လွန်ခဲ့သော သီတင်းပတ်က မြန်မာစစ်တပ် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော် လောက်ကိုင်တွင် အကြီးအကျယ် ရှုံးနိမ့်သည့်သတင်းသည် နိုင်ငံလွတ်လပ်ရေးနေ့ဖြစ်သော ဇန်နဝါရီလ ၄ ရက်နေ့ အခမ်းအနားကို မှေးမှိန်သွားစေသည်။
ထိုနေ့မတိုင်မီ တရက်ကလည်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ရုရှားလုပ် Mi-17 ဟု ယူဆရသည့် စစ်တပ်ရဟတ်ယာဉ်တစင်းကို ပစ်ချလိုက်ပြီး ထိုရဟတ်ယာဉ်တွင် လိုက်ပါလာသူများ သေဆုံးကြောင်း ကြေညာသည်။
ထိုညတွင် မြန်မာအွန်လိုင်း အသုံးပြုသူများသည် လူမှုကွန်ရက်တွင် ရဟတ်ယာဉ်ပစ်ချခံရခြင်းကို “ငှက်ကင်” အဖြစ် မြိန်ရေရှက်ရေ အောင်ပွဲခံကြသည်။
ပုံမှန်ထောက်ပံ့ပို့ဆောင်ရေး လုပ်နေသည့် ထိုရဟတ်ယာဉ်ကို တရုတ်လုပ် FN-6 လူသယ်ဆောင်နိုင်သော လေကြောင်းကာကွယ်ရေးစနစ် (MANPAD) ဖြင့် ပစ်ချသည်ဆိုသည့် ခန့်မှန်းချက်များ ပျံ့နှံ့ခဲ့သည်။ အသုံးပြုသည့် လက်နက်နှင့်ပတ်သက်ပြီး KIA က မည်သည့်မှတ်ချက်မှ မပေးပေ။
စစ်တပ်သည် တော်လှန်ရေး အင်အားစုများနှင့် အရပ်သားများအပေါ် လေကြောင်းအင်အားအသုံးပြု တိုက်ခိုက်ရာတွင် ညှာတာမှု ကင်းမဲ့သောကြောင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ပစ်ချနိုင်သည့် မြေပြင်မှဝေဟင်ပစ် ကာကွယ်ရေးစနစ်များ တော်လှန်ရေးအင်အားစုကို ထောက်ပံ့ရန် စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများ အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။
စစ်တပ်သည် တော်လှန်ရေး အင်အားစုများနှင့် အရပ်သားများအပေါ် လေကြောင်းအင်အားအသုံးပြု တိုက်ခိုက်ရာတွင် ညှာတာမှု ကင်းမဲ့သောကြောင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ပစ်ချနိုင်သည့် မြေပြင်မှဝေဟင်ပစ် ကာကွယ်ရေးစနစ်များ တော်လှန်ရေးအင်အားစုကို ထောက်ပံ့ရန် စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများ အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။
ထိုရဟတ်ယာဉ်ပစ်ချခြင်းသည် ကချင်ပြည်နယ်တွင် ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ မေလတွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ တိုက်ပွဲတခုအတွင်း စစ်တပ်ရဟတ်ယာဉ် တစီးကို ပစ်ချခဲ့သည်ဟု KIA က ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီနောင်မဟာမိတ်အဖွဲ့က ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီကို ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နှစ်ပတ်အကြာ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီ (ကယား) ပြည်နယ်မှ စစ်ကောင်စီနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တရုတ်လုပ် K-8 W ဂျက်တိုက်လေယာဉ်တစင်းကို ပစ်ချခဲ့ကြောင်း ၎င်းတို့၏ သီးခြားထိုးစစ်ဖြစ်သည့် ၁၁၁၁ စစ်ဆင်ရေး လုပ်ဆောင်နေသည့် ကရင်နီ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက ကြေညာသည်။ နောက်တပတ်ကြာသောအခါ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများသည် ထိုလေယာဉ်မှ လေထီးဖြင့် ခုန်ထွက်လာသည့် လေယာဉ်မှူး နှစ်ဦးအနက် တဦးဖြစ်သော ဗိုလ်မှူး ခိုင်သန့်မိုးကို ဖမ်းမိသည်။
ထို့နောက် လွန်ခဲ့သောအပတ်တွင် သတင်းခန်းမှ အများအပြား ကြိုတင် ဟောကိန်းထုတ်ခဲ့သည့်အတိုင်း လောက်ကိုင်သည် ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်များလက်သို့ ကျရောက်သွားသည့်သတင်းကို မိမိတို့ ဧရာဝတီက ဖော်ပြခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ပြီးနောက် တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ အတွဲလိုက်ပစ် ဒုံးကျည်များ၊ ဟောင်ဝစ်ဇာ အမြောက်များ၊ ထောင်ပေါင်းများစွာသော ခဲယမ်းများနှင့်အခြားလက်နက်များကို သိမ်းဆည်းနိုင်ခဲ့သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် ညီနောင် မဟာမိတ်အဖွဲ့သည် တော်လှန်ရေးအင်အားစု အများအပြားနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ပြီးနောက် တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ အတွဲလိုက်ပစ် ဒုံးကျည်များ၊ ဟောင်ဝစ်ဇာ အမြောက်များ၊ ထောင်ပေါင်းများစွာသော ခဲယမ်းများနှင့်အခြားလက်နက်များကို သိမ်းဆည်းနိုင်ခဲ့သည်။
တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို နမ့်ဆမ်တွင် ဒီဇင်ဘာလအတွင်း TNLA က ဖမ်းမိပြီး သူသည် လက်ရှိအချိန်အထိ ဖမ်းမိသည့်စစ်ဗိုလ်များတွင် ရာထူးအမြင့်ဆုံးသူ ဖြစ်လာသည်။ တော်လှန်ရေး အင်အားစုများသည် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ စစ်တပ်၏ စခန်းကြီး၊ စခန်းငယ် ၄၀၀ ကျော်ကို သိမ်းပိုက်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန် ငါးခုကို ထိန်းချုပ်လိုက်သည်။ ဇန်နဝါရီလ ၈ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း တခုတည်းတွင် မဟာမိတ်များ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၁၆ မြို့ ရှိသည်။
လောက်ကိုင်တွင် စစ်ကောင်စီစစ်သား ၂,၁၀၀ ကျော်၊ ဗိုလ်မှူးချုပ် ခြောက်ဦး၊ အခြားအရာရှိ ၂၂၈ ဦးနှင့် စစ်သားမိသားစုဝင် ၁,၆၀၀ ကျော် ကိုးကန့်ဇုန်မှ MNDAA ထံတွင် လက်နက်ချသည်။ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တိုက်ခိုက်သိမ်းပိုက်ခံရပြီး ပထမဆုံးကျဆုံးသည့် ဒကစ ဖြစ်လာသည်။ လက်နက်ချသည့် စစ်သားစုစုပေါင်း ၃,၉၉၀ ရှိသည်။ ကိုးကန့်ဒေသတခုလုံးကို MNDAA က “စစ်ကောင်စီကင်းမဲ့ဇုန်” အဖြစ် ကြေညာပြီး စစ်အာဏာရှင်စနစ် နိဂုံး၏ နိဒါန်းဖြစ်ကြောင်း ပြောသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ရက်ပေါင်း ၇၀ ကျော်မျှအတွင်း လက်နက်ချသည့်စစ်သား ၄,၀၀၀ ကျော် ရှိသည်ဟု ခန့်မှန်းရသည်။
လောက်ကိုင်ဌာနချုပ် လက်နက်ချရန်အမိန့်သည် နေပြည်တော်မှလာခြင်း ဖြစ်သော်လည်း ထိုအမိန့် မည်သူပေးသည်ကို ရှင်းလင်းစွာ မသိရပေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ကိုယ်တိုင် အမိန့်ပေးသလော သို့မဟုတ် သူ၏လက်ထောက် ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက အမိန့်ပေးသလော ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ထိုထိပ်သီးဗိုလ်ချုပ် နှစ်ယောက်သည် တဦးနှင့်တဦး သဘောတွေ့ခြင်း မရှိကြပေ။ ထိုနေ့သည် နေပြည်တော်မှ ထိပ်တန်း တပ်မှူးများအတွက် ပျော်ရွှင်ဖွယ်နေ့ မဟုတ်ပေ။
လောက်ကိုင်ကို လက်လွှတ်ဆုံးရှုံးရခြင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးမားဆုံး ဆုံးရှုံးမှုသာမက မြန်မာစစ်တပ် ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံး စစ်ရေးရှုံးနိမ့်မှုလည်း ဖြစ်သည်။
လောက်ကိုင်ကို လက်လွှတ်ဆုံးရှုံးရခြင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးမားဆုံး ဆုံးရှုံးမှုသာမက မြန်မာစစ်တပ် ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံး စစ်ရေးရှုံးနိမ့်မှုလည်း ဖြစ်သည်။
စစ်တပ်အပေါ် ပြည်သူလူထုက စာနာသနားမှု မရှိဘဲ တရုတ်သြဇာ မကင်းသော တိုင်းရင်းသားတပ်များဖြစ်သည့် ညီနောင်မဟာမိတ်အဖွဲ့က စစ်တပ်ကောင်စီတပ်များကို ချေမှုန်းလိုက်သည်ဟု ရန်ကုန်တွင် တီးတိုးပြောနေကြသည်။ လက်တွေ့တွင်လည်း MNDAA သည် တရုတ်နှင့် ချစ်ကြည်ရင်းနှီးမှု ရရှိနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။
ထိုသို့ဆိုသော်လည်း နေပြည်တော်ရှိ စစ်ကောင်စီကို တိုက်ခိုက်လိုသူ မည်သူမဆိုသည် မြန်မာပြည်သူ အများစု၏ ခြွင်းချက်မရှိ ထောက်ခံမှု ရမည်ဖြစ်သည်။
စစ်ကောင်စီစစ်သားများသည် တိုက်ခိုက်ရန် ဆန္ဒမရှိဘဲ အလျှော့ပေးပြီး အလံဖြူသာ ထောင်ကြကြောင်း စစ်ရေး သုံးသပ်သူများနှင့် ဘက်ပြောင်းလာသည့် စစ်အရာရှိများက ပြောသည်။
စစ်ကောင်စီသည် အဆင့်မြင့်လက်နက်များနှင့် လေကြောင်းစွမ်းအား ရှိသော်လည်း လက်ရှိ အချိန်အထိ တပ်ကူပေးပို့ခြင်း သို့မဟုတ် ဆုံးရှုံးသွားသော စခန်းများကို ပြန်လည်သိမ်းပိုက်ခြင်း မလုပ်နိုင်သေးပေ။ သို့သော် ရက်စက်ကြမ်းကြုတ်သော တပ်မှူးများသည် အပြစ်မဲ့ အရပ်သားများနှင့် ကျေးရွာများကို ဆက်လက် ဗုံးကြဲတိုက်ခိုက်နေသည်။
ရှမ်းပြည်မြောက်ပိုင်းမှ မကြာသေးမီက တိုက်ပွဲများကို ကြည့်ပါက မြန်မာစစ်တပ်သည် အကြီးအကျယ် ကျဆုံးနေကြောင်း အလွယ်တကူ တွေ့မြင်နိုင်သည်။
တော်လှန်ရေးတပ်များက ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှ သံဘိုကျေးရွာကို သိမ်းယူသောအခါ ထိုစခန်းမှ တပ်ရင်းမှူးသာမက ဦးဆောင်ရန် တာဝန်ပေးခံထားရသူ အများအပြားသည် မည်သည့် တိုက်ပွဲအတွေ့အကြုံမှ မရှိကြောင်း သိရသည်။
သူ၏ကွပ်ကဲမှုအောက်မှလူများသည် စစ်ဝတ်စုံ အမျိုးမျိုးနှင့် လက်မောင်းတံဆိပ် အမျိုးမျိုး ဖြစ်နေသည်ကိုလည်း တွေ့ရသောကြောင့် စစ်ကောင်စီသည် ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်များကိုသာမက မီးသတ်ဌာနနှင့် လက်နက်စက်ရုံမှ ဝန်ထမ်းတပ်များကို ရှေ့တန်းသို့ စေလွှတ်လိုက်ကြောင်း ဖော်ပြနေသည်။ စစ်ကောင်စီ၏ စုပေါင်းစပ်ပေါင်း “ကော့တေးစစ်တပ်” သည် ကျဆုံးရမည်သာ။
AA သည် မြို့များကို သိမ်းပိုက်ထားပြီး စစ်စခန်းများကို တိုက်ခိုက်နေသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီစခန်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားကြောင်း AA က ပြောသည်။ ဇန်ဝါရီလ ၇ ရက်နေ့တွင် မြောက်ဦးမှ စစ်ကောင်စီစစ်သား ၁၀၀ ကျော်နှင့် ကျောက်တော်မြို့နယ်မှ စစ်သား ၂၀၀ ကျော် လက်နက်ချသည်။
တော်လှန်ရေးထိုးစစ်သည် အထက်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များသို့ ပျံ့နှံ့လာသည်။ AA သည် ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ်များကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ AA သည် မြို့များကို သိမ်းပိုက်ထားပြီး စစ်စခန်းများကို တိုက်ခိုက်နေသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီစခန်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားကြောင်း AA က ပြောသည်။ ဇန်ဝါရီလ ၇ ရက်နေ့တွင် မြောက်ဦးမှ စစ်ကောင်စီစစ်သား ၁၀၀ ကျော်နှင့် ကျောက်တော်မြို့နယ်မှ စစ်သား ၂၀၀ ကျော် လက်နက်ချသည်။
သို့သော် တောင်ပိုင်းမှ ကရင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) သည် လက်နက်ခဲယမ်းနှင့် ညှိနှိုင်းဆောင်ရွက်မှု မရှိဖြစ်နေပြီး ကရင်ပြည်နယ် သို့မဟုတ် နေပြည်တော်အနီးမှ သေနင်္ဂဗျူဟာကျသည့် စခန်း အများအပြားကို မသိမ်းပိုက်နိုင်သေးပေ။ (ပိုမို ကျစ်လစ်သိပ်သည်းအောင်လုပ်ပြီး ထပ်မံတွန်းအားပေး တိုက်ခိုက်ရန် ခဲယမ်း၊ ဒရုန်းနှင့် လက်နက်များ ပိုမိုလိုအပ်ကြောင်း ၎င်းတို့က ပြောသည်။)
စစ်ကောင်စီသည် တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဂျက်တိုက်လေယာဉ်များ အပါအဝင် ၎င်းတို့၏ စစ်လက်နက်ပစ္စည်းများကို ဆက်လက် ဖြန့်ကြက်နေပြီး စစ်ကိုင်း၊ မကွေးတိုင်းများနှင့် ကရင်၊ ကရင်နီ ပြည်နယ်များမှ သာမန်ပြည်သူများကို ဆက်လက် ခြိမ်းခြောက်နေသည်။
ကရင်နီပြည်နယ်မှ တော်လှန်ရေးတပ်များသည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်။ ကရင်နီပြည်နယ်သည်လည်း နေပြည်တော်နှင့်နီးသော ပြည်နယ်ဖြစ်သည်။ တော်လှန်ရေးအင်အားစုများ ထပ်မံတွန်းအားပေး တိုက်ခိုက်နိုင်မည်လားဟု မေးစရာရှိသည်။
၁၀၂၇ စစ်ဆင်ရေး ပြီးဆုံးမည့် အဆိုပြုရက်စွဲ မကြေညာသေးသော်လည်း ယခုအခြေအနေတွင် ရပ်စဲမည့် သဘော မရှိသေးပေ။
ပြည်သူလူထုထံမှ စာနာသနားမှုနှင့် ထောက်ခံမှုမရသည့်အပြင် စစ်တပ်သည် လူသစ်စုဆောင်းရေး၊ တပ်တွင်းမုန်းတီးမှု၊ တပ်မှထွက်ပြေးခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်း စသည့် ကြီးမားသောပြဿနာများ ရင်ဆိုင်နေရသည်။
မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်များက သေနင်္ဂဗျူဟာကျသော မြို့များ၊ မြို့ကြီးများနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကို သိမ်းပိုက်မှုအား ပိုမိုကျစ်လစ်ခိုင်မာအောင် ဆက်လက် လုပ်ကိုင်နေကြသည်။ နောက်လာမည့် ပစ်မှတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ အကြီးဆုံးမြို့နှင့် စစ်ကောင်စီ၏ ဒေသတွင်း အဓိကခြေကုပ်စခန်း ဖြစ်သည့် လားရှိုးဖြစ်သည်ဟု လေ့လာသူများ ပြောသည်။
ပြည်သူလူထုထံမှ စာနာသနားမှုနှင့် ထောက်ခံမှုမရသည့်အပြင် စစ်တပ်သည် လူသစ်စုဆောင်းရေး၊ တပ်တွင်းမုန်းတီးမှု၊ တပ်မှထွက်ပြေးခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်း စသည့် ကြီးမားသောပြဿနာများ ရင်ဆိုင်နေရသည်။
မတ်စောက်သော တောင်စောင်းတွင် ထိန်းချုပ်မရတော့ဘဲ တဟုန်ထိုး ဆင်းနေသည့် ဘီးပေါက်နေသော ထရပ်ကားအိုကဲ့သို့ စစ်တပ် သို့မဟုတ် ပြည်သူက လှောင်ပြောင်ခေါ်သည့် အမည်အရ “အလံဖြူတပ်” အတွက် ဆိုးရွားသည့် ကံကြမ္မာကို အထင်အရှား မြင်တွေ့နေရပြီ ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Myanmar’s ‘White Flag Military’ in Chaos in Northern Shan State ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်
၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာတွင် ဗဟိုဖြန့်ထွက်စနစ်သစ် လိုအပ်
မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ
လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့
စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ