• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကုသိုလ် တပဲ၊ ငရဲ တပိဿာနဲ့ အကုသိုလ် ဘုရားဒကာကြီး

by ဥသြ
26 January 2024
in သူ့အတွေး သူ့အမြင်
A A
ကုသိုလ် တပဲ၊ ငရဲ တပိဿာနဲ့ အကုသိုလ် ဘုရားဒကာကြီး

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်း သက်တမ်းတလျှောက် ဖြစ်ဖြစ်မြောက်မြောက် ရုပ်လုံးပေါ်တာဆို၍ ၈၁ ပေ မြင့် ဆင်းတုတော်ကြီး တဆူသာ ရှိသည်

8.6k
VIEWS
Share on FacebookShare on Twitter

၁၀၂၇ စစ်ဆင်ရေးကစပြီး စစ်စခန်းတွေ၊ မြို့တွေ တခုပြီးတခု အသိမ်းခံရနေချိန်မှာတောင် စစ်ခေါင်းဆောင် မင်အောင်လှိုင်က နေပြည်တော်ရှိ သူတည်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ မသိုးသင်္ကန်းယက်ပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲနဲ့ ဆီမီးထွန်းပွဲတွေကို သုံးရက် ဆက်တိုက် ပြုံးပြုံးပျော်ပျော် တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ် အစောပိုင်းကစလို့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဘုရားတွေရဲ့ ဂေါပကအဖွဲ့ဝင်တွေကို တိုင်းအလိုက်၊ ပြည်နယ်အလိုက် သူတည်ခဲ့တဲ့ ဘုရားကို ဘုရားဖူးခရီး ပို့ပေးလျက်ရှိပါတယ်။ စီးပွားရေးလည်း ဂျုံးဂျုံးကျ၊ နိုင်ငံရေးဘောင်လည်း ကျဉ်းသထက် ကျဉ်းလာ၊ စစ်ဘောင်ကလည်း ကျယ်လာတဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်း သက်တမ်းတလျှောက် ဖြစ်ဖြစ်မြောက်မြောက် ရုပ်လုံးပေါ်တာဆိုလို့ ဒီ ၈၁ ပေ မြင့်တဲ့ ဆင်းတုတော်ကြီး တဆူပဲရှိတယ်လို့ ပြောရမလိုပါပဲ။

RelatedPosts

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
1.8k
မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
413
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.4k

စစ်‌ခေါင်းဆောင်က အာဏာမသိမ်းခင်ကတည်းက ပြုခဲ့တဲ့ မကောင်းမှု အကုသိုလ် အစုစုအတွက်ရော နိုင်ငံရေးနဲ့ စစ်ရေးအရ ကျရှုံးမှုအတွက်‌ပါ စိတ်ဖြေရာရှာ ဘုရားတည်လိုက်၊ ထီးတင်လိုက် လုပ်နေပေမယ့် ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ရှုံး၊ နိုင်ငံရေးအရလည်း စုံးစုံးမြုပ်၊ ပြုခဲ့တဲ့ အကုသိုလ် အကျိုးဆက် ဒုဂ္ဂတိကိုလည်း မရှောင်နိုင် ဖြစ်နေပါပြီ။

စီးပွားရေးလည်း ဂျုံးဂျုံးကျ၊ နိုင်ငံရေးဘောင်လည်း ကျဉ်းသထက် ကျဉ်းလာ၊ စစ်ဘောင်ကလည်း ကျယ်လာတဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်း သက်တမ်းတလျှောက် ဖြစ်ဖြစ်မြောက်မြောက် ရုပ်လုံးပေါ်တာဆိုလို့ ၈၁ ပေ မြင့်တဲ့ ဆင်းတုတော်ကြီး တဆူပဲရှိတယ်။

မင်းအောင်လှိုင်က စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကြုံချိန် အခုနှစ်ဆန်းပိုင်းမှာလည်း ပျဉ်းမနားမြို့ မြို့တော်ထိပ်ပန် မင်္ဂလာစေတီတော်ကို ထီးတော်တင်တာ၊ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာက နေပန်လပန် ရှေးဟောင်းစေတီတော် ထီးတော်တင်တာတွေလည်း ရက်ဆက် လုပ်ခဲ့ပါသေးတယ်။

ပြီးတော့ သူတည်တဲ့ မာရဝိဇယ ဘုရားကြီးကိုလည်း လူအများကြည်ညိုနိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေကနေ နေ့စဉ်ရက်ဆက် ဘုရားဖူးဖိတ်ခေါ်တာ၊ ဘုရားဖူးတွေရဲ့ အလှူငွေထည့်ဝင်မှု မှတ်တမ်းကို အခန်းဆက်နဲ့‌ ဖော်ပြတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျိုင်းတုံတွင် မဟာမြတ်မုနိဘုရားကို စိန်ဖူးတော်တင်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ အခါတော်ပေး ဝစီပိတ်ဆရာတော် ဦးကောဝိဒ

ဒါ့အပြင် စစ်ရှုံးနေတဲ့ ရှမ်းပြည်နယ်ရှိ ရွှေဘုန်းပွင့်ဘုရားက တရုတ်စစ်သူကြီးရုပ်တု အဆောင်အယောင်များ အကုန်ဖယ်ရှားတာ၊ မြောက်ပိုင်း သုံးဖွဲ့ကို အရှုံးကြီး ရှုံးလို့ မျောက်သုံးကောင်ပုံ ဇောက်ထိုးထားလို့ ယတြာချေတာ စသဖြင့် အစုံကို သူစိတ်ဖြေရာ စိတ်ထွက်ပေါက် အကုန်လုပ်ဆောင်ခဲ့ပါတယ်။

ဘုရားတည်၊ ကျောင်းဆောက်တာနဲ့ ပတ်သက်ရင် အကြောင်းရင်းနှစ်ခု ရှိနိုင်ပါတယ်။ တခုက တဖက်လှည့်နဲ့ သာသနာပြုမင်းဟန်ဆောင် တရားဝင်မှု (Legitimacy) တည်ဆောက်တာနဲ့ ပြုခဲ့တဲ့အကုသိုလ်ရဲ့ အကျိုးပေးကို ကြောက်လို့ ကုသိုလ် တ‌ပွေ့တပိုက်လုပ် ချေဖျက်ဖို့ ကြိုးစားဟန်တူပါတယ်။

အာဏာရှင်တွေ ဘုရားတည် သာသနာပြုမင်းဘွဲ့ခံတာက သာဓကများစွာ ရှိပါတယ်။ ဦးနေဝင်းက မဟာဝိဇယစေတီတော်၊ ဦးသန်းရွှေက အင်းစိန်က ကျောက်တော်ကြီးဘုရားနဲ့ နေပြည်တော်က ဥပ္ပါတသန္တိစေတီတော်၊ ဗိုလ်ခင်ညွန့်က စွယ်တော်မြတ်စေတီတော် စသဖြင့် ဘုရားတွေတည် သာသနာတွေပြုလို့ တိုင်းပြည်ကို စောင့်ရှောက်ပါတယ်ဆိုကြတာက အာဏာရှင်တွေရဲ့ လှည်းစားတဲ့ပရိယာယ် ဖြစ်ခဲ့တာပါ။

နိုင်ငံ‌တော်အာဏာကို မတရားယူထားတာပေမဲ့ တဖက်လှည့် တရားဝင်မှု (Legitimacy) ရဖို့ ဘုရားတည် သာသနာပြုမင်း ခံယူသလား စဉ်းစားစရာပါပဲ။ အာဏာရှင်တွေ ဘုရားတည် သာသနာပြုမင်းဘွဲ့ခံတာက သာဓကများစွာ ရှိပါတယ်။ ဦးနေဝင်းက မဟာဝိဇယစေတီတော်၊ ဦးသန်းရွှေက အင်းစိန်က ကျောက်တော်ကြီးဘုရားနဲ့ နေပြည်တော်က ဥပ္ပါတသန္တိစေတီတော်၊ ဗိုလ်ခင်ညွန့်က စွယ်တော်မြတ်စေတီတော် စသဖြင့် ဘုရားတွေတည် သာသနာတွေပြုလို့ တိုင်းပြည်ကို စောင့်ရှောက်ပါတယ်ဆိုကြတာက အာဏာရှင်တွေရဲ့ လှည်းစားတဲ့ပရိယာယ် ဖြစ်ခဲ့တာပါ။

စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီနိုင်ငံက အစိုးရတွေလို ရွေးကောက်ပွဲက အပ်နှင်းတဲ့ တရားဝင်မှု မရှိသလို မြန်မာ့ခေတ်အဆက်ဆက် အာဏာရှင်တွေက ပုဂ္ဂိုလ်ရေး သြဇာတိက္ကမ ထူထောင်ပြီး တရားဝင်မှု တည်ဆောက်နိုင်လောက်တဲ့ အရည်အချင်းလည်း ရှိမနေကြပါဘူး။ အဲဒီတော့ နိုင်ငံတည်ရာသမိုင်းကို ပုဂံခေတ်အထိ ဆွဲဆန့်လို့ သာသနာပြုမင်းတွေသာလျှင် တိုင်းပြည်ကို အုပ်စိုးထိုက်တယ်၊ သာသနာသာ သေချာပြုရင် ပြည်သူကို ကိုယ်စိတ်နှလုံး မချမ်းမြေ့အောင်လုပ်ရင်တောင် အုပ်ချုပ်ထိုက်တယ်ဆိုတဲ့ ယုံတမ်းတွေကို သယ်လာပြီး တရားဝင်မှု တည်ဆောက်ကြပါတယ်။

မင်းအောင်လှိုင်လည်း အလားတူပဲ သာသနပြုမင်းဘွဲ့ခံ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီး တည်ပြီး ဘုရားဒကာ၊ သာသနာ့ဒါယကာအဖြစ် ခံယူကာ တိုင်းပြည်ကို အုပ်ချုပ်ထိုက်သူဖြစ်ကြောင်း သက်သေထူပြနေပါတယ်။ ဒါပေမဲ့ သောကဗျာပါဒ ဝေနေတဲ့ ပြည်သူတွေကတော့ လက်မခံနိုင်သလို သာဓုလည်း မခေါ်နိုင်ကြပါဘူး။

စစ်ခေါင်းဆောင်ရဲ့ စေတီတည်ရခြင်း ရည်ရွယ်ချက်မှာ တရားဝင်မှု တည်ဆောက်ရေးအပြင် တခြားရည်ရွယ်ချက် တခုလည်း ရှိနေဟန် တူပါတယ်။ မင်းအောင်လှိုင်က ပြည်သူတိုက်တဲ့ ကျိန်စာမိနေတာကြောင့် ပလ္လင်ပေါ် ထိုင်နေလည်း စိတ်ချမ်းမြေ့ပုံ မပေါ်ပါဘူး။ အကြောင်းက သင်းအနေနဲ့ မာရဝိဇယကြီးတည်၊ ရှေးဘုရား၊ တန်ခိုးကြီးဘုရားတွေ ထီးလိုက်တင်၊ အခါတော်ပေးဆရာပြောတဲ့ ယတြာချေလိုက်နဲ့ အာဏာမသိမ်းခင်ကနေ ဒီနေ့အထိ သူပြုခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံကို ကုသိုလ်ပြုရင်း ချေချင်ဟန် တူပါတယ်။

ဘာကြောင့် ဒီလိုဆိုရသလဲဆိုရင် မင်းဆရာ သီတဂူဆရာတော် ကိုယ်တိုင်က အကုသိုလ်ကို ကုသိုလ်နဲ့ ချေရင် ကျေသယောင်ယောင် လမ်းကြောင်းနေလို့ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ခေါင်းဆောင် ကိုးကွယ်တဲ့ မင်းဆရာတွေထဲမှာ သီတဂူဆရာတော်၊ ဓမ္မဒူတ ဥူးဆေကိန္ဒနဲ့ ဝစီပိတ်ဆရာတော်တို့က ရှေ့ဆုံးက ပါပါတယ်။

သီတဂူဆရာတော်က ဒုဋ္ဌဂါမဏိဘုရင်ကြီးအကြောင်း တွင်တွင်ဟောပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးအားမြှောက် အမြဲလုပ်လေ့ရှိပါတယ်။ သီတဂူဆရာတော်က ဘုရင်ကြီးကို သာသနာပြန့်ပွားရေးအတွက် စစ်‌တိုက်တဲ့ သာသနာပြုမင်းအဖြစ် ပုံဖော်ပါတယ်။

သီတဂူဆရာတော်က ဒုဋ္ဌဂါမဏိဘုရင်ကြီးအကြောင်း တွင်တွင်ဟောပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို စိတ်ပိုင်းဆိုင်ရာ အားပေးအားမြှောက် အမြဲလုပ်လေ့ရှိပါတယ်။ သီတဂူဆရာတော်က ဘုရင်ကြီးကို သာသနာပြန့်ပွားရေးအတွက် စစ်‌တိုက်တဲ့ သာသနာပြုမင်းအဖြစ် ပုံဖော်ပါတယ်။ ဒုဋ္ဌဂါမဏိဘုရင်ကြီး စစ်ပွဲမှာ သတ်ခဲ့တဲ့လူတွေဟာ သရဏဂုံ သုံးပါးမတည်တဲ့ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လို့ အပြစ်မရှိဘူးလို့ ရဟန္တာကြီးတွေ ညသန်းခေါင်ယံကြွလာပြီး ပြောတယ်ဆိုပြီး တရားဟောခဲ့လို့ လူထုဝေဖန်တာ ခံခဲ့ရဖူးပါတယ်။

မင်းအောင်လှိုင် ကိုးကွယ်သည့် သီတဂူဆရာတော်နှင့် ဝစီပိတ်ဆရာတော်တို့ကို ကျိုင်းတုံ စေတီဌာပနာပွဲတွင် တွေ့ရစဉ်

အဲဒီတရားထဲက ထင်ရှားတာ ပြောရရင် “သံဃာနဲ့စစ်တပ်၊ စစ်တပ်နဲ့သံဃာ ဟန်ချက်ညီနေတာ သိပ်အားရစရာ ကောင်းတယ်” လို့ တွင်တွင်ကြီး ဓမ္မပလ္လင်ထက်ကနေ အဓမ္မရေပူတွေ တိုက်ကျွေးတာပါပဲ။ ဒါပေမဲ့ လူထု သတိမထားမိတဲ့ အပိုင်းတခု ကျန်ခဲ့ပါသေးတယ်။ အဲဒါက မင်းအောင်လှိုင် ၈၁ ပေ အမြင့်ရှိတဲ့ ဘုရားကြီး တည်တာနဲ့လည်း ဆက်စပ်ပါတယ်။ သီတဂူဆရာတော်က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတုန်းက ကျောက်ဆည်မှာ ၂၄ ကြိမ်မြောက် သီတဂူ ဆန်အလှူတော် အထိမ်းအမှတ်နဲ့ ဒုဋ္ဌဂါမဏိဘုရင်ကြီး အကြောင်းပဲ တရားတပုဒ် ထပ်ဟောခဲ့ဖူးပါတယ်။

တရားအပြည့်အစုံကို အနှစ်ချုပ်ရရင် ဒုဋ္ဌဂါမဏိဘုရင်ကြီးက စစ်ပွဲမှာ လူတွေ ထောင်ပေါင်းများစွာ သတ်ခဲ့လို့ သောကဗျာပါဒ ဝေနေချိန် မင်းဆရာ ရဟန္တာကြီးတွေက ကုသိုလ်ပြုဖို့ စေခိုင်းပါတယ်။ ဒါကြောင့် ဘုရင်ကြီးက စေတီတွေတည်၊ အလှူတွေလုပ်၊ ကျောင်းတွေဆောက် လုပ်ရင်း မဟာဝိဟာရအမည်ရတဲ့ ကျောင်းတိုက်ကြီးရယ်၊ စစ်ကိုင်း‌က ကောင်းမှူတော်နဲ့ အလားသဏ္ဍာန်တူတဲ့ မဟာစေတီကြီးကို တည်ထားခဲ့ပါတယ်။

မူးကြီးမတ်ရာတွေက ဘုရင်ကြီး နာမကျန်းနဲ့ သေအံ့မူးမူးအချိန်မှာ သူတည်တဲ့ခဲ့ မဟာစေတီကြီးရဲ့ ရင်ပြင်တော်ပေါ်ကို ခေါ်ပြီး ကုသိုလ်စိတ်ပွားခိုင်းပါတယ်။ သာသနာဝန်က ဘုရင်ကြီး ပြုခဲ့သမျှ ကုသိုလ်စာရင်းကို အသေးစိတ် ရွတ်ပြပြီး ကုသိုလ်စိတ် ပွားခိုင်းပါတယ်။ မဟာစေတီကြီး တည်တဲ့ကုသိုလ်ကို ဖတ်ပြချိန်မှာ ဘုရင်ကြီးက ပီတိတွေဖြစ်ပြီး အသက်ဆုံးတာ‌ကြောင့် သုဂတိ ကောင်းရာကို ရောက်တယ်လို့ သီတဂူဆရာတော်က ဟောပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ လူသတ်သတ်၊ ကောင်းမှုအကြီးကြီး တခုခုပြုပြီး သေအံ့မူးမူးမှာ အဲဒီကောင်းမှုကို အာရုံပြုရင် သုဂတိလားနိုင်တယ်လို့ ဆိုသလိုပါပဲ။

မင်းအောင်လှိုင်က အာဏာမသိမ်းခင်ကလည်း ရိုဟင်ဂျာတွေကို သတ်မိန့်ပေး၊ အာဏာသိမ်းပြီးတော့လည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ဦးခေါင်းတည့်တည့် ပစ်ခတ်ဖြိုခွင်း၊ ရွာတွေ မီးရှို့၊ လေယာဉ်နဲ့ ဗုံးကြဲ အကုသိုလ် အစုစု ပြုခဲ့ပေမဲ့ မင်းဆရာ သီတဂူဟောသလို မာရဝိဇယကြီး တည်ပြီး သေခါနီး အဲဒီကုသိုလ်ကို အာရုံပြုလို့ အပါယ်လားမယ့်အရေးကို ရှောင်လိုပုံရပါတယ်။

မကောင်းမှုလုပ်ပြီးတိုင်း ကောင်းမှုတခုပြုလို့ ကျေနိုင်ပါရဲ့လား။ လူအများစု စဉ်းစားလေ့ရှိတာက ကုသိုလ်နဲ့ အကုသိုလ်ကို သင်္ချာသဘော အပေါင်းနဲ့ အနုတ်တွေလို မြင်လေ့ရှိကြပါတယ်။ ကုသိုလ်က အပေါင်းလက္ခဏာ၊ အကုသိုလ်က အနုတ်လက္ခဏာ။ ကိုယ့်မှာ အနုတ်တွေများနေရင် ကောင်းတာတွေလုပ်လို့ အပေါင်းကိန်းဂဏန်းတွေ ယူလိုက်ပြီး ကျေစေပေါ့။

လွယ်လွယ်ပဲ သဘောပေါက်ထားကြသူတွေ အနေနဲ့ ပြုမှားမိခဲ့သမျှ အပြစ်တွေကျေဖို့ လူကြီးသူမတွေ အပါအဝင် ကိုယ့်ထက်ကြီးမြတ်သူတွေကို ရှိခိုးဝတ်ချ ကန်တော့တာ၊ ဘုရားရှေ့မှာ ဝန်ချတောင်းပန် တာတွေကစလို့ အလှူပေးတာက အစ၊ ငါးလွှတ်၊ ငှက်လွှတ်တာ အလယ်၊ ဓာတ်ရိုက်ဓာတ်ဆင်နဲ့ ယတြာချေတာတွေအဆုံး လုပ်တတ်ကြပါတယ်။

ဒီလိုပဲ လွယ်လွယ်ပဲ သဘောပေါက်ထားကြသူတွေ အနေနဲ့ ပြုမှားမိခဲ့သမျှ အပြစ်တွေကျေဖို့ လူကြီးသူမတွေ အပါအဝင် ကိုယ့်ထက်ကြီးမြတ်သူတွေကို ရှိခိုးဝတ်ချ ကန်တော့တာ၊ ဘုရားရှေ့မှာ ဝန်ချတောင်းပန် တာတွေကစလို့ အလှူပေးတာက အစ၊ ငါးလွှတ်၊ ငှက်လွှတ်တာ အလယ်၊ ဓာတ်ရိုက်ဓာတ်ဆင်နဲ့ ယတြာချေတာတွေအဆုံး လုပ်တတ်ကြပါတယ်။

ကံတွေဟာ အပေါင်းကိန်းနဲ့ အနုတ်ကိန်းတွေလို တခုနဲ့တခု ချေသွား၊ ကျေသွားတယ်ဆိုတာ မရှိပါဘူး။ အခွင့်အခါသင့်ချိန်မှာ ပြန်ပေါ်လာတတ်တာပါ။ အလှည့်မကြုံလို့ အချိန်အခါမသင့်လို့ အကျိုးပြန် မခံစားရတာပဲ ရှိတာပါ။ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်ပါ။ ဒီနေရာမှာ အကျိုးပေးမှု၊ မပေးမှုဆိုတာတွေကိုလည်း တစုံတယောက် (တန်ခိုးရှင်) က ဆုံးဖြတ်ပေးနေတာ မဟုတ်ပါဘူး။ သူ့သဘောသူဆောင်တယ် ပြောရမလား၊ သဘာဝနိယာမကိုက သူ့အလိုလို ဖြစ်နေတယ်လို့ပဲ ပြောရမလားပါပဲ။

စစ်ခေါင်းဆောင် ပြုခဲ့တဲ့ အကုသိုလ်ကံတွေကို ကြည့်ကြည့်ကြရအောင်ပါ။ အာလုံးသိပြီးတဲ့အတိုင်း စစ်ခေါင်းဆောင်က နိုင်ငံ့အာဏာကို မတရား သိမ်းယူလိုက်ပြီးတဲ့နောက် လူ့အသက်ပေါင်း ထောင်ချီ သေဆုံးခဲ့သလို ဖမ်းဆီးနှိပ်စက်ခံရသူတွေကလည်း သောင်းနဲ့ချီပါတယ်။ သားတကွဲ၊ မယားတကွဲ၊ မိသားစုတွေ တကွဲတပြား ဖြစ်ရသူတွေလည်း မနည်းမနောပါပဲ။ တချိန်တည်းမှာပဲ သန်းပေါင်းများစွာသော ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးလို့ ဘေးလွတ်ရာမှာ ခိုလှုံနေကြရပါတယ်။ နိုင်ငံအနှံ့အပြားမှာ တကယ့်ကို ဒုက္ခမီးတောင်တွေနဲ့ သောက၊ ပရိဝေဒပင်လယ်ကြီး ဖြစ်သွားစေခဲ့တာပါ။

ဒါ့အပြင် နေအိမ်အဆောက်အအုံတွေ မီးရှို့ခံရတာ၊ ဗုံးကြဲတာ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်နဲ့ လယ်ကွင်းထဲက စပါးပင်တွေ အပါအဝင် စည်းစိမ်ဥစ္စာတွေ လုယက်ယူငင်ခံရတာ၊ သိမ်းဆည်းခံရတာ၊ ဖျက်ဆီးခံရတွေကလည်း အမြောက်အမြားပါပဲ။ လူ့အသက်တွေ၊ လူ့အဖွဲ့အစည်းရဲ့ မေတ္တာတရားတွေ၊ ငြိမ်းအေးသာယာမှုတွေ။ အခုတော့ ဒေါသနဲ့ အာဃာတတွေပဲ ကျန်ရစ်ခဲ့ပါတော့တယ်။ ဒါတွေဟာ ဦးဆောင် ဘုရားဒကာကြီးရဲ့ ‘အာဏာသိမ်းစေ’ အမိန့်တချက်ရဲ့ နောက်ဆက်တွဲ ဝိပါက်တွေပါပဲ။ တနိုင်ငံလုံးနီးနီးဟာ ကြမ္မာငင်ခဲ့ကြရပါတယ်။ သူ့ကြောင့် မဟုတ်ပါဘူးလို့ ဘယ်လိုပဲ ငြင်းငြင်း၊ ခေါင်းမြီးပဲ ခြုံခြုံ၊ ဘုရားရိပ်ပဲ ခိုခို ‘မပြေးသော် ကန်ရာရှိ’ ပါပဲ။

ဦး‌ဆောင် ဘုရားဒကာကြီးရဲ့ မဟာကုသိုလ်တော်ကြီးကို တတိုင်းပြည်လုံးရှိ သောက ဗျာပါဒ ဝေနေတဲ့ ပြည်သူတွေက ဖူးမြော်လို့ ဝမ်းမြောက်နိုင်ပါ့မလား။ ထောင်ချီတဲ့ အသတ်ခံရသူတွေ၊ သောင်းနဲ့ချီတဲ့ ဖမ်းဆီးနှိပ်စက်ခံသူတွေ၊ သိန်းပေါင်းများစွာသော မိသားစုကွဲကွာရသူတွေ၊ သန်းပေါင်းများစွာသော အိမ်ပျောက်သူတွေ၊ ကျေးရွာတွေရဲ့ မီးခိုးနဲ့ ပြာနံ့တွေ၊ သိမ်းဆည်းလုယူထားတဲ့ စည်းစိမ်ဥစ္စာတွေ စတဲ့ နိုင်ငံအနှံ့အပြားက ဒုက္ခနဲ့ သောက၊ ပရိဝေဒတို့ရဲ့ အော်သံတွေကို ကြားယောင်၊ မြင်ယောင်နေသူတွေအဖို့ သာဓုခေါ်နိုင်ဖို့ ဝေးစွ။ ပီတိပင် ဖြစ်ရန် မလွယ်ပါဘူး။

အကုသိုလ်ကောင် ဘုရားဒကာကြီးရဲ့ မဟာကုသိုလ်တော်ကြီးက အကျိုးဖြစ်ဖို့ နေနေသာသာ တနိုင်ငံလုံး ဂုတ်သွေးစုတ်ထားတဲ့ ပိုက်ဆံနဲ့ တည်တဲ့ဘုရားကို သက်တော်ထင်ရှား သဗ္ဗညုတ မြတ်စွာဘုရားတောင် ဝမ်းမြောက်နိုင်မယ် မထင်ပါ။ ဒီတော့ အပါယ်လမ်းသာ တန်းတန်းကြီး သွားဖို့ ရှိပါတယ်။

ဒီတော့ အကုသိုလ်ကောင် ဘုရားဒကာကြီးရဲ့ မဟာကုသိုလ်တော်ကြီးက အကျိုးဖြစ်ဖို့ နေနေသာသာ တနိုင်ငံလုံး ဂုတ်သွေးစုတ်ထားတဲ့ ပိုက်ဆံနဲ့ တည်တဲ့ဘုရားကို သက်တော်ထင်ရှား သဗ္ဗညုတ မြတ်စွာဘုရားတောင် ဝမ်းမြောက်နိုင်မယ် မထင်ပါ။ ဒီတော့ အပါယ်လမ်းသာ တန်းတန်းကြီး သွားဖို့ ရှိပါတယ်။ နိုင်ငံရေးမှာလည်း အဖတ်ဆည်မရ၊ စစ်ရေးမှာလည်း အရှုံးကြီးရှုံး၊ သေပြီးကာလ ‌နောင်ဘဝမှာလည်း ဒုဂ္ဂတိဘဝကသာ စောင့်ကြိုနေမှာ မလွဲပါဘူး။

မင်းအောင်လှိုင်နဲ့ အပေါင်းအပါ တစုအတွက် ပြည်သူထဲက ပြည်သူတယောက်အနေနဲ့ စာရေးသူရဲ့ ဆုတောင်းကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဆိုတော်ကြီး မာမာအေးရဲ့ “အသည်းနာ ကမ္ဘာမကျေ” သီချင်းထဲကလို “ဘေးဆယ်တန် ရန်ဆယ်ပါး လွတ်ငြားမရှိ သိပါစေ” လို့ပဲ ဖြစ်ပါတယ်။

(ဥသြသည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံကျောင်းသားဟောင်း တဦးဖြစ်ပြီး မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သုတေသီတဦးလည်း ဖြစ်သည်။ ယခု ရေးသားချက်များသည် ISP-Myanmar နှင့် သက်ဆိုင်ခြင်းမရှိဘဲ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)

You may also like these stories:

စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ

ဆိတ်ခေါင်းချိတ် ခွေးသားရောင်းမယ့် စစ်တပ်ရဲ့ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးSliderစစ်အာဏာသိမ်းမှုဘာသာရေးဘုရားတည်ခြင်းမာရဝိဇယ ရုပ်ပွားတော်ယတြာချေခြင်းရိုဟင်ဂျာသာသနပြုမင်းအကြမ်းဖက်သတ်ဖြတ်မှု
ဥသြ

ဥသြ

ဥသြ (နိုင်ငံရေးသိပ္ပံ) သည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ကျောင်းသားတဦး ဖြစ်ပြီး Myanmar Youth for Peace Development ရဲ့ သုတေသီ တဦးလည်း ဖြစ်ပါသည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဈေးကောင်းပြန်ရနိုင်သော သံဖြူကို ဝ ပြန်ထုတ်

ဈေးကောင်းပြန်ရနိုင်သော သံဖြူကို ဝ ပြန်ထုတ်

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

7 days ago
2.8k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate