အနောက်နိုင်ငံများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) သည် သူတို့ကိုယ်သူတို့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ တရားမျှတမှု၊ သမာသမတ်ရှိမှုနှင့် တန်းသူညီမျှမှုကို ကာကွယ် စောင့်ရှောက်သူများအဖြစ် ပုံဖော်လိုကြသည်။
၎င်းတို့၏ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများသည် လက်ခံသူအတွက် စည်းကမ်းချက်များနှင့်အတူ ရောက်လာတတ်သည်။ ထိုစည်းကမ်းချက်များမှာ လူ့အခွင့်အရေး၊ ကျား/မ ခွဲခြားမှုဆန့်ကျင်ရေးနှင့် လူမှုရေးတွင် အားလုံးတန်းတူ အကြုံးဝင်ရေး စသည်တို့ကို အခြေခံသည့် နည်းလမ်းကျင့်သုံးရေး ဖြစ်သည်။
သို့သော် သံရုံးများနှင့် အချို့ INGOs များက ဝန်ထမ်းများကို ဆက်ဆံပုံသည် ၎င်းတို့၏ သီလကြောင်မှုကို ဖော်ပြနေသည်။
ယခုလေ့လာမှုကို ရန်ကုန်ရှိ အနောက်နိုင်ငံ သံရုံးများနှင့် INGOs များမှ ဝန်ထမ်းအများအပြားကို တွေ့ဆုံမေးမြန်းမှုများအား အခြေခံ ရေးသားထားသည်။
မြန်မာပြည်သူများသည် မြင့်မားနေသော အစားအသောက်ဈေးနှုန်းများ၊ ကျပ်ငွေတန်ဖိုး ထိုးစိုက်ဆင်းမှု၊ အခွင့်အလမ်း ကင်းမဲ့မှု၊ ဆိုးရွားလာသော နိုင်ငံရေးနှင့် လုံခြုံရေး ဖရိုဖရဲဖြစ်မှုများကို ရင်ဆိုင်နေရသည်။ လူတိုင်းလူတိုင်း တနည်းမဟုတ် တနည်း ဒုက္ခခံစားနေပြီး မည်သည့် အချိန်တွင် ပြီးဆုံးမည်ကို မသိနိုင်သေးပေ။
ယခုလေ့လာမှုကို ရန်ကုန်ရှိ အနောက်နိုင်ငံ သံရုံးများနှင့် INGOs များမှ ဝန်ထမ်းအများအပြားကို တွေ့ဆုံမေးမြန်းမှုများအား အခြေခံ ရေးသားထားသည်။
သို့သော် ဘဝ၏ အဆိုးအချိန်တွင် အကောင်းဆုံးအရာမှာ လူတိုင်း၏ သဘောမှန်ကို သိရခြင်းဖြစ်သည်ဆိုသည့် စကားပုံအတိုင်းပင် ဖြစ်သည်။
လူတဦး၊ အဖွဲ့အစည်းတခု၏ သဘောသရုပ်မှန်ကို မြင်တွေ့ရခြင်းသည် အနာဂတ်ဆက်ဆံရေးကို လမ်းညွှန်ပေးနိုင်သောကြောင့် အဖိုးမဖြတ်နိုင်သည့် အတွင်းသရုပ် သိမြင်မှုဖြစ်သည်။
အပြောတမျိုး၊ အလုပ်တမျိုး
အနောက်နိုင်ငံများနှင့် INGOs များသည် ဖွံ့ဖြိုးဆဲ နိုင်ငံများက လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ အမျိုးသမီး အခွင့်အရေး၊ ကျား/မ တန်းတူမှု အလုပ်သမားအခွင့်အရေး စသည့် သင်တန်းများ ပေးခြင်းကို ထောက်ပံ့ ထောက်ခံကြသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။ သို့သော် ထိုအခွင့်အရေး လေ့ကျင့်သင်တန်းပေးမှုများသည် ထိုနိုင်ငံများမှ အာဏာပိုင်များကို စိန်ခေါ်ရန် နိုင်ငံသားများကို သင်ကြားပေးသည့် အဆင့်အထိသာ ကန့်သတ်ထားသည်။ အခွင့်အရေးမြှင့်တင်သည့် နိုင်ငံများနှင့် အဖွဲ့များသည် ၄င်တို့၏ သြဇာအာဏာကို စိန်ခေါ်လာလျှင် သည်းမခံတတ်ကြပေ။
မြန်မာရှိ အနောက်တိုင်းသံရုံးအချို့တွင် လုပ်ကိုင်နေသည့် ပြည်တွင်းဝန်ထမ်းများက ၎င်းတို့၏ လစာကို မြင့်မားသည့် ငွေကြေးဖောင်းပွမှုနှုန်းနှင့်အညီ တိုးပေးရန် တောင်းဆိုသောအခါ ၎င်းတို့၏ အရာရှိက ကြိုက်တဲ့နေရာ သွားလုပ်ဟု ပြောခဲ့သည်ဟု သံရုံး နှစ်ခုမှ သတင်းရင်းမြစ်များက ပြောသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ အခြေစိုက် Lutheran World Federation (LWF Myanmar) သည် ၎င်း၏ ရခိုင်ပြည်နယ်၊ စစ်တွေဌာနခွဲမှ ဝန်ထမ်း ၈၀ ကို စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပယ်လိုက်သည်။ ထိုဝန်ထမ်းများက ၎င်းတို့ရသည့် ယူရိုလစာငွေများအတွက် မြန်မာငွေဖြင့် ပေးချေသောအခါ စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က သတ်မှတ်သည့် နှုန်းဖြင့် မတွက်ဘဲ ပြင်ပပေါက်ဈေးနှုန်းဖြင့်တွက်ရန် တောင်းဆိုပြီးနောက် ထိုသို့ အလုပ်မှ ထုတ်ပယ်ခြင်း ဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ အခြေစိုက် Lutheran World Federation (LWF Myanmar) သည် ၎င်း၏ ရခိုင်ပြည်နယ်၊ စစ်တွေဌာနခွဲမှ ဝန်ထမ်း ၈၀ ကို စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပယ်လိုက်သည်။
ထိုသို့ အလုပ်ဖြုတ်ခံရသူများတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ အိမ်ထောင်သည် အမျိုးသမီးများနှင့် တနှစ်မှ သုံးနှစ်အထိ အလုပ်အကိုင် သဘောတူညီချက် ချုပ်ဆိုထားသူများ ပါဝင်သည်။ ထိုသို့အလုပ်ဖြုတ်သည့် သတင်းသည် သတင်းဌာနများ၏ ထိပ်ဆုံးသတင်း ငါးခုတွင် ပါဝင်သည်။
LWF Myanmar က နောက်ပိုင်းတွင် ဆန္ဒပြခေါင်းဆောင်များမှအပ အခြားသူများ အလုပ်ပြန်ဆင်းနိုင်ကြောင်း ပြောခဲ့သည်။ လူနေမှုစရိတ် မြင့်မားခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း အကန့်အသတ်ရှိခြင်းတို့ကြောင့် ထိုဝန်ထမ်းများက LWF Myanmar ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ရသည်။
အပြောနှင့်အလုပ် ဆန့်ကျင်ဘက်ဖြစ်နေသည့်အချက်မှာ LWF Myanmar သည် ၎င်းတို့ဟောသော တရားကို ၎င်းတို့ မကျင့်ကြံခြင်းပင် ဖြစ်သည်။
ထိုအဖွဲ့အစည်း၏ အင်တာနက်စာမျက်နှာတွင် “ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှု၊ မေတ္တာတရားနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှု၊ လူသားချင်းစာနာမှု မူများ” စသည်တို့သည့် ၎င်းတို့၏ အနှစ်သာရတန်ဖိုးထားသည့် အရာများဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့သည် မြေပိုင်ဆိုင်ခွင့်များ၊ ဥပဒေအခွင့်အရေးများ၊ အမျိုးသမီး အခွင့်အရေးများနှင့် ပညာသင်ကြားခွင့်များ ရရှိစေရန် လူမှုအသိုက်အဝန်းများကို စွမ်းအားရှိစေခြင်းဖြင့် မြန်မာမှ ထိခိုက်လွယ် လူမှုအသိုက်အဝန်းများ၏ လူ့အခွင့်အရေးများကို မြှင့်တင်ရန် ရည်ရွယ်သည်ဟုလည်း ဖော်ပြထားသည်။
သို့သော် စစ်တွေမှ ဝန်ထမ်းအားလုံးကို အလုပ်မှ ထုတ်ပယ်သော လုပ်ရပ်ကြောင့် LWF Myanmar သည် ၎င်းတို့ ထုတ်ဖော်ကြေညာထားသည့် အဓိက တန်ဖိုးများနှင့် ပတ်သက်ပြီး စာရေးသူတို့ကို မေးခွန်းထုတ်မိစေသည်။
စစ်တွေမှ ထိုဝန်ထမ်းများကို အမှန်တကယ် ဈေးကွက်ပေါက်ဈေးဖြစ်သည့် တယူရိုလျှင် ကျပ် ၄,၀၀၀ နီးပါးဖြင့် မပေးဘဲ ၂,၁၀၀ ကျပ်သာ ပေးသောကြောင့် ၎င်းတို့ သပိတ်မှောက်ခြင်း ဖြစ်သည်။
“ကျနော်တို့က ကျနော်တို့ကို ဈေးကွက်ပေါက်ဈေးအတိုင်း ပေးဖို့ တောင်းဆိုနေတာ နှစ်နှစ်နီးပါး ကြာပြီ။ LWF Myanmar က ဘာမှ မတုံ့ပြန်တော့ သြဂုတ်လ ၁၄ ရက်နေ့က စပြီး ကျနော်တို့ အလုပ်မဆင်းတော့ဘူး” ဟု အလုပ်ဖြုတ်ခံရသည့် ဝန်ထမ်းတဦးက ပြောသည်။
“သူတို့က ကျနော်တို့နဲ့ မညှိဘူး။ စက်တင်ဘာလ ၄ ရက်နေ့ရောက်တော့ စစ်တွေရုံးတခုလုံးက ဝန်ထမ်းအားလုံးကို အီးမေးလ်နဲ့ မတရား အလုပ်ဖြုတ်လိုက်တယ်” ဟု ၎င်းကပြောသည်။
LWF က တွေ့ဆုံညှိနှိုင်းရန် ငြင်းဆန်သည်ဆိုသည့် အချက်နှင့် သပိတ်မှောက်သောကြောင့် အလုပ်သမားများကို အကျဉ်းရုံး ထုတ်ပယ်ခြင်းတို့သည် ၎င်းတို့ ကျယ်ကျယ်လောင်လောင် ထောက်ခံသည်ဆိုသည့် အလုပ်သမား အခွင့်အရေးများနှင့် ဆန့်ကျင်နေသည်မှာ သေချာသည်။
LWF က တွေ့ဆုံညှိနှိုင်းရန် ငြင်းဆန်သည်ဆိုသည့် အချက်နှင့် သပိတ်မှောက်သောကြောင့် အလုပ်သမားများကို အကျဉ်းရုံး ထုတ်ပယ်ခြင်းတို့သည် ၎င်းတို့ ကျယ်ကျယ်လောင်လောင် ထောက်ခံသည်ဆိုသည့် အလုပ်သမား အခွင့်အရေးများနှင့် ဆန့်ကျင်နေသည်မှာ သေချာသည်။
ငွေကြေးဖောင်းပွမှု မြင့်မားခြင်း
“လစာတိုးတောင်းရတာမျိုးကို ကျနော့်တဦးချင်း သဘောအရ ကျနော် မကြိုက်ပါဘူး” ဟု INGO ဝန်ထမ်းတဦး ပြောသည်။ “ဒါပေမယ့် ကျပ်ငွေတန်ဖိုးက ထိုးစိုက်ဆင်းနေတော့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ကျနော် လစာ တိုးတောင်းရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဇူလိုင်လကုန်တွင် ဗဟိုဘဏ်က ကျပ် ၂၀,၀၀၀ တန် ထုတ်မည်ဆိုပြီးနောက် ယခင်ကပင် တက်နေသည့် ကုန်ဈေးနှုန်းများ ခုန်တက်သွားသည်။
ရန်ကုန်တွင် သန်းနှင့်ချီသော မြန်မာပြည်သူများအတွက် အဓိက အစားအစာဖြစ်သော အရည်အသွေးနိမ့် ဧည့်မထ ဆန်တပြည် (၁ ဒသမ ၉ ကီလိုဂရမ်) ဈေးနှုန်းသည် ဇူလိုင်လ ၁၉ ရက်နေ့မှ သြဂုတ်လ ၂၁ ရက်အတွင်း ၃၈ ရာခိုင်နှုန်းတက်သွားကြောင်း စစ်ကောင်စီထိန်းချုပ် မြန်မာ့အလင်း သတင်းစာမှ သိရသည်။ သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အတွင်း ဈေးနှုန်း ၁၀ ရာခိုင်နှုန်း ဆက်လက်မြင့်မားနေသည်။ မန္တလေးတွင်လည်း အလားတူ (၁၄ မှ ၂၀ ရာခိုင်နှုန်း) မြင့်တက်ပြီး မြစ်ကြီးနားတွင် (၁၄ မှ ၂၃ ရာခိုင်နှုန်း) မြင့်တက်သွားသည်။
အလားတူကာလအတွင်း ရန်ကုန်တွင် ကြက်သွန်ဈေး ၁၅ ရာခိုင်နှုန်း တက်လာပြီး ၅၄ ရာခိုင်နှုန်းအထိ ခုန်တက်သွားသည်။ တချိန်တည်းတွင် ကြက်သွန်ဈေးသည် မန္တလေးတွင် ၉ မှ ၆၄ ရာခိုင်နှုန်း၊ မြစ်ကြီးနားတွင် ၇ မှ ၅၃ ရာခိုင်နှုန်း ခုန်တက်သည်။
ကျပ်ငွေတန်ဖိုး စိုက်ဆင်းသောကြောင့် ဝယ်နိုင်အားပြိုလဲ
ကျပ်ငွေစက္ကူ ၂၀,၀၀၀ တန် ထုတ်ဝေမည်ဟု မကြေညာမီ ဇွန်လ ၁၉ ရက်နေ့က ဈေးကွက်ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၂,၉၇၀ ကျပ် ဖြစ်သည်။ (ဗဟိုဘဏ်သတ်မှတ်နှုန်းမှာ တဒေါ်လာလျှင် ၂,၁၀၀ ကျပ်သာရှိသည်။) ထိုကြေညာချက် ထွက်လာပြီးနောက် ကျပ်ငွေတန်ဖိုးသည် တဒေါ်လာလျှင် ၃,၃၀၀ ကျပ်သို့ ကျဆင်းသွားသည်။ သြဂုတ်လ ၃၁ ရက်နေ့က တဒေါ်လာလျှင် ၃,၆၉၀ ကျပ်ရှိပြီး စက်တင်ဘာလ ၁၃ ရက်နေ့က တဒေါ်လာလျှင် ၃,၅၀၀ ကျပ်ရှိသည်။ ယခုအခါ တဒေါ်လာလျှင် ၃,၄၀၀ ကျပ်ခန့် ရှိနေသည်။
ပို့ကုန်သမားများသည် ၎င်းတို့၏ နိုင်ငံခြားငွေများ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်း တဒေါ်လာလျှင် ၂,၁၀၀ ကျပ်ဖြင့် ဗဟိုဘဏ်သို့ ရောင်းရမည်ဟု သြဂုတ်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ကြေညာသည်။ ထို့နောက် ကျန် ၅၀ ရာခိုင်နှုန်းကိုလည်း ထုတ်ကုန်-သွင်းကုန် အဆက်အသွယ်ဖြင့် ပြန်လည် အသုံးမပြုလျှင် ဗဟိုဘဏ်သို့ တဒေါ်လာလျှင် ၂,၉၀၀ ကျပ်ဖြင့် ရောင်းရမည် ဖြစ်သည်။ ဆေးဝါးနှင့် လောင်စာကဲ့သို့ အဓိကကုန်စည်များ တင်သွင်းသူများသည် ဗဟိုဘဏ်မှ တဒေါ်လာလျှင် ၂,၉၂၂ ကျပ်ဖြင့် ဝယ်ယူရမည်ဖြစ်သည်။
သို့သော် တင်သွင်းသူများက ၎င်းတို့သည် ဒေါ်လာကို အထက်ဖော်ပြပါနှုန်းဖြင့် ဘဏ်များတွင် ဝယ်ယူမရဘဲ ဈေးကွက် ပေါက်ဈေးအတိုင်းသာ ဝယ်ယူရကြောင်း ပြောသည်။ ထို့ကြောင့် စားသုံးသူများအတွက် ရောင်းချစရိတ် တိုးလာပြီး သွင်းကုန်ပစ္စည်းများသည် ၁၀၀ ရာခိုင်နှုန်းကျော် ဈေးတက်သွားသည်။
ထို့ကြောင့် ဝယ်နိုင်အားဖြင့် ကြည့်ပါက ယူရို သို့မဟုတ် ဒေါ်လာ ရရှိသော သံတမန်များနှင့် INGO ခေါင်းဆောင်များအတွက် မြန်မာသည် စိတ်တိုင်းကျစရာ နေရာဖြစ်နေသည်။ တဖက်တွင် မြန်မာနိုင်ငံသားများမှာ ၎င်းတို့၏ ဝင်ငွေသည် အမြဲတမ်းမြင့်တက်နေသည့် လူနေမှုစရိတ်နှင့် မယှဉ်နိုင်တော့ကြောင်း တွေ့လာရသည်။
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေချိန်မည်ဟု ပြောချိန်မှ စတင်ပြီး လောင်စာဆီ ဈေးနှုန်းများသည် မကြုံဖူးသည့်နှုန်းဖြင့် မြင့်တက်လာပြီး သန်းပေါင်းများစွာသော နိုင်ငံသားများအတွက် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ကာ လူနေမှု အခြေအနေများ ပိုမိုဆိုးရွားလာသည်။
ရန်ကုန်တွင် ဒီဇယ်လက်လီဈေး ၂၁ ရာခိုင်နှုန်း တက်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ မြန်မာ့အလင်းသတင်းစာ စစ်တမ်းအရ သိရသည်။ တချိန်တည်းတွင် ပရီမီယံ ဒီဇယ်ဈေး ၂၀ ရာခိုင်နှုန်း၊ အော့တိန်း ၉၂ ဈေး ၉ ရာခိုင်နှုန်း၊ အော့တိန်း ၉၅ ဈေး ၈ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး တက်သည်။ တနိုင်ငံလုံးတွင်လည်း ဈေးများ အလားတူ တက်သည်။
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေချိန်မည်ဟု ပြောချိန်မှ စတင်ပြီး လောင်စာဆီ ဈေးနှုန်းများသည် မကြုံဖူးသည့်နှုန်းဖြင့် မြင့်တက်လာပြီး သန်းပေါင်းများစွာသော နိုင်ငံသားများအတွက် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ကာ လူနေမှု အခြေအနေများ ပိုမိုဆိုးရွားလာသည်။
ဆက်လက် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့်လည်း ကုန်ဈေးနှုန်းများ တက်သည်။ အဓိကကျသည့် လမ်းမကြီးများ အားလုံးတွင် စစ်ကောင်စီကဖြစ်စေ၊ ခုခံတော်လှန်ရေး အင်အားစုများကဖြစ်စေ ထိန်းချုပ်ထားသည့် စစ်ဆေးရေး စခန်းများရှိနေပြီး လမ်းအသုံးပြုခ ကောက်ခံနေသောကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျစေပြန်သည်။
အလုပ်သမားအခွင့်အရေးနှင့် လစာ အငြင်းပွားမှုများ
အလုပ်သမား အခွင့်အရေးများကြောင့် အလုပ်သမားများသည် ဆန့်ကျင်ကန့်ကွက်နိုင်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ငွေကြေးဖြင့် ပေးချေရန် တောင်းဆိုနိုင်စေသည်။ ဥပမာအားဖြင့် ဆိုရပါက လုပ်ငန်းခွန် အခြေခံမူများနှင့် အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကြေညာချက်တွင် စုပေါင်းညှိနှိုင်းခွင့် ပါဝင်သည်။ ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် တရားစီရင်မှု နယ်ပယ်များတွင်ပင် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ အခြေခံအခွင့်အရေးကို ကျင့်သုံးခွင့်ရရေး အာမခံရန် တာဝန်ရှိသည်။
စစ်တွေမှ LWF Myanmar ကိစ္စတွင် ဒေသခံဝန်ထမ်းများသည် ၎င်းတို့တောင်းဆိုချက်ကို အကြိမ်ကြိမ် လျစ်လျူရှုခံရပြီးနောက် အလုပ်လုပ်ရန် ငြင်းဆန်ကာ ၎င်းတို့၏ “စုပေါင်းညှိနှိုင်းဆွေးနွေးပိုင်ခွင့်” ကို ကျင့်သုံးခြင်းသာ ဖြစ်သည်။
ထို့ပြင် လစာငွေကို အမေရိကန်ဒေါ်လာဖြင့် တောင်းခံခြင်းသည်လည်း တရားဝင်သည်။ လုပ်အားခငွေ ပေးချေမှု ဥပဒေ (၂၀၁၆) တွင် အလုပ်ရှင်များသည် ၎င်းတို့ဝန်ထမ်းများကို ပြည်တွင်းငွေဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က အသိအမှတ်ပြုသော နိုင်ငံခြားငွေများဖြင့်ဖြစ်စေ ပေးချေနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အနောက်နိုင်ငံသံရုံးအချို့ လိုက်နာ
မြန်မာမှ နိုင်ငံခြားသံရုံးအချို့သည် ဒေသခံဝန်ထမ်းများအား အမေရိကန်ဒေါ်လာကို ဈေးကွက်ပေါက်ဈေးအရ လဲလှယ်သည့်နှုန်းဖြင့် ပေးချေသည်။ အချို့က ဒေါ်လာတဝက်၊ ကျပ်ငွေတဝက်ဖြင့် ပေးသည်။ ထိုသို့သော သံရုံးများမှ ဝန်ထမ်းများသည် သံရုံးများကို ကျေးဇူးတင်ကြသလို သူတို့ကဲ့သို့ အခွင့်အရေး မခံစားနိုင်သည့် လုပ်ဖော်ကိုင်ဖက်များအတွက် စာနာဝမ်းနည်းကြသည်။
အာဏာသိမ်းပြီးနောက်တွင် ကုလသမဂ္ဂအေဂျင်စီများက မြန်မာသည် လုံခြုံရေးအန္တရာယ် မြင့်မားသည့် ပတ်ဝန်းကျင်ဖြစ်သည်ဟု သတ်မှတ်ကာ ယာဉ်မောင်းများ အပါအဝင် ဝန်ထမ်းများကို အန္တရာယ်ကြေး ဒေါ်လာ ၄၀၀ ပေးသည်။
အာဏာသိမ်းပြီးနောက်တွင် ကုလသမဂ္ဂအေဂျင်စီများက မြန်မာသည် လုံခြုံရေးအန္တရာယ် မြင့်မားသည့် ပတ်ဝန်းကျင်ဖြစ်သည်ဟု သတ်မှတ်ကာ ယာဉ်မောင်းများ အပါအဝင် ဝန်ထမ်းများကို အန္တရာယ်ကြေး ဒေါ်လာ ၄၀၀ ပေးသည်။ ထိုသို့ ပေးအပ်သောငွေကို လစဉ် ပြန်လည် သုံးသပ်သည်ဟု ဆိုသည်။
ယူရို သို့မဟုတ် ဒေါ်လာဖြင့် အသုံးစရိတ်ရပြီး ပြည်တွင်းငွေဖြင့် သုံးစွဲ
လစာငွေသည် သံရုံးများနှင့် နိုင်ငံတကာအေဂျင်စီများအတွက် ပုံသေကုန်ကျစရိတ်ဖြစ်ပြီး ယူရိုဖြင့်ဖြစ်စေ၊ ဒေါ်လာဖြင့် ဖြစ်စေ ကြိုတင် ခွဲဝေပေးထားသည်။
သို့သော် ပြည်တွင်းငွေလဲနှုန်း မတည်ငြိမ်မှုနှင့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအကူအညီ ဖြတ်တောက်မှုများ ပေါင်းစပ်လိုက်သောအခါ ဒေသခံဝန်ထမ်းများ အကြီးအကျယ် နစ်နာသည်။
ယူကရိန်းစစ်ပွဲနှင့် အစိုးရမူဝါဒ အပြောင်းအလဲများကြောင့် မြန်မာအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီကို ဖြတ်တောက်ကြောင်း ဥရောပသံရုံး အများအပြားက ၎င်းတို့၏ ဒေသခံဝန်ထမ်းများကို ပြောသည်ဟု ထိုဝန်ထမ်းများနှင့် တွေ့ဆုံမေးမြန်းမှုများအရ သိရသည်။ စီးပွားရေး အကျပ်အတည်းသည် ကမ္ဘာတဝန်း ရင်ဆိုင်နေရသည့် အခက်အခဲဖြစ်ပြီး မြန်မာတနိုင်ငံတည်း ကျပ်တည်းနေခြင်း မဟုတ်ကြောင်း ဝန်ထမ်းများကို ပြောသည်။ ဆိုလိုသည့် သတင်းစကားမှာ ဒေသခံဝန်ထမ်းများ အနေဖြင့် မကျေမနပ် မဖြစ်သင့်၊ တောင်းဆိုမှုများ မလုပ်သင့်ဆိုသည့် သတင်းစကား ဖြစ်သည်။
လက်တွေ့တွင် ဒေသခံဝန်ထမ်းများသည် လစာတိုးပေးရန် တောင်းဆိုနေခြင်း မဟုတ်ဘဲ လစာကို ဒေါ်လာဖြင့် ဖြစ်စေ၊ ဈေးကွက်ငွေလဲနှုန်းဖြင့်ဖြစ်စေ သို့မဟုတ် ငွေကြေးဖောင်းပွမှုနှင့်အညီ ပေးရန် တောင်းဆိုခြင်းသာ ဖြစ်ကြောင်း တွေ့ဆုံမေးမြန်းခဲ့သည့် INGOs နှင့် သံရုံးများမှ ဒေသခံဝန်ထမ်းများထံမှ သိရသည်။
ငွေလဲနှုန်းအကျိုးကျေးဇူးကို မည်သူ ခံစားနေသနည်း
လက်ရှိ မြန်မာတွင် ငွေလဲနှုန်း အနည်းဆုံး သုံးမျိုးရှိသည်။ စစ်ကောင်စီသတ်မှတ် နှုန်းနှစ်မျိုး (တဒေါ်လာလျှင် ၂,၁၀၀ ကျပ် နှင့် ၂,၉၀၀ ကျပ်) နှင့် ဈေးကွက်ပေါက်ဈေး တဒေါ်လာလျှင် ၃,၄၀၀ ကျပ်ဝန်းကျင်ဟု ရှိသည်။
ဒေသခံဝန်ထမ်းများကို ပဋိညာဉ်အရ ဒေါ်လာဖြင့်ပေးချေရန် တာဝန်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများအနက် အချို့က အစိုးရသတ်မှတ်သည့် ငွေလဲနှုန်းဖြင့်တွက်ပြီး အချို့က ဈေးကွက်ပေါက်ဈေး ပေးသည်။
ဒေသခံဝန်ထမ်းများကို ဒေါ်လာဖြင့် မပေးသော သို့မဟုတ် ဈေးကွက်ပေါက်ဈေးဖြင့် မပေးသော အဖွဲ့အစည်းများနှင့် သံရုံးများတွင် ငွေလဲနှုန်းကြောင့် ရလာသည့် အကျိုးအမြတ်အား မည်သူခံစားသည်ကို ရှင်းလင်းစွာ မသိရပေ။
ဒေသခံဝန်ထမ်းများကို ဒေါ်လာဖြင့် မပေးသော သို့မဟုတ် ဈေးကွက်ပေါက်ဈေးဖြင့် မပေးသော အဖွဲ့အစည်းများနှင့် သံရုံးများတွင် ငွေလဲနှုန်းကြောင့် ရလာသည့် အကျိုးအမြတ်အား မည်သူခံစားသည်ကို ရှင်းလင်းစွာ မသိရပေ။ ထိုငွေများသည် အလှူရှင်များထံ၊ သံရုံးအကြီးအကဲထံ သို့မဟုတ် အဖွဲ့အစည်း၏ ထိပ်တန်းခေါင်းဆောင်များထံသို့ ပြန်ရောက်၊ မရောက် သိရမည်ဆိုပါက စိတ်ဝင်စားစရာ ကောင်းသည်။
မြန်မာအလုပ်သမားများအတွက် အကာအကွယ် မရှိ
စင်ကာပူ၊ ထိုင်းနှင့် မလေးရှားကဲ့သို့သော အိမ်နီးချင်းနိုင်ငံများမှ ဒေသခံဝန်ထမ်းများ အလားတူ ဆက်ဆံခံရခြင်း ရှိ၊ မရှိကို ရန်ကုန်မှ အနောက်တိုင်းသံရုံးတခုတွင် လုပ်ကိုင်နေသည် ဝန်ထမ်တဦးက မေးခွန်းထုတ်သည်။ ဥပဒေ အကာအကွယ်မဲ့သောကြောင့် အနောက်တိုင်း သံရုံးများသည် မြန်မာဝန်ထမ်းများကို အမြတ်ထုတ် သွေးစုတ်နေခြင်း ဖြစ်ပါသလားဟု သူသိလိုသည်။
“ကျနော်တို့မှာ အစိုးရကောင်း မရှိလို့ (အလှူရှင်တွေက) ဒေသခံဝန်ထမ်းတွေကို အထင်သေးတယ်။ ကျနော်တို့မှာ စစ်ကောင်စီ မဟုတ်ဘဲ ကျနော်တို့ကို ကာကွယ်ပေးမယ့် ရွေးကောက်ခံအစိုးရ ရှိနေရင် အမြတ်ထုတ် သွေးစုပ်တာ ခံရမှာ မဟုတ်ဘူး” ဟု အခြားသံရုံးဝန်ထမ်းတဦးက ပြောသည်။
ဒေသခံဝန်ထမ်းများသည် အခြားရွေးချယ်စရာ မရှိဘဲ ရှင်သန်ရေးအတွက် ဆက်လက် လုပ်ကိုင်နေရမည်ဆိုသည့် သဘောထားမျိုး သံရုံးက ထားရှိရာ ၎င်းတို့၏ နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိကြောင်း သံရုံးဝန်ထမ်တဦးက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်သမားအခွင့်အရေးများ ထိခိုက်လာစဉ် စီးပွားရေးလုပ်ငန်း တခုလုံးမှ အလုပ်သမားများအတွက် အခြေအနေမကောင်း ဖြစ်လာသည်။
လွန်ခဲ့သောနှစ်တွင် BBC သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် ရန်ကုန်မှ စက်ရုံအလုပ်သမ ဟေမာန်က အလုပ်သမား အများအပြားအတွက် ပြောကြားရာ သူသည် စစ်အာဏာသိမ်းမှု မတိုင်မီက အလုပ်သမား အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားခဲ့သော်လည်း ယခုအခါ အလုပ်မှ ထုတ်ပယ်ခံရမည်ကို စိုးရိမ်နေရကြောင်း ပြောသည်။
အာဏာသိမ်းပြီး နောက်ပိုင်းတွင် အလုပ်သမားများသည် မကြခဏဆိုသလို အကြောင်းမဲ့ အလုပ်ထုတ်ပစ်ခံရပြီး ခွင့်နှင့် အားလပ်ရက်များ ငြင်းဆန်ခံရကာ အလုပ်အကိုင် သဘောတူညီချက်များ ချိုးဖောက်ခံရသလို အချိန်ပို လုပ်အားခလည်း မရကြပေ။ တချိန်တည်းတွင် အငြင်းပွားမှု ဖြေရှင်းရန် ကြိုးစားသော အလုပ်သမားများသည် အစိုးရ အလုပ်သမားအရာရှိများနှင့် တွေ့ခွင့်မရဘဲ အခြားရွေးစရာ မရှိသဖြင့် အခွင့်အရေး ချိုးဖောက်ခံရသော်လည်း ဆက်လက် အလုပ်လုပ်နေရသည်။
စစ်ကောင်စီသည် အလုပ်သမားထု၏ ဆိုးရွားလှသော ကံကြမ္မာကို လျစ်လျူရှုထားပြီး အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ထောင်ချသည်။ တနည်းအားဖြင့်ဆိုရပါက စစ်ကောင်စီသည် မည်သည့် အကူအညီမှ မပေးဘဲ အလုပ်သမားများထံမှ အကျိုးအမြတ် အားလုံးကို ရယူလိုနေသည်။
စစ်ကောင်စီသည် အလုပ်သမားထု၏ ဆိုးရွားလှသော ကံကြမ္မာကို လျစ်လျူရှုထားပြီး အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ထောင်ချသည်။ တနည်းအားဖြင့်ဆိုရပါက စစ်ကောင်စီသည် မည်သည့် အကူအညီမှ မပေးဘဲ အလုပ်သမားများထံမှ အကျိုးအမြတ် အားလုံးကို ရယူလိုနေသည်။ ထိုသို့ အမြတ်ထုတ် သွေးစုပ်သည့် နောက်ဆုံး ဥပမာတခုမှာ ပြည်ပတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး ၁၀ ရာခိုင်နှုန်း ချမှတ်လိုက်သည်။ ငွေပြတ်နေသော စစ်ကောင်စီသည် အဝေးရောက် မြန်မာများထံမှ နိုင်ငံခြားငွေညှစ်ထုတ်ရန် အခွန် နှစ်မျိုး ကျင့်သုံးနေသည်။
အဓိကကျသော ပြုပြင်ပြောင်းလဲရေး ၃ ခု လိုအပ်
စစ်ကောင်စီခေါင်းဆောင် အဆက်ဆက်၏ ဆင်ခြင်တုံတရားမဲ့ ကိုယ်ကျိုးရှာသော စီးပွားရေး စီမံခန့်ခွဲမှုများကြောင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံအဆင့်သို့ ရောက်ပြီး နိုင်ငံ၏ သယံဇာတများနှင့် နိုင်ငံသားများသည် အကန့်အသတ်မရှိ အမြတ်ထုတ်ခံနေရသည်။
အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်ပြီး အလုပ်သမားများ ဥပဒေ အကာအကွယ်ရရေးအတွက် အထင်အရှား တွေ့မြင်နိုင်သည့် ကိစ္စ သုံးခုရှိသည်။
ပထမအချက်မှာ မြန်မာတွင် အလုပ်သမားအခွင့်အရေး ကာကွယ်သည့် အဓိကဥပဒေ မရှိပေ။ အလုပ်သမား အခွင့်အရေးများကို သီးခြားစီဖြစ်သော ကဏ္ဍအလိုက် သဘောသဘာဝရှိသော ဥပဒေ ၁၂ ခုဖြင့် ကာကွယ်ပေးသည်။ ကျယ်ပြန့်သော ဥပဒေ အကာအကွယ် မရှိသောကြောင့် ပြည်တွင်းပြည်ပ အလုပ်ရှင်များသည် ၎င်းတို့ အလုပ်သမားများကို အမြတ်ထုတ် သွေးစုပ်ကြသည်။
ဒုတိယအချက်မှာ ပြည်သူ့ဝန်ထမ်းများ သို့မဟုတ် အစိုးရဝန်ထမ်းများသာ အငြိမ်းစားလစာ အစီအစဉ်တွင် အကျုံးဝင်သည်။ ကျန်ပြည်သူများ အားလုံးသည် အသက်အရွယ် ကြီးရင့်လာသောအခါ ၎င်းတို့ကို ၎င်းတို့ သို့မဟုတ် ၎င်းတို့၏ သားသမီးများကို မှီခိုကြရသည်။
ပထမဆုံး လုပ်ဆောင်ရမည့်ကိစ္စမှာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများ၏ သံရုံးများ သို့မဟုတ် ကောင်စစ်ဝန်ရုံးများ၊ အကျိုးအမြတ်မယူသော ကုမ္ပဏီများ၊ အသင်းများအဖွဲ့များ အနေဖြင့် ၎င်းတို့ဝန်ထမ်းများအတွက် လူမှုဖူလှုံရေး လုပ်ဆောင်ရန် ကင်းလွတ်ခွင့် ပေးထားသည့် လူမှုဖူလှုံရေးဥပဒေ (၂၀၁၂) ကို ပြင်ဆင်ရန်ဖြစ်သည်။
ပထမဆုံး လုပ်ဆောင်ရမည့်ကိစ္စမှာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများ၏ သံရုံးများ သို့မဟုတ် ကောင်စစ်ဝန်ရုံးများ၊ အကျိုးအမြတ်မယူသော ကုမ္ပဏီများ၊ အသင်းများအဖွဲ့များ အနေဖြင့် ၎င်းတို့ဝန်ထမ်းများအတွက် လူမှုဖူလှုံရေး လုပ်ဆောင်ရန် ကင်းလွတ်ခွင့် ပေးထားသည့် လူမှုဖူလှုံရေးဥပဒေ (၂၀၁၂) ကို ပြင်ဆင်ရန်ဖြစ်သည်။
တတိယအချက်မှာ လက်ရှိ အလုပ်သမားဥပဒေများကို လိုက်နာအောင် လုပ်ဆောင်ရေးနှင့် စီးပွားရေးသို့ အလုပ်သမားများက ပြုလုပ်သည့် အကျိုးဆောင်မှုအတွက် မျှတသော အကျိုးတောင်းဆိုသည့် အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများအပေါ် အစိုးရအာဏာပိုင်များက ထားသည့် သဘောထားကို ပြုပြင်ရန်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Zung Ring ၏ How Western Countries Are Helping to Erode Myanmar Labor Rights ကို ဘာသာပြန်သည်။ )
You may also like these stories:
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး
မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ
လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ
အလုပ်သမားရေးဆောင်ရွက်သူများကို စစ်ကောင်စီ ပိုမိုနှိပ်ကွပ်လာ