ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများသည် အိမ်ရှင် လာအိုနိုင်ငံ၏ ၁၉၇၅ ခုနှစ်အထိ မြို့တော်ဖြစ်သော သမိုင်းဝင် လုံဖရာဘန်တွင် တွေ့ဆုံကြသည်။ ထိုအစည်းအဝေးသည် ယခုနှစ်အစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံထံမှ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို လက်ခံပြီးနောက် ၎င်းတို့၏ ပထမဆုံးအစည်းအဝေး ဖြစ်သည်။
အာဆီယံနိုင်ငံများ တွေ့ဆုံသောအခါ မကြာခဏ ဖြစ်လေ့ရှိသည့်အတိုင်း ထိုအစည်းအဝေးကို အခြားပြဿနာများ လွှမ်းမိုနေသည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် အခြေအနေနှင့် မြန်မာမှ အကျပ်အတည်း ဖြစ်သည်။
လာအို၏ ယခုနှစ်ဥက္ကဋ္ဌ ကြွေးကြော်သံမှာ “အာဆီယံ-လမ်းပန်းဆက်သွယ်မှုနှင့် ခံနိုင်ရည် မြင့်မားရေး” ဖြစ်သည်။ သို့သော် အာဆီယံနိုင်ငံများ တွေ့ဆုံသောအခါ မကြာခဏ ဖြစ်လေ့ရှိသည့်အတိုင်း ထိုအစည်းအဝေးကို အခြားပြဿနာများ လွှမ်းမိုနေသည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် အခြေအနေနှင့် မြန်မာမှ အကျပ်အတည်း ဖြစ်သည်။
မြန်မာတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ကျယ်ပြန့်သော မဟာမိတ်များအကြား ပဋိပက္ခသည် တင်းမာမှု မြင့်မားနေသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နှောင်းပိုင်းတွင် ကြီးမားသည့် ညှိနှိုင်းထိုးစစ် စတင်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။
၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသည့် ထိုတိုက်ခိုက်မှုများအတွင်း စစ်တပ်စခန်း ရာပေါင်းများစွာ သိမ်းပိုက်ခံရပြီး မြို့ပေါင်း ၄၀ ကျော်ကို သိမ်းပိုက်ကာ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့နှင့် အရေးပါသည့် ကုန်သွယ်ရေး လမ်းကြောင်းများကို ထိခိုက်စေသည်။ များပြားလှသော လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေး အင်အားစုများ ထိန်းချုပ်နိုင်ခဲ့သည်။ “ချေမှုန်းမရ” ဟု ယူဆခဲ့ကြသည့် မြန်မာစစ်တပ်သည် အားနည်းချက်များ ပြသလာသည်။
ကနဦး တိုက်ခိုက်မှုများသည် နိုင်ငံ၏ တော်လှန်ရေး အင်အားစုများအကြား ရည်ရွယ်ချက် ညီညွတ်မှုစိတ်ဓာတ် မြင့်မားစေခဲ့သည်။ ထိုသို့သော ရည်ရွယ်ချက် ညီညွတ်မှုမျိုး နိုင်ငံတကာ အသိုက်အဝန်းတွင် တွေ့ရန်ခက်ခဲသည်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး သုံးလအကြာတွင် သံတမန်များ၊ အဆင့်မြင့်အရာရှိများနှင့် သုတေသီများသည် ဆက်လက် ဗေဒင်ဟောနေကြသည်။ မြန်မာ့အကျပ်အတည်းမှ ထွက်ပေါက်ကို မတွေ့ရဟု ပြောကြသည်။
လာအိုက မစ္စတာ အလွန်ကီယို ကစ်တီခွန်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ခန့်ထားသည်။ သူသည် နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် နယူးယောက်မှ ကုလသမဂ္ဂဆိုင်ရာ လာအိုသံမတ်ဟောင်း ဖြစ်သည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်မှ အထူးသံတမန်များနှင့်အတူ အာဆီယံ သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်းသည်။ ထိုယန္တရားသည် ၂၀၂၃ ခုနှစ်တွင် အာဆီယံခေါင်းဆောင်များ ထူထောင်ခဲ့သော ယန္တရားဖြစ်သည်။ မစ္စတာ အလွန်ကီယိုသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သွားရောက် တွေ့ဆုံသော်လည်း ၎င်းတို့ဆွေးနွေးသည့် အရာများကို မသိရပေ။
အာဆီယံ ခေါင်းဆောင်များ လုံဖရာဘန် အစည်းအဝေးအတွက် ပြင်ဆင်နေကြချိန်တွင် ထိုအဖွဲ့အစည်း၏ မွေးရာပါအားနည်းချက်ကို ယခင်ကထက် ပိုမိုမြင်သာလာသည်။ အာဆီယံအဖွဲ့ဝင်များတွင် ထိုင်းနှင့် လာအို နှစ်နိုင်ငံသာ မြန်မာနှင့် နယ်နိမိတ်ထိစပ်နေသည်။ မြန်မာ၏ အခြားအရေးပါသည့် အိမ်နီးချင်းများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် လုံဖရာဘန်တွင် ပါဝင်မည် မဟုတ်ပေ။
ကြီးထွားလာနေသည့် နီးစပ်မှု ဝန်ထုတ်ဝန်ပိုးကြောင့် ၎င်းတို့သည် ဒုက္ခသည် စီးဝင်မှု၊ နယ်စပ်တွင် အကြမ်းဖက်၊ လူသားချင်းစာနာမှု လိုအပ်ချက်များ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ တိုးတက်မှု ရပ်ဆိုင်းခြင်းနှင့် စီးပွားရေးအခွင့်အလမ်းများ ဆုံးရှုံးခြင်း စသည်တို့ကို ရင်ဆိုင်နေရသည်။
ယခင်ကဆိုလျှင် အားလုံး ပိုမိုအကြုံးဝင်သော ပါဝင်ပတ်သက်သူများအတွက် စင်မြင့်အဖြစ် ကုလသမဂ္ဂ သို့မဟုတ် အခြား နိုင်ငံတကာအဖွဲ့အစည်းများကို မျှော်လင့်ခဲ့ကြသော်လည်း ယခုအခါတွင် ကုလသမဂ္ဂသည် မြန်မာနိုင်ငံဆိုင်ရာ ၎င်း၏ အထူးသံတမန် ရာထူးကို လစ်လပ်ထားသည်မှာ ခြောက်လ ကျော်ပြီဖြစ်သည်။
ယခင်ကဆိုလျှင် အားလုံး ပိုမိုအကြုံးဝင်သော ပါဝင်ပတ်သက်သူများအတွက် စင်မြင့်အဖြစ် ကုလသမဂ္ဂ သို့မဟုတ် အခြား နိုင်ငံတကာအဖွဲ့အစည်းများကို မျှော်လင့်ခဲ့ကြသော်လည်း ယခုအခါတွင် ကုလသမဂ္ဂသည် မြန်မာနိုင်ငံဆိုင်ရာ ၎င်း၏ အထူးသံတမန် ရာထူးကို လစ်လပ်ထားသည်မှာ ခြောက်လ ကျော်ပြီဖြစ်သည်။
ပိုမိုယေဘုယျကျစွာ ပြောဆိုရပါက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မြန်မာစစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာအကျပ်အတည်း အဖြေရှာရန် ဝန်ထုတ်ဝန်ပိုးကို အာဆီယံက ထမ်းဆောင်နေသောကြောင့် စိတ်သက်သာရာရနေပုံရှိသည်။ “အာဆီယံက ဦးဆောင်နေတယ်” ဆိုသည့်စကားသည် တာဝန်မျှဝေ ထမ်းဆောင်ခြင်းကို ရှောင်ရှားသည့် နိုင်ငံများ မကြာခဏပြောသည့် စကားဖြစ်သည်။
မကြာသေးမီကအထိ မြန်မာ၏ တိုက်ရိုက် အိမ်နီးချင်းများသည် မြန်မာတွင် ဖြစ်ပျက်နေသည်များနှင့် ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ခြင်း မရှိကြပေ။ ခြွင်းချက်တခုမှာ တရုတ်နိုင်ငံဖြစ်ပြီး တရုတ်သည် ၎င်း၏ နယ်စပ်တလျှောက်မှ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် ဆက်ဆံရေး ရှိသည်။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အရေးယူရန် မြန်မာစစ်ခေါင်းဆောင်များကို တရုတ်က မေတ္တာရပ်ခံခြင်း လျစ်လျူရှုခံရသောအခါ တရုတ်သည် ၁၀၂၇ စစ်ဆင်ရေးကို မီစိမ်းပြခဲ့သည်ဟု ဆိုကြသည်။
ထိုစစ်ဆင်ရေးသည် တရုတ်နယ်စပ်တဖက် မြန်မာ့မြေမှ အွန်လိုင်းငွေကြေးလိမ်လည်သည့် နေရာအများအပြားကို ချေမှုန်းခဲ့သည်။ ထိုငွေကြေးလိမ်လည်သည့် ဌာနများတွင် အလုပ်သမားများသည် ကျွန်ပြုခံရသည့် အခြေအနေတွင် လုပ်ကိုင်ကြရပြီး တကမ္ဘာလုံးမှ၊ အထူးသဖြင့် တရုတ်မှ မရေတွက်နိုင်လောက်အောင် များသော အပြစ်မဲ့ သားကောင်များကို လိမ်လည်ကြသည်။
ထိုစစ်ဆင်ရေးသည် တရုတ်နယ်စပ်ဒေသအတွက် အောင်မြင်သော်လည်း တနေရာကို ဖိသောကြောင့် အခြားနေရာများတွင် ကြွလာသည့် သက်ရောက်မှု ဖြစ်စေသည်။ မြန်မာ၏ ထိုင်းနှင့် လာအိုနယ်စပ်များတွင် ငွေကြေးလိမ်လည်သည့် နေရာများ ကြီးထွားလာခြင်းဖြစ်သည်။ မြန်မာစစ်ကောင်စီကို ထုံးစံအားဖြင့် ထောက်ခံလေ့ရှိသော အိန္ဒိယက မြန်မာနှင့် ၁,၆၄၃ ကီလိုမီတာ ရှည်သည့် နယ်စပ်တွင် ခြံစည်းရိုးကာမည်ဟု ကြေညာသည်။
မကြာသေးမီက ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး ဆက်လက် ဆွေးနွေးကြသည်။ ရိုဟင်ဂျာများ၏ မူရင်းဒေသဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်သည် နယ်မြေများကို အလျင်အမြန် ဆုံးရှုံးနေသော်လည်း ထိုသို့ ဆွေးနွေးခြင်းဖြစ်သည်။ မြန်မာ၏ အိမ်နီးချင်းများသည် ၎င်းတို့၏ သဘောထားများကို တညီတညွတ်တည်း မလုပ်သေးကြောင်း ထိုအချက်များက ပြသနေသည်။
ပိုမိုညီညွတ်စွာ လုပ်ကိုင်ခြင်း၏ အရေးပါမှုကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘဟစ်ဒါ နုကာရာက အလေးထားသည်။ ယခုလအစောပိုင်းက ဘန်ကောက်ပို့စ်တွင် ရေးသားသည့် အတွေးအမြင် ဆောင်းပါးတွင် အာဆီယံအပြင် အခြား ဒေသတွင်းနိုင်ငံများ ထိတွေ့ဆက်ဆံရေးကို တောင်းဆိုသည်။ နယ်စပ်ဒေသနှင့် ပိုမိုအတွင်းကျသည့် နေရာများမှ ပြည်သူများ၏ အရေးပါသော လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် မြန်မာနှင့် နှစ်နိုင်ငံ လူသားချင်းစာနာမှု အစီအစဉ် ထူထောင်ကြောင်းလည်း ကြေညာသည်။ အာဆီယံအနေဖြင့် ထိုအစီအစဉ်တွင် ပါဝင်ရန် တောင်းဆိုပြီး ထိုအစီအစဉ်သည် ၂၀၂၁ ခုနှစ်၊ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် သဘောတူခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးအတွက် အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။
လက်ရှိအားထုတ်မှုအချို့၏ အခြေခံ ရိုးသားဖြူစင်မှုကို မိမိတို့ သံသယ မရှိသော်လည်း ၎င်းတို့သည် အဓိကကျသည့် အချက်တခုနှင့် လွဲချော်နေကြောင်း သတိပြုရန် အရေးကြီးသည်။ မြန်မာ့ လက်ရှိ အကျပ်အတည်းကို မြန်မာပြည်သူများ အပြည့်အဝ ပါဝင်ခြင်းမရှိလျှင် မဖြေရှင်းနိုင်ဆိုသည့် အချက်ဖြစ်သည်။
လက်ရှိအားထုတ်မှုအချို့၏ အခြေခံ ရိုးသားဖြူစင်မှုကို မိမိတို့ သံသယ မရှိသော်လည်း ၎င်းတို့သည် အဓိကကျသည့် အချက်တခုနှင့် လွဲချော်နေကြောင်း သတိပြုရန် အရေးကြီးသည်။ မြန်မာ့ လက်ရှိ အကျပ်အတည်းကို မြန်မာပြည်သူများ အပြည့်အဝ ပါဝင်ခြင်းမရှိလျှင် မဖြေရှင်းနိုင်ဆိုသည့် အချက်ဖြစ်သည်။
ယခုအခါ သက်တမ်း သုံးနှစ်ရှိပြီဖြစ်သော စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာ့အခင်းအကျင်းသည် သိသိသာသာ ပြောင်းလဲသွားပြီဖြစ်သည်။ စစ်ကောင်စီကို နိုင်ငံတကာထောက်ခံမှု တစစီပြိုကွဲနေပြီး ပြည်တွင်းတွင်လည်း စစ်တပ်သည် များစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသည့် ခုခံတော်လှန်သူများနှင့် ရင်ဆိုင်နေရသည်။ ထိုခုခံတော်လှန်သူများသည် လက်နက် ပိုကောင်းအောင် တပ်ဆင်ထားပြီး စိတ်အားထက်သန်မှု ရှိသည့်အပြင် အရေးကြီးသည့်အချက်မှာ ပိုမိုညီညွတ်လာသည့် အတိုက်အခံ ဖြစ်သည်။
နိုင်ငံတကာအသိုက်အဝန်းနှင့် ခုခံတော်လှန်ရေး အင်အားစုများအကြား ထိတွေ့ဆက်ဆံမှု တိုးတက်လာသော်လည်း နိုင်ငံတကာ ညီလာခံများတွင် မြန်မာ့အရေး ဆွေးနွေးသောအခါ ၎င်းတို့ကိုယ်စားလှယ်များကို မြန်မာမှ သက်ဆိုင်သူများအဖြစ် ဆွေးနွေးခန်းများတွင် မပါဝင်စေလျှင် ထိုထိတွေ့ဆက်ဆံမှုများသည် အပြောသဘော ကူညီခြင်းသာဖြစ်သည်။
လာအိုမတိုင်မီက အာဆီယံဥက္ကဋ္ဌ တာဝန်ယူသည့် အင်ဒိုနီးရှားက ၎င်းတို့သည် အမျိုးမျိုးသောအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် အဆက်အသွယ် ၆၀ ကျော်ရှိသည်ဟု ၂၀၂၃ ခုနှစ်က ပြောကြားခဲ့သည်။ ထိုအုပ်စုများကို မြန်မာအတွက် အရေးပါသည့် ယခုအချိန်တွင် ပစ်ပယ်မထားသင့်ပေ။
မြန်မာစစ်တပ်နှင့် နယ်စပ်ဒေသများတွင် ထိုင်းက ပူးပေါင်းဆောင်ရွက်မှုသည် ထောက်ပြစရာ ကိစ္စတခု ဖြစ်သည်။ စစ်ကောင်စီသည် ထိုဒေသအများအပြားကို ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ ထိုအစီအစဉ်မျိုးတွင် ယခင်ကတည်းက ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းရှိသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်လုပ်ဆောင်ပါမှ အောင်မြင်မည်ဖြစ်သည်။ ထိုသို့သော အဖွဲ့အစည်းများ၊ စနစ်များ အများအပြားရှိပြီး ဆယ်စုနှစ်များစွာ သက်တမ်းရှိသောကြောင့် အကူအညီများကို အလိုအပ်ဆုံးသူများထံ ပေးပို့ရာတွင် ၎င်းတို့သည် ထိရောက်မှုရှိကြောင်း သက်သေပြပြီးဖြစ်သည်။
ထို့အပြင် မြန်မာစစ်ကောင်စီသည် သနားညှာတာတတ်သည့် အဖွဲ့အစည်း မဟုတ်ပေ။ မြန်မာစစ်တပ်သည် လူသားချင်းစာနာမှု အကြီးအကျယ် လိုအပ်သူများကို ပိတ်ဆို့တတ်သည့် ရှည်လျားသော သမိုင်းရှိသည်။ နှစ်ပေါင်း ၁၀၀ အတွင်း ရခိုင်ပြည်နယ်ကို တိုက်ခတ်သည့် မုန်တိုင်းများအနက် အသေအပျောက် အများဆုံးဖြစ်သည့် မိုခါမုန်တိုင်း (၂၀၂၃) အတွင်း အကြီးအကျယ် အထိနာသည့် ဒေသများတွင် ဖြစ်ခဲ့သည်များသည် ဥပမာပင် ဖြစ်သည်။
မြန်မာ အကျပ်အတည်းကို နိုင်ငံတကာ အသိုက်အဝန်း အဖွဲ့ဝင်များက လတ်တလော တုံ့ပြန်မှုများသည် ၎င်းတို့၏ မသေချာ မရေရာမှုကို ထင်ဟပ်နေသည်။ အများအပြားမှာ အငိုက်မိသွားသည်။ ချေမှုန်းမရသော မြန်မာစစ်တပ်ကို ချေမှုန်းနိုင်မည်ဟု ၎င်းတို့ မည်သည့်အခါကမှ မယူဆခဲ့ပေ။
မြန်မာ အကျပ်အတည်းကို နိုင်ငံတကာ အသိုက်အဝန်း အဖွဲ့ဝင်များက လတ်တလော တုံ့ပြန်မှုများသည် ၎င်းတို့၏ မသေချာ မရေရာမှုကို ထင်ဟပ်နေသည်။ အများအပြားမှာ အငိုက်မိသွားသည်။ ချေမှုန်းမရသော မြန်မာစစ်တပ်ကို ချေမှုန်းနိုင်မည်ဟု ၎င်းတို့ မည်သည့်အခါကမှ မယူဆခဲ့ပေ။
၎င်းတို့၏ မသေချာမရေရာမှုကို နယ်စပ်တံတိုင်း တည်ဆောက်ရန် အလျင်အမြန် အစီအမံများ ချမှတ်ခြင်း သို့မဟုတ် နိုင်ငံအစိတ်အပိုင်း အများအပြား ဆုံးရှုံးသွားပြီး တရားဥပဒေနှင့် ငြိမ်ဝပ်ပိပြားမှု မလုပ်နိုင်၊ ပြည်သူများကို အခြေခံဝန်ဆောင်မှု မပေးနိုင်တော့သည့် စစ်ကောင်စီနှင့် ဆက်လက်လုပ်ကိုင်ခြင်းတို့က ပြသနေသည်။
လာမည့်လများ၊ နှစ်များတွင် မြန်မာ၌ ဘာတွေဆက်ဖြစ်မည်ကို မည်သူမှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိဘဲ အားလုံးအကျုံးဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီသစ်အတွက် အုတ်မြစ်ချနေသည့်သူများ၏ အသံကိုနားထောင်ရန် တခြားအချိန်များထက် ပိုမိုအရေးကြီးလာပြီ ဖြစ်သည်။
ရှေ့လျှောက် ကြီးမားသော စိန်ခေါ်မှုများကြောင့် အာဆီယံနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်းသည် ၎င်းတို့ကို ထောက်ခံသင့်ပြီး ပြောင်းလဲသွားသော မြန်မာက ဒေသတခုလုံးအတွက် ဆောင်ယူလာပေးမည့် အခွင့်အလမ်းများကို မျှော်လင့်သင့်ပေသည်။
(ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် Laetitia Van Den Assum နှင့် Kobsak Chutikul တို့၏ ASEAN Should Back a New Myanmar ကို ဘာသာပြန်သည်။ လေတီတီယာ ဗန် ဒန် အက်ဆမ်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒတ်ချ် သံအမတ်ဟောင်း ဖြစ်ပြီး ကော့ဘ်ဆက် ချူတီကူသည် ထိုင်းသံအမတ်ဟောင်းနှင့် ရွေးကောက်ခံ ပါလီမန် အမတ်ဟောင်းဖြစ်သည်။)
You may also like these stories:
အာဆီယံဥက္ကဋ္ဌ လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ
အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုက မြန်မာဆိုင်ရာ အထူးသံတမန် ခန့်
မြန်မာ့အရေး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံ ပူးတွဲဖြေရှင်းမည်
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း