• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

by ဉာဏ်လင်း
27 January 2024
in သူ့အတွေး သူ့အမြင်
A A
စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြသူများနှင့် လုံခြုံရေး ယူပေးနေသည့် စစ်ကိုင်းတော်လှန်ရေးသမားများ / Ko Pyay Kyaw

10.9k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသော ပြည်သူလူထုကြီးနှင့် တက်သစ်စလူငယ်လေးများကို အာဏာပိုင်အဖွဲ့များက ရက်စက်စွာ ပစ်ခတ် သတ်ဖြတ် ဖြိုခွင်းဖမ်းဆီးမှုများကြောင့် အထူးသဖြင့် G-Z လူငယ်များ အဓိက ပါဝင်သည့် လက်နက်ကိုင်တော်လှန်ရေးများ နေရာအနှံ့တွင် မှိုလိုပေါ်ပေါက်လာခဲ့သည်။

ထိုကာလနောက်ပိုင်း နယ်စပ်ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) စသည်ဖြင့် အသီးသီး ပေါ်ပေါက်လာခဲ့ကြသည်။ လက်တွေ့ လက်နက်ကိုင် တိုက်ပွဲဝင်သူများကမူ နီးစပ်ရာ၊ သက်ဆိုင်ရာ ဒေသများသို့ ခိုလှုံ၍ စစ်ပညာများ သင်ကြားပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြသည်။

RelatedPosts

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
182
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1.4k
မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

14 July 2025
544

အထူးသဖြင့် ဖိနှိပ်မှု အများဆုံးခံရသည့် စစ်ကိုင်း၊ မကွေး အညာဒေသများတွင် ကိုယ်ထူကိုယ်ထ လက်နက်ကိုင် တော်လှန်ရေးအား အစောဆုံးစတင်ခဲ့ကြသည်ဟု ဆိုရပါမည်။ အိုးအိမ်များ၊ စီးပွားရေးလုပ်ငန်းများကို မီးရှို့သတ်ဖြတ် ဗုံးကြဲ၍ ဖျက်ဆီးခြင်းခံရမှု အများဆုံးမှာလည်း အဆိုပါဒေသများ ဖြစ်ခဲ့ပါသည်။

ယခုအခါ အဆိုပါ နွေဦးတော်လှန်ရေးအမည်ရ တော်လှန်ရေးမှာ သုံးနှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ NUG သည်လည်း သုံးနှစ်နီးပါး ကြာခဲ့ပြီဖြစ်သည်။ အစောပိုင်း ကနဦးကာလတုန်းကမူ နွေဦးတော်လှန်ရေးကို NUG က ဦးဆောင်မှုပေးနေသည်ဟု အများက လက်ခံထားခဲ့ကြသော်လည်း သုံးနှစ်နီးပါးကြာလာသည့်အခါ အချို့သော တော်လှန်ရေးအုပ်စုများက လက်မခံနိုင်တော့သည့် အနေအထားများကို တွေ့လာရပါသည်။

ယခုအခါ အဆိုပါ နွေဦးတော်လှန်ရေးအမည်ရ တော်လှန်ရေးမှာ သုံးနှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ NUG သည်လည်း သုံးနှစ်နီးပါး ကြာခဲ့ပြီဖြစ်သည်။ အစောပိုင်း ကနဦးကာလတုန်းကမူ နွေဦးတော်လှန်ရေးကို NUG က ဦးဆောင်မှုပေးနေသည်ဟု အများက လက်ခံထားခဲ့ကြသော်လည်း သုံးနှစ်နီးပါးကြာလာသည့်အခါ အချို့သော တော်လှန်ရေးအုပ်စုများက လက်မခံနိုင်တော့သည့် အနေအထားများကို တွေ့လာရပါသည်။

တော်လှန်ရေးလုပ်နေကြသော ဒေသအလိုက် အဖွဲ့အစည်းပေါင်း ရာချီရှိနေသောကြောင့်လည်း NUG အနေဖြင့် စုစည်းနိုင်ခြင်း မရှိသည်ကို နားလည်နိုင်ပါသည်။ စုစည်းပြီးသား အစုအဖွဲ့များ တဖြည်းဖြည်းချင်း လျော့နည်းသွားခြင်းကိုမူ ပြန်လည် သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံဆန္ဒထုတ်ဖော်ပွဲတခု

လက်နက်ကိုင်တော်လှန်ရေးတရပ်ကို ဆင်နွှဲရာတွင် အဓိက ဦးတည်ချက် မဟာဗျူဟာ တိကျမှန်ကန်ဖို့ လိုအပ်သလို နယ်မြေလူထု၏ ထောက်ခံမှုက အလွန်ပင် အရေးကြီးလှပါသည်။ ယုံကြည်မှုပြင်းထန်ပြီး စိတ်အားတက်ကြွသော လူငယ်လူရွယ်များဖြင့် ဆင်နွှဲသဖြင့်လည်း အလွန်အားတက်ဖွယ် ဖြစ်ခဲ့ပါသည်။

သို့သော်လည်း လက်နက်ကိုင်တော်လှန်ရေး ဖြစ်သည်နှင့်အညီ တခုတည်းသော ဗဟိုဌာနချုပ်၏ စီမံကွပ်ကဲမှုအောက်တွင် အမိန့်အတိုင်း လိုက်နာတိုက်ခိုက်ကြဖို့ လိုအပ်ပြန်သည်။ အဆိုပါ လိုအပ်ချက်ကို NUG ၏ ကာကွယ်ရေးကြီးဌာန (MOD) အနေဖြင့် ကြိုးပမ်းတည်ဆောက်နေသည်ဟု ယုံကြည်ရပါသည်။ သို့သော်လည်း အစောပိုင်းက ထင်မြင်ခဲ့သလို အောင်မြင်မှုမရဟု ဆိုရပါမည်။

MOD ဖွဲ့စည်းအခြေပြုရာဒေသသည် စစ်တပ်အား နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေခဲ့သည့် ဝါရင့်သမ္ဘာရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၏ နယ်မြေတွင် ဖြစ်သော်လည်း MOD တွင် အဆိုပါ EAO အဖွဲ့အစည်းအနေဖြင့် ပါဝင်မှုအား သိသာထင်ရှားစွာ မတွေ့ရသည်မှာ အံ့အားသင့်ဖွယ် ဖြစ်သည်။ တော်လှန်ရေးအတွေ့အကြုံ ကြီးမားသူများအား ထဲထဲဝင်ဝင် ဖိတ်ခေါ်နေရာပေးသင့်သည်ဟု အကဲဖြတ်များက ဆိုခဲ့ကြပါသည်။

ထောက်ပံ့ငွေများ ရထားသည့် MOD ဘာများ လုပ်နေသနည်းဟု အလှူရှင်များ၏ အငေါ်ထူးသံများလည်း ကြားနေရသည်။ ပြည်ပသို့ ရောက်ရှိသွားပြီး တော်လှန်ရေး ထောက်ပံ့ငွေ ကောက်ပေးသူ တဦးတလေ၏ ဝယ်ယူပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် သတင်းမျိုးမှာ အတည်မပြုနိုင်သော်လည်း တော်လှန်ရေးတွင် အားတက်စွာ ပါဝင်နေသူများအဖို့ စိတ်ပျက်စရာဖြစ်နေခဲ့သည်။

ထို့အပြင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခြင်းကို မည်သည့် နိုင်ငံခြားတိုင်းပြည်ကမှ ရှင်းရှင်းလင်းလင်း ထောက်ခံမှု မပေးခြင်းကလည်း ပို၍အခက်အခဲ ဖြစ်စေပါသည်။ သို့သော် ကမ္ဘာပေါ်ရှိ လက်နက်ကိုင်တော်လှန်ရေး အများအပြားသည် ယင်းတို့လိုအပ်သော လက်နက်ခဲယမ်းများကို ကမ္ဘာ့မှောင်ခိုဈေးကွက်များမှ ရှာဖွေရရှိနေကြသည်ဖြစ်ရာ နွေဦးတော်လှန်ရေးကျမှ လက်နက်ခဲယမ်း ခက်ခဲနေသည်မှာလည်း စဉ်းစားစရာ ဖြစ်နေပြန်သည်။ ထောက်ပံ့ငွေများ ရထားသည့် MOD ဘာများ လုပ်နေသနည်းဟု အလှူရှင်များ၏ အငေါ်ထူးသံများလည်း ကြားနေရသည်။ ပြည်ပသို့ ရောက်ရှိသွားပြီး တော်လှန်ရေး ထောက်ပံ့ငွေ ကောက်ပေးသူ တဦးတလေ၏ ဝယ်ယူပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် သတင်းမျိုးမှာ အတည်မပြုနိုင်သော်လည်း တော်လှန်ရေးတွင် အားတက်စွာ ပါဝင်နေသူများအဖို့ စိတ်ပျက်စရာဖြစ်နေခဲ့သည်။

မည်သည့်တိုင်းပြည်၏ အကူအညီမှ မရသော်လည်း ကမ္ဘာအရပ်ရပ်ရှိ မြန်မာလူထု၏ ထောက်ပံ့ထည့်ဝင်ငွေဖြင့် ရပ်တည်လာနိုင်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ ဤနေရာတွင် NUG ၏ ဖွဲ့စည်းမှုကို သုံးသပ်ကြည့်သင့်သည်။ NUG ကို ဖွဲ့စည်းရာတွင် ‘အဝေးရောက်အစိုးရ’ တရပ်ကဲ့သို့ ဖွဲ့စည်းထားသည်ကို မြင်ရပါသည်။ ၂၀၁၆-၂၀၂၀ ရလဒ်အရ ဖွဲ့စည်းထားခဲ့သော အစိုးရလည်း မဟုတ်ပါ။ ၂၀၂၀ ရွေးကောက်ပွဲအရ ဖွဲ့စည်းသည်ဟုလည်း မဆိုနိုင်ပြန်။ သို့သော် ဝန်ကြီးဌာနများဖြင့် တိုင်းပြည်အား တာဝန်ယူထားသည့် အစိုးရတရပ်ကဲ့သို့ ဝေဝေဆာဆာ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ ငွေကုန်ကြေးကျ အလွန်များသော်လည်း အလုပ်မဖြစ်ပါချေ။

ပြည်သူလူထုအပေါ် ပြဌာန်းသည့် ဥပဒေများမှာလည်း အကျိုးသက်ရောက်မှုမရှိ ဖြစ်နေရသည်။ အလုပ်လက်မဲ့ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်များက ဖောင်းပွနေသည်ဟုဆိုလျှင် အမှန်အတိုင်း လက်ခံနိုင်မည်ဟု ယူဆမိပါသည်။ နိုင်ငံရေးသမားတဦး၏ အဆိုအရဆိုလျှင် သူတို့ဖွဲ့သင့်သည်က ‘တော်လှန်ရေးအစိုးရ’၊ အခုတော့ အဝေးရောက်၊ အိမ်နိမ့်စံ အစိုးရမျိုး ဖွဲ့စည်းလိုက်တာပဲ ဆိုသည့်စကားကို သတိရမိပါသည်။

လက်နက်ကိုင် တော်လှန်ရေးဖြစ်သည့် နွေဦးတော်လှန်ရေးကို နိုင်ငံတကာမှ မထောက်ခံခြင်းအား နားလည်နိုင်သော်လည်း NUG ကို တရားဝင် မထောက်ခံခြင်းအား နားမလည်နိုင်ခဲ့ပါ။ MOD သည် လက်နက်ကိုင် တော်လှန်ရေး လုပ်နေသောကြောင့်ဟု ယူဆမိပါသည်။ ဘာကြောင့်ဆိုသည်ကို ပြန်လည် သုံးသပ်သင့်သည်ဟု ဆိုချင်ပါသည်။

စစ်အစိုးရ၏ အမှားလုပ်ဆောင်မှုများကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မည်သည့်နိုင်ငံကမှ အသိအမှတ်မပြု၍သာ တော်တော့သည်ဟု ဆိုရပါမည်။ နိုင်ငံတကာနှင့် ပတ်သက်လျှင် လက်ရှိအခြေအနေအရ အိမ်နီးချင်းနိုင်ငံများကိုသာ အထူးပြုဆက်ဆံရမည် ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် ကင်းကွာ၍ မရနိုင်ပေ။ ဦးစားပေးဆက်ဆံရမည့် နိုင်ငံများဖြစ်သည်ဟု မြင်မိသည်။ ဥရောပ၊ အမေရိကန် နိုင်ငံများက မိမိတို့အား ထောက်ခံထားပြီးဖြစ်သဖြင့် အချိန်ကုန်ခံ၍ ဖဲကြိုးဖြတ် အစည်းအဝေးများ လုပ်နေခြင်းသည် အကျိုးမရှိဟု မြင်မိပါသည်။

အနောက်နိုင်ငံများနှင့် ပနံသင့်မှု များပြားသွားခြင်း၏ အကျိုးဆက်မှာ အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံကြီး၏ မနှစ်မြို့ခြင်းကို ခံရခြင်းဖြစ်ပါသည်။ ၁၀၂၇ စစ်ဆင်ရေး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် အဆိုပါ အိမ်နီးချင်းနိုင်ငံက EAO များအား NUG နှင့် လုံးဝ မပတ်သက်ရန် သတိပေးပြောဆိုခဲ့သည်ဟု အတည်မပြုနိုင်သော သတင်းများက ဆိုပါသည်။ သို့ဆိုလျှင် ဇန်နဝါရီလ ၁ ရက်နေ့တွင် NUG က ထုတ်ပြန်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထားမှာ သက်ရောက်မှု မရှိခဲ့သည့်အပြင် အခက်အခဲများပင် ဖြစ်ခဲ့ရသည်ဟု ဆိုရမည်ဖြစ်ပါသည်။

လက်နက်ကိုင် တော်လှန်ရေးတရပ်တွင် ဘုံရန်သူ သတ်မှတ်ချက်တူညီခြင်း၊ လူထုထောက်ခံမှု ပြင်းပြင်းပြပြ ရှိထားခြင်း စသည့် လိုအပ်ချက်များဖြင့် နွေဦးတော်လှန်ရေးသည် ပြည့်စုံညီညွတ်နေသော်လည်း ကိုင်စွဲအသုံးပြုရမည့် လက်နက်ခဲယမ်း လိုအပ်ချက်ကြီးက ပြဿနာတရပ် ဖြစ်လာနေခဲ့သည်။

လက်နက်ကိုင် တော်လှန်ရေးတရပ်တွင် ဘုံရန်သူ သတ်မှတ်ချက်တူညီခြင်း၊ လူထုထောက်ခံမှု ပြင်းပြင်းပြပြ ရှိထားခြင်း စသည့် လိုအပ်ချက်များဖြင့် နွေဦးတော်လှန်ရေးသည် ပြည့်စုံညီညွတ်နေသော်လည်း ကိုင်စွဲအသုံးပြုရမည့် လက်နက်ခဲယမ်း လိုအပ်ချက်ကြီးက ပြဿနာတရပ် ဖြစ်လာနေခဲ့သည်။

မြန်မာနိုင်ငံတွင် လက်နက်ခဲယမ်း ရနိုင်သောနေရာ နှစ်နေရာ ရှိသည်ဟုဆိုကြသည်။ တခုမှာ ဧရာဝတီမြစ် အနောက်ခြမ်း စက်ရုံများနှင့် အခြားတခုမှာ အရှေ့မြောက်ဒေသ၏ နယ်စပ်နေရာဟု ဆိုနိုင်ပါသည်။ အခြားနေရာများတွင် ရနိုင်မည်ဖြစ်သော်လည်း များများစားစားရရှိရန် ခက်ခဲသည်ဟု သိရပါသည်။ ဧရာဝတီ အနောက်ခြမ်း လက်နက်များက စစ်တပ်ပိုင်ဖြစ်သည်။ ဆိုခဲ့သလို ကမ္ဘာ့မှောင်ခိုဈေးကွက်များမှ မရနိုင်လျှင် အရှေ့မြောက်ဒေသသည် အရေးကြီးဒေသ ဖြစ်လာပါမည်။ တရုတ်နိုင်ငံအား ချဉ်းကပ်မှုပုံစံ လွဲမှားခဲ့လျှင် အကျိုးဆက်အနေဖြင့် သက်ရောက်မှု ကြီးနိုင်ပါသည်။

တော်လှန်ရေးတရပ်သည် စစ်ရေးချည်းသက်သက်ဖြင့် အလုပ်မဖြစ်နိုင်ပေ။ စစ်ရေးနှင့် နိုင်ငံရေး “မျှခြေ” ရှိရန် လိုအပ်ပါသည်။ နိုင်ငံရေး ကဲလွန်းလျှင်လည်း စစ်ရေး မအောင်နိုင်သကဲ့သို့ စစ်ရေးတမျိုးတည်းသာ အားစိုက်နေလျှင် ပန်းတိုင်သို့ ရောက်ရန် ခက်ခဲတတ်ပါသည်။ စစ်ရေးနှင့် နိုင်ငံရေးသည် မျှတနေရန် လိုအပ်ပါသည်။

ယခုအခါ နွေဦးတော်လှန်ရေး၏ နိုင်ငံရေးမျက်နှာစာမှာ NUG ဟု အများက မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း သုံးနှစ်တာကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို စုစည်းနိုင်ခြင်း မရှိသေးပေ။ EAO များနှင့်လည်း တိတိပပ လက်တွဲထားခြင်းမျိုးကို မတွေ့မြင်ရသေးပေ။ ရွေးကောက်ခံ တဖြစ်လဲ တော်လှန်ရေးသမားများနှင့် NLD မဟုတ်ခဲ့သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၏ စိတ်ဝမ်းကွဲနေမှုများကိုပင် ဝင်ရောက်ဖြေရှင်း၍ ညီညွတ်ရေးရအောင် မလုပ်နိုင်သေးပေ။

စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF တပ်ဖွဲ့ဝင်များ / NUG – MOD

နိုင်ငံရေး မျက်နှာစာများတွင်လည်း non-CDM များအား အရေးယူခြင်းကဲ့သို့သော အမှားများကို ဆင်ခြင်သင့်ပါသည်။ မြေအောက်တော်လှန်ရေးသမားများ အစဉ်အဆက် စုဝေးခဲ့ကြသည့် တက္ကသိုလ်များကို ပိတ်ထားရန် တွန်းအားပေးခြင်းမျိုးသည်လည်း မိမိအတွက် လုပ်ငန်းများကို မိမိကိုယ်တိုင် ပြန်လည် ပိတ်ပင်လိုက်ကြောင်း သိရှိဖို့ လိုအပ်ပါမည်။

NUG အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖျက်သိမ်းကြောင်း ကြေညာချက်သည် နိုင်ငံရေးလုပ်ငန်းတွင် အရှိန်အဟုန် ရစေခဲ့ပါသည်။ သို့သော် CRPH အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ဖက်တွယ်နေမှုက ပြန်လည်ဆန့်ကျင်နေပြန်သည်။ အရေးကြီးသည်မှာ မိမိတို့ အာဏာပြန်လည် ရရှိရေး မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကြီး ဖျက်သိမ်းပြိုကျရေးသာ ဖြစ်ရပါမည်။ အာဏာရရှိရေးနှင့် စနစ်ပြောင်းလဲရေးအား ကွဲကွဲပြားပြား ရှင်းလင်းရန် လိုအပ်ပါသည်။

မြန်မာပြည်သူများသည် မည်သည့်အာဏာရှင်ကိုမှ ထောက်ခံမှုပေးတော့မည်မဟုတ် ဆိုသည့်အချက်ကိုလည်း မမေ့မလျော့ သတိထားနေရမည့် ကိစ္စတခုဖြစ်ပါသည်။ အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်နေသည့် တော်လှန်ရေးမို့သာ ပြည်သူလူထုသည် ယခုတိုင် ဇွဲကောင်းကောင်းဖြင့် ထောက်ခံနေကြခြင်း ဖြစ်သည်ကိုလည်း သတိပြုကြရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများသည် စစ်အာဏာရှင် စနစ်ကိုသာမက မည်သည့်အာဏာရှင်မျိုးကိုမှ မလိုလားကြတော့ပေ။ မည်သူတွေက မည်သို့သော အာဏာရှင်မျိုးဖြစ်ခဲ့သည်ကို သမိုင်းက မှတ်တမ်းတင်ထားပြီး ဖြစ်ပါသည်။ မြန်မာပြည်သူများသည် မည်သည့်အာဏာရှင်ကိုမှ ထောက်ခံမှုပေးတော့မည်မဟုတ် ဆိုသည့်အချက်ကိုလည်း မမေ့မလျော့ သတိထားနေရမည့် ကိစ္စတခုဖြစ်ပါသည်။ အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်နေသည့် တော်လှန်ရေးမို့သာ ပြည်သူလူထုသည် ယခုတိုင် ဇွဲကောင်းကောင်းဖြင့် ထောက်ခံနေကြခြင်း ဖြစ်သည်ကိုလည်း သတိပြုကြရမည် ဖြစ်ပါသည်။

ယခုအခါ စစ်ရေးမျက်နှာစာတွင် စစ်တပ်သည် ဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရသည်။ အရှေ့မြောက်ဒေသ၊ ရခိုင်၊ ကရင်နီ စသည်ဖြင့် ဒေသအများအပြားတွင် လက်နက်ချ ဆုတ်ခွာနေရသည်။ သို့သော် ပြည်သူ့ကာကွယ်ရေး အင်အားစုများအတွက် လက်နက်ခဲယမ်း ပြတ်လပ်မှုက အဓိကအခက်အခဲ ဖြစ်လာနေသည်ဟု သိရသည်။ အရှေ့မြောက်ဒေသတွင် သွားရောက် စစ်ကူတိုက်ပေးနေကြသော ပြည်သူ့ကာကွယ်ရေး အင်အားစုများ၊ PDF များ အိမ်အပြန်တွင် စစ်တပ်ထံမှ သိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများအား မည်မျှ သယ်ဆောင်လာနိုင်မည်နည်း ဆိုသည့် မေးခွန်း၏အဖြေမှာ များစွာ လေးနက်လှသည်ဟု ဆိုကြပါသည်။

သတင်းများအရဆိုလျှင် စစ်တပ်အနေဖြင့် ကြားကာလ အစိုးရတရပ်ကို ဖွဲ့စည်းရန် စိုင်းပြင်းနေသည်ဟု သိရပါသည်။ ပြည်တွင်းရှိ နိုင်ငံရေးသမားများ၊ အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားသည့် EAO များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လူသိများသည့် နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းမည်ဟု ကြားနေရပါသည်။ အကယ်၍များ ဖွဲ့စည်းနိုင်ခဲ့ပါက ယင်းကြားကာလ အစိုးရသည် NUG နှင့် ယှဉ်ပြိုင်လာနိုင်သည့် နောက်ထပ် အရပ်သားအစိုးရတရပ် ဖြစ်လာပါလိမ့်မည်။ စစ်တပ်၏ ကျောက်ထောက်နောက်ခံ ရထားသောကြောင့် ပြည်တွင်းတွင် အစိုးရဌာနများကို ကိုင်တွယ်ပြီး အရပ်သားအစိုးရတခုအဖြစ် ကမ္ဘာကြီးအား ပြသလာနိုင်ပါသည်။

မြန်မာပြည်တွင်း ပဋိပက္ခများကြောင့် ကုန်သွယ်မှု ဆုံးရှုံးနေရသည့် အိမ်နီးချင်းနိုင်ငံများအနေဖြင့်အဆိုပါ ကြားကာလ အရပ်သားအစိုးရအား မတော်တဆ အားပေးခဲ့မည်ဆိုလျှင် NUG အဖို့ များစွာ ထိခိုက်သွားနိုင်ပါသည်။

တကွဲတပြားစီ ဖြစ်သွားနိုင်သော မြန်မာပြည်အား ပြန်လည်စုစည်းနိုင်သည့် ဦးဆောင်အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေးသည် မြန်မာနိုင်ငံသားများ၏ မျှော်လင့်ချက် ဖြစ်ပါသည်။ အဆိုပါ အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်သည် မည်သူမည်ဝါ ဖြစ်ရမည်ဟု မဆိုထားသော်လည်း အမှန်တကယ် မြန်မာပြည်အား ငြိမ်းချမ်းပြီး စည်းလုံးညီညွတ်အောင်လုပ် နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသားတိုင်းက ထောက်ခံအားပေးကြမည်

နွေဦးတော်လှန်ရေးကို အောင်မြင်စေချင်သော ကောင်းမြတ်သည့် စေတနာမှန်မျိုးကို မွေးမြူလျက် မိမိအဖွဲ့အစည်း၏ အားနည်းချက်၊ ချို့ယွင်းချက်များကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ပြုပြင်သင့်ပြီ ဖြစ်ပါသည်။ ကိုယ်ကျိုးစွန့်နိုင်သော်လည်း အာဏာကိုတော့ မစွန့်နိုင်သည့်အဖြစ်မျိုး မဖြစ်ရလေအောင် သတိမြဲမြဲ ထားသင့်ပါသည်။ အာဏာပြန်လည်ရရှိရေးထက် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးက ပိုမို အရေးကြီးကြောင်းကိုလည်း သန္နိဋ္ဌာန်ချ ပိုင်းဖြတ်ထားသင့်သည်ဟု ထင်ပါသည်။

တကွဲတပြားစီ ဖြစ်သွားနိုင်သော မြန်မာပြည်အား ပြန်လည်စုစည်းနိုင်သည့် ဦးဆောင်အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာရေးသည် မြန်မာနိုင်ငံသားများ၏ မျှော်လင့်ချက် ဖြစ်ပါသည်။ အဆိုပါ အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်သည် မည်သူမည်ဝါ ဖြစ်ရမည်ဟု မဆိုထားသော်လည်း အမှန်တကယ် မြန်မာပြည်အား ငြိမ်းချမ်းပြီး စည်းလုံးညီညွတ်အောင်လုပ် နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသားတိုင်းက ထောက်ခံအားပေးကြမည်မှာ လက်ငင်းကိစ္စ ဖြစ်လာပါလိမ့်မည်။ အာဏာရှင် မှန်သမျှကတော့ နိုင်ငံရေးလောက၏ မပြန်လမ်းသို့သာ သွားကြရပေတော့မည်။

(ဉာဏ်လင်းသည် ဝါရင့် နိုင်ငံရေးသမားဟောင်းတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရေးပြောဆိုချက် လိမ်ညာမှုသာဖြစ်ဟု NUG ပြော

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေးမှာ Strategic Communication အရေးကြီးတယ်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးCRPHEAOMODNUCCNUGPDFSliderကာကွယ်ရေးကြီးဌာနကြားကာလ အစိုးရစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတော်လှန်ရေးအစိုးရနွေဦးတော်လှန်ရေးလက်နက်ကိုင် တော်လှန်ရေးလက်နက်ခဲယမ်းလူထုထောက်ခံမှုအမျိုးသားညီညွတ်ရေးအစိုးရအဝေးရောက်အစိုးရအာဏာရှင်စနစ် တိုက်ဖျက်ရေး
ဉာဏ်လင်း

ဉာဏ်လင်း

ဉာဏ်လင်းသည် ဝါရင့်နိုင်ငံရေးသမားဟောင်းတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

အာဆီယံဥက္ကဋ္ဌ  လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

အာဆီယံဥက္ကဋ္ဌ လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate