စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဇာတိနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ တိုးလာသောကြောင့် မြန်မာမှ လူလှိုင်းများသည် ထိုင်းနိုင်ငံဘက် ကူးလာကြသည်။ ၎င်းတို့၏ ဘဝအခြေအနေသည် တိုးတက်လာနိုင်ပြီး ထိုသို့သော မြန်မာအများအပြားသည် ထိုင်းမြေတွင် နည်းလမ်းအမျိုးမျိုးဖြင့် အခြေချနေထိုင်ပြီး ဖြစ်သည်။ ယခုအခါ ပဋိပက္ခသည် နိုင်ငံမှ နေရာအများစုကို ပျက်စီးယိုယွင်းစေသောကြောင့် မြန်မာသည် နောက်ထပ် နယ်စပ်ဖြတ်ကျော်မှု ဖြစ်စေနိုင်သည့် ဘက်စုံအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
လုံခြုံရေးအခြေအနေ စိုးရိမ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခ အခြေအနေမှာ နေရာတိုင်းတွင် ဖြစ်သောကြောင့် မြန်မာ့စီးပွားရေးအဆင့်ကိုလည်း ဆွေးနွေးရန်သင့်သည်။ အခြေခံအားဖြင့် ဆိုရပါက မြန်မာ့စီးပွားရေးအခြေအနေ ဆိုးရွားနေသည်။ အခြေအနေ အလွန်ဆိုးနေသောကြောင့် စစ်ကောင်စီသည် စီးပွားရေး တုံ့ပြန်ဆောင်ရွက်မှုများ လုပ်နေရသည်။
ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုများအနက် တခုမှာ မြန်မာဗဟိုဘဏ်သည် ပြည်တွင်းဈေးကွက်အတွင်းသို့ နိုင်ငံခြားသုံးငွေ ပိုမိုဝင်ရောက်စေရေး အားပေးရန် ဈေးကွက်လှုပ်ရှားမှုများကို စေ့ဆော်ရေး ကြိုးစားသည့် အနေဖြင့် လွန်ခဲ့သောနှစ် ဒီဇင်ဘာလလယ်လောက်မှစတင်ပြီး ကျပ်ငွေကို ဈေးကွက်နှုန်းထားအတိုင်း နှုန်းရှင်မျှောခြင်း အပါအဝင် နိုင်ငံခြားသုံးငွေကို တဆင့်ပြီးတဆင့် လျှော့ပေးနေရသည်။
ဆိုးကျိုးမှာ ကျပ်ငွေ၏ အင်အားချိနဲ့သွားသော တန်ဖိုးသည် ထိုမူဝါဒ အပြောင်းအလဲ မတိုင်မီက တန်ဖိုး မြှင့်တင်ထားသည့် တရားဝင်ငွေလဲနှုန်းအရ ကုန်စည်များ၏ ပြည်တွင်းဈေးနှုန်းများ လွန်စွာမြင့်တက်ခြင်းကို ဖြစ်စေနိုင်ပြီး သာမန် မြန်မာပြည်သူများအတွက် ပိုမို ဈေးကြီးသွားနိုင်စေသည်။
နောက်ကွယ်တွင် ရှိနေသည်မှာ ပုဂ္ဂလိက ကဏ္ဍတွင် ထုတ်လုပ်မှု နိမ့်ကျခြင်း၊ မြင့်မားသော လူသုံးကုန်ပစ္စည်း ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှင့် လက်နက်ကိုင် ပဋိ့ပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေး ဆုံးရှုံးမှုများ ဖြစ်သည်။ ကျပ်ငွေသည် အမေရိကန် ဒေါ်လာနှင့်ယှဉ်လျှင် တန်ဖိုး ၁၈ ရာခိုင်နှုန်း လျော့ကျသွားသောကြောင့် မြန်မာနိုင်ငံ၏ လက်ရှိ နှစ်စဉ် ငွေကြေးဖောင်းပွမှုသည် ၂၉ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် လုပ်ငန်းများသည် ၎င်းတို့စွမ်းဆောင်ရည်၏ ၅၆ ရာခိုင်နှုန်းကိုသာ လည်ပတ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖော်ပြသည်။
ဆိုးကျိုးမှာ ကျပ်ငွေ၏ အင်အားချိနဲ့သွားသော တန်ဖိုးသည် ထိုမူဝါဒ အပြောင်းအလဲ မတိုင်မီက တန်ဖိုး မြှင့်တင်ထားသည့် တရားဝင်ငွေလဲနှုန်းအရ ကုန်စည်များ၏ ပြည်တွင်းဈေးနှုန်းများ လွန်စွာမြင့်တက်ခြင်းကို ဖြစ်စေနိုင်ပြီး သာမန် မြန်မာပြည်သူများအတွက် ပိုမို ဈေးကြီးသွားနိုင်စေသည်။
အလားတူစွာပင် စစ်ကောင်စီ၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၁၀၂၇ စစ်ဆင်ရေးမှ စတင်ကာ ထိုင်း၊ တရုတ်နှင့် နီးစပ်သော ဒေသများတွင် နယ်စပ်ကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်း ကျဆင်းကြောင်း ဖော်ပြသည်။ ၁၀၂၇ စစ်ဆင်ရေးသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၏ မဟာမိတ်အဖွဲ့က ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလက စတင်သည့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သော အဓိကကျသည့် ထိုးစစ်ဖြစ်သည်။ ခြုံ၍ဆိုရပါက လုံခြုံရေးနှင့် စီးပွားရေး အမြင်အရ မတည်ငြိမ်မှု နှစ်ခုပေါင်းစပ်လိုက်ခြင်းသည် မြန်မာပြည်သူများအား ဆက်လက်နေထိုင် မရနိုင်သည့် အခြေအနေကို ဖြစ်စေသည်။
စစ်အာဏာသိမ်းမှု သုံးနှစ်မြောက်ပြီး ရက်အနည်းငယ်အကြာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းရေးဥပဒေကို ကျင့်သုံးလိုက်သည်။ အချုပ်အားဖြင့် ဆိုရပါက ထိုဥပဒေသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများ ပါဝင်သည့် လူငယ်မျိုးဆက်တခုကို အတင်းအကျပ် စစ်သားစုဆောင်းပြီး စစ်တပ်တွင်အနည်းဆုံး နှစ်နှစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
ကျွမ်းကျင်သူများနှင့် လေ့လာသူများက စစ်ကောင်စီ၏ ထိုလုပ်ရပ်ကို သုံးသပ်လေ့လာချက်များ ပြုလုပ်ပြီး စစ်ကောင်စီသည် စစ်မြေပြင်တွင် အန္တရာယ်ကျရောက်နေသည့် အနေအထားကို ကမ္ဘာသို့ ပြသလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။ ထိုသို့ အတင်းအကျပ် စစ်သားစုဆောင်းရန် အားထုတ်မှုသည် နောက်ဆုံးတွင် စစ်ကောင်စီ အရှက်တကွဲ အကျိုးနည်းဖြစ်စေမည့် ကိစ္စဖြစ်သည်ဟုပင် ပြောသည်။
အထက်ပါ နက်နဲသော လူမှုစီးပွား အကျပ်အတည်းများနှင့် နေ့စဉ်အခက်အခဲများကို စဉ်းစားသုံးသပ်သောအခါ အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် မြန်မာမှ ထွက်ခွာ ရွှေ့ပြောင်းအခြေချရသည့် လက်ရှိ စိုးရိမ်ပူပန်မှုများကို ပိုမိုဆိုးရွားစေမည်ဟု ဆိုနိုင်သည်။
ကမ္ဘာ့ဘဏ်အုပ်စု (WBG) ၏ လူဦးရေ အချက်အလက်များကို အသုံးပြုသည့် ယခု ဆောင်းပါးသည် ထိုဥပဒေသစ်၏ သက်ရောက်မှုများကို ထိုင်းနိုင်ငံအား အဓိကထားပြီး ခွဲခြမ်းစိတ်ဖြာလေ့လာသည်။ ထိုအလားအလာရှိသော လူသားလှိုင်းကို စီမံခန့်ခွဲရန် ကြိုတင်ပြင်ဆင်သော အစီအမံမရှိပါက ထိုင်းနယ်စပ် စီမံခန့်ခွဲရေး ယန္တရားသည် မနိုင်မနင်းဖြစ်ပြီ လူကုန်ကူးမှု ပိုမိုဖြစ်နိုင်ဖွယ်ရှိသည်။
နက်နဲသော လူမှုစီးပွား အကျပ်အတည်းများနှင့် နေ့စဉ်အခက်အခဲများကို စဉ်းစားသုံးသပ်သောအခါ အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် မြန်မာမှ ထွက်ခွာ ရွှေ့ပြောင်းအခြေချရသည့် လက်ရှိ စိုးရိမ်ပူပန်မှုများကို ပိုမိုဆိုးရွားစေမည်ဟု ဆိုနိုင်သည်။
၂၀၂၂ ခုနှစ် အချက်အလက်များအရ မြန်မာတွင် လူဦးရေ ၅၄ သန်းရှိသည်။ ထိုဥပဒေအရ လူငယ်အမျိုးသား၊ အမျိုးသမီးများသည် အဓိက ပစ်မှတ်ဖြစ်သည်။ စုစုပေါင်း အမျိုးသား၊ အမျိုးသမီးစာရင်းသာမက အသက်အရွယ် အပိုင်းအခြားအလိုက် အုပ်စုများပါ ပါဝင်သည့် ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ စာရေးသူသည် ထိုဥပဒေအတွင် အကျုံးဝင်သူ အရေအတွက်ကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ပြန်လည် တွက်ချက်ခဲ့သည်။
အသက် ၂၀ မှ ၂၉ နှစ်ကြား အမျိုးသမီး ၂,၂၄၀,၅၅၃ ဦးနှင့် အသက် ၂၀ မှ ၃၄ ကြား အမျိုးသား ၄,၄၉၆,၅၁၂ ဦးတို့သည် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရနိုင်သည်။ ထိုလူငယ်အမျိုးသား၊ အမျိုးသမီးများ၏ တစိတ်တပိုင်းသည် ဆန့်ကျင်ပြီး ထိုဥပဒေမှ လွတ်မြောက်ရန် ကြိုးစားကြမည် ဖြစ်သည်။
၎င်းတို့အတွက် ဖြစ်နိုင်ခြေရှိသော ရွေးချယ်စရာမှာ ပြည်သူကာကွယ်ရေးတပ်များ (PDFs) သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းရန် သို့မဟုတ် နိုင်ငံမှလုံးဝ ထွက်ပြေးရန် ဖြစ်သည်။
ဒုတိယ နည်းလမ်းမှာ ထိုင်းနိုင်ငံသည် တရုတ်နှင့် အိန္ဒိယတို့ထက် သွားရောက်ရန် လွယ်ကူသောကြောင့် နောက်ဆုံးခရီးပန်းတိုင် မဟုတ်သည့်တိုင် ဖြစ်နိုင်ခြေအများဆုံး ထွက်ပေါက်လမ်း ဖြစ်နေသည်ဟု လေ့လာသူများက ပြောသည်။ မြန်မာနိုင်ငံသား မည်မျှများများ နိုင်ငံမှထွက်ပြေးပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ရန် ရွေးချယ်မည်ကို မိမိတို့အနေဖြင့် မသိနိုင်သော်လည်း ခန့်မှန်းခြေ ကိန်းဂဏန်းများသည် ထိုင်းအစိုးရအတွက် တုန်လှုပ်လောက်သည်။ မြန်မာနိုင်ငံသားများ ရာခိုင်နှုန်းမည်မျှ နိုင်ငံမှထွက်ပြေးလျှင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာလူငယ်မျိုးဆက်သစ် မည်မျှကို စီမံဆောင်ရွက်ရမည့်အခြေအနေအား အောက်ပါဇယားတွင် တွက်ချက်ထားသည်။
တွက်ချက်မှုတွင် ရွှေ့ပြောင်းဝင်ရောက်မှု ၂၀ ရာခိုင်နှုန်းကို အများဆုံးအဖြစ် တွက်ချက်ထားပြီး ထိုရွှေ့ပြောင်းမှုသည် မည်မျှကြီးမားသည်ကို မြင်နိုင်မည်ဖြစ်သည်။ မြန်မာလူငယ် ၁ ရာခိုင်နှုန်းသာ ထိုင်းသို့ ထွက်ပြေးရန် ရွေးချယ်လျှင်ပင် မြန်မာလူငယ် ၆၇,၀၀၀ သည် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေမည် ဖြစ်သည်။
ထိုအရေအတွက်ကို လက်ရှိ ဒုက္ခသည်၊ ပြည်တွင်း နေရပ်စွန့်ခွာများနှင့် ပေါင်းလိုက်ပါက တာ့ခ်ခရိုင်တွင် လူသားချင်းစာနာမှု အကူအညီပေးရန် စီစဉ်ထားသည့်တိုင် ထိုကိစ္စကို စီမံခန့်ခွဲရေးသည် ထိုင်းအစိုးရအတွက် စိန်ခေါ်မှုဖြစ်သည်။ အထူးသဖြင့် ယခု ရောက်လာနိုင်ဖွယ်ရှိသည့် အုပ်စုသည် ယခင် ရောက်လာပြီး အုပ်စုများနှင့် လုံးဝ မတူသည့် ပကတိအခြေအနေကို ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုပကတိအခြေအနေမှာ ၎င်းတို့အတွက် ပြန်စရာအိမ် မရှိတော့ခြင်းပင် ဖြစ်သည်။
ထိုလူငယ်များ အိမ်မှထွက်လာသည်နှင့် တပြိုင်နက် ၎င်းတို့သည် ဥပဒေအရ ဝရမ်းပြေးများ ဖြစ်လာပြီး အဖမ်းခံရပါက ပြင်းထန်သော ပြစ်ဒဏ် သို့မဟုတ် အသက်ဆုံးရှုံးမှုကိုပင် ရင်ဆိုင်ရနိုင်သည်။ ဒုက္ခသည်များကို ၎င်းတို့ အန္တရာယ် ကျရောက်မည့်နေရာသို့ ပြန်မပို့ရေး နိုင်ငံတကာမူများကို စဉ်းစားသုံးသပ်သောအခါ ၎င်းတို့ အသက်အန္တရာယ်နီးသည့် ခြိမ်းခြောက်မှုရှိနေသောကြောင့် မိမိတို့သည် ပြန်လည် မောင်းထုတ်နိုင်မည် မဟုတ်ပေ။
မြန်မာနိုင်ငံသား မည်မျှများများ နိုင်ငံမှထွက်ပြေးပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ရန် ရွေးချယ်မည်ကို မိမိတို့အနေဖြင့် မသိနိုင်သော်လည်း ခန့်မှန်းခြေ ကိန်းဂဏန်းများသည် ထိုင်းအစိုးရအတွက် တုန်လှုပ်လောက်သည်။
ထိုင်းအာဏာပိုင်များ၏ အကန့်အသတ်ရှိသော အစီအစဉ်များဖြင့် မြန်မာ-ထိုင်းနယ်စပ် တလျှောက်မှ သတ်မှတ်ထားသော ယာယီဘေးကင်းဒေသများ (TSAs) တွင် ယာယီခိုလှုံနေသည့် မြန်မာတိုင်းရင်းသား ထိန်းချုပ်နယ်မြေများမှ နေရပ်စွန့်ခွာရသူများဖြစ်သည့် လတ်တလော ဒုက္ခသည်များနှင့် နှိုင်းယှဉ်ပါက ယခုအုပ်စုအတွက် မတူညီသည့်အစီအမံနှင့် အကူအညီများ လိုအပ်သောကြောင့် ထိုကိစ္စသည် ထိုင်းနိုင်ငံအတွက် နောက်ထပ်ရှုပ်ထွေးမှု အဆင့်တခုဖြစ်သည်။
အခြားနည်းလမ်းအနေဖြင့် ထိုအမျိုးသား အမျိုးသမီးငယ်များကို ရွှေ့ပြောင်းလုပ်သားများစာရင်းတွင် ထည့်သွင်းနိုင်သည်။ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပလုပ်သားစီမံအုပ်ချုပ်ရေးရုံး၏ စာရင်းများအရ မကြာသေးမီက ထိုင်းအစိုးရဆုံးဖြတ်ချက် နှစ်ခုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာမှ ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၁ သန်း ထိုင်းတွင် အလုပ်လုပ်ရန် မှတ်ပုံတင်ထားကြောင်း သိရသည်။
သို့သော် ထိုအရေအတွက်သည် မှတ်ပုံတင်ထားသည့် အရေအတွက်သာဖြစ်ပြီး ဖြစ်စဉ်တခုလုံး၏ အပြည့်အစုံ မဟုတ်ကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ ထို့ကြောင့် ထိုင်း စီမံအုပ်ချုပ်ရေး စနစ်သည် လက်ရှိ အလုပ်သမားများကို စိစစ်ရန်အတွက်ပင် ရုန်းကန်နေရပြီး အများအပြားသည် ထိုင်းတွင် နေထိုင်ရန်၊ အလုပ်လုပ်ရန် လိုအပ်သည့် စာရွက်စာတမ်း မရှိသည့်သဘော ဖြစ်သည်။ ထို့ကြောင့် ရွှေ့ပြောင်းလုပ်သားများအတွက် အန္တရာယ်များလှသော အခက်အခဲသည် အခွင့်အရေးသမားများအတွက် အမြတ်ထုတ်သွေးစုပ်ရန် အခွင့်အလမ်းများ ဖွင့်ပေးနေသည်။
လတ်တလော ဒုက္ခသည်များနှင့် နှိုင်းယှဉ်ပါက ယခုအုပ်စုအတွက် မတူညီသည့်အစီအမံနှင့် အကူအညီများ လိုအပ်သောကြောင့် ထိုကိစ္စသည် ထိုင်းနိုင်ငံအတွက် နောက်ထပ်ရှုပ်ထွေးမှု အဆင့်တခုဖြစ်သည်။
ခြုံ၍ပြောရပါက စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် အတင်းအကျပ် စစ်သားစုဆောင်းရေး ဥပဒေ၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို ထိုင်းအစိုးရအနေဖြင့် သတိထားသင့်သည်။ “ကျနော်တို့က မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသော်လည်း ထို မြန်မာပြည်တွင်း ဥပဒေကို ပြဋ္ဌာန်းခြင်းသည် ထိုင်းနိုင်ငံကို သက်ရောက်မှုများ ရှိမည်ဖြစ်သည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းကြောင့် ထွက်ပြေးလာသူ အရေအတွက်သည်ပင် မိမိတို့၏ နယ်စပ်စီမံခန့်ခွဲရေး ယန္တရားကို မနိုင်မနင်းဖြစ်စေနိုင်ပြီး ဦးတည်အုပ်စုများ၏ မတူညီသည့် ပကတိ အခြေအနေများနှင့် လိုအပ်ချက်များကြောင့် လူသားချင်းစာနာမှုစင်္ကြံသည် ထိုပြဿနာကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။
စနစ်တကျ ကြိုတင်ပြင်ဆင်မှုနှင့် ရှင်းလင်းသော လမ်းညွှန်ချက်များ မရှိပါက ဒေသဆိုင်ရာ အာဏာပိုင်များသည် ထိုသို့ လူအများအပြား ရွှေ့ပြောင်းမှုကို မနိုင်မနင်းဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးတာဝန်များကို ဂရုမစိုက်ဘဲ ထုံးစံနည်းလမ်းဖြစ်သည့် လူဝင်မှုကြီးကြပ်ရေး အစီအမံများကို ကျင့်သုံးမည်ဖြစ်သည်။
ထို့ထက် ပိုမိုဆိုးသည်မှာ အချို့သူများသည် ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့သည့် ကုန်ကျစရိတ်များကို စုံစမ်းနေပြီဖြစ်သောကြောင့် ထိုကိစ္စသည် တရားမဝင် လူကုန်ကူးသည့် လုပ်ငန်းများကို ပျံ့နှံ့စေပြီး ဒေသကို ဒုက္ခပေးနေပြီးဖြစ်သည့် ဂိုဏ်းဖွဲ့ရာဇဝတ်မှုနှင့် နယ်စပ်ဖြတ်ကျော် လုံခြုံရေးပြဿနာကို ပိုမိုဆိုးရွားစေမည် ဖြစ်သည်။
ထို့ကြောင့် မိမိတို့နိုင်ငံတွင် ကာလကြာမြင့်စွာ ခိုလှုံခွင့်တောင်းခံနိုင်သည့် အလားအလာရှိသော မြန်မာမှ လူငယ်များ စီးဝင်မှုအတွက် ပြင်ဆင်ရန် ကြိုတင်ကြံဆသည့် အစီအစဉ်တခု ဖော်ထုတ်ရန် အရေးပေါ် လိုအပ်နေသည်။ ဥပမာအားဖြင့် ဆိုရပါက အပြုသဘောဆောင်သော အခြေအနေများ ဖန်တီးပေးရန် မြန်မာဘက်မှ တော်လှန်ရေး တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုကို အလေးထားသင့်သည်။
ပိုမိုဆိုးသည်မှာ အချို့သူများသည် ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့သည့် ကုန်ကျစရိတ်များကို စုံစမ်းနေပြီဖြစ်သောကြောင့် ထိုကိစ္စသည် တရားမဝင် လူကုန်ကူးသည့် လုပ်ငန်းများကို ပျံ့နှံ့စေပြီး ဒေသကို ဒုက္ခပေးနေပြီးဖြစ်သည့် ဂိုဏ်းဖွဲ့ရာဇဝတ်မှုနှင့် နယ်စပ်ဖြတ်ကျော် လုံခြုံရေးပြဿနာကို ပိုမိုဆိုးရွားစေမည်
အတိအကျ ပြောရပါက စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်၊ ပညာရေးနှင့် အများပြည်သူကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းစသည့် နယ်စပ်နှစ်ဖက်လုံးတွင် လူနေထိုင်နိုင်မှု မြှင့်တင်ရန် ရည်ရွယ်သည့် ပူးတွဲအစီအစဉ်တခု ကဲ့သို့သော စီမံအုပ်ချုပ်မှု နည်းလမ်းသစ်များသည် ထိုဝင်ရောက်လာမည့် လူသားလှိုင်းကိုသာမက နောက်ထပ် ဝင်ရောက်လာနိုင်သည့် လူသားလှိုင်းများကိုပါ ရေရှည်လက်ခံနိုင်သည့် နယ်စပ်စီမံခန့်ခွဲရေး အခြားနည်းလမ်းတခုဖြစ်ပြီး ထိုင်းနိုင်ငံ၏ လက်ရှိယန္တရားများအပေါ် စီမံအုပ်ချုပ်ရေး ဝန်ထုတ်ဝန်ပိုးများ လျှော့ချပေးနိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Surachanee Sriyai ၏ Conscription Law Adds to Concerns Over Forced Migration From Myanmar to Thailand ကို ဘာသာပြန်သည်။ ဒေါက်တာ ဆူရာချန်နီး ဆရိယိုင်သည် လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံ၊ ISEAS Yusof-Ishak Institute တွင် ဧည့်သုတေသီ ဖြစ်သည်။)
You may also like these stories:
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်
မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
ထိုင်းဗီဇာလျှောက်ထားမှု ကန့်သတ်ချက် ပြည်ပအမြန်ထွက်လိုသူများ အခက်တွေ့
စစ်မှုထမ်းဥပဒေကို မည်သည့်အတွက် ယခုမှ အကောင်အထည် ထဖော်သနည်း
မန္တလေးပတ်စပို့ရုံးရှေ့ တိုးဝှေ့တန်းစီရာမှ အမျိုးသမီး ၂ ဦး သေဆုံး
လုပ်သားထု အင်အား ဆုံးရှုံးမယ် (ရုပ်/သံ)
မင်းအောင်လှိုင်က တော်တော်ကို ဒုက္ခပေးသွားတယ် (ရုပ်/သံ)