နယ်မြေများ တစတစ လက်လွှတ်လာရသည့် စစ်ကောင်စီတပ်က ပြည်ထောင်စုကြီး ပြိုကွဲတော့မည်ဟု ကယောင်ကတမ်း အော်ဟစ်နေ၏။ တကယ့်လက်တွေ့ ဖြစ်ရပ်ကမူ စစ်တပ်က ပြောသည်နှင့် ပြောင်းပြန်ပင် မြန်မာပြည်ဟု သမုတ်ထားသည့် မြေပြင်ပေါ်ရှိ ဗမာနှင့် တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှုသည် ယခင် မည်သည့်အခါကမှ မရှိဖူးသည့် အခြေအနေမျိုးဖြစ်နေ၏။ တဖြည်းဖြည်းလည်း ကြီးထွားလာနေ၏။
ဗမာနှင့် တိုင်းရင်းသားလူမျိုးများကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုတို့နှင့် ပတ်သက်၍လည်း သမိုင်းတွင် တခါမှ မရှိခဲ့ဖူးသည့် အခြေအနေကို ရောက်ရှိနေပြီကို တွေ့ရ၏။
စစ်အာဏာရှင်စနစ် ကျဆုံးမှု စတင်ခြင်း
စစ်တပ်က ပြောနေသည့် တိုင်းပြည်ပြိုကွဲမည်ဆိုသည်မှာ စစ်အာဏာရှင်စနစ် ကျဆုံးတော့မည်ကို မိုးကြိုးပစ် ထန်းလက်နှင့် ကာနေခြင်းမျှသာ ဖြစ်၏။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ပြီးနောက် စစ်ရေးအရ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့၏။
မြောက်ပိုင်းသုံးဖွဲ့သည် စစ်တပ်ကို ကောင်းစွာ ထိုးနှက်နိုင်ခြင်းမှာ နိုင်ငံရေးအရဆိုလျှင် ပြည်မလူထု၏ ထောက်ခံမှုရရှိခြင်းနှင့် စစ်ရေးအရဆိုလျှင် ပြည်မနှင့် နိုင်ငံအနှံ့အပြားမှ စစ်တပ်က ဝိုင်းဝန်းတိုက်ခိုက်နေခြင်းတို့၏ အကျိုးဆက် ဖြစ်၏။
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့သည် စစ်တပ်အား အထိနာအောင် တိုက်ခိုက်နိုင်သကဲ့သို့ ပြိုဆင်းနေသည့် စစ်တပ်၏ သရုပ်မှန်ကို တွေ့ရှိရ၏။ နှစ်ဆယ်နှင့်ချီ၍ အင်အားစုဆောင်း ပြင်ဆင်ခဲ့ကြသည့် မြောက်ပိုင်းသုံးဖွဲ့သည် စစ်တပ်ကို ကောင်းစွာ ထိုးနှက်နိုင်ခြင်းမှာ နိုင်ငံရေးအရဆိုလျှင် ပြည်မလူထု၏ ထောက်ခံမှုရရှိခြင်းနှင့် စစ်ရေးအရဆိုလျှင် ပြည်မနှင့် နိုင်ငံအနှံ့အပြားမှ စစ်တပ်က ဝိုင်းဝန်းတိုက်ခိုက်နေခြင်းတို့၏ အကျိုးဆက် ဖြစ်၏။
၂၀၁၅ ကိုးကန့်စစ်ပွဲ၊ ၂၀၁၆ မြောက်ပိုင်းသုံးဖွဲ့ စစ်ဆင်ရေး၊ ၂၀၁၉၊ ၂၀၂၀ ရခိုင်စစ်ပွဲတို့တွင် နိုင်ငံရေးအရ ပြည်မလူထု၏ ထောက်ခံမှုမရခဲ့ပေ။ သို့သော် ယခုကာလတွင် ပြည်မလူထုသည် လုံးဝ ဘက်ပြောင်းသွားပြီး မြောက်ပိုင်းသုံးဖွဲ့အား အပြည့်အဝ ထောက်ခံခဲ့သည်ကို တွေ့ရသည်။
စစ်ရေးအရဆိုလျှင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၉၊ ၂၀၂၀ ကာလက မြောက်ပိုင်းသုံးဖွဲ့ဖြစ်စေ၊ ကိုးကန့်ဖြစ်စေ၊ ရခိုင်ဖြစ်စေ တိုက်ပွဲဖြစ်ပါက စစ်ရေးအရ အထီးတည်းဖြစ်၏။အလွန်ဆုံး ကချင်ပြည်နယ်၌သာ တိုက်ပွဲအချို့ရှိပြီး ကျန်ဒေသများတွင် စစ်ပွဲမရှိသလောက် ဖြစ်၏။

ထို့ကြောင့် ထိုကာလက မြန်မာစစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့နှင့် တိုက်ခိုက်ရာတွင် သူ၏ စစ်အင်အားကို စိတ်ကြိုက် ထုတ်ယူသုံးစွဲနိုင်သည်။ သို့သော် လက်ရှိကာလတွင် တပြည်လုံးအနှံ့ တော်လှန်တိုက်ခိုက်နေရ၍ စစ်သည်အင်အား မလုံလောက်တော့။ လေကြောင်းပစ်ကူကလွဲ၍ မြေပြင်စစ်ကူ ပေးပို့နိုင်ခြင်း မရှိတော့ပေ။
ဤသို့သော အခြေအနေအောက်တွင် မြန်မာစစ်တပ်သည် မြန်မြန် ပြိုကွဲလာတော့သည်။ မြန်မာစစ်တပ် ပြိုကွဲမှု စတင်လာတော့သည်။ ပြည်ထောင်စုကြီး ပြိုကွဲတော့မည်ဟု သွေးရူးသွေးတမ်း အော်ဟစ်လာသည်ကို တွေ့ရ၏။
မြန်မာစစ်တပ်နှင့် ၎င်း၏လော်ဘီများက စစ်တပ် ပြိုကွဲကျဆုံးတော့မည့်အချိန်တွင် ပြည်ထောင်စုကြီး ပြိုကွဲတော့မည်ဟု ပြောဆိုနေခြင်းသည် မထူးဆန်းလှသော်လည်း အချို့သူများသည်လည်း ပြည်ထောင်စုကြီး ပြိုကွဲတော့မည်လော၊ ပြိုကွဲ၍တော့ မဖြစ်ဟု ကြည့်မြင်ပြောဆိုလာသည်ကို အံဩဖွယ်တွေ့ရ၏။
တပြည်ထောင်စနစ် ပြိုကွဲခြင်း
စစ်တပ်ပြိုကွဲလျှင် တကယ်ပြိုကွဲမည်မှာ ပြည်ထောင်စု မဟုတ်ပေ။ တကယ်ပြိုကွဲသွားမည်မှာ တပြည်ထောင်စနစ် ဖြစ်၏။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်ဝေါ်သမုတ်ခဲ့သော်လည်း တကယ်တမ်း မြန်မာပြည်တွင် ကျင့်သုံးခဲ့သည်မှာ တပြည်ထောင်စနစ် ဖြစ်၏။ ဗဟိုမှ ချုပ်ကိုင်သည့်စနစ် ဖြစ်၏။ ပြည်ထောင်စုစနစ်၊ ဖက်ဒရယ်စနစ် မဟုတ်ပေ။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်အောက်တွင် ဗဟိုချုပ်ကိုင်မှု ပိုမို အားကောင်းလာခဲ့သည်ကို တွေ့ရ၏။ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း စစ်တပ်၏ နိုင်ငံရေး အာဏာစွက်ဖက်မှုအပြင် တပြည်ထောင်စနစ်ကိုသာ ပုံဖော်ဖွင့်ဆိုထားခဲ့၏။ မြန်မာစစ်တပ်အား ခွေးကတက်မှ အလုပ်အကြွေးပြုလိုသူများက ၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ်အခြေခံများ ပါသည်ဟု လိမ်ညာမြှောက်ပင့်မှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၀၈ အခြေခံဥပဒေသည်လည်း တပြည်ထောင်စနစ်ကိုသာ ပုံဖော်ထားသည်။
မြန်မာစစ်တပ်ပြိုကွဲသွားလျှင် တပြည်ထောင်စနစ်လည်း ပြိုကွဲသွားမည်ဖြစ်၏။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား စသည့် ဗမာပဒေသရာဇ်နိုင်ငံတော်များကို လွန်စွာအားကျသည့် မြန်မာစစ်တပ်သည် ဤသို့သော တပြည်ထောင်စနစ် ပြိုကွဲမည်ကိုမည်ကို အစိုးရိမ်အထိတ်လန့်ဆုံး ဖြစ်၏။
ထို့ကြောင့်လည်း မြန်မာစစ်တပ်ပြိုကွဲသွားလျှင် တပြည်ထောင်စနစ်လည်း ပြိုကွဲသွားမည်ဖြစ်၏။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား စသည့် ဗမာပဒေသရာဇ်နိုင်ငံတော်များကို လွန်စွာအားကျသည့် မြန်မာစစ်တပ်သည် ဤသို့သော တပြည်ထောင်စနစ် ပြိုကွဲမည်ကိုမည်ကို အစိုးရိမ်အထိတ်လန့်ဆုံး ဖြစ်၏။ သူတို့ထိတ်လန့်သည်မှာ အံ့ဩစရာ မရှိပေ။ စစ်တပ်ပြိုကွဲမှုနှင့်အတူ စစ်တပ်သည် အာဏာမှ လက်လွတ်သွားမည်ဖြစ်၍ ဖြစ်၏။
စစ်တပ်နှင့်အတူ တပြည်ထောင်စနစ် ပြိုကွဲခြင်းသည် မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးများအတွက် ကောင်းသောကိစ္စ ဖြစ်သည်။ လူမျိုးတိုင်း တန်းတူရည်တူရှိမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် နိုင်ငံသစ်တခုကို တည်ဆောက်နိုင်မည့် လမ်းပွင့်သွားခြင်း ဖြစ်၏။ တိုင်းရင်းသားလူမျိုးများကြား ဖြစ်ပွားသည့် ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေး လမ်းပွင့်သွားခြင်းလည်း ဖြစ်၏။
ပြည်ထောင်စုပုံစံသစ်
၁၉၄၈ မှစ၍ ယခုအထိ ဗဟိုမှ အာဏာအပြည့်အဝ ချုပ်ကိုင်သည့် တပြည်ထောင်စနစ် ကျင့်သုံးခြင်းအား ပြည်ထောင်စုစနစ်ကျင့်သုံးသည်ဟု ခေတ်အဆက်ဆက် အာဏာရသူများက လိမ်ညာမှိုင်းတိုက်ခဲ့ခြင်းများနှင့် အသားကျနေသူများသည်လည်း ပြည်ထောင်စုကြီး ပြိုကွဲမည်ဆိုသည်ကို စိုးရိမ်ထိတ်လန့်မှုရှိကြသည်။
စစ်တပ်ပြိုကွဲသည်နှင့်အတူ ဗဟိုက အာဏာချုပ်ကိုင်သည့် တပြည်ထောင်စနစ်သည်လည်း ပြိုကွဲမည်ဖြစ်ရာ လာမည့် ပြည်ထောင်စုစနစ်ပုံစံသည် လွတ်လပ်ရပြီး နှစ် ၇၀ ကျော်အတွင်း တည်ရှိလာခဲ့သည့် တပြည်ထောင်စနစ်ပုံစံနှင့် ကွဲပြားခြားနားမည်ကတော့ သေချာ၏။

ထိုပြည်ထောင်စုပုံစံသည် ဖက်ဒရယ်ပေါ် အခြေခံသည်လည်း ဖြစ်နိုင်သည်။ ကွန်ဖက်ဒရိတ်ပေါ် အခြေခံသည်လည်း ဖြစ်နိုင်သည်။ လက်ရှိသတ်မှတ်ထားသော ပြည်နယ်ဟောင်းများသာမက ပြည်နယ်သစ်များလည်း ပေါ်လာနိုင်သည်။ လက်ရှိ ရှိနေသည့် လူမျိုးအခြေပြု ပြည်နယ်များသာမက ဒေသအခြေပြု ပြည်နယ်များလည်း ပေါ်ပေါက်လာနိုင်သည်။
တိုင်းရင်းသားလူမျိုးများက ဗမာပြည်နယ် တောင်းဆိုနေသကဲ့သို့ ဗမာလူမျိုးများကလည်း မိမိကံကြမ္မာ၊ အနာဂတ်ကို ပုံစံသစ်ဖြင့် စဉ်းစားပုံဖော်လာသည်လည်း ရှိနိုင်၏။ အခြားတိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အား ဗမာလူမျိုးတို့ လေးစားအသိအမှတ်ပြုရန် လိုအပ်သကဲ့သို့ ဗမာလူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ကျန်တိုင်းရင်းသားလူမျိုးများက လေးစားရမည်သာ။
တပြည်ထောင်စနစ် ပြိုကွဲပြီးနောက် ပြည်ထောင်စုသစ်က မည်သည့်ပုံစံ ရှိမည်နည်းဆိုသည်ကို လက်ရှိအချိန်တွင် မည်သူမှပြောဆိုနိုင်ခြင်းရှိမည် မဟုတ်ပေ။ ဤသည်မှာ နှစ်ပေါင်းများစွာ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများနှင့် ဗမာလူမျိုးများကြား ယုံကြည်မှု၊ နားလည်မှု မရှိခဲ့ကြခြင်းကြောင့်ဖြစ်၏။
လက်ရှိ မြန်မာပြည်အခြေအနေအရ ပြည်ထောင်စုပုံစံအသစ်သည် စစ်အာဏာရှင်ကို အနိုင်တိုက်ခိုက်ပြီးနောက် အောင်နိုင်ကြမည့် ပြည်မနှင့် တောင်တန်းဒေသရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်းမှု၊ ပေါင်းစည်းမှုအပေါ်မှ ထွက်လာမည့်ရလဒ် ဖြစ်ပေလိမ့်မည်။
လက်ရှိ မြန်မာပြည်အခြေအနေအရ ပြည်ထောင်စုပုံစံအသစ်သည် စစ်အာဏာရှင်ကို အနိုင်တိုက်ခိုက်ပြီးနောက် အောင်နိုင်ကြမည့် ပြည်မနှင့် တောင်တန်းဒေသရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်းမှု၊ ပေါင်းစည်းမှုအပေါ်မှ ထွက်လာမည့်ရလဒ် ဖြစ်ပေလိမ့်မည်။
ဤနေရာတွင် လက်နက်ကိုင်ထားသော အဖွဲ့များအကြား သဘောတူညီမှုမရဘဲ တိုက်ခိုက်မှုများ၊ ပဋိပက္ခအသစ်များ ဖြစ်လိမ့်မည်ဟု ယူဆကြသူအချို့ ရှိနိုင်သည်။ လက်တွေ့အခြေအနေမှာ ဤသို့မဖြစ်နိုင်ပေ။ လက်ရှိ မြန်မာပြည်တွင် ဗမာလူမျိုးအပါအဝင် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများကြား နားလည်မှု၊ ယုံကြည်မှုအရှိဆုံးအချိန်၊ အချင်းချင်း အပြန်အလှန် နားလည်စာနာမှု အရှိဆုံးအချိန်လည်း ဖြစ်သကဲ့သို့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် အတူတကွ လက်တွဲပြီး၊ အပြန်အလှန်ကူညီပြီး တိုက်ပွဲဝင်နေကြသည့် အချိန်လည်း ဖြစ်၏။
အသက်ပေး၍ စစ်မြေပြင်တွင် လက်တွဲ၍ တိုက်ပွဲဝင်ခဲ့ကြသူများကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် နားလည်မှုသည် သာမန် မဟုတ်ပေ။ သို့ဖြစ်ရာ ငြင်းခုံစရာ ပဋိပက္ခငယ်များ မလွှဲမရှောင်သာ ရှိနိုင်သော်လည်း စစ်အာဏာရှင်စနစ်ကို အတူလက်တွဲ တိုက်ပွဲဝင်ကြသည့်အဖွဲ့များကြား ပြည်ထောင်စုပုံစံသစ် ညှိနိုင်း၍ မရစရာ မရှိပေ။
ဤနေရာတွင် အထူးသတိပြုရမည်မှာ ညှိနှိုင်း၍ရလာမည့် ပြည်ထောင်စု ပုံစံသစ်သည် လွတ်လပ်ရေးကတည်းက တလျှောက်လုံး တည်ရှိလာသည့် တပြည်ထောင်စနစ်ပုံစံနှင့် လုံးဝ ကွဲပြားခြားနားသွားလိမ့်မည် ဆိုသည့်အချက် ဖြစ်သည်။ အသားကျနေသော တိုင်းနှင့်ပြည်နယ် ၁၄ ခုဆိုသည်ကို လည်းကောင်း၊ အစစအရာရာ ဗဟိုအစိုးရက အဆုံးအဖြတ်ဖြစ်သည့် ပုံစံကိုလည်းကောင်း၊ ဗဟိုနှင့်ပြည်နယ်များကြား အာဏာခွဲဝေမှုများသည် လည်းကောင်း ပြောင်းလဲသွားမည်ဆိုသည်ကိုတော့ မျှော်လင့်ထားရပေမည်။
ထို့ပြင် အချို့လူမျိုး၊ အချို့ဒေသများ ခွဲမထွက်နိုင်ဘူးလားဆိုသည့် မေးခွန်းလည်းရှိသည်။ တဖက်ကပြောလျှင် ခွဲထွက်လိုသည့် လူမျိုး၊ ဒေသက ခွဲထွက်ပါကလည်း ပြဿနာမရှိပေ။ ဥရောပတွင် နိုင်ငံငယ်လေးများ များစွာရှိပြီး အတူတကွ အေးအေးချမ်းချမ်း နေထိုင်နိုင်ကြခြင်းသည်လည်း ကောင်းသောကိစ္စ ဖြစ်၏။ တအိမ်တည်းနေပြီး တကျက်ကျက် ရန်ဖြစ်နေသည်ထက် အိမ်ခွဲနေကြပြီး ဟင်းကောင်းတခွက်ချက်လျှင် အပြန်အလှန် ပို့ပေးခြင်းမျိုးက ပိုကောင်းပါသည်။
သို့သော်လည်း လက်ရှိ မြန်မာပြည် အနေအထားအရ ခွဲမည်ကို စိုးရိမ်ရန် မရှိပေ။ ခွဲမထွက်ရေးကို ဇွတ်အတင်း ဖိအားပေးရန် မလိုပေ။ မြန်မာပြည်ပတ်လည်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အားကောင်းသော၊ လူဦးရေများသော နိုင်ငံများ၏ ဝါးမြိုမှု သို့မဟုတ် ဖိအားပေးမှုကို မြန်မာပြည်ရှိ လူမျိုးတမျိုးချင်း၊ အဖွဲ့တဖွဲ့ချင်း တောင့်ခံနိုင်ရန် မလွယ်ကူပေ။ စုစည်းပြီး တုန့်ပြန်မှရမည်ကို အားလုံးသိကြ၏။
တိုင်းရင်းသားလူမျိုးများ ခွဲထွက်မည်ကို စိုးရိမ်နေရန် မလိုအပ်သကဲ့သို့ တားဆီးနေရန် မလိုအပ်ပေ။ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သယံဇာတများ စီမံခန့်ခွဲပိုင်ခွင့်ကို ရဲရဲတင်းတင်း အသိမှတ်ပြုကြရန်သာ လိုသည်။
သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုးများ ခွဲထွက်မည်ကို စိုးရိမ်နေရန် မလိုအပ်သကဲ့သို့ တားဆီးနေရန် မလိုအပ်ပေ။ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သယံဇာတများ စီမံခန့်ခွဲပိုင်ခွင့်ကို ရဲရဲတင်းတင်း အသိမှတ်ပြုကြရန်သာ လိုသည်။
မိမိဆန္ဒအရ ပူးပေါင်းကြသည့် ပြည်ထောင်စုသည် ဇွတ်အတင်းစုသည့် ပြည်ထောင်စုထက် ပို၍ခိုင်မာပါသည်။ သို့သော် ပြည်နယ်နှင့် ဗဟိုအစိုးရကြား အာဏာခွဲဝေမှု၊ ပြည်နယ်များ ပြန်လည်သတ်မှတ်မှုတို့နှင့် ပတ်သက်ပြီး အငြင်းအခုံများ၊ လူမျိုးတူ အချင်းချင်းကြားမှ နိုင်ငံရေး အမြင်မတူမှုများကတော့ ရှောင်လွှဲမရပေ။ အချိန်ကာလတခု ဖြတ်သန်းကြရပေမည်။
စစ်တပ် ဆင်ဒရုမ်း (Army Syndrome)
စစ်တပ်က အာဏာလက်လွတ်မှာစိုး၍ ပြည်ထောင်စုကြီး ပြိုကွဲပြီ အော်နေသကဲ့သို့ ပြည်ထောင်စုကြီး ပြိုကွဲမှာ ကြောက်နေကြသည့် အခြားသူများလည်း ရှိသေး၏။
ပထမတမျိုးမှာ အထက်တွင် ဖော်ပြထားသကဲ့သို့ လက်ရှိ မြန်မာပြည်၏ တပြည်ထောင်စနစ်ကို ခေတ်အဆက်ဆက် လိမ်ညာ ဝါဒဖြန့်မှုများကြောင့် ပြည်ထောင်စုပုံစံဟု ထင်နေကြသူများဖြစ်၏။
ဒုတိယတမျိုးမှာ စစ်တပ်ပြိုကွဲသွားလျှင် ဗရမ်းဗတာဖြစ်ပြီး တိုင်းပြည် ပြိုကွဲသွားလိမ့်မည်ဟု ယူဆနေကြသူများ ဖြစ်သည်။ သူတို့သည် သာမာန်အားဖြင့် ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် ပြုပြင်ပြောင်းလဲရေးကို ကြွေးကြော်ကြသူများဖြစ်သော်လည်း တဖက်ကမူ စစ်တပ်ပြိုကွဲပါက အခြေအနေကို မထိန်းသိမ်းနိုင်ဟု ယူဆနေကြသည်။
သူတို့၏ စိတ်တွင် အင်ဒိုနီးရှားပုံစံ ပြုပြင်ပြောင်းလဲမှုကဲ့သို့ စစ်တပ်နှင့် ညှိနှိုင်းပြောင်းလဲမှုကို လိုလားပြီး မြန်မာပြည်တွင်လည်း အင်ဒိုနီးရှားပုံစံ ဖြစ်သင့်သည်ဟု ယူဆထားကြသည်။ သူတို့၏ စိတ်ထဲတွင် မြန်မာစစ်တပ် ပြိုကွဲသည့် ပြုပြင်ပြောင်းလဲမှုပုံစံကို လက်သင့်ခံနိုင်ခြင်း မရှိသကဲ့သို့ မြန်မာပြည်၏ ထူးခြားသည့် အခြားပုံစံကိုလည်း လက်ခံနိုင်ခြင်း မရှိကြသူများဖြစ်၏။
သူတို့ထဲမှ ပိုဆိုးသူတို့၏ အမြင်မှာ မြန်မာစစ်တပ်ပြိုပြီး လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ အောင်ပွဲခံပြီး မြို့များတွင်း ဝင်ရောက်လာပါက ခမာနီများကဲ့ ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်လိမ့်မည်၊ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိဟု ယူဆကြသူများဖြစ်၏။

ထိုသူများသည် ဒီမိုကရေစီစကား ပြောသော်လည်း စစ်တပ်အုပ်ချုပ်မှုအောက်တွင် နဖားကြိုးအထိုးခံထားရပြီး ကျင့်သားရနေကြသူများဖြစ်၏။ ဝန်ကြီးဌာနပေါင်းစုံကို တဌာနပြီးတဌာန ပြောင်းကိုင်ပြီး ထင်ရာစိုင်းနေသည့် စစ်ဗိုလ်များအား တိုင်းပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်တတ်သူများဟု ထင်နေကြသူများဖြစ်၏။
ထိုသူအားလုံး၏ ပြသနာမှာ ဒီမိုကရေစီလိုလားသည်၊ ပြုပြင်ပြောင်းလဲမှုလိုလားကြသည်ဟု ဆိုနေသော်လည်း တကယ်တမ်း တော်လှန်သည့် အပြောင်းအလဲတရပ်ကို ကြုံလာသည့်အခါ လက်ခံနိုင်စွမ်း မရှိကြပေ။ တကယ်တမ်း အရင်းအမြစ်က ပြောင်းလဲကြမည်ဟု ဖြစ်လာသည့်အချိန်တွင် တချိန်လုံး ယဉ်ပါးလာခဲ့သည့် သမားရိုးကျပုံစံကို လမ်းခွဲနိုင်ခြင်း မရှိပေ။
လူထုလှုပ်ရှားမှုဆိုသည်မှာ အလွန်အကျွံများ၊ အတိမ်းအစောင်းများ၊ အစွန်းရောက်သည်များလည်း ရှိ၏။ ရှောင်လွှဲ၍ မရပေ။ ထိုအချင်းအရာကို ပြုပြင်ရင်း ကျော်လွှားဖြတ်သန်းရသည်၊ ချီတက်ရသည်သာ။
ထိုသူများသည် လူထုလှုပ်ရှားမှု အရှိန်အဟုန်အား လက်သင့်ခံနိုင်စွမ်းမရှိပေ။ လူထုလှုပ်ရှားမှုဆိုသည်မှာ အလွန်အကျွံများ၊ အတိမ်းအစောင်းများ၊ အစွန်းရောက်သည်များလည်း ရှိ၏။ ရှောင်လွှဲ၍ မရပေ။ ထိုအချင်းအရာကို ပြုပြင်ရင်း ကျော်လွှားဖြတ်သန်းရသည်၊ ချီတက်ရသည်သာ။
တကယ်တမ်းအားဖြင့် ထိုသူများသည် လူထုလှုပ်ရှားမှုကို မယုံကြည်ကြ။ လူထု၏ပါဝင်မှုကို မယုံကြည်ကြ။ လူထုနိုင်ငံရေးကို ယုံကြည်မှု မရှိကြပေ။ ထိုသူများ ယူဆသည်မှာ နိုင်ငံရေးသည် ပညာရှင်များ အလုပ်ဖြစ်၏၊ ဉာဏ်ပညာကြီးမားသော ပညာရှင်များ၏ တွေးတောကြံဆမှုများဖြင့် ဆွေးနွေးဖြေရှင်းရမည့်အလုပ်ဟု မှတ်ယူထားကြ၏။
ထိုသူအားလုံးသည် စတော့ဟုမ်း ဆင်ဒရုမ်း (Stockholm Syndrome) ကဲ့သို့ စစ်တပ်အား စွဲလမ်းနေသည့် ရောဂါလက္ခဏာ (Army Syndrome) ရှိနေကြသူများဖြစ်၏။ နှစ်ပေါင်းများစွာ စစ်တပ်၏ ဖိနှိပ်မှုအောက်၊ စစ်တပ်၏ လိမ်ညာဝါဒဖြန့်ချိမှုအောက်တွင် အသားကျနေပြီး ဒီမိုကရေစီ၊ လူအခွင့်အရေးနှင့် ဖက်ဒရယ်တို့ကို ရေရွတ်နေကြသော်လည်း ၎င်းတို့၏ အတွင်းစိတ်တွင်း၌ စစ်တပ်အား စွဲလမ်းနေမှုလက္ခဏာရှိနေကြပြီး စစ်တပ်ကို ဖယ်ထုတ်၍၊ ဖျောက်ဖျက်၍ စဉ်းစားနိုင်စွမ်း မရှိကြသူများဖြစ်၏။ ထိုသူများသည် အစဉ်အလာဟောင်း၊ ပုံစံဟောင်းမှ ခွဲထွက်၍ စဉ်းစားနိုင်စွမ်း မရှိကြချေ။
အိမ်နီးချင်းတွေလည်း ရောဂါစွဲ
ထိုစစ်တပ် ဆင်ဒရုမ်းနှင့် ပတ်သက်၍ လျှော့တွက်၍ မရသည်မှာ ထိုဆင်ဒရုမ်းသည် ပြည်တွင်း နိုင်ငံရေးပညာရှင် ဆိုသူများ၏ စွဲလမ်းမှုသက်သက် မဟုတ်ပေ။ အိမ်နီးချင်း နိုင်ငံကြီးများသည်လည်း စစ်တပ်ဆင်ဒရုမ်း စွဲကပ်နေကြသည်။
စစ်တပ်ပြိုလျှင် မြန်မာပြည် ဗရမ်းဗတာဖြစ်မည်ဟု ထင်နေကြ၏။ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးအား အနုနည်းဖြင့် ရယူထားသည့် အိန္ဒိယလို နိုင်ငံမျိုး မဆိုထားနှင့် ကူမင်တန်အစိုးရကို လက်နက်ကိုင်၍ အပြုတ်တိုက်ခဲ့သည့် တရုတ်ကွန်မြူနစ် အစိုးရသည်လည်း မြန်မာစစ်အစိုးရ ပြုတ်သွားလျှင် မြန်မာပြည် ဗရမ်းဗတာဖြစ်မည်ဆိုသည့် စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသည်။
ပြဿနာမှာ မြန်မာပြည် ကသောင်းကနင်း ဖြစ်ပါက တရုတ်အကျိုးစီးပွားများ ပျက်စီးနိုင်သည်ဟူသည့် အခြေခံပေါ်မှ ကြည့်မြင်သဖြင့် တရုတ်ကွန်မြူနစ်များသည်လည်း မြန်မာပြည်အခြေအနေကို မှန်မှန်ကန်ကန် ကြည့်မြင်သုံးသပ်နိုင်ခြင်းမရှိဘဲ မြန်မာစစ်တပ် ဆင်ဒရုမ်းလက္ခဏာ ပြသနေသည်။ စစ်တပ်ကို ဗဟိုပြုထားသည့် ၂၀၀၈ အခြေခံဥပဒေနှင့် မြန်မာပြည်ပြဿနာကို ဖြေရှင်းရမည်ဟု ဆိုနေသည်ကို တွေ့ရ၏။
လက်ရှိ မြန်မာပြည်ပြဿနာသည် သူတို့ မှတ်ယူ သင်ကြားထားသကဲ့သို့ မဟုတ်ပေ။ ၂၀၂၁ ခုနှစ် တပြည်လုံး အတိုင်းအတာဖြင့် လက်နက်ကိုင် တော်လှန်ပုန်ကန်ကြပြီး လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာခြင်းသည် လူပုဂ္ဂိုလ်တဦးတယောက်၏ ဆုံးဖြတ်ချက်၊ ပါတီတခု၊ အဖွဲ့အစည်းတခု၏ ဆုံးဖြတ်ချက်ကြောင့် ပေါ်ထွက်လာခြင်း မဟုတ်ပေ။ စစ်အာဏာရှင်များ၏ မတရားမှု၊ ရက်စက်ကြမ်းကြုတ်မှုတို့ကို မခံမရပ်နိုင်သောလူထု၏ ပေါက်ကွဲမှုမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဤလူထုပေါက်ကွဲမှု၏ ထူးခြားချက်မှာ ခေတ်အဆက်ဆက် သွေးကွဲနေခဲ့ကြသော၊ စဉ်းစားမှု မတူခဲ့ကြသော အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများနှင့် အဖိနှိပ်ခံ ဗမာလူမျိုးများကြား အမှန်တကယ် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး စစ်အာဏာရှင်များကို အတူ လက်တွဲ တိုက်ပွဲဝင်ကြခြင်းဖြစ်၏။
ဤလူထုပေါက်ကွဲမှု၏ ထူးခြားချက်မှာ ခေတ်အဆက်ဆက် သွေးကွဲနေခဲ့ကြသော၊ စဉ်းစားမှု မတူခဲ့ကြသော အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများနှင့် အဖိနှိပ်ခံ ဗမာလူမျိုးများကြား အမှန်တကယ် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး စစ်အာဏာရှင်များကို အတူ လက်တွဲ တိုက်ပွဲဝင်ကြခြင်းဖြစ်၏။
ဗရမ်းဗတာတဲ့လား

စစ်တပ်ပြိုကွဲသွားပါက တိုင်းပြည်အခြေအနေသည် ထိန်းမနိုင်သိမ်းမရဖြစ်မည်၊ ဗရမ်းဗတာဖြစ်မည်ဟု စစ်တပ် ဆင်ဒရုမ်းရှိသူများက ယူဆနေကြသော်လည်း လက်တွေ့မြေပြင်တွင် သူတို့ယူဆထားသည်နှင့် ဗြောင်းပြန်ဖြစ်နေ၏။
ဤလူထုတိုက်ပွဲဝင်မှုများနှင့် အောင်ပွဲများသည် ဗရမ်းဗတာ မဟုတ်ပေ။ ဗမာလူမျိုးတို့၏ ဒေသများဖြစ်ကြသည့် ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးတို့တွင် ဖြစ်စေ၊ ချင်းလူမျိုးတို့၏ ရေဇွါ၊ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီတို့တွင်ဖြစ်စေ၊ ရှမ်းမြောက်ဒေသရှိ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုန်းကိုး၊ ကြူကုတ် ပန်ဆိုင်းတို့တွင်ဖြစ်စေ၊ ကရင်နီ၊ ရခိုင်စသည့် အခြား တိုင်းရင်းသားနယ်မြေများတွင်ဖြစ်စေ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်အား တိုက်ခိုက်အောင်နိုင်ပြီး ထိန်းချုပ်နိုင်သည့်ဒေသများတွင် ပြည်သူအုပ်ချုပ်ရေး လုပ်ငန်းများကို စနစ်တကျလုပ်ဆောင်နေသည်ကို တွေ့ရနိုင်သည်။
အုပ်ချုပ်ရေးလုပ်ငန်းများကို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ CDM ဝန်ထမ်းများနှင့် ပြည်သူလူထု ပူးပေါင်း၍ တည်တည်ငြိမ်ငြိမ်နှင့် ဆောင်ရွက်နိုင်သည်ကို သိမ်းပိုက်ပြီးသည့် နေရာတိုင်းတွင် တွေ့မြင်နိုင်၏။ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး မည်သည့်နေရာမှာမှ မတွေ့ရပေ။ နေရာတိုင်း၌ စနစ်တကျရှိသည်ကို မြင်တွေ့ရ၏။ စနစ်မကျစရာလည်း မရှိပေ။ ဤလက်နက်ကိုင် တော်လှန်ရေးကို လူထုက ပါဝင်ထောက်ခံနေပြီး လက်နက်ကိုင် တော်လှန်နေကြသူများမှာလည်း မလွှဲမရှောင်သာ လက်နက်ကိုင်နေကြသည့် ပညာတတ်များ ဖြစ်ကြ၏။
ဤလွတ်မြောက်နယ်မြေများတွင် စစ်အာဏာရှင်စနစ်နှင့် တပြည်ထောင်စနစ်သည် ပြိုကျပျက်စီးသွားပြီ ဖြစ်၏။ တပြည်ထောင်စနစ် ပြိုကွဲသွားသည်နှင့်အတူ ထိုနယ်မြေများသည် ဒီမိုကရေစီရှိသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် အခြေခံပေါ်မှ အုပ်ချုပ်ရေး တည်ဆောက်ထားသည့် ဒေသများဖြစ်လာ၏။
သေချာသည်မှာ ပြန်လည် ပေါ်ထွန်းလာမည့် ပြည်ထောင်စုအသစ်သည် ဗမာပဒေသရာဇ်ခေတ် နိုင်ငံတော်နှင့်လည်းကောင်း၊ ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက တည်ရှိခဲ့သည့် ပြည်ထောင်စုအမည်ခံ တပြည်ထောင်စနစ်နှင့်လည်းကောင်း လုံးဝ ကွဲပြားခြားနားသည့် ပြည်ထောင်စု ပုံစံသစ်ဖြစ်ပေလိမ့်မည်။
ထိုဒေသများ အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး မိမိဆန္ဒနှင့်အညီ ပူးပေါင်းကြသည့် ပြည်ထောင်စုသစ်သည် တဖြည်းဖြည်း ပြန်လည် ပုံပေါ်လာမည်ဖြစ်၏။ သေချာသည်မှာ ပြန်လည် ပေါ်ထွန်းလာမည့် ပြည်ထောင်စုအသစ်သည် ဗမာပဒေသရာဇ်ခေတ် နိုင်ငံတော်နှင့်လည်းကောင်း၊ ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက တည်ရှိခဲ့သည့် ပြည်ထောင်စုအမည်ခံ တပြည်ထောင်စနစ်နှင့်လည်းကောင်း လုံးဝ ကွဲပြားခြားနားသည့် ပြည်ထောင်စု ပုံစံသစ်ဖြစ်ပေလိမ့်မည်။
You may also like these stories:
စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ
မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ
ပြည်ထောင်စုဆိုတဲ့ အနှစ်သာရက အခုချိန်ထိ ခံစားလို့မရသေးဘူး (ရုပ်/သံ)
ပြည်ထောင်စုတွေ ဖြေရလေ့ရှိတဲ့ စာမေးပွဲ