွားနေသည့် ကသည်းလူများစုနှင့် ကူကီး-ဇိုမီး လူမျိုးစုအကြား လေးလကြာ လူမျိုးစုပဋိပက္ခကို ထင်ဟပ်နေသည်။ မဏိပူရ ပဋိပက္ခကြောင့် လူ ၁၉၅ ဦးကျော် သေဆုံးပြီး လူ ၆၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးရသည်။
နယ်စပ်တဘက် မြန်မာတွင် ဖြစ်ပွားနေဆဲ ကပ်ဒုက္ခသည် မဏိပူရတွင် ဖြစ်ပွားနေသည့် ကသည်းလူများစုနှင့် ကူကီး-ဇိုမီး လူမျိုးစုအကြား လေးလကြာ လူမျိုးစုပဋိပက္ခကို ထင်ဟပ်နေသည်။ မဏိပူရ ပဋိပက္ခကြောင့် လူ ၁၉၅ ဦးကျော် သေဆုံးပြီး လူ ၆၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးရသည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် ဒီမိုကရေစီ လစ်ဟင်းနေပြီး ပြည်နယ်အစိုးရသည် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်များကို စွန့်လွှတ်ထားသောကြောင့် အရေးပါသောလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်။ နယူးဒေလီမှ ခေါင်းဆောင်ပိုင်းက ဖော်ပြနေသည့် လျစ်လျူရှုမှုသည် နိုင်ငံ၏ဝေးကွာသော ဒေသများအပေါ်ထားသည့် ဂရုစိုက်စရာမလိုသော နယ်စပ်ဒေသဆိုသည့် တွေးခေါ်မှု ကိုလိုနီအမွေအနှစ်ရနံ့ မကင်းပေ။
မဏိပူရမှ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ကျဆုံးခြင်းနှင့် တရားဥပဒေနှင့် တည်ငြိမ်မှုယန္တရား ပြိုလဲခြင်းသည် ရေရှည်ပဋိပက္ခ ဖြေရှင်းရေးထက် အလျင်အမြန် လက်ပူတိုက် ပြင်ဆင်ခြင်းကို ဦးစာပေးသည့် ကိုလိုနီခေတ်လွန် အိန္ဒိယပြည်နယ်၏ သဘောသဘာဝမှလာသည့် ရောဂါလက္ခဏာ ဖြစ်သည်။ ထို့အပြင် ဘာရာတီယာ ဂျနတာပါတီ BJP ဦးဆောင်သည့် ဗဟိုအစိုးရအတွက် အရေးပါသည့်ကိစ္စများမှအပ ကျန်သည့်ကိစ္စများကို မလုပ်ဆောင်ခြင်းသည် ပြင်းထန်သော အခြေအနေကို ဆက်လက်ဖြစ်ပေါ်စေသည်။
နယ်နိမိတ်မျဉ်းများတဖက်မှ အမေ့ခံစစ်ပွဲ
အိန္ဒိယနှင့် မြန်မာမှ ဌာနေနယ်စပ် လူမှုအသိုက်အဝန်းများအတွက် ဗြိတိန်ခေတ်ကတည်းက အငြင်းပွားဖွယ်ရေးဆွဲ နယ်နိမိတ် သတ်မှတ်ထားသည့် ၁၆၄၃ ကီလိုမီတာရှည်သော နယ်နိမိတ်မျဉ်းသည် မည်သည့်အစိတ်အပိုင်းက မြန်မာဖြစ်ပြီး မည်သည့်အစိတ်အပိုင်းက အိန္ဒိယဖြစ်သည်ကို ခွဲခြားထားသည်။ ထိုမျဉ်းသည် တောင်ကုန်းနိမ့်များ၊ တောင်တန်းမြင့်များ၊ တောင်ထိပ်များ၊ တောများ၊ မြစ်များနှင့် တောင်ကြားလွင်ပြင်များ စသည့် မညီညာသော မြေမျက်နှာသွင်ပြင်မှ ကန့်သတ်ချက်များ ရှိသော်လည်း လွတ်လပ်စွာ သွားလာဝင်ထွက်နေသော ပွင့်နေသည့် နယ်စပ်ဖြစ်သည်။ ကသည်းများ၊ ကူကီးများနှင့် နာဂများ အပါအဝင် နယ်စပ်တွင်နေထိုင်သူများသည် ထိုမျဉ်းကို ပုံမှန်ဖြတ်သန်းနေကြသည်။

ထိုနယ်စပ်ကို ကျော်လိုက်ပါက မြန်မာနိုင်ငံအနောက်ပိုင်းမှ ဝေးကွာသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ဖြစ်ပြီး ထိုနေရာများသည် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖေါက်မှုများအတွက် အမည်ဆိုးကျော်ကြားသည့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှု အဆိုးရွားဆုံး ခံနေရသည့် ဒေသဖြစ်သည်။
၂၀၂၁ ခုနှစ်က နောက်ဆုံး အာဏာသိမ်းမှုမှစတင်ပြီး ထိုဒေသများမှ သောင်းနှင့်ချီသော မြန်မာဒေသခံများသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်များတွင် အုပ်စုလိုက် လာရောက်ခိုလှုံနေကြသည်။ မီဇိုရမ်ပြည်နယ် တခုတည်းတွင် ချင်းအများစုပါသော ဒုက္ခသည် ၃၅,၀၀၀ မှ ၄၀,၀၀၀ အထိ လက်ခံထားရသည်။ ဗဟိုအစိုးရက လျစ်လျူရှုထားသောကြောင့် ရင်းမြစ်မလုံလောက်သော ထိုပြည်နယ်သည် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေပြီး ထိုဒုက္ခသည်များကို စင်တာများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။
မီဇိုရမ်ပြည်နယ်၏ တံခါးဖွင့်ထားသည့် မူဝါဒနှင့်မတူဘဲ မဏိပူရ၏ ဒုက္ခသည်အပေါ် သဘောထားမှာ လွန်စွာ ကွဲပြားခြားနားသည်။ မဏိပူရမှ နိုင်ငံခြားသား မုန်းတီးရေး စကားများက ထိုဒုက္ခသည်များကို ပြန်လည် မောင်းထုတ်ရန် တောင်းဆိုပြီး တရားမဝင် ရွှေ့ပြောင်းအခြေချများဟု သရုပ်ဖျက် ပုံဖော်သည်။
မီဇိုရမ်ပြည်နယ်၏ တံခါးဖွင့်ထားသည့် မူဝါဒနှင့်မတူဘဲ မဏိပူရ၏ ဒုက္ခသည်အပေါ် သဘောထားမှာ လွန်စွာ ကွဲပြားခြားနားသည်။ မဏိပူရမှ ပဋိပက္ခ၏ နိုင်ငံခြားသား မုန်းတီးရေး စကားများက ထိုဒုက္ခသည်များကို ပြန်လည် မောင်းထုတ်ရန် တောင်းဆိုပြီး ပြည်တွင်းပဋိပက္ခကြောင့် လာရောက်ခိုလှုံသည့် မြန်မာနိုင်ငံသားကို တရားမဝင် ရွှေ့ပြောင်းအခြေချများဟု သရုပ်ဖျက် ပုံဖော်သည်။ ကသည်း လွှမ်းမိုးသော မဏိပူရပြည်နယ် အစိုးရသည် ၎င်း၏ လူသားချင်းစာနာမှု တာဝန်ဝတ္တရားများကို ရှောင်ရှားနေသည်။
ထိုသို့သော အခြေအနေတွင် ရှင်းရှင်းလင်းလင်း မြင်တွေ့လာရသည့် အချက်တခုရှိသည်။ အိန္ဒိယ၏ အိမ်နီးချင်း မြန်မာမှ နိုင်ငံရေးအကျပ်အတည်း၏ ရိုက်ခတ်လာသည့် သက်ရောက်မှုကို မီဇိုရမ်နှင့် မဏိပူရကဲ့သို့သော နယ်စပ်ပြည်နယ်များက ဆက်လက်ပြီး အပြင်းအထန် ခံစားနေရမည် ဆိုသည့်အချက် ဖြစ်သည်။ မြန်မာမှ အာဏာ ငမ်းငမ်းတက်နေသော စစ်တပ်သည် ၎င်းတို့ပြည်သူများ၊ လူမှုအခွင့်ရေးများနှင့် လွတ်လပ်မှုများကို ၎င်းတို့ကိုယ်တိုင် အမြဲမပြတ် စစ်တိုက်နေသည်။
မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးတိုက်ပွဲသည် ကာလရှည်ကြာမည့်စစ်ပွဲဖြစ်ပြီး အိန္ဒိယသည်၊ အထူးသဖြင့် အရှေ့မြောက်ဒေသသည် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်ရမည်ဖြစ်သည်။
မြန်မာတွင် ပြည်တွင်းစစ် ဖြစ်နေစဉ်အတွင်း လူများစုက အခွင့်အရေး ပိုယူလိုသော မဏိပူရမှ ကသည်းတို့၏ လေသံသည် နယ်စပ်တွင် နေထိုင်နေသည့် ကူကီး-ဇိုမီးတို့ကို နယ်စပ်တဖက်မှ နိုင်ငံခြားသားများ သို့မဟုတ် ရွှေ့ပြောင်း အခြေချများအဖြစ် မှားယွင်းစွာ တံဆိပ်ကပ်သည်။ ကူကီး-ဇိုမီးတို့ကို ဘိန်းစိုက်ပျိုးခြင်းနှင့် မြန်မာမှ ဖြစ်ပေါ်လာသည် မူးယစ်ဆေးအကြမ်းဖက်နှင့် ပတ်သက်သည်ဟု ပုံဖော်ကာ ထိုနယ်စပ်ပြည်နယ်မှ ဒုက္ခအားလုံးအတွက် ဓားစာခံဖြစ်စေသည့် မသမာသော အားထုတ်မှုလည်း ရှိနေသည်။
ထိုသို့ သရုပ်ဖော်ခြင်းများသည် ကူကီး-ဇိုမီး လူမှုအသိုက်အဝန်း၏ သီးခြားပြည်နယ် သို့မဟုတ် အစိုးရဖွဲ့ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်ကိုလည်း ထိခိုက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။
ကူကီးတို့သည် မြန်မာနှင့်သာ ပတ်သက်သည်ဆိုသည့် ကသည်းတို့၏ စွပ်စွဲချက်သည် မည်သည့် ခိုင်မာကျိုးကြောင်း ဆီလျော်မှုမှ မရှိပေ။ ကူကီးများသည် ယနေ့ အိန္ဒိယအရှေ့မြောက် ဇာတိဖြစ်ပြီး နယ်မြေသတ်မှတ်မှုအရသာ မြန်မာပြည်ဘက်ပါပြီး နိုင်ငံခြားသား ဖြစ်ရသည်။
ပြည်ထဲရေးဝန်ကြီး အမစ်ရှားက မြန်မာအကျပ်အတည်းနှင့် ဒုက္ခသည်များ ဝင်ရောက်ခြင်းကို မဏိပူရတွင် လူမျိုးစုတင်းမာမှုအတွက် အပြစ်တင်ရန် ဆုံးဖြတ်ချက်သည် ဘက်လိုက်၊ တဖက်သတ်ဆန်ပြီး လုံးဝချဲ့ကားသည့် ပြောဆိုချက်များကို ဗဟိုအစိုးရက လက်ခံခြင်းဖြစ်ကြောင်း ပြသနေသည်။
ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး အမစ်ရှားက မြန်မာအကျပ်အတည်းနှင့် ဒုက္ခသည်များ ဝင်ရောက်ခြင်းကို မဏိပူရတွင် လူမျိုးစုတင်းမာမှုအတွက် အပြစ်တင်ရန် ဆုံးဖြတ်ချက်သည် ဘက်လိုက်၊ တဖက်သတ်ဆန်ပြီး လုံးဝချဲ့ကားသည့် ပြောဆိုချက်များကို ဗဟိုအစိုးရက လက်ခံခြင်းဖြစ်ကြောင်း ပြသနေသည်။
နိုင်ငံသားများသည် နိုင်ငံတော်စုံစမ်းစစ်ဆေးမှု ခံကြရပြီး တင်းကျပ်စွာ ဖွင့်ဆိုထားသည့် နိုင်ငံသားဥပဒေများဖြင့် ထိန်းချုပ်ခံရသည့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် ဌာနေတိုင်းရင်း ဖြစ်၊ မဖြစ်ဆိုသည့်ကိစ္စသည် လွန်စွာပြဿနာများသော ကိစ္စဖြစ်သည်။

ဥပမာအားဖြင့်ဆိုရပါ မြန်မာတွင် မိသီ (ကသည်း)၊ နာဂ (တန်ခူး)၊ ကူကီး (သားဒူ သို့မဟုတ် ခွန်ဆိုင်း) နှင့် ဆွေမျိုးတော်စပ်သော မျိုးနွယ်စုများကို ၎င်းတို့နှင့် အနီးစပ်ဆုံးတူသည့် အမျိုးသားအမည်ဖြစ်သည့် ချင်းအဖြစ် မှတ်ပုံတင်ထားသည်။ ထို့အပြင် ကသည်း၊ ကူကီးနှင့် နာဂ လက်နက်ကိုင်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် အခြေစိုက်စခန်းများ ထူထောင်ကာ နယ်စပ်မှ လှုပ်ရှားသလို မြန်မာစစ်တပ် သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံမှ အကာအကွယ်နှင့် နည်းဗျူဟာလေ့ကျင့်ပေးမှုများ ရနေသည်။
အပြောတခြား အလုပ်တခြား ဖြစ်နေသည်မှာ ကသည်း လက်နက်ကိုင်များသည် ၎င်းတို့ ၂၀၀၄ ခုနှစ်ကတည်းက ခိုလှုံနေသည့် ချင်းပြည်နယ်မှ ဘိန်းစိုက်ပျိုးမှုများတွင် ပါဝင်နေပြီး ဒေသခံ ချင်း (ဇိုမီး) လူမျိုးစုကို ခြိမ်းခြောက်နေသည်ဆိုသည့် သတင်းများ ဖြစ်သည်။
မှန်ကန်သော ချိန်ညှိခြင်း
စစ်ကောင်စီနှင့် လက်တွေ့ ထိတွေ့ဆက်ဆံရေးကို သတိထား အလေးသာသော အိန္ဒိယ နိုင်ငံခြားရေးမူဝါဒသည် မြန်မာ စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သဘောထားကို ထင်ဟပ်ခြင်းမရှိပေ။ ထိုသို့လုပ်နေသည့်တိုင် အိန္ဒိယသည် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများနှင့် လူ့အခွင့်အရေးကို ပြည်တွင်းပြည်ပတွင် အားပေးသည့် နိုင်ငံဆိုသည့် ၎င်း၏အနေအထားက လျှောကျမသွားသေးပေ။
ထို့အပြင် နယူးဒေလီသည် မြန်မာမှ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာပါက အရှေ့မြောက် ပြည်နယ်များမှတဆင့် အရှေ့တောင်အာရှသို့ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး တည်ဆောက်မည့် ၎င်း၏ ရည်မှန်းချက်ကြီးမားသည့် အရှေ့မျှော်မူဝါဒအရ ဦးတည်လုပ်ဆောင်သည့် စီမံကိန်းအတွက် ဆိုးရွားလှသည့်ရလဒ်ကိုလည်း ကြိုတင် မှန်းဆထားသည်။ ထိုအခြေအနေတွင် မတည်ငြိမ်သော မဏိပူရသည် လူမျိုးစု သို့မဟုတ် လူမှုအသိုက်အဝန်းအရ ကွဲပြဲနေခြင်းသည် ပြဿနာကို ပိုမိုဆိုးရွားစေမည်သာ ဖြစ်သည်။
လတ်တလော လိုအပ်ချက်မှာ လူမျိုး သို့မဟုတ် ဘာသာကို ထည့်မတွက်ဘဲ မဏိပူရမှ နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေးများကို အကာအကွယ် ပေးရမည်ဖြစ်သည်။
လတ်တလော လိုအပ်ချက်မှာ လူမျိုး သို့မဟုတ် ဘာသာကို ထည့်မတွက်ဘဲ မဏိပူရမှ နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေးများကို အကာအကွယ် ပေးရမည်ဖြစ်သည်။ ဦးစားပေးမှာ ပြည်နယ် နယ်နိမိတ်တွင် နေထိုင်သော လူမှုအသိုက်အဝန်းများအားလုံး လုံခြုံသည်၊ အကာကွယ်ရသည်၊ သစ်လွင်ပြီး အားလုံး အကျုံးဝင်သော ခေါင်းဆောင်မှုတွင် အချိုးညီကိုယ်စားပြုသည်ဟု ခံစားရစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။

ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များအားလုံးအကြား တန်းတူညီမျှမှုဖြင့် ဖြစ်နိုင်သော တွေ့ဆုံဆွေးနွေးရေးအတွက် ညီမျှသော လှုပ်ရှားမှုနယ်ပယ် ဖန်တီးပေးရမည် ဖြစ်သည်။ ကသည်းနှင့် ကူကီးများအကြား ယုံကြည်မှု နည်းခြင်းကို ဖြည့်ဆည်းပေးရမည် ဖြစ်သကဲ့သို့ ယုံကြည်မှုတည်ဆောက်ရေး အစီအမံများကိုလည်း အကောင်အထည် ဖော်ရမည် ဖြစ်သည်။
နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပထဝီအကြောင်းအရာများနှင့် သက်ဆိုင်သူအားလုံး၏ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားပြီး ကူကီး-ဇိုမီး ပြည်သူများ၏ သီးခြားအုပ်ချုပ်ရေး ထူထောင်ရန် ကာလကြာမြင့်သည့် တောင်းဆိုမှုကို အလေးအနက်ထား စဉ်းစားရမည်ဖြစ်သည်။
မြန်မာမှ ဒီမိုကရေစီအတွက် စစ်ပွဲသည် နိုင်ငံတော် ကမကထပြု အကြမ်းဖက်မှု၊ လူမျိုးစုသုတ်သင်ခြင်းနှင့် လူမျိုးတုံး သတ်ဖြတ်မှု စသည့် အစွန်းမရောက်သော သာမန်လူများကို မကောင်းဆိုးရွား ပူးဝင်မှုဖြစ်ကြောင်း မဏိပူရမှ ပြည်သူများ အလေးအနက် စဉ်းစားရန် သတိပေးခြင်းသာ
အလားတူစွာပင် ထိုပြည်နယ်အတွင်း တဖက်နှင့်တဖက် ပြောဆိုဆက်ဆံမှု ကွာဟခြင်းနှင့် နိုင်ငံသားမှတ်ပုံတင်မှု အကောင်အထည် ဖော်ခြင်းအတွက် တောင်းဆိုမှုအပေါ် မြေပြင်ပကတိအခြေအနေကို နိုင်ငံရေးအာဃာတနှင့် အများစု-အနည်းစု အာဏာ မညီမျှမှု မရှိဘဲ ဆွေးနွေးသုံးသပ်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံအကြောင်း ထည့်သွင်းစဉ်းစားမည်ဆိုလျှင် မဏိပူရ ပြည်သူများသည် ၎င်းတို့၏ ပထဝီတည်နေရာ၊ နိုင်ငံဗဟိုမှ ဝေးလံခေါင်ပါးဖြစ်ခြင်း၊ မြန်မာနိုင်ငံနှင့် နီးကပ်ခြင်းအပြင် အရေးအကြီးဆုံး အချက်မှာ ပြည်နယ်၏ သေနင်္ဂဗျူဟာအရ ထိုခိုက်လွယ်မှုနှင့် ဆီလီဂူရီ စစ်ဆေးရေးစခန်း (အိန္ဒိယပြည်မကြီးနှင့် အရှေ့မြောက် ပြည်နယ်များကို ဆက်သွယ်ထားသည့် ကျဉ်းမြောင်းသော စင်္ကြံဒေသ) တခုတည်းမှ ဖြည့်ဆည်း မပေးနိုင်တော့သည့် လူမှုစီးပွား လိုအပ်ချက်များကို သတိရ ရမည်ဖြစ်သည်။
မြန်မာမှ ဒီမိုကရေစီအတွက် စစ်ပွဲသည် နိုင်ငံတော် ကမကထပြု အကြမ်းဖက်မှု၊ လူမျိုးစုသုတ်သင်ခြင်းနှင့် လူမျိုးတုံး သတ်ဖြတ်မှု စသည့် အစွန်းမရောက်သော သာမန်လူများကို မကောင်းဆိုးရွား ပူးဝင်မှုဖြစ်ကြောင်း မဏိပူရမှ ပြည်သူများ အလေးအနက် စဉ်းစားရန် သတိပေးခြင်းသာ ဖြစ်သည်။
(Scroll ပါ CV Lalmalsawmi ၏ Manipur ethnic strife continues but a bigger crisis of democracy is unfolding across the border ကို ဘာသာပြန်သည်။ စာရေးဆရာတယောက်ဖြစ်သော စီဗီ လယ်မယ်ဆွာမိသည် နယူးဒေလီရှိ ဂျမီရာ မီလာ အစ္စလမ်မီရာ တက္ကသိုလ်၊ အရှေ့မြောက်ဒေသ လေ့လာရေးနှင့် မူဝါဒသုတေသနဌာနမှ လက်ထောက်ပါမောက္ခ ဖြစ်သည်။)
You may also like these stories:
မြန်မာ မတည်ငြိမ်မှုနှင့် မဏိပူရပြည်နယ်မှ လူမျိုးရေးပဋိပက္ခ ဆက်စပ်နေ
မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်
ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး
အိန္ဒိယနယ်စပ်ရောက် ရုန်းကန်နေရသည့် အမေ့ခံ CDM ဝန်ထမ်းများ
လူမျိုးစု သံယောဇဉ်ကြောင့် ချင်းဒုက္ခသည်များ ဆက်လက်ရှင်သန်နိုင်