• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

by Angshuman Choudhury
21 October 2023
in သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယမှ အမျိုးသားလုံခြုံရေး (NSA) ဒုတိယ အကြံပေး ဗီခရမ် မီဆရီတို့အဖွဲ့ကို နေပြည်တော်တွင် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် / Cincds

6.9k
VIEWS
Share on FacebookShare on Twitter

အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြန်မာစစ်ကောင်စီသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် ၈ နှစ်မြောက် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပသည်။ စစ်ကောင်စီအာဘော် Global New Light of Myanmar သတင်းစာ၏ အဆိုအရ ထိုအခမ်းအနားသို့ စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များက တဖက်၊ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်း (EAO) ခုနစ်ဖွဲ့က တဖက် တက်ရောက်ကြောင်း သိရသည်။

ထိုကြီးကျယ်ခမ်းနားသည့် အခမ်းအနားသို့ မြန်မာ၏ အိမ်နီးချင်း သုံးနိုင်ငံဖြစ်သော အိန္ဒိယ၊ ထိုင်းနှင့် တရုတ်မှ အဆင့်မြင့် ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။ ထို သုံးနိုင်ငံသည် ၂၀၁၅ ခုနှစ်က NCA ပထမဆုံး လက်မှတ် ရေးထိုးပွဲတွင် နိုင်ငံတကာ သက်သေများအဖြစ် အခြားနိုင်ငံများနှင့်အတူ ပါဝင်ခဲ့သည့် နိုင်ငံများ ဖြစ်သည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
1.4k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
3.7k
မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
1k

အိန္ဒိယမှ နရိန်ဒရာမိုဒီ အစိုးရသည် ၎င်းတို့၏ အမျိုးသားလုံခြုံရေး (NSA) ဒုတိယ အကြံပေး ဗီခရမ် မီဆရီကို ထိုအခမ်းအနားသို့ တက်ရောက်ရန် စေလွှတ်သည်။ စစ်ကောင်စီအာဘော် သတင်းစာ၏ ဖော်ပြချက်အရ အခမ်းအနား မတိုင်မီတွင် မီဆရီသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ပြုံးရွှင်စွာ ဓာတ်ပုံရိုက်ပင် ခံလိုက်သေးသည်။

အိန္ဒိယမှ နရိန်ဒရာမိုဒီ အစိုးရသည် ၎င်းတို့၏ အမျိုးသားလုံခြုံရေး (NSA) ဒုတိယ အကြံပေး ဗီခရမ် မီဆရီကို ထိုအခမ်းအနားသို့ တက်ရောက်ရန် စေလွှတ်သည်။ စစ်ကောင်စီအာဘော် သတင်းစာ၏ ဖော်ပြချက်အရ အခမ်းအနား မတိုင်မီတွင် မီဆရီသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ပြုံးရွှင်စွာ ဓာတ်ပုံရိုက်ပင် ခံလိုက်သေးသည်။

စစ်ကောင်စီအာဘော် သတင်းစာက ၎င်းတို့သည် မြန်မာ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီမည့် အိန္ဒိယ၏ အစီအစဉ်နှင့် အပစ်ရပ် NCA အပေါ် ယုံကြည်မှုကို ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်သည်ဟု ဖော်ပြသည်။ ထိုသို့လုပ်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်လိုသည့်ဆန္ဒကို ဖော်ပြသော်လည်း မည်သည့် အတိုင်းအတာအထိ ပါဝင်လိုသည်ကို ရှင်းလင်းစွာ မသိရပေ။

NCA နှစ်ပတ်လည် အခမ်းအနားသို့ နယူးဒေလီက ၎င်း၏ ထိပ်တန်းလုံခြုံရေး အရာရှိတဦးကို စေလွှတ်လိုက်သည်ဆိုသည့် အချက်သည် အံ့သြစရာ မဟုတ်ပေ။ အိန္ဒိယ၏ သြဇာကြီးမားလှသော အမျိုးသားလုံခြုံရေး အကြံပေး အဂျစ်ဒိုဘယ်သည် EAOs ရှစ်ခုနှင့် NCA ပထမဆုံး လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ နိုင်ငံတကာသက်သေအဖြစ် ၂၀၁၅ ခုနှစ်တွင် တက်ရောက်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်တွင် နောက်ထပ် EAOs နှစ်ခု ထိုစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးသောအခါ ဒိုဘယ်သည် သူ၏လက်ထောက် ရာဂျင်ဒါ ခန်နာကို ထိုအခမ်းအနား တက်ရောက်ရန် စေလွှတ်သည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ယခုနှစ်တွင် အခမ်းအနားတက်ရောက်သူ မီဆရီသည် နယူးဒေလီ၏ ဘေဂျင်းဆိုင်ရာ သံအမတ် ခန့်အပ်ခံရပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူ ဖြစ်ခြင်းပင်ဖြစ်သည်။ ထိုနောက်ခံ အချက်အလက်များကြောင့် သူသည် မြန်မာနှင့် အထူးသက်ဆိုင်သူ ဖြစ်နေသည်။

NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် တရားဝင်သက်သေအဖြစ် ပါဝင်သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး အိန္ဒိယသည် ထိုအပစ်အခတ်ရပ်စဲရေး စစ်အုပ်စုနှင့် နောက်ဆက်တွဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစိုက်မတ်မတ် ထောက်ခံသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အာဏာမသိမ်းမီက နိုင်ငံရေးအရနှင့် သေနင်္ဂဗျူဟာအရ တစုံတရာ အဓိပ္ပာယ်ရှိသည်။

မြန်မာမှ EAOs များ၏ ထောက်ခံမှု အကန့်အသတ်ဖြင့်သာ ရခြင်း၊ ဗျူရိုကရေစီ ဆန်လွန်းခြင်းနှင့် စစ်တပ်ဘက်က ရိုးသားမှုကင်းမဲ့ခြင်းတို့ ရှိသော်လည်း NCA အရ လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဆယ်စုနှစ် ခြောက်ခုကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ရန်နှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီထူထောင်ရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးပွဲ စတင်ရေးအတွက် သင့်တင့်လျှောက်ပတ်သော အစပျိုးမှုဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေအနေများ ပြောင်းလဲသွားသည်။ ယနေ့တွင် အိန္ဒိယသည် မင်းအောင်လှိုင် အုပ်ချုပ်ရေးအောက်တွင် အနှောင်ဖွဲ့ခံ ငှက်ဖြစ်လာသော NCA ကို လူသိရှင်ကြား ဆက်လက် ထောက်ခံခြင်းဖြင့် အမှားကျူးလွန်သည်။

ထိုငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ မဟာအောင်မြင်မှုဖြစ်သည့် ၂၁ ရာစု ပင်လုံသဘောတူ စာချုပ်လည်း ပါဝင်သည်။ နယူးဒေလီ၏ အမြင်အရ ကြည့်ပါက ထိုကဲ့သို့သော လုပ်ငန်းစဉ်တခုကို ထောက်ခံခြင်းသည် မြန်မာတွင် နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းသိမ်းပေးသည့် ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြစ်သလို မြန်မာပဋိပက္ခတွင် အဓိက ကြားဝင်စေ့စပ်ပေးသူအဖြစ် တရုတ်သြဇာ အလွန်အမင်း လွှမ်းမိုးခြင်းကိုလည်း ချိန်ညှိနိုင်သည်။

သို့သော် ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေအနေများ ပြောင်းလဲသွားသည်။ ယနေ့တွင် အိန္ဒိယသည် မင်းအောင်လှိုင် အုပ်ချုပ်ရေးအောက်တွင် အနှောင်ဖွဲ့ခံ ငှက်ဖြစ်လာသော NCA ကို လူသိရှင်ကြား ဆက်လက် ထောက်ခံခြင်းဖြင့် အမှားကျူးလွန်သည်။

NCA ပျက်ပြယ်ခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး တိုင်းရင်းသားလူနည်းစုများ အပါအဝင် ဆန့်ကျင်သည့် အရပ်သားများကို ရက်စက်ကြမ်းကြုတ်သော ထိုးစစ်စတင်လိုက်သောအခါ အမျိုးမျိုးသော ပါဝင်ပတ်သက်သူများအကြား NCA အပေါ် ယုံကြည်မှု လုံးဝ တစစီ ပျက်စီးသွားသည်။

စစ်ဖြစ်နေသော ဘက်များအကြား အနိမ့်ဆုံးယုံကြည်မှုပင် မရှိဘဲ မည်သည့် အမျိုးသား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှ အလုပ်ဖြစ်မည် မဟုတ်ပေ။ အထူးသဖြင့် ဘုံသဘော တူညီချက်ရရန် ခက်ခဲသည့် မြန်မာကဲ့သို့ လူမျိုးစုပေါင်းစုံ နေထိုင်သော နိုင်ငံတခုတွင် ပိုမိုဆိုးရွားသည်။

စစ်တပ်သည် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို လေးစားပြီး အရပ်သား ဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဆွေးနွေးညှိနှိုင်းမှုများကို မောင်းနှင်ကာ သြဇာထူထောင်ရန် သေနတ်ကို အသုံးပြုခြင်း ရှောင်ကျဉ်မည်ဟု အမှန်တကယ် ယုံကြည်ပြီး EAOs များသည် ထိုသဘောတူစာချုပ်ကို ၎င်းတို့ဆန္ဒအလျောက် လက်မှတ်ရေးထိုးခဲ့သည်။ သူ၏ ဆင်ခြင်တုံတရား ကင်းမဲ့သော အာဏာသိမ်းမှုဖြင့် မင်းအောင်လှိုင်သည် ထိုသို့ ရေးသားမထားသည့် ကတိကဝတ်များကို တစစီရိုက်ချိုးပြီး NCA လုပ်ငန်းစဉ်ကို သူနှင့်အတူ ကျဆုံးစေသည်။

ထို့ကြောင့် အာဏာသိမ်းပြီးနောက်တွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့က အကြီးအကျယ် တုန်လှုပ်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ထိုအဖွဲ့ ၁၀ ဖွဲ့အနက် ငါးဖွဲ့သည် လေသံ ပြောင်းသွားသည်။

NCA လက်မှတ် ရေးထိုးသည့် အဖွဲ့များအနက် အင်အားအကြီးမားဆုံး အဖွဲ့တဖွဲ့ဖြစ်သော ချင်အမျိုးသားတပ်ဦး (CNF) သည် စစ်အာဏာသိမ်းမှု ဖြစ်လျှင်ဖြစ်ခြင်း ထိုသဘောတူစာချုပ်မှ နုတ်ထွက်ကာ တော်လှန်ရေးတွင် ပါဝင်သည်။

လအတန်ကြာသောအခါ ထိုစာချုပ်လက်မှတ်ရေးထိုးထားသည့် နောက်ထပ် အဓိကကျသော EAO တခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်တပ်သည် NCA ကို ချိုးဖောက်သည်ဟု ဝေဖန်ကာ စစ်ကောင်စီက ညှိနှိုင်းရန် ကမ်းလှမ်းတိုင်းကို ပယ်ချခဲ့သည်။

NCA ပြိုလဲသွားသည်မှာ အလျင်အမြန် ထင်ရှားလာသည်။ သို့သော် NCA ကို စွန့်ပစ်ရမည့်အစား စစ်ကောင်စီသည် ထို အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား အတိုက်အခံများအကြား သွေးကွဲစေရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ထင်ယောင်ထင်မှား ဖြစ်စေရန် သေနင်္ဂဗျူဟာ ကျကျ အသုံးချနေသည်။

NCA ပြိုလဲသွားသည်မှာ အလျင်အမြန် ထင်ရှားလာသည်။ သို့သော် NCA ကို စွန့်ပစ်ရမည့်အစား စစ်ကောင်စီသည် ထို အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား အတိုက်အခံများအကြား သွေးကွဲစေရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ထင်ယောင်ထင်မှား ဖြစ်စေရန် သေနင်္ဂဗျူဟာ ကျကျ အသုံးချနေသည်။

စစ်အာဏာသိမ်းမှု လုပ်ရပ်သည် ထိုအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အခြေခံကျကျ ချိုးဖောက်ခြင်းဖြစ်ကြောင်း ထင်ရှားသော်လည်း ထိုသို့ လုပ်နေခြင်းဖြစ်သည်။ ထိုသဘောတူစာချုပ် နှစ်ပတ်လည် အခမ်းအနား မကျင်းပမီ အချိန်အနည်းငယ် အလိုတွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်၌ CNF, KNU နှင့် အခြား လက်မှတ်ရေးထိုးသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က စစ်အာဏာသိမ်းခြင်းသည် NCA ကို ချိုးဖောက်ခြင်းဖြစ်ပြီး NCA အရ ပေးထားသည့် ကတိကဝတ်များကို ပယ်ဖျက်ရာရောက်ကြောင်း ပြတ်ပြတ်သားသား ဖော်ပြထားသည်။

ကြည်းတပ်၊ လေတပ်၊ ရေတပ်များကို အသုံးပြုကာ အရပ်သားများကို စစ်တပ်က အကြိမ်ကြိမ် ပစ်မှတ်ထားခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေနှင့် ထိုဥပဒေကို အခြေခံထားသည့် NCA ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ ထိုသို့ ပြင်းထန်သော စကားလုံးများသည် တချိန်က NCA လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းများမှ လာသောစကားများဖြစ်ပြီး လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။

အိန္ဒိယ၏ အတွက်အချက်မှားခြင်း

စစ်အာဏာသိမ်းပြီးနောက်တွင် NCA ကို ဆက်လက် ထောက်ခံခြင်းဖြင့် အိန္ဒိယသည် မြေပြင် ပကတိအခြေအနေများကို လေ့လာရန် ပျက်ကွက်နေသည်။ NCA သည် အားလုံးအကျုံးဝင်သည့် အပစ်အခတ်ရပ်စဲရေး စနစ်တခု မဟုတ်တော့ပေ။ ထိုစာချုပ်သည် စစ်ကောင်စီက ၎င်းတို့၏ အာဏာကို တရားဝင်စေရန်နှင့် ၎င်းတို့၏ မသမာသော လုပ်ရပ်တွင် ပူးပေါင်းရန်၊ အချို့ EAO များကို သွေးဆောင်ရန် သုံးနေသည့် တဘက်စောင်းနင်း နိုင်ငံရေး အသုံးချခံအဆင့်သို့ လျှောကျသွားသည်။

ပိုမို အရေးကြီးသောအချက်မှာ စစ်ကောင်စီသည် မြန်မာမှ တိုင်းရင်းသား လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကို ဖုံးကွယ်ရန် NCA ကို အသုံးချနေခြင်း ဖြစ်သည်။ ၎င်းတို့၏ အကြမ်းဖက် ဒီမိုကရေစီဆန့်ကျင်ရေး ဖက်ဒရယ်ဆန့်ကျင်ရေး၊ အမျိုးသားညီညွတ်ရေးကို ငြိမ်းချမ်းသော ပြန်လည် သင့်မြတ်ခြင်းဖြစ်သယောင် အပေါ်ယံ လုပ်နေခြင်းသာ ဖြစ်သည်။

NCA နှစ်ပတ်လည် အခမ်းအနား မကျင်းပမီ တပတ်အလိုတွင် စစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာမြောက်ဘက်မှ စစ်ဘေးရှောင်စခန်း (IDP) ကို ဗုံးကြဲသောကြောင့် ကလေးငယ် အနည်းဆုံး ၁၁ ဦး အပါအဝင် လူအနည်းဆုံး ၃၀ သေဆုံးသည်။

သို့သော် NCA နှစ်ပတ်လည် အခမ်းအနားတွင် မင်းအောင်လှိုင်က စစ်မှန်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဆိုသည့် စကားကို ပြောသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ စုံစမ်းစစ်ဆေးမှုအရ စစ်ကောင်စီသည် ၎င်းတို့၏ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုသုံး ပဲ့ထိန်းမပါသည့် ဗုံးများအနက် တခုကို ထိုတိုက်ခိုက်မှုတွင် သုံးခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ လေဟာပြင် ဂီတပွဲတော်တခုကို လေကြောင်းမှ တိုက်ခိုက်သောကြောင့် လူအနည်းဆုံး ၇၅ ဦးသေဆုံးသည့် ဖြစ်ရပ် တနှစ်ခန့်ရှိသော အချိန်တွင် ထပ်မံတိုက်ခိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီက ဖိတ်ခေါ်သောကြောင့် အိန္ဒိယ အဆင့်မြင့်အရာရှိတဦး နေပြည်တော်သို့ သွားရောက်ခြင်းနှင့် တိုက်ပွဲဝင် မဟုတ်သော အရပ်သားများကို အပြင်းအထန် တိုက်ခိုက်ပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီ ခေါင်းဆောင်နှင့် ဓာတ်ပုံတွဲရိုက်ခြင်းသည် ညံ့ဖျင်းလှသည့် လူသိရှင်ကြားပြုလုပ်သော သံတမန်ရေး ဖြစ်သည်။

စစ်ကောင်စီက ဖိတ်ခေါ်သောကြောင့် အိန္ဒိယ အဆင့်မြင့်အရာရှိတဦး နေပြည်တော်သို့ သွားရောက်ခြင်းနှင့် တိုက်ပွဲဝင် မဟုတ်သော အရပ်သားများကို အပြင်းအထန် တိုက်ခိုက်ပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီ ခေါင်းဆောင်နှင့် ဓာတ်ပုံတွဲရိုက်ခြင်းသည် ညံ့ဖျင်းလှသည့် လူသိရှင်ကြားပြုလုပ်သော သံတမန်ရေး ဖြစ်သည်။

သို့သော် ပိုမိုအရေးကြီးသော အချက်မှာ အိန္ဒိယသည် စစ်ကောင်စီနှင့် နွေးထွေးသော ဆက်ဆံရေး ထိန်းသိမ်းထားရန်နှင့် နေပြည်တော် အာဏာစင်္ကြံသို့ သွားရောက်ခွင့် ရရန်အတွက် NCA ကို ကျယ်ကျယ်ပြန့်ပြန့် ပယ်ချသည့် မြန်မာ့တိုင်းရင်းသား အုပ်စုအများစု၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုရန် စိတ်အားထက်သန်နေကြောင်း ပြခြင်းပင်ဖြစ်သည်။

သမားရိုးကျ လက်တွေ့ နိုင်ငံရေး ချဉ်းကပ်ပုံသည် မြန်မာမှ အိန္ဒိယ၏ နိုင်ငံရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားများအတွက် ဆိုးကျိုးများဖြစ်စေသည်။ မြန်မာတွင် အတိုက်အခံနှင့် NCA ဆန့်ကျင်သည့် EAO များသည် အမည်ဆိုး ကျော်ကြားလှသော စစ်ကောင်စီနှင့် NCA ရေးထိုးထားသည့် EAO များထက် လူထုထောက်ခံမှု အဆပေါင်းများစွာ ပိုမိုရရှိသည်။

မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အိန္ဒိယက ဆက်လက် ပါဝင်ပတ်သက်လိုပြီး အကန့်အသတ်ရှိသော ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်လိုသည့် အဓိက အကြောင်းရင်းမှာ မြန်မာအပေါ် တရုတ်သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာ ညှိရန်ဖြစ်သည်။ ထိုကိစ္စသည် နားလည်နိုင်သော နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်ဖြစ်သည်။

သို့သော် ရည်မှန်းချက် အောင်မြင်စေရန် အိန္ဒိယ၏ သေနင်္ဂဗျူဟာသည် ဆိုးရွားသည့် မှားယွင်း တွက်ချက်ခြင်း ဖြစ်သည်။ တရုတ်သည် အိန္ဒိယနှင့် မတူဘဲ မြန်မာနိုင်ငံမြောက်ပိုင်းမှ NCA မထိုးသည့် EAOs များနှင့် ကာလကြာမြင့်ပြီဖြစ်သော ဆက်ဆံရေး ရှိသည်။

ထို EAOs များတွင် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သည် မြန်မာတွင် အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံတဝန်းမှ ရှုပ်ထွေးသော တိုင်းရင်းသား စစ်မြေပြင်တွင် အမျိုးမျိုးသော အဆက်အသွယ်ရှိသည့် အနုစိတ်ကွန်ရက်ကြောင့် တရုတ်သည် နေပြည်တော်မှ စစ်အုပ်စု အဆက်ဆက်အပေါ် ခိုင်မာသော သြဇာရှိပြီး တခါတရံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုပင် တဖက်သတ် လုပ်ကိုင်သည်။

ထိုင်းနိုင်ငံသည်ပင် ကြားခံဇုန် မူဝါဒအရ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်စပ်များမှ EAOs အများအပြားနှင့် နွေးထွေးသော ဆက်ဆံရေး ထိန်းသိမ်းထားသည်။ ထို့ကြောင့် ဘန်ကောက်သည် အာဏာသိမ်းအလွန် မြန်မာတွင် ကျယ်ပြန့်သော အပြောင်းအလဲ လုပ်နိုင်စွမ်း ရှိသည်။ သို့သော် အိန္ဒိယသည် ၎င်း၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားနှင့် တိုက်ရိုက် ပတ်သက်နေသည့် ချင်း CNF နှင့် ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြန်မာမှ EAOs များနှင့် ထိုသို့ ရှည်ကြာ နက်ရှိုင်း ယုံကြည်မှုအခြေပြု အဆက်အသွယ် ပျိုးထောင်ထားခြင်း မရှိပေ။ ထို နှစ်ဖွဲ့လုံးသည် NCA ကို ဆက်လက် ပယ်ချနေပြီး အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပသည့် အခမ်းအနား တက်ရောက်ခြင်း မရှိပေ။

CNF နှင့် AA တို့သည် အိန္ဒိယက ငွေကြေး စိုက်ထုတ်သည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMTTP) ဖြတ်သန်းသွားသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ကျယ်ပြန့်သော ဒေသများကို ထိန်းချုပ်ထားသောကြောင့် ထိုပကတိ အခြေအနေကို အိန္ဒိယအနေဖြင့် လျစ်လျူရှုမထားနိုင်ပေ။

CNF နှင့် AA တို့သည် အိန္ဒိယက ငွေကြေး စိုက်ထုတ်သည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMTTP) ဖြတ်သန်းသွားသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ကျယ်ပြန့်သော ဒေသများကို ထိန်းချုပ်ထားသောကြောင့် ထိုပကတိ အခြေအနေကို အိန္ဒိယအနေဖြင့် လျစ်လျူရှုမထားနိုင်ပေ။

ထိုအဖွဲ့အစည်းများက ပယ်ချထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လူသိရှင်ကြား ထောက်ခံခြင်းဖြင့် ထို EAOs များနှင့် သာမက မြန်မာတဝန်းမှ အခြား EAOs များနှင့်ပါ ရရှိထားသည့် ထိတွေ့ဆက်ဆံမှုများ၊ စိတ်စေတနာကောင်းများ ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

အခြား EAOs များတွင် တခါက အိန္ဒိယနှင့် ဆက်ဆံရေး နွေးထွေးရုံသာမက အရှေ့မြောက်ဒေသ သူပုန်လှုပ်ရှားမှုများအတွင်း ထောက်လှမ်းရေး သတင်းအတွက်ပါ အားကိုးရသည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပါဝင်သည်။

ယနေ့တွင် KIA သည် စစ်ကောင်စီဆန့်ကျင်ရေး EAOs များအနက် NCA ကို လုံးဝဆန့်ကျင်သည့် အကြီးမားဆုံး အဖွဲ့တဖွဲ့ဖြစ်ပြီး တော်လှန်ရေးကို ရှေ့တန်းမှ ကူညီနေသလို ကချင်ပြည်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ စခန်းများကို ပုံမှန်တိုက်ခိုက်နေသည်။ ထိုအဖွဲ့သည် စစ်ကောင်စီက အပြင်းအထန် ဆက်လက် တိုက်ခိုက်နေသည့် EAOs များအနက် တခုလည်းဖြစ်သည်။

အရေးအကြီးဆုံးမှာ စစ်ကောင်စီက ထိန်းကြောင်းသည့် မည်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမှ ယနေ့မြန်မာတွင် ကျယ်ပြန့်သော လက်ခံမှု ရရှိမည် မဟုတ်ဆိုသည့် အချက်ဖြစ်သည်။ စစ်တပ်သည် ယုံကြည်အားထားလောက်သည့် ငြိမ်းချမ်းရေး ဇာတ်ဆောင် မဟုတ်တော့ဘဲ ထိုစစ်တပ်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် မြန်မာပြည်တွင်း၌ အိန္ဒိယ၏ ပုံရိပ်ကိုပင် ထိခိုက်စေမည် ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပြုသဘော ပါဝင်လိုပါက အိန္ဒိယအနေဖြင့် ၎င်း၏ သေနင်္ဂဗျူဟာကို ပြောင်းလဲရန် လိုအပ်သည်။ အယုံအကြည်ကင်းမဲ့ခံရသည့် အာဏာသိမ်း စစ်အုပ်စုနှင့် လက်ခံသူ အနည်းငယ်သာရှိသည့် တဖက်သတ် အပစ်အခတ်ရပ်စဲရေးစနစ်ကို ပုံအော ထောက်ခံခြင်းထက် မြေပြင်မှ တိုင်းရင်းသား ပါဝင်ပတ်သက်သူ အားလုံးနှင့် ထိတွေ့ဆက်ဆံရမည် ဖြစ်သည်။

ထိုသို့သော ထိတွေ့ဆက်ဆံရေးကို ကျယ်ပြန့် နက်ရှိုင်းစေခြင်းဖြင့်သာ အနာဂတ် မည်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ် မဆိုတွင် အဓိပ္ပာယ် ပြည့်ဝ ထိရောက်သော တတိယကြားဝင် အခန်းကဏ္ဍမှ ပါဝင်ရန် လုံလောက်သော သြဇာတည်ဆောက်နိုင်မည်ဖြစ်သည်။

အရေးအကြီးဆုံးမှာ စစ်ကောင်စီက ထိန်းကြောင်းသည့် မည်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမှ ယနေ့မြန်မာတွင် ကျယ်ပြန့်သော လက်ခံမှု ရရှိမည် မဟုတ်ဆိုသည့် အချက်ဖြစ်သည်။ စစ်တပ်သည် ယုံကြည်အားထားလောက်သည့် ငြိမ်းချမ်းရေး ဇာတ်ဆောင် မဟုတ်တော့ဘဲ ထိုစစ်တပ်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် မြန်မာပြည်တွင်း၌ အိန္ဒိယ၏ ပုံရိပ်ကိုပင် ထိခိုက်စေမည် ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Angshuman Choudhury ၏ India Making a Mistake by Backing Myanmar”s Junta-Led “Peace Process” ကို ဘာသာပြန်သည်။ )

You may also like these stories:

တရုတ်၊ ထိုင်း၊ အိန္ဒိယတို့က စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေး

ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်

အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီကို ပူးနေသည်

စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး

စစ်ကောင်စီနှင့် ဆက်ဆံရေးခိုင်မာစေရန် အိန္ဒိယက ဒီပါဝလီပွဲတော်ကို ခုတုံးလုပ်

ရွေးကောက်ပွဲများကို စိတ်ဝင်စားခြင်းဖြင့် တရုတ်နှင့် အိန္ဒိယက စစ်ကောင်စီကို ထောက်ခံနေ

Your Thoughts …
Tags: AIEAOIDPKIAKMMTTPNCAငြိမ်းချမ်းရေးစစ်ကောင်စီစစ်ဘေးရှောင်စခန်းစစ်အာဏာသိမ်းမှုတရုတ်တိုင်းရင်းလက်နက်ကိုင်ထိုင်းနိုင်ငံခြားရေးမူဝါဒပင်လုံသဘောတူ စာချုပ်ပြည်တွင်းစစ်ဖက်ဒရယ် ဒီမိုကရေစီလေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအမျိုးသားပြန်လည် သင့်မြတ်ရေးအိန္ဒိယ
Angshuman Choudhury

Angshuman Choudhury

အန်ရှူမန် ချောင်ဒရီသည် နယူးဒေလီရှိ မူဝါဒ သုတေသနဌာနမှ သုတေသီ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
93.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

အနောက်တိုင်းမှ ပလပ်စတစ်အမှိုက်များ ထိုင်းကို ဖြတ်ပြီး  မြန်မာမှာ စုပုံစွန့်ပစ်

အနောက်တိုင်းမှ ပလပ်စတစ်အမှိုက်များ ထိုင်းကို ဖြတ်ပြီး မြန်မာမှာ စုပုံစွန့်ပစ်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.6k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.5k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate