• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

by ရဲမျိုးဟိန်း
12 December 2023
in သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

၂၀၂၂ ခုနှစ်က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနား / Cincds

26.8k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံးတွင် ခုခံတော်လှန်ရေး အင်အားစုများ၏ ညှိနှိုင်းသေနင်္ဂဗျူဟာ ပျံ့နှံ့နေပြီး ဆောင်းပါး ပထမပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ၁၀၂၇ စစ်ဆင်ရေး မတိုင်မီ ပူးတွဲ ညှိနှိုင်းဆောင်ရွက်မှုအဆင့်သည် နိုင်ငံလုံးဆိုင်ရာ သေနင်္ဂဗျူဟာ၏ ကျယ်ပြန့်သော သဘောသဘာဝအရနှင့် စစ်မျက်နှာ အသီးသီးတွင် ဖြန့်ကြက်ထားသည့် အတိုက်အခံ လက်နက်ကိုင် အင်အားစု စုံလင်မှုအရပါ သိသာမြင်သာ ဖြစ်လာသည်။

စစ်ကောင်စီတပ်နှင့် စစ်တပ်ထိန်းချုပ်မှု ကင်းမဲ့သည့် ဒီမိုကရက်တစ် ဖက်ဒရယ်အစိုးရသစ်အတွက် တိုက်ပွဲဝင်နေသူများအကြား နှစ်နှစ်ခွဲကြာ ထိပ်တိုက်တွေ့ပြီးနောက် ယခင်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု၏ တဖက်ဖက်တွင် ရှိသည်ဟု ဗြောင်ကျကျ မကြေညာထားသည့် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးပါဝင်လာပြီး ပဋိပက္ခ တခုလုံး၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ရုတ်တရက် ပြောင်းလဲသွားပုံရသည်။

RelatedPosts

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.5k
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
482
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
967

ယခုအခါ စစ်ကောင်စီသည် ၎င်းတို့တပ်များ အင်အား၊ စွမ်းရည်နှင့် စိတ်ဓာတ် အကြီးအကျယ် ထိခိုက်သွားပြီး ပိုမိုကြောက်စရာကောင်းသော ရန်သူကို ရင်ဆိုင်နေရသည်။ အတိုက်အခံ အင်အားစုများသည် မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာ တနိုင်ငံလုံးတွင် စစ်တပ်အပေါ် အောင်ပွဲများ ခိုင်မာအောင် လုပ်နိုင်ခဲ့ကြသည်။ နေပြည်တော်မှ ဗိုလ်ချုပ်များသည် ၎င်းတို့ ရင်ဆိုင်နေရသည် ကြောက်စရာကောင်းသော ခြိမ်းခြောက်မှုကို ထိထိရောက်ရောက် ခုခံကာကွယ်ရေးအတွက် နည်းလမ်းများကို စမ်းတဝါးဝါး ရှာဖွေနေကြောင်း ထင်ရှားသည်။

ပထမလှိုင်း၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်မှာ ပဋိပက္ခ၏ အဓိကနေရာ အများအပြားသို့ စစ်ကောင်စီတပ် ပြန့်ကျဲသွားစေရန် တပြိုင်နက် ညှိနှိုင်းတိုက်ခိုက်ပြီး စစ်ကောင်စီ၏ ရင်းမြစ်များနှင့် အင်အားကို တဖြည်းဖြည်း ကုန်ခန်းစေသည်။

ခုခံတော်လှန်ရေး လှုပ်ရှားမှုဘက်မှ အဓိကကျသည့် ပါဝင်ပတ်သက်သူများ အနေဖြင့်လည်း နိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီ အနာဂတ်အကြောင်း နိုင်ငံရေးဆွေးနွေးမှုများတွင် ယခင်က မပါဝင်သည့် အင်အားကြီးမားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများအပြားနှင့် ညှိနှိုင်းဆောင်ရွက်မှုကြောင့် စစ်မြေပြင်တွင် ရလာသည့် ကျွမ်းကျင်မှုသစ်၏ ပကတိအခြေအနေကို ချိန်ညှိရန်လိုအပ်သည်။

စစ်မြေပြင်မှဖြစ်ရပ်များသည် အလျင်အမြန်ဖြစ်ပေါ်နေပြီး အင်အားချိနဲ့လာသော စစ်တပ်အတွက် အကြီးအကျယ် ထိခိုက်သေဆုံးစေကာ စစ်တပ်ထိန်းချုပ်မှုကင်းလွတ်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်သူလူထု၏ မျှော်မှန်းချက်များနှင့် ကိုက်ညီသော ပဋိပက္ခအလွန်ကာလ ဖြေရှင်းမှုအတွက် ညှိနှိုင်းသည့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု ပိုမိုအရေးတကြီး လိုအပ်လာသည်။

စစ်မြေပြင်တွင် ရရှိထားသည့် ညှိနှိုင်းဆောင်ရွက်မှုနှင့် တိုင်းရင်းသားအချင်းချင်း ညီညွတ်မှုကို အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် အနာဂတ် နိုင်ငံရေး ရည်မှန်းချက်များနှင့် ချိန်ညှိမှု ထိထိရောက်ရောက် ပြုလုပ်ရမည်ဖြစ်သည်။

တလှိုင်းပြီး တလှိုင်းလာသော သေနင်္ဂဗျူဟာ

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်သည့် စစ်ဆင်ရေးများသည် တလှိုင်းပြီး တလှိုင်းလာမည်ဆိုသည့် သတင်းစကားကိုပေးပို့သည့် ဗီဒီယိုတခုကို ခုခံတော်လှန်ရေး အင်အားစုများ ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးသည် နိဂုံးမဟုတ်သေးဘဲ ပထမလှိုင်း၏ ကနဦးအဆင့်သာဖြစ်ကြောင်း သတင်းစကားကိုလည်း ပေးပို့သည်။ အချိန်အခါအလိုက် ထိုသေနင်္ဂဗျူဟာ လှိုင်းများ အကောင်အထည်ဖော်သည့် အတွေးအခေါ်က လက်ရှိဖြစ်ပွားနေသည့် ညှိနှိုင်းထိုးစစ်များသည် စစ်တပ်ချက်ချင်း ပြိုလဲခြင်း၊ မြို့အများအပြားကို တခဲနက်သိမ်းခြင်း စသည့် လက်တွေ့မကျသည့် ရည်မှန်းချက်များ ချမှတ်ထားခြင်း မရှိကြောင်း ဖော်ပြနေသည်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်

ပထမလှိုင်း၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်မှာ ပဋိပက္ခ၏ အဓိကနေရာ အများအပြားသို့ စစ်ကောင်စီတပ် ပြန့်ကျဲသွားစေရန် တပြိုင်နက် ညှိနှိုင်းတိုက်ခိုက်ပြီး စစ်ကောင်စီ၏ ရင်းမြစ်များနှင့် အင်အားကို တဖြည်းဖြည်း ကုန်ခန်းစေသည်။ တချိန်တည်းတွင် ခုခံတော်လှန်ရေး အင်အားစုများသည် သေနင်္ဂဗျူဟာကျသော ဒေသများသို့ ထိုးဖောက်ကာ အဓိကကျသည့် မြို့များလမ်းကြောင်းကို ထိန်းချုပ်ပြီး ထောက်ပံ့ရေး လမ်းကြောင်းများနှင့် အခြေခံဒေသများ တောင့်တင်းကြံ့ခိုင်အောင် ပြုလုပ်ရေးဖြစ်သည်။

သို့သော် ၁၀၂၇ စစ်ဆင်ရေး၏ လျင်မြန်သော အောင်မြင်မှုနှင့် စစ်တပ်၏ စခန်းအများအပြားနှင့် မြို့အများအပြား ဆုံးရှုံးစေခြင်းသည် ခုခံတော်လှန်ရေး အင်အားစုအတွင်းမှ စစ်ပွဲစီစဉ်သူများကို အံ့သြသွားစေကြောင်း ထင်ရှားသည်။ ယခုအခါ ၎င်းတို့သည် ပထမလှိုင်းကို တဖြည်းဖြည်း ရှေ့တက်လုပ်ဆောင်နေပြီး သေနင်္ဂဗျူဟာကျသည့် နောက်ထပ် စစ်စခန်းများကို သိမ်းပိုက်ကာ ခိုင်မာသော ခုခံကာကွယ်မှုကို ပြင်ဆင်ရင်း အောင်မြင်မှုများကို ခိုင်မာအောင် လုပ်နေသည်။

၎င်းတို့၏ အောင်မြင်မှုများကို အကဲဖြတ်သောအခါ ခုခံတော်လှန်ရေး အင်အားစုများသည် သေနင်္ဂဗျူဟာအရ ဒုတိယလှိုင်း စတင်ရန် ပြင်ဆင်လာကြသည်။ ထို့နောက်တဆင့်တွင် မြို့ပြဒေသများသို့ စစ်ဆင်ရေးများ ချဲ့ထွင်ခြင်းနှင့် မြန်မာအလယ်ပိုင်းမှ အရေးပါသော နေရာများနှင့် အဓိကကျသည့် တိုင်းရင်းသား အမာခံဒေသများကို သိမ်းပိုက်ခြင်းကို မြင်ရနိုင်သည်။

လွန်ခဲ့သော နှစ်နှစ်ခွဲအတွင်း ခုခံတော်လှန်ရေး အင်အားစုများ၏ အောင်မြင်မှုများဖြစ်သည့် အတက်အကျ အခြေအနေများနှင့် မတူပေ။ ပထမလှိုင်း၏ အောင်မြင်မှုသည် မြန်မာစစ်တပ်အင်အား ချိနဲ့လာခြင်းကို အပြင်းအထန် စိန်ခေါ်သည့် ခုခံတော်လှန်ရေးအင်အားစုများ ပြတ်ပြတ်သားသား ဆက်လက် ချီတက်ခြင်းနှင့် အင်အားကြီးမားလာခြင်းကို ပြသနေသည်။

စစ်တပ်အင်အား လျော့ကျလာခြင်း

၁၀၂၇ စစ်ဆင်ရေး၏ မမျှော်လင့်သော အောင်မြင်မှုသည် လွန်ခဲ့သော နှစ်နှစ်အတွင်းက မပြီးဆုံးနိုင်သည့် စစ်မျက်နှာများစွာ ပါဝင်သော ပဋိပက္ခအတွင်း စစ်တပ်တွင် လူအင်အား အပြင်းအထန် ကျဆင်းလာခြင်းကြောင့် အဓိကအားဖြင့်ဖြစ်သည်။

မြင့်မားသော တပ်ပြေးနှုန်း၊ ဘက်ပြောင်းနှုန်းနှင့် ထိခိုက်သေဆုံးမှုနှုန်း နှင့် မြေပြင်တပ်များအကြား စိတ်ဓာတ် သိသိသာသာ ကျဆင်းခြင်းတို့သည် တချိန်က အင်အားကြီးမားလှသော မြန်မာစစ်တပ်ကို အကြီးအကျယ် အထိနာစေသည်။

ခုခံတော်လှန်ရေး အင်အားစုများက စစ်မျက်နှာ အများအပြားတွင် ညှိနှိုင်းပြီး တပြိုင်နက် တိုက်ခိုက်သောအခါ လွန်စွာပြန့်ကျဲနေသော စစ်တပ်သည် အခြေအနေကို လုံလောက်စွာ မကိုင်တွယ်နိုင်တော့ဘဲ စိတ်ဓာတ် ပျက်ယွင်းနေသည့် စစ်သားများသည် ခုခံတော်လှန်ရေး အင်အားစုများထံ ကြိုတင်လက်နက်ချ သို့မဟုတ် ဘက်ပြောင်းလာသည်။

ခုခံတော်လှန်ရေး၏ တိုက်ခိုက်မှုကြောင့် အဆင့်မြင့် တိုက်ခိုက်ရေး အရာရှိများနှင့် ဂျက်တိုက်လေယာဉ်တစီးကို မကြာသေးမီက ဆုံးရှုံးခြင်းသည် စစ်တပ်ကို စိတ်ပိုင်းအရ အကြီးအကျယ် ကျဆင်းစေသည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်တိုက်ခိုက်မှုဖြင့် တုံ့ပြန်ခြင်းသည် ခုခံတော်လှန်ရေးအင်အားစုက တပြိုင်နက် တိုက်ခိုက်သောအခါ ထိရောက်မှု အနည်းဆုံးသာ ရှိတော့သည်။

စစ်ခေါင်းဆောင်များသည် ကရင်၊ ကချင်၊ ကရင်နီ (ကယား) နှင့် ချင်းပြည်နယ်များနှင့် အခြားဒေသများမှ ဆုံးရှုံးသွားသော စခန်းများကို ပြန်လည် သိမ်းပိုက်သည်ဟု အနှစ်သာရကင်းမဲ့စွာ ပြောဆိုသော်လည်း သတင်းမှားများ ဖြစ်ကြောင်း ပေါ်ပေါက်ကာ နောက်ထပ်စခန်းများကို ထပ်မံဆုံးရှုံးရပြန်သည်။

စစ်ခေါင်းဆောင်များသည် ကရင်၊ ကချင်၊ ကရင်နီ (ကယား) နှင့် ချင်းပြည်နယ်များနှင့် အခြားဒေသများမှ ဆုံးရှုံးသွားသော စခန်းများကို ပြန်လည် သိမ်းပိုက်သည်ဟု အနှစ်သာရကင်းမဲ့စွာ ပြောဆိုသော်လည်း သတင်းမှားများ ဖြစ်ကြောင်း ပေါ်ပေါက်ကာ နောက်ထပ်စခန်းများကို ထပ်မံဆုံးရှုံးရပြန်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၁၃ ရက်အကြာ နိုဝင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီ ခေါင်းဆောင်ပိုင်းသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ရှားပါးလှသော အစည်းအဝေးကို ခေါ်ယူပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဆုံးရှုံးသွားသည့် မြို့များနှင့် စစ်တပ်စခန်းများကို ပြန်လည်သိမ်းယူရန် တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြေညာသည်။

သို့သော် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တလကြာသော်လည်း စစ်တပ်၏ တန်ပြန်ထိုးစစ်သည် ထိရောက်ပုံ မရပေ။ ရခိုင်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတွင် မကြာသေးမီက တိုက်ပွဲများ ပြင်းထန်လာခြင်းနှင့်အတူ စစ်ရေးစီမံသူများသည် အခြား နေရာများမှ စစ်ဆင်ရေးဆင်းနေသူများကို တပ်ကူပို့ရန် တပ်များကို ပြန်လည်ခေါ်ယူ ဖြန့်ကြက်ခြင်း မလုပ်ရဲတော့ပေ။

တန်ပြန်ထိုးစစ်များအတွက် စစ်တပ်သည် အခြားစစ်မျက်နှာများရှိ တပ်ရင်းများမှ တပ်အချို့ကို ထုတ်နုတ်ပြီး အကန့်အသတ်ဖြင့် စစ်ကူများ ပေးပို့သော်လည်း လေကြောင်းမှ တပ်ကူပေးပို့ခြင်းသည် လွန်စွာခက်ခဲနေပြီး မြေပြင်မှ တပ်ကူပေးပို့ခြင်းသည်လည်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခံရမည့် ရှည်လျားသော ထောက်ပံ့ရေးလမ်းကြောင်းနှင့် တော်လှန်ရေး အင်အားစုများက ပိတ်ဆို့ဖျက်ဆီးထားသည့် တံတားများကြောင့် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရသည်။

ဥပမာအားဖြင့်ဆိုရပါက စစ်တပ်သည် မန္တလေး-လားရှိုး အဝေးပြေးလမ်း ဂိတ်ပေါက်ဖြစ်သော နောင်ချိုနှင့် ကျောက်မဲမှ ခုခံတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန် တပ်ရင်း အလွန်များပြားစွာ အသုံးပြုသည်။

ထိုမြို့များသည် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တပ်များကို ပြန်လည် ထောက်ပံ့ရန်အတွက် လိုအပ်သည့် လမ်းကြောင်းများဖြစ်သည်။ ရက် ၂၀ ခန့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ခုခံတော်လှန်ရေး အင်အားစုများသည် အနီးရှိ အခြားနေရာတခုသို့ ဆုတ်ခွာသော်လည်း စစ်ကောင်စီတပ်များသည် သီပေါတွင် ကြီးမားသည့် နောက်ထပ် အခက်အခဲကို ရင်ဆိုင်ရပြီး ၎င်းတို့၏ နောက်ဘက်တွင်လည်း ဆုတ်ခွာထားသည့် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခံနိုင်ရခြေ များနေသည်။

တလကျော် ကြာသည့်တိုင် စစ်တပ်၏ တန်ပြန်ထိုးစစ်သည် လွန်စွာနှေးကွေးနေပြီး တပ်ကူ အများအပြားသည် ထိုလမ်းကြောင်း တလျှောက်တွင် ပိတ်မိနေသည်။

လက်ရှိ တန်ပြန်ထိုးစစ်တွင် စစ်တပ်သည် တော်လှန်ရေး အင်အားစုက သိမ်းပိုက်ထားသည့် မြို့များကို လေကြောင်းနှင့် အမြောက်တိုက်ခိုက်မှုများ အသုံးပြုရန် အရပ်သားများကို ပစ်မှတ်ထားပြီး ထိုဒေသများတွင် မနေရဲအောင် လုပ်နိုင်သည်။

စစ်ကောင်စီအနေဖြင့် အလွန်ဆုံး လုပ်နိုင်ပါက ကြီးမားသောလေကြောင်းနှင့် အမြောက်တိုက်ခိုက်မှုများဖြင့် ၎င်းတို့ဖျက်ဆီးထားသည့် နေရာများတွင် စစ်စခန်းလုပ်ပြီး ထိန်းချုပ်ထားသယောင်ယောင်သာ လုပ်နိုင်တော့သည်။

သို့သော် ထိုသို့သော စစ်နည်းဗျူဟာသည် မြေပြင်အင်အား လုံလုံလောက်လောက် မရှိပါက စစ်ရေးအရ တန်ဖိုး မရှိသလောက်ပင်ဖြစ်ကြောင်း လွန်ခဲ့သော နှစ်နှစ်ခွဲကာလအတွင်း သက်သေပြပြီးဖြစ်သည်။ ထို့အပြင် ထိုနည်းဗျူဟာများသည် တော်လှန်ရေး အင်အားစုကို အားပေးရာရောက်ပြီး ၎င်းတို့၏ ယုံကြည်မှုကို တိုးတက်စေကာ အင်အားပိုမိုရရှိရေးနှင့် အမာခံဒေသများ ပိုမိုရယူခြင်းကိုပင် အကျိုးပြုသေးသည်။

စစ်တပ်၏ တန်ပြန်ထိုးစစ် ထိရောက်မှုသည် တော်လှန်ရေးအင်အားစုများ နောက်ဆက်တွဲ အဆင့်များကို စီစဉ်ရာတွင် တိုက်ရိုက် သက်ရောက်မှု ရှိမည်ဖြစ်သည်။ စစ်တပ်၏ တုံ့ပြန်မှုသည် အားနည်းပြီး မထိရောက်ပါက စိတ်ကူးပင်ယဉ်၍ပင် မရသည့် အကျိုးဆက်များ ဖြစ်လာပြီး ခုခံတော်လှန်ရေး အင်အားစုများသည် ပိုမို အင်တိုက်အားတိုက် ရှေ့တက်လာကာ စုပေါင်း စစ်ဆင်ရေးများကို အရှိန်မြှင့်တင်မည် ဖြစ်သည်။

စစ်ရေးမျှခြေ တော်လှန်ရေးက အင်အားစုများဘက်သို့ အလေးသာ

၁၀၂၇ စစ်ဆင်ရေးသည် မြန်မာပဋိပက္ခစနစ်တွင် ဆက်စပ်ပြောင်းလွဲမှု သုံးခုကို ဖြစ်စေသည်။ နည်းဗျူဟာ ပြောင်းလဲခြင်း၊ ညှိနှိုင်းတိုင်ပင်မှုပုံစံနှင့် စစ်ရေးမျှခြေ အပြောင်းအလဲများ ဖြစ်သည်။

နည်းဗျူဟာ ပြောင်းလဲခြင်းသည် တော်လှန်ရေး အင်အားစုများအကြားတွင် ဖြစ်ပေါ်သည်။ ခုခံတော်လှန်ရေး အင်အားစုတွင် အင်အားကြီးမားသော အမြဲတမ်း စစ်တပ်ကို ၎င်းတို့၏ ရေရှည်စစ်များတွင် ပြောက်ကျား နည်းဗျူဟာကို အကြီးအကျယ် မှီခိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အဓိကအားဖြင့် ပါဝင်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ PDF မိတ်ဖက်များသည် ခြုံခိုတိုက်ခိုက်မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ၊ ပစ်ပြီးပြေးသည့် တိုက်ခိုက်မှုများ၊ ဖျက်ဆီးရေး လုပ်ငန်းများအပါအဝင် ပြောက်ကျားစနစ်များကိုသာ အမြဲအသုံးပြုကြသည်။ လက်နက်ခဲယမ်း ရရှိမှု အကန့်အသတ်ရှိသောကြောင့် တော်လှန်ရေး အင်အားစုများသည် အခိုင်အမာ တည်ဆောက်ထားသော စစ်တပ်စခန်းများ၊ မြို့များ၊ သေနင်္ဂဗျူဟာကျသည့် လမ်းကြောင်းများကို သိမ်းယူရန် ရုန်းကန်ကြရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားရာပြ မြေပုံ

၁၀၂၇ စစ်ဆင်ရေးတွင်မူ လက်နက်ခဲယမ်း အလုံအလောက် တပ်ဆင်ထားသည့် ညီနောင်မဟာမိတ်များသည် မြို့များ၊ စစ်တပ်စခန်းများကို သိမ်းပိုက်ပြီး ၎င်းတို့၏ အစဉ်အလာ ပြောက်ကျားနည်းမှ လမ်းခွဲလိုက်သည်။

အခြားဒေသများမှ တော်လှန်ရေး အင်အားစုများသည် ထိုသို့သော စွမ်းရည် မရှိသေးသော်လည်း ၁၀၂၇ စစ်ဆင်ရေး၏ အောင်မြင်မှုသည် စစ်ကောင်စီတပ်၏ ပိုမိုကြီးထွားလာသည့် အားနည်းချက်ကို ပြသကာ တော်လှန်ရေးအင်အားစုများ၏ စိတ်ဓာတ်ကို မြင့်မားစေသည်။

စစ်ကိုင်းတိုင်းမှ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးမြို့များနှင့် ချင်းပြည်နယ်မှ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီနှင့် ရေဇွာတို့ကို သိမ်းပိုက်ခြင်းသည် အဓိက ဥပမာများဖြစ်ပြီး နီးကပ်သော အနာဂတ်တွင် တော်လှန်ရေး လှုပ်ရှားမှုများသည် ကျေးလက်ဝေးကွာသော ဒေသများမှ မြို့ပြများသို့ ပြောင်းရွှေ့မည့် နိမိတ်ပြနေသည်။

ဒုတိယအပြောင်းအလဲကို အမျိုးမျိုးသော တော်လှန်ရေး အင်အားစုများအကြား ညှိနှိုင်းဆောင်ရွက်မှု ပုံစံသစ်တွင် တွေ့နိုင်ပြီး ထိုကိစ္စသည် အတိတ်မှ ပြတ်ပြတ်သားသား လမ်းခွဲလိုက်ခြင်း ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ညီနောင်မဟာမိတ်များ အပါအဝင် အဓိက တော်လှန်ရေး အင်အားစုများသည် တော်လှန်ရေး ညီညွတ်မှုကို နိုင်ငံတကာ လေ့လာသူများ တိုင်းတာသည့် နှေးကွေး အချိန်ကုန် ကျယ်ပြန့်သည့် နိုင်ငံရေး ညှိနှိုင်းမှုထက် စစ်မြေပြင် ညှိနှိုင်းဆောင်ရွက်မှုမှ သိသာမြင်သာသော အောင်မြင်မှုရရှိရေးကို ဦးစားပေးလာသည်။

မြန်မာစစ်တပ်သည် ၎င်းတို့၏ အမျိုးမျိုးသော ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အနှောင့်အယှက်ဖြစ်ကြောင်း တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ အသိအမှတ်ပြုလာသောကြောင့် ဘုံရန်သူကို တိုက်ခိုက်ရာတွင် တူညီသော အကျိုးစီးပွားရှိလာသည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တာဘုန်းကျော်က ၎င်းတို့ အဖွဲ့အားလုံး၏ ရည်မှန်းချက်သည် စစ်ရေးကို အရှိန်မြှင့်တင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးနှင့် နွေဦးတော်လှန်ရေး ပန်းတိုင်ကို ဆက်လက် အောင်မြင်အောင်လုပ်ရေး ဖြစ်ကြောင်း ပြောသည်။

အနာဂတ်နိုင်ငံတော်တခု၏ ပုံစံနှင့် ပတ်သက်သည် အသေးစိတ် ညှိနှိုင်းမှုများ အလုံးစုံသည် အနာဂတ်တွင်သာ ရှိနေသေးသော်လည်း စစ်မြေပြင်တွင် ညှိနှိုင်းဆောင်ရွက်မှု ယခု အောင်ပွဲများသည် နောက်ဆုံးတွင် နိုင်ငံရေး သဘောတူညီမှုရရေးအတွက် မရှိမဖြစ်လိုမည်ဖြစ်သည့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန် အသုံးဝင်သည်။

ပဋိပက္ခ၏ လက်ရှိအခြေအနေသည် လွန်စွာပြောင်းလဲနိုင်သေးပြီး တော်လှန်ရေးညှိနှိုင်းမှု သေနင်္ဂဗျူဟာသည် ကနဦးအဆင့်တွင်သာ ရှိသေးသောကြောင့် ရလဒ်ကို ခန့်မှန်းရန် မဖြစ်နိုင်သေးပေ။ လက်နက်ကိုင်တော်လှန်ရေး စတင်သည့် အချိန်ကပင် စစ်တပ်သည် လူအင်အား၊ စိတ်ဓာတ်နှင့် လူထုထောက်ခံမှု ကျဆင်းနေသော်လည်း ၎င်း၏ အသာစီးရသည့် လေကြောင်းနှင့် လက်နက်ကြီး အင်အားသည် ဖြိုခွင်းမရနိုင် ဆိုသည့် သဘောမျိုး သက်ရောက်နေသည်။

စစ်တပ်သည် နောက်ထပ်စခန်းများ၊ လူအင်အားနှင့် အထောက်အပံ့များ မဆုံးရှုံးစေရန် ခံစစ်အနေအထားသို့ ရောက်နေရသည်။

တော်လှန်ရေး အင်အားစုများသည် အခြေခံအားဖြင့် ခံစစ်အနေအထားတွင် ရှိနေခဲ့ပြီး အဓိကအားဖြင့် ခံစစ်နည်းဗျူဟာများကိုသာ အားကိုးသည်။ စစ်မျက်နှာ အများအပြားတွင် ထိုးစစ်ပုံစံပြောင်းသွားသည့် ညှိနှိုင်းတော်လှန်သော အင်အားစုတခု ရုတ်တရက် ပေါ်ပေါက်လာခြင်းနှင့်အတူ တနိုင်ငံလုံးမှ ပဋိပက္ခ အမြန်နှုန်းအပေါ် ၂၀၁၇ စစ်ဆင်ရေးနှင့် ၎င်း၏ ထိုးနှက်ချက်များအရ စစ်ရေးမျှခြေသည် တော်လှန်ရေး အင်အားစုများဘက်သို့ အားသာသည့်သဘော သိသိသာသာ ပြောင်းသွားကြောင်း ပြသနေသည်။

စစ်တပ်သည် နောက်ထပ်စခန်းများ၊ လူအင်အားနှင့် အထောက်အပံ့များ မဆုံးရှုံးစေရန် ခံစစ်အနေအထားသို့ ရောက်နေရသည်။ တော်လှန်ရေး အင်အားစုများသည် မျက်နှာစာ အသီးသီးတွင် စစ်ရေးကို တိုးမြှင့်ရန် ညှိနှိုင်းသေနင်္ဂဗျူဟာကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါက စစ်ရေးမျှခြေကို ဆက်လက် ထိန်းထားနိုင်မည် ဖြစ်သည်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်း

လက်ရှိစစ်ရေး အလျင်အမြန် တိုးတက်မှုများက အဓိက ပါဝင်ပတ်သက်သူများအနေဖြင့် နိုင်ငံရေး လုပ်ငန်းစဉ် ရှာဖွေရန်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်ကို စစ်ရေးတိုးတက်မှုများနှင့် ချိန်ညှိရန် အရေးပေါ်လိုအပ်ကြောင်း မီးမောင်းထိုးပြနေသည်။

စစ်မြေပြင်များမှာ စစ်ရေးညှိနှိုင်းဆောင်ရွက်မှုများနှင့် အောင်ပွဲများသက်သက်သည် မြန်မာတွင် ငြိမ်းချမ်းသော ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ထူထောင်ရန် လုံလောက်မည် မဟုတ်ပေ။ ထို့အပြင် မြေပြင်တွင် စစ်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းသည် အဓိကတော်လှန်ရေး အင်အားစုများထံမှ ခိုင်မာသော နိုင်ငံရေး ကတိကဝတ် မရှိပါက မတည်ငြိမ်ဘဲ အန္တရာယ်များသည်။ စစ်မြေပြင်တွင် ဘုံဦးတည်ချက်နှင့် ယုံကြည်မှု တည်ဆောက်ရေး အသိကို အနာဂတ် နိုင်ငံတော်အတွက် စစ်မှန်သော နိုင်ငံရေး ညှိနှိုင်းမှုအထိ ဆက်လက် သယ်ဆောင်ရန် လိုအပ်သည်။

ထိုကိစ္စသည် တော်လှန်ရေး အင်အားစုအနေဖြင့် လက်ရှိစစ်ရေး ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်း မြှင့်တင်ရန် ပထမဦးဆုံး လိုအပ်မည်ဖြစ်သည်။ စစ်ရေးတိုးတက်မှုများနှင့်အတူ တော်လှန်ရေးအင်အားစုများသည် အချိန်ကျရောက်လာသောအခါ ညှိနှိုင်းမှု သေနင်္ဂဗျူဟာနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရန်၊ စီပွားရေးနှင့် ကျန်းမာရေးနှင့် ပညာရေးစနစ်များကို ပြန်လည်ထိန်းသိမ်းရန်နှင့် စိတ်ဝေဒနာခံစားရသည့် ပြည်သူများ တည်ငြိမ်ရေးအတွက် လိုအပ်သည့် လူမှုစီးပွးအထောက်အကူ အခြားပုံစံများပေးရန် ကြားဖြတ် အစီအမံများအတွက် စီမံအုပ်ချုပ်မှုကို ပြင်ဆင်ရန် လိုအပ်မည်ဖြစ်သည်။

ဘဝသည် ဒီမိုကရက်တစ် ဖက်ဒရယ်စနစ်ပန်းတိုင်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အတွက် သဘောတူညီချက်ရရန် ရှေ့ဆက်ရမည့် ခက်ခဲသောလုပ်ငန်းစဉ် ပြီးဆုံးသည်အထိ မစောင့်နိုင်ပေ။

မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများအရ နိုင်ငံတကာ အသိုက်အဝန်းသည် မြန်မာတွင် လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးမျှခြေ ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုသင့်သည်။ ဒေသခံ ပါဝင်ပတ်သက်သူများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ဒေသတွင်း တည်ဆောက်ထားသော လုပ်ငန်းစဉ်ကိုလည်း ၎င်းတို့အနေဖြင့် ယုံကြည်သင့်သည်။

ကျန်နယ်ပယ်များတွင် တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်သေးသော်လည်း ထိုလုပ်ငန်းစဉ်သည် ယခုအချိန်အထိ ဖြစ်နိုင်သည်ဟု ယူဆထားသည်ထက် ဘုံသဘောတူညီချက်နှင့် နိုင်ငံတွင်းမှ တိုင်းရင်းသား အများအပြားအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိနေပြီး ထိုလုပ်ငန်းစဉ်သည် နိုင်ငံ၏ လက်ရှိအကျပ်အတည်းမှ ထွက်ပေါက်ရရန် တခုတည်းသော ထွက်ပေါက်ဖြစ်သည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာ တည်ငြိမ် ငြိမ်းချမ်းရေးအတွက် တော်လှန်ရေးလှုပ်ရှားမှုအတွင်း လက်ရှိဖြစ်နေသည် လုပ်ငန်းစဉ်ကို ထောက်ခံရန်မှအပ အခြား ရွေးစရာ မရှိပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ရဲမျိုးဟိန်း၏ The Existential Threat Facing Myanmar’s Junta ကို ဘာသာပြန်သည်။ )

You may also like these stories:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

တော်လှန်ရေးအင်အားစုက စစ်ကောင်စီကို ဖြုတ်ချနိုင်မလား

သားရိုင်းကို သွေးအရသာ ပေးမသိစေရ

မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

တော်လှန်ရေး အင်အားစုကို နှိမ်နင်းရန် စစ်ကောင်စီ တပ်မလုံလောက်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးNUGPDFTNLAခုခံတော်လှန်ရေးအင်အားစုများစစ်ကောင်စီညီနောင်မဟာမိတ်အဖွဲ့ညှိနှိုင်းထိုးစစ်တပ်ပြေးမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနွေဦးတော်လှန်ရေးဘက်ပြောင်းမှုလေကြောင်းတိုက်ခိုက်မှုအမျိုးသားညီညွတ်ရေးအစိုးရအမြောက်တိုက်ခိုက်မှု
ရဲမျိုးဟိန်း

ရဲမျိုးဟိန်း

ရဲမျိုးဟိန်းသည် ဝါရှင်တန် ဒီစီအခြေစိုက် ဝီလ်ဆင်စင်တာမှ သုတေသီဖြစ်သည်။ ယခုဆောင်းပါးသည် ၎င်း၏အမြင်သာဖြစ်ပြီး စင်တာနှင့် အမေရိကန် အစိုးရကို ကိုယ်စားမပြုပါ။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate