• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
in သူ့အတွေး သူ့အမြင်
A A
စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

၂၀၂၂ ခုနှစ်၊ မတ်လက နေပြည်တော်တွင် ကျင်းပသည့် စစ်ရေးပြအခမ်းအနား

27k
VIEWS
Share on FacebookShare on Twitter

မြန်မာတွင် လုံခြုံရေးအခြေအနေသည် အလျင်အမြန် ယိုယွင်းနေပြီး မင်းအောင်လှိုင် ထိန်းချုပ်ထားသည့် စစ်ကောင်စီ သို့မဟုတ် စစ်တပ်၏ အတင်းအကျပ် ရယူထားသောအာဏာ သိသိသာသာ လျော့ကျနေသည်။ ထိုလုံခြုံရေး အခြေအနေ ပြောင်းလဲမှုသည် မင်းအောင်လှိုင်အတွက် ရှမ်းနှင့် မွန်အပါအဝင် တိုင်းရင်းသား ခုခံတော်လှန်ရေး အင်အားစု (EROs) အချို့ကို မက်လုံးပေးစည်းရုံးပြီး တချိန်တည်းတွင် ကရင်၊ ကချင်၊ ကရင်နီ (ကယား) နှင့် ချင်းတိုင်းရင်းသား ခုခံတော်လှန်ရေး အင်အားစုများကိုသာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များကို ဖိနှိပ်ရန် စိန်ခေါ်မှုများလာသည်။

တချိန်တည်းတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးစားပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် PDFs များနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ (LDFs) အားလုံးကို အပြည့်အဝ ထိန်းချုပ်ရန်နှင့် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်များ အားလုံးကို စည်းရုံးလှုပ်ရှားရန် NUG က ကြိုးစားနေသည်။

RelatedPosts

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
363
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
907

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗမာများအချင်းချင်း သတ်ဖြတ်နေကြောင်း လူသိရှင်ကြား ဝန်ခံလိုက်သဖြင့် လွန်စွာ ထူးခြားသော ဝန်ခံမှုဖြစ်နေသည်။ ထိုသို့ ဗမာချင်း သတ်ဖြတ်သည်ဆိုသည့် ဇာတ်လမ်းတင်ပြပုံသည် ယခင်က မီဒီယာ အာရုံစူးစိုက်မှု အနည်းငယ်သာ ရရှိခဲ့သော်လည်း သုတေသီအချို့နှင့် သုံးသပ်ချက်အချို့သည် ထိုကိစ္စကို အလွတ်သဘော ဆွေးနွေးလာသည်။

ထိုသို့ ဝန်ခံခြင်းသည် တိုင်းရင်းသားတပ်ဖွဲ့များနှင့် လက်တွဲလုပ်ဆောင်နေသည့် ငယ်ရွယ်သော ဗမာများ ဦးဆောင်သော PDFs နှင့် အသက်အရွယ် ကြီးရင့်သည့် စစ်ကောင်စီ ဦးဆောင်သော ဗမာစစ်တပ်သည် နေပြည်တော်ကို ထိန်းချုပ်ရန် စစ်ရေးအားထုတ်မှု မျှခြေရောက်နေသည်ဟု ဆိုလိုပါသလား။

ထိုသို့ ဝန်ခံခြင်းသည် တိုင်းရင်းသားတပ်ဖွဲ့များနှင့် လက်တွဲလုပ်ဆောင်နေသည့် ငယ်ရွယ်သော ဗမာများ ဦးဆောင်သော PDFs နှင့် အသက်အရွယ် ကြီးရင့်သည့် စစ်ကောင်စီ ဦးဆောင်သော ဗမာစစ်တပ်သည် နေပြည်တော်ကို ထိန်းချုပ်ရန် စစ်ရေးအားထုတ်မှု မျှခြေရောက်နေသည်ဟု ဆိုလိုပါသလား။ ထိုဖြစ်ပေါ်တိုးတက်မှုသည် မြန်မာစစ်တပ်၏ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးနှင့်ဆက်စပ်နေသူများအပေါ် သြဇာသက်ရောက်နိုင်သည့် စွမ်းရည်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာသည်။

စစ်တပ်၏ အတင်းအကျပ် လုပ်နိုင်သောစွမ်းရည် အမှန်တကယ် လျော့ကျသွားပါသလား။ PDFs နှင့် EROs တို့၏ စွမ်းရည်သည် လူအင်အားနှင့် တိုက်ခိုက်ရေးရိုင်ဖယ် အင်အားအရ ညီမျှကောင်း ညီမျှနိုင်သော်လည်း စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများ၏ နိုင်ငံရေးမဟာမိတ် တိုးတက်မှုနှင့် ဘုံရည်မှန်းချက်များသည် လာမည့်နှစ်များအတွင်း ခုခံတော်လှန်ရေး အင်အားစု၏ လမ်းကြောင်းကို ပုံဖော်ပေးမည် ဖြစ်သည်။

နိုင်ငံရေး မဟာမိတ်များ

စစ်ကောင်စီတပ်တွင် နိုင်ငံရေးမိတ်ဆွေထက် ရန်သူ ပိုမိုများပြားလာသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီက နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်ပြည့် အခမ်းအနားသို့ ထိုစာချုပ် လက်မှတ်ရေးထိုးထားသည့် EROs အနည်းငယ်သာ တက်ရောက်သည်။ ပြဇာတ်ဆန်သော NCA လုပ်ငန်းစဉ်သည် ပဋိပက္ခများ၊ လူမျိုးစုများကို လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ဒဏ်ခံနေရသည့် လူမှုအသိုက်အဝန်းများသို့ လူသားချင်းစာနာမှု အကူအညီများကို စစ်တပ်က ပိတ်ဆို့မှုများကြောင့် အရုပ်ဆိုး အကျည်းတန်နေသည်။

တပြိုင်နက်တွင် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သည် နိုင်ငံရေးပါတီငယ် ၃၇ ခုကို မှတ်ပုံတင်ခွင့်ပေးပြီး လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးစေသည်။ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် မည်သည့်ရွေးကောက်ပွဲ မဆိုတွင် လွှမ်းမိုးပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ချိုးဖောက်မှု အလားအလာကို စိုးရိမ်ပူပန်စေသည်။

စစ်တပ်က ရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အရာရှိများအတွက် နေရာ ၂၅ ရာခိုင်နှုန်းကို အာမခံထားပြီး စစ်ကောင်စီက ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲကိုမဆို လွတ်လပ်မျှတမှု ကင်းမဲ့သည့် ရွေးကောက်အဖြစ် အယုံအကြည် ကင်းမဲ့စေသည်။ မြန်မာစစ်တပ်၏ ပိုင်နက်နယ်မြေများ ဆုံးရှုံးနေခြင်းကြောင့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မရေရာမှုဖြစ်စေသည်။

၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းဆည်းရမိသော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ

အတိုက်အခံ အင်အားစုဘက်တွင် အာဏာသိမ်းရန် အားထုတ်မှုကို တုံ့ပြန်သည့်အနေဖြင့် သက်ဆိုင်သူအချို့ အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (FDC) ထူထောင်ခြင်းသည် အာဏာရှင်စနစ် ပုံစံအားလုံးကို ဖျက်သိမ်းရန် ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် ပေါင်းစပ်ထားသည်။ ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင်ဖွဲ့စည်းသည့် NUCC သည် ထိုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းသည့် စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများကို ညီညွတ်စေသည်။

NUG ဦးဆောင်သည့် အတိုက်အခံ အင်အားစုများသည် ထိုအစီအစဉ်များကို အပြည့်အဝ အသုံးမချနိုင်သေးသော်လည်း မြန်မာ့အနာဂတ် နိုင်ငံရေး အကျုံးဝင်မှုအတွက် ကြီးမားသောခြေလှမ်း ဖြစ်သည်။

၎င်းတို့အားလုံးသည် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် စုပေါင်းခေါင်းဆောင်မှု၊ နိုင်ငံရေးဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများမှတဆင့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ထူထောင်ရေးတို့ကို ရည်မှန်းပြီး စစ်ကောင်စီအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်။ NUG ဦးဆောင်သည့် အတိုက်အခံ အင်အားစုများသည် ထိုအစီအစဉ်များကို အပြည့်အဝ အသုံးမချနိုင်သေးသော်လည်း မြန်မာ့အနာဂတ် နိုင်ငံရေး အကျုံးဝင်မှုအတွက် ကြီးမားသောခြေလှမ်း ဖြစ်သည်။

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။ တချိန်တည်းတွင် ပိုမိုများပြားလာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို လေ့ကျင့်ထောက်ပံ့ပေးသည်။ EROs များအကြား ထူခြားသည့်အဆင့်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံဗဟိုချက် ဒေသများတွင် PDFs နှင့် LDFs များ တိုးချဲ့ခြင်းကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးသည်။

စစ်တပ် လူအင်အားနှင့် စွမ်းရည်များ

လတ်တလောဖြစ်ပွားနေသော ရှမ်းမြောက်တိုက်ပွဲများအတွင်း မဟာမိတ်တပ်ဖွဲ့များက မြန်မာစစ်တပ်၏ သံချပ်ကာကားတစီးကို သိမ်းပိုက်ခဲ့စဉ်/ The Kokang

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ကို အစွဲပြုအမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ ကို ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့က စတင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားမှ စစ်ကောင်စီပစ်မှတ်များနှင့် စခန်းအများအပြားကို တပြိုင်နက် တိုက်ခိုက်သည်။

ထိုစစ်ဆင်ရေးသည် စစ်ကောင်စီ၏ စွမ်းရည်ကို ထိခိုက်စေရုံသာမက ၎င်းတို့စစ်သားများ၏ စိတ်ဓာတ်ကိုလည်း ကျဆင်းစေသည်။ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ အဆိုအရ ၂၀၂၃ ခုနှစ်၊ မေလအထိ စစ်ကောင်စီတွင် တပ်ဖွဲ့ဝင် ၁၅၀,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၇၀,၀၀၀ သည် တိုက်ခိုက်ရေး စစ်သားများဖြစ်သည်။

သို့သော် စစ်ကောင်စီ၏ ဘက်ပြောင်းနှုန်းသည် ပိုမိုမြင့်မားလာနေပြီး လေကြောင်းနှင့် အမြောက်ပစ်ကူများ ရှိသော်လည်း နယ်စပ်ဒေသများမှ သေနင်္ဂဗျူဟာကျသော နေရာအများအပြားကို ဆုံးရှုံးနေသည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်များက ထိုးစစ်ဆင်သောကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီစခန်း ၆၂ ခု ဆုံးရှုံးကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က စက်တင်ဘာလ နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာသည်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီစခန်း အနည်းဆုံး ၉၀ ကျော် ထပ်မံဆုံးရှုံးရပြန်သည်။

တချိန်တည်းတွင် ကရင်တိုင်းရင်းသား တပ်များနှင့် NUG ၏ PDFs များပါဝင်သည့် ပူးပေါင်းတပ်များသည် ပဲခူးတိုင်း အရှေ့ပိုင်းတွင် တိုက်ခိုက်မှု အရှိန်မြှင့်တင်ပြီး ကရင်ပြည်နယ်မှ စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ဖြတ်တောက်သည်။ ထိုတိုက်ခိုက်မှုများသည် နေပြည်တော်အနီးမှ စစ်ကောင်စီ၏ သေနင်္ဂဗျူဟာကျသည့် စခန်းများကို ခြိမ်းခြောက်သော်လည်း ထိုသို့သော အားထုတ်မှုများသည် NUG နှင့် မဟာမိတ်များ၏ အကန့်အသတ်ရှိသော ရင်းမြစ်များ၊ စိတ်ဓာတ်အင်အားနှင့် ကိုယ်ခံစွမ်းအားကို ထိခိုက်စေမည် ဖြစ်ကြောင်း သုတေသီများက သတိပေးသည်။

ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေစဉ် ၁၉၉၀ ပြည့်နှစ်များ အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ်က ပြန်ခေါင်းထောင်လာကြောင်း ကျွမ်းကျင်သူအချို့က ပြောလာသည်။

ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေစဉ် ၁၉၉၀ ပြည့်နှစ်များ အပစ်အခတ်ရပ်စဲရေး အရင်းရှင်စနစ်က ပြန်ခေါင်းထောင်လာကြောင်း ကျွမ်းကျင်သူအချို့က ပြောလာသည်။ ထိုစဉ်က စစ်တပ်နှင့် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်မှုများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ထူထောင်ထားသည့်ကုမ္ပဏီများ ပါဝင်သည့် စီးပွားရေးလုပ်ပိုင်ခွင့်များသည် နယ်စပ်ဒေသများတွင် အရေးပါသည့်အခန်းမှ ပါဝင်သည်။

စစ်ကောင်စီသည် လတ်တလောတွင် ငွေကြေးအကျပ်အတည်း၊ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ထိခိုက်ခြင်း၊ ကျယ်ပြန့်သော နေရပ်စွန့်ခွာမှု၊ အထူးသဖြင့် ကျေးရွာများကို မီးရှို့သောကြောင့် နေရပ်စွန့်ခွာမှုများကို ရင်ဆိုင်နေရသည်။

ငွေကြေးဖောင်းပွမှု မြင့်မားခြင်းသည် ပြည်သူများ၏ ဝယ်လိုအားကို ကျဆင်းစေပြီး ကုန်ဈေးနှုန်း မြင့်မားခြင်းအား ကိုင်တွယ်ဖြေရှင်းရန် ရင်းမြစ်အကန့်အသတ်ရှိသော ကျေးလက်ပြည်သူများကို အချိုးအစား မမျှတစွာ ထိခိုက်စေသည်။

စစ်ကောင်စီတွင် လုံလောက်သော ဘဏ္ဍာရေး ရင်းမြစ် ရှိ၊ မရှိနှင့် ၁၉၉၀ ပြည့်နှစ်များက တွေ့ရသည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်ဖန်တီးရန် သယံဇာတကြွယ်ဝသည့် နယ်မြေ ရှိ၊ မရှိ ဆိုသည်ကို အများအပြားက မေးခွန်းထုတ်ကြသည်။

ဘဏ္ဍာရေး အခက်အခဲများနှင့် စီးပွားရေးဖိအား

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေးများ နေရာပြ မြေပုံ

၂၀၂၃ ခုနှစ် အစောပိုင်းတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွက် စစ်အသုံးစရိတ် ကျပ် ၅ ဒသမ ၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) အတည်ပြုသည်။ ထိုမျှ များပြားသည့် အသုံးစရိတ် ခွဲဝေထားသော်လည်း စစ်ကောင်စီသည် ဘဏ္ဍာရေး အခက်အခဲများကို ရင်ဆိုင်နေရပြီး မြန်မာ့ငွေကြေး အကျပ်အတည်းကို အမည်မဖော်ပြသည့် ဘဏ်များက ဖြစ်စေသည်ဟု ပြောကာ ပြည်တွင်းဘဏ်အချို့ သစ္စာမဲ့သည်ဟု စွပ်စွဲသည်။

ထို့အပြင် ပြည်ပ မိတ်ဘက်များထံမှ ယခင် အရေးယူပိတ်ဆို့ခံထားရသည့် ရန်ပုံငွေများ ရရှိရေးတွက် လက်ဝေခံ အဖွဲ့အစည်း ထူထောင်ရန် စစ်ကောင်စီ၏ အားထုတ်မှု မအောင်မမြင် ဖြစ်သည်။

မှတ်သားစရာကောင်းသည့် အချက်မှာ နွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SDB) ထူထောင်ခြင်းသည် NUG ၏ မြန်မာစစ်ကောင်စီ ဆန့်ကျင်ရေးကို ထောက်ပံ့ရန် ဒေါ်လာသန်း ၁၆၀ ခန့်အထိ များပြားသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

မကြာသေးမီ လများအတွင်း NUG သည် ဘဏ္ဍာရေး လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်လာသည်။ မှတ်သားစရာကောင်းသည့် အချက်မှာ နွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SDB) ထူထောင်ခြင်းသည် NUG ၏ မြန်မာစစ်ကောင်စီ ဆန့်ကျင်ရေးကို ထောက်ပံ့ရန် ဒေါ်လာသန်း ၁၆၀ ခန့်အထိ များပြားသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ထို့အပြင် NUG သည် နွေရာသီအစောပိုင်းက ရန်ပုံငွေရှာဖွေရေး အစီအစဉ် အမျိုးမျိုးဖြင့် ဒေါ်လာ သန်း ၁၅၀ ခန့် ရှာဖွေထားကြောင်းလည်း Myanmar Now သတင်းဌာနက ဖော်ပြသည်။

အတိုက်အခံအင်အားစုများနှင့် စစ်ကောင်စီအကြား ဘဏ္ဍာရေးအခြေအနေသည် သိသိသာသာ ကွဲပြားခြားနားပြီး အဓိကအားဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီက ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ ထိုလုပ်ငန်းသည် ထိုင်းသို့ ဓာတ်ငွေ့ရောင်းချရာမှ နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံရသည်။

သို့သော် ထိုဘဏ္ဍာရေး အားသာချက်သည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ချမှတ်သည့် အနောက်တိုင်း အရေးယူမှုများ၏ ဖိအားများလာခြင်းကြောင့် ထိခိုက်နေသည်။ စစ်ကောင်စီသည် ဘဏ္ဍာရေး အကျပ်အတည်းများ ရင်ဆိုင်ရသောအခါ စစ်မြေပြင်မှ ပြောင်းလဲနေသည့် အခြေအနေက ၎င်းတို့၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် အဓိကအချက် ဖြစ်နေသည်။

အသာစီးရမှု ခြိမ်းခြောက်ခံနေရ

ဒရုန်းဖြင့် ဗုံးချနိုင်မှုက စစ်အာဏာသိမ်းဆန့်ကျင်ရေးတပ်ဖွဲ့များ၏ အားသာချက်ဖြစ်သည်

နိဂုံးချုပ်အားဖြင့် ဆိုရပါက လူအင်အား၊ လက်နက်အင်အားအရ စစ်တပ်၏ သမိုင်းဝင် အသာစီးရမှုသည် ပြောင်းလဲနေသော လုံခြုံရေး အစီအစဉ်နှင့် ခုခံတော်လှန်ရေးအင်အားစုက ရရှိလာသည့် တိုးတက်မှုများကြောင့် စိန်ခေါ်ခံနေရသည်။ ဗမာလွှမ်းမိုးသည့် ဒေသများတွင် ဖြတ်လေးဖြတ် စနစ်၊ မြေလှန်မီးရှို့စနစ်၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းနှင့် အငြင်းပွားဖွယ် ဖမ်းဆီးခြင်းကဲ့သို့ ကြမ်းတမ်းသော နည်းလမ်းများကို စစ်ကောင်စီတပ်က အသုံးပြုနေသော်လည်း စစ်တပ်သည် နိုင်ငံ၏ အချက်အခြာဒေသများကို မသိမ်းပိုက်နိုင်တော့ပေ။

EROs များနှင့် အသစ်တဖန် ငြိမ်းချမ်းရေးရရန်၊ တိုင်းရင်းသားဒေသများတွင် စခန်းများ ဆက်လက် ထိန်းသိမ်းထားရန်နှင့် စီးပွားရေးဖိအားကို ကိုင်တွယ်ရန် အားထုတ်မှုများက ဖော်ပြနေသည့်အတိုင်း စစ်ကောင်စီတပ်၏ အတင်းအကျပ် လုပ်နိုင်သည့်စွမ်းရည် လျော့ကျလာသည်ကို အငြင်းပွားဖွယ် မရှိပေ။

ဗမာလွှမ်းမိုးသော ဒေသများမှ လုံခြုံရေး အခြေအနေနှင့် EROs များ နယ်မြေတိုးချဲ့လာသည့် အခြေအနေတွင် အာဏာချိန်ခွင်လျှာသည် စစ်ကောင်စီတပ်နှင့် ဝေးရာဘက်သို့ ရွှေ့ပြောင်းသွားသည်။

ထိုသို့ ဖြစ်ပေါ်တိုးတက်နေသော လုံခြုံရေးအခြေအနေတွင်၊ အထူးသဖြင့် ဗမာလွှမ်းမိုးသော ဒေသများမှ လုံခြုံရေး အခြေအနေနှင့် EROs များ နယ်မြေတိုးချဲ့လာသည့် အခြေအနေတွင် အာဏာချိန်ခွင်လျှာသည် စစ်ကောင်စီတပ်နှင့် ဝေးရာဘက်သို့ ရွှေ့ပြောင်းသွားသည်။

မည်သို့ဆိုစေ အခြား အချက်အလက်များသည်လည်း ရလဒ်ကို ဆုံးဖြတ်ရာတွင် အရေးပါသည့်အခန်းမှ ပါဝင်သည်။ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအကြား NUG နှင့် EROs များ ဦးဆောင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးမဟာမိတ်များ တည်ဆောက်ခြင်း၊ FDC နှင့် NUCC ကဲ့သို့သော အဖွဲ့များ၏ တိုးတက်မှုသည် အဆုံးအဖြတ်ကျသော အောင်ပွဲသို့ သွားရာလမ်းအပေါ် သြဇာသက်ရောက်မည် ဖြစ်သည်။

ကြီးမားသော အတိုင်းအတာရှိသည့် စစ်ပွဲများ သို့မဟုတ် နေပြည်တော်ကို သိမ်းပိုက်ခြင်းသည် ယခင်က မဖြစ်နိုင်သော်လည်း စစ်ကောင်စီ၏ ကျဆင်းနေသော စစ်ရေးစွမ်းရည်တို့ကြောင့် ထိပ်တိုက် တိုက်ပွဲများဖြစ်နိုင်ခြေ မြင့်မားနေသည်။ မြန်မာ စစ်ဗိုလ်ချုပ်များ နိုင်ငံရေးအရနှင့် စစ်ရေးအရ အထီးကျန်နေကြောင်း ၎င်းတို့ကိုယ်တိုင် တွေ့လာရပြီး ဆက်လက် ရပ်တည်ရေးအတွက် ဘဏ္ဍာရေး ရင်းမြစ်များနှင့် မသေချာသော ရွေးကောက်ပွဲများမှတဆင့် တရားဝင်မှုရရန် မျှော်လင့်ချက် ကင်းမဲ့စွာ ကြိုးစားနေသည်။

အနောက်နိုင်ငံများ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၊ တရုတ်နှင့် အိန္ဒိယ တို့ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများက ယခင် ယူဆချက်များအတိုင်း မြန်မာစစ်တပ်သည် နိုင်ငံကို တစုတစည်းတည်း ဖြစ်စေသည့် မကျဆုံးနိုင်လောက်အောင် အင်အားကြီးမားသည့် အင်စတီကျူးရှင်းဖြစ်သည်ဟူသော အယူအဆသည် ဆက်လက် မှန်ကန်ခြင်း မရှိတော့ပေ။ ဤရေစီးသည် ပြောင်းလဲနေပြီး စစ်တပ်၏ အာဏာချုပ်ကိုင်မှုသည် တချိန်က ထင်ခဲ့သလောက် ခိုင်မာခြင်း မရှိတော့ပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဇော်တူးဆိုင်း၏ Is Myanmar’s Military No Longer a ‘Too-Big-to-Fail’ Institution? ကို ဘာသာပြန်သည်။ )

You may also like these stories:

ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

Your Thoughts …
Tags: EROsLDFsNCANUCCNUGSliderUSDPငွေကြေးဖောင်းပွမှုစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်အဖွဲ့တိုင်းရင်းသား ခုခံတော်လှန်ရေး အင်အားစုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနေရပ်စွန့်ခွာမှုနွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဖြတ်လေးဖြတ် စနစ်ဖွဲ့စည်းပုံအခြေခံဥပဒေမြေလှန်မီးရှို့မှုရွေးကောက်ပွဲလက်နက်ကြီးပစ်ကူလူသားချင်းစာနာမှု အကူအညီလေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးစာချုပ်အမျိုးသားညီညွတ်ရေးအစိုးရအရေးယူပိတ်ဆို့မှုအာဆီယံ
ဇော်တူးဆိုင်း

ဇော်တူးဆိုင်း

ဇော်တူးဆိုင်းသည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူနှင့် မြန်မာ့မူဝါဒရေးရာ အင်စတီကျု (MPI) ကို တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate