• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
in သူ့အတွေး သူ့အမြင်
A A
ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ မြန်မာပြည်ဌာနေ ညှိနှိုင်းရေးမှုး ယူနီဆက်အရာရှိ မစ္စတာ Marcoluigi Corsi

5.1k
VIEWS
Share on FacebookShare on Twitter

“ကမ္ဘာ့ ကိုဗစ်နိုင်တင်း ကပ်ဘေးအတွင်း တိုင်းပြည်ကိုလုယူခဲ့တဲ့ ယုတ်ရင်းကြမ်းတမ်းလှသော အာဏာရှင်တွေဆီကနေ ဘယ်လို ကျန်းမာရေးစောင့်ရှောက်မှုမျိုးကို ပြည်သူတွေရလိမ့်မယ်လို့ ထင်ပါသလဲ။”

ဒီအရေးကြီးတဲ့ မေးခွန်းကိုဖြေသင့်တဲ့သူကတော့ ယူနီဆက် (UNICEF) ရဲ့ ဌာနေညှိနှိုင်းရေးမှုး Marcoluigi Corsi ပဲ ဖြစ်ပါတယ်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
194
ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
1.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
5k

ဒီမေးခွန်းကို ပြည်သူတွေဘက် ရပ်ဖို့ သတ္တိရှိရှိ ရွေးချယ်ခဲ့ပြီး လူသတ်စစ်တပ်ရဲ့ အစေခံတွေမလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့၊ နိုင်ငံသားတယောက်အနေနဲ့ အများကြီးစွန့်စားခဲ့ကြတဲ့ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေက မေးပါတယ်။

“ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၂၀၂၃” ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသွားတဲ့ စနစ်တကျ ပြင်ဆင်ထားတဲ့ ဝါဒဖြန့်ချိရေး အခမ်းအနားတခုပါ။ ဒါကိုလည်း စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး မီဒီယာတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။ ဒီအခမ်းအနားက စင်ပေါ်မှာ ကြီးမားတဲ့ ရုပ်သံလွှင့်နောက်ခံကားချပ်ကိုတင်ပြီး လူကောင်သေးသေး စစ်ခေါင်းဆောင်ကို ကြီးကျယ်သယောင် ပြုခဲ့ပါတယ်။

“ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၂၀၂၃” ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသွားတဲ့ စနစ်တကျ ပြင်ဆင်ထားတဲ့ ဝါဒဖြန့်ချိရေး အခမ်းအနားတခုပါ။

မိန့်ခွန်းအပြီးမှာတော့ မင်းအောင်လှိုင်ဟာ ပြပွဲအခမ်းအနား အားလုံးကို ကြည့်ရှုစစ်ဆေးပါတယ်။ အားလုံးပြခန်းပေါင်း ၁၀၀ လောက်ရှိပါတယ်။ အဲဒီထဲက ပြခန်းအတော်များများဟာ INGOs တွေရဲ့ ပြခန်းတွေပါ။ Alliance, Medical Action Myanmar, MSF-Switzerland, Union အစရှိသဖြင့် တွေ့ရပါတယ်။

JHPIEGO ဆိုရင် သူတို့ရဲ့ လုပ်ငန်းတွေကို တင်ပြဖို့အတွက် ဓာတ်ခွဲခန်းတခုပါ ထည့်ပြထားပါတယ်။ CHAI (Clinton Health Access Initiative) ဆိုရင် ဒီညီလာခံအတွက် ငွေကြေးနဲ့ လူအားတွေ စိုက်ထုတ်ပံ့ပိုးပေးထားပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများစွာက ကိုယ်စားလှယ်တွေ ဒီညီလာခံရဲ့ အစီအစဉ်တွေထဲမှာ တက်ရောက် စကားပြောကြပါတယ်။ အဲဒီထဲမှာ အိန္ဒိယက FHI 360 ရဲ့ ညွှန်ကြားရေးမှူး Dr. Bitra George နဲ့ Medecins du Monde ရဲ့ ဘေးအန္တရာယ်လျှော့ချရေး အကြံပေး Ms. Lydie Pak တို့ ပါဝင်ပါတယ်။

ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တွေ့ရစဉ် / ဧရာဝတီ

ဒီပွဲမှာ လုံခြုံရေးကို အလွန် တင်းကြပ်ထားပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်တွေ ခြံရံပြီး ရောက်လာခဲ့ပါတယ်။ တချို့သော တက်ရောက်သူတွေဟာ ပြည်သူတွေရဲ့ လူမှုပြစ်ဒဏ်ပေးခံရမှာကို မရှက်မကြောက်ဘဲ မနေပါဘူး။ တီဗီနဲ့ သတင်းစာတွေမှာပါတဲ့အခါ သူတို့မျက်နှာတွေ မပေါ်အောင် နှာခေါင်းစည်းတွေစွပ်ပြီး ကာထားကြပါတယ်။

ဒါပေမယ့် လုံခြုံရေးတွေက ရှေ့တန်းမှာ ထိုင်ဖို့နေရာချထားတဲ့သူတွေကို အဲဒီ နှာခေါင်းစည်းတွေကို ချွတ်ခိုင်းပါတယ်။ သူတို့ဟာ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချိရေးအစီအစဉ်တွေမှာ မျက်နှာဖော် ရုပ်လုံးပြပေးရတဲ့သူတွေအဖြစ် စေစားခံရပါတော့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝါဒဖြန့်ချိရေးကိစ္စတွေ လုံလုံလောက်လောက် လုပ်ပြီးသွားတဲ့အခါ နေ့လည် ၁ နာရီလောက်မှာ ပြန်သွားပါတယ်။

လုံခြုံရေးတွေက ရှေ့တန်းမှာ ထိုင်ဖို့နေရာချထားတဲ့သူတွေကို အဲဒီ နှာခေါင်းစည်းတွေကို ချွတ်ခိုင်းပါတယ်။ သူတို့ဟာ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချိရေးအစီအစဉ်တွေမှာ မျက်နှာဖော် ရုပ်လုံးပြပေးရတဲ့သူတွေအဖြစ် စေစားခံရပါတော့တယ်။

The FHI 360 ဆိုတာဟာ US မှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး Medecins du Monde ကတော့ ပြင်သစ်အဖွဲ့အစည်းတခုပါ။ Alliance ကတော့ UK အခြေစိုက် NGOပါ။ MAM ကိုတော့ ဒတ်ချ်တယောက်က ဦးဆောင်နေပြီးတော့ အနောက်နိုင်ငံ အလှူရှင်များစွာက ထောက်ပံ့ပေးထားပါတယ်။

MSF-CH ကတော့ ဆွစ်ဇာလန်ရဲ့ အဖွဲ့ပါ။ Union ကတော့ ပြင်သစ် NGO ပါ။ JHPIEGO ကတော့ Johns Hopkins နဲ့ ဆက်စပ်တဲ့ အမေရိကန် လုပ်ငန်းတခုပါ။ နောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရာရှိတဦးလည်း တက်ရောက်ပါတယ်။ သူတို့အားလုံးဟာ US, UK နဲ့ EU အစရှိတဲ့ နိုင်ငံတကာ အကူအညီငွေတွေနဲ့ လည်ပတ်နေကြတာပါ။

ဒီနှီးနှောဖလှယ်ပွဲကို စစ်တပ်ရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျင်းပတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ ကျန်းမာရေးဝန်ကြီး “ဦးသက်ခိုင်ဝင်း” ကလည်း VIP အနေနဲ့ စကားပြောသလို ဆွေးနွေးမှုတွေမှာလည်း ပါပါတယ်။ ဦးသက်ခိုင်ဝင်းဟာ သူ့လုပ်ပိုင်ခွင့်ကိုသုံးပြီး ဆရာဝန်ပေါင်း ရာချီပြီးတော့ နိုင်ငံရေးမှာ ပါဝင်တဲ့အတွက် ရာထူးကနေ ထုတ်ပစ်ခဲ့သူပါ။ ဆရာဝန်လိုင်စင် ရုပ်သိမ်းခဲ့သူပါ။

CDM လုပ်လို့ ပြည်သူ့ဆေးရုံတွေမှာ စစ်အာဏာရှင်အောက် အလုပ်လုပ်ဖို့ ငြင်းဆန်ကြတဲ့ ဆရာဝန်တွေကို ပုဂ္ဂလိကဆေးရုံတွေမှာ မခန့်ထားဖို့ ဖိအားပေးခဲ့သူပါ။ ဒါ့ကြောင့် ဥရောပသမဂ္ဂ (EU) က သူ့ကို ပြစ်ဒဏ်ခတ် ပိတ်ဆို့ထားပါတယ်။ ဦးသက်ခိုင်ဝင်းကို EU ရဲ့ ပြစ်ဒဏ်ချမှတ်မှုမှာ “မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် လုပ်ငန်းများတွင် ပါဝင်ခဲ့သူ” လို့ တည့်တိုး ရေးသားထားပါတယ်။

INGOs နဲ့ UN အေဂျင်စီတွေက ကိုယ်စားလှယ်တယောက်မှာ ဒီအာဏာရှင်စကားကို ဒီပွဲမှာ လာနားထောင်ဖို့ မလိုပါဘူး။ “ပြည်သူများသက်ရှည်ကျန်းမာစေရေး”၊ “မိခင်နဲ့ ကလေးစောင့်ရှောက်ရေး”၊ “ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များ ပြည့်မီအောင် တိုးတက်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး”၊ “အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းရေး”၊ “မွေးကင်းစနှင့် ကလေးများ ကာကွယ်နိုင်သောရောဂါများဖြင့် အသက်မဆုံးရှုံးစေရေး”၊ “မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး”၊ “ကာကွယ်ဆေးအတွက် အကောင်းဆုံး နည်းလမ်းများ” စတဲ့ စကားတွေကို ကိုယ့်ပြည်သူကိုယ်ပြန်သတ်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်၊ ကလေးတွေကို အတားအဆီးမရှိ သတ်နေတဲ့သူ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ဗုံးကျဲပြီး ပြည်တွင်း စစ်ဘေးရှောင် IDP သန်းပေါင်းများစွာဆီကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ မရောက်နိုင်အောင် လုပ်ထားတဲ့သူ၊ လူသားချင်းစာနာမှု အကူအညီတွေကို လက်နက်သဖွယ် သုံးနေတဲ့သူဆီက နားထောင်ဖို့ မလိုပါဘူး။

သူတို့ဟာ စစ်ခေါင်းဆောင်တွေရဲ့ ဝါဒဖြန့်ချိရေး စင်မြင့်မှာ ဇာတ်ရံတွေလုပ်ပေးစရာ မလိုပါဘူး။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွင်းက ကုလသမဂ္ဂအေဂျင်စီတွေနဲ့ INGOs တွေကို စစ်ခေါင်းဆောင်တွေပြင်ဆင်ထားတဲ့ အခမ်းအနားတွေကို မတက်ရောက်ဖို့ ညွှန်ကြားထားပြီးသားပါ။

သူတို့ဟာ စစ်ခေါင်းဆောင်တွေရဲ့ ဝါဒဖြန့်ချိရေး စင်မြင့်မှာ ဇာတ်ရံတွေလုပ်ပေးစရာ မလိုပါဘူး။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွင်းက ကုလသမဂ္ဂအေဂျင်စီတွေနဲ့ INGOs တွေကို စစ်ခေါင်းဆောင်တွေပြင်ဆင်ထားတဲ့ အခမ်းအနားတွေကို မတက်ရောက်ဖို့ ညွှန်ကြားထားပြီးသားပါ။ ဒါပေမယ့် ဒီဇင်ဘာလ ၄ ရက်နေ့က ယခု ကုလသမဂ္ဂ မြန်မာပြည်ဌာနေ ညှိနှိုင်းရေးမှုး ယူနီဆက်အရာရှိ Marcoluigi Corsi က ကုလသမဂ္ဂအေဂျင်စီ ဝန်ထမ်းတွေကို ကြိုက်သလို ဆုံးဖြတ်ပြီး တက်လိုက တက်နိုင်တယ်လို့ မီးစိမ်းပြခဲ့ပါတယ်။

အကျိုးဆက်ကတော့ ဘာဖြစ်လာမလဲတွေးကြည့်ဖို့ လွယ်ပါတယ်။ စစ်အုပ်စုရဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ သူတို့ရဲ့ ဘော့စ်ကို ကျေနပ်အောင် ပြသနိုင်ပါ့မလားဆိုတာကို အတော်ပဲ တုန်လှုပ်ကြပါတယ်။ အာဏာရှင်စနစ်မှာ အောက်က လူတွေရဲ့ ‌ကြောက်ရွံ့မှုဟာ အင်မတန် ကြောက်စရာကောင်းတဲ့ ကိစ္စပါ။

ခေါင်းဆောင်ကြီး တက်မယ်ဆိုလို့ သိထားရင် ဘယ်သူကမှ ပေါ့ပေါ့တန်တန် သဘောထားပြီးနေလို့ မရတော့ပါဘူး။ ဒါ့ကြောင့်လည်း စစ်အုပ်စုရဲ့ လက်အောက်ငယ်သားတွေဟာ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ INGOs တွေကို အလွန်အရေးကြီးတဲ့ နှီးနှောဖလှယ်ပွဲကိုတက်ဖို့ တယောက်ယောက်တော့ လွှတ်ကြရမယ်လို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီလိုမတက်ပေးရင် အခု အလုပ်လုပ်ရတာ ကျပ်တည်းနေတာကနေ ပိုပြီး ကျပ်တည်းလာဖို့ပဲရှိတယ်လို့ သဘောပေါက်စေပါတယ်။

ကုလသမဂ္ဂ မြန်မာပြည်ဌာနေ ညှိနှိုင်းရေးမှုး ယူနီဆက်အရာရှိ မစ္စတာ Marcoluigi Corsi ကလည်း တယ်လီဖုန်းခေါ်ဆိုမှု အချို့ကို လက်ခံရရှိမှာ သေချာလှပါတယ်။ သူက စဆက်သွယ်လို့ပဲဖြစ်ဖြစ် တဖက်က စဆက်သွယ်လာလို့ပဲဖြစ်ဖြစ် ဒေါ်ရင်ရင်နွယ်နဲ့ သူစကားပြောဖြစ်ကြပါလိမ့်မယ်။

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

မြန်မာကုလသမဂ္ဂ အသိုင်းအဝိုင်းမှာ လောလောဆယ် ခေတ်စားနေတဲ့ စကားတခွန်းရှိပါတယ်။ မြန်မာဝန်ထမ်းတယောက်ယောက်က Marcoluigi Corsi ကို ကိစ္စတခုခုနဲ့ ပတ်သက်လို့ မေးလိုက်တိုင်း “ကျနော်တို့ ဒီကိစ္စကို မေးမြန်းစုံစမ်းဖို့ လိုတယ်လို့ သူကပြန်ပြောလေ့ရှိတယ်။

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

ဒေါ်ရင်ရင်နွယ်ဟာ UNICEF မှာ ရာထူးကြီးနဲ့ ကာလအတော်ကြာ် အလုပ်လုပ်ခဲ့ပြီးတော့ မြန်မာစစ်တပ်အုပ်ချုပ်ရေး အဆက်ဆက်မှာ ရာထူးကြီးတချို့နဲ့ နေရာရထားတဲ့ သြဇာရှိတဲ့၊ လုပ်ပိုင်ခွင့်ရှိတဲ့ အမျိုးသမီးတယောက် ဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းအပြီးမှာ ဒေါ်ရင်ရင်နွယ်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အတိုင်ပင်ခံအဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ အဲဒီကတည်းက သူဟာ စစ်အာဏာရှင်အကျိုးအတွက် အားတက်သရော အလုပ်လုပ်ပေးနေတာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့ အတိုင်ပင်ခံ ဒေါ်ရင်ရင်နွယ်/VOA

မစ္စတာ Marcoluigi ဟာ အင်ဒိုနီးရှားမှာ ဒေါ်ရင်ရင်နွယ်နဲ့ အတူတူ အလုပ်လုပ်ခဲ့ဖူးသူပါ။ အဲဒီတုန်းက သူက ယူနီဆက်ရဲ့ ဒုတိယကိုယ်စားလှယ်ဖြစ်ပြီးတော့ ဒေါ်ရင်ရင်နွယ်က ဆူနာမီအလွန် ယူနီဆက်အကူအညီပေး‌ရေး လုပ်ငန်းတွေကို ကြီးကြပ်ရသူပါ။

နောက်ဆုံးမှာတော့ မစ္စတာ Marcoluigi Corsi ဟာ ဖိအားပေးတဲ့ဘက်ကို ပါသွားပါတော့တယ်။ ဒီဇင်ဘာ ၄ ရက်နေ့ ကွန်ဖရင့်မတိုင်ခင်မှာ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ INGOs တွေကို မီးစိမ်းပြလိုက်ပြီး ဖိအားကြောင့် တက်ချင်ရင်တက်နိုင်ကြောင်း၊ ဒီလိုတက်ရောက်တဲ့အတွက် ကုလသမဂ္ဂရဲ့ rules of engagement ဆက်ဆံ‌ရေးသမဂ္ဂ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာ မရောက်ကြောင်း ပြောကြားခဲ့ပါတယ်။

တကယ်တမ်းတော့ ဒါဟာ စည်းကမ်းကို မချိုးဖောက်ဘဲ မနေပါဘူး။ နောက်တနေ့ကျတော့ အားလုံးဟာ မင်းအောင်လှိုင်ရဲ့ ဝါဒဖြန့်ချိရေးစင်မြင့်မှာ ဇာတ်ရံတွေအဖြစ်ပါဝင် အသုံးတော်ခံကြရပါတယ်။

သူ့တာဝန်က ကုလသမဂ္ဂရဲ့ ကျင့်ဝတ်ကို ထိန်းပေးဖို့နဲ့ နိုင်ငံတကာ အကူအညီတွေရဲ့ ဘက်မလိုက်မှုကို စောင့်ထိန်းနိုင်ဖို့ပါ။ လူသတ် စစ်အုပ်စုရဲ့ လုပ်ဇာတ် ပြည်သူ့ကျန်းမာရေးနှီးနှောဖလှယ်ပွဲကို တက်ပြီး စစ်အာဏာပိုင်တွေ ကစားလို့ရတဲ့ လက်သုံးတော်ခံ ဖြစ်ဖို့မဟုတ်ပါဘူး။

ရန်ကုန်က နိုင်ငံတကာအကူအညီပေးရေး အသိုင်းအဝိုင်းလောက် ဟန်ဆောင်မျက်နှာဖုံးတွေ မစွပ်ထားကြတဲ့ ဝန်းကျင်ဆိုရင်တော့ ဒီလောက် ဆုံးဖြတ်ချက်အမှားမျိုး လုပ်မိပြီဆိုရင် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ Marcoluigi Corsi ဟာ ထွက်ပေးရမှာပါ။ ဒါမှမဟုတ် အထုတ်ခံရမှာပါ။

သူ့တာဝန်က ကုလသမဂ္ဂရဲ့ ကျင့်ဝတ်ကို ထိန်းပေးဖို့နဲ့ နိုင်ငံတကာ အကူအညီတွေရဲ့ ဘက်မလိုက်မှုကို စောင့်ထိန်းနိုင်ဖို့ပါ။ လူသတ် စစ်အုပ်စုရဲ့ လုပ်ဇာတ် ပြည်သူ့ကျန်းမာရေးနှီးနှောဖလှယ်ပွဲကို တက်ပြီး စစ်အာဏာပိုင်တွေ ကစားလို့ရတဲ့ လက်သုံးတော်ခံ ဖြစ်ဖို့မဟုတ်ပါဘူး။ အဲဒီ နှီးနှောဖလှယ်ပွဲကို တက်ရောက်ပြီး စကားပြောခဲ့ကြ၊ ပြခန်းတွေဖွင့်ခဲ့ကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ စစ်အုပ်စုခေါင်းဆောင် စစ်ဆေးနေတဲ့ပုံတွေကို သူတို့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာ ထည့်ကြဦးမလားဆိုတာကို စဉ်းစားမိနေပါတယ်။

သင်ခန်းစာကို ယူဖို့ သတိပေးနေတဲ့ အဖြစ်အပျက်မို့ နောက်ထပ် ပုံစံတူအမှားတွေ ဆက်မလုပ်ဖို့ လိုပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ UN’s Myanmar Resident Coordinator Should Resign Over Role in Junta Health ‘Conference’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ )

You may also like these stories:

မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ

ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရန် လူ့အခွင့်အရေးကျွမ်းကျင်သူများက ကုလသမဂ္ဂကို တိုက်တွန်း

မြန်မာအကျပ်အတည်း ကိုင်တွယ်မှု ကုလသမဂ္ဂ ဝေဖန်ခံရ

Your Thoughts …
Tags: CDMINGOUNICEFကုလသမဂ္ဂကျန်းမာရေးစစ်ကောင်စီစစ်အာဏာသိမ်းမှုဥရောပသမဂ္ဂ
အီဂေါဗလာဇီဗစ်

အီဂေါဗလာဇီဗစ်

အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ခါမ်းပတ်မြို့ မိဘမဲ့ဂေဟာမှ ဓားစာခံများ ပြန်လွတ်လာ

ခါမ်းပတ်မြို့ မိဘမဲ့ဂေဟာမှ ဓားစာခံများ ပြန်လွတ်လာ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate