၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်က စတင်ခဲ့သော မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ရလဒ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက NCA ၈ နှစ်ပြည့်ကို ပွဲကြီးလမ်းကြီး ပြုလုပ်ကျင်းပခဲ့သည်ကို တွေ့ရ၏။ အဆိုပါ စစ်ကောင်စီက ပြုလုပ်ခဲ့သည့်၊ အမွှမ်းတင်ခဲ့သည့် NCA ၏ အနှစ်သာရနှင့် လက်တွေ့မှာ အဘယ်နည်းဟု ပြန်လည် ဆန်းစစ်ကြည့်ရန် လိုသည်။
အစ မကောင်းသော NCA
NCA သဘောတူစာချုပ်နှင့် ပတ်သက်၍ တရားဝင်ရော၊ အလွတ် သဘောပါ အကြိမ်ပေါင်း ဆယ်ဂဏန်းအချို့ ဆွေးနွေးပြီး ရရှိလာသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များက ဆိုကြ၏။ ထို့အတူ NCA ပါ အချက်အလက်များမှာ တိုင်းရင်းသားအဖွဲ့များ ကိုယ်တိုင် ရေးဆွဲသဘောတူခဲ့သည်ဟု ဆိုလေ့ရှိကြ၏။ သို့သော် တွေ့ဆုံညှိနှိုင်းမှုများ ရှိခဲ့သော်လည်း NCA ပါ အချက်များအား ညှိနှိုင်းသဘောတူမှု မရသဖြင့် နောက်ဆုံး နော်စီဖိုးရာစိန် ခေါင်းဆောင်သော အဖွဲ့နှင့် ညှိနှိုင်းသည့်အချိန်အထိ ကြေလည်မှု မရပေ။
ကြေလည်မှုမရသည့် အဓိကပြဿနာမှာ စစ်တပ်ကိုယ်စားလှယ်များ သဘောမတူသည့် မည်သည့်အချက်မှ ညှိနှိုင်းမရခြင်း ဖြစ်သည်ဆိုသည်ကို ဆွေးနွေးပွဲတွင် ပါဝင်သူတိုင်း သိကြ၏။
ကြေလည်မှုမရသည့် အဓိကပြဿနာမှာ စစ်တပ်ကိုယ်စားလှယ်များ သဘောမတူသည့် မည်သည့်အချက်မှ ညှိနှိုင်းမရခြင်း ဖြစ်သည်ဆိုသည်ကို ဆွေးနွေးပွဲတွင် ပါဝင်သူတိုင်း သိကြ၏။
သို့သော်လည်း တဖက်တွင် ၂၀၁၅ သမ္မတ ဦးသိန်းစိန် သက်တမ်း မကုန်မီ ငြိမ်းချမ်းရေးရလဒ်တခု ပေါ်လာစေရန်နှင့် နောက်တက်မည့် အစိုးရအား ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဘောင်တခုအတွင်း၌သာ ကန့်သတ်ထားရန်အတွက် NCA ကို ဖိအားပေး သဘောတူခဲ့ကြခြင်း ဖြစ်၏။
ဤကိစ္စတွင် အစိုးရကိုယ်စားပြုသူများ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ငြိမ်းချမ်းရေးပွဲစားများနှင့် လက်မှတ်ထိုးလိုသူ တိုင်းရင်းသား လက်နက်ကိုင် EAO အချို့ ပူးပေါင်းခဲ့ကြသည်။ ထို့ကြောင့်လည်း NCA ကို မည်သူက သဘောတူခဲ့တာလဲဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း KIO အပါအဝင် UNFC ခေါင်းဆောင်များသည် အနိမ့်ဆုံးအားဖြင့် EAO အားလုံး ပါဝင်ရေးအား လက်ခံလျှင် သဘောတူမည်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် UNFC အဖွဲ့ဝင် KIO, ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့ ၅ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များသည် သမ္မတ ဦးသိန်းစိန်နှင့် ညှိနှိုင်းခဲ့ကြ၏။
သို့ရာတွင် မြန်မာစစ်တပ်က အားလုံးပါဝင်ရေးကို လက်မခံခဲ့၍၊ တိကျစွာပြောရလျှင် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့သုံးဖွဲ့နှင့် NCA လက်မှတ်ရေးထိုးရေးအား လက်မခံခဲ့သဖြင့် NCA တွင် အားလုံးပါဝင်ရေး မဖြစ်နိုင်ခဲ့ပေ။

UNFC လည်း နှစ်ခြမ်းကွဲပြီး UNFC မှ KNU, KNU-KNLA – PC, DKBA, ALP, CNF, ABSDF, PNLO အဖွဲ့ ၇ ဖွဲ့နှင့် မြန်မာစစ်တပ်နှင့် သီးခြား ဆွေးနွေးသဘောတူထားသည့် RCSS ပေါင်း အဖွဲ့ ၈ ဖွဲ့သာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြ၏။ UNFC မှ KIO, KNPP, SSPP, NMSP, AA, TNLA, MNDAA, ရခိုင် ANC, ဝ WNO, လားဟူ LDU တို့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးရာတွင် မပါဝင်သကဲ့သို့ UNFC လည်းပျက်သွား၏။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ရေးထိုးရာ EAO တပ်ဖွဲ့အများစု၊ EAO အင်အားအများစု မပါဝင်ခဲ့ကြသဖြင့် အစမကောင်းခဲ့ပေ။
ဝ UWSA နှင့် မိုင်းလား NDAA တို့သည်လည်း NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်ခဲ့ကြပေ။ သို့ဖြစ်ရာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ရေးထိုးရာ EAO တပ်ဖွဲ့အများစု၊ EAO အင်အားအများစု မပါဝင်ခဲ့ကြသဖြင့် အစမကောင်းခဲ့ပေ။
NCA သားလျှောခြင်း
၂၀၁၈ ခုနှစ်တွင် NMSP နှင့် LDU နှစ်ဖွဲ့ NCA လက်မှတ်ရေးထိုးခဲ့ကြသော်လည်း နောက်ထပ် လက်မှတ်ရေးထိုးသည့်အဖွဲ့ မရှိတော့ပေ။ ထို့ပြင် ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီး NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပို၍ ဆိုးဝါးသွားသည်။
NCA လက်မှတ်ရေးထိုးခဲ့သည့် KNU, CNF, ABSDF တို့သည် NCA ပျက်ပြယ်ပြီဟု ကြေညာပြီး မြန်မာစစ်တပ်အား ပြန်လည် တိုက်ခိုက်ခဲ့ကြရာ ကရင်ပြည်နယ်နှင့် ချင်းပြည်တို့တွင်ပါ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ကို တွေ့ရ၏။ အစမကောင်းခဲ့သော NCA သည် အနုတ်လက္ခဏာ တစတစ ပြလာသည်ကို တွေ့ရ၏။
NCA နှင့် ပတ်သက်၍ မြန်မာစစ်တပ်က ပုံကြီးချဲ့ ဝါဒဖြန့်နေသော်လည်း NCA ၏ အခြေအနေမှန်အား RCSS ဥက္ကဋ္ဌ စဝ်ရွက်စစ်၏ မိန့်ခွန်းတွင် ရှင်းလင်းစွာ တွေ့မြင်ရ၏။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြောကြားသည့် စဝ်ရွက်စစ်၏ မိန့်ခွန်းတွင် အောက်ပါအချက် ၅ ချက်ကို ရှင်းလင်းစွာတွေ့ရ၏။
တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှတဆင့် စနစ်ပြောင်းလဲရန် ကြိုးပမ်းခဲ့ကြသော်လည်း အလျှော့အတင်း မလုပ်နိုင်သဖြင့် ရှေ့မတိုးနိုင်။ ၈ နှစ်တာ ကြာမြင့်ပေမဲ့ NCA ကို အကောင်အတည် မဖော်နိုင်သဖြင့် နှမြောမိတယ်။
“၁။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှတဆင့် စနစ်ပြောင်းလဲရန် ကြိုးပမ်းခဲ့ကြသော်လည်း အလျှော့အတင်း မလုပ်နိုင်သဖြင့် ရှေ့မတိုးနိုင်။ ၈ နှစ်တာ ကြာမြင့်ပေမဲ့ NCA ကို အကောင်အတည် မဖော်နိုင်သဖြင့် နှမြောမိတယ်။
၂။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်ခဲ့ရာ နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့တဲ့အတွက် NCA အကောင်အထည်ဖော်ရေးလည်း ရပ်တန့်သွားခဲ့ပါတယ်။ နိုင်ငံရေး၊ ငြိမ်းချမ်းရေးအတွက် အချိန်တွေ အလဟဿဖြစ်ခဲ့တယ်။
၃။ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ခဲ့ကြလို့ ယနေ့ တိုင်းပြည်ဟာ စစ်ရေးပဋိပက္ခနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ရင်ဆိုင်နေရပြီး ပို၍မဆိုးဝါးစေရန် ဝိုင်းဝန်း အဖြေရှာရမည့်အချိန် ရောက်ပြီ။
၄။ သူ့မူ ကိုယ့်မူ အသေဆွဲကိုင်နေကြရင် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ကြိုတင် စည်းကမ်းသတ်မှတ်ချက်များ မပါရှိတဲ့ ဆွေးနွေးညှိနှိုင်းခြင်းသာ ပြည်ထောင်စုကြီးရဲ့ ထွက်ရပ်လမ်းဖြစ်ပါတယ်။
၅။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုသလို ဥပဒေကလည်း အားလုံးလက်ခံနိုင်သည့် ဥပဒေဖြစ်ရန် လိုပါတယ်” တို့ဖြစ်၏။
သို့ဖြစ်ရာ စဝ်ရွက်စစ်၏ NCA နှင့် သုံးသပ်ချက်လိုရင်းမှာ
၁။ ၈ နှစ်အတွင်း NCA အကောင်အထည် ဖော်နိုင်မှုမရှိ။
၂။ ၂၀၂၀ ကစပြီး NCA ရပ်တန့်နေသည်။
၃။ လက်ရှိ စစ်ရေးအကျပ်အတည်း ထိပ်ရောက်နေ။ ပိုမဆိုးအောင် အဖြေရှာဖို့လို၏။
၄။ လက်ရှိအချိန်တွင် ကြိုတင် စည်းကမ်းသတ်မှတ်ချက်မပါဘဲ ဆွေးနွေးဖို့လိုသည်။
၅။ ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဖို့လိုသလို အားလုံး လက်ခံနိုင်သည့် ပြင်ဆင်မှု ဖြစ်ဖို့လိုသည်ဟု ရှင်းလင်းစွာ တွေ့မြင်၏။
စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က NCA ကို ဇာချဲ့နေချိန်၊ NCA လက်မှတ်ရေးထိုးရေးအတွက် ဦးစီးဦးရွက်ပြုခဲ့သူ ဦးအောင်မင်းက ငြိမ်းချမ်းရေးဒီရေကျနေချိန်ဟု ဖေးဖေးမမ ဖာဖာထေးထေး ပြောဆိုနေချိန်တွင် RCSS ဥက္ကဋ္ဌကမူ NCA သည် ၈ နှစ်အတွင်း အလုပ်မဖြစ်ခဲ့ကြောင်း လက်တွေ့ကျကျ ပြောလိုက်၏။ တကယ်လည်း NCA ၏ ရလဒ်၊ အသီးအပွင့်ဆိုသည်ကို လက်ညှိုးထိုးပြစရာ မရှိပေ။ အတောမသတ်နိုင်သည့် အရည်မရ အဖတ်မရ ဆွေးနွေးပွဲများသာရှိ၏။
ယနေ့အခြေအနေတွင် ကြိုတင် စည်းကမ်းသတ်မှတ်ခြင်း မရှိဘဲ ဆွေးနွေးအဖြေရှာရန်လိုသည်ဟု စဝ်ရွက်စစ်က ပွင်းပွင့်လင်းလင်း ပြောလိုက်သည်ကို တွေ့ရ၏။ ထိုသို့ ဆွေးနွေးရန် လိုသည်ဟုဆိုခြင်းမှာ NCA မူဘောင်ဆိုသည်များကို ဘေးချိတ်ထားလိုက်တော့ဟုဆိုသည့် အဓိပ္ပာယ်ဖြစ်၏။
ထို့ပြင် ယနေ့အခြေအနေတွင် ကြိုတင် စည်းကမ်းသတ်မှတ်ခြင်း မရှိဘဲ ဆွေးနွေးအဖြေရှာရန်လိုသည်ဟု စဝ်ရွက်စစ်က ပွင်းပွင့်လင်းလင်း ပြောလိုက်သည်ကို တွေ့ရ၏။ ထိုသို့ ဆွေးနွေးရန် လိုသည်ဟုဆိုခြင်းမှာ NCA မူဘောင်ဆိုသည်များကို ဘေးချိတ်ထားလိုက်တော့ဟုဆိုသည့် အဓိပ္ပာယ်ဖြစ်၏။ NCA နှင့် အလုပ်မဖြစ်တော့ သက်သက်ညှာညှာ ဆိုလိုက်ခြင်းဖြစ်၏။
အဘယ်ကြောင့် NCA
သို့သော်လည်း အလုပ်မဖြစ်သည့် NCA ကို အဘယ်ကြောင့် မြန်မာစစ်ကောင်စီက အလွန်အကျွံ အမွှမ်းတင်နေပါသနည်း။ မြန်မာစစ်ခေါင်းဆောင်၏ NCA ၈ နှစ်ပြည့်ပြောကြားချက်တွင် NCA စာချုပ် ဖြစ်ပေါ်လာအောင် ရက်ပေါင်း ၁,၄၅၀ ခန့်ကြိုးပမ်းခဲ့ရပြီး ဆွေးနွေးပွဲပေါင်း ၅,၀၀၀ ကျော် ပြုလုပ်ခဲ့ရသည်ဟု အလွန်အကျွံ ဆိုထား၏။

သူ၏ ပြောကြားချက်အရ တရက်လျှင် ဆွေးနွေးပွဲ သုံးကြိမ်မှ လေးကြိမ် ပြုလုပ်ရပေလိမ့်မည်။ နေ့မအိပ်၊ ညမအိပ်၊ မအိပ်မစား လုပ်မှရပေလိမ့်မည်။ ဦးအောင်မင်း၏ MPC ကတောင်မှ တရားဝင်ဆွေးနွေးပွဲ ၈ ကြိမ်ခန့်နှင့် အလွတ်သဘောဆွေးနွေးပွဲ အကြိမ် ၄၀ ကျော်ခန့်ဟုသာ ဆိုထား၏။ စ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မဖြစ်နိုင်သော ကိန်းဂဏန်းများသည် အပေါစားပြက်လုံးများသဖွယ် ဖြစ်နေ၏။
တကယ်တော့ EAO အားလုံး ပါဝင်ရေးကို ဆန့်ကျင်ခဲ့သည်မှာ မြန်မာစစ်တပ်ဖြစ်၏။ ရှမ်းပြည်နယ်မှ အမျိုးသားအဆင့် ဆွေးနွေးပွဲများကို ပိတ်ပင်တားဆီးဖျက်ဆီးခဲ့သည်မှာ မြန်မာစစ်တပ်ဖြစ်၏။ NCA ပါ မူဘောင်သတ်မှတ်ချက်များကို ငါတကော ကောခဲ့သည်မှာလည်း မြန်မာစစ်တပ်ဖြစ်၏။
ဤအချက်များသည် ငြင်းပယ်၍မရသည့် အချက်များဖြစ်၏။ သို့သော် ယခုအချိန်တွင် အဘယ်ကြောင့် မြန်မာစစ်တပ်က NCA ကို အတင်းရော အဓမ္မရော ဖက်တွယ်ထားနေပါသနည်း။ ယခင်က NCA ထိုးခွင့်မပြု၊ လက်နက်ချရမည်ဟု မြန်မာစစ်တပ်က လေသံမာမာဖြင့် ပြောခဲ့သော EAO အဖွဲ့များကို NCA လက်မှတ်လာထိုးကြပါဟု မြန်မာစစ်တပ်က မျက်နှာချိုသွေး၍ ခေါ်နေသည်မှာ အဘယ်ကြောင့်ပါနည်း။
၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်ဟုလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တဖက်သတ် အပစ်ရပ်သည်ဟုလည်းကောင်း တောင်စဉ်ရေမရ ပြောဆိုနေသည်မှာ အဘယ်ကြောင့်ပါနည်း။ မြန်မာစစ်တပ်က NCA ကို အကြီးအကျယ် တန်ဆာဆင်၍ ကြေညာဝင်နေရပါသနည်း။
မြန်မာစစ်တပ်၏ အဓိကရည်ရွယ်ချက်မှာ EAO များကို သွေးခွဲရန်၊ ယခုအချိန်တွင် NUG / PDF နှင့် EAO များကို သွေးခွဲရန်၊ UNFC ကို ဖြိုခွဲသကဲ့သို့ ဖြိုခွဲရန်၊ NUG / PDF များကို ခွဲခြား ချေမှုန်းနိုင်ပါက EAO များကို ပြန်လည် ပစ်မှတ်ထား ချေမှုန်းမည်
မြန်မာစစ်တပ်၏ အဓိကရည်ရွယ်ချက်မှာ EAO များကို သွေးခွဲရန်၊ ယခုအချိန်တွင် NUG / PDF နှင့် EAO များကို သွေးခွဲရန်၊ UNFC ကို ဖြိုခွဲသကဲ့သို့ ဖြိုခွဲရန်၊ NUG / PDF များကို ခွဲခြား ချေမှုန်းနိုင်ပါက EAO များကို ပြန်လည် ပစ်မှတ်ထား ချေမှုန်းမည်ကို အတွေ့အကြုံရင့်ကျက်ပြီး နိုင်ငံရေးပါးဝနေကြသည့် EAO များ ကောင်းစွာသိနေကြ၏။ ထိုကြောင့် မြန်မာစစ်တပ်၏ အလုပ်မဖြစ်သော NCA နှင့် ရိုးသားမှု မရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို EAO များက အသိအမှတ် မပြုကြခြင်းဖြစ်၏။
ဂျိုကျိုး နားရွက်ပဲ့များနှင့် NCA
ထို့ကြောင့်လည်း EAO အများစုသည် NCA တွင် မပါဝင်ကြပေ။ ယနေ့ကာလတွင် ကချင် KIA, ကရင် KNU, ကရင်နီ KNPP, ချင်း CNF, ABSDF စသည့် EAO အဖွဲ့ ငါးဖွဲ့ အင်အား ၃၅၀,၀၀ ခန့်၊ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ပေါ်ပေါက်လာသည့် KNDF, CDF, မွန်၊ ပအိုဝ်း၊ ဓနု စသည့် EAO အင်အား ၂၀,၀၀၀ ခန့်တို့သည် PDF များနှင့် တွဲ၍ စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည်ကို တွေ့ရ၏။
ထို့ပြင် AA, TNLA, MNDAA စသည့် အင်အား ၅၀,၀၀၀ ခန့်ရှိ မြောက်ပိုင်း သုံးဖွဲ့သည် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် PDF နှင့် ဒီမိုကရက်တစ် အင်အားစုများကို အကူအညီပေးပြီး ၎င်းတို့ကိုယ်တိုင်လည်း တိုက်ခိုက်နေသည်၊ တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့ရ၏။
ထို့ပြင် UWSA, SSPP, NDAA စသည့် အင်အား ၅၀,၀၀၀ ခန့်ရှိ EAO သုံးဖွဲ့သည်လည်း မြန်မာစစ်တပ်နှင့် အဆင်ပြေအောင် ဆက်ဆံသကဲ့သို့ NUG / PDF အပါအဝင် ပြည်မဒီ မိုကတစ်အင်အားစုများ၊ အခြား EAO များနှင့် သင့်မြတ်စွာ ဆက်ဆံနေသည့်အပြင် NCA လက်မှတ်ရေးထိုးရေးအားလည်း ပယ်ချထား၏။ သို့ဖြစ်ရာ မူလ EAO ၁၁ ဖွဲ့နှင့် စစ်တပ်အာဏာသိမ်းပြီး ပေါ်ပေါက်လာသည့် EAO အဖွဲ့များ စုစုပေါင်း အင်အား ၁၅၅,၀၀၀ ခန့်သည် NCA တွင် မပါဝင်ကြပေ။
လက်ရှိ NCA ရေးထိုးထားသော EAO များအနက် အင်အား ၁၀,၀၀၀ ကျော်ခန့် ရှိသည့်အဖွဲ့မှာ RCSS တဖွဲ့သာ ရှိ၏။ အင်အားရှိသည့်အလျောက် ပြောအားလည်းရှိသည်ကို တွေ့ရ၏။ NMSP ကမူ အစဉ်အလာရှိသော်လည်း အင်အား ၁,၅၀၀ ခန့်ရှိပြီး လက်ရှိ အချိန်တွင် NCA ၌ တက်ကြွသည်ကို မတွေ့ရသကဲ့သို့ အသံလည်း သိပ်မထွက်တော့။ NCA ၈ နှစ်ပြည့်ပွဲတွင်လည်း ဥက္ကဋ္ဌ နိုင်ဟံသာနှင့် အဓိကခေါင်းဆောင်များ တက်ရောက်ခြင်း မရှိဘဲ ခပ်ရှောင်ရှောင်နေသည်ကို တွေ့ရ၏။
ကျန် KNU–PC, DKBA, PNLO, ALP, LDU တို့ကမူ အင်အား လောက်လားလား မရှိသည့်အပြင် နိုင်ငံရေးထွက်ပေါက် ပိတ်နေကြသည့်အဖွဲ့များ ဖြစ်၏။ NCA ကို သူတို့၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ဖက်တွယ်ထားကြသူများ ဖြစ်၏။ ထို့ကြောင့် NCA ကို ကာကွယ်ရမည့်အပြင် အားပေးအားမြောက်ပြုဖို့၊ ကြော်ငြာဝင်ဖို့ ဆိုနေကြသူများဖြစ်၏။
ALP နှင့် LDU ဆိုလျှင် တပ်ပင် မရှိတော့ပေ။ EAO များထဲမှ ဂျိုကျိုး နားရွက်ပဲ့များဟု ဆိုရမည်။ ထိုအဖွဲ့များကို KNU နှင့် ABSDF တို့မှ တကိုယ်တော် ခွဲထွက်လာသည့် ဂျိုကျိုး နားရွက်ပဲ့များက အားဖြည့်ပေးထားရာ ဂျိုကျိုး နားရွက်ပဲ့များနှင့် NCA ဟု ဆိုရမည်။
ထိုအဖွဲ့များထဲမှ ALP နှင့် LDU ဆိုလျှင် တပ်ပင် မရှိတော့ပေ။ EAO များထဲမှ ဂျိုကျိုး နားရွက်ပဲ့များဟု ဆိုရမည်။ ထိုအဖွဲ့များကို KNU နှင့် ABSDF တို့မှ တကိုယ်တော် ခွဲထွက်လာသည့် ဂျိုကျိုး နားရွက်ပဲ့များက အားဖြည့်ပေးထားရာ ဂျိုကျိုး နားရွက်ပဲ့များနှင့် NCA ဟု ဆိုရမည်။
မြန်မာပြည်ငြိမ်းချမ်းရေး
တကယ်တမ်းတွင် မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြခြင်းသည် အကောင်းဆုံး ဖြစ်၏။ ဤသို့ဖြေရှင်းရန် နိုင်ငံတကာက လိုလားကြ၏။ ကုလသမဂ္ဂနှင့် အာဆီယံကလည်း လိုလားကြ၏။ နယ်စပ်ချင်း ထိတွေ့နေသည့် တရုတ်၊ ထိုင်း၊ အိန္ဒိယတို့က ပို၍လိုလားကြသည်မှာလည်း မထူးဆန်းပေ။
သို့သော် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းကြရန်အတွက် ရိုးသားကြဖို့လိုသည်။ လက်တွေ့ကျဖို့ လိုသည်။ လိုအပ်သည့် အခင်းအကျင်း၊ အချက်အလက်များ ပြင်ဆင်ကြရန်လို၏။ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် စစ်မြေပြင်ရှိ တပ်ဖွဲ့အားလုံး ပါဝင်ရန်လို၏။ အင်အား ၁၅၅,၀၀၀ ခန့်ရှိသည့် EAO တပ်ဖွဲ့များ ပါဝင်ရန် လိုအပ်သကဲ့သို့ အင်အား ၁၃၀,၀၀၀ ခန့်ရှိ PDF / ပကဖ များ ပါဝင်ရန် လိုအပ်သည်။ မည်သူကိုမျှ ချန်ထားခဲ့၍မရ။
PDF /ပကဖ များကို ချန်ထားခဲ့၍ တကယ် အင်အားရှိသည့် EAO များက လက်ခံလိမ့်မည် မဟုတ်သကဲ့သို့ မည်သည့် ရလဒ်မှလည်း ထွက်မည် မဟုတ်ပေ။ ထို့ပြင် အားလုံးပါဝင်ရေးကို ငြင်းပယ်နေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်တွေ့ လုံးဝ မကျသည်ကိုလည်းကောင်း၊ ရိုးသားမှုမရှိသည်ကိုလည်းကောင်း ဖော်ပြသည်။
နောက်တချက်အနေဖြင့် လက်တွေ့ဖြစ်ရပ်က ဖော်ပြနေသည်မှာ NCA စာချုပ်သည် အလုပ်မဖြစ်ပေ။ ယနေ့ကာလတွင် လိုအပ်သည်မှာ ကြိုတင်စည်းကမ်း သတ်မှတ်ချက်မပါသည့် ဆွေးနွေးပွဲဖြစ်သည်။ အားလုံးပါဝင်ရေးနှင့် ကြိုတင်စည်းကမ်း သတ်မှတ်ချက် မပါသည့် ဆွေးနွေးပွဲသည်သာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျပေလိမ့်မည်။
NCA ကိုသာ ဆက်လက် ဖက်တွယ်ထားပါက NCA တွင် မြန်မာစစ်တပ်နှင့် ဂျိုကျိုး နားရွက်ပဲ့များကိုသာ တွေ့နေရမည်ဖြစ်ပြီး အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ မည်သည့်ရလဒ်မှလည်း တွေ့ရလိမ့်မည် မဟုတ်ပေ။
သို့မဟုတ်ဘဲ NCA ကိုသာ ဆက်လက် ဖက်တွယ်ထားပါက NCA တွင် မြန်မာစစ်တပ်နှင့် ဂျိုကျိုး နားရွက်ပဲ့များကိုသာ တွေ့နေရမည်ဖြစ်ပြီး အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ မည်သည့်ရလဒ်မှလည်း တွေ့ရလိမ့်မည် မဟုတ်ပေ။
You may also like these stories:
ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ
ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ
ကော်သူးလေတပ် ဖွဲ့စည်းရတဲ့ အရင်းခံပြဿနာက NCA ပြဿနာ မဟုတ်ဘူး
NCA သက်သေထားပြီး ကိုမြအေး ကိုယ်တိုင် ထုချေထွက်ဆို
NCA စာချုပ် ပျက်ပြီဟု KNU Concerned Group ကြေညာ