တနိုင်ငံလုံးကျယ်ပြန့်သည့် အကြမ်းမဖက်ဆန္ဒပြပွဲများကို မြန်မာစစ်တပ်နှင့်ရဲက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်စဉ် ကာကွယ်စောင့်ရှောင့်ရန်တာဝန် (R2P) အရ နိုင်ငံတကာကြားဝင်ရန် တောင်းဆိုမှုများကို လျစ်လျူရှုခဲ့ကြသည်။
စစ်ကောင်စီက အရပ်သားများကို အကြမ်းဖက်စစ် အပြည့်အဝဆင်နွဲပြီးနောက် တနိုင်ငံလုံးတွင် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သောအခါ အကူအညီပေးရန် မေတ္တာရပ်ခံမှုများကိုလည်း ဂရုမစိုက်ကြပေ။
ယနေ့ကမ္ဘာတွင် ပကတိအမှန်တရားမှာ နိုင်ငံတော် ကမကထပြု အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်သော စစ်အာရှင်စနစ်၏ သားကောင်အဖြစ် ကျရောက်ရသည့် နိုင်ငံများကို ကူညီရန် စိတ်အားထက်သန်သူ မရှိသလောက်ပင်ဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။
မြန်မာပြည်သူများကို ကံစီမံရာအတိုင်း စွန့်ပစ်ထားကြသော်လည်း ထိုသို့ပစ်ပယ်ခံထားရသည်မှာ မြန်မာပြည်သူများချည်းသာ မဟုတ်ပေ။ ယနေ့ကမ္ဘာတွင် ပကတိအမှန်တရားမှာ နိုင်ငံတော် ကမကထပြု အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်သော စစ်အာရှင်စနစ်၏ သားကောင်အဖြစ် ကျရောက်ရသည့် နိုင်ငံများကို ကူညီရန် စိတ်အားထက်သန်သူ မရှိသလောက်ပင်ဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံများနှင့် နိုင်ငံစုံအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ (UN) နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့သည် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ခံရသည့် ပြည်သူများသို့ အဓိပ္ပာယ်ပြည့်ဝသော အကူအညီ မပေးနိုင် သို့မဟုတ် ပေးရန် စိတ်အားထက်သန်ခြင်း မရှိချိန်တွင် အခြားအာဏာရှင်များသည် သက်ဆိုင်ရာ ၎င်းတို့ ပြည်သူအသီးသီးက ဆန့်ကျင်ပုန်ကန်မှုကို ရင်ဆိုင်နေရသည့် အာဏာရှင်များကို ကူညီရာတွင် အတင့်ရဲလာကြသည်။
ရုရှား၊ တရုတ်၊ အီရန်နှင့် အခြားနိုင်ငံများသည် တုန်ခါနေသည့် အာဏာရှင်များနှင့် ပူးပေါင်းပြီး အကူအညီနှင့်သံတမန်ရေး အကာအကွယ် ပေးရန် ပိုမို စိတ်အားထက်သန်လာကြသည်။ ထိုအချိန်တွင် ဒီမိုကရေစီနိုင်ငံများနှင့် နိုင်ငံစုံအဖွဲ့အစည်းများက စိုးရိမ်ပူပန် စိတ်ပျက်ကြောင်း ဖော်ပြကြသည်။
အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂကဲ့သို့သော အချို့ အနောက်ဒီမိုကရေစီနိုင်ငံများသည် အကန့်အသတ်ရှိသော လူသားချင်းစာနာမှု အကူအညီအတွက် ရန်ပုံငွေအချို့ အနည်းဆုံး ထောက်ပံ့ကြပြီး ၎င်းတို့သဘောကျသည့် လူမှုအခြေပြုအဖွဲ့အစည်းများနှင့် လွတ်လပ်သော မီဒီယာများကို ထောက်ပံ့ကြသည်။ တိုက်ခိုက်ခံနေရပြီး အကူအညီ အကြီးအကျယ် လိုအပ်နေသည့် သာမန်ပြည်သူများက ထိုအကူအညီကို ကြိုဆိုသော်လည်း လုံလောက်မှု လုံးဝ မရှိပေ။
သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်ရန် အသင့်ဖြစ်နေသည့် စစ်အုပ်စုရန်မှ ကိုယ့်ကိုယ်ကို ကာကွယ်ရမည့် ပြည်သူများကို မည်သည့် နိုင်ငံတကာ ပါဝင်ပတ်သက်သူမှ ကြီးမားပြီး အဓိပ္ပာယ် ပြည့်ဝသည့် အကူအညီ မပေးပေ။
ဒုက္ခခံစားရသူများအကြောင်း ဇာတ်လမ်းတင်ပြပုံနှင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ဇာတ်လမ်းတင်ပြပုံသည် လူသတ် စစ်အုပ်စုများကို ဆန့်ကျင်ရာတွင် နိုင်ငံတကာထောက်ခံမှု ရရေးအတွက် ထိရောက်မှု မရှိတော့ပေ။ ရက်စက်ကြမ်းကြုတ်မှုများကို သက်သေပြချက်၊ လူသားချင်းစာနာမှု အကျပ်အတည်းနှင့် အစုလိုက်အပြုံလိုက် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကမ္ဘာ့ပါဝင်ပတ်သက်သူများထံမှ မည်သည့်အရေးယူဆောင်ရွက်မှုကိုမှ မဖြစ်စေသလို ဒီမိုကရေစီတန်ဖိုးများကို ကာကွယ်ပေးရန် တောင်းဆိုမှုများကိုလည်း မဖြစ်စေတော့ပေ။
မြန်မာတွင် အာဏာချိန်ခွင်လျှာ စတင်ပြောင်းလဲပြီး စစ်ကောင်စီသည် ကျယ်ပြန့်လာသော တော်လှန်ရေး ထိုးစစ်တွင် ထိခိုက်လွယ်သည့် အနေအထား ရောက်လာပုံရှိပါက ကမ္ဘာတဝန်းမှ နိုင်ငံများသည် နိုင်ငံတော်နှင့် ၎င်း၏ စစ်အုပ်ချုပ်သူများအပေါ် မူဝါဒများကို ပြန်လည်စဉ်းစာသုံးသပ်မှု စတင်မည်ဖြစ်သည်။
သို့သော် မြန်မာတွင် အာဏာချိန်ခွင်လျှာ စတင်ပြောင်းလဲပြီး စစ်ကောင်စီသည် ကျယ်ပြန့်လာသော တော်လှန်ရေး ထိုးစစ်တွင် ထိခိုက်လွယ်သည့် အနေအထား ရောက်လာပုံရှိပါက ကမ္ဘာတဝန်းမှ နိုင်ငံများသည် နိုင်ငံတော်နှင့် ၎င်း၏ စစ်အုပ်ချုပ်သူများအပေါ် မူဝါဒများကို ပြန်လည်စဉ်းစာသုံးသပ်မှု စတင်မည်ဖြစ်သည်။
တနိုင်ငံလုံးမှ တော်လှန်ရေး အင်အားစုများ၏ မကြာသေးမီက အောင်ပွဲများ၊ စစ်တပ်စခန်းနှင့် အခြေစိုက်စခန်းများကို ညှိနှိုင်းတိုက်ခိုက်သည့်ပုံစံသည် မြန်မာအပေါ် မူဝါဒချမှတ်ရေး အာရုံစိုက်မှုနှင့် မီဒီယာ အာရုံစိုက်မှုကို ရုတ်တရက် တိုးမြင့်သွားစေသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှ ညီနောင်မဟာမိတ်များ၏ ရုတ်တရက် စစ်ရေးအောင်မြင်မှု၊ နိုင်ငံ အခြားအစိတ်အပိုင်းများမှ တိုင်းရင်းသား မဟာမိတ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ တပြိုင်နက် တိုက်ခိုက်မှုသည် စစ်ကောင်စီ၏ အကြမ်းဖက်စစ်နှင့် ပြည်သူ့တော်လှန်ရေးနှင့် ပတ်သက်သည့် အယူအဆများကို ပြောင်းလဲပစ်နေသည်။
လက်ရှိအချိန်အထိ ထိုယေဘုယျအယူအဆမှာ မြန်မာတွင် မည်သည်တို့ဖြစ်နေသည်ဖြစ်စေ စစ်တပ်သည် ချေမှုန်းမရအောင် အင်အားကြီးမားပြီး ရက်စက်ကြမ်းကြုတ်မှုနှင့် လိမ်လည်မှုတို့ ပူးပေါင်းကြံစည်ခြင်းဖြင့် နိုင်ငံ၏ ဒေသအများစု သို့မဟုတ် တနိုင်ငံလုံးအပေါ် ထိန်းချုပ်မှုကို ပြန်လည် ခိုင်မာအောင် လုပ်မည်ဆိုသည့် အယူအဆဖြစ်သည်။ ထို့ကြောင့် တခုတည်းသော ရွေးချယ်စရာမှာ စစ်တပ်သည် မည်မျှလူသတ်သည်ဖြစ်စေ၊ ပြည်သူများက မည်မျှပင် စက်ဆုတ်သည်ဖြစ်စေ စစ်ကောင်စီနှင့် ဆက်ဆံရမည်ဆိုသည့် ရွေးချယ်စရာဖြစ်သည်။
သို့သော် ထိုအယူအဆသည် အလျင်အမြန် ပြောင်းလဲနေသည်။ စစ်ကောင်စီသည် ကျဆုံးမည့်လမ်းကြောင်း ရောက်နေပြီး ဖြုတ်ချနိုင်သည်ဆိုသည့် သဘောပေါက်မှု ဖြစ်လာနေသည်။
ထိုသို့ ပြောင်းလဲသွားသော အယူအဆသည် မြန်မာ၏ အိမ်နီးချင်းများ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းတွင် သဘောထားနှင့်မူဝါဒ ပြောင်းလဲမှုများကို ဖြစ်စေသည်။
သို့သော် အယူအဆပြောင်းလဲမှုတခုသည် မူဝါဒပြောင်းလဲမှုကို အလိုအလျောက် မဖြစ်စေနိုင်ပေ။
လက်ရှိ အရှိန်အဟုန်သည် ချိန်ခွင်လျှာ တိမ်းစောင်းစေလျှင် စစ်ကောင်စီက ဇာတ်လမ်းတင်ပြပုံရှုထောင့် ပြန်လည်ထိန်းချုပ်ခွင့် မရအောင် တားဆီးရမည်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၇ ပတ်အတွင်း ဇာတ်လမ်းတင်ပြပုံရှုထောင့်မှာ စစ်ကောင်စီ သိသိသာသာ ရှုံးနိမ့်နေသည် ဆိုသည့် ရှုထောင့်တင်ပြပုံဖြစ်သည်။
နောက်ဆုံးတွင် စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းမှုဖြစ်နိုင်ခြေ ဇာတ်လမ်းတင်ပြပုံရှုထောင့်ကို တွန်းအားပေးမည်ဖြစ်သည်။
စစ်ကောင်စီသည် စစ်မြေမြင်တွင် မဆုတ်သာ မတက်သာ အကျပ်အတည်းဖြစ်အောင် လုပ်နိုင်သမျှ မည်သည်ကိုမဆို လုပ်ဆောင်မည်ဖြစ်ပြီး အစွမ်းရှိသည့်အခါတိုင်း အဖျက်လုပ်ငန်းများနှင့် လူသားဒုက္ခများ ပိုမိုပြင်းထန်အောင် လုပ်မည်ဖြစ်သည်။ နောက်ဆုံးတွင် စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းမှုဖြစ်နိုင်ခြေ ဇာတ်လမ်းတင်ပြပုံရှုထောင့်ကို တွန်းအားပေးမည်ဖြစ်သည်။
စစ်ကောင်စီသည် အရေးပါသည့် စစ်ရေးအောင်မြင်မှုကို ဆက်လက်အားကိုးမရတော့ပေ။ စစ်သားအင်အားနှင့် စိတ်ဓာတ် လွန်စွာကျဆင်းနေသည်။ သို့သော် ၎င်းတို့တွင် ကျယ်ပြန့်သော ဖျက်ဆီးမှု၊ ဒုက္ခနှင့် လူသားချင်း စာနာမှု အရေးပေါ်အခြေအနေများ ဖြစ်ပွားအောင် လုပ်နိုင်သည့် လေကြောင်းနှင့် အမြောက်စွမ်းရည် ရှိနေဆဲဖြစ်သည်။
တော်လှန်ရေးအောင်မြင်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ဇာတ်လမ်းကို ဒုက္ခ အပျက်အဆီးနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ဇာတ်လမ်းနှင့် အစားထိုးခြင်းသည် စစ်ကောင်စီကို အကျိုးစီးပွားဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီသည် ၎င်းတို့ တတ်နိုင်သည့် မည်သည့်နေရာတွင်မဆို ဗုံးကြဲမည်၊ ဖျက်ဆီးမည်၊ မီးရှို့ပြီး ပိတ်ဆို့မည်ဖြစ်သည်။
စစ်ကောင်စီသည် ၎င်းတို့ ရှုံးနိမ့်နေသည့် ဇာတ်လမ်းတင်ပြပုံ ရှုထောင့်ကို စေ့စပ်ညှိနှိုင်းမှုဖြစ်နိုင်ခြေ၊ ငြိမ်းချမ်းသော ဖြေရှင်းမှု၊ ရွေးကောက်ပွဲ စသည့် ဇာတ်လမ်းတင်ပြုပုံ ရှုထောင့်နှင့် အစားထိုးရန် အိမ်နီးချင်းနိုင်ငံများနှင့် ၎င်းတို့စကားကို နားထောင်သူ မည်သူမဆိုကိုလည်း ဖျောင်းဖျစည်းရုံးရန် ကြိုးစားမည်ဖြစ်သည်။
ထိုသို့သော အရှိန်အဟုန်နှင့် ဖိအားကို အမီလိုက်ရန် တော်လှန်ရေးအင်အားစုများက မည်သည်တို့ကို လုပ်ဆောင်နိုင်မည်နည်း။
တော်လှန်ရေး အင်အားစုများ လက်ရှိထိုးစစ်အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်သည်ဟု ယူဆမည်ဆိုပါက လက်တွေ့မကျသလို အန္တရာယ်လည်း များသည်။ ယခု လွန်စွာ အချိုးအစားမညီသည့် စစ်ရေးစစ်ရာတွင် တော်လှန်ရေး၏ အားသာချက်သည် သေနင်္ဂဗျူဟာအရ စိတ်ရှည်ခြင်း၊ နည်းဗျူဟာအရ အလစ်အငိုက်တိုက်ခြင်းနှင့် စစ်တပ်ကို စစ်မျက်နှာပေါင်းများစွာတွင် ပြန့်ကျဲနေစေခြင်းတို့တွင် ရှိနေသည်။
တော်လှန်ရေး အင်အားစုများသည် ၎င်းတို့၏ ရန်သူကို အားနည်းသည့် နေရာများတွင် မကြာခဏ တိုက်ခိုက်ပြီး သွေးထွက်သံယိုဖြစ်အောင် ဆက်လက်ပြုလုပ်ကာ စစ်တပ်၏ထောက်ပံ့ရေး လမ်းကြောင်းများကို တခုပြီးတခု ဖြတ်တောက်ရမည်ဖြစ်သည့် တပြိုင်တည်း စစ်တပ်၏ အခိုင်အမာ ဒေသများအား တိုက်ခိုက်ခြင်းကို ရှောင်ရှားရမည်ဖြစ်သည်။ စစ်သားတဦးချင်းနှင့် တပ်ဖွဲ့များ တခုလုံးကို ဘက်ပြောင်းရန် အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် သေးငယ်သော အောင်ပွဲများကိုပင် ဆပွားနိုင်သည်။
စစ်မြေပြင်သည်သာ စစ်ကောင်စီကို ဖိအားပေးနိုင်သည့် တခုတည်းသော စစ်မျက်နှာ မဟုတ်ပေ။ အောက်တိုဘာလနှင့် နိုဝင်ဘာလက တော်လှန်ရေး အင်အားစုများ၏ သိသာမြင်သာသော စစ်ရေး အောင်မြင်မှုနောက်ပိုင်း ယခုအခါ တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေး သဘောတူညီချက် တည်ဆောက်ရေး တိုးတက်မှု လိုက်ပါလာရမည် ဖြစ်သည်။
တော်လှန်ရေး အင်အားစုများ၏ စံချိန်သစ်တင်သည့် အောင်မြင်မှုများအပြီးတွင် ရှောင်လွှဲမရသည့် ထိုးစစ်၏ တိတ်ဆိတ်ငြိမ်သက်မှုများ အချိန်တခုအထိ လိုက်ပါလာမည်ဖြစ်သည်။ သို့သော် စစ်မြေပြင်သည်သာ စစ်ကောင်စီကို ဖိအားပေးနိုင်သည့် တခုတည်းသော စစ်မျက်နှာ မဟုတ်ပေ။ အောက်တိုဘာလနှင့် နိုဝင်ဘာလက တော်လှန်ရေး အင်အားစုများ၏ သိသာမြင်သာသော စစ်ရေး အောင်မြင်မှုနောက်ပိုင်း ယခုအခါ တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေး သဘောတူညီချက် တည်ဆောက်ရေး တိုးတက်မှု လိုက်ပါလာရမည် ဖြစ်သည်။
ထိုသံတမန်ရေးထိုးစစ်ကို အလျင်အမြန် စတင်ရမည်။ အသစ်တဖန် ပြည်လည်ကြီးထွားလာသည့် မီဒီယာ အာရုံစိုက်မှုနှင့် အမြင်အယူအဆ ပြောင်းလဲခြင်းသည် အခြေအနေကို ကြိုတင်ပြင်ဆင်ပေးသည်။ ယခုအချိန်သည် ကမ္ဘာ့မြို့တော်များမှ မူဝါဒချမှတ်သူများ၊ မီဒီယာများနှင့် နိုင်ငံခြားရေးရာ သုတေသနအဖွဲ့များအတွက် ယုံကြည်ချက် ပြည့်ဝသည့် သတင်းစကားများနှင့် ဖျောင်းဖျစည်းရုံး ယုံကြည်လောက်သော အာမခံချက်များ ထုတ်ပြန်ပေးရမည့် အချိန်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs) များသည် ဝါရှင်တန်၊ ဘရပ်ဆဲလ်၊ လန်ဒန်၊ နယူးဒေလီ၊ တိုကျို၊ ကင်ဘာရာ၊ ဂျကာတာ၊ ဘန်ကောက်၊ ကွာလာလမ်ပူ စသည်တို့သို့ လည်ပတ်ရေး ပူးတွဲ နိုင်ငံခြားရေးရာအဖွဲ့တခု အလျင်အမြန် ဖွဲ့စည်းသင့်သည်။ ထိုအဖွဲ့သည် ဘေဂျင်းက ဖိတ်ခေါ်ပါက သွားရောက်ရန်လည်း အသင့်ရှိသင့်သည်။
လက်ရှိအချိန်အထိ နိုင်ငံတကာ အသိုက်အဝန်းသည် ၎င်းတို့၏ စွမ်းဆောင်ရည် ကင်းမဲ့မှုနှင့် ကြားဝင်စွက်ဖက်ရန် စိတ်အားထက်သန်ခြင်း မရှိမှုအတွက် အကာအကွယ်အဖြစ် အာဆီယံကို အသုံးပြုနေဆဲဖြစ်သည်။ NUG နှင့် မဟာမိတ်များသည် အာဆီယံ ဦးဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများတွင် ဆက်လက် ပါဝင်သင့်သော်လည်း စေ့စပ်ညှိနှိုင်းမှုဖြစ်လာမည့် မည်သည့်အရာကိုမှ မမျှော်လင့်သင့်ပေ။
မှားယွင်းသော ယူဆချက်များကြောင့် အာဆီယံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ကနဦးကပင် အင်အားချိနဲ့နေသည်။ ၎င်းတို့ ဘုံသဘောတူညီချက် ၅ ချက်၏ ဦးတည်ချက်များသည် ယခုအခါတွင် နေရာမှားနေပြီး ခေတ်မမီတော့သလို ၎င်းတို့၏ မူဘောင်ဖြစ်သည့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးသည် စစ်ကောင်စီက အကြမ်းဖက်မှုလျှော့ချရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ပြည်တွင်း နေရပ်စွန့်ခွာသူများထံ လူသားချင်းစာနာမှုအကူအညီ ပေးခွင့်ပြုရန် ကတိပြုရေးအတွက် စစ်အုပ်စုလွှမ်းမိုးမှုနှင့် ၎င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးညွတ်အရှုံးပေးရန် ဘက်အားလုံးကို တောင်းဆိုသကဲ့သို့ ဖြစ်နေသည်။
အာဆီယံ၏ လုပ်ငန်းစဉ်တွင် နောက်ထပ် သေလောက်သည့် အားနည်းချက်တခု ရှိသေးသည်။ ၎င်း၏ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်သည် စစ်မှန်သော ပါဝင်ပတ်သက်သူများ (တရားဝင်မှုနှင့် ဩဇာအာဏာရှိသူများ) ၏ ကိုယ်စားလှယ်များကို ထိုအချက်နှစ်ချက်လုံး မရှိသည့် မသက်ဆိုင်သူများနှင့် ရောထွေးဆက်ဆံခြင်း ဖြစ်သည်။
ပြင်ပမှ ပတ်သက်သူများဖြစ်သည့် ဂျကာတာ၊ အော်စလို၊ ဗီယန်ကျင်းတို့က လုပ်သည့် လုပ်ငန်းစဉ်ကို ဖိတ်ခေါ်ခံရရန် သို့မဟုတ် ဘန်ကောက် သို့မဟုတ် နယူးဒေလီတွင် ကျင်းပမည့် 1.5 Track ဆွေးနွေးပွဲတွင် ချန်ထားခံရန် စောင့်နေမည့်အစား NUG နှင့် မဟာမိတ် EROs များသည် ၁၀၂၇ စစ်ဆင်ရေး၏ အောင်မြင်မှုများ သြဇာကို သုံးသင့်ပြီး ၎င်းတို့၏ သီးခြားသံတမန်ရေး လမ်းကြောင်းကို ယုံကြည်မှုရှိရှိဖြင့် စတင်ကာ ဆွေးနွေးပွဲမူဘောင်နှင့် မည်သူတို့ တက်ရောက်ရမည်ကို ထိန်းချုပ်သင့်သည်။
၁၀၂၇ နှင့် ၁၁၁၁ စစ်ဆင်ရေး အောင်မြင်မှုများအပြီးတွင် သံတမန်စစ်ဆင်ရေး ၀၁၂၄ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ) က ဆက်လက်လိုက်ပါရမည်ဖြစ်သည်။
၁၀၂၇ နှင့် ၁၁၁၁ စစ်ဆင်ရေး အောင်မြင်မှုများအပြီးတွင် သံတမန်စစ်ဆင်ရေး ၀၁၂၄ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ) က ဆက်လက်လိုက်ပါရမည်ဖြစ်သည်။
ဖက်ဒရယ် ဒီမိုကရက်တစ် မြန်မာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေး စောင့်ဆိုင်းရမည် ဖြစ်သည်။ စစ်ကောင်စီဆန့်ကျင်ရေး မဟာမိတ်တွင် ပါဝင်သည့် အဖွဲ့အစည်းများသည် ၎င်းတို့ပူးပေါင်းတိုက်ပွဲ အောင်မြင်မှုတွင်၊ ဖက်ဒရယ် ဒီမိုကရက်တစ် ပဋိညာဉ်တွင်၊ နွေဦးတော်လှန်ရေး စိတ်ဓာတ်တွင်နှင့် ပြည်သူများ၏ ထောက်ခံမှု၊ ခံနိုင်ရည်ရှိမှုနှင့် ပြန်လည်နိုးထနိုင်စွမ်းရှိမှုမှတဆင့် ၎င်းတို့နေ့စဉ်ရနေသည့် လုပ်ပိုင်ခွင့် အာဏာတို့တွင် ခိုင်မာသော အပြန်အလှန် နိုင်ငံရေး သဘောတူညီမှု ရရှိပြီးဖြစ်သည်။
သို့သော် ပိုမိုရှုပ်ထွေးအဆင့်မြင့်သည့် နိုင်ငံရေး သဘောတူညီမှု လိုအပ်မည်ဖြစ်ပြီး ထိုသဘောတူညီမှုရရန် ဘက်အားလုံး အပေးအယူ အများအပြား ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ မပြီးဆုံးသေးသော စစ်အတွင်း ထိုကိစ္စကို အောင်မြင်အောင်လုပ်ရန် လွယ်ကူမည် မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ ဘက်အမျိုးမျိုးမှ ကိုယ်စားလှယ်များသည် ဘေးကင်းလုံခြုံစွာ တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်သည့်အချက်သည် အရေးကြီးသည့် အချက်တချက်ဖြစ်သည်။
ယခုအချိန်တွင် ဖြစ်နိုင်ခြေရှိပြီး လိုအပ်သည့်အချက်မှာ အသွင်ကူးပြောင်းရေး လမ်းပြမြေပုံကို ပြန်လည်လေ့လာ ဖွင့်ဆိုရန်ဖြစ်သည်။ စက်ဆုတ်မုန်းတီးသော စစ်ကောင်စီကို ဆန့်ကျင်သည့် မြန်မာ့နွေဦးတော်လှန်ရေးသည် နည်းလမ်းများစွာဖြင့် လေးစားစရာကောင်းပြီး သူရဲကောင်း ပီသသည်။
ထိုအတွက် ပါဝင်သူတိုင်းကို အသိအမှတ်ပြုပြီး ချီးကျူးဂုဏ်ပြုသင့်သည်။ အောင်မြင်မှု အများအပြား ရရှိပြီးဖြစ်သည်။ သို့သော် ပကတိအခြေအနေမှာ တော်လှန်ရေးအင်အားစုများ၊ မြန်မာ၏ အိမ်နီးချင်းများနှင့် နိုင်ငံတကာ အသိုက်အဝန်းသည် ဖြစ်နိုင်ခြေရှိသည့် စစ်ကောင်စီပြိုကွဲမှုကြောင့် ထွက်ပေါ်လာမည့် လစ်ဟာနယ်ကို ကိုင်တွယ်ရန် ပြင်ဆင်မထားကြခြင်း ဖြစ်သည်။
စစ်ကောင်စီ ရုတ်တရက် ပြိုလဲပါက မည်သူက အခွင့်အာဏာရယူမည်၊ မည်သူက အပြောင်းအလဲကို စီမံမည်နှင့် ထိုကိစ္စများကို ၎င်းတို့ မည်သို့လုပ်မည်ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ခိုင်မာသော စစ်ရေးပူးပေါင်းဆောင်ရွက်မှု အဆင့်တခုနှင့် နိုင်ငံရေးသဘောတူညီချက်အတွက် အခြေခံအစိတ်အပိုင်းအချို့ ရှိသည်။ သို့သော် စစ်ကောင်စီ ရုတ်တရက် ပြိုလဲပါက မည်သူက အခွင့်အာဏာရယူမည်၊ မည်သူက အပြောင်းအလဲကို စီမံမည်နှင့် ထိုကိစ္စများကို ၎င်းတို့ မည်သို့လုပ်မည်ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ရက်သတ္တပတ်အနည်းငယ်အတွင်း တော်လှန်ရေးအင်အားစု၏ ထူးခြားသော အောင်မြင်မှုများကြောင့် ထိုသို့သော ပြိုလဲမှုအတွက် မည်သူမျှ အငိုက်မမိသင့်ပေ။
NUG နှင့် မဟာမိတ် EROs များသည် ပူးတွဲလမ်းပြမြေပုံတခုကို ရေးဆွဲရမည်ဖြစ်သည်။ NUG, K3C (ကချင်လွတ်လပ်ရေး အဖွဲ့ချုပ်၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားတပ်ဦး) စသည့် အဓိက အင်အားစုများနှင့် လက်ရှိပြည်နယ်အတိုင်ပင်ခံကောင်စီများသည် ထိုလမ်းပြမြေပုံကို ရေးဆွဲပြီး လူသိရှင်ကြား ထောက်ခံအတည်ပြုသင့်သည်။
အကြောင်းကြောင်းကြောင့် နေရာယူလိုခြင်းမရှိသည့် အခြား အင်အားစုများကိုလည်း တိုင်ပင်ညှိနှိုင်းခြင်းနှင့် သဘောတူညီချက် တိတ်ဆိတ်စွာရယူခြင်းတွင် ပါဝင်စေရမည်ဖြစ်သည်။ ထိုလမ်းပြမြေပုံသည် မည်သူတို့က မည်သည့်လူနှင့် လုပ်ငန်းစဉ်အောက်တွင် တာဝန်ခံမည် အပါအဝင် စစ်ကောင်စီပြိုလဲပြီး ၁၂ လတာ ကာလအတွက် အစီအစဉ်များကို ချပြသင့်သည်။
ထိုလုပ်ငန်းစဉ် ပြင်ပမှ ရွေးချယ်ရမည့် ပါဝင်ပတ်သက်မည့် အင်အားစုများလည်း ရှိမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ် ရထားသည် ထိုသူများကို မစောင့်သင့်ဘဲ ယုံကြည်မှုရှိရှိ ကျယ်ကျယ်လောင်လောင် ရှေ့ဆက်ခုတ်မောင်းပြီး အခြားသူများ နောက်ပိုင်းအဆင့်တွင် ပါဝင်ရန် တံခါးဖွင့်ထားပေးရမည် ဖြစ်သည်။
မြန်မာ့ပြည်တွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ရှေ့သို့တွန်းတင်ရန် နိုင်ငံတကာ မျက်နှာစာတွင် သံတမန်ရေး ထိုးစစ်ဆင်သင့်သည်။ နိုင်ငံတကာမှ အဓိက မီဒီယာများမှ အတွေးအမြင် ဆောင်းပါးခေါင်းစည်းများတွင် “မြန်မာစစ်ကောင်စီ အရေးနိမ့်နေပြီ၊ စစ်ကောင်စီပြိုလဲမှုအတွက် အမေရိကန် ပြည်ထောင်စု ကြိုတင်ပြင်ဆင်သင့်သည်”၊ “မြန်မာစစ်ကောင်စီ ပြိုလဲလုနီးနီးဖြစ်နေသည်”၊ “မြန်မာနိုင်ငံ ကျဆုံးနိုင်ငံမဖြစ်ရန် မိမိတို့ ပြင်ဆင်ရမည်”၊ “အိန္ဒိယအနေဖြင့် ရေရှည်အမြင်ဖြင့် စဉ်းစားပြီး ပြန်လည် တွက်ချက်သင့်သည်” နှင့် “မြန်မာစစ်တပ် စစ်ပြီးခေတ်လွန် အနာဂတ်အတွက် ကြိုတင်စဉ်းစားမှုစတင်ရန် အချိန်” စသည်တို့ ဖြစ်သင့်သည်။
မြန်မာနိုင်ငံမှ ဖြစ်ရပ်များအပေါ် အမြင်နှင့် ဖြစ်နိုင်ခြေရှိသော ရလဒ်များသည် အလျင်အမြန် ပြောင်းလဲနေသည်။
၀၁၂၄ သံတမန် စစ်ဆင်ရေးအတွက် အခွင့်အလမ်းကို လက်လွတ်မခံသင့်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar’s Spring Revolution Must Open Two New Fronts to Oust Junta ကို ဘာသာပြန်သည်။)
You may also like these stories:
တပြည်ထောင်စနစ် ပြိုကွဲခြင်းကို တားဆီးမရ
နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေး သက်သက်သာမဟုတ်
NLD ပါတီ၊ CWC နှင့် နွေဦးတော်လှန်ရေး
နွေဦးတော်လှန်ရေးမှာ Strategic Communication အရေးကြီးတယ်